← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အပိုင်း ၄၂၁ : ထန်ရှောင်ဖေးက ညစာစားရန်ဖိတ်ခြင်း

ထန်ရှောင်ဖေးက ဖုန်းထုတ်ကြည့်လိုက်လေရာ ချောမောခန့်ညားသော ယဲ့ချန်း၏ပရိုဖိုင်းဓာတ်ပုံကို မြင်လိုက်ရသည်။

အတန်ကြာအောင် စဉ်းစားပြီးနောက် အဆုံးတွင်မူ သူ(မ) မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။

"ယဲ့ချန်း... လိုင်းပေါ်ရှိလား"

ယဲ့ချန်းက ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။

"ရှိတယ်လေ အလှလေး.. ဘာဖြစ်လို့လဲ"

"မနေ့တုန်းက ကျွန်မစာအုပ်ကို ဖတ်ပြီး ဆုချခဲ့သေးလား"

ထန်ရှောင်ဖေးက မေးလိုက်သည်။

"ဟုတ်တယ်။ ဖတ်ကြည့်ပြီးသွားလို့ မင်းကို ပိုက်ဆံနည်းနည်းဆုချခဲ့သေးတယ်"

ယဲ့ချန်းက ပြန်ဖြေလိုက်သည်။

"နည်းနည်းတဲ့လား။ ယွမ်တစ်သိန်းတောင်လေ။ အဲဒါက နည်းနည်းမှမဟုတ်တာ"

ထန်ရှောင်ဖေးခမျာ ဆွံ့အသွားချေသည်။

ယွမ်တစ်သိန်းဆိုသည်မှာ ထန်ရှောင်ဖေး၏အမြင်တွင် များလွန်းလှသော ပမာဏပင်။ သို့သော် ယဲ့ချန်း၏အမြင်တွင်မူ နည်းလွန်းလှသည်။

"အင်း.. အဲဒီလောက်အများကြီးလည်း မပေးခဲ့ပါဘူး"

"စတားလိုက်ဆိုတာ ရှင့်အကောင့်မလား"

ထန်ရှောင်ဖေးက ပြောလိုက်လေသည်။

"ဟုတ်တယ်လေ။ မင်းကို ယွမ်တစ်သိန်းတည်းပဲ ပေးခဲ့တာပါ"

ယဲ့ချန်းက ဆို၏။

ထန်ရှောင်ဖေးကလည်း ပြန်ပြောလိုက်သည်။

"ယဲ့ချန်း.. တက္ကစီမောင်းရတာ သိပ်လွယ်တာမဟုတ်ဘူး။ တစ်လကို သောင်းဂဏန်းလောက်ပဲရှာနိုင်တာမလား။ ဒါက ရှင့်တစ်နှစ်စာဝင်ငွေလောက်ဖြစ်နေပြီ"

ထန်ရှောင်ဖေး၏မက်ဆေ့ချ်ကို မြင်သောအခါ ယဲ့ချန်းလည်း သူ့အတန်းဖော်ဟောင်းက သူ့ကို တက္ကစီဒရိုင်ဘာတစ်ယောက်ဟု ထင်နေပြီး ယခုလို အများကြီးဆုချခြင်းအတွက် စိတ်မကောင်းဖြစ်နေကြောင်း သိလိုက်ရသည်။

"ဟားဟား.. အဲဒီလောက်လည်း မဟုတ်ပါဘူး"

"မဟုတ်တာ.. ဒီပိုက်ဆံက ရှင် ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံလေ။ ကျွန်မ ဒီအတိုင်းမယူနိုင်ပါဘူး"

ထန်ရှောင်ဖေးက ပြန်ဖြေလိုက်၏။

ထန်ရှောင်ဖေး၏မက်ဆေ့ချ်ကို မြင်သောအခါ ယဲ့ချန်း၏ရင်ထဲ နွေးထွေးသွားရသည်။

နှစ်ပေါင်းများစွာ ကုန်လွန်လာပြီးနောက် အတန်းဖော်များမှာ ပြောင်းလဲသွားကြသည်။

ယခင်က ဖြူစင်ခဲ့သော မိန်းကလေးများပင် ယခုအချိန်တွင် ဟန်ဆောင်မူပိုတတ်သူများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်၏။

လူ့အဖွဲ့အစည်းကြီးက ပျက်စီးယိုယွင်းနေပြီဖြစ်သော်ငြား ထန်ရှောင်ဖေးကတော့ လုံးဝပြောင်းလဲမသွားဘဲ ဖြူစင်နေဆဲသာ။

ယဲ့ချန်းက ခွန်းတုံ့ပြန်လိုက်သည်။

"ဒီလောက်က ဘာမှမဟုတ်ပါဘူး။ မင်းကို ဆုချလိုက်ပြီဆိုကတည်းက ငါ တတ်နိုင်တဲ့အတိုင်းအတာအတွင်း ရှိလို့ပါ။ ပြီးတော့ မင်းရဲ့လက်ရာကို ဖတ်ပြီးတော့ ဆုမချဘဲမနေနိုင်ဘူး။ အရမ်းကောင်းတာပါဆို"

"ဟမ့်.. ကျွန်မကို လာမလိမ်နဲ့။ ကျွန်မရဲ့အရေးအသားကို ကျွန်မသိတယ်။ အဲဒီလောက်တောင် ကောင်းတယ်ဆိုရင် အခုလောက်ဆိုရင် ဆုတောင်ရနေလောက်ပြီ"

ထန်ရှောင်ဖေးက အီမိုဂျီတစ်ခု ပို့လိုက်သည်။

ယဲ့ချန်းမှာမူ ထန်ရှောင်ဖေးပို့လိုက်သည့် စူပုပ်ပုပ်မျက်နှာလေးကို မြင်သောအခါ ယခုအချိန်တွင် ဖြစ်ပျက်နေမည့် သူ(မ)၏ပုံစံလေးကို မြင်ယောင်မိပြီး အံ့ဩမှင်တက်သွားသည်။

"တကယ်ပါဆို.. မင်းရဲ့အရေးအသားက အရမ်းကောင်းတယ်"

ယဲ့ချန်းက စာပြန်လိုက်သည်။

"ဟွန့်.. ညာမနေနဲ့။ ကျွန်မရေးသမျှ အကုန်လူသိနည်းတယ်။ ဒီတစ်ခုတောင် စာဖတ်သူအရေအတွက် သိပ်မများဘူး။ မဖြစ်နိုင်တာ.. ကျွန်မ စာမူခရတာနဲ့ ရှင့်ပိုက်ဆံကို ပြန်ပေးမယ်"

ထန်ရှောင်ဖေးက ဆိုလေသည်။

ယွမ်တစ်သိန်းဆိုသည်မှာ ယဲ့ချန်းအတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာဖြစ်သော်ငြား ထန်ရှောင်ဖေးအတွက်တော့ များပြားလွန်းလှသော ပမာဏတစ်ခုပင်။

ဝက်ဘ်ဆိုက်က အခွန်အခအပါအဝင် တစ်ဝက်ယူထားသဖြင့် ယွမ်တစ်သိန်းပြည့်အောင် စုနိုင်ပါ့မလားဟု စိုးရိမ်ဖွယ်ရာရှိသည်။

ယဲ့ချန်းခမျာ ဆွံ့အသွားလေသည်။ အခြားမိန်းကလေးများဆိုလျှင် ဤမျှပိုက်ဆံအများကြီးကို ရလိုက်လျှင် ဝမ်းသာလုံးစို့နေကြမည်ဖြစ်၏။ သို့သော် ဤမိန်းကလေးကတော့ ပြန်ပေးရန်ပင် ဆုံးဖြတ်ထားသည်။

