← Chapters

ဒီလူငယ်လေးက အံ့ဩဖို့ကောင်းတယ်

Vol. 114 Ch. 1702

ဒီလူငယ်လေးက အံ့ဩဖို့ကောင်းတယ်

Vol. 114 Ch. 1702

ထို့နောက်တွင်မူ ကျောက်မိသားစုခေါင်းဆောင်က စိတ်ပျက်စွာ လက်ဝှေ့ယမ်းပြလေသည်။

“ထားလိုက်တော့ မစီစဉ်နဲ့တော့”

“ဘယ်လို”

လူယုံဖြစ်သူ အံ့ဩသွားသည်။ သူတို့၏ ကျောက်မိသားစုခေါင်းဆောင်က ကျိုးသွားသောသွားကို မျိုချလိုက်သည့် အဖြစ်နှင့် တူနေသည် မဟုတ်ပါလော။

“ပြီးတော့ မနက်ဖြန် နတ်ဘုရားမျိုးနွယ်နဲ့ တွေ့ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းထားလိုက်”

*ဒါက*

လူယုံဖြစ်သူ ပို၍ စိတ်ရှုပ်ထွေးထားသည်။

*ဒါ နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်တာနဲ့ အတူတူ ဖြစ်မနေဘူးလား*

သူ၏ မိသားစုခေါင်းဆောင် ဘာကိုတွေးတောနေသလဲ သူ မသိတော့ပေ။

“မိသားစုခေါင်းဆောင် ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ၊ ဒီလိုဖြစ်သွားရင် ကျွန်တော်တို့ ကျောက်မိသားစု မျက်နှာ ပျက်ရလိမ့်မယ်”

“ငါ ပြောတဲ့အတိုင်းလုပ်”

ကျောက်မိသားစုခေါင်းဆောင် အမိန့်ပေးလိုက်သည်။

“သေမှာထက်စာရင် မျက်နှာပျက်ရတာက ပိုကောင်းသေးတယ်”

….

ထိုအခိုက်တွင် ချမ်မိသားစုအိမ်တော်တွင်း၌။

ချမ်မိသားစုခေါင်းဆောင်သည်လည်း သတင်းရခဲ့ပြီး ချက်ချင်း အေးစက်စွာ ပျက်ရယ်ပြုလေသည်။

“အဘိုးကြီးကျောက်က တကယ် အသုံးမကျတာပဲ၊ ခဏလေးနဲ့ အဲ့ကောင်လေး အကွက်ချတာကို ခံလိုက်ရပြီ”

“သခင်ကြီး ဒီကောင်လေးက ကျောက်မိသားစုခေါင်းဆောင်ကို အညံ့ခ့လာအောင် လုပ်နိုင်တယ်၊ ပြီးတော့ သာမန်မျိုးဆက်က လာတာ မဟုတ်ဘူး၊ ကျွန်တော်တို့ သတိနဲ့နေသင့်သလား”

အိမ်တော်ထိန်းက သတိဖြင့် မေးလာသည်။

“ဘာကို သတိထားမှာလဲ၊ ငါက အမှိုက်ကောင်ကို ကြောက်စရာလား”

ချမ်မိသားစုခေါင်းဆောင်က သဘောမတူသလို ထိုကိစ္စအား အရေးစိုက်ခြင်း မရှိချေ။

“ငါက အဘိုးကြီးကျောက်လို ငကြောက် မဟုတ်ဘူး၊ ငါ မပေးဘူးဆိုရင် လုံးဝ မပေးဘူးပဲ၊ အဲ့ကောင် ဘာပြောပြော အသုံးမဝင်ဘူး”

“ဒါနဲ့ အဲ့ကောင် ရောက်လာခဲ့ရင် မင်း သူ့ကို တန်းနှင်ထုတ်လိုက်၊ ငါ ပင်ပန်းနေပြီ၊ ငါ သွားနားတော့မယ်”

ချမ်မိသားစုခေါင်းဆောင်က အေးအေးလူလူ ပြောပြီး သူ ယဲ့ဖန်ကို အိမ်ထဲပင် ဝင်ခွင့်မပြုနိုင်ပါ။ ထို့ကြောင့် ယဲ့ဖန် သူ့ကို ဘယ်လို သိမ်းသွင်းလာမလဲ သိချင်နေ၏။

