နောက်တစ်ခါ သွားရင် ကျွန်တော့်ကို လဲ ခေါ်သွားပေးပါ
Vol. 47 Ch. 564
တောဝက်ဘုရင်ကြီးမှာမူ မည်သည့်လှုပ်ရှားမှုမျှ ထ ပ်မံမပြုလုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲ ကျသွား၏။ကြောက်လန့်တကြားဖြစ်သွားသည့် ကျ န်တောဝက်အုပ်မှာလည်း မျက်စိတစ်မှိတ်အတွင်း တောနက်ထဲသို့ ထွက်ပြေးပျောက်ကွယ် သွားကြသ ည်။
ဟူဂျွန်းရှီး တစ်ယောက် ကြောင်အနေရာမှ သတိပြန် ဝင်လာပြီးနောက် အံ့ဩသည့် မျက်လုံးများဖြင့်လျူ ယောင်အား ငေးကြည့်မိသည်။
“အစ်ကိုယောင်... ခင်ဗျားက တကယ်ကို မိုက်တာပဲ ဗျာ..လက်ဖြောင့်ချက်ကတော့ အံ့မခန်းပဲ..”
လျူယောင်က ခပ်အေးအေးပင် ပြုံးရင်း ပြန်ဖြေလို က်၏။
“ဒါက သာမန်ပါပဲကွာ..လာ... ငါတို့ သွားကြည့်ကြရ အောင်..”
ပြောပြီးနောက် တောဝက်ကြီးဆီသို့ လျူယောင် လျှောက်လာခဲ့သည်။အနားရောက်မှ သူ သေချာ ကြ ည့်မိရာ တောဝက်အဖိုကြီးမှာ တကယ်ပင် ကြီးမား လှပြီး ပေါင်ငါးရာနီးပါး အလေးချိန်ရှိမည်မှာ သေချ ာသလောက်ပင်။
ဟူဂျွန်းရှီက မချီးကျူးဘဲ မနေနိုင်အောင် အော်ပြော လိုက်မိသည်။
“ဝိုး... ကျွန်တော့်တစ်သက် ဒီလောက်ကြီးတဲ့ တောဝ က်မျိုး တစ်ခါမှ မမြင်ဖူးဘူးဗျ”
လျူယောင်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ကဲ... ဒီကောင်ကြီးကိုပါ ပြန်သယ်သွားကြစို့.. ဒီနေ ရိတ်သိမ်းမှုက အတော်လေး ဟန်ကျသွားပြီ.တောဝ က်နှစ်ကောင်ဆိုတော့ ငါမျှော်လင့်ထားတာထက် တောင် ပိုနေသေးတယ်..”
ထိုစဉ် ချန်းဟူက ဓားမကိုဆွဲကာ အနီးနားရှိသစ်ပစ် တစ်ပင်ကို ခုတ်လဲလိုက်သည်။ထို့နောက် ရှေးမုဆိုး တို့၏ နည်းလမ်းအတိုင်း တောဝက်ကြီး၏ ခြေလေး ဖက်ကို ကြိုးဖြင့်ခိုင်ခိုင်ချည်ကာ သစ်သားတိုင်တွင် လျှိုသွင်းလိုက်၏။
သူနှင့် ကျောက်ဟုန်ဖူတို့ နှစ်ယောက်သား သစ်သား တိုင်ကို ထမ်းကာ အားရပါးရ ပြန်လာကြသည်။
လူလေးယောက်သည် တောဝက်ကြီးနှစ်ကောင်ကို ထမ်းလျက်၊လျူယောင်နှင့် ဟူဂျွန်ရှီးတို့၏နောက်မှ လိုက်ပါရင်း အောင်ပွဲခံသည့်ဟန်ဖြင့် တောင်ပေါ်မှ ပြန်ဆင်းလာခဲ့ကြ၏။
ပေါင် ၃၀၀ ကျော်လေးသည့် တောဝက်ကို ထမ်းလာ သည့် စစ်သားနှစ်ဦးမှာမူ လမ်းကို မနည်း လျှောက် နေရသည်။သူတို့၏ ခြေလှမ်းတိုင်းမှာ လေးလံနေ သော်လည်း ရှေ့တွင် ပေါင် ၄၀၀-၅၀၀ ခန့်ရှိမည့် တောဝက်ကြီးကို အေးအေးလူလူ ထမ်းသွားသည့် ချန်းဟူနှင့်ကျောက်ဟုန်ဖူတို့ကို ကြည့်ကာ အံ့ဩနေ မိ၏။
စစ်သားနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်မ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်ကြသ ည်။
“မယုံနိုင်စရာပဲဗျာ... သူတို့ခွန်အားတွေက တကယ့် ကို ကြောက်ခမန်းလိလိပဲဗျ..”
