အခန်း (၁၄၄၄-၁၄၄၆)
Vol. 97 Ch. 1444-1446
အခန်း (၁၄၄၄ )
သတ်ဖြတ်ခြင်း ဧကရာဇ် နောက်တစ်ဦး
ရန်ယန်ဧကရာဇ်က တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် လုချန်း သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။ ရန်ယန်ဧကရာဇ်သည် ဧကရာဇ် အဆင့်နှစ်တွင် ရှိနေသဖြင့် သူ့ကို သိမ်းသွင်းရန် လုချန်း စိတ်ကူးရှိခဲ့၏။ သို့သော်လည်း မမျှော်လင့်ပဲ ဤလူက အရင်ဆုံး စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ယခုတော့ ရွေးချယ်စရာ လမ်းမရှိတော့ပေ။ နောက်ပိုင်းတွင် ဤဧကရာဇ်အဆင့်ရှိသူများကို သူ၏ ဝိညာဉ်ထိန်းချုပ်ခြင်းအား လိုလိုလားလား လက်ခံစေချင်ပါက တစ်စုံတစ်ဦးကို နမူနာပြ သုတ်သင်ပြရန် လိုအပ်သည်ဟု လုချန်းက ယူဆလိုက်ရသည်။ ရန်ယန်ဧကရာဇ်က အရင်ဆုံး ခုန်ထွက်လာသဖြင့် သူသည် ဧကရာဇ်အဆင့်နှစ် ဖြစ်နေလျှင်ပင် သူ့ကို ရှင်းလင်းပစ်ရန် လုချန်းက ဆုံးဖြတ်လိုက်သည်။
နေဝင်ချိန် ပျက်စီးခြင်းမှ ပြောင်းလဲလာသော မီးလျှံဖီးနစ်က လုချန်းကို တိုက်ခိုက်တော့မည့်ဆဲဆဲ၌ လုချန်း၏ ခန္ဓာကိုယ်မှ အစိမ်းရောင် ဖန်တီးခြင်းစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာ၏။
သို့သော်လည်း ၎င်းက ခဏခန့်သာ ကြာမြင့်ပေသည်။ နောက်တစ်ခဏတွင် ဖန်တီးခြင်းစွမ်းအားများ အားလုံး သွေးနီရောင်သို့ ပြောင်းလဲသွား၏။ ထိုသွေးနီရောင် စွမ်းအားများမှ အမည်းရောင် မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဧကရာဇ်များ၏ မျက်နှာအမူအရာများ တစ်ဖန် ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။
“သတ်... သတ်ဖြတ်ခြင်းစွမ်းအားပါလား”
“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“သတ်ဖြတ်ခြင်းနဲ့ လမ်းစဉ်ဖော်ဆောင်တဲ့ တခြားဧကရာဇ်တစ်ပါး တကယ်ပဲ ရှိနေသေးတာလား။”
“သွားပြီ”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရန်ယန်ဧကရာဇ် ချွေးစေးများ ထွက်လာသည်။ လုချန်း၏ ကိုယ်ပေါ်တွင် နတ်လက်နက်အချို့ ရှိနေလျှင်ပင် သူသည် ဧကရာဇ်အဆင့်တစ်၌သာ ရှိသည်။
ရှိနေသော ဧကရာဇ်များသာ အင်အားချင်း ပူးပေါင်းလိုက်လျှင် လုချန်းအနေနှင့် ခုခံနိုင်စရာ အကြောင်းမရှိပေ။ သို့သော်လည်း ရလဒ်မှာ သတ်ဖြတ်ခြင်း လမ်းစဉ်ဧကရာဇ်တစ်ပါး၏ တားဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်နေသည်။
ဘယ်အချိန်ကစပြီး သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်သည့် ဧကရာဇ်များ ဤမျှ အမြောက်အမြား ပေါ်လာရသနည်း။
သတ်ဖြတ်ခြင်း လမ်းစဉ်သည် ကောင်းကင်ဘုံ လမ်းစဉ်ကို ဒေါသထွက်စေပြီး အပြစ်ပေးခံရရန် လွယ်ကူသည်ဟု ပြောကြသည် မဟုတ်လား။
အဘယ်ကြောင့် ယခု သတ်ဖြတ်ခြင်းနှင့် လမ်းစဉ်ဖော်ဆောင်သည့် ဧကရာဇ် အမြောက်အမြား ပေါ်လာနေရသနည်း။
လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းစွမ်းအားကို မြင်လိုက်ရသဖြင့် ထျန်းဟုန် ဧကရီပင်လျှင် အံ့အားသင့်သွား၏။ သူမ၏ အေးစက်သော အကြည့်များမှာလည်း ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွားသည်။
သူသည် ဖန်တီးခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေသည် မဟုတ်ပါလား။
ဘယ်အချိန်ကစပြီး သတ်ဖြတ်ခြင်း လမ်းစဉ်ကို သူတတ်မြောက်သွားရသနည်း။
လူတစ်ယောက်တည်းက လမ်းစဉ်နှစ်ခုကို လျှောက်လှမ်းနေတာလား။
ထို့ပြင် စွမ်းအားတန်ပြန်မှုကို တောင် သူ မခံရပါလား။
အဲ့ဒါက တကယ်ပဲ ဖြစ်နိုင်ပါသလား။
နေဝင်ချိန် ပျက်စီးခြင်း၏ စွမ်းအားက လုချန်းကို ထိမှန်တော့မည့် အချိန်တွင် လုချန်းက လက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲ၌ ဓားတစ်စင်း ပေါ်လာသည်။ နောက်တစ်ခဏတွင် လုချန်းက ဓားကို အသာအယာသာ လွှဲလိုက်သည်။
“ရေခဲရှစ်ဆင့်ဓား”
ချက်ချင်းပင် လုချန်း၏ ဘေးပတ်လည်ရှိ သတ်ဖြတ်ခြင်းစွမ်းအားများသည် ဓားအငွေ့အသက်များအတွင်း လွှမ်းခြုံသွားပြီး မီးလျှံဖီးနစ်ထံသို့ ပြေးဝင်သွားသည်။
နောက်တစ်ခဏတွင် မီးလျှံဖီးနစ်လည်း ဓား အငွေ့အသက်ကြောင့် ချက်ချင်းပင် အေးခဲသွား၏။ ထို့နောက် တစ်မုဟုတ်ချင်းပင် အလင်းတန်းများအဖြစ် ကြေမွသွားသည်။
လုချန်းက သူ၏ အပြင်းထန်ဆုံး အကွက်ကို အလွယ်တကူ ဖျက်ဆီးလိုက်သည်ကို မြင်သောအခါ ရန်ယန်ဧကရာဇ် စိတ်ထဲ အလွန် ထိတ်လန့်သွားသည်။
“ကျုပ် အခုလေးတင် စဉ်းစားလိုက်တာ... တကယ်တော့ ခင်ဗျားအပေါ် သစ္စာခံဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
လုချန်းက အသာအယာ ရယ်မောလိုက်ပြီး အောက်ပါအတိုင်း တုံ့ပြန်လိုက်သည်။
“ခုနကတော့ ခင်ဗျားမှာ သတ္တိရှိတယ်လို့ ကျုပ် ထင်နေတာ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း ခင်ဗျားက ဘာမှမဟုတ်ပါလား။ ဧကရာဇ်တစ်ပါးအနေနဲ့ ဧကရာဇ်ရဲ့ သိက္ခာတော့ ရှိသင့်တာပေါ့။”
“ခုနက ခင်ဗျားက တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပြီးပြီဆိုတော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်က လေးစားရမှာပေါ့။”