ညသန်းခေါင်ယံအချိန်၌ ချမ်မိသားစုခေါင်းဆောင်သည် သူ့ကိုယ်လုပ်တော်၏ ဝမ်းဗိုက်ပေါ်၌ အိပ်ပျော်နေသည်။ သို့သော် ရုတ်တရက် တံခါးခေါက်သံကို သူ ကြားလိုက်ရလေသည်။

“ဘယ်သူလဲ”

ချမ်မိသားစုခေါင်းဆောင် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

“သခင်ကြီး တစ်ခုခုတော့ မှားနေပါပြီ၊ သခင်ကြီး မြန်မြန် ထွက်လာသင့်ပါတယ်၊ အဲ့ယဲ့ဖန် လာနေပါတယ်”

အပြင်ဘက်မှ အိမ်တော်ထိန်း၏ အသံ ထွက်ပေါ်လာပြီး သူ့အသံက တုန်ခါနေ၏။

“သူ့ကို မောင်းထုတ်လိုက်ဖို့ ငါ မင်းကို မပြောခဲ့ဘူးလား၊ မင်း နားလေးနေလား”

ချမ်မိသားစုခေါင်းဆောင် ဒေါသတကြီး ပြောလိုက်သည်။

“သခင်ကြီး ခဏလောက် ထွက်လာပါဦး၊အပြင်ရောက်ရင် သခင်ကြီး နားလည်ပါလိမ့်မယ်”

အိမ်တော်ထိန်းက စိုးရိမ်တကြီးဖြင့် ဆက်တိုက် တောင်းဆိုနေသည်။

ချမ်မိသားစုခေါင်းဆောင်က စိတ်မရှည်စွာ ကျစ်ခနဲ စုတ်သပ်၍ ထလာပြီး တံခါးဖွင့်လိုက်သည်။ ထို့နောက် မျက်နှာရှစ်ခေါက်ချိုးဖြင့် ပြောလေသည်။

“ဘာဖြစ်နေတာလဲ”

“သခင်ကြီး ကြည့်ပါဦး”

ထိုအခါ အိမ်တော်ထိန်းက သွေးရောင်ကျောက်တုံးတစ်တုံးကို ထုတ်၍ ချမ်မိသားစုခေါင်းဆောင်အား ပြသည်။

“ဟာ…”

ချမ်မိသားစုခေါင်းဆောင် ပင့်သက်ရှိုက်သွားပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“ဒီအရာကို ယဲ့ဖန် ခေါ်လာတာလား”

အိမ်တော်ထိန်းက အလန့်တကြား ခေါင်းညိတ်ပြသည်။

“မြန်မြန်၊ ငါ့ကို သူနဲ့တွေ့ရအောင် မြန်မြန်ခေါ်သွားစမ်း”

ချမ်မိသားစုခေါင်းဆောင် စိတ်မတည်မငြိမ်ဖြင့် အဝတ်အစားပင် သပ်သပ်ရပ်ရပ် မဝတ်နိုင်တော့ဘဲ ဧည့်ခန်းသို့ အိမ်တော်ထိန်းနှင့်အတူ လိုက်သွားသည်။

ယဲ့ဖန်သည် ဧည့်ခန်း၌ ထိုင်မြဲထိုင်နေကာ သူ့ပုံစံက နတ်ဘုရားအိုကြီးတစ်ပါးနှင့် တူနေပြီး အရာအားလုံးက သူ ထင်ထားသည့်အတိုင်း ဖြစ်နေသောကြောင့် ယုံကြည်မှုရှိသော အပြုံးမျိုး ပြုံးနေသည်။

ချမ်မိသားစုခေါင်းဆောင် သူ့ကို မြင်သောအခါ မျက်နှာအမူအရာ လုံးဝ မကောင်းဘဲ လိုရင်းကိုသာ တန်းမေးလိုက်သည်။

“မင်း ဒါ ဘာသဘောလဲ”

“လွန်ခဲ့တဲ့နှစ်လက ခင်ဗျားနဲ့ လျန့်ဝမ်ကျန်းရဲ့ အဖွဲ့က ချန်ကယ်ပိုမှာ သွေးချော်ရည်မိုင်းကို ရှာတွေ့ခဲ့တယ်၊ သူက နည်းပညာနဲ့ မိုင်းတူးဖို့ စိုက်ထုတ်ပေးပြီး သွေးချော်ရည်ကို ငါးဆယ်၊ ငါးဆယ်စီ ခွဲဝေယူဖို့ သဘောတူခဲ့တယ်၊ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး လုပ်နေတုန်း ထူးဆန်းတဲ့ အင်အားစုနဲ့ ကြုံပြီး နှစ်ဖက်လုံးက အဖွဲ့ဝင်အားလုံး သေဆုံးသွားပြီး သွေးချော်ရည်အားလုံး အစအနမရှိ ပျောက်ဆုံးသွားတယ်”

