← Chapters

စစ်သင်္ဘော နစ်မြုပ်ခြင်း

Vol. 47 Ch. 567

စစ်သင်္ဘော နစ်မြုပ်ခြင်း

Vol. 47 Ch. 567

စစ်သင်္ဘောကြီးပေါ်တွင် အရာအားလုံးက ပုံမှန် အ တိုင်းပင်။လှိုင်းလုံးတွေ ငြိမ်နေသကဲ့သို့ သင်္ဘောသာ းများမှာလည်း မည်သည့်အန္တရာယ်မှ ရှိမနေဟုထင် မှတ်ကာ မိမိတို့အလုပ်တွင် စိတ်အေးလက်အေး ရှိ နေကြသည်။

အချက်ပြခန်းမှ သတင်းပို့သံ ထွက်ပေါ်လာ၏။

"ဗိုလ်မှူးကြီး ဆိုနာစနစ်ကို စစ်ဆေးပြီးပါပြီ အခြေ အနေအားလုံးက ပုံမှန်ပါပဲ.."

ဒုဗိုလ်မှူးကြီးအဆင့်ရှိသူသည် ခေါင်းကိုသာ ညိတ်ပြ လိုက်ပြီး ရေငုပ်သင်္ဘောမှ ပေးပို့လာသည့် ရေအော က်ပုံရိပ်များကို အာရုံစိုက်ကြည့်နေမိသည်။သူတို့၏ ရေငုပ်သင်္ဘောများသည် ကျွန်းနှင့် တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာခန့်သာ ကွာဝေးသဖြင့် အတော်ပင် နီး ကပ်နေပြီဖြစ်၏။

ဘေးနားရှိ အရာရှိတစ်ဦးက စိုးရိမ်တကြီး အကြံ ပေးလိုက်သည်။

"ဗိုလ်မှူး..ကျွန်တော်တို့ ရေငုပ်သင်္ဘောတွေကို နော က်ဆုတ်ခိုင်းသင့်သလားခင်ဗျ..ကျွန်းနဲ့ ဒီလောက်နီး နေရင် ရန်သူက ရိပ်မိသွားနိုင်တယ်.."

ထိုဗိုလ်မှူးက ယုံကြည်မှုအပြည့်ဖြင့် ပြတ်ပြတ်သား သား တုံ့ပြန်လိုက်သည်။

"မလိုဘူး... အခုလေးတင် ငါစစ်ဆေးပြီးပြီ. .အဲဒီကျွ န်းပေါ်မှာက ဆောက်လုပ်ရေးပစ္စည်းတွေကလွဲရင် ဘာမှမရှိဘူး..ငါတို့ရဲ့ ခေတ်မီရေငုပ်သင်္ဘောတွေကို သူတို့ ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."

သို့သော်လည်း သူတို့ မသိသည်မှာ သူတို့၏ စစ်သ င်္ဘောကြီး၏ အောက်ဘက်တွင်မူ ဧရာမ သတ္တဝါကြီ းတစ်ကောင် ရှိနေသည်ဆိုသောအချက်ပင်။

ခေတ်မီလှသည်ဆိုသော ဆိုနာစနစ်ကပင် ထို သတ္တ ဝါကြီး၏ တည်ရှိမှုအား အရိပ်အယောင်မျှပင် ဖမ်း ယူနိုင်ခြင်း မရှိချေ။

ထိုစဉ်မှာပင် နက်ရှိုင်းသည့် ရေအောက်တစ်နေရာမှ အသံတိုးတိုးလေး တစ်သံ ထွက်ပေါ်လာ၏။

“သခင်ရ..ကျွန်တော် လုပ်ပစ်ရတော့မလား.. ကျွန် တော်သာ အစွမ်းကုန် အရှိန်နဲ့ ဆောင့်လိုက်ရင် ဒီ စစ် သင်္ဘောကြီးကို တစ်စစီဖြစ်သွားစေရမယ်...”

လျူယောင်က ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သ ည်။

“မင်း စမ်းကြည့်လို့ရတယ်”

“မင်းလှံအသစ်ကြီးကြောင့်အောင်မြင်ဖို့ အခွင့်အရေ း များတယ်..မဟုတ်ရင် မင်းရဲ့ ခွန်အားနဲ့ ဒီစစ်သ င်္ဘောကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး..”