လုချန်းက ထိုသို့ ပြောရင်း သတ်ဖြတ်ခြင်းစွမ်းအားကို ဓားအတွင်း၌ စုစည်းလိုက်၏။ ထိုအခါ ရန်ယန်ဧကရာဇ်၏ ခေါင်းပေါ်ရှိ မီးလုံးထက် ပို၍ကြီးမားသော ကြယ်ကြီးတစ်လုံး သူ၏ နောက်၌ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် ဓားအငွေ့အသက်များ ဟင်းလင်းပြင်ထဲ၌ ပေါ်လာသည်။ သူ၏ ဓားကို ဝှေ့ယမ်းရင်း လုချန်းက
“ကြယ်ရွှေ့ ဓားတစ်ထောင်”
ပို၍ ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် မရေမတွက်နိုင်သော ဓားများ ရန်ယန်ဧကရာဇ်ထံသို့ ပြေးဝင်သွားကြသည်။ အနီးအနားရှိ ဧကရာဇ်များလည်း အလျင်အမြန် ရှောင်တိမ်းလိုက်ကြသည်။
ရန်ယန်ဧကရာဇ် ထွက်ပြေးလိုသော်လည်း သူ၏ ခန္ဓာကိုယ်သည် အင်အားတစ်ခု၏ ဖမ်းချုပ်ခြင်းကို ခံထားရသကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအခိုက်အတန့်တွင် လုချန်း ရန်ယန်ဧကရာဇ်ကို သတ်တော့မည်ကို အဝေးမှ ထျန်းဟုန် ဧကရီမြင်လျှင် အလွန်မကျေမနပ် ဖြစ်သွားသည်။ ရန်ယန်ဧကရာဇ်ကို သတ်ဖြတ်ခြင်းကို သူမ ကန့်ကွက်လိုသည်တော့ မဟုတ်ပေ။
သို့သော်လည်း လုချန်းက သတ်ခြင်းမျိုးတော့ မဖြစ်သင့်ဟု သူမက ယူဆထားသည်။
သူမ၏ သတ်ဖြတ်ခြင်း နယ်ပယ်ထဲမှာ လုချန်းက သူမ၏ သားကောင်ကို လုယက်သတ်ဖြတ်ရန်အထိ ရဲဝံ့နေရသလား။
လုံးဝ မဖြစ်နိုင်ပေ။
လုချန်း ထုတ်လွှတ်လိုက်သော သောင်းနှင့်ချီသည့် ဓားအငွေ့အသက်များ ရန်ယန်ဧကရာဇ်ထံသို့ ရောက်ခါနီးတွင် ရန်ယန်ဧကရာဇ်က ရယ်မောလိုက်ရင်း
“မင်းတို့က ကျုပ်ကို သေစေချင်မှတော့ အားလုံးပဲ ကျုပ်နဲ့အတူ သင်္ချိုင်းထဲ လိုက်ခဲ့ကြပေတော့... ဟားဟားဟား... အွတ်...”
ရန်ယန်ဧကရာဇ် သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲဖျက်ဆီးခြင်း မပြုနိုင်မီမှာပင် ဓားတစ်စင်းက သူ၏ နောက်ရှိ နိယာမ ပုံရိပ်ကိုသာမက သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုပါ ရုတ်တရက် ထိုးဖောက်သွားတော့သည်။
ရန်ယန်ဧကရာဇ်၏ မျက်လုံးများထဲ၌ မကျေနပ်သော အရိပ်အယောင်များ ပြင်းထန်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် သွေးစက်များအဖြစ် ရုတ်တရက် ပေါက်ကွဲသွားကာ သူ၏ စိတ်ဝိညာဉ်လည်း ကြယ်အလင်းတန်းများအဖြစ် လွင့်စင်ပျက်စီးသွားလေတော့သည်။
ဒါက...
ထျန်းဟုန် ဧကရီက နောက်မှ ချောင်းမြောင်း တိုက်ခိုက်လိမ့်မည်ဟု လုချန်း မထင်မှတ်ထားခဲ့ပေ။ သူမ၏ လှုပ်ရှားမှုက သူ့ထက်ပင် ပို၍ မြန်နေသည်။ ထိုအခိုက်အတန့်တွင် သူက ထျန်းဟုန် ဧကရီကို ကြည့်လိုက်၏။ သူမက ဘာအမူအရာမှ မပြပဲ အေးစက်စွာ နှာခေါင်းရှုံ့ကာ လုချန်း၏ အကြည့်နှင့် မဆုံပဲ ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။
လုချန်း အသာအယာ ပြုံးလိုက်သည်။ အစက သူတတ်မြောက်ထားသော သတ်ဖြတ်ခြင်း လမ်းစဉ်၏ အစွမ်းကို စမ်းသပ်လိုခြင်းဖြစ်၏။
သို့သော်လည်း ထျန်းဟုန် ဧကရီက သူ့ထက် အရင် လက်ဦးသွားခြင်း ဖြစ်သည်။ ဖန်တီးခြင်း လမ်းစဉ်သည် လမ်းစဉ်အားလုံး၏ အစ ဖြစ်သော်လည်း လုချန်းသည် ဖန်တီးခြင်း လမ်းစဉ်မှ ဆင်းသက်လာသော သတ်ဖြတ်ခြင်းစွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
၎င်းကို သူ အလွန် ကျွမ်းကျင်ခြင်း မရှိသေးသလို ၎င်း၏ ဖျက်ဆီးနိုင်စွမ်းကိုလည်း မသိသေးပေ။ ထို့ကြောင့် ကိုယ်တိုင် လှုပ်ရှားရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။
ထားလိုက်ပါတော့...
ထျန်းဟုန် ဧကရီသည် ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ဇနီး ဖြစ်နေသည် မဟုတ်ပါလား။
သူ လှုပ်ရှားသည်ဖြစ်စေ သူမ လှုပ်ရှားသည်ဖြစ်စေ ကွာခြားမှု မရှိပေ။ ဘာပဲဖြစ်ဖြစ် နမူနာပြ သုတ်သင်ပြရန် ရည်ရွယ်ချက်ကတော့ အောင်မြင်သွားပြီ ဖြစ်သည်။
လုချန်းက မျက်နှာတွင် အပြုံးတစ်ခုနှင့် ကျန်ရှိနေသော ဧကရာဇ်များကို ကြည့်ကာ
“တခြား စမ်းချင်သေးတဲ့သူ ရှိသေးလား”
ဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် မင်ရှင်းဧကရာဇ်က ပထမဆုံး တုံ့ပြန်လိုက်၏။ သူက လုချန်းကို ချက်ချင်း ဂါရဝပြုလိုက်ပြီး
“ကျွန်တော် ခင်ဗျားအပေါ် သစ္စာစောင့်သိဖို့ ဆန္ဒရှိပါတယ်။”
သေတာထက် ရှင်တာက ပိုကောင်းပေသည်။ အညံ့ခံခြင်းသည် ကြီးမားသော ကိစ္စမဟုတ်ပေ။
ဤအခိုက်အတန့်တွင် ဧကရာဇ်တစ်ပါးက အရှက်အကွဲမခံနိုင်ဘူး ဆိုသည့် စကားများကို ပြောနေရန် မလိုအပ်တော့ပေ။ တစ်ဖက်လူသည် ဧကရာဇ်တစ်ပါး ဖြစ်သည်သာမက သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ် ဖြစ်ပေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ထိုကဲ့သို့သော ဧကရာဇ်မျိုး နှစ်ပါးတောင် ရှိနေခြင်းဖြစ်သဖြင့် အညံ့ခံခြင်းက အရှက်ရစရာတစ်ခု မဟုတ်ပေ။
နောက်တစ်ခဏတွင် အခြားဧကရာဇ်များကလည်း စတင်ပြောဆိုလာကြသည်။
“ကျွန်တော်လည်း ခင်ဗျားအပေါ် သစ္စာစောင့်သိဖို့ ဆန္ဒရှိပါတယ်။”
“ကျွန်တော်လည်းပဲ ဆန္ဒရှိပါတယ်...”
