← Chapters

ပုံမှန်မဟုတ်သော လည်ပတ်မူ

Vol. 47 Ch. 568

ပုံမှန်မဟုတ်သော လည်ပတ်မူ

Vol. 47 Ch. 568

M နိုင်ငံရေတပ်မှ အဆင့်မြင့်အရာရှိကြီးများသည် အရေးပေါ်အခြေအနေအရ အလျင်အမြန် စုဝေးကာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုအား ပြုလုပ်လိုက်ကြသ ည်။

လူတိုင်း၏ မျက်နှာများပေါ်တွင်မူ စိုးရိမ်စိတ်များ ဖုံးလွှမ်းနေ၏။အရာရှိတစ်ဦးက တုန်ယင်သော အ သံဖြင့် စပြောလိုက်သည်။

"လူကြီးမင်းများခင်ဗျာ... ဒီကိစ္စက တကယ့်ကို ထူး ဆန်းလွန်းလှပါတယ်.. ကျွန်တော်တို့ရဲ့ စစ်သင်္ဘော နစ်မြုပ်သွားတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့ အချက်ပြ မှု တစ်ခုမှ ပြန်မပို့နိုင်ခဲ့ပါဘူး. ဒါက.နောက်ဆုံးအချိ န်အထိ သတင်း ပေးဖို့တောင် အချိန်မရလိုက်တဲ့သ ဘောပဲ.."

အခြားအရာရှိတစ်ဦးက ခန့်မှန်းချက်ထုတ်လိုက်၏။

"ဒါဟာ ရုတ်တရက် တိုက်ခိုက်ခံရတာလား..အထူး သဖြင့် ရေအောက်ပစ်တဲ့ တော်ပီဒိုလား ဒါမှမဟုတ် ရေငုပ်သင်္ဘော တစ်စင်းရဲ့ တိုက်ခိုက်မှုမျိုး ဖြစ်နိုင်မ လား.."

"ဒီဖြစ်နိုင်ခြေကတော့ လုံးဝမရှိနိုင်ပါဘူး"

ထောက်လှမ်းရေးအရာရှိတစ်ဦးက ခေါင်းခါကာပြ တ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ကျွန်တော်တို့ရဲ့ ဂြိုဟ်တုပုံရိပ်တွေအရ အဲဒီပတ်ဝန် းကျင်နဲ့ ရေမိုင်ရာချီတဲ့နေရာမှာ ငါးဖမ်းလှေအချို့ ကလွဲလို့ ကုန်တင်သင်္ဘောတောင် မရှိပါဘူး.. တခြား နိုင်ငံက စစ်သင်္ဘောတွေဆိုရင်တော့ ဝေးရောပေါ့.."

"ဒါဆို ရေအောက်မှာ ရေငုပ်သင်္ဘောတွေ လျှို့ဝှက်ရှိ နေတာများလား.."

"အဲဒီဖြစ်နိုင်ခြေကလည်း သုညနီးပါးပါပဲ..ကျွန်တေ ာ်တို့ရဲ့ သင်္ဘောက အဆင့်မြင့်တယ်.. ဘေးကင်း ရေးအတွက် ဆိုနာစနစ်ကို အမြဲတမ်း ဖွင့်ထားတာပ ါ..ဘယ်ရေငုပ်သင်္ဘောမျိုးမှ ဒီလောက် နီးကပ်တဲ့ အထိ ချဉ်းကပ်လာနိုင်မှာ မဟုတ်ပါဘူး.."

ဆွေးနွေးပွဲခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

ခေတ်မီနည်းပညာအားလုံးကို ကျော်လွန်ပြီး ဒေါ်လာ ဘီလီယံတန် စစ်သင်္ဘောကြီးကို စက္ကူတစ်ရွက်လို ဖျက်စီးပစ်လိုက်သည့် ထိုမမြင်ရသော ရန်သူမှာ မ ည်သူနည်းဆိုသည်မှာ သူတို့အတွက်မူ အကြီးမား ဆုံး ပဟေဠိဖြစ်နေပေသည်။

