← Chapters

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃)

မထင်မှတ်ပဲ သစ္စာခံလိုက်သူ

နန်အန်းဧကရာဇ်၏ လူများသာမက ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို လာကြည့်ကြသော မင်ရှင်းနိုင်ငံမှ ဧကရာဇ်လောင်းများပါ ဆွံ့အသွားကြသည်။ မင်ရှင်းဧကရာဇ်သည်လည်း ဟင်းလင်းပြင်ထဲရှိ လမ်းစဉ်၏ ပုံရိပ်များကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီကမ္ဘာပေါ်မှာ လမ်းစဉ် အများအပြားကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်တဲ့သူ တစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

သူ အရှုံးပေးခဲ့တာ ကံကောင်းသည်ဟု မင်ရှင်းဧကရာဇ် ရုတ်တရက် ခံစားလိုက်ရသည်။ လုချန်းသည် ရှန်ယွဲ့နိုင်ငံ၏ ကိုးယောက်မြောက် မင်းသားတစ်ဦးမျှသာ မဟုတ်နိုင်ကြောင်း သူ ပို၍ခံစားလာရသည်။

သာမန် ကျင့်ကြံသူတစ်ဦးသည် သူ၏ကိုယ်ပိုင် လမ်းစဉ်မဟုတ်သော အခြားသော လမ်းစဉ်များ၏ လမ်းကြောင်း အရိပ်အယောင်များ မြင်တွေ့နိုင်လျှင်ပင် လမ်းစဉ်နှစ်ခုကို လျှောက်လှမ်းရန် မည်သည့်အခါမှ မဝံ့ရဲကြပေ။ ကိုယ်ခန္ဓာအတွင်း၌ လမ်းစဉ်စွမ်းအားများ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နိုင်သဖြင့် လမ်းစဉ်နှစ်ခုကို တစ်ပြိုင်နက် ကျင့်ကြံခြင်းက သေခြင်းကိုသာ ဖြစ်စေနိုင်သည်။

သို့သော်လည်း လုချန်းဆိုသူက‌တော့ လမ်းစဉ်နှစ်ခုကိုသာ ကျင့်ကြံနိုင်ခြင်း မဟုတ်ပဲ ရေတွက်၍မရသော လမ်းစဉ်များစွာကို လျှောက်လှမ်းခဲ့ပြီး ရှင်သန်နေဆဲ ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် သူသည် ဧကရာဇ်အဆင့်တစ်၌သာ ရှိသော်လည်း သူ၏ အစွမ်းက ထိုအဆင့်ထက် များစွာ သာလွန်နေကြောင်း သက်သေပြနေသည်။ လမ်းစဉ်စွမ်းအားများ၏ ပဋိပက္ခအားလုံးကို ကြံ့ကြံ့ခံနိုင်သော သူ၏ စိတ်ဝိညာဉ်က ဧကရာဇ်အဆင့်ကိုးရှိ အစွမ်းထက်သူများထက်ပင် အင်အားကြီးနိုင်သည်။

တစ်နာရီနီးပါး ကြာပြီးနောက် ထိုနေရာတွင် ရှိနေသူများသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ လုချန်းက သူတို့ကို နှောက်ယှက်ခြင်း မပြုပဲ ဟင်းလင်းပြင်ထဲ၌ တိတ်ဆိတ်စွာ ပျံဝဲနေရင်း သူတို့ သတိပြန်ဝင်လာသည်ကို စောင့်ပေးနေခဲ့သည်။

သို့သော်လည်း နန်အန်းဧကရာဇ် သတိပြန်ဝင်လာသောအခါတွင်လည်း လုချန်း၏ တောင်းဆိုချက်ကို ချက်ချင်း သဘောမတူသေးပေ။

သူ့ရှေ့ကလူက အလွန် ထူးဆန်းလွန်းလှသည်။ ဧကရာဇ်အဆင့်တစ်တွင်သာ ရှိသော်လည်း လမ်းစဉ်စွမ်းအားအားလုံးကို အသုံးပြုနိုင်နေသည်။

သူတို့သာ တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူ နိုင်မှာလားဆိုတာကို မသေချာနိုင်ပေ။ သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ခံစားနေရပြီဖြစ်ကြောင်း သူ့ကိုယ်သူ ဝန်ခံလိုက်သည်။ သူသာ မကြောက်ခဲ့လျှင် သူ၏ နိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးရန် စဉ်းစားခဲ့မည် မဟုတ်ပေ။

လုချန်းကို စိုက်ကြည့်ရင်း နန်အန်းဧကရာဇ်က

“ခင်ဗျားက တကယ်တန်း ဘယ်သူလဲ။”

လုချန်းက

“ကျုပ်က ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျား အသက်ရှင်ချင်သလား ဆိုတာပဲ။”

သူပိုင်ဆိုင်ထားသော သတ်ဖြတ်ခြင်း စွမ်းအား၏ အမြင့်ဆုံး ဖျက်ဆီးနိုင်စွမ်းကို စမ်းသပ်ရန်အတွက် နန်အန်းဧကရာဇ်နှင့် တိုက်ပွဲတစ်ခု ဆင်နွှဲရန် လုချန်း ရည်ရွယ်ထားသည်။ သူ၏ ဧကရာဇ် ကိုယ်ပွားက နန်အန်းဧကရာဇ်၏ ဓားလမ်းစဉ်ကို ကြံ့ကြံ့ခံနိုင်မလား စမ်းသပ်ကြည့်ပြီးမှ ထျန်းဟုန် ဧကရီကို အပြင်သို့ လွှတ်ပေးမည်ဖြစ်သည်။

သူ နန်အန်းဧကရာဇ်ကို အသက်ချမ်းသာပေးမည်ဟူသော ပြောခဲ့ခြင်းက‌တော့ လိမ်ညာမှု မဟုတ်ပေ။ သူ တကယ် အသက်ချမ်းသာပေးမည်ဖြစ်သည်။

သို့သော်လည်း ထျန်းဟုန် ဧကရီက နန်အန်းဧကရာဇ်ကို သတ်ချင်သည်ဆိုပါက သူနှင့် မသက်ဆိုင်တော့ပေ။ သူသည် ထျန်းဟုန် ဧကရီ မဟုတ်သဖြင့် သူမအတွက် သူ ဆုံးဖြတ်ပေး၍ မရပေ။

သို့သော်လည်း “အသက်ရှင်ချင်သလား” ဟူသော သူ၏ စကားကို နန်အန်းဧကရာဇ်က အခြားအဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။ ယခု လုချန်းက သူ၏ အစွမ်းကို ထပ်မံ ပြသလိုက်ပြီး အသက်ရှင်ချင်သလားဟု မေးလိုက်သဖြင့် သစ္စာခံရန် ဆန္ဒရှိသလား မေးနေသည်ဟု နန်အန်းဧကရာဇ် ထင်မှတ်လိုက်သည်။

နန်အန်းဧကရာဇ် တိတ်ဆိတ်သွားပြန်သည်။ နန်အန်းဧကရာဇ်၏ ဘေးရှိ ဧကရာဇ် လေးဦးလည်း တိတ်ဆိတ်သွားကြသည်။

ဟင်းလင်းပြင်တစ်ခုလုံး အလွန်တိတ်ဆိတ်နေ၏။ ကမ္ဘာအပိုင်းအစများနှင့် ဥက္ကာခဲအချို့သာ ရည်ရွယ်ချက်မရှိစွာ လွင့်မျောနေကြသည်။

ဒါက...

