ကျောင်းသားတစ်ယောက်ကို အပြိုင်အဆိုင် လုခြင်း
Vol. 1 Ch. 9
"ဟိုမှာ လင်းဖန် ရောက်လာပြီ..."
နံနက် ၉ နာရီခွဲတွင် ကျောင်းတံခါးဝသို့ လင်းဖန် ဝင်လာတာနဲ့ လူတိုင်း၏ မျက်လုံးများက သူ့အပေါ် ရုတ်တရက် စုပြုံကျရောက်သွားသည်။
ခုနကလေးကပင် ကျောင်းတွင်းရှိ ကျောင်းသားများအားလုံး၏ ရလဒ်များကို ကြေညာခဲ့ပြီး ထိပ်ဆုံးမှ ရလဒ်က လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
"အမည်- လင်းဖန်
ဝင်ခွင့်လက်မှတ်နံပါတ်- JSA010958 တရုတ်စာ- ၁၅၀ မှတ်၊
သင်္ချာ- ၁၅၀ မှတ်၊
အင်္ဂလိပ်စာ- ၁၅၀ မှတ်၊
ဘက်စုံဝိဇ္ဇာ- ၃၀၀ မှတ်၊
စုစုပေါင်းရမှတ်- ၇၅၀ မှတ်.."
" ဘာသာရပ်အားလုံးတွင် အမှတ်ပြည့်.."
" ဘုရားရေ ဒါက လူသားတစ်ဦး ဖြစ်သေးရဲ့လား.."
ကျောင်းဝန်း လမ်းတစ်လျှောက်ကို လင်းဖန် လျှောက်လာရာတွင် နေရာတိုင်း၌ အနီရောင် ဗီနိုင်းပိုစတာကြီးများကို ချိတ်ဆွဲထားပြီး ၅ မီတာနီးပါး ရှည်လျားကာ ဒါက ကျောင်းတစ်ကျောင်းလုံးတွင် ချိတ်ဆွဲထားချင်သည့် ပုံစံမျိုးဖြစ်နေ၏။
"ကျောင်းသား လင်ဖန်း ကျောင်းဝင်စာမေးပွဲတွင် အမှတ်ပြည့်ရရှိခြင်းအတွက် ဂုဏ်ပြုပါသည် "
"ကျောင်းသား လင်ဖန်း ကျန်းဆူးပြည်နယ် ကျောင်းဝင်စာမေးပွဲတွင် ပထမဆုံးဖြစ်လာခြင်းအတွက် ဂုဏ်ပြုပါသည်။"
"ကျောင်းသား လင်ဖန်း အမျိုးသားဝိဇ္ဇာ ကျောင်းဝင်စာမေးပွဲတွင် ထိပ်ဆုံးရမှတ်ရှင် ဖြစ်လာခြင်းအတွက် ဂုဏ်ပြုပါသည်။"
"......"
အတန်း ၂ တတိယတန်းခွဲ သင်ကြားရေး အဆောက်အအုံသို့ လင်းဖန် မရောက်မီတွင်ပင် သူ့ကို မရေမတွက်နိုင်သော ကျောင်းသားများနှင့် မိဘများ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ အတွင်းနှင့် အပြင်ဘက် သုံးထပ်လုံးတွင် လူများ ပြည့်နှက်နေပေသည်။
အခြားတစ်ဖက်ရှိ လူအုပ်ထဲတွင် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ရပ်နေသည်။ ဆူချင်းနင် သည်လည်း လူများစွာ ဝိုင်းရံထားခြင်း ခံနေရ၏။ဘာကြောင့်လဲဆိုတော့ သူမကလည်း ယခုနှစ် ကျန်းဆူးပြည်နယ် ကျောင်းဝင်စာမေးပွဲ၏ ဝိဇ္ဇာဘာသာရပ်တွင် ဒုတိယရရှိသူဖြစ်ပြီး စုစုပေါင်းရမှတ် ၆၈၈ မှတ် ရရှိခဲ့တာကြောင့်ပဲ ဖြစ်သည်။
