ကျွန်းပေါ်သို့ နောက်တစ်ခေါက်
Vol. 47 Ch. 561
“အကိုကြီး.ခင်ဗျားဆိုလိုတာက အဲဒီမီးခိုးနက်ရောင် သ တ္တုတွေ..သတ္တုစပ်တွေနဲ့ ငွေဖြူရောင်သတ္တုချေ ာင်းတွေ အကုန်လုံးကို ဒီကျွန်းလေးနားမှာပဲ စုပုံထ ားရမှာလား..”
“ဟုတ်တယ်.. အဲ့ဒီကျွန်းနားမှာပဲ..”
“အတိအကျ ဘယ်နေရာမှာ ထားရမလဲခင်ဗျ...”
နဂါးနက်၏ မေးခွန်းကြောင့် လိပ်ကြီး ခဏစဥ်းစား လိုက်၏။
“ငါ့နောက်လိုက်ခဲ့..သင့်တော်မယ့်နေရာတစ်ခု ငါရှာ ပေးမယ်.. "
ပြောပြီးနောက် လိပ်ကြီးက ရှေ့မှ ဦးဆောင်၍ ထွက် လာခဲ့သည်။
အမှန်စင်စစ် ဤပစ္စည်းများ သိုလှောင်ရန်အတွက် ကိုမူ ရေအောက်ကြမ်းပြင်မှာ ညီညာနေဖို့ လိုအပ်သ လို ရေအနက်မှာလည်း ၃၀ မီတာမှ ၅၀ မီတာ ဝန်း ကျင်ရှိနေခြင်းက အကောင်းဆုံးဖြစ်၏။
အကယ်၍ ရေတိမ်လွန်းပါက ‘ဘလူးဝေးလ်’ ကဲ့သို့ သော သင်္ဘောကြီးများ ဝင်ထွက်သွားလာရန် ခက်ခဲ နိုင်၏။အကြောင်းရင်းမှာ ထိုသင်္ဘောများ၏ ရေစူး မှာ ဆယ်မီတာကျော်အထိ ရှိသောကြောင့်ပင် ဖြစ် သည်။ရေ အရမ်းနက်လွန်းပြန်လျှင်လည်း နောင်တ စ် ချိန်တွင် ပြန်ဆယ်ယူရန် ခဲယဉ်းသွားပေလိမ့်မည်။
ပတ်ဝန်းကျင်မှာ ညဘက်ဖြစ်နေ၍ အလင်းရောင် အားနည်းနေသော်လည်း လိပ်ကြီးအတွက်မူ အဟန့် အတား မဖြစ်ပေ။သူ၏ အမြင်အာရုံသည် စူပါအာရုံ ခံစားနိုင်စွမ်းကြောင့် မီတာ ၁,၀၀၀ အတွင်းရှိ အရာ အားလုံးကို နေ့ခင်းကြောင်တောင်ကဲ့သို့ပင် အသေး စိတ် မြင်တွေ့နေရသည်။
နဂါးနက်နှင့် အဖွဲ့သားများကို ခေါ်ဆောင်ကာ ကျွန်း ပတ်လည်တွင် လိပ်ကြီး ဖြည်းဖြည်းလေး ကူးခတ်ရှ ာဖွေရင်း မကြာမီမှာပင် သိုလှောင်နေရာ အဖြစ် အ သုံးပြုရန် သင့်တော်သည့်နေရာတစ်ခုအား သူ ရှာ တွေ့ သွားခဲ့၏။
ကျွန်း၏ အနောက်မြောက်ဘက်သို့ လိပ်ကြီးရောက် လာသည့်အခါ ပင်လယ်ကြမ်းပြင်မှာ သိသိသာသာ ပြန့်ပြူးသွားသည်။ထိုနေရာတွင် အတားအဆီးဖြစ် စေမည့် သန္တာကျောက်တန်းများနှင့် ကျောက်တုံးကြီ းများ သိပ်မရှိဘဲ ဖြူလွလွ သဲပြင်ကျယ်ကြီးကသာ ဆီးကြိုနေ၏။
ရေညှိပင်နှင့် အခြားအမှိုက်သရိုက်များ ကင်းစင်နေ သည့်အပြင်၊ဧရိယာအကျယ်အဝန်းမှာလည်း ဘော လုံးကွင်းများစွာစာမက ကျယ်ဝန်းလှသည်။ရေအန က်မှာ ၃၀ မီတာမှ ၄၀ မီတာ ခန့်ရှိပြီး ကျွန်းနှင့် မီတာ ၁,၀၀၀ ခန့်သာ ဝေးကွာသောကြောင့် တည်နေရာမှာ အလွန်ပင် စိတ်တိုင်းကျစရာ ကောင်းနေ၏။
လိပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်သည်။
“ဒီနေရာပဲ... အနာဂတ်မှာ ငါတို့ သယ်လာမယ့် ပစ္စ ည်းတွေကို ဒီမှာပဲ ထားမယ်..”
