ကိုယ်ပိုင် အတွင်းရေးမှူးမလေး
Vol. 2 Ch. 11
(ဒင် အမှတ်အများဆုံးမစ်ရှင် ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ပိုင်ရှင် ကို ဂုဏ်ပြုပါတယ် )
(ဆုလာဘ်အနေနဲ့ အမွေဆက်ခံခွင့် တစ်ကြိမ် ရရှိပါတယ် )
" ဟေ.."
စနစ် ရဲ့ အသိပေးသံကို ကြားလိုက်ရတဲ့အခါ လင်းဖန် မနေနိုင်ဘဲ ကြောင်အသွားမိသည်။ ဒီတစ်ခါ မစ်ရှင်က ဒီလောက်လွယ်လွယ်ကူကူနဲ့ ပြီးသွားမယ်လို့ သူ ထင်မထားပေ။
ဒီ စနစ် က သူ့ ပစ္စည်းတွေယူပြီး အလုပ်မလုပ်မှာကို ကြောက်နေတာများလား ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ဒီလိုဟာကွက်မျိုး ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
( ပိုင်ရှင်အနေနဲ့ အမွေဆက်ခံခွင့်ကို အသုံးပြုမှာလား ..)
"အင်း..သုံးမယ်.."
လင်းဖန် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်
ခဏအကြာမှာတော့...
(ဒင် .... ပိုင်ရှင်အနေနဲ့ Soros ရဲ့ စျေးကွက် ခန့်မှန်းခြင်း အမွေကို အောင်မြင်စွာ ဆက်ခံရရှိသွားပါပီ .. )
( ကျွမ်းကျင်မှု့ - ပိုင်ရှင်က အနာဂတ်တွင် ဈေးကွက် အတက်အကျတွေကို တိကျစွာ ရှာဖွေနိုင်စွမ်း ရှိသွားပါပြီ ..)
ရလိုက်တဲ့အရာကို ကြည့်ပြီး လင်းဖန်ကြောင် တောင်တောင် ဖြစ်သွား၏။
"ငါက ခုလေးတင် ၃၅ ဘီလီယံ သုံးလိုက်ရတာလေ.. အခုကျတော့ စျေးကွက် ကျွမ်းကျင်မှု့ လာပေးနေပြန်ပြီ..."
" လခွမ်း စနစ် က ငါ့ကို ပိုက်ဆံမရှိမှာစိုးလို့ ပေးတာများလား..."
"ထားလိုက်ပါတော့ ငါ.. ရတာပဲ ယူထားလိုက်မယ် ပိုက်ဆံမရှိပဲ ထိုင်စောင့်နေတာထက်စာရင် စျေးကွက် ကစားတာက ပိုကောင်းပါတယ်.."
မွန်းလွဲပိုင်းရောက်တော့ လင်းဖန် အိပ်ရာမှ နိုးလာ၏။
"သူဋေး... သူဋေးရဲ့ အတွင်းရေးမှူး ရောက်နေပါပြီ ဝင်ခွင့်ပေးလိုက်ရမလား...."
အဲ့ဒီအချိန်မှာ ရှုကျန့်ရှင်း က ဘေးနားမှာ ရိုရိုသေသေ ရပ်ကာ ပြောလိုက်သည်။
"အမ် ငါ့ အတွင်းရေးမှူးလား.."
"ဟုတ်ကဲ့ပါ သူဋေး..သူဋေး ဆီမှာ သီးသန့် ဘဏ္ဍာရေးအဖွဲ့၊ ရှေ့နေအဖွဲ့နဲ့ သက်တော်စောင့်အဖွဲ့တွေအပြင် ၂၄ နာရီပတ်လုံး အချိန်ပြည့် ဆောင်ရွက်ပေးမယ့် ကိုယ်ပိုင်အတွင်းရေးမှူးလည်း ရှိပါသေးတယ် ခဗျာ.."
