← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အပိုင်း ၄၂၇ : ရွက်လှေစီးခြင်း

ယဲ့ချန်းနှင့် ထိုလူငယ်လေးလည်း ကော်ဖီဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။

ထိုလူငယ်လေးမှာမူ အတန်ငယ်ဇဝေဇဝါဖြစ်နေပေသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က သူ့ပရောဂျက်ကို မည်သို့နှယ် ရင်းနှီးမြှုပ်နှံနိုင်မည်နည်း။

အထူးသဖြင့် ယဲ့ချန်းက သန်းတစ်ရာဟု ပြောလာသဖြင့် တစ်ဖက်လူက သူ့အား နောက်နေသည်ဟုသာ ခံစားမိသည်။

ယဲ့ချန်းနှင့် စကားပြောရန် သဘောတူလိုက်ရသည့် အကြောင်းအရင်းမှာ မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ထားချင်သောကြောင့်ပင်။

ယဲ့ချန်းက နေရာယူပြီးနောက် လက်ဆန့်ထုတ်ကာ ပြုံးစစဖြင့် ပြောလိုက်လေသည်။

"တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ယဲ့ချန်းပါ"

ယဲ့ချန်း၏လက်ကောက်ဝတ်ထက်ရှိ ပါတက်ခ်ဖီလစ်နာရီကို မြင်သောအခါ ထိုကောင်လေးလည်း ခဏမျှကြောင်အသွားသည်။

သူ့မျက်နှာပေါ်တွင် ရုတ်ခြည်းပင် ပျော်ရွှင်လေဟန် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။

ပါတက်ခ်ဖီလစ်နာရီတဲ့လား။

ယဲ့ချန်းပတ်ထားသည့် နာရီအမျိုးအစားမျိုးကို သူ အွန်လိုင်းပေါ်တွင် တွေ့ဖူးသည်။ တန်ဖိုးအားဖြင့် သန်းခုနစ်ဆယ်ကျော်ရှိ၏။

ထို့ပြင် ဤနာရီဒီဇိုင်းက အလွန်ထူးခြားသဖြင့် သာမန်လူများအနေနှင့် မတုပနိုင်ပေ။

ဤသည်မှာ ဤတက္ကစီဒရိုင်ဘာက ထူးခြားလှသော နောက်ခံအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားသည်ဟူသော အဓိပ္ပာယ်ပင်။

အမှန်ပင်။ ယနေ့ခေတ်တွင် သူဌေးကြီးများက ဘဝအတွေ့အကြုံယူရန်အတွက် တက္ကစီမောင်းကြသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကို သန်းပေါင်းများစွာ ဆုချခဲ့သည့် အသစ်စက်စက်ဇာတ်လမ်းတစ်ပုဒ်လည်း ရှိထားသည်မဟုတ်ပါလော။

"ကျွန်တော်က ချန်းရန်ပါ"

ကောင်လေးကလည်း အမြန်လက်ဆန့်ထုတ်လိုက်သည်။

ယဲ့ချန်းမှာ ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

"မင်းရဲ့ပရောဂျက်ကို ငါ အရမ်းစိတ်ဝင်စားတယ်။ အဲဒီအကြောင်း ပြောပြပေးနိုင်မလား"

ချန်းရန်လည်း အမြန်ပြန်ဖြေလိုက်သည်။

"ရတာပေါ့"

ထို့နောက် သူက ပရောဂျက်အစီအစဉ်တစ်ခုကို ထုတ်ယူ၍ ယဲ့ချန်းအား ပရောဂျက်အကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်သည်။

"မစ္စတာယဲ့.. ကျွန်တော့်ကိုယုံပါ... ခင်ဗျား ကျွန်တော့်ပရောဂျက်ထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သေချာပေါက်အမြတ်အစွန်းရမှာပါ"

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းရဲ့စီမံကိန်းပလန်ကို အရင်ကြည့်ကြည့်ရအောင်"

ယဲ့ချန်းထံမှ ဩဇာအရှိန်အဝါကို ခံစားမိသဖြင့် ချန်းရန်လည်း ပါးစပ်အမြန်ပိတ်လိုက်ရသည်။

ထိုအချိန်တွင် သူ အလွန်စိတ်လှုပ်ရှားနေမိသည်။

ယဲ့ချန်းကမူ စီမံကိန်းပလန်ကို လှန်လှောဖတ်ရှုနေသည်။

ဤပရောဂျက်မှာ ယခင်ဘဝတုန်းက "အဝါရောင်စက်ဘီး"စီမံကိန်းနှင့် အလွန်ဆင်တူသည်။ မြို့ကြီးများတွင် မကြော်ငြာခင် တက္ကသိုလ်များတွင် စမ်းသပ်သည့်အနေနှင့် စတင်လုပ်ဆောင်ခဲ့သည်။

ပရောဂျက်ပလန်ကို ဖတ်ကြည့်ပြီးနောက် ယဲ့ချန်းလည်း ထိုပလန်ကို ချန်းရန်အား ပြန်ပေးလိုက်သည်။

"မစ္စတာယဲ့ ဘယ်လိုသဘောရလဲ"

ယဲ့ချန်းက ဆို၏။

"ငါ ဒီပရောဂျက်မှာ ရင်းနှီးမြှုပ်နှံပေးလို့ရပါတယ်။ စတားရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကိုသွားပြီး လင်းယောင်ယောင်ကို သွားရှာလိုက်ပါ"

"စတားရင်းနှီးမြှုပ်နှံရေးကုမ္ပဏီလား"

ဤနာမည်ကိုကြားသော် ချန်းရန်၏မျက်နှာကား ပျော်ရွှင်မှုကြောင့် လင်းလက်သွားလေသည်။

ယခုနောက်ပိုင်းတွင် စတားရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းနယ်ပယ်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာပြီး ရင်းနှီးမြှုပ်နှံလိုက်သမျှ ပရောဂျက်တိုင်းကလည်း အမြတ်အစွန်းအမြောက်အများရရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။

"ကောင်လေး ကြိုးစားထား။ ငါ မင်းကို အများကြီးမျှော်လင့်ထားတာနော်"

"ဟုတ်ကဲ့။ ဟုတ်ကဲ့.. ကျွန်တော် သေချာပေါက်ကြိုးစားမှာပါ"

ယဲ့ချန်းလည်း လင်းယောင်ယောင်ကို ဖုန်းဆက်ပြီးနောက် စာချုပ်ကိစ္စများကို သူ(မ)၏လက်ထဲ အပ်ထားလိုက်သည်။

ချန်းရန်ကတော့ ယဲ့ချန်းကို အလွန်ကျေးဇူးတင်နေပေသည်။

ဤပရောဂျက်အတွက် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကြီးတချို့ကို သူ ဆက်သွယ်ခဲ့ပါသော်ငြား အကုန်အငြင်းခံခဲ့ရသည်။

မည်သူကမှ ဤပရောဂျက်ကို မယုံကြည်ကြပေ။

ဤတစ်ခေါက်သာ ကျရှုံးပါက ဤပရောဂျက်ကို သူ လက်လျှော့လိုက်တော့မည်ဟုပင် တွေးထားသည်။

ယဲ့ချန်းက တစ်ဘီလျံရင်းနှီးမြှုပ်နှံမည်ဟု သဘောတူကာ သူ့မျှော်လင့်ချက်များကို ပြန်တောက်လောင်လာစေခဲ့သည်။ ထို့ကြောင့် ချန်းရန်မှာ အလွန်စိတ်လှုပ်ရှားတက်ကြွနေတော့သည်။