အမှန်စင်စစ် ချန်းဟူ၏ ခွန်အားမှာ ထိုထက်ပင် မက ပေ။သူသာ အားထည့်မည်ဆိုလျှင် ပေါင်ငါးရာရှိသ ည့် တောဝက်အား လက်တစ်ဖက်တည်းနှင့်ပင် အလွ ယ်တကူ သယ်နိုင်ပေသည်။
မကြာမီတွင် လျူယောင်တို့ခြောက်ယောက်လုံး ကျွ န်းပေါ်ရှိ တောအုပ်နက်ကြီးထဲမှ ထွက်လာခဲ့ကြသည် ။သူတို့ရှေ့တွင်မူ ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ဌာနချုပ်ရုံးခန်းကို လှမ်းမြင်နေရ၏။
ထိုအချိန်တွင် တိန်းမင်ဒါ၏ ဦးဆောင်မှုဖြင့် ဆိပ်ခံ တံတား တည်ဆောက်ရေးကို ကျိုးယန်တို့အဖွဲ့က စ စ်ဆေးနေကြသည်။မလှမ်းမကမ်းမှ တောဝက်ကြီးနှ စ်ကောင်ကို ထမ်း၍ ပြန်လာသည့် လျူယောင်တို့ အ ဖွဲ့အား လူတစ်ယောက်က လှမ်းမြင်သွားပြီး အော် ပြောလိုက်သည်။
“ဟေး... ကြည့်ကြဦးသူဋေးတို့ ပြန်လာပြီဟေ့..”
“ဟိုးမှာ... တောဝက်ကြီးနှစ်ကောင်တောင် သယ်လာ တာပဲဗျ..”
လျူယောင်တို့ ပြန်လာသည်ကို မြင်တော့ ကျိူးယန် က သူ့အဖွဲ့ကို လက်ဝှေ့ယမ်းကာ စစ်ဆေးမှုကို ရပ် လိုက်ပြီး လူအုပ်ကြီးနှင့်အတူ ခပ်သွက်သွက် လျှော က်လာခဲ့သည်။
“သွားကြစို့... သူဋေးတို့ကို သွားကြိုရအောင်..”
ကျိူယန်က အဝေးကတည်းက လှမ်းကြည့်ရင်း အားရပါးရ အော်ပြောလိုက်၏။
“သူဋေး. ဒီနေ့တော့ တကယ့်ကို ရိတ်သိမ်းမူကောင်း လှချည်လား.. ဒီလောက်ကြီးတဲ့ တောဝက်ကြီးနှစ် ကောင်ကို ဘယ်လိုများ ရအောင်လုပ်ခဲ့တာလဲဗျာ..”
ဟူဂျွန်းရှီက မနေနိုင်မထိုင်နိုင် ရှေ့သို့ အမြန် တိုးကာ ပြောပြလိုက်သည်။
“ဒီတောဝက်ဘုရင်ကြီးကို အစ်ကိုယောင်က တစ်ချ က်တည်း..ပစ်သတ်လိုက်တာဗျ ကျည်ဆန်က ဝက်န ဖူးတည့်တည့်ကို ထိသွားတာပဲဗျာ...”
လူအုပ်ကြီးမှာ တအံ့တဩဖြင့် တောဝက်ကြီးအနား သို့ စုရုံးလာကြသည်။ဟူဂျွန်းရှီ ပြောသည့်အတိုင်းပ င် ကျည်ဆန်ရာသည် အနည်းငယ်မျှ သွေဖည်ခြင်းမ ရှိဘဲ တောဝက်ကြီး၏ နဖူးအလယ်တည့်တည့်တွင် တိတိကျကျ နေရာယူထားသည်ကို လူတိုင်း တွေ့လို က်ရသောအခါ ချီးကျူးသံများ ထွက်ပေါ်လာ၏။
“အိုး. ဘုရားရေ..ကျွန်တော်တို့ သူဋေးက တကယ့်ကို လက်ဖြောင့်တပ်သားဟောင်းကြီးကျနေတာပဲ.. အံ့ မခန်းပါပဲဗျာ..”
