← Chapters

အမဲလိုက်ခြင်း

Vol. 47 Ch. 562

အမဲလိုက်ခြင်း

Vol. 47 Ch. 562

တိန်းမင်ဒါသည် လျူယောင်၏ ဘေးနားမှနေ၍ တ က်ကြွစွာ ဦးဆောင်လာခဲ့သည်။

သူ့စိတ်ထဲတွင် အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားနေမိ၏ ။ဤအခိုက်အတန့်သည် သူ့ဘဝ၏ အထွဋ်အထိပ် သို့ ရောက်ရနေသကဲ့သို့ပင်။သူက သူဋေးကြီးနှင့် ယှ ဉ်၍ လမ်းလျှောက်ခွင့်ရနေချိန်၌ ကျိူးယန်နှင့် ဟူဂျွ န်းရှီကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များက သူ့နောက်မှ လိုက်နေရသည် မဟုတ်ပေလော။

တိန်းမင်ဒါ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် လေကို တဝကြီး ရူသွင်းလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ကျွန်းပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်း များကို လျူယောင်အား အသေးစိတ် ရှင်းပြလိုက် သည်။

သူတို့အဖွဲ့သည် ဆောက်လုပ်ရေးဌာနချုပ်သို့ အရင် ဆုံး ရောက်လာကြ၏။အဆောက်အအုံအတွင်းသို့ လျူယောင် လှမ်းဝင်လိုက်သည်နှင့် ခန်းမကျယ်ကြီး ၏ အလယ်တွင် ခန့်ညားထည်ဝါလှသည့် ကျွန်းပုံစံ ဒီဇိုင်းကြီးအား မြင်လိုက်ရသည်။

ကျွန်းတစ်ခုလုံး၏ စီမံကိန်းနှင့် ဒီဇိုင်းမှာ ရာနှုန်းပြ ည့် ပြီးစီးနေခဲ့၏။မီတာအနည်းငယ်ခန့် ကျယ်ဝန်း သည့် ထိုပုံစံတူငယ်လေးပေါ်တွင် ဆိပ်ခံတံတားများ ၊လေဆိပ်၊သီးသန့်ဗီလာများနှင့် အခြားအဆောက်အ အုံများအားလုံးကို အသေးစိတ် စနစ်တကျ ဒီဇိုင်းဆွဲ ထားသည်မှာ အလွန်ပင် အားရကျေနပ်စရာ ကောင်း လှသည်။

“ကျွန်တော်တို့ရဲ့ ကျွန်းလေး ဆောက်ပြီးသွားရင် အ ခုမြင်ရတဲ့ ပုံစံအတိုင်း ဖြစ်လာမှာပါ သူဋေး.. ဒီဘ က်ကတော့ ဆိပ်ခံတံတားဖြစ်ပါတယ်.. ‘ဘလူးဝေး လ်’ နဲ့ ‘ကေလာဝေးလ်’လို သင်္ဘောကြီးတွေ စိတ်ကြို က်ဆိုက်ကပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ ..ကု န်ပစ္စည်း အတင်အချလုပ်ဖို့အတွက်လည်း အဆင့်မြ င့်ကရိန်းတွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ တပ်ဆ င်သွားမှာဖြစ်သလို.. ဒီဆိပ်ခံတံတားက စီမံကိန်းတ စ်ခုလုံးရဲ့ ပထမဆုံးအဆင့်လည်း ဖြစ်ပါတယ်ခဗျ..”

တိန်းမင်ဒါသည် စီမံကိန်းတစ်ခုလုံးကို အလွတ်ရနေ သည့်အလား မည်သည့်စာရွက်စာတမ်းကိုမှ ကြည့်ရ န်မလိုဘဲ ရင်းရင်းနှီးနှီး ရှင်းပြနေ၏။အဖွဲ့သားအား လုံးကလည်း သူ ရှင်းပြသည်အား စိတ်ဝင်တစား နာ းထောင်နေကြသည်။

ရှင်းပြတာကို နားထောင်ပြီးနောက် လျူယောင်က လက်ဟန်ပြလိုက်ရင်း ပြောလိုက်သည်။

“အင်း.ဆိပ်ခံတံတား ဆောက်လုပ်ရေးက တော်တေ ာ် လေး အရှိန်ရနေတာပဲ... ကဲ..အဲဒီကို အရင်ဆုံးသွ ားကြည့်ကြရအောင်..”