ထိုအချိန်တွင် ယဲ့ချန်းထံသို့ စုဝမ်ယိက ဖုန်းခေါ်လာလေသည်။

"ယဲ့ချန်း ရှင် ဒီနေ့အားလား"

"အားတယ်လေ။ ဥက္ကဋ္ဌစုက နောက်ဆုံးတော့ ကျွန်တော့်ကို သတိရပြီပေါ့"

"အမလေး.. ရှင်ကမှ အလုပ်များနေတာပါနော်"

စုဝမ်ယိကလည်း သရော်လေဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်မ လေညင်းခံချင်လာလို့လေ။ ကျွန်မကို ပင်လယ်ကမ်းခြေဘက်ကို ခေါ်သွားပေးလို့ရလား"

"ပင်လယ်ကမ်းခြေဘက်လား"

ယဲ့ချန်း စိတ်ဝင်စားသွားရသည်။

"ရတယ်လေ။ ကိုယ် မင်းကို ခေါ်သွားပေးမယ်"

ယဲ့ချန်းက တဟားဟားရယ်မောလိုက်သည်။

စနစ်၏ဖော်ပြချက်အရ သူ့ရွက်လှေမှာ အနီးအနားရှိ ရေပိုင်နက်တွင် ကျောက်ချထားသဖြင့် စုဝမ်ယိနှင့် လျှောက်လည်ရန် ကွက်တိပင်။

ယဲ့ချန်းလည်း ယာရှီလုပ်ငန်းစုသို့ မောင်းလာခဲ့လိုက်သည်။

စုဝမ်ယိက ကားထဲသို့ဝင်လာပြီးနောက် စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

"ကျွန်မကို ဘယ်လိုက်ပို့ပေးမှာလဲဆိုတာ ရှင် ဆုံးဖြတ်ပြီးပြီလား"

ယဲ့ချန်းကမူ ပြုံးလိုက်သည်။

"ကိုယ့်ရွက်လှေစီးဖို့ ခေါ်သွားပေးမယ်"

"ဘာ.. ရှင့်မှာ ရွက်လှေရှိတာလား"

စုဝမ်ယိခမျာ အံ့အားသင့်သွားချေသည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်။ ဝယ်ထားတာမကြာသေးဘူး"

စုဝမ်ယိမှာမူ မယုံနိုင်လေဟန်ဖြင့်ပြောလိုက်သည်။

"ယဲ့ချန်း.. ရှင့်အိမ်က ရွှေတွင်းပိုင်တာများလား။ သာမန်သူဌေးတွေဆိုရင် ကားတွေနဲ့နာရီတွေလောက်ပဲ ပိုင်ကြတာ။ ဒါပေမဲ့ ရှင်က ရဟတ်ယာဉ်တွေနဲ့ ရွက်လှေတွေတောင် ဝယ်နေတာ။ ရှင့်မှာ ပိုက်ဆံဘယ်လောက်တောင်ရှိလို့လဲ"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်လေသည်။

"အမှန်အတိုင်းပြောရရင် ကိုယ်လည်းမသိဘူး။ ကိုယ့်အတွက် ပိုက်ဆံက သိပ်အရေးမကြီးပါဘူး"

စုဝမ်ယိ : "..."

တကယ်တမ်းတွင် ကားများနှင့်နာရီများကို ဝယ်စုခြင်းမှာ အဆင့်နိမ့်လှသည်။ တကယ့်သူဌေးစစ်စစ်များက ရွက်လှေများနှင့် လေယာဉ်များကိုသာ မက်မောကြသည်။

အကြောင်းမှာ ဤအရာနှစ်ခုကိုပိုင်ဆိုင်ထားလျှင် ဘီလျံပမာဏခန့်သာရှိသော အရာများကို စိတ်မဝင်စားတော့ပေ။

ဤအရာများ၏ နှစ်စဉ်ထိန်းသိမ်းစောင့်ရှောက်ခကပင် သန်းဂဏန်းအထိရှိ၏။

"ဒါနဲ့ ဒီရွက်လှေက ဘယ်လောက်ပေးရတာလဲ"

ယဲ့ချန်းက ပြောလိုက်၏။

"ဈေးကွက်ထဲက ခန့်မှန်းခြေတန်ဖိုးကတော့ ၄.၅ဘီလျံပဲ"

"၄.၅ဘီလျံလား။ ယဲ့ချန်း ရှင်ရူးသွားပြီလား"

စုဝမ်ယိမှာ ကြက်သေသေသွားချေသည်။

ယာရှီလုပ်ငန်းစုတစ်ခုလုံးပင် ၄.၅ဘီလျံမတန်ပေ။ ယဲ့ချန်းကမူ ၄.၅ဘီလျံတန်ရွက်လှေတစ်စီးကို ဝယ်ပစ်လိုက်သည်။

ယဲ့ချန်းလည်း ရယ်လိုက်၏။

"နည်းနည်းတော့ဈေးကြီးသလိုပဲ"

"ကမ္ဘာ့ဈေးအကြီးဆုံးရွက်လှေက "သမိုင်းဝင်ဇိမ်ခံရွက်လှေ"လို့ ကျွန်မကြားထားတယ်။ သူ့တန်ဖိုးက ၄.၅ဘီလျံတိတိတဲ့။ ရှင် အဲဒီရွက်လှေကိုများ ဝယ်လိုက်တာလား"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟားဟား ခန့်မှန်းတာ မှန်သားပဲ"

"ဘုရားရေ.. တစ်နေ့နေ့ကျရင် ကျွန်မ အဲဒီရွက်လှေကို စီးဖူးချင်နေတာ။ မြန်မြန်လုပ်.. ကျွန်မ အဲဒီရွက်လှေကို ကြည့်ချင်တယ်"

ယဲ့ချန်း၏စည်းစိမ်ဥစ္စာက ဘီလျံနာများအကြားမှာပင် ထိပ်တန်းဖြစ်ကြောင်း စုဝမ်ယိကောင်းကောင်းသိသည်။

၄.၅ဘီလျံဆိုသည်မှာ ယဲ့ချန်းအတွက် မပြောပလောက်ပေ။

တကယ်တမ်းတွင် ယဲ့ချန်းက သူ(မ)၏ကုမ္ပဏီကို လက်အောက်ငယ်သားများထံသို့ တာဝန်ပေးထားရန် အကြိမ်ကြိမ်ပြောဖူးသည်။ သို့သော် စုဝမ်ယိကတော့ မိန်းမသားတစ်ယောက်အနေနှင့် ကိုယ့်အလုပ်နှင့်ကိုယ်ရှိသင့်သည်ဟု ထင်သည်။

သူ(မ)မှာ အခြားမိန်းကလေးများနှယ် နေ့တိုင်း အိမ်ထဲမှာနေပြီး အိမ်ရှင်မတစ်ယောက် မလုပ်ချင်ပေ။

ရွက်လှေများမှာ မိန်းကလေးများကို ဆွဲဆောင်ဖမ်းစားနိုင်သည်။ စုဝမ်ယိလည်း ခြွင်းချက်မရှိပေ။

ဆိပ်ကမ်းက မိုတုမြို့နှင့် မဝေးလှပေ။ ယဲ့ချန်းမှာ ထိုနေရာသို့ရောက်အောင် သုံးနာရီကြာ ကားမောင်းလိုက်ရသည်။