ထိုအရာရှိများ အချိန်အတော်ကြာ အခြေအတင် ဆွေးနွေးခဲ့ကြသော်လည်း တူညီသည့် ကောက်ချက် တစ်ခုကိုမျှ မချမှတ်နိုင်ခဲ့ကြချေ။M နိုင်ငံရေတပ် ထောက်လှမ်းရေးဌာနသည် ၎င်းတို့၏ အင့်အားလုံး ကို အသုံးချကာ အကြောင်းရင်းကို ရှာဖွေရန် အစွမ်း ကုန် ကြိုးပမ်းနေကြ၏။

သို့သော်လည်း သူတို့၏ ကြိုးပမ်းမှုမှာ လမ်းမှားနေ ပေသည်။ အဘယ်ကြောင့်ဆိုသော် ခေတ်မီစစ် သ င်္ဘောကြီး ဘာကြောင့် နစ်မြုပ်သွားရသနည်း ဆိုသ ည့် အမှန်တရားကို ရှာဖွေတွေ့ရှိရန်မှာမူ လက်ရှိအ ခြေအနေအရ လုံးဝမဖြစ်နိုင်သလောက်ပင်။

ဧရာမလှံကြီးကိုင်ထားသည့် သတ္တဝါကြီးတစ် ကော င်က သူတို့၏ ဂုဏ်ယူရသော စစ်သင်္ဘောကြီးကို အောက်ခြေမှနေ၍ စက္ကူကဲ့သို့ အကြိမ်ကြိမ် ထိုးစို က်ဖျက်ဆီးခဲ့လိမ့်မည်ဟု ကမ္ဘာပေါ်တွင် မည်သူက မျှ အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

အမေရိကန်ရေတပ် အဆင့်မြင့်အရာရှိများ ထိတ်လ န့်တကြား အဖြေရှာနေချိန်၌ လိပ်ကြီးကမူ အဆင် ပြေနေ၏။လိပ်ကြီးသည် နဂါးနက်နှစ်ကောင် ကိုပါ အဖော်ခေါ်လာပြီး အဖိုးတန်သတ္တုများအား မနားတ မ်း သယ်ယူနေကြသည်။

ပင်လယ်အောက်ခြေမှာရှိနေသည့် အာကာသယာဉ် ပျက်ကြီး၏ ဧရာမ ဂိုဒေါင်အတွင်း၌ မီးခိုးနက်ရောင် ၊အနက်ရောင်နှင့် ငွေရောင်သတ္တုများ အပါအဝင် အ မျိုးမျိုးသော သတ္တုများ အစုလိုက် အပြုံလိုက် ရှိနေ သည်။

ထိုသတ္တုများ၏ အလေးချိန်မှာ ခန့်မှန်းခြေအားဖြင့် တန်ပေါင်း သန်းချီရှိနိုင်၏။

လိပ်ကြီးနှင့် နဂါးနက်တို့သည် ထိုအဖိုးတန်သတ္တုမျာ းကို တစ်သုတ်ပြီးတစ်သုတ် သယ်ယူကာ ကျွန်းအ နီးရှိ ရေတိမ်ပိုင်းနေရာတွင် စုပုံလိုက်ကြသည်။ရက် အနည်းငယ်အတွင်းမှာပင် ရေတိမ်ပိုင်းနေရာ၌ သ တ္တုပုံကြီးမှာ တန်ထောင်ပေါင်းများစွာမှသည် တန် ပေါင်း သောင်းချီအထိ တဖြည်းဖြည်း မြင့်တက်လာ ခဲ့၏။

မကြာမီအချိန်အတွင်း သူတို့သယ်ထားသည်က တန် ၂၀,၀၀ဝကျော်အထိ ရောက်လာတော့မည် ဖြစ်သ ည် ။

.........