ထိုဧရာမ လိပ်ကြီးသည် အလေးချိန် တန်ချိန် ၁,၉ ၀၀ နီးပါး ရှိရုံမျှသာမက ၎င်း၏ ပင်ကိုယ်စွမ်းရည် များကိုလည်း အတိုင်းအတာတစ်ခုအထိ မြှင့်တင် ထားသဖြင့် ခွန်အားမှာမူ တောင်တစ်လုံးကိုပင် ပြို လဲသွားစေနိုင်၏

။ထို့အပြင် ၎င်းပိုင်ဆိုင်သည့် ဧရာ မလှံကြီး၏ ထိပ် ပိုင်းကိုမူ တန်ချိန်ဆယ်ဂဏန်းရှိသည့် အနက်ရောင် သတ္တုများဖြင့် ထုလုပ်ထားရာ အလွန်မာကျောလှသ ည်။

ထိုလှံသည် စစ်သင်္ဘော၏ သံမဏိကိုယ်ထည်ကို ထို းဖောက်ရန်အတွက်မူ အကောင်းဆုံး လက်နက်ပင် ဖြစ်၏။

“ဟဲဟဲ စမ်းကြည့်ကြတာပေါ့..”

လိပ်ကြီးက တိုက်ခိုက်ရန် အချက်အချာကျသည့် နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် အောက်ခြေမှ နေ၍ စစ်သင်္ဘော၏အောက်ပိုင်းသို့ အရှိန်အဟုန်ပြ င်းစွာ ထိုးစိုက်ပစ်လိုက်သည်။

“ဝုန်းးးး”

သင်္ဘောအောက်ခြေမှနေ၍ နားကွဲမတတ် ပြင်းထန် သည့် အသံကြီး ထွက်ပေါ်လာ၏။တန်ချိန် ၂၀၀ နီး ပါးရှိသည့် ဧရာမလှံကြီးမှာ လိပ်ကြီး၏ တန်ထောင် ချီသည့် ခွန်အားနှင့် ပေါင်းစပ်သွားသောအခါ ကြော က်မက်ဖွယ် အဖျက်စွမ်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သ ည်။

ထိုဧရာမလှံကြီးသည် စစ်သင်္ဘောကိုယ်ထည်၏ သံ မဏိအလွှာပေါင်းများစွာကို ထောပတ်ကို ဓားဖြင့် လှီးသကဲ့သို့ ချောမွေ့စွာ ထိုးဖောက်သွား၏။

ထို့နောက် ကြီးမားလှသည့် လှံဖျားကြီးသည် သင်္ဘေ ာ၏ အောက်ခြေမှနေ၍ တိုက်ရိုက် ထိုးထွက်လာ ပြီး အပေါ်ယံ အစိတ်အပိုင်းအချို့ကိုပါ တစ်ပါတည် း ဖျက်ဆီးပစ်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်နေရင်း လျူယောင်ပင် ခဏ တာ မှင်သက်သွားရသည်။ထိုမျှကြီးမားသော စစ် သင်္ဘောကြီးအား အောက်ခြေမှနေ၍ အပေါ်ယံအ ထိ ထိုးဖောက်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထား ခဲ့ပေ။

ထိုလှံကြီး၏ အစွမ်းသည် ရန်သူ့သင်္ဘောကို ထက်ခြ မ်းခွဲပစ်ရန် လုံလောက်နေပြီဖြစ်ကြောင်း လျူယော င် နားလည်လိုက်၏။

"ဘုရားရေ ဘာတွေ ဖြစ်နေတာလည်း.."

စစ်သင်္ဘောကြီး၏ ကွပ်ကဲမှုအခန်းအတွင်းရှိ လူတို င်းမှာ ကြောက်လန့်တုန်လှုပ်ကုန်ကြသည်။ပြင်းထန် လှသည့် တုန်ခါမှုကြောင့် မတ်တပ်ရပ်နေသူများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျလုနီးပါး ဖြစ်နေ ကြသလို ထိုင်ခုံပေါ်တွင် ထိုင်နေသူများပင် ကိုယ့်ကို ယ်ကိုယ် မထိန်းနိုင်ဘဲ ယိုင်ကုန်ကြသည်။

သူတို့အားလုံးမှာမူ မှင်သက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသ ည် မှာ မယုံနိုင်စရာပင်။ဧရာမ လှံဖျားကြီးသည် သ င်္ဘော၏ အောက်ခြေမှနေ၍ အရှိန်ဖြင့် ဖောက်ထွက် လာခဲ့သည်။

