← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အပိုင်း ၄၂၄ : လူငယ်စုံတွဲ

တစ်ဖက်လူ၏လေသံအရ ဤလူမှာ နောက်ခံကောင်းကောင်းတစ်ခုရှိကြောင်း ထန်ရှောင်ဖေး အတပ်ပြောနိုင်သည်။

လဲ့မင်လည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်၏။

"မင်းမှာ ရည်းစားရှိလည်း ကိစ္စမရှိပါဘူး။ သူ့ကိုပလစ်ပြီး ကိုယ်နဲ့တွဲပေါ့။ မင်းကို ဇိမ်ခံကားတွေဝယ်ပေးမယ်။ ဒီဇိုင်နာအဝတ်အစားတွေ ဝယ်ပေးမယ်။ ဒီဇိုင်နာအိတ်တွေလည်း ဆင်မယ်"

ထန်ရှောင်ဖေးတွင် ချစ်သူရှိကြောင်း သိလိုက်ရသည့်တိုင် လဲ့မင်ကတော့ လုံးဝဂရုမစိုက်ပေ။ သူ့အမြင်တွင် ငွေနှင့်ဖြေရှင်း၍မရနိုင်သောအရာဟူ၍ မရှိပေ။

ထိုငွေကြောင့် အလှပဂေးအမြောက်အများပင် သူ့ကစားစရာအရုပ်လေးများ ဖြစ်လာကြသည်။

လဲ့မင်လည်း ထန်ရှောင်ဖေးကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်ရင်း သူ(မ)၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေပေသည်။

"လစ်စမ်းပါ"

ထန်ရှောင်ဖေး ပြန်မဖြေနိုင်ခင်မှာပင် အေးခက်မာကျောသော အသံတစ်သံက အနောက်မှ ထွက်ပေါ်လာသည်။

ယဲ့ချန်းပြန်လာသည်ကိုမြင်သော် ထန်ရှောင်ဖေးလည်း သက်မချလိုက်မိတော့သည်။

ဤသို့သော လူယုတ်မာတစ်ယောက်နှင့် ကြုံရချိန်ဝယ် ထန်ရှောင်ဖေးလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

ယဲ့ချန်းကိုမြင်လိုက်ရသောအခါ အားကိုးရာရှာတွေ့လိုက်သလို ခံစားရသည်။

ထန်ရှောင်ဖေးက ယဲ့ချန်းဆီသို့ အမြန်ပြေးသွားပြီးနောက် သူ့လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။

"ကျွန်မချစ်သူရောက်လာပြီ။ ရှင်ထွက်သွားလိုက်တာ ပိုကောင်းမယ်"

ယဲ့ချန်းကိုမြင်သောအခါ လဲ့မင်လည်း ကြက်သေသေသွားရသည်။

ထန်ရှောင်ဖေး၏ချစ်သူက သူ့ထက် ပိုချောနေလိမ့်မည်ဟု သူ ထင်မထားချေ။

အထူးသဖြင့် ထန်ရှောင်ဖေး၏ ချစ်ခင်မြတ်နိုးလေဟန် အမူအရာကို မြင်သောအခါ သူ့ရင်ထဲ မနာလိုစိတ်များ ပြည့်နှက်သွားသည်။

ဤကဲ့သို့သော အလှလေးကို အခြားလူတစ်ယောက်က ဖြတ်လုသွားခြင်းကြောင့် သူ အလွန်မကျေမနပ်ဖြစ်မိသည်။

လဲ့မင်က သူဌေးသားတစ်ယောက်ဖြစ်လေရာ ကျောင်းတက်စဉ်ကတည်းက ငွေဖြင့်သာ အရာရာကိုချုပ်ကိုင်လေ့ရှိသည်။ သူမျက်စိကျမိသမျှ အရာတိုင်းကို ဘယ်တော့မှ လက်လွှတ်မခံပေ။

အထူးသဖြင့် သူသဘောကျသည့် မိန်းကလေးနှင့်ပတ်သက်လာလျှင် ပိုဆိုးသည်။

သူ့အမြင်တွင် ထန်ရှောင်ဖေးမှာ သူစိတ်ဝင်စားမိသည့် မိန်းကလေးဖြစ်၏။ သို့ဖြစ်လေရာ သူ(မ)ကို အခြားလူလက်ထဲသို့ မည်သို့နှယ် ထည့်လိုက်နိုင်မည်နည်း။

ထန်ရှောင်ဖေးက သူ့အပိုင်ပင်။ သို့ဖြစ်လေရာ သူ(မ)တွင် ချစ်သူရှိလည်း ဂရုမစိုက်ပေ။ သူ့ကို မောင်းထုတ်လိုက်ရုံပင်။

လဲ့မင်လည်း အေးစက်မာကျောစွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟေ့ကောင်... ငါ မင်းကောင်မလေးကို လိုချင်တယ်။ အဲဒီတော့ မင်း အခုချက်ချင်းလစ်လိုက်တော့။ ငါ မင်းကို ယွမ်တစ်သိန်းပေးမယ်"

လဲ့မင်က ထိုသို့ပြောရင်း ချက်လက်မှတ်တစ်စောင်နှင့် ဘောပင်တစ်ချောင်းကို ဆွဲထုတ်ကာ ပမာဏကို ရေးချပြီး ယဲ့ချန်းကို ပေးလိုက်၏။

ယဲ့ချန်းကမူ ချက်လက်မှတ်ကိုပင် တစ်ချက်မကြည့်ဘဲ လက်ကိုလွှဲချလိုက်သည်။

"ဖြောင်း"

ကျယ်လောင်လှသော ရိုက်ချက်တစ်ချက်က လဲ့မင်၏မျက်နှာထက်သို့ ကျရောက်လာသည်။ ထိုရိုက်ချက်တွင် ယဲ့ချန်းက ခွန်အားကို ထိန်ချန်ထားခြင်းမရှိပေ။

ကိုယ့်ကိုယ်ကိုယ်အရေးပါလှပြီဟု ထင်နေကြသော သူဌေးသားများကို ယဲ့ချန်း မနှစ်မြို့ပေ။

ယဲ့ချန်းဘက်က လက်ပါလာလိမ့်မည်ဟု လဲ့မင် လုံးဝထင်မထားချေ။

လဲ့မင်က အလွန်မောက်မာပါသော်ငြား အရက်သေစာနှင့် မိန်းမကိစ္စလိုက်စားသဖြင့် သူ့ခန္ဓာကိုယ်က ပျော့ဖတ်နေပေသည်။

ထိုရိုက်ချက်ကြောင့် လဲ့မင်တစ်ယောက် ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားသည်။

ထို့နောက် သူသည် ကြမ်းပြင်ပေါ်မှ ကုန်းထပြီးနောက် ရောင်ကိုင်းသွားသော မျက်နှာကို အုပ်ကိုင်ရင်း ဒေါသူပုန်ထနေချေသည်။

ဤလူချောက သူ့ကို လက်ပါရဲသည်။ ထို့ကြောင့် သူလည်း ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

"ဟေ့ကောင်.. မင်းတော့သေပြီ။ မင်းကများ ငါ့ကိုရိုက်ရဲတယ်ပေါ့။ ငါက လဲ့မင်ကွ။ မင်းကို ပြန်ပေးဆပ်ခိုင်းမယ်"

သို့သော် လဲ့မင်၏စကားမဆုံးခင်မှာပင် ယဲ့ချန်းက နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် ယဲ့ချန်းက မရပ်တန့်ပါဘဲ လဲ့မင်၏မျက်နှာကို ဘယ်ပြန်ညာပြန် ဆယ်ချက်ကျော်ခန့် ရိုက်ချလိုက်သည်။

