ဝဲနေသည့် ယင်ကောင်များ
Vol. 47 Ch. 569
သူတို့ အဘယ်ကြောင့် သင်္ဘောများကို အလွယ်တ ကူ မစေလွှတ်ရဲကြသနည်း။
အဖြေက ရှင်းလင်းလှ၏။နောက်ထပ် သင်္ဘောတစ် စီး ထပ်မံနစ်မြုပ်သွားမည်ကို ကြောက်ရွံ့နေသော ကြောင့်ပင်။အဘယ့်ကြောင့် စစ်သင်္ဘောကြီးသည် ရုတ်တရက် နစ်မြုပ်သွားရသနည်းဆိုသည့် ပဟေဠိ ကိုမူ ယခုတိုင် သူတို့က အဖြေမရှာနိုင်သေးပေ။
အကြောင်းရင်းကို သေချာရေရာစွာ မသိရှိဘဲ နော က်ထပ်တစ်စီးကို ထပ်မံစေလွှတ်ခြင်းသည် ဘာမှန်း မသိသော အန္တရာယ်တစ်ခုထံသို့ ကိုယ့်သေတွင်းကို ယ် တူးခိုင်းသကဲ့သို့ ဖြစ်နေမည်ကို သူတို့က ကောင်း ကောင်းကြီး နားလည်ထားကြသည်
။M နိုင်ငံမှရေတပ် အရာရှိကြီးများ၏ သံသယမြား မှာ ယူနီဗာဆယ်လုပ်ငန်းစုကြီးဆီသို့ ဦးတည်နေသေ ာ်လည်း ခိုင်လုံသော သက်သေအထောက် အထား ဟူ၍ကား တစ်စုံတစ်ရာမျှ မရှိသေးချေ။
အကယ်၍သာ အခြားကုမ္ပဏီတစ်ခုခုသာ ဖြစ်နေပါ က သံသယရှိရုံမျှဖြင့် အရေးယူ တံဆိပ်ကပ်နိုင် သော်လည်း ‘ယူနီဗာဆယ်’ ဆိုသည့် အမည်ကိုမူ သူ တို့ကိုယ်တိုင်ပင် ခပ်လန့်လန့် ဖြစ်နေရ၏။
လောဆန်ဘတ်၏ တောင်းဆိုချက်ကို ကြားလိုက်ရ ချိန်တွင် လျူယောင်၏ စိတ်ထဲ၌ ဝမ်းသာအားရ ဖြ စ်သွားသော်လည်း သူ့ မျက်နှာပေါ်တွင်မူ မည်သည့် ခံစားချက်အရိပ်အယောင်မျှ ပေါ်မလာခဲ့ပေ။
သို့သော်လည်း ဤကိစ္စသည် သူထင်မှတ်ထားသည် ထက် ပို၍အရေးကြီးနေပြီဆိုသည်ကိုမူ လျူယောင် ချက်ချင်းပင် ရိပ်စားမိလိုက်သည်။
စစ်အင်အားကြီးမားလွန်းသည့် Mနိုင်ငံရေတပ်ပင် ထိုကျွန်းအနီးသို့ သင်္ဘောများ စေလွှတ်ရန် တုံ့ဆိုင်း နေရခြင်းမှာ သူတို့ စစ်သင်္ဘောကြီး နစ်မြုပ်သွား သ ည့် ဖြစ်ရပ်သည် သူတို့အတွက်မူ မေ့ပျောက်၍ မရ နိုင်သည့် ခြောက်ခြားဖွယ်ရာ သင်ခန်းစာတစ်ခု ဖြစ် နေသောကြောင့်ပင်။
သူတို့သည် လျူယောင်၏ သဘောထားကို စမ်း သ ပ်ရန်အတွက် ကျွန်းအနီးသို့ သင်္ဘောတစ်စီး စေလွှ တ်ကာ နစ်မြုပ်နေသော စစ်သင်္ဘောကြီးကို ဆယ်ယူ ခွင့်ရရန် အသည်းအသန် လိုလားနေကြသည်။
လျူယောင်က တည်ငြိမ်စွာ ပြောလိုက်၏။
"ဆယ်ယူရေးသင်္ဘောတွေ စေလွှတ်ဖို့ ခွင့်ပြုနိုင်ပါ တယ်... ဒါပေမဲ့..." ဟု ဆိုကာ သူ စကားကို ခေတ္တ ရ ပ်လိုက်သည်။
ထို 'ဒါပေမဲ့' ဆိုသည့် စကားလုံးနောက်တွင် အပေး အယူတစ်ခုခု ပါလာတော့မည်ကို လောဆန်ဘတ် ရိ ပ်မိလိုက်၏။ထို့ကြောင့် သူကပင် ဦးအောင် ဖြတ်မေ းလိုက်သည်။
"မစ္စတာလျူ... ခင်ဗျားမှာ ဘယ်လိုအခြေအနေမျိုး တွေ ရှိနေလို့လဲ.. ပွင့်ပွင့်လင်းလင်းသာ ပြောပြပါ.."