သူတို့ တုံ့ပြန်ရန် အချိန် မရလိုက်မီမှာပင် ထိုဧရာမ လှံကြီးသည် ရုန်တရက် အောက်သို့ အနည်းငယ် ဆ င်းသွား၏။ထို့နောက် လိပ်ကြီးသည် ၎င်း၏ ခွန်အာ းကို အသုံးပြု၍ ပိုမို ပြင်း ထန်သည့် အရှိန်ဖြင့်လှံ အား အထက်သို့ နောက်တစ်ကြိမ် ထိုးစိုက်လိုက်ပြန် သည်။

"ဝုန်းးး"

ဤတစ်ကြိမ်တွင်မူ ဧရာမလှံကြီးသည် သင်္ဘော အောက်ခြေမှသည် စစ်သင်္ဘော၏ ပင်မအဆောက် အအုံတစ်ခုလုံးကို တိုက်ရိုက် ထိုးဖောက်သွားကာ သင်္ဘော၏ အမိုးထိပ်မှ ဖောက်ထွက်လာခဲ့၏။

ခေတ်မီဆန်းသစ်ပြီး အလွန်ခိုင်ခံ့လှသည်ဆိုသော သံမဏိစစ်သင်္ဘောကြီးမှာမူ ထိုလှံကြီး၏အောက် တွင် စက္ကူကစားစရာလေးတစ်ခုကဲ့သို့ အပိုင်းပိုင်း ဖြစ်သွားရသည်။

ယခင်က လိပ်ကြီး အသုံးပြုခဲ့သည့် လှံအဟောင်းနှ င့်သာဆိုလျှင် ဤမျှ ပြင်းထန်သော အကျိုးသက် ရောက်မှုမျိုး ရှိနိုင်မည်မဟုတ်ပေ။အလွှာ အနည်းင ယ်ကို ဖောက်ထွက်ပြီးသည်နှင့် သံမဏိပြားများ ကြ ားတွင် ပိတ်မိနေမည်သာ ဖြစ်၏။

သို့သော်လည်း ယခု ဧရာမလှံကြီးမှာမူ လုံးဝကွဲ ပြား ခြားနားလှသည်။၎င်း၏ မာကျောမှုနှင့် အရှိန် အဟု န်မှာ မည်သည့်အရာကိုမဆို ထိုးခွဲနိုင်စွမ်း ရှိနေ၏။

“ဟားဟား သခင်ရ... ဒါက တကယ်ကို အားရစရာ ကောင်းတာပဲ.ကျွန်တော် နောက်ထပ် အကြိမ်နည်း နည်းလောက် ထပ်ထိုးချင်သေးတယ်..”

လိပ်ကြီးသည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသ ည်။သူ့ ထိုးချက်တစ်ခုချင်းစီတိုင်းတွင် မာကြောလှ သည့် စစ်သင်္ဘောကြီးမှာမူ အစုံလိုက် အပိုင်းပိုင်းဖြ စ် သွားသည်ကို မြင်ရသောအခါ သူ လုံးဝ ရပ်တန့် ချင်ပုံမရတော့ပေ။

သူက နှစ်ချက်၊သုံးချက်နှင့်မျှ မကျေနပ်နိုင်သေးဘဲ နောက်ထပ် တိုက်ခိုက်မှုများကိုသာ ဆက်လက် ပြု လုပ်ချင်နေသည်။

ထို့ကြောင့် ဧရာမလှံကြီးကို ပြန်လည်ဆွဲထုတ်လိုက် ပြီး သင်္ဘောအောက်ခြေမှနေ၍ အားဖြင့် ထပ်မံ ထိုး စိုက်လိုက်ပြန်သည်။ဤတစ်ကြိမ်တွင်မူ အကျိုးသ က်ရောက်မှုမှာ ယခင်အကြိမ်များထက် ပိုမိုကြီးမား လာခဲ့သည်။

“ဒုန်း... ဝုန်း...."