"တကယ်ပါဆို။ မပူနဲ့... အတန်းဖော်တစ်ယောက်ရဲ့စေတနာလို့သာ သဘောထားလိုက်။ ငါက တက္ကစီမောင်းတာမဟုတ်ဘူး။ ဘဝအတွေ့အကြုံယူနေတာ"

ထန်ရှောင်ဖေးက အတင်းငွေပြန်ပေးရန် ပြင်နေသဖြင့် ယဲ့ချန်းလည်း ရွေးစရာမရှိသည့်အဆုံး အမှန်အတိုင်းဖွင့်ပြောလိုက်ရတော့သည်။

"ဒါပေမဲ့ အရမ်းအားနာဖို့ကောင်းတယ်လေ"

ယဲ့ချန်းက ပြောလိုက်လေသည်။

"ငါက မင်းစာအုပ်ကို အရမ်းသဘောကျတာ။ မင်းသာ ပိုက်ဆံပြန်ပေးမယ်ဆိုရင် ငါ့ကို စော်ကားရာကျသွားမှာပေါ့။ စိတ်မကောင်းဖြစ်ရုံအပြင်မရှိဘူး"

ယဲ့ချန်း၏ပြန်စာကို မြင်သောအခါ ထန်ရှောင်ဖေးက တစ်ချိန်လုံးမေးချင်နေသည့်မေးခွန်းကို မေးလိုက်လေသည်။

"ယဲ့ချန်း... ရှင် ကျွန်မကို ပိုက်ဆံအများကြီးဆုချတာက ကျွန်မကို သဘောကျနေလို့လား"

ထန်ရှောင်ဖေးခမျာ စာရိုက်နေရင်း မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ရင်ခုန်သံများလည်း မြန်ဆန်လာသည်။

ယဲ့ချန်းမှာမူ ထန်ရှောင်ဖေး၏မက်ဆေ့ချ်ကို မြင်သောအခါ ခဏမျှကြက်သေသေသွားသည်။

တကယ်တော့ ကျောင်းတက်နေစဉ်အချိန်က ယဲ့ချန်း ထန်ရှောင်ဖေးကို သဘောကျခဲ့မိသည်။

သို့သော် ထိုစဉ်က သူသည် အလွန်ရိုးအလွန်းသဖြင့် ကျောင်းသားများက ကျောင်းစာကိုသာ အာရုံစိုက်သင့်သည်ဟု ထင်မှတ်ကာ ထိုခံစားချက်ကို ရင်ထဲတွင်သာ မျိုသိပ်ထားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ထန်ရှောင်ဖေးကို မြင်မြင်ချင်း သူ့နှလုံးသားထဲရှိ ထူးခြားသောခံစားချက်ကို ခံစားလိုက်ရသည်။

ယဲ့ချန်းဘက်က အတော်ကြာသည်အထိ ပြန်စာရောက်မလာသဖြင့် ထန်ရှောင်ဖေးလည်း နောက်တစ်စောင်ထပ်ပို့လိုက်၏။

"ဟားဟား.. မစိုးရိမ်ပါနဲ့။ ကျွန်မက စလိုက်တာပါ။ အဲဒီလိုဆိုရင် ရှင့်ရဲ့စေတနာကို ကျွန်မ လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ နောက်ဆိုရင် ကျွန်မကို ဆုမချနဲ့တော့။ ရှင်လည်း ငွေရှာရတာ ပင်ပန်းတယ်လေ။ ကျွန်မ စိတ်မကောင်းဖြစ်ရလိမ့်မယ်"

ယဲ့ချန်းက ဆို၏။

"ကောင်းပြီလေ။ မင်း သဘောမကျဘူးဆိုရင် ဆုထပ်မချတော့ပါဘူး"

တကယ်တော့ ထန်ရှောင်ဖေးက ယဲ့ချန်း၏ပြန်စာကို စောင့်နေခြင်းပင်။

ယဲ့ချန်းက သူ(မ)ကို သဘောကျသည်ဟု ပြန်စာပို့လာစေချင်သည်။

သို့သော် အကြာကြီးစောင့်ပြီးသည့်တိုင် သူက ပြန်စာပို့မလာသဖြင့် သူ(မ)လည်း အငြင်းခံရမည်စိုးသောကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

သို့သော် ယဲ့ချန်းနှင့် အတန်ကြာအောင် စကားပြောပြီးနောက် သူ(မ) အလွန်ပျော်ရွှင်သွားရသည်။

ထန်ရှောင်ဖေးက ပြောလိုက်သည်။

"ကျွန်မ ရှင့်ဆုကို လက်ခံလိုက်ပြီနော်။ ရှင့်ကြောင့် ကျွန်မ ပရိသတ်တွေအများကြီးရလိုက်တယ်။ ဒီတော့ ကျေးဇူးဆပ်ရမှာပေါ့"

ယဲ့ချန်းကမူ ထိုစကားကိုကြားသော် ရယ်မောလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို မင်းဆီက အခွင့်အရေးယူရတာပေါ့"

"ယွမ်တစ်သိန်းတန်စားစရာကို မမှာရင် အဆင်ပြေပါတယ်"

ထန်ရှောင်ဖေးက စနောက်လေဟန်ဖြင့် ပြောလိုက်၏။

ထို့နောက် ထန်ရှောင်ဖေးက မက်ဆေ့ချ်တစ်စောင်ကို ရုတ်တရက်ပို့လိုက်သည်။

"ယဲ့ချန်း... ရှင် အများကြီးပြောင်းလဲသွားတယ်နော်။ အထူးသဖြင့် မိန်းကလေးတွေကို ပျော်အောင်လုပ်ပေးတဲ့နေရာမှာပေါ့။ အမှန်အတိုင်းပြောနော်။ ရှင် ကောင်မလေးတွေအများကြီးနဲ့ တွဲဖူးတာလား"

ယဲ့ချန်းက ရယ်သည်။

"ဪ.. ပေါ်သွားပြီပဲ။ ငါက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေ"

ယဲ့ချန်း၏ပြန်စာကြောင့် ထန်ရှောင်ဖေး ခဏမျှတန့်သွားရသည်။

သို့သော် ထိုစကားကို အတည်မယူဘဲ သူနောက်နေသည်ဟုသာ ထင်လိုက်သည်။

နှစ်ယောက်သား အတော်ကြာသည်အထိ စကားပြောနေပြီးနောက် ယဲ့ချန်းက တက္ကစီဆက်မောင်းလေသည်။

ထိုအခိုက်ဝယ် ယဲ့ချန်း၏မက်ဆေ့ချ်ဂရုထဲမှ အသိပေးစာတစ်စောင် ရောက်လာသည်။

တစ်ချက်ကြည့်လိုက်လေရာ တက္ကစီဒရိုင်ဘာဂရုထဲက မက်ဆေ့ချ်ဖြစ်နေချေသည်။

ယဲ့ချန်းမှာ တက္ကစီစမောင်းပြီး သိပ်မကြာခင်မှာပင် တက္ကစီဒရိုင်ဘာဂရုထဲသို့ ဝင်ထားခြင်းပင်။

ဤဂရုထဲရှိ လူများက ယဲ့ချန်းနှင့်မတူသော အကြောင်းပြချက်အမျိုးမျိုးကြောင့် တက္ကစီမောင်းနေကြခြင်းပင်။ သူတို့သည် စားဝတ်နေရေးအတွက် တက္ကစီမောင်းခြင်းဖြစ်လေရာ သူတို့၏စရိုက်များက ပိုစစ်မှန်ပေသည်။