လျူယောင်က သူ၏ သတ်မှတ်ထားသည့် အချက် ၃ချက်အား ပြတ်သားစွာ ပြောပြလိုက်၏။
၁။ စေလွှတ်လိုက်သော သင်္ဘောသည် သင်္ဘော ပျ က်တည်ရှိရာ နေရာသို့သာ တိုက်ရိုက်သွားရမည် ဖြ စ်ပြီး ကျွန်းငယ်၏ အခြေအနေကို လိုက်လံစူးစမ်းခြ င်း သို့မဟုတ် မြေပုံအသစ် ရေးဆွဲခြင်းတို့ကို လုံးဝ (လုံးဝ) ခွင့်မပြုနိုင်ပါ။
၂။ ဆယ်ယူရေးအတွက် သင်္ဘော တစ်စီးတည်း ကို သာ စေလွှတ်ခွင့်ပြုမည်။
၃။ ယနေ့မှစ၍ ကျွန်ုပ်တို့၏ တရားဝင် ခွင့်ပြုချက် မရဘဲ မည်သည့်သင်္ဘောမျှ ကျွန်း၏ ရေမိုင် (၁၂) မိုင်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုရ။
လောဆန်ဘတ်သည် ထိုအချက်များကို ကြားလိုက် ရသည့်အခါ တစ်ချက်မျှပင် စဉ်းစားမနေတော့ဘဲ ချက်ချင်း သဘောတူလိုက်၏။အ
အကြောင်းအရင်းမှာ နိုင်ငံတကာဥပဒေအရ ကျွန်း ငယ်၏ ရေမိုင် (၁၂) မိုင်အတွင်းသည် xxနိုင်ငံ၏ ပို င်န က်ရေပြင် ဖြစ်နေသောကြောင့် လျူယောင်၏ တောင်းဆိုချက်မှာ တရားမျှတသည်ဟု သူ ယူဆ ထားခဲ့သည်။
လောဆန်ဘတ်သည် M နိုင်ငံရေတပ်၏ ကိုယ်စား လှယ်အဖြစ် ထိုတင်းကျပ်သော ကတိကဝတ်များကို ခေါင်းညိတ် လက်ခံလိုက်၏။
လောဆန်ဘတ်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းသ ဘောတူလိုက်သည်ကို မြင်သောအခါ လျူယောင် ၏ နှုတ်ခမ်းဖျားတွင်မူ အဓိပ္ပာယ်ရှိသော အပြုံးတ စ်ပွင့် ပေါ်လာခဲ့သည်။
ထိုသဘောတူညီချက်ကြောင့် ကျွန်းငယ်လေးပတ် ဝန်းကျင် ရေမိုင် (၁၂) မိုင်အတွင်းသည် M နိုင်ငံ ရေ တပ်၏ နှောင့်ယှက်မှုဘေးမှ ကင်းဝေးကာ လုံခြုံ သော နယ်မြေတစ်ခု ဖြစ်သွားခဲ့ရပြီဖြစ်၏။
ကျွန်းအနီး ရေတိမ်ပိုင်းတွင် ဝှက်ထားသည့် အဖိုးတ န်သတ္တုများမှာလည်း ယခုဆိုလျှင် စိတ်ချရသော အ ခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍သာ တစ်ဖက်သတ် သဘောတူညီချက်ကို ချိုးဖောက်ရန် ရဲတင်းလာခဲ့ပါကလည်း လျူယောင် ၏ လက်ထဲတွင် ၎င်းတို့ကို အကျပ်ရိုက်စေမည့် နည် းလမ်းပေါင်းမြောက်မြားစွာ ရှိနေသည်မဟုတ်ပေ လော။
နောင်တစ်ချိန်တွင် အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ မျှ မရှိစေရန်အတွက် လျူယောင်၏ တိကျသော တောင်းဆိုချက်ဖြင့် နှစ်ဖက်စလုံးက လက်မှတ်ရေး ထိုးကာ သဘောတူညီချက် စာချုပ်အား ချုပ်ဆိုခဲ့ ကြသည်။လုပ်ငန်းစဉ်အားလုံး ပြီးမြောက်သွားသည် နှင့် လောဆန်ဘတ်သည်လည်း တစ်စက္ကန့်မျှ အချိန် ဆွဲခြင်းမပြုဘဲ သူ့အဖွဲ့သားများကို ခေါ်ကာ ယူနီဗာ ဆလ်တာဝါမှ လျင်မြန်စွာ ထွက်ခွာသွားပေသည်။
သူတို့၏ ကျောပြင်များကို ကြည့်ရင်း လျူယောင်တ စ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်၏။
"ဒီလောက်တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုကို အိမ်တံ ခါးဝအထိ လာပို့ပေးလိမ့်မယ်လို့ ငါ တကယ်.မမျှော် လင့်ထားခဲ့ဘူး.."