လှံဖျားကြီးသည် သင်္ဘောအတွင်းရှိ အရေးကြီးသ ည့် အစိတ်အပိုင်းတစ်ခုခု သို့မဟုတ် ခဲယမ်းတိုက်ကို တိုက်ရိုက်ထိမှန်သွားပုံရ၏။စစ်သင်္ဘောကြီးပေါ်တွင် ပြင်းထန်လွန်းလှသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လ ာခဲ့သည်။

ထိုပေါက်ကွဲမှု၏ အရှိန်မှာကြောက်စရာ ကောင်းလွ န်းသဖြင့် လိပ်ကြီးပင် လန့်သွားကာ ၎င်း၏ လှံကြီး ကို အမြန်ဆွဲထုတ်ပြီး ရေအောက်ထဲသို့ လျင်မြန်စွာ ကူးခတ်ထွက်ပြေးလာခဲ့သည်။

အချိန်ခဏလေးအတွင်းမှာပင် လိပ်ကြီးကပေါက်ကွဲ သည့် နေရာနှင့် နှစ်ကီလို မီတာ၊သုံးကီလိုမီတာခန့် အကွာအဝေးသို့ ရောက်လာခဲ့၏။

“ဝုန်း..ဝုန်း..ဝုန်း...”

ပေါက်ကွဲသံများ ဆက်တိုက်ထွက်လာကာ စစ်သ င်္ဘောကြီးမှာမူ ပင်လယ်ပြင်ထက်တွင် တောက်လော င်နေသည့် ဧရာမ မီးလုံးကြီး တစ်လုံးအသွင်ပြောင်း လဲလာခဲ့သည်။

ခိုင်ခံ့လှပါသည်ဆိုသော သင်္ဘောကိုယ်ထည်ကြီးမှာ မူ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ပင်လယ် အောက်ခြေသို့ တဖြည်း ဖြည်း နစ်မြုပ်လာခဲ့၏။

ထိုမျှ ပြင်းထန်သည့် ပေါက်ကွဲမှုနှင့် မြန်ဆန်လွန်း သော နစ်မြုပ်မှုအောက်၌ စစ်သင်္ဘောပေါ်ရှိ လူသား များအတွက်မူ မည်သူမျှ လွတ်မြောက်နိုင်ရန် အခွင့် အရေး မရှိတော့ချေ။

လိပ်ကြီးက အားမလိုအားမရလေသံဖြင့် ညည်းညူ လိုက်၏။

“သခင်ရ.. အဲဒါကြီးက တကယ် ပေါက်ကွဲသွားတာ ပဲ..ကျွန်တော်က သုံးချက်ပဲ ထိုးရသေးတာကိုဗျာ ... ဝအောင်တောင် မကစားရသေးဘူး”

ထိုစကားကို ကြားသည့်အခါ လျူယောင်က ရယ် မောရင်း ဆူပူလိုက်သည်။

“ဟားဟား..တော်စမ်းပါ...လောဘမကြီးနဲ့ဦး..မင်းရဲ့ ထိုးချက် နည်းနည်းနဲ့တင် ဒေါ်လာတစ်ဘီလီယံကျေ ာ် တန်ဖိုးရှိတဲ့ စစ်သင်္ဘောကြီးတစ်စင်းလုံး ပြာဖြစ် သွားပြီလေ..”

ဤစစ်သင်္ဘောကြီးက ဒေါ်လာတစ်ဘီလီယံကျော် တန်ဖိုးရှိသည်ဆိုသော စကားကို ကြားလိုက်ရသည့် အခါမှသာ လိပ်ကြီးက ကျေနပ်သွား၏။

“ဟုတ်သားပဲ... ငါ တကယ့် အလုပ်ကြီးအကိုင်ကြီး တစ်ခုကို လုပ်လိုက်တာပဲ..ခဏလေးအတွင်းမှာ ဒေ ါ်လာတစ်ဘီလီယံကို အငွေ့ပျံသွားအောင် လုပ်နိုင်ခဲ့ တာပေါ့ ဟဲ..”

ဤကဲ့သို့ လိပ်ကြီးတွေးကာ ဂုဏ်ယူနေမိသည်။

.....

ကျွန်းပေါ်၌...

တစ်ချိန်တည်းမှာပင် ကျွန်းပေါ်ရှိ လူများထဲမှ တစ်စုံ တစ်ယောက်က ပင်လယ်ပြင်ထက်မှ ထူးခြားမှုကို သတိထားမိသွားကာ အော်ဟစ်လိုက်၏။

“ဟေ့... အားလုံး ကြည့်ကြပါဦး..ဟိုက စစ်သင်္ဘော ကြီး ပေါက်ကွဲနေပြီဟ..”