ယူနီဗာဆယ်တာဝါထဲ၌ လျူယောင်တစ်ယောက် စိ တ်ကြည်လင်နေ၏။လိပ်ကြီးထံမှ ရရှိထားသည့် သ တင်းများအရ ကျွန်းအနီး ရေတိမ်ပိုင်းပင်လယ်ပြင် တွင် အဖိုးတန်သတ္တု တန်ချိန် ၁၀,၀၀ ၀ကျော် စုပုံ နေပေသည်။

ယခုဆိုလျှင် ဘလူးဝေးလ်နှင့် ကေလာဝေးလ်ကုန် တင်သင်္ဘောကြီးများကို လွှတ်ကာ အချိန်မရွေး သ ယ်ယူနိုင်သည့် အနေထားသို့ ရောက်ရှိနေ၏။

သို့သော်လည်း လျူယောင်၏ စိတ်အာရုံမှာ ထိုသ တ္တုများထက် အခြားတစ်ခုဆီသို့သာ ရောက်ရှိနေ သည်။၎င်းမှာ M နိုင်ငံ ရေတပ်၏ တုံ့ပြန်မှုပင်။

လျူယောင် တွေဝေစွာ တွေးနေမိသည်။

“ရက်အနည်းငယ်တောင် ကြာသွားပြီ... သူတို့ ဘာ ကြောင့် ဒီလောက် ငြိမ်နေရတာလဲ..”

အွန်လိုင်းစာမျက်နှာများထက်တွင်လည်း ထိုကိစ္စနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံ တ စ်ရာမျှ မရှိချေ။ ဒေါ်လာတစ်ဘီလီယံကျော် တန်ဖိုး ရှိသည့် စစ်သင်္ဘောကြီး နစ်မြုပ်သွားခြင်းမှာ M နိုင် ငံတို့အတွက် အလွန်အမင်း အရှက်ရစရာ ကိစ္စ ဖြစ် သဖြင့် ထိုသတင်းအား ထိုလူတွေက အတတ်နိုင်ဆုံ း ဖုံးကွယ်ထားပုံရသည်။

" ဒေါက်..ဒေါက်..ဒေါက် "

ထိုသို့ လျူယောင် စဉ်းစားနေစဉ်မှာပင် သူ၏အတွင် းရေးမှူးက တံခါးကို ခပ်ဖွဖွခေါက်ကာ ဝင်လာသ ည်။

"M နိုင်ငံက အယ်လ်ဗာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လောဆန် ဘတ်က လာရောက်တွေ့ဆုံချင်တယ်လို့ သတင်းပို့ ပါတယ် သူဋေး.."

"အမ် အယ်လ်ဗာကုမ္ပဏီလား.."

လျူယောင် မျက်မှောင်ကြုတ်ကာ စဥ်းစားမိလိုက် ၏။ထိုကုမ္ပဏီကို သူ ကောင်းကောင်းသိပေသည်။

၎င်းမှာ M နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ သင်္ဘောတည် ဆောက်ရေး လုပ်ငန်းကြီးဖြစ်ပြီး လက်ရှိ Mနိုင်ငံရေ တပ်တွင် အသုံးပြုနေသော လေယာဉ်တင် သင်္ဘော များအား တည်ဆောက်ပေးသည့် လုပ်ငန်းစုကြီးလ ည်း ဖြစ်၏။

“ဒီလူတွေ ရုတ်တရက်ကြီး ငါ့ဆီ လာတွေ့ချင်ရတဲ့ ရ ည်ရွယ်ချက်က ဘာလဲ..”

လျူယောင်က ဦးနှောက်ကို အလျှင်အမြန် အလုပ် ပေးလိုက်ပြီး ဖြစ်နိုင်ခြေရှိသည့် နှစ်ချက်အား ချက် ချင်းပင် ကောက်ချက်ချလိုက်သည်။

"အင်း ပထမအချက်က စစ်သင်္ဘောတွေ တည်ဆော က်ဖို့အတွက် မီးခိုးနက်ရောင်သတ္တုကို သူတို့ လိုချင် နေတာပဲ.."

"ဒုတိယကတော့ နစ်မြုပ်သွားတဲ့ စစ်သင်္ဘောကိစ္စနဲ့ ပတ်သက်ပြီး လာ စုံစမ်းတာပဲ ဖြစ်ရမယ်.."

