M နိုင်ငံမှ ခေတ်မှီဒုံးကျည်ဖျက် စစ်သ င်္ဘော
Vol. 47 Ch. 566
တိန်းမင်ဒါသည် စိုးရိမ်စိတ်နှင့်အတူ မှန်ဘီလူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကျွန်း၏ အမြင့် ဆုံးနေရာသို့ နောက်တစ်ခေါက် ပြန်တက်လာခဲ့သည် ။
သူသည် အဝေးက စစ်သင်္ဘောကြီးကို ထပ်မံ အကဲ ခတ်ကြည့်သော်လည်း အကွာအဝေးကြောင့် မည်သ ည့်နိုင်ငံ၏ အလံအား လွှင့်ထူထားသည်ကိုမူ သူ မ သိရသေးပေ။
သို့သော်လည်း တစ်ခုတော့သေချာ သွားပြီဖြစ်၏။ ထိုစစ်သင်္ဘောကြီးသည် ကျွန်းဆီသို့ ထပ်မံတိုးကပ် မလာတော့ဘဲ ခပ်လှမ်းလှမ်းတွင် ကျောက်ချရပ်နား းလိုက်ပုံရသည်။
အမှန်စင်စစ် ထိုသင်္ဘောကြီးမှာ M နိုင်ငံ၏ ကျော် ကြားလှသည့် အာလီဘတ်ခ်အဆင့်မီ ဒုံးပျံဖျက် သ င်္ဘောကြီးတစ်စင်း ဖြစ်၏။၎င်းသည် ကမ္ဘာပေါ်တွင် အလွန်ခေတ်မီပြီး တန်ဖိုးကြီးလှသည့် စစ်လက်နက် တစ်ခုလည်း ဖြစ်ပေသည်။
၎င်းတို့သည် အထက်မှပေးထားသည့် အထူးအမိန့် အရ ရောက်ရှိလာခြင်းဖြစ်ပြီး ကျွန်းငယ်လေးမှ ရေ မိုင်အနည်းငယ်အကွာတွင် နေရာယူထားကြ၏။
သင်္ဘောပေါ်ရှိ တပ်မှူးဖြစ်သူ M နိုင်ငံမှ ဒုဗိုလ်မှူးကြီး တစ်ဦးသည်လည်း သူ၏ စွမ်းအားမြင့် စစ်ဘက်သုံး မှန်ဘီလူးဖြင့် ကျွန်းပေါ်ရှိ လှုပ်ရှားမှုတိုင်းကို တစ်လ က်မမကျန် စောင့်ကြည့်နေပေသည်။
သူ့မှန်ဘီလူးမှာ အရည်အသွေး မြင့်မားလွန်းသဖြင့် ဆောက်လုပ်ဆဲ ဆိပ်ခံတံတားကြီးသာမက၊လုပ်ငန်း ခွင်အတွင်း မောင်းနှင်နေသည့် စက်ယန္တရားကြီးများ ၊ဘိလပ်မြေအိတ်များ၊ သံချောင်းများနှင့် ကျောက်ပုံ များကိုပါ ရှင်းလင်းစွာ သူ မြင်နေရ၏။
ဒုဗိုလ်မှူးကြီးသည် ခဏမျှ အကဲခတ်ပြီးနောက် မျ က်မှောင်ကြုတ်၍ လေးနက်စွာ ရေရွတ်လိုက်သည်။
“သူတို့ရဲ့ ဆောက်လုပ်ရေး စကေးက တကယ့်ကို မြ င့်တာပဲ.. ဒီလောက် ဝေးလံခေါင်ဖျားတဲ့ နေရာမျိုး မှာ သူတို့ ဘာတွေများ ကြံစည်နေကြတာလဲ...”
M နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထိပ်သီးအရာရှိများကြာ းတွင်လည်း ထိုကျွန်းငယ်လေးနှင့် ပတ်သက်၍ သံ သယများစွာ ဖြစ်ပေါ်လာ၏။ဤမျှဝေးလံသီခေါင် လှသည့် ပင်လယ်ပြင်အလယ်က ကျွန်းပျက်ကြီးကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ ဘာ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည်ကိုမူ သူတို့ မည်သို့မျှ အဖြေရှာမရ ဖြစ်နေကြ ခြင်းပင်။
စစ်သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်အချို့မှာမူ M နိုင်ငံသား တို့၏ ထုံးစံအတိုင်း မာနထောင်လွှားကာ လက်နက် အားကိုးလိုစိတ်များ ပြင်းထန်နေကြသည်။
အရာရှိတစ်ဦးက စည်းကမ်းမဲ့စွာ အကြံပြုလိုက်၏။
“ဗိုလ်ချုပ်... သူတို့ကို သတိပေးတဲ့အနေနဲ့ အမြောက် နှစ်ချက်..သုံးချက်လောက် ပစ်ပြလိုက်ရမလား”
သို့သော်လည်း ဒုဗိုလ်မှူးကြီးက ခေါင်းယမ်းကာ ထို အကြံကို ချက်ချင်းပင် ပယ်ချလိုက်၏။
“ငါတို့ ဒီကိုလာတာ တိုက်ပွဲဖြစ်ဖို့ မဟုတ်ဘူး.. ကျွန်း ပတ်ဝန်းကျင်က ရေပြင်ကို စုံစမ်းစစ်ဆေးဖို့ လာတာ ..အပိုတွေ လုပ်မနေနဲ့..”