“ကောင်းပါပြီအကိုကြီး..အခုလောလောဆယ်တော့ ဒီမှာပဲ ထားကြတာပေါ့..”
နဂါးနက်က ပြန်ပြောရင်း ထပ်မေးလိုက်၏။
“ဒါဆို အနာဂတ်မှာရော... ဒီနေရာကနေ ပြန်ရွေ့ပြေ ာင်းရဦးမှာလား..”
နဂါးနက်၏ ဉာဏ်ရည်မှာ ကန့်သတ်ချက်ရှိသည့် အ တွက် အကြောင်းအရာတစ်ခုကို ရှင်းပြလျှင် ရိုးရိုးရှ င်းရှင်းနှင့် ပြတ်ပြတ်သားသား ပြောပြရန် လိုအပ်နေ သည်။အနည်းငယ် ရှုပ်ထွေးသွားသည်နှင့် သူ နားမ လည်တော့ပေ။
.
ထို့ကြောင့် လိပ်ကြီးက သေချာရှင်းပြလိုက်၏။
“လောလောဆယ်တော့ ဒီမှာပဲထားမယ်.. နောက်ပိုင်း ကျရင်တော့ ပစ္စည်းတွေကို ဒီကျွန်းပေါ်မှာပဲ တိုက်ရို က်ထားလို့ရလိမ့်မယ်..”
သူက ဆက်ပြောလိုက်သည်။
“ဒီကျွန်းကိုကြည့်ကြည့်.. အခုဆို သခင်က ဝယ်ယူပြီ းလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေတောင် စတင်နေ ပြီ .ငါကြားထားတာတော့ ဒီနေရာမှာ ဆိပ်ခံတံတား ၊လေဆိပ်၊ ဗီလာဇုန်တွေအပြင် အလွန်ကြီးမားတဲ့ ဂို ဒေါင်ကြီးတစ်လုံးပါ ဆောက်အုံးမှာတဲ့..”
နဂါးနက်သည် ဂရုတစိုက်နားထောင်နေရင်း အခြေ အနေအရပ်ရပ်ကို သဘောပေါက်သွားပုံရသည်။သူ သည် စိတ်အားထက်သန်သွားသလိုမျိုး မေးမြန်းလို က်၏။
“ဒါဆို ကျွန်တော် အခုပဲ ပစ္စည်းတွေ စသယ်ထားလို က်မယ်.. ဘယ်ဟာကို အရင်ရွှေ့ရမလဲ..အကိုကြီး..”
လိပ်ကြီးက လမ်းညွှန်ချက်ပေးလိုက်သည်။
“မီးခိုးနက်ရောင်သတ္တုတွေကို အရင်ရွှေ့ကြတာပေါ့ .အဲဒီ အာကာသယဥ်ပျက်ကြီးထဲမှာ အများကြီးရှိတ ယ်.. မင်းတို့သယ်ဖို့ လုံလောက်ပါတယ်..”
နဂါးနက်သည် ရေမျက်နှာပြင်ပေါ်သို့ သူ့ ဧရာမခေါ င်းကြီးအား တစ်ဝက်ခန့် ဖော်လိုက်၏။ထို့နောက် မီး ရောင်မှိန်မှိန်ထွန်းထားသည့် ကျွန်းငယ်လေးကို စူးစို က်ကြည့်ပြီးနောက် သူ၏အဖွဲ့သားများနှင့်အတူ ရေ အောက်သို့ ငုပ်လျှိုးကာ ထွက်ခွာသွားပေသည်။
လိပ်ကြီးကမူ ချက်ချင်းထွက်မသွားသေးဘဲ မီတာ တစ်ထောင်ခန့်အကွာမှနေ၍ သူ၏ခေါင်းကို ရေပေါ် တစ်ဝက်ဖော်ကာ ထိုကျွန်းငယ်လေးကိုပင် အချိန်အ တော်ကြာ ငေးကြည့်နေမိသည်။
........
ရက်အနည်းငယ် ကြာပြီးနောက်...