လုချန်း စကားပင် မဆိုနိုင်တော့ပေ။ တိုက်ပွဲတစ်ခု တိုက်ရုံပဲ မဟုတ်လား။

ဒီလောက် အချိန်အကြာကြီး စဉ်းစားဖို့ လိုအပ်လို့လား။

ဧကရာဇ်အဆင့်ခြောက်တစ်ဦးက ဧကရာဇ်အဆင့်တစ်၏ စိန်ခေါ်မှုကို ဤမျှလောက် စဉ်းစားနေခြင်းကို “ကြောက်ရွံ့နေခြင်း” ဟုသာ အဓိပ္ပာယ်ဖွင့်၍ ရနိုင်တော့မည်။ သူ ထုတ်ဖော်ပြသခဲ့သော လမ်းစဉ်ပုံရိပ်များစွာကြောင့် သူ ကြောက်သွားခဲ့ခြင်းလား။

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်ပြီး လုချန်းက

“နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်...”

လုချန်း စကားမဆုံးခင်မှာပင် နန်အန်းဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။

“ကောင်းပြီ။ ကျုပ် ခင်ဗျားကို သစ္စာခံဖို့ သဘောတူတယ်။”

ဟင်...

လုချန်း စိတ်ထဲ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဖေးဟုန် နတ်လှေအတွင်း၌ လုချန်း၏ ပင်မခန္ဓာ၏ နှောင့်ယှက်ခြင်းကို ခံနေရသော ထျန်းဟုန် ဧကရီသည်လည်း ထိုအရာကို ကြားလျှင် ဆွံ့အသွားသည်။

မကြာမီမှာပင် ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း စွမ်းအားသည် အထိန်းချုပ်မဲ့စွာ တိုးပွားလာပြီး ခဏအတွင်းပင် ဖေးဟုန် နတ်လှေအတွင်းရှိ ခန်းမကြီးထဲမှ လျှံထွက်လာသည်။

ဖေးဟုန် နတ်လှေမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း စွမ်းအားကို မြင်သောအခါ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို ဖော်ဆောင်ထားသည့် အခြားသော ဧကရာဇ်တစ်ဦး ရှိနေသေးသည်ကို သိလိုက်ရသဖြင့် နန်အန်းဧကရာဇ် ထိတ်လန့်သွားရပြန်သည်။

စကြဝဠာ၏ အစွန်းအဖျား ကြယ်နယ်မြေထဲမှာ သတ်ဖြတ်ခြင်း ဧကရာဇ် နှစ်ဦး ရှိနေတာလား။

ဒါက အလွန် မယုံနိုင်စရာ ကောင်းလှသည်။

မကြုံစဖူး ထူးကဲလှသည်။

နန်အန်းဧကရာဇ်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူ့ရှေ့က လူကို သစ္စာခံရန် ရွေးချယ်မိခဲ့၏။ မဟုတ်လျှင် ယနေ့ သူတို့၏ ကံကြမ္မာ အလွန် ဆိုးရွားသွားပေလိမ့်မည်။

နတ်လှေထဲမှ သတ်ဖြတ်ခြင်း ဧကရာဇ်သည် ဤလူ၏ တကယ့် ဝှက်ဖဲဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။ သူတို့ တကယ် တိုက်ခိုက်ခဲ့လျှင် အတွင်းထဲမှ သတ်ဖြတ်ခြင်း ဧကရာဇ်က လှုပ်ရှားလာမည်ဖြစ်ပြီး ယနေ့သည် သူတို့၏ နောက်ဆုံးနေ့ ဖြစ်သွားပေလိမ့်မည်။

ဖေးဟုန် နတ်လှေအတွင်း၌ ထျန်းဟုန် ဧကရီ၏ သွေးနီရောင် မျက်လုံးများက လုချန်းကို တိုက်ရိုက် စိုက်ကြည့်ရင်း

“ဒါက ရှင့် ကျွန်မကို အပြင်ထုတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်လား။”

ထျန်းဟုန် ဧကရီသည် လူအ မဟုတ်ပေ။ တစ်ဖက်လူက အရှုံးပေးသွားပြီဖြစ်သဖြင့် လုချန်းအနေနှင့် သူတို့ကို သတ်ခိုင်းဖို့ မဖြစ်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုသူသည် ဧကရာဇ်အဆင့်ခြောက်တစ်ဦး ဖြစ်သည်။ လုချန်းက အဆင့်ခြောက်ဧကရာဇ်တစ်ဦးကို သူမအား ဘယ်လိုလုပ် သတ်ခိုင်းမည်နည်း။

ထျန်းဟုန် ဧကရီ၏ မေးခွန်းကို ရင်ဆိုင်ရလျှင် လုချန်း အနည်းငယ် နေရခက်သွားသည်။ အစောပိုင်းက ဤလူများကို ရှင်းပစ်ရန် အတွက် ထျန်းဟုန် ဧကရီကို လှုပ်ရှားခိုင်းရန် သူ တကယ် ရည်ရွယ်ခဲ့သည်။

အထူးသဖြင့် သူသည် ဧကရာဇ်အဆင့်တစ်၌သာ ရှိသဖြင့် အဆင့်ခြောက် ဧကရာဇ်တစ်ဦးအနေနှင့် မည်သို့ပင်ဖြစ်စေ မာန်မာနကြောင့် အလွယ်တကူ အရှုံးပေးမည်မဟုတ်ဟု သူ ယူဆခဲ့သည်။ နန်အန်းဧကရာဇ်၏ တိုက်ခိုက်မှုကို သူစမ်းကြည့်ပြီး ထျန်းဟုန် ဧကရီကို အပြင်ထုတ်ပေးမည်ဟု သူ တကယ် စဉ်းစားခဲ့သည်။

နန်အန်းဧကရာဇ်က တိုက်ရိုက် အရှုံးပေးလိုက်လိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။

လုချန်းက နေရခက်စွာ ရယ်မောလိုက်ပြီးနောက်

“အစက ကိုယ့်ရဲ့ ကိုယ်ပွားက အဆင့်ခြောက် ဧကရာဇ်တစ်ဦးနဲ့ တိုက်နိုင်လားဆိုတာကိုပဲ သိချင်တာပါ။ သူက ကိုယ့်ကို သစ္စာခံဖို့ ဆုံးဖြတ်လိုက်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ အဲ့ဒါအတွက် ကိုယ့်ကို အပြစ်တင်လို့ မရဘူး။”

“သူက အရှုံးပေးဖို့ ရွေးချယ်လိုက်တာတောင် မင်းက သူတို့ကို သတ်ဖို့ ရည်ရွယ်ချက် ရှိနေတုန်းပဲလား။”

ထျန်းဟုန် ဧကရီက ဘာမှ ပြန်မပြောပဲ လုချန်းကို အေးစက်စွာ ကြည့်ရန်သာ ခေါင်းကို လှည့်လိုက်သည်။ သူမ၏ သွေးနီရောင် မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် လုချန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

ထိုအကြည့်က တကယ်ကို ပြင်းထန်လွန်းလှသည်။

ထိုစဉ် လုချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ နန်အန်းဧကရာဇ်ကို သူ့ထံတွင် သစ္စာခံခိုင်းလိုက်ခြင်းဖြင့် ထျန်းဟုန် ဧကရီ၏ အစီအစဉ်ကို မတော်တဆ ဖျက်မိသွားပြိီဖြစ်၏။ ယခုတော့ သူမကို နှစ်သိမ့်ရန် နည်းလမ်းရှာရတော့မည်။

…….

