ကျောင်းသူလေးကို ကယ်တင်ခြင်း
Vol. 1 Ch. 8
"ဘွမ်း.. ဘွမ်း..ဘွမ်း..."
အသံပြင်းပြင်း ဟိန်းဟောက်သံနဲ့အတူ လန်ဘော်ဂနီ တစ်စီးက စူးချန်မြို့လယ်ကို အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့သည်။ကားထဲမှာတော့ လင်းဖန်က သီချင်းနားထောင်ရင်း လိုက်လာခဲ့သည်။
ဒီနေ့က စနေနေ့ဖြစ်ပြီး မနက်ခင်းစောစောလည်း ဖြစ်တာကြောင့် မြို့ထဲမှာ လူသိပ်မရှိဘဲ တော်တော်လေး ရှင်းနေပေသည်။
ဒီအချိန်၌ သူ့ရဲ့ ရှေ့မှာ မြင်ကွင်းတစ်ခု ပေါ်လာပြီး သူ့ရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။
အထက်တန်းကျောင်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို လူအုပ်ကြီး ဝိုင်းရံနေတာကို တွေ့ရပြီး သူတို့ ဘာလုပ်နေလဲဆိုတာကိုတော့ လင်းဖန် မသိပေ။
ဒီမိန်းကလေးက မြေကြီးပေါ်မှာ ထိုင်နေပြီး မျက်လုံးတွေက အကူအညီမဲ့နေသလိုမျိုးပင်။ လှပတဲ့ မျက်နှာလေးမှာ မျက်ရည်တွေနဲ့ ထိတ်လန့်မှုတွေ အပြည့်ပါပဲ။
"အမ်..."
ကားထဲမှာ ထိုင်နေတဲ့ လင်းဖန်က ဒီပိန်သွယ်တဲ့ ပုံရိပ်ကို ချက်ချင်းပဲ မှတ်မိသွားခဲ့သည်။
" ဆုချင်းနင်လား.."
ဒီမိန်းခလေးက သူတို့ ကျင်းလင် အမှတ် (၁) အလယ်တန်းကျောင်းရဲ့ ကျောင်းဘုရင်မလေးပဲ ဖြစ်၏။
ပိုအရေးကြီးတာက သူမဟာ ထူးခွန်းတဲ့ ကျောင်း သူ ဖြစ်ပြီး စာမေးပွဲတိုင်းတွင် ပထမရလေ့ရှိကာ တစ်ခါမှ အဆင့်မကျဖူးပေ။
လင်းဖန်သာ ရုတ်တရက် ထွက်ပေါ်မလာခဲ့ရင် သူမက ဒီနှစ် ကျန်းဆူးပြည်နယ်၏ ဝိဇ္ဇာဘာသာရပ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့အမှတ်အများဆုံး ကျောင်းသူ ဖြစ်လာပါလိမ့်မည်။
ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ လင်းဖန် မသိပေမယ့် သူ့ရှေ့က အကူအညီမဲ့နေတဲ့ ဆုချင်းနင်ကို ကြည့်ရင်း ကားကို မတွန့်ဆုတ်ဘဲ သူမရှေ့မှာ ရပ်တန့်လိုက်သည်။
Lamborghini ကားက လူတိုင်းရဲ့ အာရုံကို ရုတ်တရက် ဆွဲဆောင်သွားခဲ့သည်။
"ဟာကွာ ..ဒီကားက ဘာကားကြီးလဲ.. တော်တော်မိုက်တာပဲကွာ.."
"ဒီပုံစံကို ကြည့်ရတာ အနည်းဆုံး သန်းဆယ်ဂဏန်းလောက်တော့ တန်မှာပဲ.."
"ဝိုး ချမ်းသာလိုက်တာကွာ"
ဒီအချိန်မှာ...
ခန့်ညားပြီး ငယ်ရွယ်တဲ့ ပုံရိပ်က လူတိုင်းရဲ့ ရှေ့မှာ ပေါ်လာခဲ့သည်။
" အမ်.. "
လူတိုင်းက အသက်ရှူတောင် မှားသွားကြ၏။
ကလေးဆန်တဲ့ မျက်နှာက ချက်ချင်းပဲ ကားပိုင်ရှင်ရဲ့ အသက်ကို ဖော်ပြနေခဲ့သည်။ဒီလူငယ်လေးက အသက် နှစ်ဆယ်တောင် မရှိသေးပေ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဇိမ်ခံကားမျိုး မောင်းနေတာကို ဘယ်သူက ယုံနိုင်မည်နည်း။
ဆုချင်းနင်ဆီကို လင်းဖန် တည့်တည့်လျှောက်သွားကာ သူမ မင်သက်နေတုန်းမှာပဲ ဆွဲထူပေးလိုက်သည်။
"ကျေး... ကျေးဇူးပါ..."