မကြာမီမှာပင် ဧကရာဇ်များ အားလုံးက သစ္စာခံလိုကြောင်း ပြောလာကြသည်။ သို့သော်လည်း သူတို့၏ သစ္စာခံမှုမှာ နှုတ်ဖြင့်သာ ဖြစ်ပြီး အချို့သည် ရှနိုင်ငံသို့ တကယ် သစ္စာခံရန် ရည်ရွယ်ချက် မရှိကြသေးပေ။ အချို့သောသူများ၏ စိတ်ထဲတွင်တော့ သူတို့ကိုယ်တိုင်လည်း ဧကရာဇ်များ ဖြစ်သည်ဟု တွေးနေကြဆဲဖြစ်သည်။
သူတို့က ဘယ်လိုလုပ်ပြီး လူငယ်လေးတစ်ယောက်ကို နာခံနိုင်မည်နည်း။
ထို့ပြင် ရှန်ယွဲ့နိုင်ငံကလည်း မကြာမီ သူတို့၏ တံခါးဝသို့ စစ်တပ်နှင့် ရောက်လာတော့မည် ဖြစ်သည်။
သူတို့ ဒီမှာ သေဖို့ စောင့်မနေနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဒါက ဟန်ပြ သစ္စာခံမှုသာ ဖြစ်သည်။ အခွင့်အရေးရသည်နှင့် သူတို့ ရှနိုင်ငံမှ ချက်ချင်း ထွက်ပြေးကြမည်။
ထိုအတွေးလေးများကို လုချန်း ကောင်းစွာ သိ၏။ သူက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီးနောက်
“ခင်ဗျားတို့ အားလုံး ကျုပ်ကို သစ္စာခံဖို့ အဆင်သင့်ဖြစ်ပြီဆိုမှတော့ ခင်ဗျားတို့ရဲ့ စိတ်အာရုံတွေကို ဖွင့်ပေးထားလိုက်ကြပါ။”
ထိုစကားကို ကြားလျှင် လူအုပ်ကြီး အံ့အားသင့်သွား၏။
စိတ်အာရုံတွေကို ဖွင့်ပေးရမယ်.....
ဧကရာဇ်များ၏ စိတ်ဝိညာဉ်ကို ကျူးကျော်ရန် မလွယ်ကူပေ။
စိတ်အာရုံများကို ဖွင့်ခိုင်းရသည့် ရည်ရွယ်ချက်က ဘာလဲ။
သူတို့ကို ထိန်းချုပ်နိုင်မယ်လို့ သူထင်နေတာလား။
ဧကရာဇ်တစ်ပါး ထိန်းချုပ်ခံရသည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့သဖြင့် လုချန်း ဘာလုပ်ရန် ကြံရွယ်ထားသည်ကို သိနိုင်ရန် သူတို့အားလုံး၏ စိတ်အာရုံများကို ဖွင့်ပေးလိုက်ကြသည်။
နောက်တစ်ခဏတွင် လုချန်း၏ နဖူးမှ သွေးနီရောင် အမှတ်အသားတစ်ခု လွင့်ထွက်လာ၏။ ထိုအမှတ်အသားသည် ချက်ချင်းပင် ဆယ်ပိုင်း ကွဲသွားပြီး ဧကရာဇ် ဆယ်ပါး၏ နဖူးများဆီသို့ ပျံသန်းသွားကာ ၎င်းတို့အတွင်းသို့ ပေါင်းစပ်သွားသည်။
လုချန်းက ဟန်ပြလုပ်နေသည်ဟုသာ ဧကရာဇ်များ ယူဆထားကြပြီး အခြေအနေ၏ လေးနက်မှုကို သတိမပြုမိကြသေးပေ။ စကြဝဠာထဲတွင် ဧကရာဇ်တစ်ပါးကို ထိန်းချုပ်နိုင်သည့် နည်းလမ်းမျိုးရှိကြောင်း သူတို့ တကယ်ပင် မကြားဖူးခဲ့ကြပေ။
အကယ်၍ ဧကရာဇ်တစ်ပါးကို ထိန်းချုပ်နိုင်သူ ရှိခဲ့လျှင်ပင် ထိုသူ၏ အဆင့်အတန်းသည်လည်း ဒဏ္ဍာရီလာ အဆင့်သို့ ရောက်ရှိနေမည်မှာ ဧကန်မုချ ဖြစ်သည်။ သူတို့ရှေ့ရှိ လူသည် ဧကရာဇ်အဆင့်တစ်၌သာ ရှိသဖြင့် သူတို့ကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ဝိညာဉ်တံဆိပ်က သူတို့၏ စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်သွားချိန်၌တော့ ဧကရာဇ်များ လုံးဝ ထိတ်လန့်သွားကြလေတော့သည်။
……….