ဆိပ်ကမ်းသို့ ရောက်လာချိန်တွင် ရွက်လှေအမြောက်အများကို ကမ်းကပ်ထားသည်။

ဤဆိပ်ကမ်းမှာ သူဌေးသားများ၏ဆုံရပ်နေရာတစ်ခုပင်။

ရွက်လှေဝယ်နိုင်သူများအားလုံးက လူချမ်းသာစာရင်းဝင်များ ဖြစ်ကြသည်။

ထို့ပြင် ယခုနှစ်များအတွင်း ရွက်လှေများမှာ လူကြိုက်များလာသဖြင့် လူကုံထံများပင် ရွက်လှေများကို ဝယ်ယူလာကြသည်။ အကြောင်းမှာ ရွက်လှေတစ်စီး သို့မဟုတ် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးမှ မရှိလျှင် ကိုယ့်ကိုယ်ကိုယ် စီးပွားရေးလုပ်ငန်းရှင်ဟု သတ်မှတ်၍မရနိုင်ပေ။

ဆိပ်ကမ်းတွင် နိုင်ငံတကာဘရန်းများကို ဝတ်ဆင်ထားသည့် လူငယ်များလည်း စုဝေးနေကြသည်။

ဤလူငယ်များ၏ ဘေးတွင် ရှိုက်ဖ်ိုကြီးငယ်အသွယ်သွယ်ဖြင့် လှပနေသော ဘီကနီဝတ် အလှပဂေးလေးများလည်းရှိ၏။

ဆိပ်ကမ်း၏ ကားရပ်နားရာနေရာတွင် ပြိုင်ကားများဖြင့် ပြည့်ကျပ်နေသည်။

ယဲ့ချန်း၏ကျီလိကားကမူ သန်းပေါင်းများစွာတန်ဖိုးရှိသော ထိုဇိမ်ခံကားများအကြား ထင်ရှားနေတော့သည်။

ဤနေရာသို့ ရောက်လာကြသူများမှာ ကျန်းနန်မြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးသားများ ဖြစ်ကြသည်။

ကျီလီကားတစ်စီး ကားပါကင်ထဲတွင် ထိုးရပ်လိုက်သည်ကို မြင်သောအခါ ရှန်ပိန်သောက်နေကြသော လူတစ်သိုက်မှာ စူးစမ်းလိုဟန်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

"သေစမ်း.. ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက ဒီနေရာကို ကျီလိကားနဲ့ လာရဲတာလဲ"

"ဆိပ်ကမ်းဝန်ထမ်းတစ်ယောက်ယောက်များလား"

လူငယ်လေးတစ်ယောက်က စုဝမ်ယိကိုမြင်လိုက်ရချိန်တွင် ဝမ်းသာပျော်ရွှင်သွားသည်။

"ဝမ်ယိ.. ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ထိုကောင်လေးက စုဝမ်ယိကို ယဲ့ချန်းက ဖက်တွယ်ထားကြောင်း မြင်လိုက်ရချိန်ဝယ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်လေသည်။

"ဝမ်ယိ.. ဒီလူက ဘယ်သူလဲ။ သူနဲ့ ဘာလို့ဒီလောက်တောင်ရင်းနှီးနေရတာလဲ"

စုဝမ်ယိမှာ ထိုကောင်လေးကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွန်မချစ်သူရဲ့လက်ကိုကိုင်ထားတာ ဘာဖြစ်နေလို့လဲ"

"မင်းကလား"

ထိုလူငယ်က မျက်မှောင်ကြုတ်လိုက်ချေသည်။

"ဝမ်ယိ... ကိုယ် မင်းကို တစ်ချိန်လုံးသဘောကျနေခဲ့တာ မင်းမသိဘူးလား။ နေ့တိုင်းလည်း ပန်းတွေပို့ပေးနေတာလေ။ မင်းရဲ့လုပ်ငန်းကိုလည်း ဂရုစိုက်ပေးတယ်။ မင်း ကိုယ့်ခံစားချက်တွေကို မသိတာလား"

စုဝမ်ယိကမူ အရေးမလုပ်ဟန်ဖြင့် ပြန်ဖြေသည်။

"ဪ.. အဲဒီပန်းတွေကို အမှိုက်ပုံးထဲ တန်းထည့်လိုက်တာ။ ကျွန်မရဲ့လုပ်ငန်းကို ဂရုစိုက်ပေးဖို့ ကျွန်မ မပြောမိပါဘူး။ ရှင့်ကုမ္ပဏီလည်း အမြတ်အစွန်းထွက်လိုက်တာပဲမလား။ ရှင်က ဘာကိုဂရုစိုက်ပေးတယ်လို့ ပြောနေတာလဲ"

ထိုကောင်လေးမှာ တစ်ဖန်မျက်မှောင်ကြုတ်လိုက်ပြီးနောက် ယဲ့ချန်းကို ကြည့်လိုက်သည်။

ကျီလိကားမောင်းသော ယောကျ်ားတစ်ယောက်တဲ့။ သူ့တွင် ဘာအလားအလာရှိနိုင်မည်နည်း။ ယဲ့ချန်းက ရုပ်ရည်ချောမောရုံသက်သက်ဟုသာ ထိုကောင်လေး ထင်လိုက်မိသည်။

••••••••••••••••

အပိုင်း ၄၂၈ : တောင်းပန်ဖို့ အခွင့်အရေးတစ်ခုပေးမယ်

ချန်းယုံက မောက်မာစွာ ပြောလိုက်လေသည်။

"မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းရဲ့ကားစုတ်ကို အခုချက်ချင်း ပြန်ယူသွား။ ဒီနေရာမှာ မင်းကို မကြိုဆိုဘူး။ ငမွဲကောင်"

စုဝမ်ယိဘေးနားရှိ အမျိုးသားက ကျီလိကားကိုမောင်းကြောင်း မြင်လိုက်ရသောအခါ သူ့မျက်နှာကား ဒေါသထွက်လွန်း၍ အပြာရောင်သမ်းသွားလေသည်။

ယခုနောက်ပိုင်း ချန်းယုံက စုဝမ်ယိကို ဖုန်းဆက်ဆက်နေသော်ငြား သူ(မ)က ဖုန်းမကိုင်သလို ဝေ့ရွှင်းကတစ်ဆင့်လည်း စာမပြန်ပေ။ လက်စသတ်တော့ သူ(မ)က ခပ်ချောချောကောင်လေးတစ်ယောက်နှင့် ချိတ်မိနေခြင်းပင်။

လူကုံထံတစ်ယောက်ဆိုပါက သူ လက်ခံနိုင်သေးသည်။ သို့သော် ကျီလိကားမောင်းသော လူတစ်ယောက်ဖြစ်နေပေသည်။

ချန်းယုံလည်း ယဲ့ချန်းကို အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်ရင်း သူ့ဒေါသများက ပိုမိုတောက်လောင်လာသည်။

အထူးသဖြင့် စုဝမ်ယိက ယဲ့ချန်း၏လက်မောင်းကို တွယ်ချိတ်ထားသဖြင့် သူ အလွန်မနာလိုဖြစ်သွားရသည်။

တကယ်တော့ စုဝမ်ယိနှင့် သူက အလယ်တန်းကတည်းက အတန်းဖော်များဖြစ်ခဲ့ကြသည်။ ထိုအချိန်ကတည်းက သူ(မ)ကို သူ လိုက်ပိုးခဲ့ခြင်းပင်။

ကံဆိုးချင်တော့ စုဝမ်ယိက သူ့ကို လုံးဝစိတ်မဝင်စားခဲ့ပေ။

ချန်းယုံ၏စကားများကို ကြားသောအခါ စုဝမ်ယိ အေးစက်စက်ပြန်ပြောလိုက်သည်.