ထိုချီးကျူးစကားများကို ကြားသောအခါ လျူယော င်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ပြီးနောက် သူက လက်ကိုဝှေ့ယမ်းကာ လူအုပ်ကြီးကို ကြည့်ပြီး ကျ ယ်လောင်စွာ အမိန့်ပေးလိုက်၏။
“ကဲ... ဒီတောဝက်နှစ်ကောင်ကို သေချာကိုင်တွယ် ကြ ..ပိုသေးတဲ့တစ်ကောင်ကိုတော့ ဒီက အလုပ်သ မားတွေအတွက် အသားဟင်း ချက်ကျွေးလိုက်ကြ. ပိုကြီးတဲ့ တောဝက်ဘုရင်ကြီးကိုတော့ ငါတို့နဲ့အတူ ပြန်သယ်သွားမယ်..”
တိန်းမင်ဒါလည်း ချက်ချင်းပင် အလုပ်သမားအချို့ ကို ခေါ်လိုက်ပြီး တောဝက်ကြီးနှစ်ကောင်အား ကျွ မ်းကျင်စွာ ကိုင်တွယ်လိုက်သည်။
တောဝက်များအတွက် စိတ်ပူစရာမလိုသည်ကို မြင် သောအခါ ကျိူးယန်သည် လျူယောင့်အနားသို့ တိုး ကပ်လာပြီး ကျွန်းပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှု အခြေအနေအား သတင်းပို့လိုက်၏။
ကျိူယန်က ရှေ့တွင် တည်ဆောက်နေသည့် ဆိပ်ခံ တံတားကြီးကို လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်သ ည်။
“လောလောဆယ်တော့ ကျွန်တော်တို့ ရှေ့က ဆိပ်ခံ တံတားကြီးကို အားသွန်ခွန်စိုက် တည်ဆောက်နေပါ တယ်..သူဋေး ဒီနေရာက သဘာဝအတိုင်း ရေအန က်ပိုင်းဖြစ်လို့ ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာမှာပါ သင်္ဘောဆိုက်ကပ်နိုင်တဲ့ နေရာတွေလည်း အများ ကြီး ထည့်သွင်းထားပါတယ်..”
သူက ခေတ္တရပ်ပြီးနောက် စိတ်အားထက်သန်စွာ ဆ က်ပြောလိုက်၏။
“ဒီစီမံကိန်း ပြီးစီးသွားရင် တန်ချိန် တစ်သိန်းကျော်ရှိ တဲ့ သင်္ဘောကြီးတွေနဲ့ ရေလိုင်း ဆယ်မီတာကျော်တဲ့ ကုန်တင်သင်္ဘောကြီးတွေပါ ချောချောမွေ့မွေ့ ဆိုက် ကပ်နိုင်မှာပါ..ဆိပ်ကမ်းပြီးတာနဲ့ ကျွန်းပတ်လမ်း တွေ ကို စတင်ဖောက်လုပ်ပါမယ်..
အဲဒီနောက်မှာတော့ လေဆိပ်၊ဗီလာအိမ်ရာတွေနဲ့ ဂို ဒေါင်ကြီးတွေကို အဆင့်လိုက် ဆက်တည်ဆောက် သွားဖို့ စီစဉ်ထားပါတယ်သူဋေး..”
ကျိူးယန်၏ ရှင်းပြချက်များကို နားထောင် နေစဉ်မှ ာပင် လူအုပ်ထဲမှ တစ်စုံတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ဟေး... ဟိုမှာ ကြည့်ကြပါဦး..ကျွန်တော်တို့ သင်္ဘေ ာတွေ ထပ်ရောက်လာပြီ..”
လူတိုင်းသည် အဝေးက ပင်လယ်ပြင်ဆီသို့ စူးစမ် းကြည့်လိုက်ကြသည်။တကယ်ပင် ပင်လယ်ပြင်ထ က်တွင် သင်္ဘောကြီးနှစ်စင်းသည် ကျွန်းဆီသို့ တ ဖြည်းဖြည်း ဦးတည်ခုတ်မောင်းလာ၏။
လျူယောင်က မျက်မှောင်ကြုတ်၍ အကဲခတ်ကြည့် လိုက်ရာ ၎င်းတို့မှာ ဘလူးဝေးလ်နှင့် ကေလာဝေးလ် တို့ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။
ဟွာဟိုင်းမြို့မှ ထွက်ခွာလာခဲ့သည်မှာ ငါးရက်၊ခြော က် ရက်ခန့် ရှိသည့် ထိုသင်္ဘောကြီးနှစ်စင်းသည် ယ ခုအခါတွင်မူ ကျွန်းသို့ ရောက်လာခဲ့၏။
သင်္ဘောတစ်စင်းစီတွင် ဘိလပ်မြေ၊ သံချောင်းများ ကဲ့သို့သော ဆောက်လုပ်ရေးပစ္စည်းများသာမက လု ပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်သည့် စက်ယန္တရာ းကြီးများကိုလည်း တင်ဆောင်လာကြသည်။
“ကျွန်တော်တို့ သင်္ဘောတွေ တကယ်ရောက်လာပြီ သူဋေး..ပစ္စည်းတွေလည်း အများကြီး ပါလာပုံပဲဗျ ."