တစ်ချိန်တည်းမှာပင်။

ဖေးဟုန် နတ်လှေ၏ အပြင်ဘက်တွင်။

ဧကရာဇ် လုချန်း၏ ကိုယ်ပွားသည် နန်အန်းဧကရာဇ်တို့လူစုကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်၌ နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

“ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ကျုပ်ကို သစ္စာခံဖို့ဆိုတာက လူတိုင်းလုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး။”

ထိုအရာကို ကြားလျှင် နန်အန်းဧကရာဇ်တို့ စိတ်ထဲ ချက်ချင်း တင်းကြပ်သွားကြ၏။ ဤလူက သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိတာလားဟုလည်း တွေးမိလိုက်ကြသည်။

ယခင်က အချို့သော ဧကရာဇ်များသည် ရှန်ယွဲ့ဧကရာဇ်ထံတွင် ခိုလှုံရန် ကြိုးစားခဲ့ကြသော်လည်း ရှန်ယွဲ့ဧကရာဇ်သည် သူတို့၏ သစ္စာခံမှုကို ငြင်းပယ်ခဲ့ရုံသာမက သူတို့၏ နိုင်ငံများကိုပါ အမြစ်ပြတ် သုတ်သင်ခဲ့သည်။

သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို ဖော်ဆောင်သော ဧကရာဇ်များ၏ အမြင်တွင် ထိုဧကရာဇ်များ၏ သစ္စာခံမှုကို လက်ခံမည့်အစား သူတို့၏ လမ်းစဉ်ကို သက်သေပြရန်အတွက် အလောင်းများအဖြစ် ပြောင်းလဲလိုက်ခြင်းက သူတို့၏ အကျိုးစီးပွားနှင့် ပို၍ ကိုက်ညီပေလိမ့်မည်။ ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ နန်အန်းဧကရာဇ်တို့ ချက်ချင်းသတိရှိသွားပြီး အချိန်မရွေး ထွက်ပြေးနိုင်ရန် အသင့်ပြင်လိုက်ကြသည်။

နန်အန်းဧကရာဇ်နှင့် အခြား ဧကရာဇ်များ၏ တင်းမာနေသော မျက်နှာအမူအရာများကို မြင်သောအခါ သူတို့ နားလည်မှု လွဲနေပြီဖြစ်ကြောင်း လုချန်း သိလိုက်သဖြင့်

“ခင်ဗျားတို့ရဲ့ စိတ်ကို ဖွင့်ထားပါ။ ခုခံမနေပါနဲ့။ ကျုပ် ကာကွယ်ရေး အစီအမံအချို့ လုပ်ဆောင်ဖို့ လိုအပ်လို့ပါ။”

ကာကွယ်ရေး အစီအမံတွေလား။

ဘာအစီအမံတွေလဲ။

နန်အန်းဧကရာဇ်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဧကရာဇ်အဆင့်များကို ထိန်းချုပ်၍ မရနိုင်ပေ။ ဧကရာဇ်တစ်ဦးကို အခြားတစ်ဦးက ထိန်းချုပ်နိုင်သည်ဟု သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။

နန်အန်းဧကရာဇ် ခဏခန့် စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် လုချန်း၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီ။”

ထိုသို့ ပြောပြီးနောက် နန်အန်းဧကရာဇ်နှင့် အခြားသော ဧကရာဇ် လေးဦးသည် သူတို့၏ စိတ်တွင်းပင်လယ်များကို ဖွင့်ပေးလိုက်ကြသည်။ ထို့နောက် ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်ကို လုချန်း ချက်ချင်း အသုံးပြုလိုက်သည်။ နောက်တစ်ခဏ၌ ဝိညာဉ်တံဆိပ် ငါးခုသည် ထိုဧကရာဇ် ငါးဦး၏ စိတ်ဝိညာဉ်များအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

ထိုတံဆိပ်များ စိတ်ဝိညာဉ်အတွင်း ရောက်သွားသည်နှင့် နန်အန်းဧကရာဇ်တို့သည် လုချန်းနှင် ဆက်သွယ်မှုတစ်မျိုး ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဤလူသည် သူတို့၏ အသက်ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ သို့သော်လည်း ယခုအခြေအနေတွင်တော့ သူတို့၌ ရွေးချယ်စရာ မရှိတော့ချေ။

………….

အခန်း (၁၄၅၄)

နန်အန်းနိုင်ငံသို့

သူတို့၏ ဝိညာဉ်ထက်တွင် ဝိညာဉ်တံဆိပ် ခတ်နှိပ်ခံလိုက်ရသည်ကို သတိပြုမိသွားကြသောအခါ နန်အန်းဧကရာဇ်တို့လူစု မှင်တက်သွားကြ၏။ လုချန်း သူတို့သစ္စာဖောက်ခြင်းနှင့် ထွက်ပြေးခြင်းတို့မှ တားဆီးရန်အတွက် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ခြေရာခံအမှတ်အသားတစ်ခု ထားလိမ့်မည်သည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော်လည်း သူသည် ဧကရာဇ်အဆင့် တစ်ပါး၏ ဝိညာဉ်ကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည့် အမှတ်အသားတစ်ခုကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်လာခဲ့သည်။

ဧကရာဇ်အဆင့်၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းရှိသော အမှတ်အသားမျိုး ဤကမ္ဘာပေါ်တွင် မည်သို့ရှိနိုင်မည်နည်း။

သူတို့ ဘာကြောင့် တစ်ခါမှ မကြားဖူးခဲ့ရသနည်း။

လျင်မြန်စွာပင် ထိုအဖြစ်မှန်ကို သူတို့ လက်ခံလိုက်ကြသည်။ သူတို့သည် ဤအကာအကွယ် နည်းဗျူဟာပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးသလို လမ်းစဉ်အမျိုးမျိုးကို ကျင့်ကြံနိုင်သည့်သူကိုလည်း တစ်ခါမှ မတွေ့ဖူးခဲ့ကြသဖြင့် ဤလူ၏ရှေ့တွင် ဧကရာဇ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခု ပေါ်ပေါက်လာခြင်းက ယုတ္တိတန်သည်ဟု ထင်ရသည်။

ထိုအခိုက်အတန့်တွင် နန်အန်းဧကရာဇ်၏ စိတ်နှလုံးထဲ နောင်တအရိပ်အယောင်တစ်ခု တိုးဝင်လာခဲ့သည်။