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်..”
အမြောက်ပစ်ရန် အကြံပြုခဲ့သူက အလေးပြုရင်း ပြ န်လည်ဖြေကြားလိုက်ရသည်။အထက်အရာရှိ၏ ဖိနှိ ပ်မှုကြောင့် သူ၏ အကြံအစည်ကို လက်လျှော့လိုက် ရသော်လည်း အခြေအနေမှာ တင်းမာနေဆဲပင်။
ထို့နောက် ဒုဗိုလ်မှူးကြီးက ပြတ်သားသည့် အမိန့် တ စ်ခုအား ထပ်မံထုတ်ပြန်လိုက်သည်။
“ဆိုနာစနစ်ကို အဆင်သင့်ပြင်ပြီး ချလိုက်တော့.. ယူ နီဗာဆဲလ်ရဲ့ လှည့်ကွက်တွေကို သတိထားအုံး.. ဒီပ င်လယ်ဧရိယာရဲ့ အောက်ခြေမှာ ဘာတွေရှိနေသလဲ ဆိုတာ သိရအောင် ရေအောက်ယာဉ် ကိုပါ အမြန်ဆုံ း ချလိုက်ကြ..”
တိန်းမင်ဒါသည် စိုးရိမ်စိတ်အပြည့်ဖြင့် မှန်ဘီလူးကို အားကိုးကာ စစ်သင်္ဘောကြီး၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမိသည်။ပင်လယ်ရေပြင်ထက်တွင် အသင့်အနေအထားရှိနေသည့် ထိုစစ်သင်္ဘောကြီး က မည်သည့်အချိန်တွင် ဘာလုပ်လာမည်ကို သူ မှန် းဆ၍မရနိုင့်ခဲ့ပေ။
နောက်ဆုံးတွင် တိန်းမင်ဒါသည် ဤကိစ္စကို လျူ ယောင်အား အမြန်ဆုံးအစီရင်ခံရန် ဆုံးဖြတ်လိုက် သည်။သူသည် တုန်ယင်နေသောလက်များဖြင့် ဖုန်း ကိုထုတ်ကာ လျူယောင့်နံပါတ်ကို ခေါ်ဆိုလိုက်၏။
“သူဋေး..ကျွန်တော် တိန်းမင်ဒါပါ..ကျွန်တော်တို့ကျွ န်းနားမှာ ရုတ်တရက်စစ်သင်္ဘောတစ်စင်း ရောက် လာတယ်ခဗျ…”
သူသည် အခြေအနေအား ထပ်မံအစီရင်ခံလိုက်၏။
"ဘာ... ဘယ်လိုဖြစ်ရတာလဲ.."
ဖုန်းချပြီးနောက် လျူယောင် တစ်ယောက် ဆွံ့အသွာ းမိသည်။ရုတ်တရက်ကြီး စစ်သင်္ဘောတစ်စင်း ပေါ် လာရခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။
"ကျွန်းပေါ်မှာ ငါတို့ အကြီးအကျယ် ဆောက်လုပ်နေ တာတွေက တစ်စုံတစ်ယောက်ရဲ့ နူတ်ခမ်းမွှေးကို သွားဆွဲမိတာလားဟ.."
ဤကဲ့သို့ လျူယောင် တွေးနေမိသည်။
စစ်သင်္ဘောက XX နိုင်ငံရဲ့ သင်္ဘောမဟုတ်တာ သေ ချာ၏။
"ဒါဆို ဘယ်နိုင်ငံက ဖြစ်နိုင်မလဲ.."