ဆုချင်းနင်ရဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို ဖော်ပြနေခဲ့သည်။
တကယ်တော့ သူမက လင်းဖန်းကို မသိပေ။ သူမလို ကျောင်းဝတ်စုံ အတူတူ ဝတ်ထားတာကို တွေ့ရတော့မှ ရင်းနှီးသလို ခံစားရခြင်းပင်။
"လူအုပ်ကြီးက ကျောင်းသူလေး တစ်ယောက်ကို ဝိုင်းထားကြတယ်ပေါ့..ဘာဖြစ်နေတာလဲ..."
ပတ်ပတ်လည်ကို ကြည့်ရင်း လင်းဖန်ရဲ့ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာကာ လေသံမာမာနဲ့ မေးလိုက်သည်။
"တစ်ခုခုဖြစ်ရင် ရဲကို ဆက်သွယ်ပြီး ညှိနှိုင်းလို့ မရဘူးလား.. လမ်းပေါ်မှာ လူဆိုးလို ပြု့မူချင်နေတာလား.."
လင်းဖန် ချက်ခြင်းပဲ သူ့အိတ်ထဲက ဖုန်းကို ထုတ်လိုက်ကာ ပြောလိုက်၏။
"လူအနည်းငယ် လွှတ်လိုက်..ဒီမှာ တစ်ခုခု ဖြစ်နေလို့..."
"ဟုတ်ကဲ့ပါ သူဋေး....."
ခဏအကြာမှာ Audi A8L တစ်စီးက အနီးနားမှာ ရပ်လိုက်ပြီး ဝတ်စုံပြည့်နဲ့ နေကာမျက်မှန် ဝတ်ထားတဲ့ လူကောင်ကြီးကြီး ခြောက်ယောက်က ကားထဲကနေ ဆင်းလာခဲ့သည်။ သူတို့က လင်းဖုန်းဆီ တည့်တည့် လျှောက်လာပြီး ခါးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"သူဋေး အမိန့်ပေးပါ ခဗျ.. "
"ဒီကိစ္စကို မင်းတို့ ကိုင်တွယ်လိုက်..."
သူ ဒီကိစ္စတွေကို ဆက်ပြီး စိတ်မဝင်စားတော့ဘဲ ဆုချင်းနင်ကိုပဲ ကြည့်ကာ မေးလိုက်သည်။
"အဲဒီမှာ ဘာလုပ်နေတာလဲ ကားပေါ်တက်.."
သို့ပေမဲ့ ဆုချင်းနင်က စကားမပြောဘဲ ခေါင်းကိုသာ ငုံ့နေသည်။
" ဟင်.."
လင်းဖန်ရဲ့ မျက်လုံးထောင့်ကနေ သူ့ရှေ့က မိန်းကလေးက သူမရဲ့ ညာဘက် ခြေကျင်းဝတ်ကို ဖုံးထားတာကို ရုတ်တရက် သတိပြုမိလိုက်သည်။ ဒီ ကောင်မလေး ဒဏ်ရာရထားပုံ ပေါ်သည်။
လင်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး မတွန့်ဆုတ်ဘဲ ဒူးထောက်ထိုင်ချလိုက်ကာ လက်နှစ်ဖက်နဲ့ ဆုချင်းနင်ရဲ့ ကိုယ်လုံးကို ပွေ့ချီလိုက်သည်။
"ရှင်..."
"လျှောက်လွှာတင်ဖို့ နောက်မကျချင်ရင် ညိမ်ညိမ်နေ.."