"ချန်းယုံ.. စကားပြောဆင်ခြင်နော်။ သူက ကျွန်မချစ်သူပါ။ ရှင်နဲ့ကျွန်မက ဘာပတ်သက်မှုများရှိလို့လဲ။ ကျွန်မဘာသာ ဘယ်သူနဲ့တွဲတွဲ ရှင်နဲ့မဆိုင်ဘူး"

"ယဲ့ချန်း.. ဒီလူ့ကို အရေးလုပ်မနေနဲ့။ သူက ငတုံးကောင်.. ကျွန်မကို တစ်ချိန်လုံးလိုက်ပိုးနေတာ။ ဒါပေမဲ့ ကျွန်မဘက်က အကြိမ်ကြိမ်ငြင်းတာတောင် အနားမှာ ကော်လိုကပ်နေတာ"

စုဝမ်ယိက ယဲ့ချန်းအနားတွင် အလွန်ချိုသာပြီး သူ့ကိုတော့ အလွန်အေးစက်နေသဖြင့် ချန်းယုံမှာ ပိုစိတ်တိုသွားရသည်။

"ဟေ့ကောင်.. ငါ မင်းကိုပြောမယ်.. ကျန်းနန်မြို့ထဲမှာ ခြေချချင်တယ်ဆိုရင် ဝမ်ယိနဲ့ ဝေးဝေးနေ.. မဟုတ်လို့ကတော့ မင်း ဒီနေရာမှာ မရှင်သန်နိုင်အောင် လုပ်ပြမယ်"

ချန်းယုံက ယဲ့ချန်းကို မောက်မောက်မာမာလက်ညှိုးထိုးပြလိုက်သည်။

ယဲ့ချန်းမှာမူ ချန်းယုံ၏ မောက်မာလှသော အမူအရာကိုကြည့်၍ သဘောကျနေချေသည်။

ယခုခေတ် သူဌေးသားများက ယခုလိုဦးနှောက်မပါကြလေဘူးလား။

ယဲ့ချန်းက ပြောလိုက်၏။

"မင်းက အဲဒီလောက်တောင် အစွမ်းထက်တာလား။ ကံဆိုးတာပဲ။ ကျန်းနန်တစ်မြို့လုံးမှာ ငါ့ကို နေစရာမရှိအောင် လုပ်နိုင်မယ့်လူရယ်လို့ မရှိဘူးထင်တာပဲ"

ယဲ့ချန်း၏စကားကြောင့် လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။

ဒီကောင်လေးက လေကြီးလွန်းနေပြီမဟုတ်လား။

ကျီလိကားလေးမောင်းပြီး လမ်ဘော်ဂီနီကားများ၊ ဖယ်ရာရီကားများမောင်းနေသည့် ကောင်လေးတစ်သိုက်ရှေ့မှာ ဆရာကြီးလုပ်ပြနေသတဲ့လား။

ထိုအချိန်တွင် ချန်းယုံ၏နောက်လိုက် ဖော်လံဖားတစ်စုက ချန်းယုံကို မြှောက်ပင့်ပြောဆိုကြလေတော့သည်။

"ဟေ့ကောင်... မင်းက ဘာကောင်မို့လို့လဲ။ ဘာတွေများ သိပ်စွမ်းနေလို့လဲ။ အစ်ကိုယုံရဲ့မိသားစုက ဘာအလုပ်လုပ်လဲဆိုတာ မင်းသိလား။ ငါပြောပြမယ်... အစ်ကိုယုံရဲ့မိသားစုက မိုတုမြို့ရဲ့အကြီးဆုံးရှင်းမေ့အိမ်ခြံမြေကုမ္ပဏီကို ပိုင်တာကွ။ ရီတာ့လုပ်ငန်းစု၊ ဝမ်သိုက်လုပ်ငန်းစုနဲ့ ထျန်းဖန်လုပ်ငန်းစုတွေရဲ့ အိမ်ခြံမြေတွေကို စီမံခန့်ခွဲပေးနေတာ။ မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အစ်ကိုယုံ့ကို ပြန်ပြောနေတာလဲ"

"ဟုတ်တယ်။ ငါ မင်းကို အကြံပေးလိုက်မယ်။ အစ်ကိုယုံ့ကို အခုချက်ချင်း တောင်းပန်ပြီး ဒီကနေထွက်သွားလိုက်တော့"

"အစ်ကိုယုံ ကြိုက်နေတဲ့မိန်းကလေးကိုတောင် လုရဲတယ်ဆိုတော့ မင်း သေချင်နေပြီလား"

"မျက်နှာချောချောလေးနဲ့ ဒီနေရာမှာ ဆရာကြီးလာလုပ်ပြနေတယ်"

...

ထိုလူများသည် ယဲ့ချန်း ကျီလိကားမောင်းလာသည်ကိုမြင်ပြီး စုဝမ်ယိရှာထားသော ရုပ်ချောချောကောင်လေးတစ်ယောက်ဟုသာ ထင်နေကြသည်။

အဓိကကတော့ ယဲ့ချန်း၏ရုပ်ရည်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်ထူးခြားကောင်းမွန်နေပေသည်။

ထိုနေရာရှိ ဘီကီနီဝတ်ထားသော မိန်းကလေးအများစုက ယဲ့ချန်း၏ရုပ်ရည်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

အကယ်၍ ယဲ့ချန်းသာ လူဆင်းရဲတစ်ယောက်မဟုတ်ပါက ဘီကီနီဝတ်ထားသော ထိုမိန်းကလေးများလည်း သူ့အနားတွင် ဝိုင်းအုံနေကြလောက်ပြီ။

ကျီလိကားမောင်းသည့် အမျိုးသားတစ်ယောက်က ဘီလျံပေါင်းများစွာ ကြွယ်ဝသည့် စီအီးအိုအမျိုးသမီးအနားတွင် ရှိနေသည်ဆိုခြင်းမှာ ထိုသူဌေးမ၏ ကစားစရာအရုပ်လေးကလွဲပြီး အခြားဘာဖြစ်နိုင်ဦးမည်နည်း။

ချန်းယုံ၏ မောက်မာလှသော စကားများကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏မျက်နှာထားမှာ တစ်မျိုးဖြစ်သွားသည်။

မနေ့ကမှ လင်းဝမ်ယိုက ဤရှင်းမေ့အိမ်ခြံမြေကုမ္ပဏီနှင့်ပတ်သက်ပြီး တိုင်ကြားစာများလွန်းသောကြောင့် ကုမ္ပဏီပြောင်းဖို့ သူ့ကို အကြံပြုထားသေးသည်။

ထို့ကြောင့် ယဲ့ချန်းမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး လင်းဝမ်ယိုကို စုံစမ်းခိုင်းထားသည်။ ယခုမူ ထိုကုမ္ပဏီပိုင်ရှင်၏သားနှင့် တည့်တည့်တိုးနေလေပြီ။

ချန်းယုံ၏မိသားစုက ဘီလျံပေါင်းများစွာ ချမ်းသာသည်ဆိုသော်ငြား သူတို့၏ကုမ္ပဏီက ယဲ့ချန်းပိုင်ဆိုင်သော လုပ်ငန်းများအပေါ်တွင် မှီခိုရပ်တည်နေရခြင်းပင်။