လူတိုင်းက အလုပ်များကို ရပ်တန့်ကာ လှမ်းကြည့် လိုက်ကြသည်။ထိုစဉ်မှာပင် ပြင်းထန်လွန်းလှသည့် ပေါက်ကွဲသံကြီးများက သူတို့၏ နားစည်ထဲသို့ ရိုက် ခတ်လာပေသည်။

“အဲဒီစစ်သင်္ဘော ဘာဖြစ်သွားတာလဲ... ဘာလို့ ဒီ လောက်ပြင်းပြင်းထန်ထန်ကြီး ပေါက်ကွဲနေရတာလဲ ဟ..”

“ဘာဖြစ်ဖြစ်ပေါ့ဗျာ... အဲဒီစစ်သင်္ဘောကြီး ပေါက် ကွဲပျက်စီးနေတာကို မြင်ရတာ ကျွန်တော့်စိတ်ထဲမှာ ဘာလို့ ဒီလောက်တောင် သက်တောင့်သက်သာ ဖြစ် နေရတာလဲ မသိဘူး..”

“ကျွန်တော်လည်း အတူတူပဲဗျ.. ပြောမပြတတ်အော င်ကို ပျော်ရွှင်မိတယ်ဗျာ ဟားဟားဟား..”

ကျွန်းပေါ်ရှိ လူများမှာမူ မိမိတို့အား ခြိမ်းခြောက်နေ သည့် လက်နက်ကြီး ပျက်စီးသွားသဖြင့် ဝမ်းသာအ ားရ ဖြစ်နေကြသည်။တိန်းမင်ဒါသည်လည်း ထိုအ ခြေအနေကို သတိပြုမိသွားကာ ချက်ချင်းပင် မှန်ဘီ လူးကို ကောက်ကိုင်၍ ပင်လယ်ပြင်ဘက်သို့ စစ်ဆေ းကြည့်လိုက်၏။

တိန်းမင်ဒါက စိတ်ထဲမှ အံသြစွာ ရေရွတ်မိလိုက် သ ည်။

"ဒါ... ဒါက တကယ်ကြီး ပေါက်ကွဲသွားတာပဲ.. ဘု ရားရေ. ဒီပေါက်ကွဲမှုက တကယ့်ကို အချိန်ကိုက်ပဲ"

သူကိုယ်တိုင်လည်း ကျွန်းပေါ်ရှိ အခြားလူများကဲ့သို့ ပင် အကြောင်းပြချက်မရှိဘဲ သက်တောင့်သက်သာ ဖြစ်လာကာ ပျော်ရွှင်မှုကို ခံစားနေရသည်။

..........

ရေအောက်တွင်မူ...

လိပ်ကြီးသည် သူ၏တာဝန်ကို အောင်မြင်စွာ အဆုံး သတ်ပြီးနောက် မီတာထောင်ချီအကွာမှ ရပ်ကြည့် နေ၏။

စစ်သင်္ဘောကြီးမှာမူ တဖြည်းဖြည်း ရေအောက်သို့ နစ်မြုပ်စပြုနေပြီး ခဏလေးအတွင်းမှာပင် သင်္ဘော ၏ တစ်ဝက်ကျော်မှာ ရေအောက်တွင် ပျောက်ကွယ် သွားပေသည်။

လိပ်ကြီးက အကြံပေးလိုက်၏။

“သခင်ရေ.. အဲဒီစစ်သင်္ဘောကြီးကို ကျွန်တော် တခြ ားတစ်နေရာကို ဆွဲသွားရမလား..”

လျူယောင်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက် ၏။

“အဲဒီသင်္ဘောက တန်ချိန် သုံးလေးထောင်လောက် ရှိ တာနော်..ရေထဲမှာဆိုရင်တောင် တန်ချိန် သုံးထောင် နီးပါး အလေးချိန်ရှိလိမ့်မယ်..မင်း တကယ် ဆွဲနိုင်ပ ါ့မလား..”

လိပ်ကြီးက အားတက်သရော ပြန်ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး သခင်ရ.. တကယ်လို့ ကျွန်တော် တစ်ယောက်တည်းနဲ့ မနိုင်ရင်လည်း နဂါးနက်ကို လ ာကူခိုင်းလိုက်ရုံပေါ့ဗျာ..”