“ဟုတ်ကဲ့ပါသူဋေး.. ကျွန်တော် လမ်းပြပါ့မယ်”

ဆိပ်ခံတံတားမှာ ဌာနချုပ်နှင့် သိပ်မဝေးလှပေ။အင် ဂျင်နီယာဌာနချုပ်မှ ထွက်လာသည်နှင့် အဝေးတစ် နေရာတွင်မူ အားတက်သရော ဆောက်လုပ်နေသည့် ဆိပ်ခံတံတားကြီးအား လျူယောင် လှမ်းမြင်နေရသ ည်။

လုပ်ငန်းခွင်အတွင်း၌ ဆောက်လုပ်ရေး စက်ယန္တရား ကြီးများမှာ တဝုန်းဝုန်းနှင့် အလုပ်လုပ်နေကြပြီး အ လုပ်သမားများစွာမှာလည်း အလုပ်ကိုယ်စီရှုပ်နေကြ ၏။ထိုလူအုပ်ထဲတွင် အင်ဂျင်နီယာ နည်းပညာရှင် များနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများကိုလည်း သူ မြင် နေရသည်။

တိန်းမင်ဒါသည် လျူယောင်တို့အဖွဲ့အား ကျွန်းပေါ်ရှိ လုပ်ငန်းခွင်အနှံ့ လိုက်လံပြသခဲ့ရာ တစ်နာရီခန့်ပင် ကြာသွား၏။နေ့လယ်စာ စားချိန်ရောက်သောအခါ အားလုံးက ကျွန်းပေါ်၌ပင် စုပေါင်း၍ စားသောက် လိုက်ကြသည်။

မထင်မှတ်ဘဲ ထမင်းဝိုင်းထဲတွင် တောဝက်သား ဟ င်းအမယ်မျိုးစုံကို တွေ့လိုက်ရ၏။တောဝက်သား ကြော်၊ တောဝက်သားဆီပြန်ဟင်းနှင့် တောဝက်နံရိုး ချက် စသဖြင့် စုံလင်လှသည်။

ဟူဂျွန်းရှီသည် ထိုဟင်းများကို မြင်သည်နှင့် စိတ်ဝင် တစား ပြောလိုက်၏။

“အစ်ကိုယောင်... ဒီကျွန်းပေါ်မှာ တောဝက်တွေ အ များကြီးရှိတယ်လို့ ခင်ဗျားပြောတာ ကျွန်တော်ကြား ဖူးတယ်..အခုတော့ တကယ်ပဲဆိုတာ ယုံသွားပြီဗျာ”

လျူယောင် ပြန်မပြောခင်မှာပင် တိန်းမင်ဒါက ဦး အောင် ဝင်ဖြေလိုက်သည်။

“ဟုတ်ပါတယ် မစ္စတာဟူ... ဒီကျွန်းမှာ တောဝက် တွေက အပေါဆုံးပဲဗျ..အလုပ်သမားတွေ ဟင်းကေ ာင်းကောင်း စားရအောင်လို့ ကျွန်တော်တို့ နေ့တိုင်း အနည်းငယ်စီ သတ်ပြီး ချက်ကျွေးဖြစ်ပါတယ်.. အ ရသာကလည်း တကယ့်ကို အိစက်နေတာပါပဲဗျာ..”

ထိုစကားကို ကြားသည့်အခါ ဟူဂျွန်ရှီးမှာ ပို၍ပင် စိ တ်လှုပ်ရှားလာကာ ရယ်မောရင်း ပြောလိုက်သည်။

“ဒါဆိုရင်တော့ ဝန်ကြီးရက်ဆဲလ်ဆီကနေ ကျွန်တော် ယူလာတဲ့ ပစ္စည်းတွေ အသုံးဝင်တော့မှာပဲ. ဟားဟာ းဟား..”

လျူယောင်ကမူ ဘာမှမပြောဘဲ ပြုံးနေမိ၏။

ဟူဂျွန်းရှီ ဘာတွေ ယူလာသည်ကို သူ သိနှင့်ပြီးသား ဖြစ်သည်။ဓားမကြီးများ၊အမဲလိုက်သေနတ်များပင် ဖြစ်၏။ဟူဂျွန်းရှီ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေ သည်။ကျွန်းပေါ်တွင် တောဝက်များ ပေါများနေသ ဖြင့် သူက အပျော်တမ်း အမဲလိုက်ကာ အပန်းဖြေချ င်နေပုံရ၏။

“အစ်ကိုယောင်... နေ့လယ်စာစားပြီးရင် အမဲလိုက် ထွက်ကြမလား..”