ပြောရမည်ဆိုလျှင် သူတို့သည် ယဲ့ချန်းကျွေးသောထမင်းကို စားနေရသူများဖြစ်၏။

ယခုမူ ထိုလူက သူ့ကို မျက်နှာချောရုံလောက်သာရှိသူဟု စော်ကားနေလေသည်။

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်၏။

"ချန်းယုံ... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ကိုတောင်းပန်။ ဒါဆိုရင် ဒီကိစ္စကို ဒီမှာတင် ကျေအေးပေးမယ်"

ချန်းယုံမှာမူ ထိုစကားကို ကြားသောအခါ ယဲ့ချန်းကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်။ ငါက မင်းကို တောင်းပန်ရမယ် ဟုတ်လား။ မင်း ရူးသွားပြီလား။ ကြာကူလီကောင်... မင်းလိုကောင်ကို ငါက တောင်းပန်ရမှာလား"

ချန်းယုံက မောက်မာစွာဖြင့် ဟားတိုက်ရယ်မောလိုက်သည်။

"ဟေ့ကောင်တွေ... သူ့ကို ချုပ်ထားကြစမ်း။ ဒီည မင်းတို့တွေကို ပါရာဒိုက်နိုက်ကလပ်မှာ ပျော်ပါးဖို့ ငါဒကာခံမယ်ကွာ"

ပါရာဒိုက်နိုက်ကလပ်ဆိုသည်မှာ မိုတုမြို့၏ အခမ်းနားဆုံးနိုက်ကလပ်များထဲမှ တစ်ခုပင်။

ထိုနေရာရှိ မိန်းကလေးများမှာ ထိပ်တန်းအဆင့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသော တက္ကသိုလ်ကျောင်းသူများပင်။

သို့သော် ထိုနေရာတွင် ကုန်ကျစရိတ်ကား အလွန်မြင့်မားလှသည်။

ချန်းယုံက ဒကာခံမည်ဟု ကြားလိုက်ရသဖြင့် သူဌေးသားများအားလုံး စိတ်လှုပ်ရှားသွားကြပြီး မျက်လုံးများပင် အရောင်တောက်လာလေသည်။

သူဌေးသားတစ်သိုက် ပြေးဝင်လာသည်ကို မြင်သောအခါ ယဲ့ချန်းလည်း အေးတိအေးစက် နှာမှုတ်လိုက်သည်။

ယဲ့ချန်းက လမ်းဘေးလူမိုက်များကိုပင် အရေးမလုပ်ခဲ့သည်ဖြစ်ရာ အပျော်အပါးနှင့် မိန်းမကိစ္စသာ လိုက်စားသည့် ဤသူဌေးသားများမှာ သူ့အတွက် ဘာခြိမ်းခြောက်မှုမှမရှိချေ။

ယဲ့ချန်းက လက်မြှောက်၍ လူတစ်ယောက်ကို ရိုက်ချလိုက်လေရာ ထိုလူလည်း လွင့်ထွက်သွားသည်။

နောက်တစ်ယောက်ကိုလည်း မြေကြီးပေါ်သို့ ကန်ချလိုက်သည်။

လက်သီးဖြင့် ဝှေ့ယမ်းထိုးနှက်လိုက်ချိန်ဝယ် နောက်ထပ်တစ်ယောက် လဲကျသွားပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်းယုံ၏ နောက်လိုက်ဖော်လံဖားတစ်သိုက်မှာ ယဲ့ချန်း၏ထိုးနှက်မှုကြောင့် မြေကြီးပေါ်တွင် လူးလိမ့်နေကြရသည်။

"သောက်ကျိုးနည်း... ဒီကောင်က တအားသန်တာပဲ"

"ငါ့မျက်နှာတော့ ရောင်ကိုင်းကုန်ပါပြီ။ ဒီည ရုပ်ရှင်စတားတစ်ယောက်နဲ့ ချိန်းထားတာပါဆိုမှ"

"အီးဟီးဟီး... နာလိုက်တာကွာ။ ငါ့အမေကိုတောင် လွမ်းတယ်"

...

စည်းစိမ်ယစ်မူးရင်း ကြီးပြင်းလာသော ဤသူဌေးသားများမှာ တစ်ခါမှ ယခုလိုအထိုးအကြိတ်မခံရဖူးပေ။

မိမိနောက်လိုက်များကို ယဲ့ချန်းက အလွယ်တကူ အမှောက်သိပ်လိုက်ကြောင်း မြင်သောအခါ ချန်းယုံ ကြောင်အသွားသည်။

ဤရုပ်ချောချောကောင်က ဤမျှအထိ အင်အားကြီးလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားချေ။

ယဲ့ချန်းက လက်ခုပ်တီးပြီး ချန်းယုံကို ပြောလိုက်သည်။

"မင်းဘာသာ ပါးရိုက်ပြီး တောင်းပန်မလား။ ဒါမှမဟုတ် ငါကိုယ်တိုင်လုပ်ပေးရမလား"

ချန်းယုံခမျာ အနောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး ယဲ့ချန်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ဟေ့ကောင်... မင်း အခု ဘယ်သူ့ကိုထိုးလိုက်တာလဲဆိုတာ သိလား။ ငါပြောမယ်... ကျန်းနန်တစ်မြို့လုံးမှာ မင်းအတွက် နေစရာမရှိစေရဘူး။ မင်းတော့ သေပြီသာမှတ်"

ယဲ့ချန်းက ချန်းယုံ၏ရှေ့တည့်တည့်သို့ တစ်လှမ်းချင်း လျှောက်သွားပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

"ငါ ဘယ်သူ့ကို ရိုက်လိုက်လဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ မင်းကတော့ တော်တော်နာချင်နေမှန်း ငါသိတယ်"

စကားဆုံးသည်နှင့် ယဲ့ချန်းက လက်မြှောက်လိုက်သည်။

"ဖြောင်း"

"ဖြောင်း"ခနဲမြည်သံနှင့်အတူ ချန်းယုံ၏ မျက်နှာထက်သို့ ရိုက်ချက်တစ်ချက် ကျရောက်လာသည်။

ဤရုပ်ချောချောကောင်လေးက သူ့ကို ပါးရိုက်ရဲလိမ့်မည်ဟု ချန်းယုံ အိပ်မက်ပင်မမက်ဖူးပေ။

"မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"

ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်သည်။

"ရိုက်တော့ ဘာဖြစ်လဲ။ လုပ်လေ... ပြန်ရိုက်ချင်ရင် လာလေ"

စကားဆုံးသည်နှင့် ယဲ့ချန်းက နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

ပါးရိုက်ခံရသောကြောင့် ချန်းယုံခမျာ ယိုင်ကျသွားသည်။ ယဲ့ချန်းက သူ့ကို ထပ်ရိုက်ရန် ရှေ့တိုးတော့မည့်ဆဲဆဲမှာပင် နောက်ကျောဘက်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ယဲ့ချန်း၏အနောက်မှ မောက်မာလှသော အမူအရာဖြင့် လူငယ်တစ်ယောက်က သက်တော်စောင့်အများအပြားနှင့်အတူ လျှောက်လာလေသည်။

ထိုလူငယ်၏ ဘေးပတ်ပတ်လည်တွင် ချောမောလှပသည့် အွန်လိုင်းဆယ်လီ မိန်းကလေးများစွာ ဝန်းရံထားသည်။

ထိုလူငယ်ကို မြင်သောအခါ ချန်းယုံလည်း အလွန်ဝမ်းသာသွားပြီး အပြေးအလွှားသွားကြိုသည်။

"အစ်ကိုခုန်း... အစ်ကို ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်နော်။ ကျွန်တော်တို့ကို ကြည့်ပါဦး။ ကျွန်တော်တို့တွေအားလုံး ဒီကောင်လေးလက်ချက်နဲ့ ခံထားရတာ"