“ကောင်းပြီ... ဒါဆိုရင် အဲဒီစစ်သင်္ဘောပျက်ကြီးကို ရေမိုင် တစ်ရာ၊နှစ်ရာလောက် ဝေးတဲ့နေရာအထိ ရေ ာက်အောင် ဆွဲသွားလိုက်...”

ဤသည်မှာ ခြေရာဖျောက်ပြီး သက်သေများ ဖျက် ဆီးပစ်ရန် လျူယောင် ဆုံးဖြတ်လိုက်ခြင်းပင်။

M နိုင်ငံမှ လူတွေအား သူတို့.ဂုဏ်ယူရသည့် စစ်သ င်္ဘောကြီး ဘယ်လိုနစ်မြုပ်သွားလဲဆိုတာကို ဝေခွဲမ ရ ဖြစ်အောင် လုပ်ရုံတင်မက သင်္ဘောအပျက်အစီး ကိုတောင် ရှာမတွေ့နိုင်အောင်လည်း ဖုံးကွယ်ထားရ ပေမည်။

နောက်ထပ် မိနစ် ၂၀ ခန့်အကြာတွင်မူ စစ်သင်္ဘော ကြီးသည် ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂ ၀၀ကျော်အနက်သို့ လုံးဝဥဿုံ နစ်မြုပ်သွားခဲ့သည်။

ထိုအခါတွင်မူ လိပ်ကြီးသည် အနီးသို့ ကူးခတ်လာ ကာ သင်္ဘောအပျက်ကြီးအား ရွှေ့ပြောင်းရန် ကြိုး စားလိုက်၏။

လျူယောင်သည်လည်း တတိယအမြင်မှတဆင့် ကြ ည့်နေရင်း လိပ်ကြီး၏ ခွန်အားမှာ မည်မျှအထိ ရှိသ ည်ကို သိချင်နေမိသည်။တန်ချိန် ၁,၉၀၀ နီးပါးရှိပြီး အရည်အချင်းအမှတ် ၁၁၀,၀၀၀ ကျော်ရှိသည့် လိ ပ်ကြီးအတွက်မူ ၎င်း၏ကိုယ်အလေးချိန်ထက် အ ဆ ပေါင်းများစွာ လေးသော ပစ္စည်းများကို ရွှေ့ပြေ ာင်းရန်မှာ သီအိုရီအရ မဖြစ်နိုင်သည့်အရာ မဟုတ် ပေ။

တကယ်တမ်း လက်တွေ့တွင်လည်း လိပ်ကြီးသည် စစ်သင်္ဘောကြီးအား ရေအောက်ထဲမှနေ၍ ရွှေ့ပြော င်းနိုင်ခဲ့သည်။ထိုမြင်ကွင်းက လျူယောင်ကို အံ့အား သင့်သွားကာ သူ့ မျက်လုံးများအား ပွင့်လာစေခဲ့၏။

လျူယောင် စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

“ဘုရားရေ...လိပ်ကြီးကတော့ ငါ့ကို တကယ်ကြီး အ ထင်ကြီးသွားစေတာပဲ..ဒီအရာကြီးက တန်ချိန် သုံး လေးထောင်တောင် လေးတာလေကွာ..”

သို့သော်လည်း ထိုမျှကြီးမားသော အရာဝတ္ထုကြီးကို သယ်ဆောင်ရသည်မှာ လိပ်ကြီးအတွက်မူ မလွယ် ကူလှပေ။ရေမိုင်အနည်းငယ်မျှ ခက်ခက်ခဲခဲ သယ် လာပြီးနောက်၌ သူသည် ပင်လယ်အောက်ခြေတွင် ခေတ္တချထား လိုက်ရသည်။

လိပ်ကြီးက အကြံပေးလိုက်၏။

“သခင်ရ... ဒီကောင်ကြီးက နည်းနည်းတော့ ကြီးလွ န်းတယ်ဗျ.. ကျွန်တော် နဂါးနက်ကြီးကိုသွားခေါ် ပြီး အကူအညီတောင်းလိုက်မယ်..ကျွန်တော်တို့နှစ်ကောင် ပေါင်းရင်တော့ အသာလေး ရွှေ့ပစ်လို့ရပြီ အဲဒီခါ ကျရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်တော့ဘူးဗျ..”