လျူယောင်ကလည်း တွန့်ဆုတ်မနေဘဲ ချက်ချင်း ပင် သဘောတူလိုက်သည်။

“ကောင်းသားပဲ..နေ့လယ်ပိုင်းတော့ အမဲလိုက်ရင်း အပန်းဖြေကြမယ်လေ..”

အန္တရာယ်များမည်စိုး၍ လျူယောင် ငြင်းပယ်မည် ကို စိုးရိမ်နေခဲ့သည့် ဟူဂျွန်းရှီတစ်ယောက် ဝမ်းသာ အားရ ဖြစ်သွား၏။အခုတော့ သူ စိတ်လွတ်ကိုယ်လွ တ် အနားယူနိုင်ပြီ မဟုတ်ပေလော။

မိခင်နိုင်ငံဖြစ်သည့် ယန်နိုင်ငံမူ ယခုကဲ့သို့ အမဲလိုက် နိုင်ခွင့်မျိုး မရှိပေ။ဤကျွန်းပေါ်တွင်မူ သူ ဝါသနာပါ သလို စိတ်ကြိုက် ကစားခွင့်ရှိနေသည်။

ယူနီဗာဆဲလ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟူဂျွန်ရှီးသည် နေ့ စဉ်နှင့်အမျှ အလုပ်များနေသူဖြစ်ရာ ယခုကဲ့သို့ အ နားယူခွင့်ရသည့် အခွင့်အရေးမှာ သူ့ အတွက်မူ အလွန်ပင် ရှားပါးလှ၏။

ဟူဂျွန်းရှီ မစောင့်နိုင်တော့သည်ကို မြင်သောအခါ လျူယောင်က ပြုံး၍ ကျိုးယန်အား တာဝန်လွဲခဲ့လို က်သည်။

“ကျိူးယန်... မင်းကတော့ ဒီက ဆောက်လုပ်ရေး အ ခြေအနေတွေကို ဆက်ပြီး စစ်ဆေးနေလိုက်..ငါနဲ့ ဟူ ဂျွန်းရှီကတော့ တောဝက်ခဏသွားပစ်လိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ သူဋေး..ဘေးကင်းရေးကိုတော့ အထူး ဂရုစိုက်ပါဦးခဗျ.”

လျူယောင်က အေးအေးဆေးဆေးပင် ပြန်ဖြေလို က်၏။

“စိတ်မပူပါနဲ့... ငါ ဘာမှမဖြစ်စေရဘူး..”

ခရီးစဉ်အတွက်မူ ဟူဂျွန်ရှီးက လိုအပ်သည်များကို အသင့်ပြင်ဆင်ထားခဲ့သည်။တောအုပ်အတွင်း လမ် းရှင်းရန်အတွက် ထက်မြက်သည့် ဓားမကြီးနှစ်ချေ ာင်းနှင့်အမဲလိုက် သေနတ်နှစ်လက်ကိုလည်း သူက ယူလာခဲ့သည်။

ဤအမဲလိုက်ခရီးစဉ်တွင် လျူယောင်နှင့် ဟူဂျွန်းရှီ တို့အပြင်၊ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့လည်း ပါလာ ခဲ့၏။ထို့အပြင် ဝန်ကြီးရက်ဆဲလ်က ထည့်ပေးလိုက် သည့် စစ်သားနှစ်ဦးလည်း ပါလာပေသည်။

ထိုစစ်သားနှစ်ဦးမှာ လမ်းပြများအဖြစ် လိုက်ပါလာ ခြင်းဖြစ်၏။၎င်းတို့မှာ ဒေသခံများဖြစ်သည့် အတွ က် ကျွန်း၏ မြေမျက်နှာသွင်ပြင်နှင့် အခြေအနေအ ရပ်ရပ်ကို ကောင်းစွာ သိရှိကြသည့်အပြင် တောဝက် များကိုလည်း ကျွမ်းကျင်စွာ ခြေရာခံနိုင်ကြသည်။