“နှစ်ဖက်လုံးရဲ့ စုစုပေါင်း ဆုံးရှုံးမှုက စိတ်ဝိညာဉ် သလင်းကျောက် သန်းရှစ်ဆယ်ကျော်တယ်၊ ခင်ဗျား အဲ့အဖွဲ့အစည်းကို နေ့ပေါင်းများစွာ လိုက်ရှာပင်မယ့် လုံးဝ မတွေ့ခဲ့ဘူး၊ ကျုပ် ဒီသွေးချော်ရည်အစုကို ခင်ဗျားရဲ့ ဂိုဒေါင်မှာ ကံကောင်းပြီး ရှာတွေ့ခဲ့တယ်၊ ခင်ဗျားအတွက် ကျုပ် ဆုံးရှုံးမှုကို လျော့အောင် လုပ်ပေးနိုင်ခဲ့တယ်လေ၊ ချမ်မိသားစုခေါင်းဆောင် ခင်ဗျား ကျုပ်ကို ကျေးဇူးမတင်သင့်ဘူးလား”

ထိုစကားကြောင့် ချမ်မိသားစုခေါင်းဆောင် ခုံပေါ်သို့ အားပျော့စွာ ပြုတ်ကျသွားပြီး မျက်နှာတွင် အလွန်အမင်း မလိုလားဟန်တို့ ပေါ်လွင်လာ၏။

“မင်း ဘာလိုချင်တာလဲ”

“ကျောက်မိသားစုခေါင်းဆောင်က မလုပ်သင့်တဲ့ တစ်စုံတစ်ရာကို လုပ်ခဲ့မိတဲ့အတွက် ရင်ကွဲနာကျ ဖြစ်နေပြီးတော့ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ်မလား၊ အဲ့ဒါကြောင့် ကျုပ်ကို နစ်နာကြေးအနေနဲ့ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်ပေးမှာပေါ့”

ယဲ့ဖန်က အဓိပ္ပာယ်အပြည့်ဖြင့် ပြောလိုက်သည်။

“အိုးရန်မျိုးနွယ်ဆီ ပို့ဖို့ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်ကို ချက်ချင်း ပြင်ဆင်လိုက်”

ယဲ့ဖန် ဘာပြောချင်သလဲ သိသောကြောင့် ချမ်မိသားစုခေါင်းဆောင် အားမပါစွာ အော်ပြောလိုက်သည်။

ထိုအခိုက်တွင် သူသည် ဆယ်နှစ်စာ ပိုအိုစာသွားသလို ဖြစ်သွားလေသည်။ ယဲ့ဖန် သူ့အားနည်းချက်ကို ချုပ်ကိုင်ထားသရွေ့ သူ တစ်သက်လုံး ယဲ့ဖန်ရှေ့၌ ခေါင်းမော့နိုင်မည် မဟုတ်ပါ။

သူ သစ္စာဖောက်လိုက်လျင် သွေးချော်ရည်အားလုံးကို အပိုင်သိမ်းသွားသူက သူဖြစ်ကြောင်း လျန့်ဝမ်ကျန်း သိသွားပေလိမ့်မည်။ လျန့်ဝမ်ကျန်း၏ အကျင့်အရ သူ့အား အလွတ်ပေးမည် မဟုတ်ပေ။

အမိန့်ပေးလိုက်ပြီးနောက် ချမ်မိသားစုခေါင်းဆောင်က ယဲ့ဖန်ဘက် ပြန်လှည့်ကြည့်၍ သက်ပြင်းချလေသည်။

“မြေခွေးအိုကြီးကတော့ မြေခွေးအိုကြီးပါပဲ၊ မင်းအဘိုးကို ငါတို့ ရှုံးတယ်လို့ ပြောလိုက်ပါ”

“ဒီကိစ္စက ကျုပ်အဘိုးနဲ့ ဘာမှမဆိုင်ဘူး၊ အပေးအယူကို ကျုပ်ဘာသာ လုပ်တာ၊ အခုချိန်ကစပြီး ကျုပ်က အိုးရန်မျိုးနွယ်ရဲ့ အရှင်သခင်ပဲ”