လင်းဖန်နဲ့ ဆူချင်းနင်တို့ ချက်ခြင်းပဲ အကြည့်ခြင်း ဆုံမိသွားသည်။
နှစ်ဦးသား တိတ်ဆိတ်စွာ ကြည့်နေကြ၏။ သူတို့ပတ်ဝန်းကျင်တွင် ဆူညံသံများ ရှိနေသော်လည်း ဒါကို လုံးဝ မခံစားရမိသည့် ပုံပေါက်နေသည်။
ခဏအကြာတွင် ဆူညံနေသောသော လူအုပ်ကို ကျောင်းလုံခြုံရေးများက မောင်းထုတ်လိုက်ကြသည်။
ဇာတ်လိုက်ဖြစ်သော လင်းဖန်ကို ကျင်းလင်း နံပါတ် ၁ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဝမ်ကန်း က သီးသန့်ရုံးခန်းသို့ ဖိတ်ခေါ်လိုက်သည်။
"ကျောင်းသားလင်း ဒီကျောင်းဝင်စာမေးပွဲမှာ ထူးချွန်တဲ့ ရလဒ်တွေရရှိခဲ့တဲ့အတွက် ကျောင်းကိုယ်စား ဂုဏ်ပြုပါတယ်ဗျာ.. ကျေးဇူးပြုပြီး ထိုင်ပါအုံး.."
ကျောင်းအုပ်ကြီးဝမ်ကန်းက သူ၏ ဝသောမျက်နှာတွင် အပြုံးတစ်ခုဖြင့် လက်ဖက်ရည်ကို လင်းဖန်တို့အတွက် လျင်မြန်စွာ ငှဲ့ပေးလိုက်သည်။သူက အလွန် ရိုးသားပွင့်လင်းပုံရသည်။
လင်းဖန်ကြောင့် ကျင်းလင်း နံပါတ် ၁ အထက်တန်းကျောင်းက တစ်နိုင်ငံလုံးတွင် နာမည်ကျော်ကြားခဲ့သည်ဟု ဆိုရပေမည်။
ကျင်းလင်း နံပါတ် ၁ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအနေဖြင့် ဝမ်ကန်းကလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ကျင်းလင်းမြို့ ပညာရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရမည့် သတင်းများလည်း ထွက်ပေါ်နေ၏။
ယခုတစ်ကြိမ် လင်းဖန်ကိုသူ အထူးဖိတ်ကြားရခြင်း၏ အရေးကြီးဆုံးအချက်မှာ တစ်နိုင်ငံလုံးရှိ နာမည်ကြီးကျောင်းကြီးများ၏ ဝင်ခွင့်တောင်းဆိုမှုများနှင့် ပတ်သက်၍ ဆရာများနဲ့ တွေ့ဆုံရန်ပဲ ဖြစ်သည်။
သူတို့ မထိုင်ရသေးမီတွင် ရှပ်အင်္ကျီဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရုံးခန်းထဲသို့ ရောက်လာပြီး မောဟိုက်စွာဖြင့် ပြောလိုက်သည် ။
"မင်္ဂလာပါ.. ကျောင်းသားလင်းဖန် ကျွန်တော်က ရှင်းမုန်တက္ကသိုလ်ကရဲ့ဝင်ခွင့် ညွှန်ကြားရေးမှူး စိီမားယန်ပါ"
"မင်္ဂလာပါ.."