ဆုချင်းနင်က တစ်ခုခု ပြောဖို့လုပ်တုန်းမှာပဲ လင်းဖန် ဖြတ်ပြောလိုက်တာကြောင့် သူမလည်း လင်းဖန်း ကို ပွေ့ချီခွင့် ပြုလိုက်ရသည်။
ဘာလို့လဲဆိုတော့ ဒီနေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်တွေ ထုတ်ပြန်တဲ့နေ့သာမကဘဲ လျှောက်လွှာများ ဖြည့်စွက်ရမယ့်နေ့ လည်း ဖြစ်တာကြောင့်ပင်။ နာမည်ကြီးကျောင်းတွေက ဆရာတွေဟာ ထူးချွန်တဲ့ ကျောင်းသားတွေကို ခေါ်ယူဖို့အတွက် အထက်တန်းကျောင်းအသီးသီးမှာ စုဝေးနေပြီး အခြေအနေအမျိုးမျိုးကို ကတိပေးမဲ့ နေလည်း ဖြစ်သည်လေ။
သူမသာ ဒီနေ့ လွဲချော်သွားမယ်ဆိုရင် သူမရဲ့ ဝင်ခွင့် လျှောက်လွှာကို စည်းမျဉ်းအတိုင်း အဆင့်ဆင့် ဖြည့်စွက်ပြီး သက်ဆိုင်ရာ ကျောင်းကိုသာ ဝင်ရပေတော့မည်။
တကယ်တော့ သာမန် မိသားစု အခြေအနေသာ ရှိတဲ့ သူမအတွက်ကတော့ တက္ကသိုလ်တွင် အခမဲ့ ပညာသင်ခွင့်နဲ့ ပညာသင်ဆု အတွက် ကြိုးစားတာက အလွန်အရေးကြီးတဲ့ ကိစ္စပင် ဖြစ်၏။
" ဘွမ်း ဘွမ်း.."
အရှိန်ပြင်းတဲ့ ဟိန်းဟောက်သံနဲ့အတူ လန်ဘော်ဂနီ ကားကို လင်းဖန် မောင်းထွက်လာခဲ့သည်။
"မင်းခြေထောက် အဆင်ပြေရဲ့လား ဆေးရုံကို အရင်သွားဖို့ လိုအပ်လား.."
"ကျွန်မ အဆင်ပြေပါတယ်..ဆေးရုံသွားဖို့ မလိုပါဘူး.."
ဆုချင်းနင်ဟာ ခေါင်းမော့လိုက်ပြီး သူမရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက လင်းဖန်းရဲ့ ခေါင်းဘေးဘက်ကို စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ ရင်ထဲကနေ နက်ရှိုင်းတဲ့ ကျေးဇူးတင်စိတ်တွေ လှိုက်တက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်နော်... ရှင် နာမည် ဘယ်လိုခေါ်လဲ.."
" လင်းဖန်.."
" ဘုရားရေ...."
ဆုချင်းနင် ဒီနာမည်ကို ကြားလိုက်တဲ့ အံ့အားသင့်ကာ အော်လိုက်မိသည်။
"ဘာဖြစ်လို့လဲ.."
လင်းဖုန်က တိုက်ရိုက် မေးလိုက်၏။ သူက ကားမောင်းနေတာကြောင့် တခြားလူကို လုံးဝ ကြည့်လို့မရပေ။ဒါ့ကြောင့် သူမ ဘာဖြစ်တာလဲဆိုတာ သူ မသိခဲ့ပေ။
"မဟုတ် .. ဘာမှ မဟုတ်ပါဘူး.."
ဆုချင်းနင်ရဲ့ မျက်နှာက နည်းနည်း ထူးဆန်းနေပြီး သူမက လင်းဖုန်ရဲ့ ဘေးကိုသာ စိုက်ကြည့်နေပြီး ဘာပြောရမှန်း မသိဖြစ်နေခဲ့သည်။
ကျင်းလင် အမှတ် (၁) အလယ်တန်းကျောင်းတွင် မွေးရာပါ မှတ်ဉာဏ်ချို့ယွင်းမှု့ ရှိတဲ့ လင်းဖန်ဆိုတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ကောလာဟလတွေကို သူမ ကြားခဲ့ဖူးသည်။
ဆုချင်းနင် မထင်ထားခဲ့တာက သူမရှေ့မှ ဇိမ်ခံကားကို မောင်းနေတဲ့ လူငယ်ကလည်း လင်းဖန် ဖြစ်နေတာပင်။
ဒီ လင်းဖန် နှိုင်းယှဉ်ရင် အနည်းဆုံးတော့ သူမတွင် မိဘတွေ ရှိနေသေးတာကြောင့် အဆပေါင်းမရေမတွက်နိုင်အောင် ပျော်ရွှင်ခဲ့မိသည်။
ဒါပေမဲ့ ဒီလူငယ်လေး အခုလို အနေအထားရောက်တဲ့ အထိ ဘယ်လိုကြီးပြင်းလာခဲ့ရလဲဆိုတာကိုတော့ သူမ စဉ်းစားလို့မရခဲ့ပေ။ ပြီးတော့ လူတချို့ထက်လည်း အများကြီး ပို ရင့်ကျက်နေပေသည်။