ချန်းဝူ : "ကိုယ်လူတို့.. ငါတို့ ဒီဂရုထဲမှာ စကားပြောလာတာလည်း ကြာပြီ။ အပြင်မှာ တွေ့ကြရင် ဘယ်လိုလဲ"

ကျန်းသုန်း : "ကောင်းသားပဲ။ ကျသင့်ငွေကို မျှရှင်းကြမယ်လေ"

လီဖေး : "ရတာပေါ့။ ယဲ့ချန်း မင်းလာမှာလား"

ယဲ့ချန်းကလည်း ဂရုထဲတွင် မကြာခဏစကားဝင်ပြောတတ်သဖြင့် လူတိုင်းက သူနှင့် ရင်းနှီးနေသည်။

ထို့ကြောင့် သူ စာပြန်လိုက်၏။

"ရတယ်လေ။ နေရာသာပြောလိုက်"

ချန်းဝူ : "အစ်ကိုရှီရဲ့အကင်ဆိုင်မှာ ဒီညခြောက်နာရီကျရင် တွေ့ကြမယ်လေကွာ"

"ကိစ္စမရှိဘူး"

"ရတယ်"

ယဲ့ချန်းလည်း စာပြန်လိုက်သည်။

"ရတယ်"

ယဲ့ချန်းက အလွန်ချမ်းသာပါသော်ငြား ချန်းဝူကဲ့သို့သော လူများနှင့် ပိုပေါင်းသင်းလိုသည်။

မကောင်းသောရည်ရွယ်ချက်များ မရှိသဖြင့် စကားဝိုင်းကလည်း ပိုသက်သောင့်သက်သာဖြစ်စေသည်။

ညနေဘက်တွင် ယဲ့ချန်းတို့တစ်သိုက်လည်း အစ်ကိုရှီ၏အကင်ဆိုင်သို့ ရောက်လာကြသည်။

ထို့နောက် အကင်နှင့်ဘီယာကို မှာလိုက်ကြသည်။

တချို့က တက္ကစီမောင်းရင်း တွေ့ကြုံရသည့် စိတ်ဝင်စားစရာအကြောင်းအရာများကို အေးအေးလူလူပြောဆိုဆွေးနွေးနေကြသည်။

စားနေသောက်နေချိန်မှာ ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။

ယဲ့ချန်းလည်း ဖုန်းကို တစ်ချက်ကြည့်လိုက်လေရာ ဖုန်းခေါ်ဆိုသူမှာ ထန်ရှောင်ဖေးဖြစ်နေပေသည်။ ထို့ကြောင့် အခြားလူများကို ပြောလိုက်သည်။

"မင်းတို့ သောက်နှင့်ကြလေ။ ငါ အပြင်ထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်"

သီးသန့်ခန်း၏အပြင်ဘက်တွင် ယဲ့ချန်း ဖုန်းကိုင်လိုက်သည်။

"အလှလေး.. ဘာကိစ္စရှိလို့ ဖုန်းခေါ်လိုက်ပြန်တာလဲ"

"ရှင်လည်း ဝတ္ထုရေးတယ်ပေါ့။ ကျွန်မကို ဘာလို့မပြောပြတာလဲ"

ထန်ရှောင်ဖေးက ဖုန်းတစ်ဖက်မှ ဆိုလာလေသည်။

"ဟားဟား... ငါက အပျော်သဘောနဲ့ရေးတာပါ"

ယဲ့ချန်းက ဆို၏။

"အပျော်တဲ့လား။ ရှင့်အရေးအသားက အရမ်းကောင်းတာ။ ဇာတ်လမ်းအကြောင်းအရာကြောင့် ကျွန်မ သဘောကျသွားတာ။ ရှင့်ဝတ္ထုက ဖန်တီးသူရိပ်မြုံမှာ အရမ်းနာမည်ကြီးနေတာနော်။ ဖတ်ရှုသူတစ်သောင်းတောင် ရှိနေပြီ"

"တကယ်လား"

ယဲ့ချန်း မအံ့ဩပါချေ။

ယခင်ဘဝတုန်းက ဤစာအုပ်သည် လက်ရာမြောက်ဝတ္ထုတစ်အုပ်ဟု သတ်မှတ်နိုင်သဖြင့် နာမည်ကြီးနေခြင်းမှာ အဆန်းတော့မဟုတ်ပါပေ။

"ဒါနဲ့ ယဲ့ချန်း... ရှင် ဒီညအားလား။ ကျွန်မ ရှင့်ကို ညစာဝယ်ကျွေးရင်း စာရေးနည်းသဘောတရားတွေကို ဆွေးနွေးချင်လို့"

တကယ်တမ်းတွင် ထန်ရှောင်ဖေး ယဲ့ချန်းကို ချိန်းရသည့်အကြောင်းအရင်းမှာ သူ့ကိုတွေ့ချင်သောကြောင့်ပင်။

စာရေးနည်းစနစ်များကို ဆွေးနွေးရန်မှာမူ ဆင်ခြေသက်သက်သာ။

•••••••••••••••

အပိုင်း ၄၂၂ : ဘယ်သူအရင်သေမလဲဆိုတာ ကြည့်ကြတာပေါ့"

ယဲ့ချန်းနှင့်ဆုံပြီးကတည်းက ထန်ရှောင်ဖေးခမျာ ယဲ့ချန်းအကြောင်းကိုသာ တွေးနေမိသည်။

"ကိစ္စမရှိပါဘူး"

ဤအရက်ဝိုင်းကလည်း ပြီးခါနီးပြီဖြစ်ရာ အလှလေးနှင့် သွားတွေ့ရန် အချိန်ကိုက်ပင်။

"ဒါဆိုလည်း ကောင်းပြီလေ။ စတားပွိုင့်အနောက်တိုင်းစားသောက်ဆိုင်မှာ ညရှစ်နာရီကျရင် ဆုံကြမယ်လေ"

စတားပွိုင့်အနောက်တိုင်းစားသောက်ဆိုင်ဆိုသည်မှာ အလယ်လတ်တန်းအဆင့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ပင်။

ယဲ့ချန်းက ပိုအဆင့်မြင့်သော နေရာများကို သွားလေ့ရှိသော်ငြား ထန်ရှောင်ဖေးက သူ့ကို ညစာစားရန် ဖိတ်ခေါ်ခြင်းကပင် အလွန်ရက်ရောနေပြီဖြစ်ကြောင်း သူ နားလည်သည်။

ထိုအချိန်တွင် ထန်ရှောင်ဖေးက ပြုံးပျော်နေသော မျက်နှာဖြင့် ဖုန်းချလိုက်သည်။ ထိုအခါ သူ(မ)၏အခန်းဖော်များက အနားသို့ ဝိုင်းလာကြသည်။

"ဟေး.. ငါတို့ရှောင်ဖေးက တစ်ယောက်ယောက်နဲ့တွဲနေတာလား"

"အမှန်ပဲ။ ဒီနေ့ တစ်ခုခုတော့ ထူးဆန်းနေတယ်နော်။ လာ အမှန်အတိုင်းပြော.. နင် လူချောလေးတစ်ယောက်ယောက်နဲ့ တွဲနေတာလား"

ထန်ရှောင်ဖေး ရှက်သွေးဖြာသွားလေသည်။

"နင်တို့ ဘာတွေပြောနေတာလဲ။ ငါက အတန်းဖော်ဟောင်းတစ်ယောက်ကို ညစာစားဖို့ဖိတ်နေတာပါ"