ယဲ့ဖန်က ထရပ်၍ အပြင်သို့ လျှောက်သွားသည်။

ထိုစကားကိုကြားသော် ချမ်မိသားစုခေါင်းဆောင် တစ်ခဏမျှ အံ့ဩသွားပြီးနောက် မချိပြုံး ပြုံးလိုက်သည်။

“အိုးရန်မျိုးနွယ်မှာ အမှိုက်ဆိုတာ မရှိဘူးပဲ၊ သူက တကယ်ကို ကြောက်စရာကောင်းတဲ့ လူငယ်ပါလား”

အကြံအစည်အားလုံးကို ပြင်ဆင်ထားသူက အိုးရန်ကျန်း မဟုတ်ဘဲ သူ့အရှေ့မှ လူငယ်လေး ဖြစ်နေသည် မဟုတ်ပါတကား။

ချမ်မိသားစုအိမ်တော်၏ အပြင်ဘက်၌ အိုးရန်မိန်လင်နှင့် အခြားသူများသည် ချမ်မိသားစုက စိတ်ဝိညာဉ် သလင်းကျောက်များကို သေတ္တာ အကြီးအသေးများစွာဖြင့် သယ်ဆောင်နေသည်ကို မြင်လိုက်ရသောအခါ ကြက်သေ သေသွားကြသည်။

လည်ပင်းတွင် ကျောက်ခဲတစ်လုံး တစ်ဆို့နေသကဲ့သို့ စကားတစ်လုံးမှ မပြောနိုင်တော့ချေ။

*အံ့ဩဖို့ကောင်းလိုက်တာ*

*ချမ်မိသားစုခေါင်းဆောင်ကိုတောင် ရင်ဆိုင်နိုင်တာလား*

*ပြီးတော့ ယဲ့ဖန် အဝင်အထွက်လုပ်တာ ဆယ်မိနစ်တောင် မပြည့်ဘူး၊ လွယ်ကူပြီးတော့ အားလည်း မထုတ်ရဘူး*

*သူ ဘယ်လိုလုပ်လိုက်တာလဲ*

*အိပ်မက်လိုပဲ*

သို့သော် ထိုသို့သောအချိန်၌ ရှောင်လင်၏ မျက်လုံးတွင် စိုးရိမ်ပူပန်မှုတို့နှင့် ပြည့်နှက်နေ၏။ လက်ရှိတွင် သူ ကြောက်လန့်စ ပြုလာသည်။

ယဲ့ဖန်က မလိုသော စကားများ ပြောမနေဘဲ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“စွန်းမိသားစု”

နာရီဝက်ကြာသော် စွန်းမိသားစုအိမ်တော်တွင်း၌ စွန်းမိသားစုခေါင်းဆောင်သည် ယဲ့ဖန်အား သတိဖြင့် ကြည့်နေ၏။ မိသားစုခေါင်းဆောင် နှစ်ယောက်ကို ယဲ့ဖန် အောင်အောင်မြင်မြင် ဖြေရှင်းလိုက်နိုင်သည်က မတော်တဆ မဖြစ်နိုင်ချေ။

သူတို့ ဤလူငယ်လေးကို အထင်သေးခဲ့မိလေပြီ။

“မင်း ငါ့ကို ပြောစရာရှိတယ်ဆိုရင် တန်းသာပြော”

စွန်းမိသားစုခေါင်းဆောင်က ယဲ့ဖန်ကို သတိဖြင့် ကြည့်နေပြီး မျက်နှာက ပိုပို၍ ကြည့်ရဆိုးလာသည်။

“သခင်လေး ဘယ်မှာလဲ”

ယဲ့ဖန်က မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။

“သူ အနောက်ဘက် ဥယျာဉ်မှာ ပန်းချီဆွဲနေတယ်၊ ဘာဖြစ်လို့လဲ”

စွန်းမိသားစုခေါင်းဆောင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်ပြီး ယဲ့ဖန် ဘာကို ဆိုလိုချင်နေသလဲ သိချင်နေမိသည်။