လျူယောင်၏ ခေါင်းထဲတွင် သံသယဖြစ်ဖွယ် နိုင် ငံအချို့၏ အမည်များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သ ည်။
သူ အချိန်ဆွဲမနေတော့ဘဲ လိပ်ကြီးကိုသာ အကူအ ညီတောင်းရန် ဆုံးဖြတ်လိုက်၏။အိမ်မွေးတိရစ္ဆာန် ထိန်းချုပ်ရေးချပ်ပြား ကို ဖွင့်ကြည့်လိုက်သောအခါ လျူယောင် ဝမ်းသာသွားသည်။
လိပ်ကြီး၏ လက်ရှိတည်နေရာမှာ ကျွန်းနှင့် ရေမိုင် တစ်ရာ၊နှစ်ရာခန့်သာ ဝေးနေသဖြင့် မိနစ်သုံးဆယ် အတွင်း ရောက်နိုင်သည့် အနေအထားတွင် ရှိနေပေ သည်။
လျူယောင်၏ အသံကို စိတ်ထဲမှ ကြားရချိန်တွင် မူ လိပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် နိုးကြားတက်ကြွ လာ၏။
"ကျွန်တော့်ကို ဘာခိုင်းဖို့ ရှိပါသလဲ သခင်ရ."
လျူယောင်က လက်ရှိအခြေအနေကို အတိုချုပ် ရှင် းပြလိုက်ပြီး စစ်သင်္ဘော အခြေအနေအား စုံစမ်းခို င်းလိုက်သည်။
"အိုခေဘာ သခင်ရ..ကျွန်တော် အခုပဲ အမြန်သွားလို က်ပါ့မယ်.."
စကားဆုံးသည်နှင့် လိပ်ကြီးသည် မီတာ ၁၀၀ ကျေ ာ် ရှည်လျားသည့် လှံကြီးဖြင့် လျှင်မြန်စွာ ကူးခတ် လာခဲ့၏။လျင်မြန်လှသည့် အရှိန်ကြောင့် မိနစ် ၂၀ ခန့်အကြာတွင် စစ်သင်္ဘောရှိရာသို့ သူ ရောက်လာခဲ့ သည်။
"သခင်ရေ... ရှေ့က သင်္ဘောလား.."
လိပ်ကြီး၏ အမြင်အာရုံမှတစ်ဆင့် လိပ်ကြီးရှေ့မှ မြင်ကွင်းအား လျူယောင် ပြတ်ပြတ်သားသား မြင် လိုက်ရ၏။ထိုသင်္ဘောကား တခြားမဟုတ် M နိုင်ငံ ၏ ကမ္ဘာ့အဆင့်မြင့်ဆုံး ဒုံးပျံဖျက်သင်္ဘော တစ်စင်း ဖြစ်နေသည်။
"ဒီလို စစ်သင်္ဘောတစ်စင်းရဲ့ တန်ဖိုးက နည်းတာ မ ဟုတ်ဘူး အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် တောင် ရှိတာပဲ..."
လျူယောင်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရော က်လာခဲ့၏။ဤသင်္ဘောသည် အမှန်တကယ်ပင် M နိုင်ငံ ၏ ဂုဏ်ဆောင် အာလီဘတ်ခေတ်မီ ဒုံးပျံဖျက် စစ်သင်္ဘောကြီး ဖြစ်နေပေသည်။
လျူယောင်က ပြုံးကာ ရေရွတ်နေမိသည်။
"ဒီ M နိုင်ငံသားတွေ တကယ်ကို ဇွဲကောင်းကြတာပဲ .. ဒီလောက် ခေတ်မီတဲ့ စစ်လက်နက်ကြီးကို ဒီနေရာ အထိ လွှတ်လိုက်တယ်ဆိုတော့ ငါတို့ကျွန်းပေါ်က တည်ဆောက်ရေးတွေက သူတို့ကို တော် တော်လေး အိပ်မပျော်အောင် လုပ်နိုင်လို့ထင်တယ် "
ထိုစဉ်မှာပင် လိပ်ကြီး၏ အမြင်အာရုံကို အသုံး ပြု ၍ သင်္ဘောပေါ်မှ လှုပ်ရှားမှုများကို လျူယောင် အ နီးကပ် စောင့်ကြည့်လိုက်သည်။သင်္ဘောသားများစွာ မှာမူ အလုပ်ရှုပ်နေကြပြီး တစ်စုံတစ်ခုကို ပြင်ဆင် နေကြပုံရ၏။
သူ သေချာအာရုံစိုက်ကြည့်လိုက်သည့်အခါမှသာ သင်္ဘော၏ဘေးဘက်မှ ဆိုနာကိရိယာများနှင့် ရေငု ပ် ယာဥ်များကိုပါ ပင်လယ်ထဲသို့ ချနေကြောင်း တွေ့ လိုက်ရသည်။
၎င်းတို့သည် ရေအောက်မှာရှိသည့် အရာများအား ထောက်လှမ်းရန် ပြင်ဆင်နေကြခြင်းပင် ဖြစ်ပေလိမ့် မည်။
"ရောက်လာတဲ့ဧည့်သည်ကတော့ စေတနာမပါဘူးပဲ .."