ထိုကျွန်းငယ်လေးသို့ လျူယောင် နောက်တစ်ခေါ က်ပြန်ရောက်လာ၏။သို့သော်လည်း ယခုတစ်ခေါ က်တွင်မူ သူတစ်ယောက်တည်း မဟုတ်ဘဲ လူအချို့ ပါ ပါလာခဲ့သည်။
ကျိူးယန်၊ဟူဂျွန်ရှီးနှင့် အခြားအကြီးတန်းအရာရှိ အချို့လည်း လျူယောင်နှင့်အတူ လိုက်ပါလာ၏။ ဟွားဟိုင်မြို့မှ XX နိုင်ငံ၏ မြို့တော်သို့ လေယာဉ် ဖြင့် တိုက်ရိုက် ပျံသန်းပြီးနောက် ထိုမှတစ်ဆင့် ရဟ တ်ယာဉ်ဖြင့် ဆက်လာရခြင်းဖြစ်၍ ခရီးစဉ်မှာ အလွ န်ပင် သက်သောင့်သက်သာရှိလှ၏။
ရဟတ်ယာဉ်နှစ်စင်းသည် နဂါးကြီးနှစ်ကောင်ကဲ့သို့ ပင်လယ်ပြင်ထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်း လ ာကြသည်။သူတို့၏ ရှေ့တည့်တည့်တွင်မူ လျူယေ ာင် ဝယ်ယူထားသော ကျွန်းငယ်လေးအား မြင်နေ ရ၏။
“အစ်ကိုယောင်... ဟိုမှာကြည့်..ကျွန်းကို မြင်နေရပြီ ..”
ဟူဂျွန်ရှီးသည် အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။ သူသည် မှန်မှတဆင့် ပင်လယ်ပြင်အလယ်တွင် မြင် နေရသည့် ကျွန်းငယ်လေးအား သူက လက်ညှိုးထိုး ပြလိုက်၏။
သူတို့နှင့် ကျွန်း၏ အကွာအဝေးမှာ သိပ်မဝေးတော့ ပေ။ လျူယောင်သည်လည်း ကျွန်းငယ်ကို လှမ်းမြင် လိုက်ရသဖြင့် ခေါင်းပြရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်..အဲဒါ ငါတို့ရဲ့ ကျွန်းပဲ..”
ခဏအကြာတွင်မူ ရဟတ်ယာဉ်သည် ပေပေါင်းရာနှ င့်ချီရှိသည့် အမြင့်မှနေ၍ ကျွန်းပေါ်သို့ စတင်ဝဲပျံလ ာရာ အောက်ဘက်ရှိ မြင်ကွင်းအားလုံးမှာ ရှင်းရှင်း လင်းလင်း မြင်တွေ့နေရ၏။
ယခင်တစ်ခေါက် လျူယောင် ရောက်လာခဲ့စဉ်ကနှ င့် မတူဘဲ ယခုတစ်ခေါက်မှာမူ ကျွန်းငယ်လေးသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေ၏။အရင်ကမူ လူမရှိ သူမရှိ သစ်ပင်တောအုပ်များဖြင့်သာ အထီးကျန် နေ ခဲ့သော်လည်း ယခုမူ ကျွန်းငယ်လေးသည် လှုပ်ရှား မှုများဖြင့် ပြည့်နှက်နေသည်။
ကျွန်းပေါ်တွင် လူနေအိမ်သစ်များစွာကို အစီအရီ ဆောက်လုပ်ထားသည်ကို လျူယောင် တွေ့လိုက်ရ ၏။လူဦးရေမှာလည်း ရာနှင့်ချီ ရှိနေပေသည်။အလု ပ်ကိုယ်စီ ရှုပ်နေကြသည့် ထိုလူအုပ်ကြီးသည် ကော င်းကင်ထက်မှ ရဟတ်ယာဉ်နှစ်စင်း၏ အသံကို ကြာ းလိုက်ရသည့်အခါ မော့ကြည့်လိုက်ကြ၏။
မြေပြန့်တစ်နေရာတွင်မူ ဘိလပ်မြေ၊သံချောင်း၊အု တ် နှင့် ကျောက်တုံးများကဲ့သို့သော ဆောက်လုပ်ရေ း ပစ္စည်းများကိုလည်း စနစ်တကျ စုပုံထားသည်အ ား လျူယောင် မြင်လိုက်ရသည်။
လျူယောင်သည် မိမိပိုင်ဆိုင်သော ကျွန်းပေါ်ရှိ တိုး တက်ပြောင်းလဲလာမှုများကို ကျေနပ်အားရစွာ ကြ ည့်ရင်း ဘေးနားမှာ ရှိနေသည့် ရက်ဆဲလ်အား လှည့် ပြောလိုက်၏။
“မစ္စတာရက်ဆဲလ်... ခင်ဗျားရဲ့ အပြည့်အဝ ပူးပေါင် း ဆောင်ရွက်မှုတွေအတွက် တကယ် ကျေးဇူးတင် ပါတယ်ဗျာ..”