တောဝက်ပစ်မိပါကလည်း ပစ္စည်းသယ်ပေးမည့် သူ များအဖြစ် အားကိုးရပေလိမ့်မည်။

ညှိနှိုင်းတိုင်ပင်ပြီးနောက် အသင့်ဖြစ်နေပြီဖြစ်သည့် အဖွဲ့ဝင်ခြောက်ဦးမှာ တောထဲသို့ ဝင်ရောက် လာခဲ့ သည်။ရှေ့ဆုံးမှ ဒေသခံစစ်သားတစ်ဦးက ဓားမကြီး ဖြင့် လမ်းရှင်းရင်း လျူယောင်တို့အား ဦးဆောင်ခေါ် လာခဲ့၏။

ကျိူးယန်နှင့် ကျန်ခဲ့သူများ၏ အကြည့်အောက်တွ င်မူ လျူယောင်နှင့် ဟူဂျွန်းရှီတို့အဖွဲ့သည် ကျွန်းပေါ် ရှိ တောအုပ်ကြီးအတွင်းသို့ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားကြသည်။

ကျွန်းပေါ်ရှိ တောဝက်များသည် ယခင်က အမဲလိုက် ခံခဲ့ရဖူးသည့် အတွေ့အကြုံကြောင့် လူတို့၏ ခြေသံ ကို နားစွင့်တတ်နေကြ၏။၎င်းတို့သည် လူမြင်ကွင်း တွင် အုပ်စုလိုက် ထွက်မလာတော့ဘဲ တောနက်ရာ အရပ်များတွင်သာ ကျွမ်းကျင်စွာ ပုန်း အောင်းနေထို င်ခဲ့ကြသည်။

ဤကျွန်းသည် တစ်နှစ်ပတ်လုံး လူသူအရောက်အ ပေါက်မရှိသဖြင့် သစ်ပင်ပန်းမန်များမှာ အလွန်ပင် စိမ်းလန်းစိုပြေကာ ထူထပ်လှ၏။ ထို့ကြောင့် တော အုပ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် လူတိုင်း၏ ခြေလှမ်းများမှာ သိသိသာသာ နှေးကွေးလာခဲ့ရသ ည်။

ဟူဂျွန်းရှီသည် သေနတ်ကို တင်းတင်းဆုပ်ကိုင်ကာ လျူယောင်၏ ရှေ့နားမှ လမ်းလျှောက်ရင်း တိုးတိုး လေး ပြောလိုက်၏။

“အစ်ကိုယောင် ရိုးရိုးသားသားပြောရရင် ကျွန်တော် အတော်လေး စိတ်လှုပ်ရှားနေတယ်ဗျ.. တောဝက်တ စ်ကောင်လောက်တော့ မိပါ့မလားမသိဘူး..”

လျူယောင်က အားပေးစကား ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့... ဒီကျွန်းက အကျယ်ကြီးမဟုတ်သလို တောဝက်တွေကလည်း အများကြီးပဲ..တစ်ကောင် ကောင်တော့ သေချာပေါက် တွေ့မှာပါကွာ”

“အစ်ကိုယောင်... ဒီသေနတ်ရဲ့ စွမ်းအားက တောဝ က် တစ်ကောင်ကို တစ်ချက်တည်းနဲ့ အပြတ်ဖြတ်နို င် ပါ့မလား..”

ဟူဂျွန်းရှီကိုင်ထားသည့် သေနတ်ကို လျူယောင် တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"အသက်အန္တရာယ်ရှိတဲ့ အချက်အချာနေရာကို တ ည့်တည့်မထိရင်တော့ တစ်ချက်တည်းနဲ့ သေဖို့ ခက် လိမ့်မယ်..”

ထိုစကားကြောင့် ဟူဂျွန်းရှီမှာ ပို၍ပင် ရင်ခုန်လာရ သည်။အကယ်၍ တစ်ချက်တည်းနှင့် မသေဘဲ တေ ာဝက်က ဒဏ်ရာဖြင့် ရူးသွပ်ကာ ပြန်လည်တိုက်ခို က်လာလျှင် ဘယ်လိုလုပ်ရမည်နည်းဟု သူ စိတ်ထဲ ကပင် ကြိုတွေးကာ စိုးရိမ်နေမိ၏။