Mနိုင်ငံ၏ စစ်သင်္ဘောများက ကျွန်း၏ ရေမိုင် (၁၂) မိုင်အတွင်း ခြေဦးမလှည့်နိုင်တော့ခြင်းသည် ထို ကျွ န်းငယ်လေးကို လုံခြုံစေရုံသာမက ဘာသာခြားတို့ မကျူးကျော်နိုင်သည့် သီးသန့်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်၏။
ထိုစာချုပ်သာ မရှိခဲ့ပါက သူတို့သည် နည်းမျိုးစုံ အ ကြောင်းပြကာ စစ်သင်္ဘောများကို တစ်စင်းပြီးတစ် စင်း စေလွှတ်၍ ကျွန်းကို ချဉ်းကပ်ရန် အမြဲတမ်း ခြောင်းမြောင်းနေကြဦးမည်မှာ အမှန်ပင်။
ယခုမူ "ဝဲနေသည့် ယင်ကောင်များ"မှာမူ လျူယောင် ၏ ကမ္ဘာနှင့် ဝေးရာသို့ လွင့်စင်သွားခဲ့ပေသည်။
ရက်အနည်းငယ်အကြာတွင်မူ M နိုင်ငံရေတပ်မှ စေ လွှတ်လိုက်သည့် သင်္ဘောအုပ်စုသည် ကျွန်းနှင့် ရေ မိုင်တစ်ဒါဇင်ခန့်သာ ဝေးကွာသော နေရာသို့ ဆိုက် ရောက်လာ၏။
ထိုသင်္ဘောအုပ်စု၌ စစ်သင်္ဘောများ၊ ထောက်ပံ့ရေ းသင်္ဘောများနှင့် ဆယ်ယူရေးသင်္ဘောများ စုံလ င်စွာ ပါဝင်သော်လည်း ရေမိုင် ၁၂မိုင် နယ်နိမိတ်သို့ ရောက်သောအခါ အားလုံးက အရှိန်သတ်ကာ ရပ်တ န့်သွားကြသည်။နှစ်ဖက် သဘောတူညီချက်အတိုင်း ဆယ်ယူရေးသင်္ဘောကြီးတစ်စီးတည်းသာ ရှေ့သို့ တိုးထွက်လာကာ သူတို့စစ်သင်္ဘောကြီး နစ်မြုပ် ခဲ့ သည့် တည်နေရာဆီသို့ ဦးတည်မောင်းလာခဲ့၏။
စစ်သင်္ဘောပေါ်ရှိ M နိုင်ငံမှ ဗိုလ်ချုပ်ကြီးမှာမူ ထိုမြ င်ကွင်းကို ကြည့်ရင်း စိတ်မကြည်မသာ ဖြစ်နေရသ ည်။
ကမ္ဘာ့ပင်လယ်ပြင်အနှံ့ စိတ်ထင်တိုင်း စိုးမိုးခြယ်လှ ယ်နိုင်ခဲ့သည့် သူတို့ရေတပ်အတွက်မူ ယခုကဲ့သို့ ရ ပ်ကြည့်နေရသည့် အခြေအနေမှာ မကြုံစဖူးသော အရှက်ကွဲမှုတစ်ခုဟု သူ ခံစားနေရသည်။
"မားသားငပိချက်... တကယ်ကို စိတ်အနှောင့်အယှ က် ဖြစ်ရတယ်ကွာ.."