“သခင်လေးက တအား ချောတယ်လို့ ကျုပ် ကြားထားတယ်၊ သူက ယောက်ျားလေး ဆိုပင်မယ့် မိန်းကလေး တစ်ယောက်ထက် ပိုချောပိုလှတယ်တဲ့၊ သူ့သတင်းက ခပ်ဝေးဝေးအထိ ပျံ့နေတာ၊ ဒီနေ့ ကြုံတောင့်ကြုံခဲ့ ရောက်လာတာဆိုတော့ သူနဲ့ တွေ့ချင်ရုံလေးပါ၊ စွန်းမိသားစုခေါင်းဆောင် တွေ့ခွင့်ပေးမလား”

“ရတာပေါ့”

စွန်းမိသားစု အဘယ်သို့ ငြင်းရဲမည်နည်း။ သူ့အရှေ့မှ ဤလူငယ်လေးက အရှင်သခင်သဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

မကြာခင်မှာပင် စွန်းမိသားစုခေါင်းဆောင်က သူ့သားကို လာခိုင်းလိုက်သည်။ တစ်ဖက်လူသည် သိသိသာသာကို အနည်းငယ် ရှက်ရွံ့နေကာ ခေါင်းကိုငုံ့ထားပြီး ယဲ့ဖန်အား မကြည့်ရဲချေ။

အသားအရေက နှင်းထက်ပင် စွတ်စွတ်ဖြူနေပြီး နှုတ်ခမ်းများက နီစွေးကာ သွားများက ဖြူစင်ဝင်းပနေသည်။ ရုပ်ရည်က သဘာဝတရားအလား လှပကာ မျက်ခုံးများက လှပလှသည်။

သူသာ အစောကတည်းက ကြိုမသိထားလျင် ဤလူက ယောက်ျားတစ်ယောက်ဖြစ်ကြောင်း ယဲ့ဖန် ယုံနိုင်မည် မဟုတ်ပါ။

မြေခွေးဆန်လှသော အသွင်အပြင်က အမျိုးသမီးများနှင့်ပင် ယှဉ်၍မရနိုင်ပါ။ အဖြူရောင်ဝတ်စုံကို ဝတ်ထား သောအခါ မြေခွေးဖြူနှင့်ပင် တူနေပြီး မထိရက်စရာပင်။

“အံ့ဩစရာပဲ၊ လူချင်းတွေ့လိုက်ရတော့ ကျော်ကြားတာထက် ပိုလှတာပဲ”

ယဲ့ဖန်က အံ့ဩနေသော မျက်နှာ အမူအရာဖြင့် လက်ခုပ်တီးလေသည်။

သို့သော် ဘာကြောင့်မှန်းမသိသော်လည်း ယဲ့ဖန်၏ ချီးမွမ်းမှုကို စွန်းပေါင်ရှီ ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင် သွားပြီး သူနှင့် အသက်အရွယ်တူပုံရသည့် အရှေ့တည့်တည့်မှလူက အလွန် နတ်ဆိုးဆန်သည်ဟု ခံစားနေရသည်။

ယဲ့ဖန်ရှေ့တွင် သူ့ကိုယ်သူ ဆိုးသွမ်းသော ဝံပုလွေကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသော ယုန်ဖြူလေး တစ်ကောင်သဖွယ် အနေရခက်သလို ခံစားနေရလေသည်။

သားအဖနှစ်ယောက်လုံး ဘာလုပ်ချင်နေတာလဲဟု တွေးနေချိန်တွင် ယဲ့ဖန် ပြောလာသောစကားက သူတို့ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေ၏။

“အတော်လေး လှတာပဲ၊ နတ်ဘုရားမျိုးနွယ်က ချစ်နေတာ မဆန်းတော့ဘူး”

စွန်းမိသားစုခေါင်းဆောင် အလွန် ခြောက်ခြားသွားပြီး ယဲ့ဖန်အား လက်ညှိုးထိုးလာသည်။

“မင်း … မင်း …”

စွန်းပေါင်ရှီသည်လည်း သွေးပျက်သော အမူအရာ ဖြစ်နေပြီး နောက်သို့ ဆုတ်သွားကာ သူ၏ နှစ်လိုဖွယ် ကောင်းသော မျက်နှာ၌ သွေးပင်မရှိတော့အောင် ဖြူရော်လာသည်။

သွေးပျက်ကာ စိုးရိမ်ပူပန်နေ၏။

စွန်းပေါင်ရှီသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မြေးဖြစ်သူနှင့် ရှင်းမပြတတ်သော ဆက်ဆံရေးရှိပြီး ထိုကိစ္စအား သိသူ ရှားပေသည်။