သူတို့ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တက်မိသွားခဲ့လေပြီ။

စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် ဤဝိညာဉ်တံဆိပ်ရှိနေသဖြင့် လုချန်းသည် သူ့ကို မည်သည့်အချိန်တွင်မဆို သတ်ပစ်နိုင်ကြောင်း သူကောင်းစွာ သဘောပေါက်သည်။ အရေးအကြီးဆုံးမှာ ဤဝိညာဉ်တံဆိပ်သည် သူတို့ကို အမြဲတစေ လွှမ်းမိုးထားမည်ဖြစ်ပြီး သစ္စာဖောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို တားဆီးပေးမည်ဖြစ်သည်။ ယင်းက သူတို့သည် ယခု လုချန်း၏ အစေခံများ ဖြစ်သွားခဲ့ပြီဟု အဓိပ္ပာယ်ရသည်။

နန်အန်းဧကရာဇ်တို့၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာများကို ကြည့်ကာ လုချန်းက တည်ငြိမ်စွာဖြင့်

“ဒီနေ့ကစပြီး ခင်ဗျားတို့ဟာ ရှနိုင်ငံရဲ့ လူတွေပဲ။ ကျုပ်ကို ကောင်းကင်ဧကရာဇ်လို့ ခေါ်ရင် ရပြီ။ ကျောက်ဖြူ ကြယ်နယ်မြေစုရဲ့ အခြေအနေကို ကျုပ်ကို ပြောပြပါဦး။”

ထိုအရာကို ကြားလျှင် နောင်တများထဲ၌ နစ်မွန်းနေသော နန်အန်းဧကရာဇ်တို့၏ မျက်လုံးများ ပြူးကျယ်လာကာ မျက်လုံးများပင် ထွက်ကျလုမတတ် ဖြစ်သွားကြသည်။

နေပါဦး…

သူ့ကို ဘယ်လိုခေါ်ရမယ်။

ကောင်းကင်ဧကရာဇ် ဟုတ်လား။

ဘယ်လို ဟာသပြက်လုံးလဲ။

ဒီလူက ကောင်းကင်ဧကရာဇ်တစ်ပါးလား။

ဒီစကြဝဠာမှာ ကောင်းကင်ဧကရာဇ်တစ်ပါး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။

လူတိုင်းသည် ထိုအဆင့်သို့ တက်လှမ်းရန် ဆန္ဒရှိကြသော်လည်း ယခုခေတ်တွင် ဤစကြဝဠာ၌ ကောင်းကင်ဧကရာဇ်တစ်ပါး ပေါ်ထွန်းလာသည်ကို သူတို့ မကြားဖူးကြသေးပေ။ ထို့ပြင် ရှေးဟောင်းခေတ်မှ မှတ်တမ်းအချို့အရ တစ်စုံတစ်ယောက် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းလိုက်သည့်အခါ ဧကရာဇ်အဆင့် အားလုံးသည် ထိုကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို ခံစားသိနိုင်သည်ဟု ဆိုထားသည်။

သူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ဒါက အတုအယောင်များလား။

သူသည် မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု သာမန်ကာလျှံကာ အမည်တပ်ထားခြင်းသာ ဖြစ်ရမည်။

ဒါပေမဲ့ စဉ်းစားကြည့်လျှင် ဒီလူက မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်လို့ ခေါ်ရဲတာလား။

သူ့ရဲ့ အသက်အန္တရာယ်ကို မကြောက်ဘူးလား။

ယုတ္တိဗေဒအရဆိုလျှင် တစ်စုံတစ်ယောက်၏ အဆင့်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ မရောက်ပဲ ထိုဘွဲ့နာမည်ကို ခံယူရဲလျှင် ကောင်းကင်လမ်းစဉ်က သူတို့ကို အပြစ်ပေးရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် သူက ဘာကြောင့် ဘာမှမဖြစ်ပဲ ရှိနေရသနည်း။

သူက တကယ် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေတာများလား။

နန်အန်းဧကရာဇ်တို့ သူ့ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြသည်ကို မြင်သောအခါ လုချန်းက

“ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ရဲ့ အင်ပါယာတွေ ပျက်စီးသွားလို့လား။ အထိနာလွန်းလို့ ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိချင်တော့တာလား။”

လူတိုင်း ချက်ချင်းပင် သတိပြန်ဝင်လာကြပြီး နန်အန်းဧကရာဇ်က အလျင်အမြန် တုံ့ပြန်လိုက်သည်။

“မဟုတ်... မဟုတ်ပါဘူး။ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ကျောက်ဖြူ ကြယ်နယ်မြေစုရဲ့ အင်ပါယာ အချို့ကိုပဲ ဖျက်ဆီးခဲ့တာပါ။ ကျွန်တော် တည်ထောင်ခဲ့တဲ့ နန်အန်းနိုင်ငံကတော့ အကောင်းအတိုင်း ရှိနေပါသေးတယ်။”

ထိုအရာကို ကြားလျှင် လုချန်းက ချက်ချင်းပင်

“ခင်ဗျားရဲ့ နိုင်ငံဆီကို ကျုပ်ကို အခုချက်ချင်း ခေါ်သွားပါ။”

ဒါပေမဲ့…

နန်အန်းဧကရာဇ် ဆွံ့အသွားပြန်၏။ သူတို့ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ကြသော်လည်း ယခု လုချန်းက သူ့ကို ပြန်သွားခိုင်းနေသည်လား။

ဘာအတွက် ပြန်သွားမှာလဲ။

သေတွင်းထဲ ပြန်ဆင်းဖို့လား။

နန်အန်းဧကရာဇ်၏ မလိုလားသော အမူအရာကို မြင်သဖြင့် လုချန်းက ဆက်ပြောလိုက်သည်။

“နန်အန်းနိုင်ငံဟာ ရှနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားရင် ကျုပ်ချမှတ်ထားတဲ့ အကာအကွယ်က နန်အန်းနိုင်ငံ အုပ်ချုပ်တဲ့ ကြယ်နယ်မြေတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။”

နန်အန်းဧကရာဇ်က

“မင်းကြီးရဲ့ အကာအကွယ်က ဖျက်ဆီးဖို့ ခက်ခဲတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ ရှန်ယွဲ့နိုင်ငံမှာ အဆင့်ကိုး ဧကရာဇ်အဆင့် တစ်ပါး ရှိနေပါတယ်။ ဒီအကာအကွယ်က...”