လျူယောင် ခဏမျှ အလေးအနက် စဉ်းစားပြီးနော က် အေးအေးဆေး.ပြန်ပြောလိုက်၏။

"ကောင်းပြီ... သူတို့က ကိုယ်တိုင်ကိုယ်ကျ လာတွေ့ ချင်တယ်ဆိုမှတော့ လာခိုင်းလိုက်ပါ.."

လှပသည့် အတွင်းရေးမှူးမလေးမှာ လျူယောင့် အ မိန့်အတိုင်း ထွက်ခွာသွားပေသည်။လျူယောင်ကမူ ကော်ဖီပူပူတစ်ခွက်ကို လက်မှကိုင်ကာ ဆိုဖာတွင် မှီထိုင်ရင်း အယ်လ်ဗာကုမ္ပဏီ လာရောက်တွေ့ဆုံသ ည့် နောက်ကွယ်မှ အကြောင်းအရင်းအား ဆက်လ က်စဥ်းစားနေမိ၏။

ထိုအဖွဲ့သည် အချိန်ဆွဲခြင်းမရှိဘဲ အတော်ပင် မြန်မြ န်ဆန်ဆန် ရောက်ရှိလာကြသည်။

နေ့လယ် ၂ နာရီခန့်တွင် ဥက္ကဋ္ဌ လောဆန်ဘတ် ဦး ဆောင်သည့် လူ ၅ ဦးပါအဖွဲ့သည် ယူနီဗာဆယ်တာ ဝါထဲသို့ ဝင်လာခဲ့ကြ၏။ထိုလူတွေအား တာဝါ၏ ၉ ၈ လွှာရှိ ဧည့်ခန်းမတွင် လျူယောင် နေရာချထား ပေးလိုက်သည်။

လျူယောင်သည်လည်း ဟန်ဆောင်ပန်ဆောင် လုပ် မနေဘဲ လူအနည်းငယ်ကိုသာ ခေါ်၍ ထိုအခန်းထဲသို့ ဝင်လာခဲ့၏။နှစ်ဖက်စလုံးမှာ လုပ်ငန်းရှင်ပီပီ ယဉ် ကျေးပျူငှာစွာ နှုတ်ဆက်ကြပြီးနောက် မကြာမီမှာ ပင် ဆွေးနွေးပွဲ၏ အဓိကအချက်သို့ တိုက်ရိုက် ရော က်လာခဲ့ကြသည်။

လောဆန်ဘတ်က ချီးကျူးစကားဖြင့် စတင်လိုက် သည်။

"ယူနီဗာဆယ်လုပ်ငန်းစုကြီးဟာ တကယ့်ကို အံ့သြစ ရာကောင်းတဲ့ ကုမ္ပဏီတစ်ခုပါပဲ..အထူးသဖြင့် ဒီ မီး ခိုးနက်ရောင် သတ္တုတွေကို အောင်မြင်စွာ တီထွင် နို င်ခဲ့တာဟာ ကမ္ဘာ့စက်မှုကဏ္ဍအတွက် ကြီးမားတဲ့ ပံ့ ပိုးမှုတစ်ခု ဖြစ်စေခဲ့ပါတယ်..."

ထိုသူ၏ စကားလုံးများမှာ ယဉ်ကျေးသိမ်မွေ့နေသေ ာ်လည်း မျက်လုံးများကမူ တစ်ဖက်လူ၏ တုံ့ပြန်မှု ကို အကဲခတ်နေသည့်အလား စူးရှလှ၏။

လျူယောင်ကမူ ထိုချီးကျူးစကားအား ပြုံးရုံမျှသာ တုံ့ပြန်ပြီး လောဆန်ဘတ်၏ ပါးစပ်မှ ထွက်လာမည့် တကယ့်ရည်ရွယ်ချက်ကိုသာ စိတ်ရှည်ရှည် ဖြင့်စော င့်နေပေသည်။

ပထမဆုံး ချီးကျူးစကားပြောပြီးနောက် လောဆန် ဘတ်က သူ၏ ပထမဆုံးသော ဖဲချပ်အား စလှန်လို က်၏။

"အဲ့ဒါက တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ သ တ္တုပါပဲ.. ကျွန်တော်တို့ အယ်လ်ဗာကုမ္ပဏီကနေ ဒီ သတ္တုကို တန်ချိန် တစ်သိန်းအထိ မှာယူချင်ပါတယ် စျေးနှုန်းကိုလည်း နိုင်ငံတကာပေါက်စျေးအတိုင်း ရက်ရက်ရောရော ပေးချေဖို့ အဆင်သင့်ပါပဲ.."