ရက်ဆဲလ်ကလည်း နူးညံ့သိမ်မွေ့သော အပြုံးနှင့် အ တူ ပြန်ဖြေလိုက်သည်။
“မစ္စတာလျူ... ဒါက ကျွန်တော်တို့ တာဝန်ရှိသူတွေ ဘက်က လုပ်ပေးသင့်တဲ့ အရာပါဗျာ.. နောက်ထပ် ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကို အားမနာတမ်း ပြောလို့ရပါတယ်..”
အမှန်စင်စစ် XX နိုင်ငံ ၏ သဘောထားမှာ အမြဲတ မ်း ကောင်းမွန်လွန်းလှ၏။နိုင်ငံတော်သမ္မတမှအစ ပြည်သူများအဆုံး အားလုံးက ဖော်ဖော်ရွေရွေ ရှိကြ သည်။လူဦးရေ တစ်သိန်းကျော်သာရှိပြီး စီးပွားရေး မဖွံ့ဖြိုးသေးသည့် ဤကျွန်းနိုင်ငံငယ်လေးအတွက်မူ ယူနီဗာဆဲလ်ကဲ့သို့သော အဖွဲ့အစည်းကြီးနှင့် ဆက် ဆံရေးကောင်းမွန်နေခြင်းက သူတို့အတွက်မူ အခွင့် အလမ်းကောင်းတစ်ခုပင် ဖြစ်နေသည်လေ။
လျူယောင်က ပြန်ပြောလိုက်၏။
“လောလောဆယ်တော့ အားလုံးအဆင်ပြေပါတယ်.. တစ်ခုခု လိုအပ်လာပြီဆိုရင်တော့ ကျွန်တော့်လူတွေ ကတစ်ဆင့် ခင်ဗျားကို ဆက်သွယ်လိုက်ပါ့မယ်..”
ရဟတ်ယာဉ်နှစ်စင်းသည် ကျွန်းပေါ်တွင် အနည်း ငယ် ဝဲပျံကြည့်ရှုပြီးနောက် ဆင်းရန် ပြင်ဆင်လိုက် ကြသည်။ယခင်တစ်ခေါက်ကမူ ကမ်းခြေဘေးရှိ လွ တ်နေသော မြေကွက်လပ်တွင် ဖြစ်သလို ဆင်းသက် ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သီးသန့်ရဟတ် ယာဉ်ကွင်း ရှိနေခဲ့သည်။
၎င်းသည် မကြာသေးမီကမှ အသစ်စက်စက် ဆော က်လုပ်ထားသည့် ရဟတ်ယာဉ်ကွင်းဖြစ်ပြီးအလယ် ဗဟိုတွင် ရဟတ်ယာဉ်များ ဆင်းတက်ရန်အတွက် နို င်ငံတကာသုံး အဝါရောင် ‘H’ သင်္ကေတနှစ်ခုကို ထင် ရှားစွာ ရေးဆွဲထား၏။
ရဟတ်ယာဉ် မြေပြင်ပေါ်သို့ ရပ်နားလိုက်သည်နှင့် လျူယောင်တို့အဖွဲ့သားများအားလုံး ရဟတ်ယာဉ် ပေါ်မှ ဆင်းလာကြသည်။ထိုစဉ် ကျွန်းပေါ်ရှိ တာဝန် ခံတိန်းမင်ဒါသည် လူအုပ်ကြီးကို ဦးဆောင်ကာ လှို က်လှိုက်လှဲလှဲ ကြိုဆိုရန် စောင့်နေခဲ့သည်။
လျူယောင်တို့အဖွဲ့ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသ ည်ကို သူ မြင်သည်နှင့် စိတ်လှုပ်ရှားမှုအား မဖုံးဖိနိုင် ဘဲ ခြေလှမ်းကျဲကျဲဖြင့် အနားသို့ လျင်မြန်စွာ လျှော က်လာခဲ့၏။
လျူယောင်က ညာလက်ကို ကြိုတင်ဆန့်ထုတ်လိုက် ရင်း ရင်းနှီးဖော်ရွေစွာ နူတ်ဆက်လိုက်သည်။
“မစ္စတာတိန်း... နောက်လအနည်းငယ်အတွင်းမှာ ဒီ ကျွန်းအတွက် ခင်ဗျား တော်တော်လေး အပင်ပန်းခံ အားစိုက်ထုတ်ပေးရအုံးမယ်ဗျာ..”