လဲ့မင်ခမျာ ထိုရိုက်ချက်များကြောင့် ကြက်သေသေသွားသည်။

ပြီးသွားသောအခါ ယဲ့ချန်း လက်ခါယမ်းလိုက်၏။

"ငါ မင်းကိုရိုက်လိုက်တာ ဘာဖြစ်လဲ။ ဘာလုပ်ချင်လဲ"

ထန်ရှောင်ဖေးခမျာ အကြောင်သားဖြစ်သွားလေသည်။

ယဲ့ချန်းက သူ(မ)အတွက်နှင့် သူဌေးသားတစ်ယောက်နှင့် ရန်ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ သူ(မ)၏ရင်ထဲ လှုပ်ရှားသွားရသည်။

သို့သော် စိတ်လည်းပူမိသည်။

ဤသို့သော လူတစ်ယောက်က နောက်ခံတောင့်တင်းမှုရှိပေလိမ့်မည်။ ယဲ့ချန်းက သူ့ကို ရိုက်နှက်လိုက်သေးသည်ဖြစ်ရာ တစ်ဖက်လူကလည်း သူ့ကို ချမ်းသာပေးမည်မဟုတ်ပေ။

လဲ့မင်လည်း အံတင်းတင်းကြိတ်၍ ခပ်ကြမ်းကြမ်းစကားများကို ပြောလိုက်ချင်ပါသော်ငြား ယဲ့ချန်း၏ အေးတိအေးစက်အကြည့်ကို မြင်သောအခါ ချက်ချင်းရပ်တန့်လိုက်မိသည်။

ယဲ့ချန်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အေးစက်မှုတစ်ဖုံကိုပင် ခံစားမိသည်။

လဲ့မင်သည် ငယ်စဉ်ကတည်းက ဤသို့အတင့်ရဲလှသော လူတစ်ယောက်ကို မကြုံဖူးပေ။ ဤလူမှာ သူ့သရုပ်မှန်ကို သိသည့်တိုင် သူ့ကိုရိုက်ရဲပေသည်။

ထန်ရှောင်ဖေးက ယဲ့ချန်းကိုကြည့်ရင်း ငေးမောနေမိတော့သည်။

အစောက ယဲ့ချန်း၏ပုံစံမှာ အလွန်ကြည့်ကောင်းလှသည်။ သူ(မ) အလိုအပ်ဆုံးအချိန်တွင် ရောက်ချလာသည့် သူရဲကောင်းတစ်ယောက်အလားပင်။

ယခင်က ထန်ရှောင်ဖေးမှာ ယဲ့ချန်းကို သဘောကျရုံသာ ကျခဲ့သည်။ သို့သော် ယခုမူ သူ့အပေါ်ထားသော သူ(မ)၏ခံစားချက်များမှာ ပိုခိုင်မာသွားလေသည်။

"ကဲ သွားကြရအောင်"

ယဲ့ချန်းက တည်ငြိမ်စွာ စကားဆိုလာလေသည်။

ထန်ရှောင်ဖေးမှာမူ စိုးရိမ်ပူပန်လေဟန်ဖြင့် လဲ့မင်ကို လှမ်းကြည့်လိုက်သည်။

ယဲ့ချန်းကတော့ ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ သူ့အဖေက ဘယ်သူပဲဖြစ်ဖြစ် ကြောက်စရာမရှိပါဘူး။ ကိုယ်ရှိတယ်"

ယခုဆိုလျှင် ဟွားနိုင်ငံ၏ စီးပွားရေးလောကအတွင်း၌ ယဲ့ချန်း၏အာဏာမှာ ထိပ်တန်းသုံးယောက်စာရင်းဝင်ဖြစ်၏။ လဲ့မင်၏အဖေက မည်မျှအင်အားကြီးသည်ဖြစ်စေ ဟွားနိုင်ငံ၏ အချမ်းသာဆုံးလူတော့ မဖြစ်နိုင်ဘူးမဟုတ်လား။

အကယ်၍ ထိုလူက ဟွားနိုင်ငံ၏ အချမ်းသာဆုံးလူ ဖြစ်နေခဲ့လျှင်ပင် ယဲ့ချန်းကတော့ ဂရုစိုက်မည်မဟုတ်ပေ။

အဆိပ်ပြင်းလှသော လဲ့မင်၏အကြည့်ကို စိုက်ကြည့်ပြီးမှ သူတို့ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

လဲ့မင်ခမျာ ဒေါသထွက်နေပါသော်ငြား ပြန်မတိုက်ခိုက်နိုင်ပေ။ ထပ်ပြောနေလည်း အရိုက်ခံရရုံသာရှိမည်ဖြစ်ကြောင်း သိနေသဖြင့် မွန်းကျပ်စွာဖြင့် အံတင်းတင်းကြိတ်ထားလိုက်ရသည်။

အဝင်ဝသို့ ရောက်သောအခါ ထန်ရှောင်ဖေးက ငွေရှင်းရန် ပြင်လိုက်ချိန်မှာပင် ယဲ့ချန်းက တဟားဟားရယ်သည်။

"ကိုယ် ရှင်းပေးထားပြီးပြီ"

"မဖြစ်ဘူးလေ။ ကျွန်မ ညစာဝယ်ကျွေးမယ်လို့ ပြောထားတာကို"

ယဲ့ချန်းက ရယ်၏။

"ကိုယ်တို့ကြားမှာ အခုလိုခွဲခြားနေစရာလိုလို့လား"

ယဲ့ချန်း၏စကားကြောင့် ထန်ရှောင်ဖေး၏မျက်နှာကား အနည်းငယ်နီမြန်းသွားသည်။

သူ့စကားများက ဟိုမရောက်သည်မရောက်ဖြစ်နေကြောင်း ယဲ့ချန်း ခံစားမိသည်။ သို့သော် ထန်ရှောင်ဖေး၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို မြင်သောအခါ ရှင်းမပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထန်ရှောင်ဖေးက တခစ်ခစ်ရယ်လိုက်၏။

"ညစာက အရမ်းစားလို့ကောင်းတာပဲ။ စိတ်ရှုပ်ဖို့ကောင်းတဲ့ အဲဒီလူကြောင့်သာမဟုတ်ရင် ပိုပြည့်စုံသွားမှာ"

ဝင်ပေါက်နားသို့ ရောက်သောအခါ ထန်ရှောင်ဖေးက ရုတ်တရက်ထပြောလေသည်။

"ယဲ့ချန်း.. ကျွန်မနဲ့အတူ ရုပ်ရှင်ကြည့်မလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ကြည့်မယ်လေ"

ထန်ရှောင်ဖေးခမျာ အလွန်ဝမ်းသာသွားသည်။

"ကောင်းတာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်မပဲ ငွေရှင်းမယ်နော်"

ယဲ့ချန်းလည်း ခေါင်းအသာညိတ်ပြလိုက်သည်။

"ရတယ်လေ"

ထန်ရှောင်ဖေးလည်း ရုပ်ရှင်လက်မှတ်မှာရန်အတွက် သူ(မ)၏ဖုန်းကို သုံးလိုက်၏။

ထိုရုပ်ရှင်မှာ သုန်းရှောင်ယာပါဝင်သရုပ်ဆောင်ထားသည့် အချစ်ဇာတ်လမ်းပင်။

သုန်းရှောင်ယာ၏အလုပ်အကိုင်လမ်းကြောင်းမှာ ပိုကောင်းမွန်သွားလေပြီ။

သူတို့နှစ်ယောက်သား ရုပ်ရှင်လက်မှတ်နှစ်စောင်ဝယ်လိုက်ကြသည်။ ထိုင်ခုံနေရာမှာ အနောက်နားသို့ ကျလွန်းသည်။

