← Chapters

နောက်ထပ် မစ်ရှင်

Vol. 1 Ch. 10

နောက်ထပ် မစ်ရှင်

Vol. 1 Ch. 10

အဲ့ဒီ့နေ့မှာပဲ လင်းဖန်အား တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရတဲ့အတွက် ကျောင်းမှ ဆု ချီးမြင့်ခဲ့သည်။

နုပျိုပြီး ချောမောတဲ့ ကောင်လေးတစ်ယောက် ရဲ့ ပုံက နိုင်ငံတဝန်းရှိ နေ့စဥ် သတင်းစာများရဲ့ မျက်နှာဖုံးများတွင် ပါလာခဲ့သည်။ ဒါကြောင့် အမှတ် အများဆုံး ရရှိတဲ့ လင်းဖန်က နိုင်ငံ တဝန်း၏ အာရုံစိုက်မူ့ ဖြစ်လာ၏။

( “ လင်းဖန် “ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် အမှတ်ပြည့် ရရှိခဲ့သည့် ကမ္ဘာပေါ်ရှိ ပထမဆုံး ပုဂ္ဂိုလ် )

ဒီကြီးမားသော ခေါင်းစဥ်အောက်တွင် လင်း ဖန်ရဲ့ စာမေးပွဲရမှတ် အသေးစိတ်အား ဖော်ပြ ထား၏။

​

အွန်လိုင်းပေါ်တွင်လည်း လင်းဖန်ရဲ့ အကြောင်း များနဲ့သာ ပြည်နှက်နေသည်။ကျင်းလင် ရုပ် မြင်သံ ကြားမှ လင်ဖန်းကို အင်တာဗျူးခဲ့တဲ့ အပိုင်းကို တစုံတစ်ယောက် က ပြန်ပြခဲ့ရာ လျင်မြန်စွာ ပျံ့နှံ့သွား ၏။

နေရာတကာတွင်မြင်ရတဲ့ ချန်နယ်များတွင် လည်း လင်းဖန် အကြောင်းသာ ပေါ်နေရာ ဒီလူငယ် ဘယ်လောက် ရေပန်းစားကြောင်း သက်သေပြနေသည်။

အမှန်တကယ်တော့ ယခုနှစ် တက္ကသိုလ် ဝင် တန်း ရလဒ်များကို ကြေညာတဲ့အခါ ကျန်းဆူးပြည်နယ် အပါအဝင် နိုင်ငံတဝန်းရှိ ထိပ် တန်းရမှတ်ရှင်၏ အမြင့်ဆုံးရမှတ်က 710 သာ ဖြစ်သည်။ဒါက ယခုနှစ်တက္ကသိုလ် စာမေးပွဲရဲ့ မေးခွန်းများ ဘယ်လောက်ခက်ခဲကြောင်း ပြသနေသည်။

သို့ပေမဲ့ ထိုသို့သော အခြေအနေအောက်တွင် လင်းဖန်းက အမှတ်ပြည့် 750 မှတ်နဲ့ ပထမ ချိတ်ခဲ့၏။ဒါက သာမာန်အားဖြင့် အဲ့မခန်း ဖြစ် ရုံသာမက အလွန်ပင် အံ့သြစရာ ကောင်းလှ သည်။

ဒါ့ကြောင့် လင်းဖန်ကို အင်တာဗျူးထားတဲ့ ဗီ ဒီယို ပျံ့နှံလာတဲ့အခါ လင်းဖန်က လူငယ်များ စွာ တို့ရဲ့ စံပြပုဂ္ဂိုလ် အဖြစ် ရေပန်းစားလာ သည်။

“ သမိုင်း တလျောက် အတော်ဆုံး အနိုင်ရသူ “

“ မေးခွန်းတွေ ဘယ်လောက်ခက်လဲ ကျွန် တော် မသိဘူး.. ကျွန်တော်က အကုန်လုံး ဖြေနိုင်လို့ပဲ.. “

​​"နတ်ဘုရားတွေကို မယုံကြည် ဘူးဆိုရင် တောင် လင်းဖန် စကားကိုပဲ နာခံလိုက် ပါ.. သူက ကြွားဝါနေတာ မဟုတ်ဘူး.. မဖြစ်ဖူးသေး တဲ့ ဒဏ္ဍာရီတစ်ခုကို ရေးထိုးနေတာ…”

​"......"

​နိုင်ငံတစ်ဝန်းရှိ လူတိုင်းက လင်းဖန်ကို ပညာ ရေးနတ်ဘုရားအဖြစ် လေးစားကြပြီး ကျင်း လင် အမှတ် (၁) အထက်တန်းကျောင်းမှ ဆယ် တန်း ကျောင်းသားများကပင် သူ့ဓာတ်ပုံကို စာသင်ခန်း အလယ်ဗဟိုတွင် ချိတ်ဆွဲထား ကြသည်။

“ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ချင်ရင် အရင်ဆုံး ဒီ ဒဏ္ဍာရီလာ ပညာရေးနတ်ဘုရားကို ကိုးကွယ်လိုက်ပါ..”