အခန်း (၁၄၄၅ )
ပင်မခန္ဓာကို ခေါ်လိုက်
“ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဘာလို့ ငါ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ ဖျက်ပစ်လို့မရတဲ့ အမှတ်အသားတစ်ခု ရှိနေရတာလဲ။”
“သူက ဧကရာဇ်အဆင့်ရှိသူကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား။”
“ကုန်ပါပြီ... သွားပြီ။”
မိမိရှေ့တွင် အသည်းအသန် အော်ဟစ်မြည်တမ်းနေသော ဧကရာဇ်အုပ်စုကြီးကို ကြည့်ရင်း လုချန်း သူ၏ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်သည်။ သူက အေးစက်သော ရယ်သံနှင့်
“ခင်ဗျားတို့က ကျုပ်အပေါ် သစ္စာစောင့်သိပါ့မယ်လို့ ပြောခဲ့ကြတာ မဟုတ်လား။ ဒါဆို ဘာလို့ ဝိညာဉ်တံဆိပ် ခတ်နှိပ်ပြီးတဲ့အခါကျမှ မလိုလားသလို ဖြစ်နေရတာလဲ။”
“ဒါမှမဟုတ် ခင်ဗျားတို့က ဟန်ပြ သစ္စာခံပြီးတော့ တကယ်တမ်းကျ ထွက်ပြေးဖို့ ကြံစည်နေတာများလား။”
ထိုစကားကြောင့် လူတိုင်း၏ နဖူးမှ ချွေးစေးများ စိမ့်ထွက်လာကြကုန်၏။
မင်ရှင်းဧကရာဇ်က အလျင်အမြန်ပင်
“မင်းကြီး... ရှင်းရှင်းလင်းလင်း မြင်ကြည့်ပေးပါ။ ကျွန်တော့်မှာ အဲ့ဒီလို အတွေးမျိုး အလျဉ်းမရှိပါဘူး။”
လုချန်း၏ အကြည့်က အခြား ဧကရာဇ်များထံသို့ ရောက်သွားသည်။ ထိုအခါ သူတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် အလုအယက် ပြောလာကြသည်။
“ကျွန်တော်တို့မှာလည်း အဲ့ဒီလို အတွေးမျိုး မရှိပါဘူး။”
ဝိညာဉ်တံဆိပ်က သူတို့၏ စိတ်ဝိညာဉ်အတွင်း အမြစ်တွယ်နေပြီ ဖြစ်သဖြင့် ယခု သူတို့၏ အသက်သည် လုချန်း၏ အတွေးတစ်ချက်ပေါ်တွင်သာ မူတည်နေတော့သည်။ သူတို့ ထွက်ပြေးရန် စဉ်းစားနေသေးပါက နောက်တစ်ခဏတွင် သူတို့၏ စိတ်ဝိညာဉ်များ ချေမှုန်းခံရမှာ ဧကန်မုချ ဖြစ်သည်။ ယခုတော့ သူတို့၏ ကံကြမ္မာဆိုးကို လက်ခံလိုက်ရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် ပြဿနာတစ်ခုကို မင်ရှင်းဧကရာဇ် တွေးမိသွား၏။ ရှနိုင်ငံတွင် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်အဆင့် နှစ်ပါး ရှိနေသည်။ ရှန်ယွဲ့နိုင်ငံတွင်မူ မိမိကိုယ်ကိုယ် စတေးကာ လမ်းစဉ်ဖော်ဆောင်ခဲ့ပုံရသည့် လုယန်ဟွာ တစ်ဦးတည်းသာ သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရှနိုင်ငံ၏ အင်အားက ရှန်ယွဲ့နိုင်ငံထက် သာလွန်နေပြီလားဟု သူက တွေးတောမိသွားခြင်းဖြစ်၏။ သူတို့သည် ဧကရာဇ် အဆင့်တစ် သို့မဟုတ် နှစ်အဆင့်၌သာ ရှိကြသော်လည်း သူတို့သည် ဧကရာဇ်များ ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် သူတို့၏ အင်အားအားလုံး စုပေါင်းပြီး ရှနိုင်ငံ၏ အကာအကွယ်ကို တိုက်ခိုက်ခဲ့စဉ်က နည်းနည်းမှ အရာမထင်ခဲ့ပေ။
ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်များ လာရောက်လျှင်လည်း ထိုအကာအကွယ်ကို ဖောက်ခွဲနိုင်လိမ့်မည် မဟုတ်ပေ။ အရေးကြီးဆုံးမှာ လုချန်းသည် ထိုကဲ့သို့သော အကာအကွယ်မျိုးကို တည်ဆောက်နိုင်ခြင်း ဖြစ်သည်။
ဤအချက်က တစ်နည်းအားနှင့် သူ၏ စွမ်းဆောင်ရည်ကို ပြသနေသည်။ ရှန်ယွဲ့နိုင်ငံကို တန်ပြန်ရန် လုချန်းတွင် အခြားသော နည်းလမ်းများစွာ ရှိနိုင်သည်ကိုလည်း ညွှန်ပြနေပေသည်။
သေချာစဉ်းစားကြည့်လျှင် လုချန်းတွင် ဘာနည်းလမ်းမှ မရှိပါက သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် အခြား ဧကရာဇ်တစ်ပါးကို မည်သို့ သိမ်းသွင်းနိုင်မည်နည်း။ သို့မဟုတ် ရှနိုင်ငံက ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို မည်သို့ တောင့်ခံနိုင်မည်နည်း။
မင်ရှင်းဧကရာဇ် ပို၍ တွေးတောမိလေလေ ရှနိုင်ငံသို့ ဝင်ရောက်ခြင်းက မကောင်းသည့် ကိစ္စမဟုတ်နိုင်ဟု ခံစားရလေလေပင်။
အကယ်၍ ရှနိုင်ငံက ရှန်ယွဲ့နိုင်ငံကို အနိုင်ယူပြီး စကြဝဠာ၏ အထူးအင်အားကြီး အဖွဲ့အစည်း ဖြစ်လာပါက သူတို့သည် စကြဝဠာကပ်ဘေးမှ လွတ်မြောက်ရန် အခွင့်အလမ်း ပိုများလာနိုင်သည်။ ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ မင်ရှင်းဧကရာဇ် စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွား၏။
ထိုစဉ် လုချန်းက
“ကောင်းပြီ... ခင်ဗျားတို့က ကျုပ်အပေါ် သစ္စာခံဖို့ ရွေးချယ်ပြီးပြီဆိုတော့ ပြန်သွားပြီး ကောင်းကောင်းပြင်ဆင်ထားကြပါ။ ခင်ဗျားတို့ရဲ့ နိုင်ငံတွေဆီကို ကျုပ်ကိုယ်တိုင်လာပြီး တရားဝင် သစ္စာခံမှုကို လက်ခံမှာ ဖြစ်တယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြ၏။ သူတို့၏ နိုင်ငံများသို့ လာရောက်ကာ တရားဝင် သစ္စာခံမှုကို လက်ခံမည်ဆိုသည်က သူတို့၏ နိုင်ငံအားလုံးကို ရှနိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုအခါ သူတို့နိုင်ငံများ၏ မင်းဆက်ကံစွမ်းအားများလည်း လုချန်းထံသို့ အကုန်လုံး ရောက်ရှိသွားပေလိမ့်မည်။ ထို့သို့ဆိုလျှင် သူတို့၏ အနာဂတ်၌ အင်အားများ သိသိသာသာ ကျဆင်းသွားမည် မဟုတ်ပါလား။