လုချန်းက တည်ငြိမ်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။

“ကျုပ်ပြောဖို့ မေ့သွားတယ်။ ဒီအကာအကွယ်က ကောင်းကင်ဧကရာဇ်မဆင့်အောက်က ဘယ်သူ့ရဲ့ တိုက်ခိုက်မှုကိုမဆို ခုခံနိုင်တယ်။”

ထိုစကားကြောင့် ရှိနေသူအားလုံး အသက်ရှူမှားသွားကြသည်။

ကောင်းကင်ဧကရာဇ်အောက်က မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်တယ် ဟုတ်လား။ တကယ်ပဲလား။

ဒီစကြဝဠာမှာ တကယ် ဒီလောက် အစွမ်းထက်တဲ့ အကာအကွယ် တကယ် ရှိနေတာလား။

ဒါပေမဲ့ နေပါဦး…

အကာအကွယ်က အားကောင်းပေမဲ့ အဲ့ဒါကို တည်ဆောက်ဖို့အတွက် ဧကရာဇ် အဆင့်ကိုးထက် အစွမ်းထက်တဲ့ နည်းဗျူဟာပုံစံ ပညာရှင် လိုအပ်မယ် မဟုတ်လား။

လုချန်းက ထိုအကာအကွယ်ကို ချမှတ်နိုင်တယ်ဆိုရင် သူက တကယ်ပဲ ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နိုင်တယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား။

ဤဖြစ်နိုင်ခြေကို သတိပြုမိသွားသောအခါ နန်အန်းဧကရာဇ်တို့ စိတ်လှုပ်ရှားလာကြသည်။ သူသာ တကယ် ကောင်းကင်ဧကရာဇ်ဖြစ်ခဲ့လျှင် သူ့ကို သစ္စာခံရခြင်းက သူတို့အတွက် ကြီးမားသော ကံကောင်းခြင်းတစ်ခု ဖြစ်လာလိမ့်မည်။ သတိပြန်ဝင်လာပြီးနောက် နန်အန်းဧကရာဇ်က ချက်ချင်းပင်

“မင်းကြီး... ကျွန်တော် မင်းကြီးကို နန်အန်းနိုင်ငံဆီ အခုပဲ ခေါ်သွားပါ့မယ်။”

ထိုသို့ပြောပြီးနောက် နန်အန်းဧကရာဇ်က လုချန်းကို နန်အန်းနိုင်ငံသို့ ခေါ်ဆောင်သွားရန် အာကာသ ကူးပြောင်းခြင်းကို အသုံးပြုရန် ပြင်လိုက်သည်။

ထိုအခိုက်တွင် လုချန်းက

“မလောပါနဲ့။ ကျုပ်ကို ခေါ်သွားဖို့ ခင်ဗျားရဲ့ ကိုယ်ပွားကိုပဲ သုံးလိုက်ပါ။”

သူသည် ကျောက်ဖြူ ကြယ်နယ်မြေစု၏ အခြေအနေကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။ အကယ်၍ သူတို့ ကျောက်ဖြူ ကြယ်နယ်မြေစုကို ရောက်ရှိသွားချိန်တွင် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်နှင့် ထိပ်တိုက်တိုးမိပါက ဒုက္ခရောက်သွားနိုင်သည်။

သူ့၏ ဧကရာဇ်အဆင့် ကိုယ်ပွားသည် ကိုယ်ပွား တစ်ခုသာ ဖြစ်သဖြင့် သေသွားလျှင်ပင် ကိစ္စမရှိသော်လည်း နန်အန်းဧကရာဇ်ကတော့ အဆင့်ခြောက် ဧကရာဇ်တစ်ပါး ဖြစ်သည်။

အကယ်၍ သူသာ တစ်ခုခုဖြစ်သွားပါက ရှနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ သူသည် ဧကရာဇ် အဆင့်ခြောက် လက်အောက်ငယ်သားတစ်ဦးကို ရရှိရန် အပင်ပန်းခံ ကြိုးစားခဲ့ရသဖြင့် သူ့ကို ဤကဲ့သို့ အဆုံးရှုံးမခံနိုင်ပေ။

လုချန်း၏ စကားကို ကြားလျှင် နန်အန်းဧကရာဇ်က ချက်ချင်းပင်

“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ။”

ထို့နောက် နန်အန်းဧကရာဇ်သည် ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ကာ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် လုချန်းက ရှေ့သို့ တစ်လှမ်းတက်ကာ နန်အန်းဧကရာဇ်၏ ကိုယ်ပွားအနားသို့ ရောက်ရှိလာပြီး

“သွားကြစို့။”

“ဟုတ်ကဲ့ပါ မင်းကြီး။”

နောက်တစ်ခဏတွင် နန်အန်းဧကရာဇ်၏ ကိုယ်ပွားသည် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားကို နန်အန်းနိုင်ငံဆီသို့ ဦးဆောင်ခေါ်သွားလေတော့သည်။

လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွား ထွက်ခွာသွားပြီးနောက် အနီးရှိ ဧကရာဇ်အဆင့် တစ်ပါးက နန်အန်းဧကရာဇ်ကို ကြည့်ကာ

“ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်လဲ။”

သူတို့သည် ရှနိုင်ငံထံ လက်နက်ချခဲ့ကြသော်လည်း ရှဧကရာဇ်ဟု ခေါ်သောသူက မည်သည့်အမိန့်မှ မပေးပဲ ထွက်ခွာသွားသဖြင့် ယခု ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

သူတို့ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြစဉ် ဖေးဟုန် နတ်လှေမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းစွမ်းအားများက ပို၍ပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဖျက်ဆီးနေသည်။ ဤပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိသောအခါ မင်ရှင်းဧကရာဇ်နှင့် စောင့်ကြည့်နေသော ဧကရာဇ်လောင်းများလည်း တုန်လှုပ်သွားကြကာ အလျင်အမြန်ပင် နောက်ဆုတ်သွားကြသည်။

အကာအကွယ်အပြင်ဘက်တွင် ဤမြင်ကွင်းကို မြင်တွေ့ရသော နန်အန်းဧကရာဇ်နှင့် အခြားသူများလည်း ဖြစ်ပျက်သွားသည့်အရာကို မသိနိုင်ပဲ ဝေခွဲမရ ဖြစ်နေကြသည်။ သူတို့သည် လက်နက်ချပြီးသား ဖြစ်သဖြင့် လုချန်းဘက်မှ သတ်ဖြတ်ခြင်းဧကရာဇ်သည် သူတို့ကို ဆက်လက်တိုက်ခိုက်စရာ အကြောင်းမရှိဟု သူတို့ ယုံကြည်ထားကြသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤမျှပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်နေရသနည်း။

ပြီးလျှင် သူက ဘာကြောင့် အလွန် စိတ်ဆိုးနေပုံ ရနေသနည်း။

ထိုသတ်ဖြတ်ခြင်းစွမ်းအား၏ ပြင်းထန်မှုက သူတို့ကို ထိတ်လန့်တုန်လှုပ်စေလျက်ရှိသည်။

……..

