← Chapters

ကျူးကျော်လာခြင်း

Vol. 47 Ch. 565

ကျူးကျော်လာခြင်း

Vol. 47 Ch. 565

ထိုအချိန်၌ M နိုင်ငံတွင်မူ ထိပ်တန်းအရာရှိများ စု ဝေး၍ အဆင့်မြင့် အစည်းအဝေး ကျင်းပလျက် ရှိ ၏။

သူတို့၏ ဆွေးနွေးမှုများသည် တဖြည်းဖြည်းနှင့် ယူ နီဗာဆဲလ်လုပ်ငန်းစုဆီသို့ ဦးတည်လာကြသည်။တိ တိ ကျကျ ပြောရလျှင် ယူနီဗာဆဲလ်က လက်ရှိ တ ည်ဆောက်နေဆဲ ဖြစ်သည့် ကျွန်းငယ်လေး၏ အနာ ဂတ်အကြောင်းပင် ဖြစ်၏။

ယူနီဗာဆဲလ်သည် XX နိုင်ငံရှိ ကျွန်းတစ်ကျွန်းကို ငှာ းရမ်းထားပြီး ထိုကျွန်းအား ထာဝရအသုံးပြုခွင့် ကို ပါ ရရှိထားသည်။ယခုအခါ ထိုကျွန်းနှင့် ပတ်သက် သည့် အချက်အလက်များမှာ အင်အားကြီးနိုင်ငံမျာ း၏ စားပွဲပေါ်သို့ ရောက်နေပေသည်။

အခြားတစ်ဖက်တွင်မူ...

လူလတ်ပိုင်းအရွယ် လူဖြူတစ်ဦးဖြစ်သည့် မော်တ န်သည် ထိုအချက်အလက်များအား သေချာစစ်ဆေ းနေသည်။သူသည် M နိုင်ငံ၏ စီးပွားရေးကဏ္ဍကို ချုပ်ကိုင်ထားသည့် အကြီးတန်းအရာရှိတစ်ဦးဖြစ် ပြီး မကြာသေးမီအချိန်ကပင် ယူနီဗာဆဲလ်လုပ်ငန်း စု၏ လှုပ်ရှားမှုများအား အနီးကပ် စောင့်ကြည့်နေ သူလည်းဖြစ်၏။

ယူနီဗာဆဲလ်လုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတ က်လာခြင်းမှာ သူ့အမြင်တွင်မူ M နိုင်ငံ ၏စီးပွားအ တွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

မော်တန်၏ စိတ်ထဲတွင် ထိုလုပ်ငန်းစုကြီးအား ဒေဝါ လီခံကာ ပြိုလဲသွားစေချင်နေသလိုအနည်းဆုံးတော့ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အ ရှိန်အဟုန်အား နည်း လမ်းမျိုးစုံဖြင့် နှောင့်နှေးစေရန် ကြံစည်နေခဲ့သည်။

မော်တန်သည် သူပြင်ဆင်လာသည့် အစီရင်ခံစာမျာ းအား အခြားအကြီးတန်းအရာရှိများထံ ဝေပေးလို က်၏။အရာရှိများမှာမူ ထိုအရာများအား အသေးစိ တ် စစ်ဆေးလိုက်ကြ၏။

ခဏအကြာတွင်မူ အရာရှိတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်လည်း သတင်းကြားထားပါတ ယ်.. ဒါပေမဲ့ အခုလောက်အထိ အသေးစိတ်ကျမယ် လို့ မထင်ထားခဲ့ဘူး..”

သူက အစီရင်ခံစာကို လက်ညှိုးထိုးပြရင်း ဆက် ပြောလိုက်၏။

“သူတို့က အဲဒီကျွန်းပေါ်မှာ အကြီးအကျယ် ဆောက် လုပ်ရေးတွေ လုပ်နေကြတာပဲ..တကယ်တော့ သူတို့ ဘာလုပ်ဖို့ ကြံစည်နေတာလဲဆိုတာကို ကျွန်တော် လုံ းဝ နားမလည်နိုင်အောင် ဖြစ်ရတယ်..”