ထိုသူတို့၏ မျက်နှာပေါ်မှ ခက်ခဲနေသည့် အမူအရာများကို မြင်လျှင် လုချန်းက သူတို့၏ မလိုလားမှုကို သိရှိသဖြင့် ဆက်ပြောလိုက်သည်။
“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က မကြာခင် ရောက်လာတော့မှာ။ ခင်ဗျားတို့ရဲ့ အင်အားသက်သက်နဲ့ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်ကို တိုက်ခိုက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။”
“အကယ်၍ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကသာ အဲ့ဒီလို လုပ်နိုင်မယ်ဆိုရင် ကျုပ်က ခင်းဗျားတို့နိုင်ငံတွေရဲ့ မင်းဆက်ကံစွမ်းအားကို စုပ်ယူမှာ မဟုတ်သလို ခင်ဗျားတို့နိုင်ငံတွေကိုလည်း လွတ်လွတ်လပ်လပ် ဆက်လက် တည်ရှိခွင့် ပေးမယ်။”
ဒါကတော့ စဉ်းစားချင်စရာ ကောင်းသည်။
ဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လုချန်းကို ဦးညွှတ်လိုက်ကြသည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံတွေကို လက်လွှဲပေးဖို့ ဆန္ဒရှိပါတယ်။”
လုချန်းပြောသည့်စကား တကယ်ပင် မှန်ကန်ကြောင်း သူတို့ တွေးတောမိကြ၏။ လုချန်းက ယခုအချိန်တွင် သူတို့နိုင်ငံများကို မသိမ်းသွင်းလျှင်လည်း ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် ရောက်လာပါက သူတို့ ကာကွယ်နိုင်မည် မဟုတ်ပေ။ သူတို့တွင် သူတို့၏နိုင်ငံများကို ကာကွယ်နိုင်သည့် စွမ်းရည်ရှိပါက ရှနိုင်ငံကို လာရောက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြမည် မဟုတ်ပေ။
ရှနိုင်ငံကို မသိမ်းပိုက်နိုင်ခဲ့သည့်အပြင် ရှဧကရာဇ်၏ ထိန်းချုပ်မှုကိုပါ ခံလိုက်ရသည်ကို တွေးမိကာ ဧကရာဇ်အချို့ အလွန် စိတ်ပျက်အားငယ်နေကြသည်။ သို့သော် ယခုအချိန်တွင် ဘာပြောပြော နောက်ကျသွားပြီ ဖြစ်၏။
သူတို့သည် ရှနိုင်ငံဟူသော လှေကြီးပေါ်တွင် အသေအချာ ချည်နှောင်ခံထားရပြီ ဖြစ်သည်။ အကယ်၍ ရှနိုင်ငံ ပျက်စီးသွားပါက သို့မဟုတ် လုချန်း သေဆုံးသွားပါက သူတို့၏ စိတ်ဝိညာဉ်များလည်း ဝိညာဉ်တံဆိပ်ကြောင့် ကြေမွသွားပေလိမ့်မည်။
လုချန်းက ဆက်လက်၍
“ခင်ဗျားတို့ ဒီလို ဆုံးဖြတ်ချက်ချခဲ့တာကို ဝမ်းသာသင့်တယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံတွေ ရှနိုင်ငံနဲ့ ပေါင်းစည်းသွားတာနဲ့ ရှနိုင်ငံရဲ့ အကာအကွယ်က ခင်ဗျားတို့နိုင်ငံတွေဆီကိုပါ ပျံ့နှံ့သွားပြီး ခင်ဗျားတို့ရဲ့ ပြည်သူတွေကို အကာအကွယ် ပေးလိမ့်မယ်။”
ထိုအရာကို ကြားလျှင် ဧကရာဇ်များ အံ့အားသင့်သွားကြ၏။
မင်ရှင်းဧကရာဇ်က
“မင်းကြီး ပြောတာ အမှန်ပဲလား”
အချို့သော ဧကရာဇ်များသည် သူတို့၏ မျိုးဆက်များအပေါ် ဂရုမစိုက်ပဲ သူတို့ အသက်ရှင်ရန်အတွက် စွန့်လွှတ်နိုင်ကြသော်လည်း အချို့မှာမူ ထိုသို့ မလုပ်နိုင်ကြပေ။ ဧကရာဇ်တစ်ပါးချင်းစီ၏ လမ်းစဉ်များက ကွဲပြားသည်။
ပေရှုဟွာ၏ ကာကွယ်ခြင်း လမ်းစဉ်ကို ဥပမာထားကြည့်နိုင်သည်။ ပေရှုဟွာ ဧကရာဇ်ဖြစ်လာပြီးနောက် သူမ ကာကွယ်ထားသမျှ အရာအားလုံးကို စွန့်လွှတ်လိုက်ပါက သူမ၏ လမ်းစဉ်နှလုံးသား ပြိုလဲသွားပြီး သူမ၏ အဆင့်အတန်းလည်း ကျဆင်းသွားပေလိမ့်မည်။
မင်ရှင်းဧကရာဇ်သည် ဆွေမျိုးသားချင်း သံယောဇဉ်ဖြင့် လမ်းစဉ်ဖော်ဆောင်ခဲ့သူ ဖြစ်၏။ အကယ်၍ သူ၏ မိသားစုနှင့် မျိုးဆက်များကို စွန့်လွှတ်လိုက်ပါက သူ၏ လမ်းစဉ်နှလုံးသား ဧကန်မုချ ပြိုလဲသွားမည် ဖြစ်သဖြင့် သူသည် ဧကရာဇ်များထဲတွင် နိုင်ငံကို စွန့်ခွာရန် အခွင့်အလမ်း အနည်းဆုံးသူ ဖြစ်သည်။
ယခု ရှနိုင်ငံ၏ အကာအကွယ်က သူ၏ နိုင်ငံအထိ ပျံ့နှံ့သွားပြီး ပြည်သူများကိုပါ အကာအကွယ် ပေးနိုင်မည်ဟု လုချန်းက ပြောလာသောအခါ သူ အလွန် ဝမ်းသာသွားသည်။
လုချန်းက
“ခင်ဗျားတို့နိုင်ငံတွေ ရှနိုင်ငံနဲ့ ပေါင်းစည်းသွားတဲ့အခါ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။”
မင်ရှင်းဧကရာဇ်က ချက်ချင်းပင်
“ကျွန်တော် ပြန်သွားပြီး အခမ်းအနားအတွက် ပြင်ဆင်ထားပါ့မယ်။ မင်းကြီး ကြွလာမှာကို စောင့်မျှော်နေပါ့မယ်။”
ပြောပြီးသည်နှင့် မင်ရှင်းဧကရာဇ်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။ မင်ရှင်းဧကရာဇ် ထွက်သွားပြီးသည်နှင့် အခြား ဧကရာဇ်များလည်း ထွက်ခွာသွားကြ၏။
ဧကရာဇ်များ အားလုံး ထွက်ခွာသွားပြီးနောက် ထျန်းဟုန် ဧကရီသည် နောက်ဆုံးတွင် သူမ၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို လုံးဝ ပြန်လည် ရုပ်သိမ်းလိုက်သည်။ သို့သော် သူမ၏ သွေးနီရောင် မျက်လုံးများကတော့ လုချန်းကို စိုက်ကြည့်နေသေး၏။
သူ့ကို တိုက်ခိုက်ချင်နေသည့်အလားပင်။
လုချန်းက ပြုံးလျက်
“ဟုန်ဟုန်... ဘာလို့ ကိုယ့်ကို အဲ့ဒီလို စိုက်ကြည့်နေတာလဲ။”
ထျန်းဟုန် ဧကရီက အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ရှင့်ရဲ့ ပင်မခန္ဓာကို ဒီကို လာခိုင်းလိုက်”
ထိုစကားကြောင့် လုချန်းက ဇဝေဇဝါနှင့် မေးလိုက်၏။
“ဘာအတွက်လဲ”
သူ့ရဲ့ ပင်မခန္ဓာကို ဘာလို့ ဒီကို ခေါ်ရမှာလဲ.....