လျူယောင်၏ မျက်မှောင်များ ကြုတ်လာခဲ့၏။M နိုင်ငံသားများ၏ လှည့်ကွက်မှာ ရှင်းလင်းနေသည်။ ရေအောက်ထဲသို့ ထောက်လှမ်းရေးကိရိယာများ ချ လိုက်ခြင်းမှာ ပတ်ဝန်းကျင်မှ ရေပြင်တစ်ခုလုံးအား စုံစမ်းစစ်ဆေးပြီး လျှို့ဝှက်ချက်များကို ဖော်ထုတ်ရ န် ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။
သူ အနည်းငယ် စိုးရိမ်လာ၏။ထိုစစ်သင်္ဘောနှင့် ရေ မိုင်အနည်းငယ်အကွာတွင် မီးခိုးနက်ရောင် သတ္တု ချောင်းများ အပါအဝင် တခြားသတ္တု တန်ပေါင်းမျ ားစွာကို ပုံထားသည်မဟုတ်ပေလော။
"ဒီဟာတွေကို သူတို့ မြင်သွားလို့ လုံးဝမဖြစ်ဘူး. .ဒီ ကောင်တွေကို ပင်လယ်စာ ကျွေးမှရမယ်..."
လျူယောင်၏ မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လိပ် ကြီးအား ပြတ်သားစွာ အမိန့်ပေးလိုက်၏။
"ဟုတ်တယ်... အဲဒီသင်္ဘောပဲ ငါ့ကောင့်ကြီး ဘယ် သူမှ မသိအောင် မင်း တိတ်တိတ်လေးသွားပြီး အဲဒီ စစ်သင်္ဘောကို နစ်ပစ်လိုက်..."
သူတစ်ပါး ရေပိုင်နက်ထဲအထိ အောက်လမ်းနည်းဖြ င့် ကျူးကျော်ဝင်ရောက်လာရဲလျှင် ထိုလူတွေ ပင် လယ်အောက်ခြေ၌သာ အရိုးထုတ်ဖို့သာ ပြင်ဆင်ထ ားသင့်သည်လေ။
ထိုအမိန့်ကို ကြားလိုက်ရချိန်တွင်မူ လိပ်ကြီးမှာ ထိန် းမနိုင်သိမ်းမရ ပျော်ရွှင်လာခဲ့သည်။သူ့တစ်ကိုယ် လုံးတွင် အားအင်များ ရုတ်တရက် ပြည့်လျှံလာပြီး ဧရာမလှံကြီးကို စွဲကာ ရေအောက်ထဲမှတစ်ဆင့် ပစ် မှတ်ရှိရာသို့ တိတ်တိတ်လေး ကူးခတ်လာသည်။
ဤနေရာမှ ရေအနက်က မီတာ ၂၀၀ ကျော်ရှိသော ကြောင့် လိပ်ကြီးအတွက်မူ အကောင်းဆုံး ပုန်းကွယ် စရာ နေရာတစ်ခု ဖြစ်နေ၏။
သို့ပေမဲ့ လျူယောင်၏ စိတ်ထဲတွင်မူ စိုးရိမ်စိတ်က လုံးဝမပြယ်သေးပေ။လိပ်ကြီး ရင်ဆိုင်နေရသည်က သာမန်သင်္ဘောမဟုတ်ဘဲ ကမ္ဘာ့အဆင့်မြင့်ဆုံး ရေငု ပ်သင်္ဘောဖျက်စနစ်တွေ တပ်ဆင်ထားသည့် ဒုံးပျံဖျ က်သင်္ဘောကြီး ဖြစ်နေလို့ပင်။
လျူယောင်က စိုးရိမ်တကြီး သတိပေးလိုက်၏။
"ငါ့ကောင်ကြီး မင်း.. သတိလဲထားဦး..အဲဒီသင်္ဘော က ရေအောက်ထောက်လှမ်းရေးစနစ်မှာ အတော် လေး အားကောင်းတယ်ကွ.. မင်းရှိနေတာကို သူတို့ မရိပ်မိစေနဲ့ဦး..."