ရှုကျန့်ရှင်းက ပြုံးပြီး ရှင်းပြလိုက်သည်။
အဲ့ဒီတော့မှ လင်းဖန် သတိရသွားသည်။ သူ့ရှေ့ကလူရဲ့ အလုပ်အကိုင်က အစကတည်းက ကိုယ်ပိုင်ဘဏ္ဍာရေး အတိုင်ပင်ခံပဲလေ။ သူ့အလုပ်က ဘဏ္ဍာရေးနဲ့ ပတ်သက်တာတွေကိုပဲ ဖြေရှင်းပေးရမှာပဲ ဖြစ်သည်။ တခြားကိစ္စတွေအတွက်ဆိုရင် သူ့မှာ ကိုယ်ပိုင်အတွင်းရေးမှူး ရှိထားဖို့ လိုအပ်တာ အမှန်ပင်။
" ကြည့်ရတာ ကိုယ်ပိုင်အတွင်းရေးမှူးကို စနစ် က အစကတည်းက စီစဉ်ပေးထားပုံရတယ်.. ဘာလို့ အခုမှ ရောက်လာလဲတော့ ငါ မသိဘူး.."
"ကောင်းပြီလေ..သူ့ကို ဝင်လာခိုင်းလိုက်.."
လင်းဖန် လက်ပြပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဟုတ်ကဲ့ပါ"
ရှုကျန့်ရှင်းက ချက်ချင်းပဲ ဖုန်းဆက်လိုက်သည်။
" ဝင်လာလို့ ရပါပြီ.."
"ဒေါက်..ဒေါက်..ဒေါက်.."
တစ်မိနစ်လောက်ကြာတော့ အနီးအနားကနေ ဖိနပ်ခွာသံကို လင်းဖန် ကြားလိုက်ရပြီး လှပတဲ့ ပုံရိပ်တစ်ခု တံခါးဝကနေ တန်းပြီး ဝင်လာသည်။
သူ့ ရှေ့မှ လူကို ကြည့်ပြီး လင်းဖန် အံ့သြသွား၏။
" ဝိုး.....လှ လှချည်လား.."
သူမ ပုံစံက နူးညံ့တဲ့ မျက်နှာထား၊ နှာတံပေါ်ပေါ်၊ ပခုံးထက်ဝဲကျနေတဲ့ သစ်အယ်သီးရောင် ဆံနွယ်တွေနဲ့ မီးခိုးရောင် ရုံးဝတ်စုံ ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ လိုက်ဖက်နေတဲ့ အသားအရေပိုင်ရှင် ဖြစ်ပြီး အရပ်က ၁.၈ မီတာလောက်ရှိကာ ထိပ်ချွန် ဒေါက်ဖိနပ်အညိုရောင်ကို စီးထားတာက မြင်လိုက်ရသူအဖို့ အတော်လေး မှင်သက်သွားစေသည်။
ကိုယ်ပိုင်အတွင်းရေးမှူးဆိုတာ မိန်းကလေးတစ်ယောက်မှန်း သိပေမဲ့ ဒီလောက်ထိ လှပနေမယ်လို့ လင်းဖန် မထင်ထားပေ။ ခဏတာတော့ သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"သူဋေး ... ဒါက သူဋေးရဲ့ ကိုယ်ပိုင်အတွင်းရေးမှူး မိုရှင်းယာ ပါ..."
လင်းဖန်ကို ရှုကျန့်ရှင်း မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါသူဋေး..ကျွန်မက သူဋေးရဲ့ ကိုယ်ပိုင်အတွင်းရေးမှူးပါ..ဒီနေ့ကစပြီး သူဋေးရဲ့ ကိစ္စအဝဝကို ကျွန်မ တာဝန်ယူ ဆောင်ရွက်ပေးပါမယ်.. ညွှန်ကြားစရာရှိရင် ကျွန်မကို ပြောနိုင်ပါတယ်ရှင့်..."
မိုရှင်းယာက ဦးညွှတ်ပြီး ပြောလိုက်သည်။
"မင်္ဂလာပါဗျာ ..နောက်ဆို ကျွန်တော် ဒုက္ခပေးရတော့မယ်.."
ခဏလောက် တိတ်ဆိတ်နေပြီးမှ လင်းဖုန်ခေါင်း ညိတ်ကာ ပြန်ဖြေလိုက်သည်။
"သူဋေး..တခြား ညွှန်ကြားစရာ ရှိပါသေးလားခင်ဗျ..မရှိရင် ကျွန်တော်...."
"ရပြီ..အခု ငါ့ရဲ့ ကိုယ်ပိုင်အတွင်းရေးမှူးလည်း ရောက် လာပြီဆိုတော့ မင်းကျောင်းကိစ္စ လုပ်စရာ ရှိတာ သွားလုပ်တော့..."