ယဲ့ချန်းနှင့် ယနေ့ည တွေ့ရတော့မည်ဟု တွေးမိသောအခါ ထန်ရှောင်ဖေး၏ရင်ထဲတွင် အလွန်စိတ်လှုပ်ရှားနေချေသည်။

တွဲနေပြီလားဟု သူ(မ)၏အခန်းဖော်များက စနောက်လာချိန်တွင် သူ(မ)၏မျက်နှာကား ပို၍ပင် နီမြန်းသွားလေတော့သည်။

"ဪ.. ဘယ်ကောင်လေးကများ ငါတို့အဆောင်ရဲ့အလှပဂေးလေးကို အပိုင်သိမ်းလိုက်တာပါလိမ့်။ သူက တော်တော်ကံကောင်းတာပဲ"

ထန်ရှောင်ဖေးက တက္ကသိုလ်ကတည်းက ကျောင်းဝင်းထဲတွင် အလှဘုရင်မဖြစ်ခဲ့ဖူးသည်။

သို့သော် သူ(မ)က ချစ်သူလုံးဝမထားခဲ့ဖူးပေ။

ယောကျ်ားတော်တော်များများက ထန်ရှောင်ဖေးကို လိုက်ပိုးခဲ့ကြသော်လည်း အကုန်အငြင်းခံခဲ့ရသည်။

ယနေ့တွင်မူ ထန်ရှောင်ဖေးက ယောကျ်ားတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် တက်တက်ကြွကြွ ညစာစားရန် ဖိတ်နေပေသည်။

...

ယဲ့ချန်းကတော့ ထန်ရှောင်ဖေး၏ဖိတ်ကြားချက်ကို အများကြီးမတွေးပေ။

ယခင်ကသာဆိုလျှင် ထန်ရှောင်ဖေးက သူ့ကို ညစာစားရန် ဖိတ်ကြားလာလျှင် သေချာပေါက် စိတ်လှုပ်ရှားမိမည်ဖြစ်၏။

သို့သော် ယခုမူ ကွဲပြားသွားလေပြီ။

ယဲ့ချန်းအနားတွင် မိန်းမလှလေးများစွာရှိသည်။ ထန်ရှောင်ဖေးက ထိုအထဲမှ တစ်ယောက်မျှသာ။

သို့သော် သူ့အတန်းဖော်နှင့် ဒိတ်ရတော့မည်ဟု တွေးလိုက်မိတိုင်း ယဲ့ချန်း ခံစားချက်များ ကောင်းမွန်လာသည်။

သူက ယခင်ဘဝတုန်းက တေးသွားတစ်ခုကိုပင် ညည်းလိုက်သေးသည်။

"ငါရေးခဲ့ဖူးတဲ့ ဒိုင်ယာရီတွေကို မင်း မှတ်မိဦးမလား..."

ယဲ့ချန်းလည်း ငွေရှင်းကောင်တာသို့ သွားပြီးနောက် ငွေရှင်းလိုက်သည်။

ကျသင့်ငွေကို မျှရှင်းရမည်ဆိုသော်ငြား တက္ကစီမောင်းခြင်းမှာ မလွယ်လှကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ယဲ့ချန်းကမူ အပျော်သက်သက်သာ မောင်းနေခြင်းဖြစ်၏။ အများဆုံးမှ တစ်နေ့လျှင် နှစ်နာရီမျှသာ။ သို့သော် ဤတက္ကစီဒရိုင်ဘာများကတော့ မနက်မှ ညအထိ မောင်းကြရသည်။ တချို့ဆိုလျှင် သူတို့၏မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် ညသန်းခေါင်အထိ မောင်းကြသည်။

သီးသန့်ခန်းထဲသို့ ပြန်ရောက်လာချိန်ဝယ် စကားများသံတစ်သံကို ကြားလိုက်ရသည်။ အထဲသို့ ဝင်လာလိုက်ချိန်ဝယ် တက္ကစီဒရိုင်ဘာများအပြင် မရင်းနှီးသော လူတချို့ကိုပါ သူ မြင်လိုက်ရ၏။

ချန်းဝူမှာမူ ဒေါသထွက်နေဟန်ပင်။ နှစ်ဖက်စလုံးကလည်း ရန်ဖြစ်ရန် ဟန်ပြင်နေကြပြီဖြစ်၏။

တစ်ဖက်က လူအရေအတွက်များသဖြင့် မောက်မာနေပေသည်။

သူတို့ဘက်က လေးယောက်တည်းသာရှိပြီး တစ်ဖက်တွင်မူ ဆယ်ယောက်ကျော်သည့်အပြင် တုတ်ခိုင်သန်မာသော လူတစ်ယောက်လည်း ပါသည်။

ယဲ့ချန်း၏မျက်ဝန်းမှာ အတန်ငယ်မှေးကျဉ်းသွားသည်။ တက္ကစီဒရိုင်ဘာများက အွန်လိုင်းပေါ်တွင်သာ စကားပြောဖြစ်ကြသော်ငြား တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်ရှိကြသည်။

အထူးသဖြင့် ချန်းဝူ၏မျက်နှာထက်ရှိ လက်ဝါးရာနီနီကြီးကို မြင်သောအခါ ချန်းဝူရိုက်နှက်ခံထားရခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။

ယဲ့ချန်းက သူများကို အနိုင်ကျင့်ရခြင်းကို သဘောမကျပါသော်ငြား သူ့ကို အနိုင်ကျင့်ခြင်းကိုလည်း သဘောမကျပါချေ။ အထူးသဖြင့် သူ့မိတ်ဆွေများကို အနိုင်ကျင့်လျှင် သဘောမကျပေ။

"ဘာဖြစ်တာလဲ"

ယဲ့ချန်းက အေးစက်ခက်ထန်စွာ မေးလိုက်လေသည်။

ချန်းဝူက ဆိုလာလေသည်။

"ယဲ့ချန်း.. ဒီကောင်တွေက ဒီအခန်းကိုလိုချင်တယ်ဆိုပြီး ဝင်လာတာ။ ငါတို့က သဘောမတူတော့ သူတို့က ငါတို့ကို ထိုးတော့တာပဲ"

ယဲ့ချန်းလည်း သူတို့၏အဝတ်အစားများကို ကြည့်လိုက်သောုအခါ ဤလူများက အနားတစ်ဝိုက်ရှိ လူမိုက်များဖြစ်နိုင်ကြောင်း သိလိုက်သည်။

"မင်း အထိုးခံထားရတာလား"

ယဲ့ချန်းက ချန်းဝူကို မေးလိုက်သည်။

ချန်းဝူကလည်း ခေါင်းညိတ်ပြသည်။

"ငါက သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်ပြောနေတာကို။ သူတို့ဘက်က အကြမ်းဖက်တာ"

ဤလူမိုက်များနှင့် မတူသည်မှာ ချန်းဝူတို့အားလုံးက စားဝတ်နေရေးအတွက် လုပ်ကိုင်နေရခြင်းပင်။

သူတို့က နေ့တိုင်း တက္ကစီမောင်းရသဖြင့် ခန္ဓာကိုယ်က နုံးချည့်နေကြသည်။ အကယ်၍ ရန်ဖြစ်မည်ဆိုပါက သူတို့ဘက်က အထိနာလိမ့်မည်။

ယဲ့ချန်းလည်း ချန်းဝူ၏ပခုံးကိုပုတ်လိုက်သည်။

"မပူနဲ့။ ငါ မင်းအတွက် ပြန်လက်စားချေပေးမယ်"