ဝမ်ခုန်းခုန်းကို တွေ့လိုက်ရသည့်အပြင် သက်တော်စောင့်များပါ ပါလာကြောင်း မြင်လိုက်ရသဖြင့် ချန်းယုံ အပျော်ကြီးပျော်သွားသည်။

ယဲ့ချန်းက တိုက်ခိုက်ရာတွင် တော်ကောင်းတော်နိုင်သော်လည်း ဝမ်ခုန်းခုန်း၏ သက်တော်စောင့်များမှာ သာမန်လူများ မဟုတ်ကြပေ။ သူတို့အားလုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းများပင်။

မည်မျှပင် အတိုက်အခိုက်တော်နေပါစေ အထူးတပ်ဖွဲ့ဝင်ဟောင်းများကို နိုင်မည်တဲ့လား။

ပါးရိုက်ခံထားရသဖြင့် ဝက်ခေါင်းကဲ့သို့ ဖြစ်နေသော ချန်းယုံ၏မျက်နှာကိုကြည့်ပြီး ဝမ်ခုန်းခုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယနေ့ ဤပါတီပွဲကို သူကိုယ်တိုင် ဦးစီးကျင်းပခြင်းဖြစ်လေရာ သူ့ပွဲတွင် လူတစ်ယောက် အထိုးခံထားရသည်ကို သည်အတိုင်း လက်ပိုက်ကြည့်မနေနိုင်ပေ။

ဝမ်ခုန်းခုန်းကို မြင်သောအခါ စုဝမ်ယိလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဝမ်ခုန်းခုန်းက ပြောလိုက်၏။

"ငါ့ပွဲမှာ ဘယ်ကောင်က ဒီလောက်အတင့်ရဲပြီး ပြဿနာရှာရဲတာလဲ"

ချန်းယုံက ယဲ့ချန်းကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

"အဲဒီကောင်ပါ"

ဝမ်ခုန်းခုန်းက ယဲ့ချန်းကို လှမ်းကြည့်လိုက်သော်ငြား ယဲ့ချန်းက ကျောပေးထားသဖြင့် မျက်နှာကိုမမြင်ရပေ။

သူက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ချန်းယုံ... စိတ်မပူနဲ့။ ဒီကိစ္စကို ငါရှင်းပေးမယ်"

ထိုအချိန်တွင် ယဲ့ချန်းက အနောက်သို့ လှည့်လာပြီး ဝမ်ခုန်းခုန်းကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။

••••••••••••••••••

အပိုင်း ၄၂၉ : ရာစုသစ်ထိပ်တန်း

ဝမ်ခုန်းခုန်း အရှေ့သို့ လှမ်းလာသည်ကို မြင်သောအခါ စုဝမ်ယိလည်း မျက်မှောင်ကြုတ်လျက် ယဲ့ချန်း၏ရှေ့က ကာရပ်လိုက်သည်။

"ဝမ်ခုန်းခုန်း... ဒီကိစ္စက ယဲ့ချန်းနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ ချန်းယုံရဲ့လူတွေက အရင်လက်ပါတာ"

သို့သော် ဝမ်ခုန်းခုန်းက ခပ်တောင့်တောင့်မျက်နှာထားဖြင့် ယဲ့ချန်းကိုကြည့်ရင်း မျက်နှာချိုသွေးလိုက်သည်။

"ဦးလေးယဲ့... ခင်ဗျားဖြစ်နေတာကိုး"

ဦးလေးယဲ့ ဟုတ်လား။

ဝမ်ခုန်းခုန်း၏ ခေါ်ဝေါ်သုံးနှုန်းပုံကို ကြားလိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။

ယဲ့ချန်းနှင့် ဝမ်ခုန်းခုန်းတို့က ရွယ်တူများဖြစ်ကြသည်။ သို့ဖြစ်လေရာ ဝမ်ခုန်းခုန်းက ယဲ့ချန်းကို ဦးလေးယဲ့ဟု ဘာကြောင့်ခေါ်ရသလဲ။

စုဝမ်ယိလည်း ယဲ့ချန်းကိုကြည့်ရင်း ကြောင်အမ်းအမ်းဖြစ်သွားသည်။

ဝမ်ခုန်းခုန်း၏ ထူးခြားသောအဆင့်အတန်းကို သူ(မ)သိထားသောကြောင့် ယဲ့ချန်း အနိုင်ကျင့်ခံရမည်စိုးသဖြင့် ဝင်ကာကွယ်ပေးခဲ့ခြင်းပင်။

သို့သော် ဝမ်ခုန်းခုန်းက ယဲ့ချန်းကို ဦးလေးဟု ခေါ်လိုက်ချေသည်။

ဘာတွေဖြစ်ကုန်တာလဲ။

ဘေးတွင်ရပ်နေသော ချန်းယုံလည်း ကြောင်အနေပေသည်။

"အစ်ကိုခုန်း... ခင်ဗျား..."

"ဖြောင်း"

ဝမ်ခုန်းခုန်းက ချန်းယုံ၏ပါးကို ရိုက်ချလိုက်သည်။

"မင်းက ပြဿနာရှာနေတာလား။ ငါ့ဦးလေးကိုတောင် ရန်စရဲတယ်ပေါ့"

လူတိုင်း အကြောင်သားငေးနေကြသည်။

ဝမ်ခုန်းခုန်းတွင် ဦးလေးတစ်ယောက်ရှိသည်ဟုလည်း သူတို့ တစ်ခါမှမကြားဖူးပေ။

အရေးအကြီးဆုံးအချက်မှာ ထိုဦးလေးဆိုသူမှာ ကျီလိကားကို မောင်းလာလေသည်။

ထိုနေရာရှိ လူများအားလုံး ဆွံ့အကုန်ကြသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

ဤလူငယ်လေးက တကယ်ပဲ အစ်ကိုခုန်းရဲ့ ဦးလေးတဲ့လား။

ထို့ပြင် ချန်းယုံနှင့် အမြဲဆက်ဆံရေးကောင်းမွန်ခဲ့သော ဝမ်ခုန်းခုန်းက ဤဦးလေးအတွက်နှင့် ချန်းယုံကို ရိုက်လိုက်သတဲ့လား။

ချန်းယုံခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။

"အစ်ကိုခုန်း... ဒါက..."