အခြားအရာရှိတစ်ဦးကလည်း ထောက်ခံသည့် အ နေဖြင့် ဝင်ပြောလိုက်သည်။

“ဟုတ်တယ်.. အဲဒီကျွန်းငယ်လေးက နိုင်ငံတကာရေ ကြောင်းလမ်းတွေနဲ့လည်း ဝေးကွာလွန်းတယ် တည် နေရာကို ကြည့်ရင်လည်း ဖွံ့ဖြိုးရေးအတွက်ပဲ ဖြစ် ဖြစ်..စီးပွားရေးအရ ဆောက်လုပ်ရေးလုပ်ဖို့အတွက် ဖြစ်ဖြစ် တကယ့်ကို တန်ဖိုးမရှိတဲ့ နေရာတစ်ခုပဲ..”

နောက်တစ်ဦးကလည်း သံသယဖြင့် ဝင်ပြောလိုက် ၏။

“ဖြစ်နိုင်တာတစ်ခုကတော့... လျူယောင်က အဲဒီကျွ န်းကို သူ့ရဲ့ကိုယ်ပိုင်အပန်းဖြေစခန်း တစ်ခုအဖြစ် ပြောင်းလဲပစ်ချင်တာ နေမှာပေါ့..”

နောက်တစ်ဦးက ခေါင်းခါကာ ချက်ချင်း ကန့်ကွက် လိုက်သည်။

“မဟုတ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး..”

“ပုဂ္ဂလိက အပန်းဖြေစခန်းတစ်ခုအတွက်ဆိုရင် ဒီ လောက်ကြီးတဲ့ ဆိပ်ခံတံတားမျိုး ဆောက်ဖို့ လုံးဝ မလိုအပ်ဘူး..အခုဟာက သင်္ဘောတန်ချိန် တစ်သိန်း ကျော်တောင် ဆိုက်ကပ်နိုင်တဲ့ ဆိပ်ခံတံတားကြီးပဲ .. ဒါက အပန်းဖြေဖို့ထက် ပိုနေပြီ..”

သူတို့အားလုံးသည် ယူနီဗာဆဲလ်က ထိုသို့သော ဆိ ပ်ခံတံတားမျိုးကို အဘယ်ကြောင့် အသည်းအသန် ဆောက်လုပ်နေရသည်ဆိုသည့် အချက်အား လုံးဝ စဥ်းစားမရ၍ ဦးနှောက်ခြောက်နေကြ၏။

နောက်ဆုံးတွင်မူ မော်တန်က လေးနက်စွာ ပြောလို က်သည်။

“ကျွန်တော့်မှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ရှိနေတ ယ်.. ဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့အရာ မ ဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ.. ဒီကျွန်းရဲ့ ဆောက်လုပ်ရေးနောက်ကွယ်မှာ တကယ့်ကို ထူးဆ န်းတဲ့ အရာတစ်ခုခု ရှိနေရမယ်...”

အခန်းထဲရှိ လူအားလုံး၏ အကြည့်များသည် မော် တန်ဆီသို့ စုပြုံကာ ကျရောက်လာ၏။အကြီးတန်း အရာရှိတစ်ဦးက နားမလည်နိုင်စွာ မေးလိုက်၏။

“ထူးဆန်းတဲ့အရာဆိုတာ ဘာကို ပြောတာလဲ.. မော် တန်..”

မော်တန်က အစီရင်ခံစာကို ခပ်တင်းတင်းဆုပ်ကိုင် ရင်း ပြောလိုက်သည်။

“ယူနီဗာဆဲလ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းစုပိုင် ဘလူးဝေး နဲ့ ကေလာဝေးလ်သင်္ဘောနှစ်စင်းဟာ လွ န်ခဲ့တဲ့ နှစ်ရက်က အဲဒီကျွန်းကို ဆိုက်ကပ်ခဲ့တယ် အဲ ဒီသင်္ဘောတွေပေါ်မှာ ဆောက်လုပ်ရေးပစ္စည်းတွေ တင်မကဘဲ မီးခိုးနက်ရောင် သတ္တုတန်ပေါင်းများစွာ ပါလာတာကို ကျွန်တော်တို့ ထောက်လှမ်းမိတယ်..”

“ဘာ..ဒီလိုကိစ္စမျိုး တကယ်ရှိနေတာလား...”