"အမ် တန်ချိန် တစ်သိန်းလား.."

ဤပမာဏမှာ နည်းသည့်ပမာဏ မဟုတ်ချေ။

ယခုအချိန်အထိ ယူနီဗာဆယ်လုပ်ငန်းစု၏ မီးခိုးန က်ရောင်နှင့် အနက်ရောင်သတ္တု တင်ပို့မှုစုစုပေါင်း မှာ မူ တန်ချိန် တစ်သောင်းပင် မပြည့်သေးဘဲ တန် ချိန်အနည်းငယ်စီကိုသာ မိတ်ဆွေနိုင်ငံအချို့သို့ ခွဲ တမ်းဖြင့် ရောင်းချပေးနေရခြင်း ဖြစ်၏။

ယခု လောဆန်ဘတ်ကဲ့သို့သော စစ်သင်္ဘောတည် ဆောက်သည့် ကုမ္ပဏီက တန်ချိန်တစ်သိန်းအထိ မှာယူခြင်းမှာ သူတို့၏ စစ်အင်အားကို မြှင့်တင်ရန် ဖြစ်ကြောင်း သိသာလွန်းနေသည်။

လျူယောင်က ရယ်မောလိုက်ရင်း ပြတ်သားစွာ ခေါ င်းခါပြလိုက်၏။

"ဟားဟား..တောင်းပန်ပါတယ် မစ္စတာလောဆန်ဘ တ်..ကျွန်တော့်မှာ ခဗျားတို့နိုင်ငံကို သတ္တုတင်ပို့ပေး တဲ့ အစဉ်အလာ မရှိပါဘူး..တန်ချိန်တစ်သိန်း မပြော နဲ့... ဆယ်တန်တောင် တင်ပို့ဖို့ အစီအစဉ် မရှိပါဘူး . ."

လျူယောင်၏ သဘောထားမှာ ကျောက်ဆောင်ကဲ့ သို့ ခိုင်မာနေသည်ကို မြင်သောအခါ လောဆန်ဘတ် က ထိုအကြောင်းအရာအား ချက်ချင်း ရပ်တန့်လိုက် သည်။

သို့သော်လည်း သူ့ မျက်နှာပေါ်တွင်မူ စိတ်ပျက်သ ည်ထက် ပိုမိုနက်နဲသည့် အရိပ်အယောင်များ ပေါ်လ ာကာ စကားလမ်းကြောင်းကို အကွက်ကျကျ ပြော င်းလဲလိုက်၏။

"ဟူး မစ္စတာလျူဆီကနေ ဒီလို သတ္တုကောင်းတွေ မဝယ်နိုင်တာ တကယ်ပဲ ကံမကောင်းပါဘူး.. ဒါနဲ့... ကျွန်တော်ကြားတာက မစ္စတာလျုတို့က XX နိုင်ငံက ကျွန်းငယ်လေးတစ်ကျွန်းကို ငှားရမ်းပြီး ဆောက်လု ပ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတယ် ဆို တာ ဟုတ်ပါသလား..."

“ဟား..ရယ်စရာကောင်းလိုက်တာကွာ... ဒီကောင် တွေ ကျွန်းငယ်လေးအကြောင်းကိုတောင် လိုက်စုံစ မ်းထားတာပဲ..”