အကယ်၍ လိပ်ကြီးကိုသာ ရန်သူက တွေ့သွားခဲ့ရင် ဘယ်လိုခေတ်မီလက်နက်တွေနဲ့ တိုက်ခိုက်မလဲဆို သည်အား တွေးကြည့်ရုံနဲ့တင် လျူယောင်အတွက် မူ ရင်လေးစရာ ကောင်းလှသည်။
သို့ပေမဲ့ လိပ်ကြီးက ခပ်အေးအေးပင် ပြန်ဖြေလိုက် ၏။
"စိတ်မပူပါနဲ့သခင်ရ ကျွန်တော် သတိထားပါ့မယ်..ဒီ လူတွေ လုံးဝ ရှာမတွေ့စေရဘူး.."
လိပ်ကြီး၏ လေသံက ယုံကြည်မှုအပြည့်ပင်။
သူ က သမုဒ္ဒရာ၏ အရှင်သခင်ဖြစ်သလို ပင်လယ် ပြင်တစ်ခုလုံးကလည်း သူ့ ထိန်းချုပ်မှုအောက်မှာ ရှိ နေသောကြောင့် ထိုဒုံးပျံဖျက်စစ်သင်္ဘော ဆိုသည် ကား သူ့အတွက်မူ သံတုံးကြီးတစ်တုံးထက် မပိုခဲ့ပေ ။
လိပ်ကြီးက ရေအနက် မီတာ ၁၀၀ ကျော်ကနေ ငါး တစ်ကောင်လို တိတ်တိတ်လေး ကူးခတ်လာရင်း အ ချိန်ခဏလေးအတွင်းမှာပဲ စစ်သင်္ဘောကြီးရဲ့ ဝမ်းဗို က်အောက်တည့်တည့်ကို ရောက်လာခဲ့၏။
ရန်သူ့ဘက်ကမူ ဘာမှ ရိပ်မိပုံမရသေးပေ။
အမှန်တကယ်တွင်မူ စစ်သင်္ဘောပေါ်မှ လူတွေဟာ အသံဖမ်းစနစ်ကိုပဲ ဖွင့်ထားကြသည်။အချက်ပြလှို င်းထုတ်လွှတ်သည့် Active Sonar ကိုမူ မလိုအပ်ဘဲ အလွယ်တကူ မဖွင့်တတ်ကြပေ။ထိုအချက်ကပင် လိပ်ကြီးအတွက် အခွင့်ရေးကောင်းကြီး ဖြစ်ခဲ့ရ၏။
ထိုစစ်သင်္ဘောကြီး၏ ဝမ်းဗိုက်အောက်တည့်တည့် သို့ လိပ်ကြီး အောင်မြင်စွာ ရောက်ရှိသွားသည်အား မြင်ရမှသာ လျူယောင် တစ်ယောက် သက်ပြင်းချ နိုင်ခဲ့သည်။စစ်သင်္ဘောပေါ်က လူတွေကမူ သူတို့ သေမင်း ရောက်နေသည်အား လုံးဝရိပ်မိပုံမရကြ ချေ။
စစ်သင်္ဘောပေါ်ရှိ M နိုင်ငံသား သင်္ဘောသားများမှာ မူ ပုံမှန်အတိုင်းပင် အေးအေးလူလူ ရှိနေကြသည်။ ဆိုနာအဖွဲ့ သည်လည်း သူတို့၏ ဖန်သားပြင်ပေါ်တွင် ထူးခြားသည့် အချက်ပြမှုမျိုးကို ရှာမတွေ့ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် လိပ်ကြီးသည် ရေအောက် ၌ ငါးတစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ အလွန်တိတ် ဆိတ်စွာ ကူးခတ်နိုင်စွမ်းရှိသောကြောင့်ပင်။
ထို့အတူပင် ပတ်ဝန်းကျင်ကို ထောက်လှမ်းနေသည့် ရောက်အောက်ရှာဖွေရေးကိရိယာများသည်လည်း မည်သည့် မူမမှန်မှုကိုမျှ သတိမထားမိကြပေ။
၎င်းတို့သည် စစ်သင်္ဘောနှင့် နှစ်ကီလိုမီတာ၊သုံးကီ လိုမီတာခန့် အကွာအဝေးတွင်သာ ရှိနေပြီး ပင်လယ် အောက်ခြေမှ အခြေအနေများကိုသာ အာရုံစိုက် စစ် ဆေးနေကြခြင်းဖြစ်သည်။
သူတို့၏ မိခင်စစ်သင်္ဘောကြီးအောက်တည့်တည့်၌ ဧရာမ သတ္တဝါကြီးတစ်ကောင် ပုန်းအောင်းနေလိမ့် မည်ဟု သူတို့က အိပ်မက်ပင် မက်ကြလိမ့်မည်မဟု တ်ပေ။