ဖေးဟုန် နတ်လှေအတွင်း၌။

လုချန်းသည် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး ခေါင်းကို ထျန်းဟုန် ဧကရီ၏ မွှေးပျံ့သော ပခုံးပေါ်တွင် တင်ကာ ပြင်းပြင်းထန်ထန် အသက်ရှူနေသည်။ ခဏအကြာတွင် သူက

“ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်ရောက်လာတဲ့အခါ မင်းအတွက် လှုပ်ရှားဖို့ အခွင့်အရေး ရပါလိမ့်မယ်။”

ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင် ကျွန်မကို လူအလို့ ထင်နေတာလား။ အဲ့ဒီအချိန်ရောက်ရင် ရှင်က ကျွန်မဗိုက်ထဲမှာ ကလေးရှိနေတယ်။ ကလေးရဲ့ ဘေးကင်းရေးအတွက် အပြင်မထွက်သင့်ဘူးလို့ပဲ ပြောမှာ အသေအချာပဲ။”

လုချန်းကို ထျန်းဟုန် ဧကရီ ကောင်းကောင်းနားလည်သည်။ ဤလူက သူမကို သောင်းကျန်းခွင့် လုံးဝမပေးချင်ပေ။

ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ထျန်းဟုန် ဧကရီက

“ဒါမှမဟုတ် ကျွန်မက ရှင့်ထက် ပိုအားကြီးလာပြီး ရှင့်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားမှာကို ရှင်ကြောက်နေတာလား။”

လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကိုယ်ကိုမတ်ကာ ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ကို အသာအယာ ပွတ်သပ်ပေးရင်း

“မင်းက ကိုယ့်လူ ဖြစ်နေပြီပဲ။ ပြီးတော့ ကိုယ်တို့မှာ ကလေးလည်း ရှိနေပြီ။ မင်း အားကြီးလာမှာကို ကိုယ်က ဘာလို့ ကြောက်ရမှာလဲ။”

“ကောင်းပြီလေ... ဒါဆို စုံတွဲကျင့်စဉ်ကို ဒီမှာပဲ ရပ်လိုက်ရအောင်။”

ထျန်းဟုန် ဧကရီက အေးစက်စွာ ရယ်မောပြီး

“အချိန်က ဘာမှမကြာသေးဘူး။ ရှင်က ပြီးသွားပြီလား။ ရှင်ကလည်း သိပ်မစွမ်းတော့ပါလား။”

ထျန်းဟုန် ဧကရီ၏ ရန်စသော စကားများကို ကြားရသောအခါ လုချန်း၏ အတွင်းစိတ်ဆန္ဒမီးများ ပြန်လည် တောက်လောင်လာသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ သူမ၏ စကားများက သူ့ကို တမင်စိန်ခေါ်နေခြင်းဖြစ်သည်။

“မင်းပြောတာ မှန်တယ်။ ဒီတစ်ခေါက်တော့ မင်းနိုင်သွားပြီ။”

…………….

အခန်း (၁၄၅၅)

ထိုအရာက တကယ် အဘယ်နေရာ၌ ဝှက်ထားသနည်း

ဧကရာဇ်တစ်ပါးအနေနှင့် သူမ၏ ယုံကြည်မှုကို မြှင့်တင်ရန် အကြိမ်အနည်းငယ် အနိုင်ရရမည် ဖြစ်သည်။ သူမ နေ့တိုင်း ရှုံးနိမ့်နေရပါက နောက်ဆုံးတွင် လက်လျှော့သွားပေလိမ့်မည်။ ဤအချက်ကို လုချန်း ကောင်းစွာ သိထား၏။

လုချန်း၏ ဂရုမစိုက်သလို စကားများကို ကြားလျှင် ထျန်းဟုန် ဧကရီ ပို၍မကျေမနပ်ဖြစ်သွားသည်။

“ဒီတစ်ခါတော့ မင်း နိုင်သွားပြီ” ဆိုတာက ဘယ်လိုအဓိပ္ပာယ်နည်း။

အရင်က သူမ တစ်ခါမှ မနိုင်ခဲ့ဖူးဘူးလား။

ပြောရမည်ဆိုလျှင် အတိတ်တွင် သူမ တကယ် မနိုင်ခဲ့ဖူးဟု ထင်ရသည်။ အထူးသဖြင့် လုချန်း၏ အဆင့်က သူမကို ကျော်လွန်သွားပြီးနောက်ပိုင်းတွင်ဖြစ်၏။

ထိုအချိန်မှစ၍ သူမ လုချန်းကို စိတ်ကြိုက် ကိုင်တွယ်ခွင့် ပေးခဲ့ရသည်။ ယခင်က လုချန်း သူမနှင့် ကစားလိုသောအခါ သူမ၏ စိတ်အခြေအနေ အရိပ်အကဲကို ကြည့်ခဲ့သော်လည်း ယခုမူ သူမ၏ သဘောတူညီချက် မပါပဲ စိတ်တိုင်းကျ ကစားတော့သည်။

သူမ တစ်ခါမှ မနိုင်ခဲ့ဖူးပဲ မရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပုံရသည်။ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက မကြာမီ လုချန်း လမ်းမှားသို့ ရောက်သွားပေလိမ့်မည်။ ထိုကိစ္စကို လုချန်း အစွဲအလမ်း အကြီးဆုံး ဖြစ်ကြောင်းကို သူမက ကောင်းစွာ သိသည်။

မကျေမနပ် ဖြစ်နေသော်လည်း ထျန်းဟုန် ဧကရီ ဆက်လက် ငြင်းခုံခြင်း မပြုတော့ပေ။ ရှေ့တွင် ခရီးရှည်ကြီး ရှိနေသေး၏။ တကယ်လို့များ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး ရခဲ့ပါက သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ပါးကို ရင်ဆိုင်တာ ဘယ်လိုလဲ ဆိုတာကို လုချန်းကို သိအောင် သူမ လုပ်မည် ဖြစ်သည်။

လုချန်း ခွာလိုက်ကာ လက်ဝှေ့ယမ်းလိုက်ပြီးနောက် ရွှေဖြူနဂါးဝတ်ရုံတစ်ခု ဝတ်ဆင်ပြီးဖြစ်သွားသည်။ မကြာမီတွင် လုချန်း ဟင်းလင်းပြင်၌ ပေါ်လာ၏။ နန်အန်း ဧကရာဇ်တို့လူစုလည်း လုချန်းကို ထပ်မြင်တွေ့သောအခါ သူတို့ မျက်စိမှားနေခြင်းလားဟု တွေးမိလိုက်ကြသည်။

“မင်း... မင်းကြီး။”

နန်အန်း ဧကရာဇ်က ဇဝေဇဝါဖြင့်

“ကျွန်တော့်ရဲ့ ကိုယ်ပွားနဲ့အတူ မင်းကြီး နန်အန်းနိုင်ငံကို သွားနေတာ မဟုတ်ဘူးလား။”

ထိုသို့ ပြောလိုက်ရင်း သူ၏စိတ်အာရုံကို ကိုယ်ပွားနှင့် အလိုလို ဆက်သွယ်လိုက်ရာ လုချန်းက သူ့ဘေးနားတွင်ပင် ရှိနေသည်ကို နန်အန်း ဧကရာဇ် တွေ့လိုက်ရသည်။

ရှဧကရာဇ် နှစ်ပါးလား။

မဟုတ်နိုင်ပေ။

ခုနက တစ်ယောက်က ကိုယ်ပွား ဖြစ်ရမည်။

သို့သော် သူတို့ အစက ခံစားခဲ့ရသော ရှဧကရာဇ်သည် စိတ်ဝိညာဉ်သည် ချို့ယွင်းချက်မရှိပဲ ပြီးပြည့်စုံနေ၏။

မည်သို့ ကိုယ်ပွား ဖြစ်နိုင်ပါမည်နည်း။

ဧကရာဇ် အဆင့်တစ်ပါးအတွက် ကိုယ်ပွား ဟုတ်မဟုတ် ခွဲခြားရန်က ပုံမှန်အားဖြင့် လွယ်ကူလှသည်။