ရှုကျန့်ရှင်းကို ကြည့်ပြီး လင်းဖန် လက်ကာပြကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ရှုကျန့်ရှင်းလည်း လှည့်ထွက်သွားတော့သည်။
သူထွက်သွားပြီးနောက် မိုရှင်းယာကို ကြည့်ပြီး လင်းဖန် ပြောလိုက်၏
"အောက်ကလူတွေကို ပြင်ဆင်ခိုင်းလိုက်... ငါတို့ ပစ္စည်းသွားဝယ်ရအောင်..."
"ဟုတ်ကဲ့..."
မိုရှင်းယာက ချက်ချင်းပဲ ခေါင်းညိတ်လက်ခံပြီး ဖုန်းထုတ်ကာ စတင်ဆက်သွယ်လိုက်သည်။
လင်းဖန်တို့အဖွဲ့က ကျင်းလင် လမ်းမကြီးပေါ်မှာ ကားမောင်းနှင်လာကြသည်။ ကျန်းခန်ဥယျာဉ် က ကျုံးရှန်း တောင်ခြေမှာရှိပြီး စည်ကားတဲ့ မြို့နဲ့ အတော်ဝေးပေသည်။ ခရီးအတော်လှမ်းတာမို့ ဘာပဲဝယ်ဝယ် ကားမောင်းသွားမှ ရပေမည်။
"ကျင်းလင် ကားအရောင်းပြခန်း Auto City ဆီ တန်းမောင်းလိုက်.."
လင်းဖန်က သူ့ရဲ့ မြေအောက်ကားဂိုဒေါင်ထဲမှာ ကားတွေအများကြီးရှိပေမဲ့ အကုန်လုံးက သန်းချီတန်တဲ့ကားတွေချည်းပဲမို့ ပုံမှန်မောင်းဖို့ဆိုရင် သိပ်ပြီး ထင်ပေါ်လွန်းအားကြီးနေတာကြောင့် ဒီနေရာကို လာရခြင်း ဖြစ်သည်။
ပြီးတော့ သူက ပြိုင်ကား နဲ့ ဆီဒင် တွေထက် SUV တွေကို ပိုသဘောကျတာမို့ အိမ်ပြန်ရင် တချို့တစ်လေ ဝယ်သွားပြီး မြေအောက်ဂိုဒေါင်က နေရာ လွတ်တွေကို ဖြည့်ဖို့ ရည်ရွယ်ထားသည်။
အမှတ် (၁) ခြံဝင်းရဲ့ မြေအောက်ဂိုဒေါင်တစ်ခုတည်းမှာတင် ကားအစီးရာချီ ဆံ့တာလေ။ ပြီးတော့ ဒီထက်ပိုကြီးတဲ့ မြေအောက်ဂိုဒေါင်လည်း ရှိသေးတာဆိုတော့ နေရာလွတ်နေရင် ဘယ်ကောင်းမည်နည်း။
"ဟုတ်ကဲ့ပါ သူဋေး.."
မိုရှင်းယာက ဘာကြောင့်လဲလို့ မမေးခဲ့ပေ။ သူမအမြင်မှာတော့ လင်းဖန်လို အဆင့်အတန်းရှိတဲ့သူအတွက် ကားတွေဆိုတာ အရုပ်အကြီးကြီးတွေ သက်သက်လို့ သူမ မှတ်ယူထား၏။ မတူညီတဲ့ ပွဲလမ်းသဘင်တွေအတွက် မတူညီတဲ့ကားတွေ လိုအပ်ပေသည်။
ကျေးလက်လမ်းတွေပေါ်တွင် ပြိုင်ကားမောင်းလို့ မရပေ။
လင်းဖန်ရဲ့ အမိန့်အောက်မှာပဲ သူတို့ အဖွဲ့က ကျင်းလင်မှာ အကြီးဆုံး ကားအရောင်းပြခန်းဆီ ဦးတည်ပြီး လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ ထွက်ခွာလာခဲ့ကြသည်။
နာရီဝက်လောက်ကြာတော့ ငွေမီးခိုးရောင် ဘန်လေ ကားတစ်စီးက ကျင်းလင် ကားအရောင်းပြခန်းရှေ့မှာ ရပ်တန့်သွား၏။ လင်းဖန်နဲ့ မိုရှင်းယာတို့ ကားပေါ်မှ ဆင်းလိုက်တာနဲ့ သက်တော် စောင့်များက သူတို့ကို ဝိုင်းရံကာ ကာကွယ်လိုက်ကြသည်။
..............................................................