သူတို့က ရုပ်ရှင်ချိန်နီးမှ ကပ်ဝယ်လိုက်သည်ဖြစ်ရာ နေရာကောင်းတော့ ရနိုင်မည်မဟုတ်ပေ။

"ယဲ့ချန်း.. ဒီထိုင်ခုံနေရာတွေက သိပ်မကောင်းဘူးနော်"

"ရပါတယ်။ ဒီနေရာက ဒဏ္ဍာရီလာအကျော်အမော်နေရာလို့ ထင်တာပဲ"

"ဟင်"

ထန်ရှောင်ဖေးခမျာ ခဏမျှကြောင်အသွားသည်။

ယဲ့ချန်းကမူ မှတ်ချက်မပေးဘဲ ပြုံးလိုက်သည်။

ဤနေရာက ပိုတိတ်ဆိတ်သဖြင့် ရုပ်ရှင်လည်း ကောင်းကောင်းကြည့်ရပြီး...

သို့သော် အတွေ့အကြုံရှိသူများသာ ဤအကြောင်းကို နားလည်ပေလိမ့်မည်။ ထန်ရှောင်ဖေးကဲ့သို့ ဖြူစင်သော မိန်းကလေးများကတော့ သိမည်မဟုတ်ပေ။

ဤရုပ်ရှင်က ကွဲကွာသွားသော ကောလိပ်ချစ်သူစုံတွဲနှစ်ယောက် ပြန်လည်ဆုံဆည်းကြသည့် အချစ်ဇာတ်လမ်းပင်။

အလယ်ပိုင်းတွင် အရှုပ်အထွေးတချို့ကြောင့် သူတို့ လမ်းခွဲခဲ့ကြသဖြင့် ထန်ရှောင်ဖေးမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် ငိုလိုက်သေးသည်။

သုန်းရှောင်ယာ၏ သရုပ်ဆောင်စွမ်းရည်က အများကြီးတိုးတက်လာကြောင်း ငြင်းမရနိုင်ပေ။

ယဲ့ချန်းမှာမူ သူ့လက်မောင်း စိုစွတ်ပြီး အေးစက်လာကြောင်း ခံစားလိုက်ရသည်။

ထန်ရှောင်ဖေးကလည်း တောင်းပန်လေသည်။

"ရှင့်လက်မောင်းတွေ စိုကုန်ပြီ။ တောင်းပန်ပါတယ်"

ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။

"ဟားဟား ရပါတယ်။ နေလို့ကောင်းတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ရှောင်ဖေး ရှက်သွေးဖြာသွားလေသည်။

သဘောကျသည့် လူတစ်ယောက်နှင့် ရုပ်ရှင်ကြည့်ရခြင်းမှာ မိန်းကလေးတိုင်းအတွက် အလွန်ပျော်ဖို့ကောင်းသော အခိုက်အတန့်လေးပင်။

"ယဲ့ချန်း.. အဲဒီကောင်မလေးက သူ့အနားမှာ အမြဲရှိနေပေးတဲ့ အမျိုးသားတစ်ယောက်ကြောင့် အရမ်းပျော်နေတာနော်"

"ဒါပေါ့။ ဒါက အချစ်ပဲလေ။ အသက်ကြီးတဲ့အထိ အနားမှာအတူရှိနေပေးတာက ပျော်ဖို့အကောင်းဆုံးပဲ"

"ကျွန်မလည်း အဲဒီလိုအချစ်မျိုး လိုချင်လိုက်တာ"

ထန်ရှောင်ဖေးက မျှော်လင့်တောင့်တလေဟန်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်းကလည်း ထန်ရှောင်ဖေးကို ငဲ့ကြည့်၍ စနောက်လိုက်သည်။

"မင်းအတွက် နည်းနည်းတော့ခက်ခဲလိမ့်မယ်"

ထန်ရှောင်ဖေးကလည်း ပြန်မေးသည်။

"ဘာလို့လဲ"

ယဲ့ချန်းက ရယ်လိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက အရမ်းရိုးအလွန်းတော့ လှည့်စားခံရနိုင်တယ်"

"လူဆိုးကောင်"

ထန်ရှောင်ဖေးက ယဲ့ချန်းကို သူ(မ)၏လက်သီးဆုပ်သေးသေးလေးများဖြင့် ထုလိုက်သည်။

သူတို့၏အပြန်အလှန်ဆက်ဆံပုံများမှာ ချိုမြိန်သာယာသော စုံတွဲတစ်တွဲအလားပင်။

••••••••••••••

အပိုင်း ၄၂၅ : ကံဆိုးမိုးမှောင်ကျခြင်း

သူတို့နှစ်ယောက်သား ခဏကြာသည်အထိ စကားစမြည်ပြောပြီးနောက် ရုပ်ရှင်ဆက်ကြည့်ကြသည်။

ထန်ရှောင်ဖေးက ရုတ်တရက် ပြောလိုက်၏။

"ယဲ့ချန်း... ကျွန်မ ရှင့်ပခုံးကို ခဏလောက်မှီထားလို့ရမလား"

ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။

"ရတာပေါ့။ စိတ်ကြိုက်သာမှီ။ တက္ကစီထဲမှာထိုင်နေရတာ အားသွင်းဖို့အတွက် ဒါက အပိုဆုပဲလေ"

ထန်ရှောင်ဖေး၏ မျက်နှာလှလှလေးမှာ ရှက်သွေးဖြာပြီး နီမြန်းသွားရသည်။

'ဒီငတုံးက ငါ့ခံစားချက်ကို တကယ်သတိမထားမိတာလား'

အမှန်တော့ ယဲ့ချန်းက ငတုံးမဟုတ်ပေ။ ထန်ရှောင်ဖေး၏ခံစားချက်ကို သူ ကောင်းကောင်းသိသည်။

သို့သော် ယဲ့ချန်း၏ဘေးနားတွင် မိန်းကလေးများစွာ ရှိနေပြီးသားဖြစ်သဖြင့် ထန်ရှောင်ဖေးကို မနာကျင်စေချင်ပေ။

ထန်ရှောင်ဖေးက အလွန်လှပသလို ဖြူလည်း ဖြူစင်သည်။ သူတို့နှစ်ယောက်အတွက်မူ သူငယ်ချင်းအဖြစ် ဆက်ရှိနေရုံမျှဖြင့် လုံလောက်ပြီဖြစ်၏။

ယဲ့ချန်း၏ပခုံးပေါ်သို့ မှီတွယ်လိုက်သည့်အခါထန်ရှောင်ဖေး၏ ရင်ခုန်သံများမှာ တဒိတ်ဒိတ်ခုန်လှုပ်လာသည်။

ယောကျ်ားတစ်ယောက်ကို ယခုလိုမှီတွယ်ထားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ရင်မခုန်ဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

ဤနေရာက ထူးခြားလှသောနေရာဟု ယဲ့ချန်း ဘာကြောင့်ပြောရသလဲဆိုသည်ကို ယခုမှသာ သူ(မ) နားလည်တော့သည်။