ချွေးစေးများ ထွက်နေသော ဆရာကို တစ်ချက်ကြည့်လိုက်ပြီး လင်းဖန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ရုံးခန်းထဲသို့ လူများ ဆက်တိုက် ဝင်လာကြသည်။ ရန်ကျင်းတက္ကသိုလ် ၊ ကျင်းလင်းတက္ကသိုလ် ၊ ချန်အန်းတက္ကသိုလ် ၊ မိုဒိုတက္ကသိုလ် စသည်တို့မှ ဝင်ခွင့်လက်ခံတဲ့ ဆရာများ ပါဝင်ပြီး ရုံးခန်းတစ်ခုလုံး ချက်ခြင်းပဲ ပြည့်ကျပ်သွား၏။
နိုင်ငံထဲရှိ ထိပ်တန်း တက္ကသိုလ်သုံးဆယ်လုံးမှ ဆရာများ စေလွှတ်ခဲ့ကြသည်။
" အမှတ်ပြည့် ၇၅၀ မှတ်..လေ "
ပြီးတော့ အပိုဆုမှတ်များလည်း မပါဝင်ပေ။
အဲ့ဒါက နိုင်ငံ၌ ပထမဆုံး အမှတ်ပြည့်ရရှိသူဖြစ်ပြီး သတိရနေရန် လုံလောက်ပေသည်။ သမိုင်းမှတ်တမ်းများထဲသို့ ဝင်ရောက်လာသူ တစ်ယောက်ပဲ ဖြစ်၏။ သူတို့က ဘယ်လိုလုပ် လွဲချော်ဖို့ ဆန္ဒရှိမည်နည်း။
"ကျောင်းသား လင်းဖန်း ကျွန်တော်တို့ ရှင်းမုန်တက္ကသိုလ်က နိုင်ငံအတွင်း အဆင့်မြင့်ပါရမီရှင်တွေနဲ့ သိပ္ပံနဲ့နည်းပညာ သုတေသနတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးတဲ့ အခြေစိုက်စခန်းတစ်ခုပါ.. စီးပွားရေးနဲ့ ဘဏ္ဍာရေး ဘာသာရပ်က နိုင်ငံမှာ ဒုတိယမရှိပါဘူး... ကျောင်းသားသာ ကျွန်တော်တို့ကျောင်းကို လာမယ်ဆိုရင် သေချာပေါက်......."
"ကျွန်တော်တို့ ရန်ကျင်းတက္ကသိုလ်ကလည်း မဆိုးပါဘူး.. နိုင်ငံအတွင်း စာပေရဲ့ ပုခက်တစ်ခု ဖြစ်ခဲ့ပြီး ခိုင်မာတဲ့ သင်ယူမှု့ အငွေ့အသက် ရှိပါတယ်.. ကျောင်းသားဟောင်းတွေကလည်း လက်တွေ့ နယ်ပယ်ပေါင်းစုံမှာ ပျံ့နှံ့နေပါတယ်..."
"ကျွန်တော်တို့ ချန်အန်းတက္ကသိုလ်ကလည်း......."
တစ်နိုင်ငံလုံးရှိ နာမည်ကြီး တက္ကသိုလ်များမှ ဝင်ခွင့် လက်ခံတဲ့ ဆရာများက သူတို့၏ကျောင်းများ၏ အားသာချက်များကို မိတ်ဆက်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။
ပညာသင်ဆုများဆိုသည်မှာ အခြေခံ လုပ်ဆောင်ချက်မျှသာ ဖြစ်၏။
ကံမကောင်းစွာဖြင့် လင်းဖန်တွင် သူ၏ကိုယ်ပိုင် ရွေးချယ်မှုရှိနှင့်ပြီးသား ဖြစ်သည်။
ကြီးမားသော အမွေဆက်ခံခွင့် စနစ်က သူ့အား ပိုက်ဆံဖြစ်စေ၊ နည်းပညာဖြစ်စေ ရေတွက်လို့မရသော အရာများစွာကို ပေးအပ်ထားပြီးဖြစ်ရာ သူက မည်သည့်အရာကိုမှ ရရှိရန်အတွက် တက္ကသိုလ်ကို တက်ရောက်ရန် မလိုအပ်တော့ပေ။
သူ့အတွက် တက္ကသိုလ်ဆိုသည်မှာ ဘဝ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုကို ဖြည့်ဆည်းပေးနိုင်သည့် နေရာတစ်ခုပဲ ဖြစ်သည်။
ဒါ့ကြောင့် လင်းဖန်းက လက်တွေ့ကျသော ဘာသာရပ်များကို စွန့်လွှတ်ရန် စီစဉ်ထားပြီး၊ တွေးခေါ်မှု့အပေါ် ပိုမို အာရုံစိုက်သည့် ဘာသာရပ်များကို ရွေးချယ်ရန် သူ ရည်ရွယ်ထား၏။
အမှန်ပါပဲ တစ်နိုင်ငံလုံးတွင် ရှင်းမုန်တက္ကသိုလ် လရန်ကျင်းတက္ကသိုလ်တို့နှင့် ယှဉ်နိုင်သည့် ကျောင်းမရှိနိုင်ဟု ထင်ရသည်။
ရှင်းရှင်းပြောရရင် သူက ဒီတက္ကသိုလ်နှစ်ခုကိုသာ ရွေးချယ်မှာပဲ ဖြစ်သည်။
"လေးစားအပ်ပါသော ဆရာ၊ ဆရာမများခင်ဗျားတကယ်ကို စိတ်မကောင်းပါဘူး...ကျွန်တော် ရန်ကျင်းတက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာနကို လျှောက်ထားဖို့ ဆုံးဖြတ်ထားပါတယ်.."