အရာရှိများအားလုံး အံ့ဩတုန်လှုပ်ကုန်ကြသည်။တ စ်ဦးက ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။

“အဲဒီ မီးခိုးနက်ရောင် သတ္တုတွေက ဘယ်ကနေ ရော က်လာတာလဲ...”

အမှန်စင်စစ် M နိုင်ငံသည် ထိုသတ္တုအမျိုးအစားကို မြင်လျှင်ပင် သွားရည်ကျမတတ် မနာလိုဖြစ်နေခြင်း ဖြစ်၏။အထူးသဖြင့် သူတို့၏ စစ်လက်နက် ထုတ် လုပ်ရေးလုပ်ငန်းများတွင် အဆိုပါ အရည်အသွေးမြ င့် သတ္တုမျိုးအား လိုအပ်နေပေသည်။

သို့ပေမဲ့ ကံမကောင်းစွာဖြင့် ထိုသတ္တုပိုင်ဆိုင်ခွင့်မှာ ယူနီဗာဆဲလ်လုပ်ငန်းစု၏ လက်ထဲတွင်သာ ရှိနေ၏။ M နိုင်ငံသည် ၎င်း၏ အရင်းအမြစ်ကို သိရှိနိုင်ရန် လူအင်အား၊ပစ္စည်းအင်အားများစွာ သုံးကာ စုံစမ်းခဲ့ သော်လည်း တတိကျကျ ဘာမှ မသိခဲ့ရပေ။

ယူနီဗာဆဲလ်က ထိုသတ္တုများကို ပင်လယ်ရေအော က် တစ်နေရာမှ ဆယ်ယူရရှိသည်ဟု ထင်ရသော်လ ည်း မည်သည့်နေရာတွင် ရှိသည်ကိုမူ သူတို့ တိတိ ကျကျ မသိခဲ့ရချေ။

ပို၍ဆိုးသည်မှာ ထိုယူနီဗာဆဲလ်က ဆယ်ယူသည့် နေရာအား အမြဲတမ်း ပြောင်းလဲနေပုံရသဖြင့် M နိုင် ငံအနေဖြင့် လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမျှ မတ တ်နိုင်ဘဲ ဖြစ်နေသည်။

အကယ်၍သာ နေရာအတိအကျသာ သိခဲ့လျှင် သူ တို့ကိုယ်တိုင်လည်းယူဆယ်ရေးသင်္ဘောများ စေလွှ တ်ကာ ထိုသတ္တုများကို လုယူရန် ကြိုးစားကြမည် မှာ ဧကန်မုချပင်ဖြစ်၏။

အရာရှိတစ်ဦးက မျက်မှောင်ကြုတ်ရင်း မေးခွန်း ထု တ်လိုက်သည်။

“အဲဒီ မီးခိုးနက်ရောင် သတ္တုတွေက အဲဒီကျွန်းငယ် လေးနားကနေပဲ ဆယ်ယူရရှိတာလား..”

ထိုအခါ နောက်တစ်ဦးကလည်း ဝင်ထောက်ခံလိုက် ၏။

“ဒါကြောင့်လည်း လျူယောင်က အဲဒီကျွန်းကို အပို င် ဝယ်လိုက်တာ ဖြစ်ရမယ်..ကျွန်းပတ်ဝန်းကျင်က ရေအောက်မှာ ဒီသတ္တုတွေ အပုံလိုက်ရှိနေလို့ နေမှာ ပေါ့..”

သူတို့၏ အတွေးများမှာ တဖြည်းဖြည်း ကျယ်ပြန့် လာပြီးနောက် နောက်ဆုံးတွင်မူ ‘ထိုကျွန်းငယ်လေး ပတ်ဝန်းကျင်၌ မီးခိုးနက်ရောင် သတ္တုများ ရှိနေသ ည်’ ဆိုသည်အား တညီတညွတ်တည်း ကောက်ချက် ချလိုက်ကြသည်။