သို့သော် ယဲ့ဖန်က ဘယ်လိုလုပ် သိသွားသနည်း။

ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက စွန်းမိသားစု မျက်နှာပျက်ရမည် ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်က သူတို့ သိက္ခာမကျအောင် စွန်းမိသားစုတစ်ခုလုံးအား ဖျက်ဆီးလောက်သည်။

ယဲ့ဖန်က စွန်းပေါင်ရှီရှေ့သို့ ချက်ချင်း ရောက်သွားပြီး လက်တစ်ဖက်ဖြင့် မေးကို ပင့်လိုက်သည်။

“မင်းက လှလွန်းတာပဲ၊ ယောကျ်ားမိန်းမမရွေး မင်းကို အရယူဖို့ အစွမ်းကုန် ကြိုးစားနေတာကို မအံ့ဩမိတော့ဘူး”

ထိုစကားကြောင့် စွန်းပေါင်ရှီ မျက်ရည်ဝဲလာပြီး ယဲ့ဖန်အား သနားစဖွယ် ကြည့်လေသည်။

ယဲ့ဖန် အားပါးတရ ရယ်မောလိုက်ပြီး စွန်းမိသားစုခေါင်းဆောင်အား ပြန်ကြည့်လိုက်သည်။

“ခင်ဗျားတို့ စွန်းမိသားစုက ဒီနယ်မြေမှာ နေရာကို ထိန်းနိုင်ဖို့ တင်ကိုရောင်းစားတဲ့ တစ်ခုတည်းသော မျိုးနွယ် ဖြစ်လောက်တယ်မလား၊ စွန်းမိသားစုခေါင်းဆောင် အဖေတွေက သားတွေထက် ပိုပြီး‌ ဈေးကြီးမယ်ထင်တယ်”

*တင်ကိုရောင်းစားတယ်*

ထိုစကားသံအဆုံး၌ စွန်းပေါင်ရှီ မျက်ရည်ကျလာပြီး ယဲ့ဖန်၏ လက်မှ လျင်မြန်စွာ ဖယ်ရှားပြီး ကြောက်လန့်တကြား ကြည့်လေသည်။

နတ်ဆိုး၊ သူ့အရှေ့မှ ဤလူက နတ်ဆိုးတစ်ကောင်ပင်။ ဤသို့ သူ စော်ကားခံရသည်က ပထမဆုံးအကြိမ်ပင်။

“ဒုန်း”

စွန်းမိသားစုခေါင်းဆောင်သည် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လာပြီး ကြောက်ရွံ့စိတ်တို့ ပြည့်နေသော မျက်နှာအမူအရာဖြင့် ပြောလာသည်။

“သခင်လေး သူ့ကို အသက်ချမ်းသာပေးပါ”

အရှုံးပေးလိုက်လေပြီ။ သူ လုံးဝ အရှုံးပေးလိုက်ရလေပြီ။

တစ်ဖက်လူက သူတော်စင်သခင်အဆင့်သာ ရှိသော်လည်း သူ၏ ဉာဏ်ရည်တစ်ခုတည်းကပင် သူတို့ကို လက်ခုပ်ထဲ၌ ထည့်ကစားနိုင်နေ၏။

“ဟဲဟဲ”

ယဲ့ဖန် ရယ်၍ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားကို လူလိုဆက်ဆံချင်ပင်မယ့် ခင်ဗျားက အတင်း ခွေးဖြစ်ချင်နေတာကိုး၊ ခင်ဗျားကိုယ်ခင်ဗျား ဈေးပေါတယ်လို့ ထင်နေလား”

“ဟုတ်ပါတယ် ငါက ဈေးပေါပါတယ်၊ ငါက ဘာမှမသိတတ်တဲ့လူပါ၊ ဒါပေမဲ့ ဒီကလေးက အပြစ်ကင်းပါတယ်၊ မင်း ငါ့ကို လုပ်ချင်တာလုပ်ပါ၊ ကျေးဇူးပြုပြီး သူ့ကိုတော့ အရှက်ရအောင် မလုပ်ပါနဲ့”

စွန်းမိသားစုခေါင်းဆောင်က ယဲ့ဖန်အား အသနားခံလျက် ကြည့်နေသည်။

“မနက်ဖြန် အိုးရန်မျိုးနွယ်ဆီကို စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ် ပို့လိုက်”