ယဲ့ချန်း၏စကားကြောင့် ချန်းဝူ၏ရင်ထဲတွင် နွေးထွေးသွားသော်ငြား ယဲ့ချန်းကို တားထားလိုက်သည်။

"ထားလိုက်တော့။ သူတို့ဘက်က လူအများကြီးပဲ။ ငါတို့ တခြားနေရာမှာ သွားသောက်လို့ရတာပဲ"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်သည်။

"စိတ်မပူနဲ့။ ငါ့တာဝန်ထားလိုက်။ မင်းတို့တွေက ဒီအတိုင်းထိုင်ကြည့်နေရုံပဲ"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် တစ်ဖက်သို့လှည့်၍ အုပ်စုခေါင်းဆောင်ဖြစ်ဟန်တူသော ရွှေအိုရောင်ဆံပင်ပိုင်ရှင်ကို ပြောလိုက်သည်။

"ငါ့သူငယ်ချင်းကို ရိုက်ထားတာ မင်းတို့လား"

ရွှေအိုရောင်ဆံပင်ပိုင်ရှင်ကလည်း ယဲ့ချန်းကို အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

"ချာတိတ်.. မင်းက ဒီဦးလေးတွေနဲ့ ရန်ဖြစ်ချင်တာလား။ ဒါက ငါ့နယ်မြေနော်။ ဒုက္ခမရောက်ချင်ရင် မြန်မြန်လစ်လိုက်တော့။ မဟုတ်လို့ကတော့ မင်းကို ဘယ်သူမှမမှတ်မိတော့တဲ့အထိ ဆုံးမပစ်မှာ"

သူ့နောက်လိုက်များကလည်း လှောင်ပြောင်လာလေသည်။

"ဟားဟား... ဒီကောင်လေးက အရမ်းချောတယ်နော်။ ငါတော့ သူ့ကို ရိုက်နှက်ပစ်ချင်လာပြီ"

"ဟုတ်တယ်။ ဒီကောင်က ရုပ်လေးချောတာလောက်ပဲရှိတာနေမှာ"

ယဲ့ချန်းကမူ စကားတစ်ခွန်းမှမပြောဘဲ ရုတ်တရက်လက်မြှောက်လိုက်၏။

"ခွပ်"

ခပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာသည်။

အားအပြည့်ပါသော ယဲ့ချန်း၏လက်သီးချက်က ပြင်းလွန်းလှသဖြင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင်လည်း အနောက်သို့ယိုင်သွားပြီး ခြေလှမ်းလေးငါးလှမ်းခန့် နောက်ဆုတ်လိုက်သည်။

ရွှေအိုရောင်ဆံပင်ပိုင်ရှင်၏ မျက်နှာကား ဝက်ခေါင်းအလား ရောင်ကိုင်းသွားချေသည်။

ထိုလူက ရောင်ကိုင်းသွားသော သူ့မျက်နှာကို အုပ်ကိုင်ရင်း ကြက်သေသေသွားလေသည်။

"မင်းကများ ငါ့ကို ထိုးရဲတယ်ပေါ့"

ယဲ့ချန်းလည်း အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။

"မင်းတို့လို လူ့ကပ်ပါးကောင်တွေက အမြဲအချောင်ခိုနေပြီး သူများကို ပြဿနာလောက်ရှာနေတာ။ ဒီနေ့တော့ မင်းတို့ကို ငါ ဆုံးမမှဖြစ်မယ်"

ရွှေအိုရောင်ဆံပင်ပိုင်ရှင်၏အကြည့်ကား အေးစက်သွားသည်။

"မင်းတစ်ယောက်တည်းလား။ ချာတိတ်.. မင်းက ငါ့ကိုထိုးရဲတယ်ပေါ့။ ဒီနေ့ ငါ မင်းကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် လုပ်ပြမယ်။ အားလုံးပဲ ချကြ"

ထိုအခိုက်ဝယ် သူ့နောက်ရှိ တက္ကစီဒရိုင်ဘာများ၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။

သူတို့ ကြောက်မိပါသော်ငြား ယဲ့ချန်းအနားတွင် ဝိုင်းကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

သို့သော် ယဲ့ချန်းက သူတို့ကို တားလိုက်၏။

"မနက်ဖြန်ကျရင် မင်းတို့ တက္ကစီမောင်းရဦးမယ်လေ။ ဒီလူမိုက်တွေကို ငါ့တာဝန်ထားလိုက်"

ယဲ့ချန်း၏မျက်နှာထက်တွင် ရယ်မြူးရိပ်သမ်းနေပေသည်။

ရန်မဖြစ်ရသည်မှာ ကြာလှပြီဖြစ်လေရာ ဤလူမိုက်များက သူ့အတွက်တော့ အညောင်းပြေရုံမျှသာရှိသည်။

ထိုအချိန်မှာပင် လူမိုက်တစ်ယောက်က ယဲ့ချန်းရှေ့သို့ ပြေးဝင်လာပြီးနောက် ယဲ့ချန်း၏

မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။

သူ့လက်သီး အနားရောက်မလာခင်မှာပင် ယဲ့ချန်းက သူ့ဗိုက်ကို ကန်ပစ်လိုက်သည်။

ထိုလူမိုက်လည်း လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ အကြမ်းပတမ်းပြုတ်ကျသွားသဖြင့် ပြန်မထတော့ဘဲ အော်ဟစ်နေတော့သည်။

ထို့နောက် ယဲ့ချန်းက တောင်အောက်သို့ဆင်းလာသော ကျားတစ်ကောင်အလား ချီတက်လေတော့သည်။

တစ်မိနစ်မပြည့်သေးခင်မှာပင် အစတုန်းက မောက်မာနေခဲ့သော လူမိုက်တစ်စုခမျာ ယဲ့ချန်း၏လက်ချက်ဖြင့် ကြမ်းပြင်ပေါ်တွင် အတုံးအရုန်းလဲကျကုန်ကြသည်။

ယဲ့ချန်းလည်း ရွှေအိုရောင်ဆံပင်ပိုင်ရှင်ထံသို့ လျှောက်သွားလိုက်သည်။

ထိုလူ့ခမျာ ယဲ့ချန်း၏ အေးစက်စက်အကြည့်ကြောင့် ကြောက်ဒူးတုန်သွားသည်။

"ချာတိတ်.. ငါတို့ဘော့စ်က အစ်ကိုကျားနော်။ မင်း ငါ့ကိုထိရဲရင် သေပြီသာမှတ်"

အစ်ကိုကျားလား..

ယဲ့ချန်းမှာမူ ဤစကားကိုကြားသော် နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေးလိုက်မိသည်။

သူက အကြမ်းမဖက်ချင်တော့သဖြင့် ခုံပေါ်တွင်ထိုင်ချကာ ခြေချိတ်ထိုင်လိုက်သည်။

"ဒါဆို အစ်ကိုကျားကို လှမ်းခေါ်လိုက်လေ"

ထိုလူလည်း အံ့ဩမှင်တက်သွားလေသည်။

ဒီကောင်လေးက သူ့ကိုတောင် လူလှမ်းခေါ်ခိုင်းရဲတဲ့အထိ မာန်တက်နေတာပဲ...