မော်တန်ဆိုသူကလည်း ခိုင်မာသည့် အထောက်အ ထားတစ်ခုအား ထပ်မံတင်ပြလိုက်၏။

“သူတို့ သင်္ဘောနှစ်စင်း ပြန်ထွက်လာတဲ့အခါ ရှင်းပြ ရခက် တဲ့ နည်းလမ်းတွေနဲ့ မီးခိုးနက်ရောင် သတ္တုတ န်ပေါင်း သောင်းနဲ့ချီ ပါလာခဲ့တာကတော့ ငြင်းမရ တဲ့ အမှန်တရားပဲ..ဒါကို ကြည့်ရင် ဒီသတ္တုတွေကို ကျွန်းပတ်ဝန်းကျင်ကနေပဲ ဆယ်ယူခဲ့တာလို့ ကျွန် တော်တို့ အပိုင်တွက်လို့ရတယ်...”

မော်တန်၏ စကားအဆုံးတွင် အရာရှိတစ်ဦးက ပြ တ်သားစွာ အကြံပေးလိုက်သည်။

“ဒါဆိုရင်တော့... ကျွန်တော်တို့ဘက်က သင်္ဘောတ စ်စင်း စေလွှတ်ပြီး သွားရောက်စစ်ဆေးတာက အ ကောင်းဆုံးပဲ..”

“မှန်တယ်... အဲဒါ အကောင်းဆုံး အစီအစဉ်ပဲ..”

“စောင့်ကြည့်ဖို့အတွက် အရပ်ဘက်သင်္ဘောထက် စ စ်သင်္ဘောတစ်စင်းကို ပို့တာက ပိုပြီး စိတ်ချရလိမ့်မ ယ် .အရပ်ဘက်သင်္ဘောဆိုရင် မတော်တဆမှုတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်..”

ထိုသို့ဖြင့် သူတို့အားလုံးသည် တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်ကြ၏။

“ကောင်းပြီ... ရေတပ်ကို အကူအညီတောင်းလိုက် ကြစို့..အဲဒီကျွန်းငယ်လေးနဲ့ အနီးဆုံးနေရာမှာ ရှိနေ တဲ့ စစ်သင်္ဘောကို အမြန်ဆုံး စေလွှတ်လိုက်..”

M နိုင်ငံ၏ ထိပ်သီးအရာရှိများသည် ကျွန်းငယ်လေး ဆီသို့ စစ်သင်္ဘောအား အမြန် စေလွတ်ရန် သဘော တူညီမှု ရရှိသွားကြသည်။သူတို့၏ လျှို့ဝှက်ကြံစည် မှုကိုမူ လျူယောင်ဖြစ်စေ ကျွန်းပေါ်ရှိ လူများဖြစ် စေ မည်သူမျှ ကြိုတင်မသိရှိကြပေ။

ကျွန်းပေါ်တွင်မူ တိန်းမင်ဒါသည် M နိုင်ငံကဲ့သို့သေ ာ အင်အားကြီးနိုင်ငံတစ်နိုင်ငံက သူတို့၏ ကျွန်းင ယ်လေးဆီသို့ စစ်သင်္ဘောများ စေလွှတ်လိမ့် မည်ဟု အိပ်မက်ထဲတွင်ပင် သူ ထည့်မမက်ခဲ့ဖူးချေ။

ထိုမဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် စစ်သင်္ဘောအား အစောဆုံး သတိပြုမိလိုက်သူမှာ ဆိပ်ခံတံတား အ ရည်အသွေးကို စစ်ဆေးနေသည့် အလယ်အလတ် အဆင့် မန်နေဂျာတစ်ဦးပင် ဖြစ်၏။သူသည် ပင်လ ယ်ပြင်ဆီသို့ မတော်တဆ လှမ်းကြည့်လိုက်ရာ အ ဝေးတစ်နေရာ၌ အနက်ရောင် အစက်အပြောက် လေး တစ်ခုအား လှမ်းမြင်လိုက်ရသည်။

“အမ် ဒါဘယ်လိုသင်္ဘောမျိုးပါလိမ့်...”