ထိုဗိုလ်ချုပ်သည် စိတ်ထဲမှ ကြုံးဝါးနေမိသည်။ရှေ့ သို့ ဆက်တိုးရန် အမိန့်ပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသော်လည်း သူ မလုပ်ရဲဝံ့ပေ။
သူ ထွက်ခွာမလာမီကပင် အထက်လူကြီးများက ကျွန်း၏ ရေမိုင် (၁၂) မိုင်အတွင်းသို့ လုံးဝ (လုံးဝ) မ ကျူးကျော်ရန် သူ့အား အကြိမ်ကြိမ် သတိပေးထား ခဲ့သည်။
အကယ်၍သာ စည်းကမ်းဖောက်ဖျက်ခဲ့ပါက စစ်ခုံရုံ းသို့ အပို့ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဘေးနားရှိ အရာရှိတစ်ဦးကလည်း မကျေမနပ် ဖြစ် ကာ လှမ်းမေးလိုက်သည်။
"ဗိုလ်ချုပ်... ကျွန်တော်တို့က တကယ်ပဲ ဒီနေရာမှာ ရပ်ပြီး စောင့်ကြည့်နေရတော့မှာလား.."
ထိုဗိုလ်ချုပ်သည် ခပ်ချဉ်ချဉ် မျက်နှာပေးဖြင့်သာ တုံ့ပြန်လိုက်နိုင်သည်။ သူကိုယ်တိုင်လည်း ထိုကျွန်း ငယ်လေးကို ချဉ်းကပ်ကာ အနီးကပ် စူးစမ်းချင် သော်လည်း အကြောက်တရားက သူ့အား တားဆီး နေ၏။
........
ဆယ်ယူရေးသင်္ဘောကြီးသည် ကျွန်းဆီသို့ တစ်စီး တည်း တရွေ့ရွေ့ လာနေစဉ်မှာပင် ကျွန်းနှင့် မလှမ်း မကမ်း ပင်လယ်ပြင်ထက်တွင်မူ ခန့်ညားစွာ ရပ်နား ထားသည့် သင်္ဘောကြီးနှစ်စီးအား တွေ့ လိုက်ရ သ ည်။
ထိုသင်္ဘောကြီးများမှာ အခြားမဟုတ်ပေ။လျူယော င်၏ လက်ရုံးများဖြစ်သော 'ဘလူးဝေးလ်'နှင့် 'ကေ လာဝေးလ်' တို့ပင် ဖြစ်၏။
ယနေ့တွင် သူတို့၏ တာဝန်မှာ ရေအောက်မှ အဖိုး တန်သတ္တုများကို ဆယ်ယူရန် မဟုတ်ဘဲ ကျူးကျေ ာ် သူဟု ခေါ်နိုင်သည့် Mနိုင်ငံမှ ဆယ်ယူရေးသ င်္ဘောကြီး၏ လှုပ်ရှားမှုမှန်သမျှကို မျက်ခြေမပြတ် စောင့်ကြည့်ရန်သာ ဖြစ်သည်။
လက်ထောက်က သတင်းပို့လိုက်၏။
"ကပ္ပတိန်.. သင်္ဘောတစ်စီး ကျွန်းဘက်ကို ဦးတည် မောင်း လာနေတယ်..ဒါ M နိုင်ငံရဲ့ ဆယ်ယူရေးသ င်္ဘော ဖြစ်မယ်ထင်တယ်နော်.."