သူတို့နှစ်ဦး စကားတပြောပြောဖြင့် လမ်းလျှောက် လာခဲ့သည်မှာ နာရီဝက်ခန့် ကြာသွားခဲ့သည်။ထိုစဉ် ရှေ့ဆုံးမှ ဦးဆောင်နေသော စစ်သားဖြစ်သူက လ က်ကို ရုတ်တရက် မြှောက်ပြကာ အားလုံးကို ရပ်ရန် အချက်ပြလိုက်သည်။

လျူယောင့် နောက်မှ လိုက်လာသည့် ချန်းဟူက အ သံတိုးတိုးလေး ရှင်းပြလိုက်၏။

“သူဋေး...တောဝက်ခြေရာ တွေ့ပုံရတယ်..”

ရှေ့သို့ လျူယောင် လှမ်းကြည့်လိုက်သည့်အခါ တောဝက်များ ရှိနေကြောင်း ခိုင်လုံသည့် လက္ခဏာ များအား တွေ့လိုက်ရသည်။မြေကြီးပေါ်တွင် ရွှံ့ဗွက် အချို့ ပေကျံနေပြီး သစ်ပင်အချို့၏ အခေါက်များ မှာလည်း တောဝက်များ ကိုက်ဖဲ့ပွတ် တိုက်ထားသ ည့် ဒဏ်ရာများဖြင့် ဗရပွ ဖြစ်နေပေသည်။

ဤသည်မှာ တောဝက်များ၏ လက်ချက်ဖြစ်ကြော င်း ထင်ရှားလှ၏။

သစ်ပင်အခေါက်မှ ဒဏ်ရာများနှင့် မြေကြီးပေါ်ရှိ ရွှံ့ ခြေရာများမှာ အလွန်လတ်ဆတ်နေပြီး ကျန်ရစ်ခဲ့သ ည်မှာ မကြာသေးကြောင်း ထင်ရှားလှသည်။စစ်သာ းဖြစ်သူက ခြေရာများကို သေသေချာချာ စစ်ဆေး ပြီးနောက် အသံ လုံးဝမထွက်ဘဲ ရှေ့သို့ တိတ်တိတ် လေး ဆက်သွားရန် အချက်ပြလိုက်၏။

ထိုစစ်သားက ဤလုပ်ငန်းတွင် အတွေ့အကြုံရင့် ကျ က်သည့် ခြေရာခံပညာရှင်တစ်ဦးဖြစ်ကြောင်း သိသ ာလှပေသည်။ဆယ်မိနစ်ခန့် ခပ်မှန်မှန် လျှောက်လ ာပြီးနောက် သူက ရုတ်တရက် ရပ်တန့်သွားပြန်သ ည်။

လျူယောင်၏ ထက်မြက်လှသည့် အကြားအာရုံ ကြောင့် တောအုပ်နောက်ကွယ်မှ လှုပ်ရှားမှုများအား သူ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း တောဝ က်အုပ်စု၏ သွားလာသံများကိုမူ အတိုင်းသား ကြား နေရ၏။

စစ်သားဖြစ်သူသည် ခါးကို ကိုင်းနိုင်သမျှ ကိုင်းကာ တောတိုး၍ ရှေ့သို့ တိုးဝင်လာရာ အခြားသူများက လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည် ။

မီတာတစ်ရာခန့် ရှေ့သို့ တိုးဝင်လာပြီးနောက် လူမျာ းစွာ ပွေ့ဖက်၍ မရနိုင်လောက်အောင် ကြီးမားသ ည့် သစ်ပင်ကြီးတစ်ပင်၏ နောက်တွင် လျူယောင် တို့အားလုံး အကာအကွယ် ယူလိုက်ကြ၏။

အားလုံးက သစ်ပင်ကြီး၏ ဘေးမှနေ၍ အသာအ ယာ ရှေ့သို့ ချောင်းကြည့်လိုက်ကြစဉ်မှာပင် အံ့အား သင့်စရာ မြင်ကွင်းကို လျူယောင်တို့ မြင်လိုက်ရသ ည်။

သူတို့ရှေ့ရှိ ကွင်းပြင်ငယ်လေးထဲတွင် အကောင်ရေ ၂၀ မှ ၃၀ ခန့်ရှိသည့် တောဝက်အုပ်ကြီးတစ်စုမှာ ဘာကိုမျှ သတိမထားမိဘဲ ကစားနေကြ၏။

All Chapters