ထောင့်နားတွင် ထိုင်နေရသဖြင့် မည်သူကမှ သူတို့ကို သတိထားမိမည်မဟုတ်ပေ။

ယဲ့ချန်း၏ ကိုယ်ငွေ့နွေးနွေးကို ခံစားမိသလို အသက်ရှူသံကိုပင် ခံစားနေရသည်။

ဤခံစားချက်က အလွန်ကောင်းလွန်းလှသဖြင့် ထာဝရတည်မြဲနေစေချင်မိသည်။

ကံမကောင်းစွာဖြင့် ရုပ်ရှင်က မြန်မြန်ဆန်ဆန် ပြီးသွားခဲ့ပြီး ထန်ရှောင်ဖေးလည်း ယဲ့ချန်း၏ ပခုံးပေါ်မှ မခွာချင်ခွာချင်ဖြင့် ထလိုက်ရသည်။

ရုပ်ရှင်က ဘာကြောင့်ပိုမရှည်ရလေသလဲဟု စိတ်ထဲကပင် အပြစ်တင်နေမိသေးသည်။

"ကဲ... မိုးချုပ်နေပြီ။ မင်းကို ပြန်လိုက်ပို့ပေးမယ်"

ထန်ရှောင်ဖေးလည်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ယဲ့ချန်း၏ ကျီလိကားလေးမှာ ရုပ်ရှင်ရုံအဝင်ဝသို့ ရောက်နေပြီဖြစ်၏။

ယဲ့ချန်းက ထန်ရှောင်ဖေးကို အဆောင်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။

အဆောင်ရှေ့သို့ ရောက်သောအခါ ထန်ရှောင်ဖေး၏ မျက်နှာလေးမှာ တစ်ဖန်နီမြန်းလာပြန်သည်။

"ယဲ့ချန်း... ဒီညနေခင်းလေးကို ပျော်ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်းက နူးညံ့စွာ ပြုံးလိုက်၏။

"ဟားဟား ရပါတယ်။ နောက်လည်း အပြင်သွားချင်ရင် ဖုန်းဆက်လိုက်လေ"

ထန်ရှောင်ဖေးကလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်ကို ရရှိလိုက်တဲ့အတွက် ကံဆိုးမိုးမှောင်ကတ်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

"ဒီကတ်ကို အသုံးပြုလိုသူဆီမှာ ကပ်လိုက်ရင် အဲဒီလူလည်း သုံးရက်တိတိ ကံဆိုးမိုးမှောင်ကျနေမှာပါ"

ထိုအချိန်တွင် ထန်ရှောင်ဖေးလည်း သူ(မ)လက်က ယဲ့ချန်း၏လက်ကို အမှတ်တမဲ့ဆုပ်ကိုင်ထားမိကြောင်း သတိထားမိလိုက်သည်။

ထိုခံစားချက်မှာ ချစ်သူနှစ်ယောက် နှုတ်ဆက်နေကြသလိုမျိုးပင်။

ထိုအချိန်မှာပင် သူတို့နောက်တွင် ဗင်ကားတစ်စီး ရုတ်တရက်ရပ်တန့်သွားပြီး တုတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် လူမိုက်တချို့ ဆင်းလာကြသည်။

လဲ့မင်ကလည်း ဖာရာရီပြိုင်ကားတစ်စီးကို မောင်းနှင်လာပြီးနောက် ကားပေါ်က ဆင်းလာချေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထန်ရှောင်ဖေးခမျာ မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။

သို့သော် ယဲ့ချန်းကတော့ သူ့နောက်ရှိ လူများကို အထင်သေးလေဟန် အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်သည်။

"ရှောင်ဖေး... ကိုယ့်နောက်မှာပဲနေ စိတ်မပူနဲ့။ သူတို့က ယင်ကောင်တစ်သိုက်ပါပဲ"

လဲ့မင်က ယဲ့ချန်းနှင့် ထန်ရှောင်ဖေးကို အေးစက်ခက်ထန်စွာ စိုက်ကြည့်နေပေသည်။

"ဟေ့ကောင်...မင်းက ငါ့ကိုဒုက္ခပေးပြီး အေးအေးဆေးဆေး ရုပ်ရှင်ကြည့်နိုင်မယ်ထင်နေတာလား။ သေဖို့ပြင်ထားတော့။ ဒီနေ့ မင်းကို ငါအပြတ်ရှင်းပြမယ်။ ပြီးရင် ဒီကောင်မလေးကို ငါ ပျော်ပျော်ကြီးကစားပစ်ဦးမှာ"

လဲ့မင်က ရောင်ကိုင်းနေသည့် သူ့ပါးကို တို့ထိကြည့်ရင်း အမူအရာကား ပျက်ယွင်းနေပေသည်။

ယဲ့ချန်း၏ရိုက်ချက်ကြောင့် ချောမောခန့်ညားသော သူ့မျက်နှာမှာ ဝက်ခေါင်းနှယ် ဖူးရောင်နေပြီး လူကြားထဲ မထွက်ရဲလောက်အောင် ဖြစ်နေရသည်။

လဲ့မင်ခမျာ တစ်သက်နှင့်တစ်ကိုယ် ယခုလို အရှက်ခွဲမခံရဖူးပေ။ သူသည် စီးကရက်တိုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လူမိုက်များကို အမိန့်ပေးလိုက်သည်။

"သူ့ကို ဝိုင်းဖမ်းကြ။ ဒီကောင့်ခြေထောက်ကို ရိုက်ချိုးလိုက်စမ်း။ မင်းတို့တစ်ယောက်ချင်းစီကို ဒေါ်လာတစ်သောင်းစီ ဆုချမယ်။ အဲ့ဒီမိန်းမကိုတော့ ကားပေါ်မှာ ကြိုးတုပ်ထားလိုက်။ ငါ သူ့ကို ကောင်းကောင်းပညာပေးဦးမယ်"

ဒေါ်လာတစ်သောင်း ဆုချမည်ဟူသော စကားကို ကြားလိုက်ရသောအခါ လူမိုက်များ၏ မျက်လုံးများမှာ အရောင်တောက်သွားချေသည်။

လူတစ်ယောက်၏ခြေထောက်ကို ရိုက်ချိုးရုံမျှဖြင့် တစ်သောင်းရမည်ဆိုခြင်းမှာ တန်လွန်းလှသည်။

လူမိုက်တစ်သိုက်မှာ ရက်စက်ယုတ်မာစွာ ပြုံးလိုက်ကြပြီး ယဲ့ချန်းဆီသို့ တိုးလာကြသည်။

"ယဲ့ချန်း... ဘယ်လိုလုပ်မလဲ။ သူတို့ကိုကြည့်ရတာ အရမ်းကြောက်စရာကောင်းတယ်။ အဲ့ဒီလူကို တောင်းပန်ကြည့်ရင် ရှင့်ကို လွှတ်ပေးမလားမသိဘူး"

"ဒီငတုံးမလေးကတော့... စိတ်မပူပါနဲ့။ ကိုယ်ရှိတယ်"

ထန်ရှောင်ဖေးမှာ ယခုလိုအဖြစ်မျိုးနှင့် လုံးဝမကြုံဖူးသဖြင့် ကြောက်လန့်ပြီး တောင့်တောင့်ကြီး ဖြစ်နေရှာသည်။

ယဲ့ချန်းကတော့ ပြုံးရုံသာပြုံးပြပြီး ထန်ရှောင်ဖေးကို သူ့နောက်တွင် ကာကွယ်ထားလိုက်သည်။

သူ အန္တရာယ်ကင်းစေရန်အတွက် ကိုယ်တိုင် အနစ်နာခံဖို့အထိ ပြောလာသော ထန်ရှောင်ဖေး၏စကားကြောင့် ယဲ့ချန်း စိတ်လှုပ်ရှားသွားရသည်။