တိန်းမင်ဒါက လျင်မြန်စွာ ပြန်လည်ဖြေကြားသည်။
“မဟုတ်တာပဲ သူဋေးရာ.. ဒါတွေက ကျွန်တော်တို့ ဝတ္တရားတွေပဲဥစ္စာ..လုံးဝ မပင်ပန်းပါဘူးဗျာ..”
တိန်းမင်ဒါသည် ဤကျွန်းစီမံကိန်း၏ အထွေထွေမန် နေဂျာဖြစ်ပြီး ကျွန်းပေါ်ရှိ ဧရာမဆောက်လုပ်ရေးလု ပ်ငန်းခွင်ကြီးတစ်ခုလုံးကို ဦးဆောင်စီမံနေသူလည်း ဖြစ်၏။ဤနေရာရှိ အဓိကစီမံခန့်ခွဲသူ အရာရှိအား လုံးမှာ ယူနီဗာဆဲလ်မှ တိုက်ရိုက်ပြောင်းရွှေ့လာသူ များလည်း ဖြစ်သည်။
ထို့အပြင် တိန်းမင်ဒါသည် လုပ်ငန်းအဖွဲ့၏ အလယ် အလတ်အဆင့် အရာရှိတစ်ဦးဖြစ်ရုံသာမက လျူ ယောင်၏ မျိုးဗီဇပြောင်းဆေးအား သောက်ထားသူ လည်း ဖြစ်ပေသည်။
ယခုအခါတွင်မူ ယူနီဗာဆဲလ်တစ်ခုလုံးရှိ အဆင့်မြ င့်အရာရှိအားလုံးနှင့် အလယ်အလတ်အဆင့် ဝန်ထ မ်း သုံးပုံနှစ်ပုံကျော်မှာ ထိုဆေးအား သောက်ပြီးခဲ့၏ ။လျူယောင်သည်လည်း သူတို့တစ်ဦးချင်းစီကို စွမ်း ရည်အမှတ်အား ၁၀၀ စီအထိ ပေးထားခဲ့သည်။
ထို့ကြောင့် လူတိုင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန် ထက် ထူးကဲနေ၏။ခွန်အား၊ခံနိုင်ရည်နှင့် သွက်လ က်မှုတို့တွင် အမှတ် ၁၀၀ ကျော်အထိ ရရှိထားကြ သဖြင့် သူတို့သည် ပရော်ဖက်ရှင်နယ် အားကစား သမားများထက်ပင် ပိုမိုစွမ်းဆောင်နိုင်ပေသည်။
လျူယောင်အတွက်မူ ထိုအရည်အချင်းအမှတ်များ မှာ မကုန်ခမ်းနိုင်အောင် များပြားလှသဖြင့် သူယုံ ကြည်ရသော ဝန်ထမ်းများကို ဆက်လက်ပေးဝေရန် စီစဉ်ထား၏။ဤသို့ပြုလုပ်ခြင်းဖြင့် သူ့လူများမှာ စွ မ်းဆောင်ရည် မြင့်မားလာရုံသာမက သူ့အပေါ်တွင် လည်း အကြွင်းမဲ့ သစ္စာရှိလာကြမည် မဟုတ်ပေ လော။
သူဋေးဖြစ်သူက မိမိအား အသိအမှတ်ပြုကာ လက် ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သဖြင့် တိန်းမ င်ဒါမှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားရသည်။သူသ ည် လျူယောင်၏လက်ကို တလေးတစားနှင့် တင်း တင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်လိုက်၏။
ထို့နောက် တိန်းမင်ဒါသည် ကျိူးယန်၊ဟူဂျွန်ရှီးနှင့် အဖွဲ့သားများအားလုံးကို ရိုသေစွာ နှုတ်ဆက်လိုက် သည်။ဆက်လက်၍ ကျွန်းဆောက်လုပ်ရေးလုပ်ငန်း ခွင်တွင် အဓိကတာဝန်ယူထားကြသည့် မန်နေဂျာအ ချို့နှင့် လျူယောင်တို့အား မိတ်ဆက်ပေးလိုက်၏။
အားလုံးနှင့် ရင်းနှီးစွာ နှုတ်ဆက်ပြီးနောက် လျူ ယောင်က တက်ကြွစွာ ပြောလိုက်သည်။
“မစ္စတာတိန်း... ကျွန်တော်တို့ကို ဒီနေရာက ဆောက် လုပ်ရေး အခြေအနေတွေ အရင်ဆုံး လိုက်ပြပေးပါ ဦးလား..”