ဝမ်ခုန်းခုန်းမှာမူ ဒေါသမပြေနိုင်သေးဘဲ ချန်းယုံကို နှစ်ချက်ခန့် ထပ်ကန်လိုက်သည်။

ထို့နောက် သူက ယဲ့ချန်းအနားသို့ အပြေးသွားလိုက်သည်။

"ဦးလေးယဲ့... ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

ဝမ်ခုန်းခုန်း၏ မျက်နှာချိုသွေးနေသော ပုံစံကိုမြင်သော် လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

စုဝမ်ယိပင် ခဏမျှ မှင်တက်သွားသည်။

ယဲ့ချန်းက အသာခေါင်းညိတ်ပြလိုက်ချိန်မှာ အကြီးအကဲတစ်ယောက်၏ ဟန်ပန်အပြည့် ပေါ်လွင်နေသည်။

ဝမ်ခုန်းခုန်းက ပြောလိုက်၏။

"ဒါ ဘယ်သူလဲဆိုတာ မင်းသိလား။ သူက ရီတာ့လုပ်ငန်းစုရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင်၊ ဂူချီရဲ့အဓိကရှယ်ယာရှင်။ ပြီးတော့ ဝမ်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌကွ။ သူ့ကိုတောင် မင်းက ရန်စရဲတယ်ပေါ့။ ချန်းယုံ... မင်းတို့ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းကို ဆက်မလုပ်ချင်တော့ဘူးလား"

ချန်းယုံမှာမူ လုံးဝဝေခွဲမရဖြစ်သွားလေသည်။

"ဘာ... သူက ဥက္ကဋ္ဌယဲ့လား"

ယဲ့ချန်းမှာမူ ချန်းယုံကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

ချန်းယုံလည်း ကြက်သေသေသွားသည်။

ယဲ့ချန်းက ကျီလိကားဖြင့် ရောက်လာသောကြောင့် သူ့ကို တောသားတစ်ယောက်ဟုသာ ထင်မှတ်ခဲ့မိသည်။

ယဲ့ချန်းက ရီတာ့လုပ်ငန်းစု၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ဝမ်သိုက်လုပ်ငန်းစုပိုင်ရှင်ပါ ဖြစ်နေလိမ့်မည်ဟု သူ မည်သို့များ ထင်ထားမည်နည်း။

ကြိုသိခဲ့လျှင် သူက သူတို့ကုမ္ပဏီ၏ အရေးကြီးဆုံး ဖောက်သည်ဖြစ်ကြောင်း သဘောပေါက်ခဲ့မည်သာ။

ချန်းယုံတစ်ယောက် ဆွံ့အသွားသည်။

ခင်ဗျားက ဘီလျံနာသူဌေးကြီးဖြစ်ပြီးတော့ ဘာလို့ ကျီလိကားကို မောင်းရတာလဲ...

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်ချလာသည်။

ချန်းပင်းက သားဖြစ်သူ၏မျက်နှာ နီရဲဖူးရောင်နေသည်ကိုမြင်သော် အနည်းငယ်လန့်ဖျပ်သွား၏။

"မင်းမျက်နှာက ဘာဖြစ်တာလဲ"

ချန်းယုံကမူ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။

"ဥက္ကဋ္ဌယဲ့ ကျွန်တော့်ကိုထိုးထားတာ"

ဥက္ကဋ္ဌယဲ့တဲ့လား။

ချန်းပင်းသည် ယဲ့ချန်းကို လှမ်းကြည့်ရင်း မျက်နှာပျက်သွားချေသည်။

"ဥက္ကဋ္ဌယဲ့... ဘယ်လိုတွေဖြစ်တာလဲဗျာ"

ယဲ့ချန်းကမူ အမှုမထားလေဟန်ဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လဲဆိုတာ ခင်ဗျားသားကို မေးကြည့်လိုက်လေ"

စဉ်းစားနေစရာပင်မလိုဘဲ သူ့သားက ယဲ့ချန်းကို စော်ကားမိလိုက်ပြီဖြစ်ကြောင်း ချန်းပင်း သိလိုက်သည်။

သူသည် ဘာစကားမှမဆိုဘဲ သားဖြစ်သူကို အချက်ပေါင်းများစွာ ပါးရိုက်လိုက်သည်။

"မိုက်မဲတဲ့ကောင်... မင်းက ဥက္ကဋ္ဌယဲ့ကိုတောင် ရန်စရဲတယ်ပေါ့။ သေချင်နေပြီလား"

သူသဘောကျသော မိန်းကလေးကို စိတ်ဝင်စားအောင် လုပ်ပြမိရင်း ဤမျှအရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားလိမ့်မည်ဟု ချန်းယုံ လုံးဝထင်မထားပေ။

ဝမ်ခုန်းခုန်းထံမှ အရိုက်ခံခဲ့ရပြီးနောက် ယခု ဖခင်ဖြစ်သူ၏ရိုက်ချက်ကိုလည်း ခံရပြန်သည်။

ချန်းပင်းခမျာ ခပ်ရှက်ရှက်ဖြင့် ယဲ့ချန်းရှေ့သို့ တိုးလာသည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော့်သားကို ခွင့်လွှတ်ပေးပါဗျာ။ သားသမီးကို ကောင်းကောင်းမဆုံးမခဲ့မိတဲ့ ကျွန်တော့်အမှားပါ"

ယဲ့ချန်းကမူ အေးအေးလူလူပြန်ပြောလိုက်၏။

"ကျုပ် သူ့ကို ခွင့်လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကုမ္ပဏီအကြောင်း တိုင်ကြားစာတွေ ခဏခဏတက်လာတယ်လို့ ကြားတယ်။ ဂုဏ်သတင်းလည်း သိပ်မကောင်းဘူး။ ဒါကြောင့် ဝမ်သိုက်လုပ်ငန်းစုအနေနဲ့ ခင်ဗျားတို့နဲ့ ဆက်ပြီးလက်တွဲတော့မှာ မဟုတ်ဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်းပင်းမျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

ဘေးနားရှိ ဝမ်ခုန်းခုန်းကလည်း ပြောလိုက်၏။

"ချန်းပင်း... ရီတာ့လုပ်ငန်းစုကလည်း ခင်ဗျားတို့နဲ့ ဆက်ပူးပေါင်းတော့မှာမဟုတ်ဘူး"

ချန်းပင်း၏မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားလေတော့သည်။

ဤလုပ်ငန်းစုကြီးနှစ်ခုက အဓိကဖောက်သည်ကြီးများဖြစ်ကြလေရာ သူတို့ကိုသာ လက်လွှတ်လိုက်ရပါက သူ့အိမ်ခြံမြေကုမ္ပဏီဝင်ငွေ၏ ၈၀ရာခိုင်နှုန်းခန့် လျော့ကျသွားပေလိမ့်မည်။

ချန်းပင်းက အသုံးမကျသော သူ့သားကို လှမ်းကြည့်ပြီး ပါးနှစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။

"အသုံးမကျတဲ့ကောင်... မင်းက မိန်းမလိုက်စားဖို့ပဲ သိတာ"

ချန်းပင်းခမျာ ခါးပတ်ကိုဖြုတ်ပြီး သူ့သားကို ခပ်ပြင်းပြင်း ရိုက်နှက်လေတော့သည်။

ယဲ့ချန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။

"သားသမီးကို ဆုံးမချင်ရင် အိမ်ပြန်ရောက်မှ ဆုံးမချေ။ ဒီနေရာမှာ စိတ်အနှောင့်အယှက်ဖြစ်အောင် လာမလုပ်နဲ့"

ယဲ့ချန်းက သူတို့ကုမ္ပဏီနှင့် ဆက်ပူးပေါင်းတော့မည် မဟုတ်သော်လည်း ယဲ့ချန်းမှာ အပြစ်ပြု၍မရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ချန်းပင်း ကောင်းကောင်းနားလည်ထားသည်။

သူက တလေးတစားပြောလိုက်သည်။

"မစ္စတာယဲ့... အိမ်ပြန်ရောက်ရင် ဒီသားမိုက်ကို ကျွန်တော် ကောင်းကောင်းဆုံးမလိုက်ပါ့မယ်။ စိတ်မရှိပါနဲ့"

ယဲ့ချန်းက လက်ယမ်းပြလိုက်သည်။

"အမှိုက်လိုကောင်ကို အဖက်မလုပ်ပါဘူး"