လျူယောင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ဒီလူ၏ တကယ့်ရည်ရွယ်ချက်မှာ သတ္တုဝယ်ယူခြင်းထက် ပိုမိုကြီးမားနေပြီဖြစ်ကြောင်း သူ ရိပ်မိလိုက်၏။

လျူယောင်သည် ခဏမျှ ချီတုံချတုံဖြစ်သွားသော် လည်း ထိုကိစ္စကို ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက် သည်။ကျွန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ဂြိုဟ်တုပုံရိပ်များအရ ဖုံးကွယ် ထား၍ မရနိုင်သောကြောင့်ပင်။

သူက ခေါင်းကို အသာညိတ်လိုက်ပြီး ဝန်ခံလိုက်၏။

"ဟုတ်ပါတယ်... အဲဒီလို ကိစ္စမျိုး ရှိပါတယ်"

ထိုအခါမှသာ လောဆန်ဘတ်က သူ ရောက်လာရခြ င်း၏ တကယ့်ရည်ရွယ်ချက်အား ထုတ်ဖော်ပြောဆို လာပေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ရဲ့ စစ် သင်္ဘောတစ်စီးက လမ်းကြောင်းမှားယွင်းမှုကြောင့် ဒီကျွန်းငယ်လေးနားကို ရောက်သွားပြီး အကြောင်း ရင်းမသိရဘဲ နစ်မြုပ်သွားပါတယ်"

လျူယောင်က ထိုစကားကို ကြားသောအခါ စိတ်ထဲ မှ လှောင်ရယ်မိသည်။

“ဟမ့် M နိုင်ငံကလူတွေက အကြောင်းပြချက်ပေးတဲ့ အခါမှာတော့ တကယ့်ကို ပါးနပ်ကြတာပဲ.. လမ်း ကြောင်းမှားယွင်းတယ် ဟုတ်လား. .အမှန်တကယ် က ရည်ရွယ်ချက်ရှိရှိနဲ့ ထောက်လှမ်းဖို့ လာကြတာ မဟုတ်လား”

သို့သော်လည်း လျူယောင်၏ မျက်နှာပေါ်တွင်မူ မ ည်သည့်အရိပ်အယောင်မျှ မပြဘဲ အံ့သြသလို ဟန် ဆောင်ကာ ပြောလိုက်၏။

"အိုး.. ဒီလိုကိစ္စမျိုး ရှိခဲ့တာကိုး.. ကျွန်းနားမှာ စစ် သင်္ဘောတစ်စီး ပေါက်ကွဲပြီး မီးလောင်ခဲ့တယ်.. ပြီး တော့ နစ်မြုပ်သွားတယ်လို့ အောက်ကလူတွေ အစီ ရင်ခံတာတော့ ကျွန်တော် ကြားလိုက်ပါတယ်.."

လျူယောင်က စကားကို ခဏရပ်ပြီး လောဆန်ဘ တ်ကို စူးစိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့ လူတွေအားလုံးက ဒါ ဘယ်နိုင်ငံရဲ့ စ စ်သင်္ဘောလဲလို့ ခန့်မှန်းနေကြတာပါ..အခုမှပဲ ဒါက ခဗျားတို့ရဲ့ ခေတ်မီစစ်သင်္ဘောကြီး ဖြစ်နေတာကိုး ..ဒါနဲ့... ဒီလို ခေတ်မီလှပါတယ်ဆိုတဲ့ စစ်သင်္ဘော ကြီးက ရန်သူကတောင် မတိုက်ခိုက်ရသေးဘဲ ဘာ ကြောင့် သူ့အလိုလို နစ်မြုပ်သွားရတာလဲဗျ.."

ထိုစကားမှာ လောဆန်ဘတ်၏ မျက်နှာကို ထိုးနှက် လိုက်သကဲ့သို့ပင်။လောဆန်ဘတ်၏ မျက်နှာပြင်တ စ်ခုလုံးမှာမူ နီရဲတက်လာကာလျူယောင်၏ လှောင် ပြောင်မှုကို ခံလိုက်ရသဖြင့် အလွန်အမင်း ရှက်ရွံ့သွ ားပုံ၏။