တစ်ဖက်လူတွင် အကြံတစ်ခုခုရှိနေမည်ကိုစိုးသောကြောင့် ယဲ့ချန်းကို သတိကြီးကြီးထား၍ ကြည့်လိုက်မိသည်။

ယဲ့ချန်းက ဆို၏။

"ဘာလဲ။ မချရဲဘူးလား။ ငါ မင်းကို အခွင့်အရေးပေးနေတာနော်"

"ကောင်းပြီလေ။ မင်းက သိပ်သတ္တိရှိနေတာပဲ"

ရွှေအိုရောင်ဆံပင်ပိုင်ရှင်မှာ အံတင်းတင်းကြိတ်၍ ဖုန်းကောက်ကိုင်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်၏။

"အစ်ကိုကျား.. ဟောင်ဇီပါ။ ကျွန်တော် အခု အစ်ကိုရှီရဲ့အကင်ဆိုင်မှာ ရောက်နေတာ။ အရိုက်ခံထားရလို့"

"သေစမ်း.. ငါ့ညီလေးကို ငါ့နယ်မြေထဲမှာ အနိုင်ကျင့်ရဲတယ်ပေါ့လေ။ အဲဒီမှာစောင့်နေ။ ငါလာခဲ့မယ်"

ဖုန်းချပြီးနောက် ထိုလူက လှောင်ပြုံးပြုံးလိုက်လေသည်။

"ချာတိတ်.. သတ္တိရှိရင် မပြန်နဲ့။ ငါပြောမယ်.. အစ်ကိုကျားရောက်လာတာနဲ့ မင်းသေပြီပဲ"

အစ်ကိုကျား၏နာမည်ကို ကြားသောအခါ တက္ကစီဒရိုင်ဘာသုံးယောက်၏မျက်နှာကား ရုတ်ခြည်းပျက်ယွင်းသွားသည်။

ချန်းဝူက ဆို၏။

"ယဲ့ချန်း.. အစ်ကိုကျားက ဒီနားတစ်ဝိုက်မှာ အရမ်းကြမ်းတဲ့လူမိုက်တစ်ယောက်နော်။ လူသတ်ဖို့တောင် လက်မတွန့်ဘူး။ ငါတို့ ပြန်သင့်ပြီထင်တယ်"

ယဲ့ချန်းကမူ အထင်သေးလေဟန်ဖြင့် ပြုံးလိုက်၏။

"စိတ်မပူပါနဲ့။ ငါ သူ့ကိုစောင့်လိုက်ဦးမယ်။ ဘယ်သူအရင်သေမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

•••••••••••••••••

အပိုင်း ၄၂၃ : အလှလေးတစ်ယောက်နှင့် ချိန်းတွေ့ခြင်း

ခဏအကြာတွင် တံခါးကား တွန်းဖွင့်ခံလိုက်ရပြီး အစ်ကိုကျားက လူဆယ်ယောက်ကျော်နှင့်အတူ ဆောင့်ကြွားဆောင့်ကြွားဝင်လာလေသည်။

"သေစမ်း.. ငါ့လူကို ရိုက်ရဲတယ်ပေါ့။ ဘယ်သူကများ ဒီလောက်အတင့်ရဲလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

အစ်ကိုကျားကို မြင်သောအခါ ဟွမ်းမောင့်က ချက်ချင်းဆိုသလို အကျောက်အကန်ထရပ်လိုက်သည်။

"အစ်ကိုကျား.. ဒီကောင်ပါ"

"ငါ့ညီအစ်ကိုတွေကို ပြဿနာလာရှာရင် ဘာဖြစ်တတ်လဲဆိုတာ ငါ ပြမယ်"

အစ်ကိုကျားက ယဲ့ချန်းတို့တစ်သိုက်ကို လှည့်ကြည့်လိုက်၏။

ကျန်တက္ကစီဒရိုင်ဘာသုံးယောက်ခမျာ အစ်ကိုကျား၏ အေးစက်စက်အကြည့်ကြောင့် လန့်ဖျပ်ကုန်ကြသည်။

သို့သော် ယဲ့ချန်းကိုမြင်သောအခါ အစ်ကိုကျားက ချက်ချင်းဆိုသလို ကြောင်အသွားလေသည်။

"မစ္စတာယဲ့.. ခင်ဗျားပဲလား"

အစ်ကိုကျားခမျာ မျက်ရည်ကျတော့မတတ် ဖြစ်နေချေသည်။ သူသည် ယခုနောက်ပိုင်း ယဲ့ချန်းနှင့်သာ တည့်တိုးနေတော့သည်။

ယဲ့ချန်းကလည်း စနောက်လိုက်သည်။

"အဲဒီကောင်ဟွမ်းမောင့်က မင်း ငါ့ကိုလာသတ်မှာလို့ပြောနေတာ"

"ပေါက်ကရတွေ.. သတ္တိဆယ်မျိုးလောက်ပေးထားရင်တောင် ကျွန်တော်မလုပ်ရဲပါဘူး"

အစ်ကိုကျားက ဟွမ်းမောင့်ကို ချက်ချင်းဆွဲထူလိုက်သည်။

"မင်းကတော့ မစ္စတာယဲ့ကို ရန်စရဲလောက်တဲ့အထိ တော်တော်သေချင်နေတာပေါ့"

အစ်ကိုကျားက ဟွမ်းမောင့်ကို အေးတိအေးစက်စိုက်ကြည့်ပြီးနောက် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ထိုအချိန်တွင် ဟွမ်းမောင့်၏မျက်နှာနှစ်ဖက်စလုံးမှာ ရောင်ကိုင်းသွားသဖြင့် ပါးနှစ်ဖက် ဟန်ချက်ညီသွားလေသည်။

အစ်ကိုကျားက ထေ့ငေါ့လေဟန်ဖြင့် ပြောလိုက်သည်။

"သူတို့ကို အပြင်ဆွဲထုတ်ပြီး ခြေထောက်တွေရိုက်ချိုးပစ်လိုက်"

သိပ်မကြာခင်မှာပင် အပြင်ဘက်၌ အော်ဟစ်သံများ ကြားလိုက်ရသည်။

အစ်ကိုကျားက အကြောက်ကြောက်အလန့်လန့်ဖြင့် ယဲ့ချန်းကိုကြည့်လိုက်သည်။

"မစ္စတာယဲ့... ကျေနပ်ရဲ့လား"

ယဲ့ချန်းလည်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"နောက်နောင် မင်းရဲ့တပည့်တွေကို သေချာဆုံးမထား။ အခု လစ်လိုက်တော့"

အစ်ကိုကျားလည်း ယဲ့ချန်းကို အရိုအသေပေးပြီးနောက် သူ့လူများနှင့်အတူ အခန်းထဲက ထွက်သွားလေတော့သည်။

ချန်းဝူနှင့် သူ့သူငယ်ချင်းနှစ်ယောက်ခမျာ အံ့ဩမှင်တက်နေတော့သည်။

"ယဲ့ချန်း... မင်းက အစ်ကိုကျားနဲ့သိတာလား"

"ဟုတ်တယ်။ အရင်က တစ်ခေါက်နှစ်ခေါက်လောက် တွေ့ဖူးတယ်"

"ယဲ့ချန်း မင်းက အရမ်းမိုက်တာပဲ.. အစ်ကိုကျားလို ဂိုဏ်းစတားတစ်ယောက်ကတောင် မင်းကိုကြောက်ရတယ်တဲ့"

"မတရားမှုက တရားမှုကို မဖိနှိပ်နိုင်ပါဘူး။ ငါက တရားမျှတတဲ့လူစားမျိုးထင်ပါရဲ့"

ယခုမူ ချန်းဝူတို့တစ်သိုက်လည်း ယဲ့ချန်း၏သရုပ်မှန်က သူတို့ထင်ထားသလောက် မရိုးရှင်းကြောင်း သဘောပေါက်သွားကြသည်။

ယဲ့ချန်းက ပြောလိုက်၏။

"ကဲ.. ဒီနေ့အတွက် ဖီးလ်မလာတော့ဘူး။ နောက်တစ်ခေါက်ကျရင် ငါ ဒကာခံမယ်လေ"

"ကောင်းပြီလေ။ ကျေးဇူးပဲ"

သူတို့အားလုံး ပြန်သွားသောအခါ ယဲ့ချန်းလည်း အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ ထန်ရှောင်ဖေးနှင့်မတွေ့ခင် အချိန်တစ်နာရီရသေးသည်။

သောက်ထားသောကြောင့် ယဲ့ချန်းမှာမူ အနောက်တိုင်းစားသောက်ဆိုင်သို့ တက္ကစီငှားသွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ဖုတန်တက္ကသိုလ်ရှိ မိန်းကလေးအဆောင်တွင်မူ...