ထျန်းဟုန် ဧကရီက ဘာမှ ရှင်းမပြဘဲ ဖေးဟုန် နတ်လှေပေါ်သို့ တိုက်ရိုက် ပျံသန်းသွားသည်။ ထျန်းဟုန် ဧကရီ ထွက်သွားသည်ကို မြင်လျှင် လုချန်းလည်း နတ်လှေပေါ်သို့ လိုက်သွားလိုက်သည်။
နတ်လှေပေါ်သို့ ပြန်ရောက်သောအခါ ထျန်းဟုန် ဧကရီက လုချန်းကို ဂရုမစိုက်ပဲ ချက်ချင်းပင် တရားထိုင် ကျင့်ကြံတော့သည်။ ထျန်းဟုန် ဧကရီ၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူ၏ ပင်မခန္ဓာကို ထျန်းဟုန် ဧကရီ၏ ရှေ့သို့ လုချန်း ချက်ချင်း ခေါ်ယူလိုက်သည်။
လုချန်း၏ ပင်မခန္ဓာ၏ အရှိန်အဝါကို ခံစားမိလျှင် ထျန်းဟုန် ဧကရီက မှိတ်ထားသော မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်၏။ လုချန်း တုံ့ပြန်ရန် အချိန်မရမီမှာပင် ထျန်းဟုန် ဧကရီ သူ့ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ထို့နောက် သူမက သူ၏ ပင်မခန္ဓာကို တွန်းချလိုက်ပြီး သူ၏ အပေါ်သို့ တိုက်ရိုက်တက်လိုက်သည်။
ထိုကျူးကျော်လာသော ဧကရာဇ်များကို သတ်ဖြတ်ခွင့်ရခဲ့ပါက သူမ၏ ကျင့်စဉ်အဆင့် တိုးတက်သွားနိုင်သော်လည်း လုချန်းက သူမကို ကြားဖြတ် တားဆီးခဲ့သဖြင့် သူမအလွန် ဒေါသထွက်နေသည်။ သူမ၏ တိုးတက်မည့်လမ်းကို ဖျက်ဆီးခဲ့သူမှာ လုချန်း ဖြစ်သောကြောင့် လုချန်းကို ပြန်လည် ပေးဆပ်ခိုင်းခြင်း ဖြစ်သည်။
လုချန်း၏ ပင်မခန္ဓာကို ခေါ်ခိုင်းရသည့် အကြောင်းအရင်းကတော့ ပင်မကိုယ်၏ ကျင့်စဉ်အဆင့်သည် ပို၍ မြင့်မားပြီး ဖန်တီးခြင်း လမ်းစဉ်၏ စွမ်းအားများကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်၏။ ထို့ကြောင့် အချိန်တိုအတွင်း လမ်းစဉ်စွမ်းအားများဖြင့် သက်ရှိမျိုးစေ့လေးများစွာကို ပို၍ ဖန်တီးနိုင်သောကြောင့် ဖြစ်၏။
ကလဲ့စားချေသည့် ပုံစံဖြစ်နေသော ထျန်းဟုန် ဧကရီကို ကြည့်ကာ လုချန်းက မတတ်သာသည့် လေသံနှင့်
“သူတို့က အညံ့ခံပြီးသွားပြီပဲ။ သူတို့ကို သတ်ဖို့ ကိုယ် မလုပ်နိုင်ဘူးလေ။”
…………
အခန်း (၁၄၄၆)
လမ်းစဉ်စွမ်းအား အားလုံးကို ပြောင်းလဲဖန်တီးနိုင်တာလား
ထျန်းဟုန် ဧကရီသည် လုချန်း၏ ရှင်းပြချက်ကို နားမဝင်ပေ။ သူမသည် ကလဲ့စားချေမည့် အစီအစဉ်ကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့၏။
ထျန်းဟုန် ဧကရီက သူ့ကို လျစ်လျူရှုထားပြီး သူ ဖန်တီးထားသော မျိုးစေ့ငယ်လေးများကို ရူးသွပ်စွာ သတ်ဖြတ်နေသည်ကို မြင်လျှင် လုချန်းလည်း နောက်ဆုံးတွင် တိတ်ဆိတ်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။
လက်ရှိတွင် ထျန်းဟုန် ဧကရီ အလွန် ဒေါသထွက်နေသည် ။ ထို့ပြင် ကိုယ်ဝန်ရှိနေခြင်းကလည်း ဒေါသကို ပို၍ဆိုးရွားစေရာ သူမ၏ ဒေါသကို ပြေလျော့စေရန် မလွယ်ကူလှပေ။
သူမ အရင်ဆုံး စိတ်အေးသွားစေဖို့ လွှတ်ထားပေးလိုက်ရန် လုချန်း ဆုံးဖြတ်လိုက်သည်။ အချိန်အတန်ကြာ၍ သူမ အလွန် မောပန်းသွားလျှင် သဘာဝအတိုင်း ပြန်လည် တည်ငြိမ်သွားလိမ့်မည်ဟု သူတွေးလိုက်သည်။
သို့သော်လည်း ထျန်းဟုန် ဧကရီ၏ ဒေါသသည် သူမ၌သာ ရှိသော ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။ လုချန်းက သူမကို ကြည့်ပြီး ပြုံးနေသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ ပို၍ပင် ဒေါသထွက်လာ၏။ သူမသည် လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်ကို ပို၍ပြင်းထန်စွာ အရှိန်မြှင့်လိုက်သည်။
“ဟင်း...”
လုချန်းက အသက်ကို ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူက
“ ဘာပဲဖြစ်ဖြစ် သူတို့က အညံ့ခံပြီးသွားပြီပဲ။ကိုယ်က သူတို့ကို အကုန်သတ်ခိုင်းလိုက်မယ်ဆိုရင် အနာဂတ်မှာ ဘယ်သူ အညံ့ခံရဲတော့မှာလဲ။ ရှနိုင်ငံကရော ဘယ်လိုလုပ် ချဲ့ထွင်နိုင်တော့မှာလဲ။ မဟုတ်ဘူးလား။”
ထျန်းဟုန် ဧကရီသည် လုချန်း၏ စကားကို လျစ်လျူရှုထားဆဲ ဖြစ်ပြီး သူမ၏ အားထုတ်မှုကိုသာ ဆက်လက် တိုးမြှင့်နေခဲ့၏။
လုချန်းက ထပ်ပြောပြန်သည်။
“... နောက်ကျရင် ခုခံဖို့ကို အသေအလဲ ငြင်းဆန်တဲ့ ဧကရာဇ်မျိုးနဲ့ တွေ့ရင်တော့ ကိုယ် မင်းကိုပဲ သတ်ခိုင်းမယ်လို့ ကတိပေးပါတယ်။”
ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီ၏ စိတ်အခြေအနေ အနည်းငယ် ပြေလျော့သွားသည်။ သူမက လုချန်းကို အေးစက်စွာ ငုံ့ကြည့်ရင်း လှုပ်ရှားနေရင်းမှ
“ရှင်က ဘာလို့ သတ်ဖြတ်ခြင်းစွမ်းအားကို သုံးနေတာလဲ။”
သူမ စတင်စကားပြောလာသည်ကို မြင်လျှင် သူမ၏ ဒေါသ အတန်ငယ် ပြေလျော့သွားပြီဖြစ်ကြောင်း လုချန်း သိလိုက်သည်။ သူက အနည်းငယ် ပြုံးလိုက်ပြီး
“တိတိကျကျ ပြောရရင် အဲဒါက စစ်မှန်တဲ့ သတ်ဖြတ်ခြင်းစွမ်းအား မဟုတ်ပါဘူး။ အဲဒါက ကိုယ့်ရဲ့ ဖန်တီးခြင်းစွမ်းအားကနေ ပြောင်းလဲဖန်တီးထားတဲ့ သတ်ဖြတ်ခြင်းစွမ်းအားပဲ။”
ထိုစကားကို ကြားလိုက်ရသဖြင့် ထျန်းဟုန် ဧကရီ၏ စိတ်ထဲ တုန်လှုပ်သွား၏။ သူမ၏ လှုပ်ရှားမှုများလည်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။
ဖန်တီးခြင်းစွမ်းအားကနေ ပြောင်းလဲလာတဲ့ သတ်ဖြတ်ခြင်းစွမ်းအား ဟုတ်လား...
သတ်ဖြတ်ခြင်းစွမ်းအားကို တခြားသော စွမ်းအားတွေကနေ ပြောင်းလဲဖန်တီးလို့ ရနိုင်တာလား.....