သို့သော်လည်း သူသည် ခေါင်းမာမာဖြင့် ပြောနေ ပေသည်။

"ဒီစစ်သင်္ဘောက အမည်မသိတဲ့ နည်းပညာပိုင်း ဆို င်ရာ ချို့ယွင်းချက်တစ်ခုကြောင့် ပေါက်ကွဲခဲ့တာပါ.. ကျွန်တော် ဒီကိုလာတာက M နိုင်ငံစစ်တပ်ရဲ့ တာဝန် ပေးချက်အရ ဖြစ်ပါတယ်..ကျွန်တော်တို့ရဲ့ နစ်မြုပ် သွားတဲ့ စစ်သင်္ဘောပျက်ကို ပြန်လည်ဆယ်ယူဖို့ အ တွက် ဆယ်ယူရေးသင်္ဘောကို ကျွန်းငယ်လေးအနီး ကို ဝင်ရောက်ခွင့်ပေးဖို့ မစ္စတာလျူကို ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်.."

ဤသည်မှာ လောဆန်ဘတ်ဆိုသူ လာရောက်တွေ့ ဆုံမှုနောက်ကွယ်က တကယ့်ရည်ရွယ်ချက် အစစ်အ မှန်ပင် ဖြစ်၏။

စစ်သင်္ဘောကြီး နစ်မြုပ်သွားသည့်နေရာမှာ ရေအန က် မီတာ ၂၀၀ခန့်သာ ရှိသဖြင့် နည်းပညာအရ ပြန် လည်ဆယ်ယူရန် ဖြစ်နိုင်ခြေရှိသည်။

M နိုင်ငံအနေ ဖြင့် ၎င်းတို့၏ ခေတ်မီနည်းပညာများ ရန်သူ့လက်ထဲ မရောက်စေရန်နှင့် နစ်မြုပ်ရသည့် အကြောင်းရင်း အမှန်အား သိရှိရန်မူ ထိုသင်္ဘောပျ က်အား မဖြစ်မနေ ပြန်လည်ဆယ်ယူရန် လိုအပ်နေ ပေသည်။

သို့သော်လည်း ကြီးမားသည့် အတားအဆီးတစ်ခု ရှိနေ၏။ထိုနေရာသည် ကျွန်းငယ်လေး၏ ရေပိုင်န က် ရေမိုင် ၁၂.မိုင်အတွင်း၌ ရှိနေခြင်းပင်။

အကယ်၍သာ ထိုကျွန်းကို ယူနီဗာဆယ်လုပ်ငန်းစု က ငှားရမ်းထားခြင်း မရှိပါက M နိုင်ငံ ရေတပ်သ ည် XX နိုင်ငံကိုပင် အလေးမထားဘဲ ထင်သလို ဝင် ရောက်ဆယ်ယူမည်မှာ အသေအချာပင်။

ယခုမူ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွာ းခဲ့ရ၏။

ထိုကျွန်းငယ်လေးအား အမြဲတမ်း အသုံးပြုခွင့်မှာ ယူနီဗာဆယ်လုပ်ငန်းစုကြီးနှင့်သာ တရားဝင်သက် ဆိုင်နေပြီး ထိုစစ်သင်္ဘောကြီးမှာလည်း ၎င်းတို့ကျွန်း အနီးတွင်ပင် ထူးထူးဆန်းဆန်း နစ်မြုပ်သွားခဲ့ရခြင်း ဖြစ်ပေသည်။

ယခင်က ဖြစ်ပွားခဲ့သည့် သင်္ဘောနစ်မြုပ်မှုများနှင့် ယခုဖြစ်ရပ်မှာ ယူနီဗာဆယ်လုပ်ငန်းစုနှင့် တစ်နည်း မဟုတ်တစ်နည်း ပတ်သက်နိုင်သည်ဟု M နိုင်ငံမှ လူများက သံသယဝင်နေကြ၏။

သို့သော်လည်း သူတို့၌ လက်ဆုပ်လက်ကိုင်ပြနိုင် သည့် သက်သေအထောက်အထား တစ်စုံတစ်ရာမျှ မရှိသည့်အတွက် လျူယောင်အား အပြစ်တင်ရန် ခ က်ခဲနေပြီး ယခုကဲ့သို့ပင် ယဉ်ကျေးပျူငှာစွာ လာ ရောက်တောင်းဆိုနေရခြင်း ဖြစ်ပေသည်။

All Chapters