တိန်းမင်ဒါက အပျော်ဆုံး ဖြစ်နေသည်။ချဉ်းကပ်လ ာသည့် သင်္ဘောနှစ်စင်းကို ကြည့်ရင်း သူ့ မျက်နှာ ထက်တွင် ဖုံးဖိမရသော ဝမ်းသာပီတိများ အထင်း သား ပေါ်လွင်နေ၏။
လူတိုင်း ကြည့်နေစဉ်မှာပင် ဘလူးဝေးလ်နှင့် ကေလ ာဝေးလ်သင်္ဘောကြီးနှစ်စင်းသည် ကျွန်းနှင့် မီတာ သုံးလေးရာခန့်အကွာတွင် အရှိန်သတ်ကာ ရပ်တန့် လိုက်ကြသည်။
ရေတိမ်ပိုင်းဖြစ်၍ သင်္ဘောကြီးများ တိုက်ရိုက်ကပ် ၍မရသေးသောကြောင့် သင်္ဘောပေါ်မှ လှေငယ်မျာ း ချလိုက်ကြ၏။ဘိလပ်မြေများ၊သံချောင်းများနှင့် အခြားဆောက်လုပ်ရေးပစ္စည်းများကိုမူ ထိုလှေငယ် များပေါ်သို့ အဆင့်ဆင့်လွှဲပြောင်းကာ ကျွန်းပေါ်သို့ သယ်လာခဲ့ကြသည်။
လျူယောင်တို့အဖွဲ့ ကျွန်းမှထွက်ခွာရန် ပြင်ဆင်နေ ချိန်မှာပင် ပစ္စည်းလွှဲပြောင်းသည့် လုပ်ငန်းစဉ်မှာ အ ရှိန်ရနေသည်။ကျွန်းပေါ်သို့ ပစ္စည်းများတစ်ခုပြီး တ စ်ခု စနစ်တကျ ရောက်လာ၏။
ကုန်ပစ္စည်းများချပြီးနောက် သင်္ဘောနှစ်စင်းသည် ရေနက်ပိုင်းရှိရာ တစ်ကီလိုမီတာခန့်အကွာသို့ မောင် းလာခဲ့သည်။ထိုနေရာ၏ ပင်လယ်ကြမ်းပြင်တွင်မူ မီးခိုးရောင်သတ္တုချောင်း ထောင်ပေါင်းများစွာ စုပုံ နေ၏။
ပင်လယ်အောက်ခြေတွင်မူ နဂါးနက်နှင့် သူလက် အောက် ငယ်သားက အလုပ်ရှုပ်နေကြသည်။သူတို့ သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက အာ ကာသယာဉ်ပျက်ကြီး၏ အနီးအနားမှ သတ္တုများအ ား တစ်သုတ်ပြီးတစ်သုတ် သယ်ယူနေကြ၏။
ပျမ်းမျှအားဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ခန့် ပစ္စည်းသ ယ်ယူပို့ဆောင်ရေးကို နဂါးနက်တို့က မနားတမ်း လု ပ်ဆောင်နေကြသည်။
………
အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်၏ သီးသန့်ခန်း ထဲတွင်မူ လူစုံတက်စုံ ထိုင်နေကြ၏။ဤသည်မှာ လျူယောင်တို့အဖွဲ့၏ အောင်ပွဲခံညစာစားပွဲပင် ဖြစ် သည်။သူတို့ကိုယ်တိုင် ဖမ်းလာခဲ့သည့် တောဝက်ဘု ရင်ကြီးကို စားသောက်ဆိုင်ရှိ စားဖိုမှူးအား ချက်ခိုင်း ထားလိုက်၏။
ခဏအကြာတွင်မူ နာမည်ကြီးစားဖိုမှူး၏ လက်ရာဖြ င့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှာ အငွေ့တ ထောင်းထောင်းဖြင့် စားပွဲပေါ်သို့ ရောက်လာခဲ့သည် ။
ဟူဂျွန်းရှီသည် ဝန်ထမ်းများကိုပင် မခေါ်တော့ဘဲ ကို ယ့်ဘာသာ မောက်တိုင်ဝိုင်ပုလင်းကို ဖောက်လိုက်၏ ။ထို့နောက် တခြားခွက်များထဲသို့ တစ်ခွက်ပြီးတစ်ခွ က်လောင်းထည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“အစ်ကိုယောင်... ဒီနေ့တော့ ဝိုင်လေး နည်းနည်းလေ ာက် သောက်ကြတာပေါ့ဗျာ..”