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"စိတ်မပူနဲ့။ သူတို့က ယင်ကောင်လေးတစ်သိုက်ပါ။ စိုးရိမ်စရာမရှိပါဘူး"

ထို့နောက် ယဲ့ချန်း၏အမူအရာကား အေးစက်သွားပြီး သံတုတ်ကိုယ်စီကိုင်ထားသော လူမိုက်များဆီသို့ လျှောက်သွားချေသည်။

ယဲ့ချန်း အလွန်စိတ်ပျက်သွားသည်။ အစောပိုင်းက အခြေအနေကောင်းနေသည်ကို ဤကောင်တစ်သိုက်က ဖျက်ဆီးပစ်လိုက်သည်။

သူ ပိုးပန်းနေသည်ကို လာနှောင့်ယှက်ခြင်းမှာ ခွင့်မလွှတ်နိုင်စရာပင်။

လူမိုက်ခေါင်းဆောင်က အော်ပြောလိုက်သည်။

"ကဲ... ချီတက်ကြစို့။ သခင်လေးလဲ့မင်က နောက်မှ ငါတို့ကို ပိုက်ဆံပေးလိမ့်မယ်"

လူမိုက်များမှာ ထိုသို့အော်ဟစ်ရင်း ရှေ့သို့ ပြေးတက်လာပြီး ယဲ့ချန်းကို ချုပ်နှောင်ကာ ခြေထောက်ကို ရိုက်ချိုးရန် ကြိုးစားကြသည်။

ယဲ့ချန်း၏ခြေထောက်မှာ ဒေါ်လာတစ်သောင်း တန်နေသည်မဟုတ်လား။

သို့သော် ယဲ့ချန်းက သူတို့ကို အခွင့်အရေးမပေးချေ။ သူက လက်တစ်ဖက်တည်းဖြင့် လူမိုက်တစ်ယောက်၏ လက်ထဲရှိ သံတုတ်ကို လှမ်းဖမ်းလိုက်သည်။

ထိုလူမိုက်မှာ ပြင်းထန်လှသော အင်အားတစ်ရပ်ကို ခံစားလိုက်ရပြီး သူ့လက်ထဲရှိ သံတုတ်ကလည်း ထိန်းချုပ်၍မရနိုင်တော့ဘဲ အလုခံလိုက်ရတော့သည်။

သံတုတ်ရသွားသည့်အခါ ယဲ့ချန်းက ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပြီး တုတ်ကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းကြုတ်ရက်စက်သော လူမိုက်များမှာ ရိုက်နှက်ခံရပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေကြရသည်။

ယဲ့ချန်းလည်း သံတုတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ထွက်သွားကြစမ်း"

ယဲ့ချန်းက လူမိုက်ခေါင်းဆောင်ကို ဖမ်းဆွဲကာ ဗိုက်ကို အားပြင်းပြင်းကန်ချလိုက်သည်။

ထိုလူမိုက်မှာ အနောက်သို့ လွင့်စင်ကာ ခုနစ်မီတာရှစ်မီတာခန့်အထိ လိမ့်ထွက်သွားပြီး သည်းခြေရည်တွေ ထွက်လာသည်အထိ အန်နေတော့သည်။

မျက်နှာဖြူရော်နေသော ထိုလူမိုက်များမှာ ယဲ့ချန်းက ဤမျှအထိ တော်လိမ့်မည်ဟု ထင်မထားပေ။

ယဲ့ချန်း တိုက်ခိုက်နေသည်ကို မြင်သောအခါ ထန်ရှောင်ဖေးလည်း အစပိုင်းတွင် စိုးရိမ်ခဲ့သေးသည်။

သို့သော် လူမိုက်များကို အလွယ်တကူနှိမ်နင်းနေသော ယဲ့ချန်းကို မြင်သောအခါ သူ(မ)၏ မျက်လုံးများကား အရောင်တောက်လာလေသည်။

ဤသည်မှာ သူ(မ)လိုချင်သည့် ယောကျ်ားမျိုးပင်။

ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိရုံသာမက သူ(မ)ကိုလည်း ကာကွယ်ပေးနိုင်သည့် ဤကဲ့သို့သော ယောကျ်ားမျိုးမှာ စင်စစ်ပြည့်စုံလွန်းလှသည်။

လူမိုက်တစ်သိုက်မှာ ယဲ့ချန်းကို မယှဉ်နိုင်မှန်း သိသွားသောအခါ ဒေါ်လာတစ်သောင်းဆုကြေးကို မမက်မောရဲတော့ဘဲ ဒဏ်ရာအပြင်းအထန်ရသွားသည့် သူတို့၏ခေါင်းဆောင်ကို တွဲကူကာ ထွက်ပြေးသွားကြလေတော့သည်။

လဲ့မင်မှာမူ ကြောင်တောင်တောင်ကြီး ကျန်ရစ်ခဲ့သည်။

အစတုန်းက လူဆယ်ယောက်လောက် ခေါ်လာလိုက်လျှင် အေးအေးဆေးဆေး နှိမ်နင်းနိုင်မည်ဟု သူ ထင်ခဲ့မိသည်။

ဤလူတစ်သိုက်က အပြောသာရှိပြီး လက်တွေ့ကြုံလာသည့်အခါတွင်မူ အသုံးမကျဘဲရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

လဲ့မင်မှာ လှည့်ပြေးရန် ပြင်လိုက်သည်။ ယဲ့ချန်း၏တိုက်ခိုက်ရေးစွမ်းရည်ကို မြင်ထားပြီးဖြစ်လေရာ သူ့ကိုမယှဉ်နိုင်ကြောင်း သိလိုက်သည်။

သို့သော် သူ ကားတံခါးဆီသို့ ပြေးတော့မည့်ဆဲဆဲမှာပင် အင်္ကျီကော်လံမှ ဆောင့်ဆွဲခံလိုက်ရသည်။

"ပြေးမလို့လား။ မင်းက ဘယ်ပြေးမလို့လဲ"

အစတုန်းကတော့ ယဲ့ချန်းလည်း လဲ့မင်လို အရေးမပါသည့်လူတစ်ယောက်အတွက်နှင့် စိတ်ရှုပ်မခံချင်ခဲ့ပေ။ သူဘက်ကသာ ပြဿနာမရှာခဲ့လျှင် ဤကိစ္စကိုလည်း လျှော်ပစ်လိုက်မည်သာ။

သို့သော် ဤလူက ပြဿနာရှာရန် ဆုံးဖြတ်ထားသဖြင့် ယဲ့ချန်းလည်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ရတော့သည်။

လဲ့မင်လည်း အေးစက်ခက်ထန်လှသော ယဲ့ချန်း၏မျက်လုံးကို မြင်သောအခါ အမူအရာကား သိသိသာသာပျက်ယွင်းသွားသည်။

ထိုအချိန်တွင် သူ တကယ်ကြောက်ရွံ့နေမိသည်။

"အစ်ကိုကြီး... ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"

"မှားသွားတယ်ပေါ့။ ငါ မင်းကို အခွင့်အရေးတစ်ကြိမ်ပေးခဲ့တယ်လေ။ ဒါပေမဲ့ မင်းက မင်းလူတွေကို ခေါ်လာပြီး ငါ့ခြေထောက်ကို ရိုက်ချိုးချင်ခဲ့တာလေ"

"သတိမမူဂူမမြင်ခဲ့မိလို့ပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"