သူ အနည်းငယ် အံ့ဩသွားမိသည်။ ဤနေရာသည် နိုင်ငံတကာ ရေကြောင်းလမ်းများနှင့် အလွန်ဝေးကွ ာလှသဖြင့် တစ်နှစ်ပတ်လုံး ငါးဖမ်းလှေတစ်စင်း တောင် မြင်ရခဲသည့် နေရာလည်း ဖြစ်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဘလူးဝေးလ်နှင့် ကေလာဝေးလ်တို့ ရောက်လာပြီးကတည်းက ပင်လ ယ်ပြင်ကြီးမှာ တိတ်ဆိတ်နေပေသည်။

အင်ဂျင်နီယာပိုင်းဆိုင်ရာ တာဝန်ခံများအား ဝေပေး ထားသည့် မှန်ဘီလူးကို ယူကာ သေချာ ချိန်ညှိ၍ သူ ကြည့်လိုက်သည်။အချိန်အနည်းငယ်ကြာအောင် စူး စိုက်ကြည့်ပြီးနောက် သူ့မျက်နှာအမူအယာမှာ ပျက် ယွင်းလာကာ ကောက်ချက်တစ်ခုအား ချလိုက်မိသ ည်။

“ဒါ... ဒါ စစ်သင်္ဘောပဲ ဖြစ်ရမယ်..”

သို့သော်လည်း သူကိုင်ထားသည်မှာ သာမန် မှန်ဘီ လူးသာ ဖြစ်ပြီး စစ်ဘက်သုံး စွမ်းအားမြင့် မှန်ဘီလူး မျိုး မဟုတ်သဖြင့် မည်သည့်နိုင်ငံမှ စစ် သင်္ဘောဖြ စ်သည်ကိုမူ တိတိကျကျ မပြောနိုင်သေးပေ။

ထိုစစ်သင်္ဘောကြီးမှာမူ ကျွန်းဆီသို့ တရွေ့ရွေ့ ချဉ်း ကပ်လာနေသည်မှာမူ အမှန်ပင်။

ပင်လယ်ပြင်ထက်တွင် စစ်သင်္ဘောတစ်စင်း ရုတ်တ ရက် ပေါ်လာခြင်းမှာ မည်သို့မျှ ပုံမှန်မဟုတ်သည့် အခြေအနေပင် ဖြစ်၏။ထိုမန်နေဂျာသည် ပေါ့ဆ၍ မဖြစ်ကြောင်း နားလည်လိုက်ပြီးနောက် တိန်းမင်ဒါ ထံသို့ ချက်ချင်းပင် သတင်းပို့လိုက်သည်။

“ဘာ... စစ်သင်္ဘောတစ်စင်း ပေါ်လာတယ် ဟုတ် လား...”

တိန်းမင်ဒါသည်လည်း တစ်ခုခုမှားနေပြီ ဆိုသည်အ ား သူ့ ဗီဇအရ ခံစားလိုက်ရ၏။သူသည် အင်ဂျင်နီ ယာဌာနချုပ်မှ ပြေးထွက်လာကာ အနီးနားရှိ အမြင့် ဆုံးနေရာသို့ အမြန်တက်၍ မှန်ဘီလူးဖြင့် သေချာ အောင် ကြည့်လိုက်သည်။

“ဒီကျွန်းက XX နိုင်ငံပိုင်တာပဲ..နိုင်ငံတကာဥပဒေအ ရ ဒီကျွန်းရဲ့ ရေပိုင်နက် ရေမိုင် ၁၂ မိုင်အတွင်းက XX နိုင်ငံရဲ့ ပိုင်နက်ဖြစ်တဲ့ဟာကို ..အခုဟာက သူ များ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတာ ပဲဟ..”

ထိုစစ်သင်္ဘောသည် ရေမိုင် ၁၂ မိုင်အတွင်းသို့ ရော က်ရှိနေပြီဖြစ်သော်လည်း မည်သည့်နိုင်ငံမှ ဖြစ် ကြောင်းကိုမူ တိန်းမင်ဒါတစ်ယောက် သေချာမပြော နိုင်သေးပေ။သူသည် ဌာနချုပ်သို့ အပြေးအလွှား ပြ န်လာပြီး ဂြိုလ်တုဖုန်းကို ကိုင်ကာ ဝန်ကြီး ရက်ဆဲလ် ထံသို့ တိုက်ရိုက်ဆက်သွယ်လိုက်သည်။