လင်းဖန်း မျက်နှာသေနဲ့ ပြန်ပြောလိုက်၏။
မြင်ကွင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း အနည်းငယ် မယုံနိုင်စရာ ဖြစ်သွားကြသည်။
" ဘာ မဖြစ်နိုင်တာ.."
ဒီနေ့ခေတ် ကလေးတွေက ပိုက်ဆံအများကြီး ရှာချင်ကြတာ ဒါမှမဟုတ် သိပ္ပံပညာရှင်တွေ ဖြစ်ချင်ကြတာ ဖြစ်ပေမယ့် ဒီကျောင်းသားလင်းဖန်ကတော့ ဘေးထွက်တဲ့ လမ်းကို ရွေးချယ်လိုက်ပြီး 'အသုံးမဝင်တဲ့ ဘာသာရပ်" ကို ရွေးလိုက်သည်။
ဒါက နားမလည်နိုင်စရာ ကောင်းလှသည်။ ။
"ကျောင်းသားလင်း ရှင်းမုန် ဒဿနိကဗေဒဌာနက ရန်ကျင်း တက္ကသိုလ် ထက် မနိမ့်ပါဘူး.. ဘာလို့ ရှင်းမုန်တက္ကသိုလ်ကို လာဖို့ စဉ်းစားမထားတာလဲ.."
ရှင်းမုန်တက္ကသိုလ်ရဲ့ ဝင်ခွင့်ရုံး ညွှန်ကြားရေးမှူး စိမားယန်က ဆက်လက် ကြိုးစားချင်နေသေးသည်။
ကံမကောင်းစွာဖြင့် လင်းဖန်က ရန်ကျင်းကိုသာ သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၏။
ဘာ့ကြောင့်လဲဆိုတော့ ရှင်းမုန်တက္ကသိုလ်မှမှ ဘွဲ့ရအများစုမှာ သိပ္ပံသုတေသီများ ဖြစ်ကြသော်လည်း ရန်ကျင်းကတော့ မတူပေ။ဒီကျောင်းက ထင်ရှားကျော်ကြားသော ချမ်းသာကြွယ်ဝသူများ၊ စာပေ ပညာရှင်များနဲ့ နိုင်ငံရေးသမားများကိုပင် မွေးထုတ်ပေးခဲ့ပြီး ပိုမိုကြီးမားသော သက်ရောက်မှုရှိပေ၏။
ကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်ရန်နှင့် လူတိုင်းအတွက် ဖမ်းမမိနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရန်အတွက် စတင်ရာ ကောင်းတဲ့ နေရာကိုသာ လင်းဖန် ရွေးချယ်မည်ပဲ ဖြစ်သည်။
"ကျောင်းသားလင်းဖန် ပူးပေါင်းတာကို ရန်ကျင်းကိုယ်စား ကြိုဆိုပါတယ်ခဗျာ.."
ရန်ကျင်းတက္ကသိုလ်၏ ဝင်ခွင့် ညွှန်ကြားရေးမှူးက နောက်ဆုံးတွင် အနိုင်ရရှိသူ ဖြစ်လာတာကြောင့် ပျော်ရွှင်စွာ ပြုံးလိုက်တော့သည်။