လျူယောင်ကလည်း သဘောတူကာ ပြန်ဖြေလိုက် ၏။

"ကောင်းပြီ... ဒါဆိုလည်း နဂါးနက်ဆီ သွားပြီး အ ကူအညီတောင်းလိုက်”

လိပ်ကြီးသည် ပျက်စီးနေသည့် စစ်သင်္ဘောကြီးအား ပင်လယ်ကြမ်းပြင်တွင် ခေတ္တထားရစ်ခဲ့ပြီး နဂါးနက် နှင့် အခြားသူများကို အမြန်ဆုံးခေါ်ယူရန် ရေအော က်ထဲသို့ လျင်မြန်စွာ ငုပ်လျှိုးပျောက်ကွယ်သွားပေ သည်။

လိပ်ကြီး ကံကောင်းသည်ဟု ဆိုရမည်။လမ်းခုလတ် မှာပင် မီးခိုးနက်ရောင် သတ္တုချောင်းကြီးများကို သ ယ်ဆောင်လာသည့် နဂါးနက်နှင့် သူ့ငယ်သားမက်စ် ကြီးတို့ကို တွေ့လိုက်ရ၏။

သူတို့က ကျွန်းငယ်လေးနှင့် ရေမိုင် တစ်ရာခန့်အကွ ာသို့ ရောက်နေခဲ့သည်။

နဂါးနက်သည် သယ်ဆောင်လာသည့် သတ္တချောင်း များကို ကျွန်းအနီး ရေတိမ်ပိုင်းတစ်နေရာတွင် ချ ထားခဲ့ပြီးနောက် လိပ်ကြီး၊ မက်စ်ကြီးတို့နှင့်အတူ စစ်သင်္ဘောပျက်ရှိရာသို့ လိုက်ပါလာခဲ့သည်။

ဧရာမ သတ္တဝါကြီး သုံးကောင် ပေါင်းမိသွားသည့်အ ခါတွင်မူ တန်ချိန်ထောင်ချီလေးသည့် စစ်သင်္ဘော ကြီး မှာ သူတို့အတွက် ကစားစရာတစ်ခုကဲ့သို့ ဖြစ် သွားရကာ ရေအောက်ထဲ၌ လျင်မြန်စွာ သယ်လာခဲ့ ကြသည်။

.....

တစ်ချိန်တည်းမှာပင် M နိုင်ငံ၏ အဆင့်မြင့်ရေတပ် ဌာနချုပ်တွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။

ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိသည့် ခေတ်မီ စစ်သင်္ဘောတစ်စင်း နစ်မြုပ်သွားခြင်းသည် သာမန် ကိစ္စမဟုတ်ဘဲ နိုင်ငံတကာအဆင့် အရှုပ်အထွေး တ စ်ခု ဖြစ်နေပေသည်။

အထူးသဖြင့် ဤနစ်မြုပ်မှု ဖြစ်စဉ်မှာ အလွန်ပင် ထူး ဆန်းလွန်းနေ၏။စစ်သင်္ဘောသည် ကျွန်းငယ်လေး အနီးသို့ ချဉ်းကပ်သွားချိန်တွင်မူ ကောင်းကင်ယံရှိ M နိုင်ငံ၏ ထောက်လှမ်းရေးဂြိုလ်တုများကလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

သူတို့ဘက်မှ မမျှော်လင့်ထားသည့် မတော်တဆမှု များ ဖြစ်လာမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုကဲ့သို့ အငိုက် မိသွားလိမ့်မည်ဟုမူ မည်သူမှ မထင်ထားခဲ့ ကြချေ။

ဂြိုလ်တုပုံရိပ်များအရ စစ်သင်္ဘောကြီးသည် ပြင်း ထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာပြီးနောက် ရေအောက်သို့ တဖြေးဖြေး နစ်မြုပ်သွားခဲ့သည်မှာ အသေအချာပင်။

"ဒါပေမဲ့... ဘာကြောင့် ပေါက်ကွဲရတာလဲ.. ဘယ်ဟ ာက တိုက်ခိုက်လိုက်တာလဲ.."

M နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအရာရှိကြီးများမှာမူ အ ဖြေမရှိသော မေးခွန်းများဖြင့် ခေါင်းခြောက်နေကြ ၏။ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဂြိုလ်တုမှ တောက်လျှောက် စောင့်ကြည့်နေသော်လည်း ပေါက် ကွဲစေသည့် အကြောင်းရင်းကိုမူ သူတို့က လုံးဝ ရှာ မတွေ့ခြင်းပင် ဖြစ်သည်။

All Chapters