ယဲ့ချန်းလည်း သရော်ပြုံးပြုံးလိုက်လေသည်။

"ထားလိုက်တော့။ မင်းကိုယ်တိုင် ငါ့ဆီကိုရောက်လာတာဆိုတော့ ငါ မင်းကို နှုတ်ဆက်လက်ဆောင်လေး ပေးလိုက်ရမှာပေါ့"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကံဆိုးမိုးမှောင်ကတ်တစ်ကတ်ကို ထုတ်ယူလိုက်သည်။

ယဲ့ချန်းကလွဲလျှင် ထိုကံဆိုးမိုးမှောင်ကတ်ကို မည်သူကမှ မမြင်ရပေ။ သူလည်း ထိုကတ်ဖြင့် လဲ့မင်၏မျက်နှာကို ရိုက်ချလိုက်သည်။

ရုတ်ခြည်းပင် လဲ့မင်၏ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအင်များက စီးဝင်သွားလေသည်။

လဲ့မင်၏ခန္ဓာကိုယ်က ရုတ်ခြည်းဆိုသလို အနက်ရောင်ကိုယ်ရောင်ကိုယ်ဝါတစ်ခုကို ထုတ်လွှတ်လေတော့သည်။

ဤသည်မှာ ကံဆိုးခြင်းများဖြစ်ကြောင်း ယဲ့ချန်း နားလည်သည်။

ဤအနက်ရောင်ကိုယ်ရောင်ကိုယ်ဝါက ပျောက်ကွယ်ရန် သုံးရက်ခန့် အချိန်ယူရသည်။ အဓိပ္ပာယ်ကား ထိုသုံးရက်အတွင်း လဲ့မင် ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။

ယဲ့ချန်းလည်း လဲ့မင်ကို ထပ်ခါတလဲလဲဆောင့်ကန်ပြီး စနောက်လိုက်သည်။

"ဟေ့ကောင်... ကံကောင်းပါစေကွာ"

ထို့နောက် ယဲ့ချန်းလည်း ထန်ရှောင်ဖေးကို ကျောင်းသို့ပြန်ပို့ပေးပြီး ကားဖြင့် ပြန်ထွက်လာခဲ့လိုက်သည်။

လဲ့မင်မှာမူ သက်ပြင်းအရှည်ကြီးချပြီး ယဲ့ချန်း၏ကားနောက်မီးကို လှမ်းကြည့်ရင်း မျက်လုံးထဲတွင် မလိုတမာအရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ဟေ့ကောင် ဒီကိစ္စက မပြီးသေးဘူးကွ"

ထိုအချိန်မှာပင် ပန်းအိုးတစ်လုံးက အပေါ်က ရုတ်တရက်ပြုတ်ကျလာပြီး သူ့ခေါင်းပေါ်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျလာသည်။

ကံဆိုးမိုးမှောင်ကတ်ကား အာနိသင်ပြလာလေပြီ။

•••••••••••••••••••

အပိုင်း ၄၂၆ : ဇိမ်ခံရွက်လှေ

ပန်းအိုးက လဲ့မင်၏ခေါင်းပေါ်သို့ တည့်တည့်ပြုတ်ကျလာခြင်းပင်။

"သေစမ်း.. ဒါက ဘယ်ကပန်းအိုးလဲကွ"

လဲ့မင်လည်း အပေါ်သို့ မော့ကြည့်ရင်း ဆဲရေးလိုက်သည်။

သို့သော် သူ မည်မျှဆဲဆဲ ဘာတုံ့ပြန်မှုမှမရှိပေ။

စင်စစ်ကံဆိုးလှပေသည်။

လဲ့မင်၏ခေါင်းနှင့် မျက်နှာတစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားလေသည်။

သူ့မျက်နှာထက်ရှိ သွေးများမှာ ယဲ့ချန်း၏ရိုက်ချက်ကြောင့် ရထားခြင်းဖြစ်ပြီး ခေါင်းပေါ်က သွေးများမှာမူ သူ့ပေါ်သို့ ပြုတ်ကျလာသော ပန်းအိုးကြောင့် ရခြင်းပင်။

ကားစက်နှိုးလိုက်သောအခါ ကားက တဖျစ်ဖျစ်မြည်နေချေသည်။ ကားက ကိုင်ဆောင့်လိုက်သလိုဖြစ်သွားကြောင်း ခံစားလိုက်ရသည်။

ကားတာယာဖိအားကြောင့် တာယာပေါက်သွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

သေစမ်း...

လဲ့မင်လည်း ကားပေါ်က ပြန်ဆင်းလာလိုက်သည်။ သူ့ခြေထောက် မြေကြီးပေါ်သို့ ချလိုက်ချိန်မှာပင် ပြင်းထန်လှသော နာကျင်မှုတစ်ခု ပေါ်ပေါက်လာသည်။

သံမှိုတစ်ချောင်းက သူ့ခြေထောက်ကို ထိုးဖောက်နေခြင်းပင်။

သွေးများကြောင့် ခြေထောက်တစ်ခုလုံး ရွှဲရွှဲစိုသွားလေသည်။

လဲ့မင်ခမျာ အံတင်းတင်းကြိတ်၍ သံမှိုကို ဆွဲနှုတ်လိုက်ချိန်မှာပင် ကားတစ်စီးက အရှိန်ဖြင့် ဖြတ်မောင်းသွားသည်။

မြေကြီးပေါ်ရှိ ရေအိုင်ကြောင့် လဲ့မင်၏ခန္ဓာကိုယ်တစ်ခုလုံး ရေစင်သွားချေသည်။

ဖြူဖွေးသန့်ပြန့်နေသော သူ့ရှပ်အင်္ကျီမှာ ရွှံ့ရေများ ပေပွကုန်တော့သည်။

လဲ့မင်မှာ ယခင်တုန်းက ခြေကျင်လမ်းလျှောက်သူများကို တမင်တကာရေစင်အောင် မောင်းခဲ့ဖူးသည်။ ယနေ့တွင်မူ သူကိုယ်တိုင် ရေစင်ခဲ့ရသည်။

"ကားကို ကောင်းကောင်းမမောင်းတတ်ဘူးလားကွ"

လဲ့မင်မှာ ဆဲရေးတိုင်းထွာပြီးနောက် ဆေးရုံသွားရန် တက္ကစီငှားလိုက်သည်။

သို့သော် စိတ်ပျက်ဖို့ကောင်းလောက်အောင်ပင် လမ်းပေါ်တွင် ကားတစ်စီးမှမရှိပေ။

သူ့ကားနားသို့ ပြန်သွားရန် ပြင်လိုက်ပါသော်ငြား ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက်မှာပင် ငှက်ပျောသီးခွံကို တက်နင်းမိသဖြင့် ချော်လဲလေတော့သည်။

သူ့ဘေးနားတွင် အမှိုက်ပုံကြီးတစ်ပုံရှိသဖြင့် သူ့ပေါ်သို့ အမှိုက်များ ပုံကျလာချေသည်။

…

မိနစ်ပိုင်းအကြာတွင် လဲ့မင်ခမျာ မြေကြီးပေါ်သို့ ခွန်အားကင်းမဲ့စွာ ထိုင်ချလိုက်သည်။

အမှိုက်များကြားတွင် သေလောက်အောင်နံစော်နေသဖြင့် သူ့ပတ်ပတ်လည်တွင် ယင်ကောင်များ ဝိုင်းနေတော့သည်။

ဖြတ်သွားဖြတ်လာများကလည်း သူ့ကို အထင်သေးဟန်ဖြင့်ကြည့်၍ ခပ်လှမ်းလှမ်းမှ ရှောင်ကွင်းသွားကြသည်။

လဲ့မင်မှာ အော်ငိုမတတ်ပင်။

ဤသည်မှာ အလွန်ကံဆိုးလွန်းလှသည်။

ယဲ့ချန်း ထွက်မသွားခင် နှုတ်ဆက်သွားသည့်စကားကို သူ ရုတ်တရက်အမှတ်ရလိုက်သည်။

ကံကောင်းပါစေတဲ့...