ထိုကဲ့သို့သော အရာမျိုးကို သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။
လုချန်းက ဆက်လက်၍ ရှည်လျားစွာ ရှင်းပြလိုက်၏။
“ကိုယ်က ဖန်တီးခြင်း လမ်းစဉ် သက်သက် တစ်ခုတည်းကို လျှောက်လှမ်းနေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လမ်းစဉ်ကို ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်လို့ ခေါ်သင့်တယ်။ ဖန်တီးခြင်း လမ်းစဉ်က အဲ့ဒီ လမ်းစဉ်ရဲ့ ခွဲထွက်တစ်ခုပဲ။ အစပိုင်းမှာတော့ ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်က ဖန်တီးခြင်း လမ်းစဉ်နဲ့ တော်တော်လေး ဆင်တူတယ်။”
“ဘာပဲဖြစ်ဖြစ် ဖန်တီးခြင်း လမ်းစဉ်ကလည်း သက်ရှိတွေကို ဖန်တီးတာပဲလေ။ အဲ့ဒီအချက်က ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်နဲ့ ဆင်တူတယ်။ ဒါပေမဲ့ ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်က သက်ရှိတွေကို ဖန်တီးဖို့တင် မဟုတ်ဘူး။ အဲ့ဒါက အရာအားလုံးကို ဖန်တီးနိုင်တယ်။”
“စကြဝဠာကြီး စတင်ဖြစ်ပေါ်လာတာတောင်မှ ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်နဲ့ မကင်းကွာနိုင်ဘူး။ အဲ့ဒါက အရာအားလုံးရဲ့ အစပဲ။ လောကရဲ့ လမ်းစဉ်ကြီးတွေ အားလုံးက ဖန်တီးတည်ဆောက်ခြင်းလမ်းစဉ်ကနေ ဆင်းသက်လာတာ။”
ထိုသို့ ပြောရင်း လုချန်း သူ၏ လက်ကို မြှောက်လိုက်၏။ သူသည် ထျန်းဟုန် ဧကရီ၏ ခါးကို အသာအယာ ဆွဲဖက်လိုက်ပြီး သူ၏ ကိုယ်ပိုင်အင်အားကို အသုံးပြုလိုက်သည်။
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန် ဧကရီ လုံးဝ တုန်လှုပ်သွား၏။ သို့သော်လည်း လုချန်း၏ လှုပ်ရှားမှုလေးများကြောင့် သူမသည် သတိပြန်ဝင်လာသည်။ ထို့နောက် သူမ၏ လှပသော မျက်ခုံးများ အနည်းငယ် မျက်ခုံးတွန့်သွားကာ လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
“ဒါဆို... ရှင်က လောကမှာရှိတဲ့ စွမ်းအားကြီးတဲ့ လမ်းစဉ်အားလုံးကို ပြောင်းလဲဖန်တီးနိုင်တယ်လို့ ဆိုလိုတာလား။”
လုချန်းက
“အဲ့ဒီလိုပဲ ပြောလို့ရပါတယ်”
ဟု တုံ့ပြန်လိုက်သည်။
လုချန်း၏ ဝန်ခံချက်ကြောင့် ထျန်းဟုန် ဧကရီ ထပ်မံ၍ မိန်းမောသွားပြန်၏။ အကယ်၍ လုချန်း၏ လမ်းစဉ်က လမ်းစဉ်ကြီး အားလုံးကို ပြောင်းလဲဖန်တီးနိုင်သည်ဆိုပါက သူသည် ပြိုင်ဘက်ကင်း အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
ဤလောကရှိ အချို့သော လမ်းစဉ်ကြီးများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းချုပ်ထားကြသည်။ ဥပမာ ဓာတ်ငါးပါး လမ်းစဉ်ကြီး အတွင်းရှိ အပြန်အလှန် ထိန်းချုပ်မှုများ သို့မဟုတ် မရဏလမ်းစဉ်က ဖန်တီးခြင်း လမ်းစဉ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခြင်းမျိုးတို့ ဖြစ်သည်။
အကယ်၍ လုချန်းသာ လမ်းစဉ်ကြီး အားလုံးကို ပြောင်းလဲဖန်တီးနိုင်ပါက မရဏ လမ်းစဉ်ဖြင့် လမ်းစဉ်ဖော်ဆောင်ထားသည့် ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေနှင့် အနည်းငယ်မျှ ကြောက်ရွံ့နေစရာ မလိုပေ။
အကြောင်းမှာ သူသည် ဖန်တီးခြင်း လမ်းစဉ်ပေါ်တွင်သာ ရှိနေသည်မဟုတ်ပေ။ သူ၏ လမ်းစဉ်က လောကရှိ လမ်းစဉ်စွမ်းအား အားလုံးကို ပြောင်းလဲပုံဖော်နိုင်သောကြောင့် ဖြစ်သည်။
ထျန်းဟုန် ဧကရီ အလွန် အံ့အားသင့်သွား၏။ ထို့ကြောင့် လုချန်းက ပို၍အားစိုက်လာသော်လည်း သူမ ချက်ချင်း တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ပေ။
အချိန်မည်မျှ ကြာသွားသည်မသိ လုချန်း၏ တိုးညှင်းသော အသံက သူမကို သတိပြန်ဝင်လာစေခဲ့၏။ လုချန်း၏ ကျေနပ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ထျန်းဟုန် ဧကရီ၏ မျက်နှာ ပို၍ပင် အေးစက်သွား၏။
မျက်နှာပေါ်၌ ရှက်သွေးဖြာမှု အနည်းငယ်လည်း ရောယှက်နေရာ သူမကို ပို၍ပင် အေးစက်လှပစေသည်။ လုချန်း အမှန် တကယ် မည်သူဖြစ်သည်ကို သူမ မေးမြန်းလိုသော်လည်း ပြန်လည်စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ ဘာမှ မပြောတော့ပေ။
လုချန်း၏ မှတ်ဉာဏ်များ အပြည့်အဝ ပြန်ရသေးပုံ မပေါ်ပေ။ လုချန်းက သူမကို သူ မည်သူမည်ဝါဖြစ်ကြောင်း ပြောပြလိုလျှင်ပင် မတတ်နိုင်ပေ။
ထျန်းဟုန် ဧကရီ ဘာမှ ထပ်မမေးတော့ပေ။ သူမသည် လုချန်းဖန်တီးထားသော သက်ရှိမျိုးစေ့များကိုသာ ဆက်လက်၍ သတ်ဖြတ်နေခဲ့တော့၏။
……
ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် စုစည်းမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ထိပ်တန်း အင်အားစုတစ်ခုကို အမြစ်ပြတ် သုတ်သင်လိုက်ရာ စကြဝဠာအတွင်းရှိ ထိပ်တန်း အင်အားစုများအကြားတွင် ထိတ်လန့်မှုများ ထပ်မံဖြစ်ပေါ်စေပြန်သည်။
ရှန်ဝူ ဧကရာဇ် မရှိလျှင်ပင် ရှန်ယွဲ့နိုင်ငံသည် တစ်လမပြည့်မီ အချိန်အတွင်း ထိပ်တန်း အင်အားစုတစ်ခုကို ခြေမှုန်းနိုင်လောက်အောင် အစွမ်းထက်နေဆဲ ဖြစ်လိမ့်မည်ဟု ထိုထိပ်တန်း အင်အားစုများ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
…….