ဟူ၍ပင် ကျောင်းသားများက ပြောဆိုနေကြ၏။

​လင်းဖန်ရဲ့ ထူးခြားသော စွမ်းဆောင်မှုများကို ချီးကျူးဂုဏ်ပြုရန် ကျင်းလင် အမှတ် (၁) အထက်တန်းကျောင်းမှ ရုတ်တရက် ယွမ် ၁ သန်း ပညာသင်ဆု ချီးမြှင့်ခဲ့ရာ နိုင်ငံကို တစ်ဖန် အံ့အားသင့်စေပြန်သည်။

​ထိုအချိန်တွင် လင်းဖန်က သူ၏ လန်ဘော်ဂနီ

ကို မောင်းနှင်ကာ ကျန့်းခန်ယွမ် ရှိ အမှတ် (၁) ဗီလာသို့ ပြန်ရောက်နေပြီဖြစ်သည်။

​"သူဋေး.. ကျင်းလင် အမှတ် (၁) အထက်တ န်းကျောင်းက ပညာသင်ဆု ပေးလိုက်ပါပြီ…"

​ရှုကျန့်ရှင်း က ရိုသေစွာ ပြောလိုက်သည်။

​လင်းဖန်၏ တောင်းဆိုချက်အရ ဗီလာတစ် ခုလုံးရှိ ဝန်ထမ်းများက 'သခင် “ လို့ ခေါ်မဲ့ အစား 'သူဋေး “' အဖြစ် သူတို့၏ ခေါ်ဝေါ်မှု့ များကို ပြောင်းလဲလိုက်သည်။

​အမှန်ပါပဲ သူတို့အတွက်တော့ 'သူဋေး “

နဲ့ 'သခင် “ ကြား မှာ ကွာခြားချက်မရှိပဲ လစာကလည်း လျော့သွားမှာ မဟုတ်ပေ။

​" အမ် ပညာသင်ဆုလား..”

​လင်းဖန်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဘာတွေ စဉ်းစားနေမှန်း ဘာသာပြန်သူလဲ မသိပေ။

​ထိုအချိန်တွင် ရင်းနှီးသော စက်ရုပ်သံတစ်ခုက သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ သည်။

​ ( ပိုင်ရှင် - လင်းဖန် )

( နောက်ထပ် မစ်ရှင် - ကောင်းမွန်သော လူ တစ်ယောက်အနေနဲ့ သင်က လူ့အဖွဲ့အစည်း အတွက် အကျိုးပြုသင့်သည်။အိမ်ရှင်အား ပရဟိတလုပ်ငန်း များတွင် တက်ကြွစွာ ပါဝင် ရန် တောင်းဆိုပါတယ်.. ချမ်းသာကြွယ်ဝမှု့ကို ဆက်ခံမည့် အခွင့်အရေး တစ်ကြိမ် ဆုချီးမြှင့် မည်။ )

​"အမ်..”

​ရုတ်တရက် ထွက်ပေါ်လာသော အသိ ပေးသံ ကြောင့် လင်းဖန် မအံ့သြဘဲ မနေနိုင်တော့ပေ။

“ ​နောက်ထပ် မစ်ရှင်က ပရဟိတလား အဲ့တာ ဘာကြီးလဲ …”

​သို့သော်လည်း သူ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး

ရှု့ကျန့်ရှင်း ကို မျက်နှာမူကာ တိုက်ရိုက် မေး လိုက်သည်။

- "ငါ ပရဟိတလုပ်ငန်း လုပ်ချင်တယ်ဆိုရင် ဘယ်လိုဟာက အကောင်းဆုံးလဲ…”

​"ဟုတ်ကဲ့ပါ သူဋေး ..လက်ရှိမှာ သူဋေးအတွက် အသင့်တော်ဆုံး ပရဟိတ ကတော့ ပညာရေး ထောက်ပံ့ဖို့ပါပဲ…နိုင်ငံတစ်ဝန်းမှာ ကျောင်းတွေ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိပါတယ် ခဗျ… “

​ရှု့ကျန့်ရှင်းက တွေဝေခြင်းမရှိဘဲ ကျိုး ကြောင်းဆီလျော်သော အကြံပြုချက်ကို ချက်ချင်း တင်ပြလိုက်သည်။

ဒီအဖြေကြောင့် အတွေးနက်ထဲသို့ လင်းဖန် နစ်မြုပ်သွားသည်။ အချိန်အတော်ကြာမှ သူ သတိပြန်ဝင်လာပြီး မေးလိုက်၏။

"ကျောင်းတစ်ကျောင်း ဆောက်ဖို့ ကုန်ကျမယ့် ပမာဏက ဘယ်လောက်လောက်လဲ.."