ရက်ဆဲလ်က နိုင်ငံတော်အဆင့် ဝန်ကြီးတစ်ဦးဖြစ် သော်လည်း တိန်းမင်ဒါ၏နောက်ကွယ်တွင်မူယူနီဗာ ဆဲလ်လုပ်ငန်းစုကြီး ရှိနေသဖြင့် သူတို့နှစ်ဦးမှာ တို က်ရိုက်ပြောခွင့် ရှိနေပေသည်။

တိန်းမင်ဒါက အခြေအနေအား အတိုချုပ်ပြောပြ ကာ မေးမြန်းလိုက်၏။

“မစ္စတာရက်ဆဲလ်... ကျွန်တော်တို့ ကျွန်းအနားမှာ စ စ်သင်္ဘောတစ်စင်း ပေါ်နေတယ်.. ဒါ ခင်ဗျားတို့ဆီ က သင်္ဘောလား..”

ရက်ဆဲလ်က တိန်းမင်ဒါ၏ ပြောပြချက်ကို နား ထေ ာင်ပြီးနောက် စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့ဒါ... ကျွန်တော်တို့နိုင်ငံက စစ်သင်္ဘောတော့ လုံး ဝမဟုတ်ဘူးဗျ..ကျွန်တော်တို့မှာ ရေတပ်ရှိတယ် ဆို ပေမဲ့ အင်အားက အရမ်းနည်းပါတယ်.. အကြီးဆုံးမှ တန် ၁၀၀ ဝန်းကျင်ရှိတဲ့ သေနတ်တင်လှေငယ်လေး တွေပဲ ရှိတာပါ..”

ရက်ဆဲလ်၏ စကားအရ အခြေအနေမှာ ပိုသိသာလ ာ၏။အဝေးမှ ပင်လယ်ပြင်တွင် မြင်တွေ့နေရသည့် သင်္ဘောမှာ လှေငယ်တစ်စင်း မဟုတ်ဘဲ တန်ချိန် လေးငါးထောင်ခန့်ရှိသည့် ခေတ်မီစစ်သင်္ဘောကြီး တစ်စင်း ဖြစ်နေသောကြောင့်ပင်။

“ဘာ xx နိုင်ငံရဲ့ စစ်သင်္ဘော မဟုတ်ဘူးတဲ့လား..”

“ဒီ စစ်သင်္ဘောက ခဗျားတို့ XX နိုင်ငံက မဟုတ်ဘူး ပေါ့..”

ဖုန်းကျသွားပြီးနောက် တိန်းမင်ဒါမှာ အချိန်အတော် ကြာအောင် ကြောင်အသွားမိသည်။သူ့ ခေါင်းထဲတွ င် မူ ထိုစကားလုံးများက ထပ်တလဲလဲ ပဲ့တင်ထပ် နေ၏။XX နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးတွင် ထို မျှကြီးမားသည့် စစ်သင်္ဘောမျိုး မရှိနိုင်သည်မှာ အ မှန်ပင်။

ဒါဆိုလျှင်...

အခြားနိုင်ငံတစ်နိုင်ငံက ခေတ်မီစစ်သင်္ဘောကြီးတ စ်စင်းဆိုလျှင်လည်း နိုင်ငံတကာ ရေကြောင်းလမ်းနှ င့် ဝေးကွာလှသည့် ဤကျွန်းငယ်လေးအနားမှာ ဘာ လာလုပ်နေသနည်း။

တိန်းမင်ဒါ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးလ ာသည်။ဤသည်မှာ မတော်တဆ ရောက်ရှိလာခြင် း မဟုတ်ဘဲ တစ်စုံတစ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျူးကျော်ဝင်ရောက်လာခြင်း ဖြ စ်ကြောင်း သူ ကောင်းကောင်း ခံစားလိုက်ရ၏။

တိန်းမင်ဒါသည် ချက်ခြင်းပင် တုန်ယင်နေသည့် လ က်များဖြင့် လျူယောင်၏ ဖုန်းနံပါတ်အား ခေါ်ရန် ပြင်လိုက်သည်။ဤအခြေအနေမှာ သူတစ်ဦးတည်း ကိုင်တွယ်နိုင်သည့် အဆင့်ထက် ကျော်လွန်နေခဲ့ပြီ မ ဟုတ်ပေလော။

All Chapters