ထို့ပြင် သူ့အပြုံးကလည်း မူမမှန်ချေ။

ယဲ့ချန်းများ သူ့ကို ကျိန်စာတိုက်လိုက်လေသလား။

ထိုအချိန်မှာပင် လမ်းဘေးခွေးတစ်အုပ်က အနားသို့ ပြေးလာလေသည်။

ဤလမ်းဘေးခွေးများက အမှိုက်ပုံကို မွှေနှောက်နေကျဖြစ်သော်ငြား ယနေ့တွင်မူ သူတို့နယ်မြေကို လူတစ်ယောက်က ကျူးကျော်ထားကြောင်း မြင်လိုက်ရ၏။

ရှေ့ဆုံးက ဦးဆောင်လာသော ခွေးက မာန်ဖီလိုက်သောအခါ အုပ်စုလိုက် သူ့ကို ခုန်အုပ်ကြတော့သည်။

လဲ့မင်၏ဖိနပ်နှစ်ဖက်စလုံး ကိုက်ဖြဲခံလိုက်ရပြီး ဘောင်းဘီများလည်း စုတ်ပြဲသွားသည်။ ထို့ပြင် မှန်ကွဲစများအပေါ် တက်နင်းမိသဖြင့် ခြေထောက်တွင် သွေးတရွှဲရွှဲဖြစ်နေလေတော့သည်။

မြေကြီးပေါ်တွင် လူးလိမ့်ရင် လဲ့မင်ခမျာ အသက်ကို အမောတကောရှူရှိုက်လိုက်ရသည်။

ကံဆိုးမိုးမှောင်ကျနေသလို ခံစားရသည်။ သူ ဘာလုပ်လုပ် အမြဲကံဆိုးနေတော့သည်။

လဲ့မင်မှာ ငယ်စဉ်ကတည်းက သန့်ရှင်းသပ်ရပ်စွာ နေတတ်ခဲ့သူပင်။ ယခုမူ စုတ်ပဲ့လှသော ဤအခြေအနေကြောင့် ရူးတော့မလို ခံစားရသည်။

ဘာတွေဖြစ်နေတာလဲ...

ငါ ဘာလို့ တအားကံဆိုးနေတာလဲ...

ယခုအချိန်တွင် လဲ့မင်တစ်ယောက် သေခြင်းတရားထက် ပိုဆိုးသလို ခံစားရသည်။ ဤညှဉ်းပန်းနှိပ်စက်မှုမှာ သည်းခံ၍မရနိုင်ပေ။

"အဖေ.. ကျွန်တော့်ကို လာကယ်ပါဦး"

လဲ့မင်လည်း ဖုန်းထုတ်၍ သူ့အဖေကို ဖုန်းဆက်လိုက်သော်ငြား တစ်ဖက်က သူ့အဖေ၏အသံက ဆီးကြိုလေသည်။

"မင်းကိုကယ်ရမယ် ဟုတ်လား။ ပြီးခဲ့တဲ့နှစ်တွေတုန်းက မင်း ဟိုကောင်မလေးကို တွန်းချခဲ့တဲ့ဗီဒီယိုကို သိတယ်မလား။ သူတို့က ရဲတိုင်လိုက်ပြီကွ။ မင်း ထွက်ပြေးတာပိုကောင်းမယ်။ တခြားနိုင်ငံကို ပြေးနိုင်သမျှ ပြေးပေတော့။ ငါ့ကုမ္ပဏီလည်း စစ်ဆေးခံနေရပြီ။ အခု မင်းဘာသာပဲ အားကိုးရတော့မှာ"

ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ လဲ့မင်မှာမူ လုံးဝပြိုလဲသွားရလေပြီ။

ငါ ဘာဖြစ်နေတာလဲ...

ယခုမူ လဲ့မင်မှာ လုံးဝကြောက်လန့်သွားသည်။

သိပ်မကြာခင်က ထိုမော်ဒယ်မလေးကို အနိုင်ကျင့်ခဲ့သဖြင့် သူ(မ) နိုးလာချိန်တွင် ရဲတိုင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အနားတွင် ဘယ်သူမှမရှိသဖြင့် သူလည်း သူ(မ)ကို ပြတင်းပေါက်မှ တွန်းချပစ်လိုက်သည်။

အပြစ်အနာအဆာကင်းကင်း သူ ဖြေရှင်းနိုင်ခဲ့သည်ဟု ထင်ထားပါသော်ငြား တစ်စုံတစ်ယောက်က ဗီဒီယိုရိုက်ယူသွားပေသည်။

လူသတ်မှုမှာ ဟွားနိုင်ငံမှာ ကြီးလေးသောပြစ်မှုတစ်ခုဖြစ်၏။ ဖမ်းမိပါက သေချာပေါက် သေဒဏ်ပေးခံရမည်သာ။

လဲ့မင်မှာ ထွက်ပြေးချင်ပါသော်ငြား မတ်တတ်ရပ်လိုက်ချိန်မှာပင် ကြွက်ထောင်ချောက်ကို တက်နင်းမိလေသည်။

သေစမ်း.. လမ်းပေါ်မှာ ဘယ်လိုလုပ်ပြီး ကြွက်ထောင်ချောက်ရှိနေတာလဲ...

လဲ့မင်လည်း နာကျင်စွာ အော်ဟစ်လိုက်သည်။

ယခုမူ သူ လုံးဝကြောက်လန့်နေရလေပြီ။

အဆုံးတွင်မူ ယဲ့ချန်း၏စကားကို နားလည်လိုက်လေပြီ။

သူ့တစ်ကိုယ်လုံးမှာ အကြောက်တရားနှင့် နောင်တတရားတို့ကြောင့် တုန်ယင်နေတော့သည်။

ယဲ့ချန်းကို စော်ကားခဲ့မိသည့်အတွက် နောင်တရမိသည်။

ယခုအချိန်တွင်မူ သေခြင်းတရားထက်ပိုဆိုးသော ခံစားချက်မျိုးကို လဲ့မင် ခံစားနေရသည်။

ထိုအချိန်မှာပင် ရဲကားအချက်ပေးသံ ပဲ့တင်ထပ်လာလေသည်။

ရဲများကိုမြင်သောအခါ လဲ့မင်တစ်ယောက် စိတ်သက်သာရာရသွားသည်။

ရဲများက သူ့ကို လက်ထိပ်ခတ်ပြီး ရဲကားထဲသို့ သွင်းလိုက်သောအခါမှသာ လဲ့မင်တစ်ယောက် သက်မချလိုက်နိုင်သည်။

ရဲကားထဲမှာတော့ ကံမဆိုးလောက်ဘူးမလား...