ထန်ရှောင်ဖေးက အဝတ်အစားရွေးနေချေသည်။ သို့သော် သူ(မ)အကြိုက်တွေ့သော ဝတ်စုံဟူ၍ မရှိပေ။

သူ(မ)မှာ ဘရန်းအဝတ်အစားတချို့ကို ဝယ်မထားမိသည့်အတွက် နောင်တရနေပေသည်။ ယခုမူ ချိန်းတွေ့ရန်အတွက် ဘာမှဝတ်စရာမရှိပေ။

"ဟားဟား.. ငါတို့ရှောင်ဖေးက မိတ်ကပ်လိမ်းပြီး အဝတ်အစားလဲနေတာပေါ့။ ဟင်.. လာစမ်းပါ။ အမှန်အတိုင်းပြောနော်။ ဘယ်ကောင်ချောလေးနဲ့ သွားတွေ့မှာလဲ"

ထန်ရှောင်ဖေးလည်း ရှက်သွေးဖြာသွားလေသည်။

"ဘာမှမဟုတ်ပါဘူးဆို။ ငါ့ကို ကူရွေးပေးစမ်းပါ။ ဘယ်ဝတ်စုံက ငါနဲ့ပိုလိုက်လဲ"

သူ(မ)၏သူငယ်ချင်းက ရယ်လိုက်သည်။

"ငါတို့ရှောင်ဖေးက အရမ်းလှတာပဲ။ ဘယ်ဝတ်စုံပဲဝတ်ဝတ် ယောကျ်ားတွေကတော့ ငေးနေမှာ"

ထန်ရှောင်ဖေးလည်း ခဏမျှစဉ်းစားကြည့်ပြီးနောက် ပိုချစ်စရာကောင်းသော ဝတ်စုံလေးတစ်စုံကို ရွေးချယ်လိုက်သည်။

ဤသည်မှာ ယဲ့ချန်းနှင့်အတူ ပထမဆုံးအကြိမ် ညစာစားရမည်ဖြစ်လေရာ သူ့စိတ်ထဲတွင် အမြင်ကောင်းတစ်ခု ကျန်ရစ်စေချင်သည်။

မကြာခင် ယဲ့ချန်းနှင့်တွေ့ရတော့မည်ဟု တွေးလိုက်မိသောအခါ ထန်ရှောင်ဖေး အလွန်ပျော်ရွှင်သွားသည်။

ယဲ့ချန်းနှင့် ညစာအတူမစားနိုင်ခဲ့ခြင်းအတွက် သူ(မ) အမြဲနောင်တရခဲ့သည်။

အစတုန်းကတော့ ဤအခွင့်အရေးကို ထပ်ရနိုင်လောက်တော့ဘူးဟု ထင်ထားပါသော်ငြား ယခု အခွင့်အရေးထပ်ရလိုက်ချိန်မှာ အလွန်ဝမ်းသာသွားသည်။

အချိန်ကို ကြည့်လိုက်သောအခါ အချိန်က နာရီဝက်သာလိုတော့သဖြင့် ထန်ရှောင်ဖေးလည်း အဆောင်ထဲက ကမန်းကတန်းထွက်လာခဲ့လိုက်သည်။

ယနေ့ ထန်ရှောင်ဖေးတစ်ယောက် မိတ်ကပ်ခပ်ပါးပါးလေးပုတ်လာသည်။

အပြာနုရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသည့် သူ(မ)၏ပုံစံလေးကား အလွန်လှပနေပေသည်။

အစတုန်းက အချိန်အများကြီးလိုသေးသော်ငြား ထင်မှတ်မထားပါဘဲ ယာဉ်ကြောပိတ်မိနေသည်။

သူ(မ) စားသောက်ဆိုင်သို့ ရောက်လာချိန်တွင် ရှစ်နာရီငါးမိနစ်ပင် ရှိနေလေပြီ။

ယဲ့ချန်းတစ်ယောက် စိတ်ဆိုးပြီး ပြန်သွားမည်စိုးသဖြင့် ထန်ရှောင်ဖေး စိတ်ပူသွားရသည်။

သို့သော် ထိုနေရာသို့ရောက်သည်နှင့် ယဲ့ချန်းက ရောက်နှင့်နေပြီဖြစ်ပြီး ဖုန်းကြည့်နေကြောင်း သူ(မ) မြင်လိုက်ရသည်။

ချောမောခန့်ညားလှသော ယဲ့ချန်း၏ဘေးတိုက်မျက်နှာကို မြင်သောအခါ ထန်ရှောင်ဖေးလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

ပထမဆုံးဒိတ်တွင် နောက်ကျနေခြင်းမှာ အလွန်ရှက်ဖို့ကောင်းလှသည်။

သူ(မ)လည်း အတန်ငယ်နေရခက်ဟန်ဖြင့် ယဲ့ချန်းနားသို့ ချဉ်းကပ်သွားလိုက်သည်။

"နောက်ကျသွားလို့ ကျွန်မ တကယ်တောင်းပန်ပါတယ်"

ဤသည်မှာ အတန်းနောက်ကျသွားသလို ခံစားရသည်။

ယဲ့ချန်းက မော့ကြည့်ပြီးနောက် ထန်ရှောင်ဖေး၏အမူအရာကြောင့် မပြုံးဘဲမနေနိုင်ပေ။

တကယ်တမ်းတွင် ယဲ့ချန်း လုံးဝစိတ်မတိုပါချေ။ မိန်းကလေးများက အမြဲဗျာများတတ်ကြသည်။

အိမ်ထဲက ထွက်လာလျှင် မိတ်ကပ်လိမ်းရသည်။ အဝတ်အစားရွေးရသည်။ ထို့ကြောင့် နောက်ကျခြင်းမှာ အထွေအထူးမဟုတ်ပါချေ။

သူ့ရည်းစားဟောင်းဆိုလျှင် နောက်ကျခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စတစ်ခုအလား ပြုမူတတ်ကြောင်း ယဲ့ချန်း သတိရလိုက်သည်။ ထန်ရှောင်ဖေးကမူ ထိုမိန်းကလေးများထက် အပုံကြီးသာသည်။

"ရပါတယ်။ ငါလည်း ခုနကမှရောက်တာ။ ဒါနဲ့ မင်း ဘာသောက်ချင်လဲ။ ကော်ဖီသောက်မလား"

ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ဪ.. လက်တေးပဲပေးပါ"

ထန်ရှောင်ဖေးက ပြန်ဖြေလိုက်သည်။

ယဲ့ချန်းကလည်း စားပွဲထိုးကို လှမ်းခေါ်ပြီး မှာလိုက်သည်။

မကြာခင်မှာပင် အစားအသောက်များ ရောက်ချလာသည်။ အချိုပွဲလေးများနှင့် အမဲသားလွှာလည်း ပါပေသည်။