​"ယွမ် ငါးသန်းလောက် ကုန်ကျပါ့မယ် ခဗျ..”

​ဆယ်မိနစ်အတွင်း ရှုကျန့်ရှင်းရဲ့ အတိုင်ပင်ခံ အဖွဲ့က သင်ကြားရေး အဆောက်အအုံများ၊ အိပ် ဆောင်များ ၊ ထမင်းစားခန်းများ၊ ကစား ကွင်း များနှင့် သက်ဆိုင်ရာ အထောက်အကူပြု အဆောက်အအုံများ ပါဝင်သည့် ပြည့်စုံသော ကျောင်းဆောက်လုပ်ရေး စီမံကိန်းကို ပြုလုပ် ခဲ့သည်။

​ရန်ပုံငွေများအားလုံးက ရှင်းလင်းပြတ်သားပြီး အနည်းငယ်မျှပင် ပိုလျှံနေခြင်း မရှိပေ။

​"ကောင်းပြီ.. အစပိုင်းမှာ ကျောင်း ၇,၀၀၀ ဆောက်မယ်..သက်ဆိုင်ရာ ရန်ပုံငွေတွေကို ငါ့ကဒ်ထဲကနေ လွှဲလိုက်ပါ.. စောင့်ကြည့်ဖို့ လူတစ်ယောက်ကို စီစဉ်ပြီး တစ်ပြားတစ်ချပ်မှ မလွဲမသွေ သုံးစွဲကြောင်း သေချာအောင် လုပ်လိုက်.."

မီးရှူးမီးတိုင်ကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် လင်းဖန် အေးဆေးစွာ ပြောလိုက်သည်။

​"ဟုတ်ကဲ့ပါ သူဋေး..”

​ကျောင်းထောင်ပေါင်းများစွာ ဆောက်လုပ် ပြင် ဆင် ရန် ရူ့ကျန့်ရှင်း ချက်ချင်း ဆင်းသွား သည်။

​ရူ့ကျန့်ရှင်း ထွက်ခွာသွားတဲ့ ပုံရိပ်ကို ကြည့် ရင်း လင်းဖန်ရဲ့ မျက်လုံးများ လင်းလက်သွ ားပြီး သူ ဘာတွေ စဉ်းစားနေမှန်း မသိပေ။

​အမှန်တကယ်တော့ လင်းဖန်က ပရဟိတ လုပ်ငန်း လုပ်ရန် စိတ်ဝင်စားရုံသာမက တက် ကြွစွာ ပါဝင်မည်ပဲ ဖြစ်၏။

ဒါက မန်စီးယပ်၏ “ သင် ဆင်းရဲပါက သင့် ကိုယ်သင် သာ ကောင်းစေနိုင်ပြီး ၊ သင် ချမ်း သာ ပါက ကမ္ဘာကြီးကိုပါ ကောင်းစားစေနိုင်သည် “

ဆိုတဲ့ စကားအတိုင်း လင်းဖန် လိုက်နာ တာပဲ ဖြစ်သည်။

​

အခု သူ့ရဲ့ ကဒ်ထဲတွင် ယွမ် ၃၆.၅ ဘီလီယံ ရှိပြီး မရေတွက်နိုင်တဲ့ ပိုင်ဆိုင်မှုများလည်း ရှိပေသည်။လူ့အဖွဲ့အစည်းကို သူ ပြန်လည် ပေးဆပ်ရမည့်အချိန် ရောက်ပြီပဲ ဖြစ်၏။

​ဒါ့အပြင် သူ့ရဲ့ မိဘများကလည်း ငယ်စဉ် ကတည်းက ဆုံးပါးသွားခဲ့ပြီး သူ့ကို ကူညီတဲ့ လူများကြောင့်သာ အသက်ဆက်လက် ရှင် သန်နိုင်ကာ တက္ကသိုလ်တက်ရန် အခွင့်အရေး ရခဲ့သည်။

ဒီကျောင်း ၇,၀၀၀ ဆောက်လုပ်ရန် ယွမ် ၃၅ ဘီလီယံ ကုန်ကျပေမဲ့ လင်းဖန် နောင်တမရ ပေ။

စနစ်ရဲ့ ပရဟိတ မစ်ရှစ် မအောင်မြင်ပါက သူ့တွင် ကျန်ရှိသော ၁.၅ ဘီလီယံအားလုံးကို ဝေးလံခေါင်သီသော တောင်တန်းများတွင် နေထိုင်တဲ့ ကလေးများအတွက် ကျောင်းများ ဆောက်လုပ်ရန်၊ ကျောင်းတက်နိုင်ရန်နဲ့ လူမှုရေး အခက်အခဲများကို ဖြေရှင်းရာတွင် အသုံးပြုရန် လင်းဖန် ရည်ရွယ်ထား၏။

All Chapters