ယဲ့ဖန် စွန်းမိသားစုခေါင်းဆောင်ကို အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။

“ဟုတ်ကဲ့၊ ကျုပ် အစေခံတွေကို ချက်ချင်း ခိုင်းလိုက်ပါ့မယ်”

စွန်းမိသားစုခေါင်းဆောင် ဘာမှမပြောရဲချေ။

“မှတ်ထားပါ၊ နောက်ဆိုရင် အိုးရန်မျိုးနွယ်မှာ ဆုံးဖြတ်ချက်ချတဲ့လူက ကျုပ်ပဲ၊ ကျုပ် ခင်ဗျားကို ဒီလို အခွင့်အရေးမျိုး နောက်တစ်ခါ ထပ်ပေးမှာ မဟုတ်ဘူး”

စွန်းမိသားစုခေါင်းဆောင်က သုန်မှုန်နေသော မျက်နှာထားဖြင့် နားလည်ကြောင်း ခေါင်းညိတ်လေသည်။

“ခွေးမသားတွေ၊ ခင်ဗျားတို့က ရိုက်မှ သိတဲ့ဟာတွေပဲ”

ယဲ့ဖန်က လှောင်ရယ်၍ နောက်လှည့်ကာ ထွက်သွားလေသည်။

ထိုအခါ စွန်းပေါင်ရှီက စွန်းမိသားစုခေါင်းဆောင်ထံ တိုးဝင်၍ ငိုကြွေးလေတော့သည်။

“အဖေ ကျွန်တော် တောင်းပန်ပါတယ်၊ အားလုံးက ကျွန်တော့်အမှားတွေပါ”

စွန်းမိသားစုခေါင်းဆောင်က ဝမ်းနည်းစွာ ခေါင်းခါ၍ နှစ်သိမ့်လေသည်။

အဖေ မင်းကို အပြစ်မတင်ပါဘူး၊ အပြစ်တင်ခြင်းတင် မိန်းကလေးတစ်ယောက်ရဲ့ စိတ်နှလုံးသား ရှိပင်မယ့် ယောက်ျားလေးအဖြစ် မွေးဖွားလာရတဲ့ မင်းရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမှာပါ”

“ဘာမှမဖြစ်ပါဘူး၊ အဖေတို့ သူ့စကားကို နားထောင်သရွေ့ အဖေတို့ အခက်တွေ့အောင် သူ မလုပ်ပါဘူး၊ ဒီတစ်ခါက အဖေ့အမှားပါ၊ အဖေက နတ်ဆိုးကို ရန်စခဲ့မိတာ”

ထို့နောက်တွင်မူ ကျိုးမိသားစုအိမ်တော်၌။

အခြားသော မိသားစုခေါင်းဆောင်များနှင့်ယှဉ်လျင် ကျိုးမိသားစုခေါင်းဆောင်က ပို၍ ဒေါသထွက်နေကာ လှောင်ပြုံး ပြုံးနေသည်။

“မင်း သူတို့ဟာကွက်ကို အမိဖမ်းပြီး သူတို့ အညံ့ခံလာအောင် ခြိမ်းခြောက်မှန်း ငါ သိတယ်၊ ငါ့ကို ခြိမ်းခြောက်နိုင်မယ့် အရာမရှိတာ စိတ်မကောင်းစရာပဲ၊ မင်း ငါ့ကို အညံ့ခံလာအောင် လုပ်ဖို့က မဖြစ်နိုင်ဘူး”

“ကျုပ် ခင်ဗျားကို ဘာမှချုပ်ကိုင်စရာ မလိုဘူး၊ အဲ့တော့ ကျုပ် ခင်ဗျားကို အရိုးရှင်းဆုံးနဲ့ တည့်တိုးအဆန်ဆုံး နည်းနဲ့ ဖြေရှင်းဖို့ စဉ်းစားထားတယ်”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“တကယ်လား၊ ဒါဆိုလည်း မင်း ဘယ်လို ရိုးရှင်းပြီး တည့်တိုးဆန်တဲ့ နည်းလမ်းကို သုံးမလဲ ငါ ကြည့်ရသေးတာပေါ့”

သူက ယဲ့ဖန်ကို ရန်စသလို ကြည့်လိုက်ပြီး လူသတ်ချင်စိတ်က ဝုန်းခနဲ ထွက်ပေါ်လာ၏။

All Chapters