သို့သော် ထန်ရှောင်ဖေး၏အာရုံက အစားအသောက်ထံတွင် မရှိပါဘဲ ယဲ့ချန်းထံတွင်သာ မြဲမြံနေပေသည်။

အထူးသဖြင့် ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော ထိုမျက်ဝန်းများက သူ(မ)၏ရင်ထဲတွင် ယားကျကျိဖြစ်သွားစေသည်။

ယဲ့ချန်းက ရယ်လိုက်၏။

"စားကောင်းသောက်ဖွယ်တွေကို ရှေ့ချထားပြီး ငါ့ကို ဘာလို့စိုက်ကြည့်နေတာလဲ"

ထန်ရှောင်ဖေးက ပြောလိုက်လေသည်။

"ရှင် ပိုချောလာတယ်လို့ ထင်လို့လေ"

ယဲ့ချန်းမျာမူ ခပ်ဖွဖွရယ်မောလိုက်သည်။

"တကယ်လား။ မင်းကောင်လေးထက်တောင် ပိုချောတာလား"

ထန်ရှောင်ဖေးခမျာ ရှက်သွေးဖြာသွားချေသည်။

"ကျွန်မမှာ ချစ်သူမရှိသေးပါဘူး"

"ဪ"

အစတုန်းကတော့ ယဲ့ချန်းတွင် ချစ်သူရှိမရှိ ထန်ရှောင်ဖေး မေးလိုက်ချင်ပါသော်ငြား ထိုစကားလုံးများက သူ(မ)၏လည်ချောင်းထဲတွင် တစ်ဆို့နေချေသည်။

အကြောင်းမှာ ချစ်မိသွားချိန်မှာပင် အသည်းကွဲရမည့်အဖြစ်မျိုးကို ကြုံရမည်စိုးသောကြောင့်ပင်။

စားသောက်နေရင်း သူတို့နှစ်ယောက်သား စိတ်ဝင်စားဖို့ကောင်းသော ကျောင်းသားဘဝအမှတ်တရများအကြောင်း ပြောဆိုရင်း ပျော်မွေ့နေကြသည်။

စားသောက်၍ပြီးစီးတော့မည့်အချိန်တွင် ယဲ့ချန်းလည်း သန့်စင်ခန်းသွားဦးမည်ဟုဆိုကာ ထွက်လာခဲ့လိုက်သည်။

ယဲ့ချန်းက သန့်စင်ခန်းသွားမည်ဟု ပြောခဲ့ပါသော်ငြား တကယ်တမ်းတွင် ငွေသွားရှင်းခဲ့ခြင်းပင်။

ထန်ရှောင်ဖေးက မိန်းကလေးတစ်ယောက်ဖြစ်လေရာ ယဲ့ချန်းအနေနှင့် သူ(မ)ကို ငွေရှင်းခွင့်မပြုနိုင်ပေ။

ဤညစာက ယွမ်တစ်ထောင်ကျော် ကျသင့်လေရာ ယဲ့ချန်းအတွက်တော့ သိပ်မများလှသော်ငြား ထန်ရှောင်ဖေးကဲ့သို့ ကျောင်းသူတစ်ယောက်အတွက်မူ များလွန်းလှသည်။

ကျသင့်ငွေရှင်းပြီးနောက် ယဲ့ချန်းလည်း သူ့နေရာသို့ ပြန်လာခဲ့လိုက်သည်။

သို့သော် စားပွဲနားသို့ ပြန်ရောက်လာသောအခါ ထန်ရှောင်ဖေးနှင့် မျက်နှာချင်းဆိုင်တွင် အမျိုးသားတစ်ယောက် ထိုင်နေကြောင်း သူ မြင်လိုက်ရ၏။

ထိုလူက ဒီဇိုင်နာအဝတ်အစားများကို ဝတ်ဆင်ထားပြီး ထန်ရှောင်းဖေးကို တပ်မက်စွာကြည့်နေပေသည်။

သူ့ပုံစံမှာ အလွန်မူးနေဟန်တူပြီး ထန်ရှောင်ဖေးကို ပြောလိုက်၏။

"အလှလေး.. မိတ်ဆက်ကြရအောင်လေ။ ကိုယ်က လဲ့မင်ပါ။ တာ့ဟွားလုပ်ငန်းစုရဲ့စီအီးအိုပေါ့"

သူက ထိုသို့ပြောရင်း သူ့ဖယ်ရာရီကားသော့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ပုံမှန်ဆိုလျှင် ထိုကားသော့ကိုမြင်သည့် မိန်းကလေးတိုင်း အံ့အားသင့်သွားကြမည်သာ။

သို့သော် ထန်ရှောင်ဖေးကမူ မတုန်မလှုပ်သာ။

သူ(မ)က အေးစက်ခက်ထန်စွာပြောလိုက်သေးသည်။

"ဆရာ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျွန်မမိတ်ဆွေက ပြန်ရောက်လာတော့မှာ"

"မပူပါနဲ့။ မင်းမိတ်ဆွေကလည်း အလှလေးတစ်ယောက်ဖြစ်မှာပဲ။ ကိုယ်က ပိုက်ဆံပေါပါတယ်။ မင်းတို့နှစ်ယောက်စလုံးကို ထောက်ပံ့နိုင်တယ်။ ဒီနေရာက အဆင့်နိမ့်လွန်းပါတယ်ကွာ။ မင်း တိုင်းမ်စားသောက်ဆိုင်ကို ရောက်ဖူးလား။ အဲဒါက ကြယ်သုံးပွင့်အဆင့် မီချယ်လင်းစားသောက်ဆိုင်နော်။ ကိုယ် မင်းကို ညစာလိုက်ကျွေးမယ်လေ"

လဲ့မင်မှာမူ သူသည် ချောမောခန့်ညားပြီး ချမ်းသာကြွယ်ဝသောကြောင့် ယုံကြည်မှုအပြည့်ရှိနေပေသည်။ ဤနည်းလမ်းဖြင့် မိန်းကလေးများကို သိမ်းသွင်းခဲ့ပြီးဖြစ်၏။

စားသောက်ဆိုင်တွင် မိန်းကလေးများကို ဆွဲဆောင်ရန်အတွက် အရက်ပြင်းပြင်းများမှာယူပြီး သူတို့ကို အမူးတိုက်ကာ ညဘက်တွင် ပျော်ပါးလိုက်ရုံပင်။

လဲ့မင်က မိန်းမပေါင်းများစွာကို တွေ့ဖူးပါသော်ငြား ထန်ရှောင်ဖေးကို မြင်မြင်ချင်းမှာပင် ရုပ်ရည်ရမှတ်၉၈မှတ်ကြောင့် ဤအလှလေးကို စွဲမက်သွားလေတော့သည်။

ဤအလှလေးက ယခင်က သူတွဲခဲ့ဖူးသော မိန်းကလေးများထက် ပိုဖြူစင်ပြီး ပိုဆွဲဆောင်မှုရှိသည်။

သူ(မ)ကို အပိုင်သိမ်းရန် သူ စိတ်ပိုင်းဖြတ်လိုက်သည်။

သို့သော် ထန်ရှောင်ဖေးကတော့ ခက်ထန်စွာ ပြောလိုက်လေသည်။

"ဆရာ ကျေးဇူးပြုပြီး လေးစားမှုရှိပေးပါ။ ရှင် ထွက်မသွားဘူးဆိုရင် ကျွန်မ လုံခြုံရေးခေါ်လိုက်မှာနော်"

All Chapters