ကျောက်ဖြူ ကြယ်နယ်မြေစု။
စီးဆင်းနသောလှိုင်း ကြယ်နယ်မြေ။
ခမ်းနားထည်ဝါလှသော ခန်းမကြီးတစ်ခုအတွင်းတွင် ဆံဖြူ အဘိုးအိုတစ်ဦး နဂါးပလ္လင်ပေါ်၌ ထိုင်နေ၏။ သူသည် ခန်းမအတွင်းရှိ ပုံရိပ်ယောင်များကို ကြည့်ရင်း စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာ ရှိနေသည်။
ရှန်ယွဲ့နိုင်ငံ၏ အင်အားတိုးတက်မှုနှုန်းက မြန်ဆန်လွန်းနေသည်။ သူသည် ရှန်ယွဲ့နိုင်ငံကို ဆန့်ကျင်ရန် ကျောက်ဖြူ ကြယ်နယ်မြေ စု တစ်ခုလုံးကို စုစည်းရန် အစက သူစဉ်းစားထားခဲ့၏။ သို့သော်လည်း တစ်လအတွင်းမှာပင် ထိုနယ်မြေရှိ အကြီးဆုံး နိုင်ငံကြီးသည် ရှန်ယွဲ့နိုင်ငံ၏ ချေမှုန်းခြင်းကို ခံလိုက်ရ၏။
ယခုအခါ ကျောက်ဖြူ ကြယ်နယ်မြေစု တစ်ခုလုံးတွင် နိုင်ငံလေးနိုင်ငံသာ ကျန်ရှိတော့သည်။ ၎င်းတို့၏ အင်အားမှာလည်း ပြောပလောက်အောင် မရှိပေ။ ယခုအချိန်တွင် သူတို့၏ အင်အားများ စုပေါင်းလျှင်ပင် ရှန်ယွဲ့နိုင်ငံကို ခြိမ်းခြောက်နိုင်စရာ မရှိတော့ပေ။
ထိုအတွေးနှင့်အတူ နန်အန်း ဧကရာဇ် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ သူသည် ဧကရာဇ် အဆင့်ခြောက် ဖြစ်နေသော်လည်း စကြဝဠာထဲတွင် အားအကြီးဆုံး မဟုတ်ပေ။ သို့သော်လည်း အများစုထက်တော့ အားကြီး၏။ ယခုအခါ ဤကဲ့သို့ အခြေအနေဆိုးနှင့် သူ ရင်ဆိုင်နေရသည်။
ရှန်ယွဲ့နိုင်ငံ၏ ချေမှုန်းခြင်းကို ခံလိုက်ရသော နိုင်ငံ၏ တော်ဝင်မိသားစု တစ်စုလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထွက်ပြေးရန် ကြိုးစားခဲ့သော ဧကရာဇ်လည်း လုံးဝ သတ်ဖြတ်ခံလိုက်ရသည်ဟု သူ သိရ၏။
ထွက်ပြေးခြင်းက သူ့အသက်ကို ကယ်တင်နိုင်မည် ဖြစ်သော်လည်း သူ ထွက်ပြေးလိုက်သည်နှင့် မင်းဆက်ကံစွမ်းအား၏ ကောင်းချီးပေးမှု မရှိတော့ပေ။ ထိုအခါ သူ၏ ကျင့်စဉ်အဆင့် ဧကန်မုချ ပျက်စီးသွားပေလိမ့်မည်။ ဧကရာဇ် အဆင့်တစ်အထိပင် ကျဆင်းသွားနိုင်သည်။
ထိုအတွေးများနှင့်အတူ ထွက်ပြေးရမလား သို့မဟုတ် ရှန်ယွဲ့နိုင်ငံကို ဆက်လက် ရင်ဆိုင်ရမလားဆိုသည်ကို နန်အန်း ဧကရာဇ် ဝေခွဲ၍ မရနိုင်ပေ။ သူ အလွန် စိတ်သောကရောက်နေသည်။
ထိုစဉ်ရုတ်တရက် နန်အန်း ဧကရာဇ်၏ စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။
ဘာလို့ အညံ့မခံရမှာလဲ ဟူသော အတွေးပင်။
ဧကရာဇ် အဆင့်ခြောက် တစ်ယောက်အနေနှင့် သူသာ အညံ့ခံပြီး သူ့နိုင်ငံကို ရှန်ယွဲ့နိုင်ငံနှင့် ပေါင်းစည်းလိုက်လျှင် ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအား ကောင်းချီးအချို့ကိုပင် သူရရှိနိုင်သည်။ ထိုအခါ သူ့၏ ကျင့်စဉ်အဆင့်ကို အများကြီး မကျဆင်းအောင် ကာကွယ်နိုင်လိမ့်မည်။
ကပ်ဘေးကြီး ရောက်ရှိလာတော့မည့် အချိန် ကလည်းတဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ ဤအချိန်တွင် သူ၏ ကျင့်စဉ်အဆင့် အများကြီး ကျဆင်းသွားပါက ထိုကပ်ဘေးဒုက္ခကို သူ ကြံ့ကြံ့ခံနိုင်တော့မည် မဟုတ်ပေ။ ယခုအချိန်သည် အင်အားကို တတ်နိုင်သမျှ ထိန်းသိမ်းထားရမည့် အချိန်ဖြစ်၏။
အညံ့ခံခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သော်လည်း ပြဿနာတစ်ခုတော့ ရှိနေသေးသည်။ ရှန်ယွဲ့နိုင်ငံ စစ်ပွဲဆင်နွှဲရခြင်း ရည်ရွယ်ချက်မှာ သတ်ဖြတ်ခြင်းအတွက် သက်သက် ဖြစ်နိုင်သည်။ သူတို့က သူ၏ အညံ့ခံမှုကို လက်ခံပါ့မလားဟု သူ တွေးတောနေမိပြန်၏။
ဤအတွေးနှင့်အတူ နန်အန်း ဧကရာဇ်၏ လက်ချောင်းများသည် ပလ္လင်ပေါ်သို့ ထပ်ခါတလဲလဲ ခေါက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် စစ်သည်တစ်ဦး ခန်းမအတွင်းသို့ အပြေးအလွှား ဝင်လာ၏။
“မင်းကြီး... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေပါပြီ။”
နန်အန်း ဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်နှာအမူအရာကလည်း အလွန် တည်ကြည်သွား၏။
“ဘာဖြစ်လို့လဲ။ ရှန်ယွဲ့နိုင်ငံက တိုက်ခိုက်လာပြီလား။”
စစ်သည်က
“ရေခဲဖီးနစ် နိုင်ငံ ချေမှုန်းခံလိုက်ရပါပြီ။ ချင်းယွဲ့ နိုင်ငံလိုပဲ နိုင်ငံထဲက လူတိုင်း အသတ်ခံလိုက်ရပါတယ်။”
ထိုအရာကို ကြားလျှင် နန်အန်း ဧကရာဇ်၏ ရင်ထဲ တင်းကျပ်သွားသည်။ စစ်သည်က ဆက်လက်၍
“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းတွေအရ ရေခဲဖီးနစ် ဧကရာဇ်က ရှန်ယွဲ့နိုင်ငံကို အညံ့ခံဖို့ ကြိုးစားခဲ့တယ်။ သူက ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်နဲ့ တွေ့ဆုံဖို့ ရေခဲဖီးနစ် နိုင်ငံကနေ ကိုယ်တိုင် ထွက်ခွာသွားခဲ့တာပါ။ ဒါပေမဲ့ ရေခဲဖီးနစ် ဧကရာဇ် မရှိတဲ့အချိန်မှာ ရှန်ယွဲ့စစ်တပ်က ရေခဲဖီးနစ် နိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ ရေခဲဖီးနစ် ဧကရာဇ်ကိုယ်တိုင်လည်း ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်။”