လျူယောင်ကလည်း သဘောတူစွာ ခေါင်ညိတ်ပြလို က်၏။
“ပြဿနာမရှိဘူး..ဒါက ငါတို့ကိုယ်တိုင် အမဲလိုက်ပြီ း ရလာတဲ့ တောဝက်သားပဲ..အရသာကတော့ ရှယ် ဖြစ်မှာ သေချာတယ်..ကဲ... သောက်ရင်းစားရင်း အားရပါးရ နားကြတာပေါ့ကွာ..”
ပြောပြီးနောက် သူက တူဖြင့် တောဝက်သားတစ်ဖဲ့ ကို ကောက်ယူကာ စားလိုက်သည်။
“အိုး..ကောင်းတယ်... အရသာက တကယ်ကို ထူးခြ ားတာပဲ..မင်းတို့လည်း မြည်းကြည့်ကြ..”
ထိုအခါမှ လူတိုင်းလည်း တူများကိုယ်စီကိုင်ကာ မြ ည်းစမ်းကြည့်ရင်း ချီးကျူးသံများ ဆူညံလာ၏။ဟ င်းလျာများကို အားရပါးရ မြည်းစမ်းပြီးနောက်တွင် မူ ဝိုင်သောက်မည့်အချိန် ရောက်လာခဲ့သည်။
တင်းဝိန် က သူ၏ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ဂုဏ် ပြုလိုက်၏။
“ကျွန်တော်တို့ တစ်ခွက်လောက် သောက်ရအောင် အကိုယောင်”
လျူယောင်ကလည်း အလွန်ပင် စိတ်အားထက်သန် စွာဖြင့် သူ့ဝိုင်ခွက်ကို မြှောက်၍ ပြန်ပြောလိုက်သည် ။
“ကဲ... လာကြ၊လာကြ..အစားချည်းပဲ အားမစိုက်ကြ နဲ့ဦး..ဝိုင်လည်း တစ်ငုံလောက်စီ သောက်ကြလေကွ ာ..”
လျူယောင်က ထိုသို့ပြောရင်း လူတိုင်းကို လိုက်လံခွ က်ချင်းတိုက်ကာ တစ်ငုံသောက်လိုက်၏။၁၅ နှစ် သက်တမ်းရှိသည့် ဝိုင်ပုလင်းဖြစ်သောကြောင့် အရ သာမှာ အလွန် ကောင်းမွန်လှသည်။
ဝိုင်တစ်ငုံ သောက်ပြီးနောက် တင်းဝိန်က စိတ်အား ထက်သန်စွာ.တောင်းဆိုလိုက်၏။
“အစ်ကိုယောင်... နောက်တစ်ခါ ကျွန်းကိုသွားရင် ကျွန်တော့်ကို ခေါ်သွားရမယ်နော်.. ကျွန်တော်လည်း တောဝက်ကို ကိုယ်တိုင် အမဲလိုက်ကြည့် ချင်လို့ပါဗျ ာ..”
လျူယောင်က ပြုံးလျက် သဘောတူလိုက်သည်။
“ရတာပေါ့... ပြဿနာမရှိပါဘူး”
သို့သော် သူက စနောက်သည့်ပုံစံဖြင့် သတိပေးစက ား ပြောလိုက်၏။
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်... တောဝက်ကြီး တွေနဲ့ မင်း ရင်ဆိုင်ရတဲ့အခါ မကြောက်ဘဲ ပစ်နိုင်ရ မယ်..မင်း သတ္တိရှိမယ်ဆိုရင်တော့ နောက်တစ်ခါ အ တွေ့အကြုံသစ်ရအောင် ငါ ခေါ်သွားပေးပါ့မယ်..”