လုချန်းက ခပ်အေးအေးပင်

“ကျုပ်မှာ ကိုယ်ပွားတွေ အမြောက်အမြား ရှိတယ်။ အံ့သြစရာ မလိုပါဘူး။”

ထိုသို့ ပြောပြီးနောက် လုချန်း သူ၏လက်ကို မြှောက်လိုက်ရာ နတ်ဝိညာဉ်ထီး အကာအကွယ် ချက်ချင်း ကျယ်ပြန့်လာပြီး နန်အန်း ဧကရာဇ်နှင့် သူ ယူဆောင်လာသော နတ်လှေများကို အကာအကွယ်အတွင်းသို့ လွှမ်းခြုံလိုက်သည်။

ထို့နောက် လုချန်းက

“ကောင်းပြီ။ ဒီနေ့အတွက်တော့ ဒါလောက်ပဲ။ ခင်ဗျားတို့ လောလောဆယ် မင်ရှင်းနိုင်ငံမှာပဲ နေပါဦး။ နန်အန်းနိုင်ငံကို ရှနိုင်ငံတော်ရဲ့ နယ်မြေထဲ ထည့်သွင်းပြီးရင်တော့ နန်အန်းနိုင်ငံကို ပြန်သွားလို့ ရပါပြီ။”

ရှနိုင်ငံတော်၏ နယ်မြေကို စဉ်ဆက်မပြတ် တိုးချဲ့ရမည်ဖြစ်၏။ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ကို အနိုင်ယူပြီးပါက ထိုဧကရာဇ်များက နယ်မြေတိုးချဲ့ရေးကို တာဝန်ယူရမည် ဖြစ်သည်။

ထို့နောက် မင်ရှင်း ဧကရာဇ်နှင့် လုချန်း၏ ပင်မခန္ဓာတို့သည် မင်ရှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်ဆီသို့ ပြန်သွားပြီး မင်ရှင်းနိုင်ငံ တစ်ခုလုံးကို ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်သို့ တရားဝင် ထည့်သွင်းလိုက်သည်။ မင်ရှင်းနိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို စုပ်ယူပြီးနောက် ရှနိုင်ငံတော်၏ ကံစွမ်းအား ပို၍ အားကောင်းလာသည်။

မင်းဆက်ကံစွမ်းအား ဆုံးရှုံးသွားပါက သူ၏ အင်အားမှာ သိသိသာသာ လျော့နည်းသွားမည်ဟု မင်ရှင်း ဧကရာဇ်က အစက ထင်မှတ်ခဲ့သော်လည်း ကံစွမ်းအား ဆုံးရှုံးသွားပြီးနောက် သူ၏ အဆင့် ပို၍ပင် မြင့်တက်သွားခဲ့သည်။ ဧကရာဇ်ရာထူးကို စွန့်လွှတ်လိုက်ပြီး ကံစွမ်းအား မရှိတော့သော်လည်း မင်ရှင်း ဧကရာဇ် အဆင့်တက်သွားသည်ကို မြင်လျှင် နန်အန်း ဧကရာဇ်တို့ အတော်လေး စိတ်လှုပ်ရှားသွားကြသည်။

နန်အန်းနိုင်ငံကိုလည်း ရှနိုင်ငံတော်ထဲသို့ ထည့်သွင်းလိုက်ပါက သူတို့၏ အဆင့်များမှာလည်း တက်လာနိုင်လား။

ထိုဖြစ်နိုင်ခြေကို တွေးတောရင်း နန်အန်း ဧကရာဇ်၏ ပင်မခန္ဓာသည် ကိုယ်ပွားနှင့် စိတ်အာရုံမှတဆင့် အလျင်အမြန် ဆက်သွယ်ကာ လုချန်း၏ ဧကရာဇ်ကိုယ်ပွားနှင့်အတူ နန်အန်းနိုင်ငံသို့ အမြန်သွားရန် တိုက်တွန်းလိုက်သည်။

……

တစ်ချိန်တည်းမှာပင်။

ရှန်ယွဲ့နိုင်ငံ။

ဧကရာဇ်ကြယ်။

ကောင်းကင်နန်းတော်။

လုယန်ဟွာသည် ပုံရိပ်ဖမ်း ကျောက်တုံးထဲမှ ပုံရိပ်များကို ကြည့်ကာ သူ့ဘေးရှိ ဧကရာဇ်ကို မေးလိုက်သည်။

“ကျောက်ဖြူ ကြယ်နယ်မြေစုကို ဘယ်တော့ အပြီးအပိုင် သိမ်းပိုက်နိုင်မလဲ။”

“မင်းကြီး... မိုးကြိုးဗိုလ်ချုပ်ရဲ့ တပ်မက ထွက်ခွာသွားပါပြီ။ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ကျောက်ဖြူ ကြယ်နယ်မြေစုကို မကြာမီ အပြီးအပိုင် သိမ်းပိုက်နိုင်ပါလိမ့်မယ်”

ဟု လုယန်ဟွာ၏ ဘေးနားရှိ ဧကရာဇ်က တုံ့ပြန်လိုက်သည်။

ထိုစကားကို ကြားလျှင် လုယန်ဟွာ ပြုံးသွားသည်။

ကျောက်ဖြူ ကြယ်နယ်မြေစုကို အောင်နိုင်ပြီးသည်နှင့် ရှန်ယွဲ့အင်ပါယာသည် စကြဝဠာ၏ အစွန်းအထိရောက်သွားမည်ဖြစ်၏။ ထို့နောက်မှ နိုင်ငံများသည် အဆင့်နိမ့် နိုင်ငံများသာ ဖြစ်သည်။

ထိုနိုင်ငံများမှ ဧကရာဇ်များလည်း ကျောက်ဖြူ ကြယ်နယ်မြေစု ဧကရာဇ် သေရွာသွားပြီဖြစ်ကြောင်း သိကြပြီးနောက် ချက်ချင်း ထွက်ပြေးကြပေလိမ့်မည်။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်များ မည်သည့် ခုခံမှုနှင့်မှ တွေ့ကြုံရမည် မဟုတ်ပေ။

ထိုသို့ တွေးတောကာ ပုံရိပ်ဖမ်း ကျောက်တုံးကို လုယန်ဟွာ ပိတ်လိုက်၏။ ရှေ့တန်းစစ်မျက်နှာကို သူ အာရုံမစိုက်တော့ပေ။ ထိုအခိုက်အတန့်တွင် လုယန်ဟွာက တစ်ခုခုကို သတိရသွားပြီး တင်းမာသော အသံဖြင့်

“အရှေ့အောင်ပွဲ ဧကရာဇ်လောင်းကို ခေါ်ခဲ့ပါ။”

မကြာမီတွင် အရိပ်ကိုယ်ရံတော် အချို့သည် သက်ဝင်ရွှေကြိုးများဖြင့် ချည်နှောင်ထားသော လူတစ်ယောက်ကို လုယန်ဟွာ၏ ရှေ့သို့ ခေါ်ဆောင်လာကြသည်။ ထိုလူသည် သွေးများစိုရွှဲနေပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သက်ဝင်ရွှေကြိုးများက ထိုသူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းထားပြီး သူ၏ ကျင့်စဉ် အဆင့်ကိုလည်း အပြီးအပိုင် ချိပ်ပိတ်ထားသည်။