ချန်းပင်းလည်း သူ့သားကိုခေါ်၍ ပြန်သွားလေသည်။

ထိုနေရာရှိ လူအားလုံးက ယဲ့ချန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဝမ်ခုန်းခုန်းက သူတို့မျက်လုံးထဲတွင် ထူးခြားသော လူတစ်ယောက်ဟု သိထားကြသော်လည်း ယဲ့ချန်းကမူ ဝမ်ခုန်းခုန်းထက်ပင် ပိုအရှိန်အဝါကြီးနေပုံရသည်။

ယဲ့ချန်းမှာမူ ဆိပ်ကမ်းတွင်ရပ်လျက် ဟိုဟိုသည်သည်လှမ်းကြည့်နေသည်။

ဝမ်ခုန်းခုန်းက သိချင်စိတ်ကြောင့် မေးလိုက်သည်။

"ဦးလေးယဲ့... ဘာရှာနေတာလဲ"

ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။

"ငါ ဇိမ်ခံရွက်လှေတစ်စင်း ဝယ်ထားတာ။ ရှာမတွေ့လို့။ ဖုန်းဆက်ကြည့်မှဖြစ်မယ်ထင်တယ်"

လူတိုင်းက ယဲ့ချန်း၏ရွက်လှေ မည်သို့ပုံစံရှိမလဲဆိုသည်ကို အလွန်သိချင်နေကြသည်။

ထိုအချိန်မှာပင် ဆိပ်ကမ်းရှိ ရွှေရောင်ဇိမ်ခံရွက်လှေကြီးပေါ်မှ ယူနီဖောင်းဝတ်ထားသော ကပ္ပတိန်တစ်ယောက်က လူအုပ်ကြီးထံသို့ လှမ်းအော်​လိုက်သည်။

"တစ်ဆိတ်လောက်ပါ... ဒီထဲမှာ မစ္စတာယဲ့က ဘယ်သူလဲဗျ။ ခင်ဗျားရဲ့ရွက်လှေ ရောက်နေပါပြီ"

လူအုပ်ကြီးလည်း အသံလာရာသို့ လှည့်ကြည့်လိုက်ကြချိန်ဝယ် အားလုံး မှင်တက်သွားကြသည်။

ဘုရားရေ... အဲဒီရွက်လှေကိုး....

"ဒါက ဒဏ္ဍာရီထဲက ရွှေနဲ့လုပ်ထားတဲ့ ရာစုသစ်ထိပ်တန်းဆိုတဲ့ ရွက်လှေမဟုတ်လား"

"ဒီလောက်ခမ်းနားတဲ့ ရွက်လှေကို မစ္စတာယဲ့က ဝယ်လိုက်တာလား"

"မိုက်လိုက်တာကွာ... မစ္စတာယဲ့ကို လေးစားသွားပြီ"

...

သမိုင်းဝင်ရာစုသစ်ထိပ်တန်းဆိုသည်မှာ ရွက်လှေလောကထဲတွင် ဒဏ္ဍာရီတစ်ပါးပင်တည်း။

ဤမျှခမ်းနားထည်ဝါလှသော ရွက်လှေပိုင်ရှင်မှာ မည်သူဖြစ်မလဲဟု လူတိုင်း ခန့်မှန်းနေခဲ့ကြသော်လည်း တကယ်တမ်းတွင်မူ ယဲ့ချန်း ဖြစ်နေခဲ့သည်။

သူဌေးသားတစ်ယောက်က အွန်လိုင်းတွင် ချက်ချင်းရှာဖွေကြည့်လိုက်ပြီးနောက် ကြက်သေသေသွားချေသည်။

"ဒီရွက်လှေရဲ့တန်ဖိုးက ဘယ်လောက်ရှိမယ်ထင်လဲ"

လူအုပ်ကြီးက ထိုသူဌေးသားကို စိတ်ဝင်တစားကြည့်ရင်း ခန့်မှန်းကြလေသည်။

"နှစ်ဘီလျံသုံးဘီလျံလောက် ရှိမယ်ထင်တယ်"

"နှစ်ဘီလျံသုံးဘီလျံ ဟုတ်လား။ ရွှေနဲ့လုပ်ထားတဲ့ ဒီရွက်လှေက ၄.၅ဘီလျံတောင် တန်တာကွ"

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

၄.၅ဘီလျံတဲ့လား။

ကျီလိကားမောင်းသူတစ်ယောက်က ၄.၅ဘီလျံတန်ရွက်လှေကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ယနေ့ခေတ် သူဌေးကြီးများက ဤမျှအထိ သိုသိုသိပ်သိပ်နေကြလေသလား။

ရွက်လှေပေါ်တွင် တံတားခင်းလိုက်ပြီးနောက် ကပ္ပတိန်ဖြစ်သူက ဆင်းလာသည်။

"မင်္ဂလာပါ မစ္စတာယဲ့... ကျွန်တော်က မိုက်ခ်ပါ။ ကမ္ဘာ့အခမ်းနားဆုံးရွက်လှေရဲ့ ပိုင်ရှင်အသစ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ထိုအချိန်ဝယ် သူဌေးသားများနှင့် ဝမ်ခုန်းခုန်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အစတုန်းက ယဲ့ချန်း၏ ရွက်လှေမှာ ပုံမှန်ရွက်လှေဈေးနှုန်းဖြစ်သော သန်းလေးဆယ်ငါးဆယ်ခန့်သာ ရှိမည်ဟု ထင်ထားခဲ့ကြသည်။

ကမ္ဘာ့ဈေးအကြီးဆုံးနှင့် အခမ်းနားဆုံးဖြစ်သည့် ရာစုသစ်ထိပ်တန်းဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

အရေးအကြီးဆုံးအချက်မှာ ဤကဲ့သို့သောရွက်လှေမျိုးမှာ ပိုက်ဆံရှိရုံဖြင့် ဝယ်မရပေ။

ထိုအချိန်မှာ အွန်လိုင်းဆယ်လီမိန်းကလေးများက ယဲ့ချန်းကို တောက်ပနေသောမျက်ဝန်းအစုံဖြင့် ငေးကြည့်နေကြသည်။

ဤသည်မှာ ခုန်းခုန်းထက်ပင် ပိုအထင်ကြီးစရာ ကောင်းနေချေသည်။

ရွက်လှေကြီးကိုမြင်ပြီး စိတ်လှုပ်ရှားနေသော ဝမ်ခုန်းခုန်းက ပြောလိုက်၏။

"ဒီရွက်လှေအကြောင်း ကျွန်တော် ကြားဖူးတယ်။ ဦးလေးယဲ့... ကျွန်တော် အပေါ်တက်ကြည့်လို့ရမလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"ရတာပေါ့။ တက်ကြည့်ချင်တဲ့လူ ဘယ်သူမဆို တက်ခဲ့ကြ"

ကုန်းပတ်က အလွန်ကျယ်ဝန်းပြီး ဘတ်စကတ်ဘောကွင်းပင် ပါရှိလေသည်။

ကုန်းပတ်၏တစ်ဖက်ခြမ်းတွင် ရဟတ်ယာဉ်ဆင်းသက်နိုင်သော ကွင်းလည်း ပါရှိချေသည်။

ဒီလိုမှန်းသာကြိုသိရင် ရဟတ်ယာဉ်မောင်းပြီး လာလိုက်ပါတယ်...

သူတို့တစ်သိုက်မှာ အပေါ်သို့တက်သွားပြီးနောက် ရွက်လှေကြီး၏ ခမ်းနားတင့်တယ်မှုကြောင့် ချက်ချင်းဆိုသလို မှင်တက်သွားကြလေတော့သည်။

All Chapters