သို့သော် ထိုင်ချလိုက်သည့်အချိန်မှာပင် အကျယ်ကြီးအော်လိုက်မိသည်။

ရဲအရာရှိလည်း အံ့အားသင့်သွားချေသည်။

"မင်းက ဘာလို့အော်နေတာလဲ"

"ကျွန်တော့်ဖင်.. ကျွန်တော့်ဖင်"

လဲ့မင်ခမျာ သူ့တင်ပါးကို တွန့်လိမ်တွန့်လိမ်လုပ်နေတော့သည်။

ရဲအရာရှိများလည်း အံ့အားသင့်သွားလေသည်။

"အာ... ခုံပေါ်မှာ အပ်တစ်ချောင်းက ဘယ်လိုလုပ်ပြီးရောက်နေတာလဲ"

လဲ့မင်ခမျာ အော်ဟစ်ငိုယိုရင်း အသနားခံလေတော့သည်။

"အရာရှိကြီး.. ကျွန်တော်က အပြစ်လုပ်ထားတဲ့လူပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သေဒဏ်ပေးလိုက်ပါ"

…

ထိုအချိန်တွင် လဲ့မင်တစ်ယောက် မည်မျှကံဆိုးနေသလဲဆိုသည်ကို ယဲ့ချန်းကတော့ မသိပေ။ သူသည် ခရီးသည်တစ်ယောက်ကို သွားကြိုလိုက်၏။

လူငယ်လေးတစ်ယောက်က ဖုန်းပြောရင်း ကားထဲသို့ဝင်လာလေသည်။

"စပ်တူကားငှားတယ်ဆိုတာက ဘာကြီးလဲ"

ဖုန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဥက္ကဋ္ဌဝေ့.. စပ်တူဆိုင်ကယ်ငှားခြင်းဆိုတာက ကျွန်တော်တို့အဖွဲ့ရဲ့ ပရောဂျက်အသစ်ပါ။ လူတွေ အခမဲ့ခရီးသွားလာနိုင်အောင် စီစဉ်ပေးထားတဲ့ ပရောဂျက်ပါ။ အရမ်းအဆင်ပြေပါတယ်"

"အခမဲ့ခရီးသွားလာနိုင်ဖို့လား။ သဘာဝပတ်ဝန်းကျင် ဘာညာ... ငါတို့ရဲ့ရင်းနှီးမြှုပ်နှံမှုက အရေးမပါတဲ့ အဲဒီလိုပရောဂျက်တွေလုပ်ဖို့မဟုတ်ဘူး"

ထိုလူငယ်လေးခမျာ စိတ်ပျက်အားငယ်လေဟန်ဖြင့် ဖုန်းချလိုက်သည်။

ထိုစကားများကို ကြားသွားသော ယဲ့ချန်းမှာမူ စိတ်ဝင်စားသွားလေသည်။

"စပ်တူဆိုင်ကယ်ငှားခြင်း.. ဒါက အရင်ဘဝတုန်းက တော်တော်နာမည်ကြီးခဲ့တာ"

ယခင်ဘဝတုန်းက စပ်တူဆိုင်ကယ်ငှားခြင်းမှာ အလွန်နာမည်ကြီးလှသည်။ ထိုအရာမှာ သက်သောင့်သက်သာရှိပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ပေသည်။

အဝါရောင်စက်ဘီးများက နောက်ပိုင်းတွင် နာမည်ကျသွားခဲ့သော်ငြား ထိုအရာမှာလည်း စီမံခန့်ခွဲမှုပြဿနာကြောင့်သာ။

အစတုန်းက အဝါရောင်စက်ဘီးများမှာ အလွန်အောင်မြင်ခဲ့သည်။

ဤခေတ်ကြီးထဲတွင် တစ်စုံတစ်ယောက်က စပ်တူစက်ဘီးငှားခြင်းပရောဂျက်ကို စဉ်းစားနိုင်ခဲ့ပေသည်.

ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။

"မင်းရဲ့စပ်တူစက်ဘီးငှားတဲ့ပရောဂျက်ကို ငါ စိတ်ဝင်စားတယ်"

ထိုလူငယ်လေးက ယဲ့ချန်းကို လှမ်းကြည့်ပြီး ပြောလိုက်၏။

"ခင်ဗျား စိတ်ဝင်စားတော့ရော ဘာအသုံးဝင်မှာလဲ။ ကျွန်တော်က ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတာကို လိုချင်တာ"

ထို့နောက် သူက အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်၏။

"ဒီပရောဂျက်က ကနဦးမတည်ငွေသန်းငါးဆယ်တောင် လိုတယ်။ ခင်ဗျား သန်းငါးဆယ်ထုတ်ပေးနိုင်လို့လား"

"ငါ မင်းကို သန်းတစ်ရာပေးနိုင်တယ်"

ယဲ့ချန်းကလည်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။

ထိုလူငယ်လေးခမျာ ခဏမျှကြောင်အသွားပြီးနောက် ယဲ့ချန်းကို တအံ့တဩငေးကြည့်လိုက်သည်။

"ခင်ဗျား ဘာပြောလိုက်တယ်"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"မင်းရဲ့ပရောဂျက်အတွက် သန်းတစ်ရာ ရင်းနှီးမြှုပ်နှံပေးနိုင်တယ်လို့ ပြောလိုက်တာ"

"တက္ကစီဒရိုင်ဘာကြီး.. ခင်ဗျား လာနောက်နေတာလား"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်တာ။ ငါ တကယ်ပြောနေတာ။ ရှေ့နားမှာ ကော်ဖီဆိုင်တစ်ဆိုင်ရှိတယ်။ မင်းရဲ့အဆိုပြုချက်ကို ကြည့်ကြတာပေါ့"

ကားက ကော်ဖီဆိုင်ရှေ့တွင် ထိုးရပ်လိုက်သည်။ ထိုလူငယ်လေးမှာမူ ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို တကယ်ကြီး သန်းတစ်ရာရင်းနှီးမြှုပ်နှံမလို့လား"

"ဒါပေါ့။ ဒါပေမဲ့ မင်း ငါ့ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု အရင်ပေးရမယ်"

ထိုလူငယ်လေးမှာ သင်္ကာမကင်းဖြစ်သွားလေသည်။ ဤပရောဂျက်ကို ရင်းနှီးမြှုပ်နှံသူအမြောက်အများအား သူ ပြခဲ့ဖူးသည်။ သို့သော် သူတို့အားလုံးက ထိုပရောဂျက်ကို ကြည့်ပြီးသည်နှင့် သူ့အား နှင်ထုတ်ကြသည်။

ယခုမူ တစ်စုံတစ်ယောက်က ရင်းနှီးမြှုပ်နှံလိုကြောင်း ဆိုလာလေသည်။ သူ မယုံလျှင်ပင် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။

ထိုလူငယ်လေးလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်လေသည်။

[တင်... ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် သမိုင်းဝင်ဇိမ်ခံရွက်လှေကို ရရှိပါတယ်]

ယဲ့ချန်းလည်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။ ယခုတစ်ခေါက် ဆုလာဘ်မှာ ရွက်လှေတစ်စီးပင်။

သမိုင်းဝင်ဇိမ်ခံရွက်လှေမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၄.၅ဘီလျံရှိသည်။ အပြင်ပိုင်းတွင် ရွှေနှင့်ပလက်တီနမ်တစ်သိန်းကီလိုဂရမ်ဖြင့် အလှဆင်ထားလေရာ ကြီးကျယ်ခမ်းနားပြီး ထည်ဝါလှပေသည်။

ပင်မအိပ်ခန်းကျယ်ကြီးထဲရှိ နံရံများမှာ ဥက္ကာခဲများဖြင့် ပြုလုပ်ထားပြီး ရုပ်တုများကိုလည်း တီရာနိုဆောရက်စ်အရိုးအစစ်များဖြင့် ထွင်းထုထားခြင်းပင်။

စနစ်၏ဆုလာဘ်မိတ်ဆက်ကို မြင်သောအခါ ယဲ့ချန်းမှာ တိတ်တဆိတ်အံ့ဩမှင်တက်သွားလေသည်။ ဤရွက်လှေကား စင်စစ်အံ့ဖွယ်ကောင်းလှပေသည်။

All Chapters