အရိပ်ကိုယ်ရံတော်များက လွှတ်ချလိုက်သဖြင့် ထိုလူ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားသည်။

လုယန်ဟွာက သူ့ကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“ခင်ဗျားက တကယ်ပဲ ဘာမှ ပြောမှာ မဟုတ်ဘူးပေါ့။”

“မင်းလို အဖေကိုသတ်ပြီး နန်းလုတဲ့သူကို ငါ့မှာ ပြောစရာ ဘာမှမရှိဘူး”

ဟု ထိုလူက ကြမ်းပြင်ပေါ်သို့ တံတွေးထွေးကာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် လုယန်ဟွာ အလွန် ဒေါသထွက်သွားပြီး ဧကရာဇ်အဆင့်၏ ဖိအားဖြင့် ထိုလူကို ချက်ချင်း ဖိနှိပ်လိုက်ရာ ထိုသူလည်း သွေးများ အန်ထုတ်လိုက်ရသည်။

လုယန်ဟွာက ဆက်လက်၍

“အခု ငါက ရှန်ယွဲ့နိုင်ငံရဲ့ အုပ်ချုပ်သူပဲ။ ဒါကို မင်း ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။”

အရှေ့အောင်ပွဲ ဧကရာဇ်လောင်းက သွေးများကို ထပ်မံ အန်ထုတ်ကာ ခက်ခက်ခဲခဲ ပြန်ပြောလိုက်သည်။

“အဖေကိုသတ်တဲ့ သူပုန်က နောက်ဆုံးတော့ နိဂုံးချုပ်ရမှာပဲ။ မင်း အကြာကြီး အောင်ပွဲခံနိုင်မယ်လို့ ထင်နေတာလား။”

အရှေ့အောင်ပွဲ ဧကရာဇ်လောင်းက ဖွင့်ပြောရန် ငြင်းဆန်နေဆဲ ဖြစ်ကြောင်းမြင်လျှင် လုယန်ဟွာ ဆက်မမေးတော့ပေ။ သူ၏ စိတ်ရှည်မှု ကုန်ဆုံးသွားပြီဖြစ်သည်။

ထို့နောက် ထျန်းကျိရဲတိုက်၏ ဧကရာဇ်နှင့် စိတ်ချင်း ဆက်သွယ်လိုက်သည်။ ခဏအကြာတွင် ထျန်းကျိရဲတိုက်မှ ဧကရာဇ် သုံးပါး အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ ဘေးနားတွင် ပေါ်လာ၏။ လုယန်ဟွာက တည်ငြိမ်သော မျက်နှာထားဖြင့်

“စလိုက်တော့”

ဟု အမိန့်ပေးလိုက်သည်။

လုယန်ဟွာ၏ အမိန့်အရ ဧကရာဇ် သုံးပါး ချက်ချင်း လုပ်ဆောင်လိုက်ရာ အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ အောက်တွင် စက်ဝိုင်းပုံစံ နည်းဗျူဟာ ပုံစံတစ်ခု ပေါ်လာသည်။ ထိုနည်းဗျူဟာ ပုံစံကို မြင်လျှင် အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းသည် ဝိညာဉ်ဖမ်း နည်းဗျူဟာ ပုံစံဖြစ်ကြောင်း သူ သိလိုက်သည်။

လုယန်ဟွာက လှောင်ပြုံးပြုံးကာ

“မင်းက ဧကရာဇ်လောင်း တစ်ယောက်ပဲ။ မင်းကို ငါ ဘာမှ မလုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။”

ဝိညာဉ်ဖမ်း နည်းဗျူဟာ ပုံစံကို အသုံးပြုလျှင် အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ စိတ်ဝိညာဉ်ကို ထိခိုက်ပြီး မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားမှာကို စိုးရိမ်သောကြောင့် လုယန်ဟွာ ချက်ချင်း အသုံးမပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် အရှေ့အောင်ပွဲ ဧကရာဇ်လောင်းက အလွန် ခေါင်းမာနေသဖြင့် ဝိညာဉ်ဖမ်း နည်းဗျူဟာ ပုံစံကို အသုံးပြုရန်မှတစ်ပါး လုယန်ဟွာတွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

ထျန်းကျိရဲတိုက်၏ ဧကရာဇ်လောင်း သုံးပါးက နည်းဗျူဟာ ပုံစံကို အပြီးသတ်လိုက်သောအခါ အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ စိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲမှ မကြာမီ ထွက်ပေါ်လာသည်။ ထို့နောက် နည်းဗျူဟာ ပုံစံမှ ထောင်ပေါင်းများစွာသော ဝိညာဉ်မျှင်များက အရှေ့အောင်ပွဲ ဧကရာဇ်လောင်း၏ စိတ်ဝိညာဉ်ကို ရစ်ပတ်လိုက်ပြီး သူ၏ မှတ်ဉာဏ်များလည်း သူ၏ခေါင်းပေါ်တွင် ပုံရိပ်များအဖြစ် ပေါ်ပေါက်လာသည်။

လုယန်ဟွာက လက်ကို ဆန့်ထုတ်ကာ စိတ်ဝိညာဉ် စွမ်းအားဖြင့် မှတ်ဉာဏ်များကို စုပ်ယူလိုက်သော်လည်း သူ သံသယရှိခဲ့သည့်အတိုင်း နည်းဗျူဟာ ပုံစံကြောင့် မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားခဲ့သည်။ ထိုအချက်က လုယန်ဟွာကို ပို၍ မျက်ခုံးတွန့်သွားစေသည်။

“အဲ့ဒါကို ဘယ်နားမှာ ဝှက်ထားတာလဲ”

ဟု သူ့ဘာသူ ရေရွတ်လိုက်သည်။

ရှန်ဝူ ဧကရာဇ်တွင် အခြားသူများ၏ အသက်ကို ထိန်းချုပ်နိုင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်သည့် ရတနာတစ်ခု ရှိသည်ကို လုယန်ဟွာက အမြဲ သိခဲ့သည်။ သို့သော် ရှန်ဝူ ဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ထိုရတနာကို သူ ရှာမတွေ့ခဲ့ပေ။

ရှန်ဝူ ဧကရာဇ်သည် ဝိညာဉ်ကူးပြောင်းခြင်း မပြုမီ မတော်တဆမှုများ မဖြစ်စေရန် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ဝှက်ထားခဲ့သည်ဟု သူ သံသယရှိသည်။ အရှေ့အောင်ပွဲ ဧကရာဇ်လောင်းသည် ရှန်ဝူ ဧကရာဇ်၏ ဘေးနားရှိ ကိုယ်ရံတော် တစ်ဦး ဖြစ်ခဲ့သဖြင့် ကျောက်တုံးကို ဝှက်ထားသည့် နေရာကို သိနိုင်ခြေ ရှိသည်။ ထို့ကြောင့် လုယန်ဟွာက သူ့အား ထိုနေရာကို ပြောပြရန် တောင်းဆိုခဲ့သော်လည်း ဧကရာဇ်လောင်းက ခေါင်းမာစွာပင် ရေငုံနှုတ်ပိတ်နေခဲ့သည်။

All Chapters