ကပ္ပတိန်ရမ်ဇီကွမ်းသည်လည်း သင်္ဘောကုန်းပတ် ပေါ်တွင် မတ်တပ်ရပ်ရင်း မှန်ပြောင်းဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။ပင်လယ်ရေပြင်၏ အနက် ရောင်လှိုင်းလုံးများကို ဖြတ်ကျော်ကာ ဧရာမ ဆယ် ယူရေးသင်္ဘောကြီးတစ်စီး တရွေ့ရွေ့ ချဉ်းကပ်လာ သည်အား သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
ထိုသင်္ဘော၏ ခန့်မှန်းတန်ချိန်မှာ 'ဘလူးဝေးလ်”' ထ က် နည်းသော်လည်း အလွန်ပင် ထည်ဝါလှပေသည် ။သင်္ဘောကိုယ်ထည်ပေါ်ရှိ ထင်ရှားသည့် အင်္ဂလိပ် အက္ခရာ LOG အမှတ်တံဆိပ်နှင့် လေထဲတွင် လွင့် နေသည့် M နိုင်ငံ အလံက ထိုသင်္ဘော၏ မူလဇာစ် မြစ်ကို သက်သေခံနေ၏။
ဤနေရာအနီးတွင် စစ်သင်္ဘောကြီး နစ်မြုပ်နေ သ ည်ကိုလည်းကောင်း ယနေ့တွင် M နိုင်ငံက ထိုသ င်္ဘောပျက်ကို ပြန်လည်ဆယ်ယူရန် လာရောက်ကြ ခြင်းဖြစ်သည်ကိုလည်းကောင်း ကပ္ပတိန်ရမ်ဇီကွမ်း တစ်ယောက် ကောင်းကောင်းကြီး သိထားခဲ့သည်။ လျူယောင်ကလည်း သူ့အား အတိအကျ ညွှန်ကြား ထားပြီးသား ဖြစ်၏။
M နိုင်ငံမှ သင်္ဘောများကို စိတ်ထင်တိုင်း လှုပ်ရှားခွင့် မပေးရန်နှင့် စောင့်ကြည့်ရေးလုပ်ငန်းအား အမှားအ ယွင်းမရှိ ဆောင်ရွက်ရန်ပင် ဖြစ်သည်။
မှန်ပြောင်းကို ခေတ္တချလိုက်ပြီးနောက် ကပ္ပတိန်ရမ် ဇီကွမ်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
"နိုင်ငံတကာ အများသုံး ရေဒီယိုလိုင်းကနေ တစ်ဆ င့် သူတို့ကို အချက်ပေးလိုက်..ဟိုဘက်အဖွဲ့အစည်း ရဲ့ အမှတ်အသားကို အတည်ပြုဖို့ ချက်ချင်း ခေါ် ယူစစ်ဆေးစမ်း.."
ခဏအကြာတွင်မူ သင်္ဘောသားတစ်ဦး အပြေး အ လွှား ရောက်လာကာ ပြောလိုက်သည်။
"ကပ္ပတိန် .. ဒါက M နိုင်ငံရဲ့ ဆယ်ယူရေးသင်္ဘော ဖြစ်ကြောင်း အတည်ပြုပြီးပါပြီ.."
ကပ္ပတိန်ရမ်ဇီကွမ်းကမူ ဘာမျှပြန်မပြောဘဲ ခေါင်း ကို အသာညိတ်ပြလိုက်၏။ထိုအချိန်တွင် 'ဘလူး ဝေးလ်' ပေါ်ရှိ သင်္ဘောသားများမှာမူ အထူးတလည် အလုပ်ရှုပ်မနေကြသဖြင့် လူတိုင်းနီးပါး သင်္ဘောကု န်းပတ်ပေါ်သို့ ထွက်လာကြကာ ချဉ်းကပ်လာသည့် ဆယ်ယူရေးသင်္ဘောကြီးအား စိတ်ဝင်တစား ကြည့် နေကြသည်။
ကျွန်းအနီးသို့ တစ်စီးတည်း တိုးဝင်လာသည့် ထိုဧ ရာမသင်္ဘောကြီးကို မြင်သောအခါ သင်္ဘောသားမျ ားကြားတွင် စကားပြောဆိုသံများ ဆူညံသွား၏။
သင်္ဘောသားတစ်ဦးက လှမ်းမေးလိုက်သည်။
"အဲ့ဒါ Mနိုင်ငံရဲ့ ဆယ်ယူရေးသင်္ဘောပဲ.. ဘာလာလု ပ်တာလဲဟ..ငါတို့လိုပဲ ရေအောက်က သတ္တုတွေကို ဆယ်ဖို့လား.."
ဘေးနားရှိ အခြေအနေကို ပိုမိုသိရှိထားသူတစ်ဦးက ရှင်းပြလိုက်၏။
"မဟုတ်ဘူး... ဒေါ်လာဘီလီယံချီတန်တဲ့ သူတို့ရဲ့ စ စ်သင်္ဘောကြီး ဒီမှာ နစ်မြုပ်သွားလို့ လာဆယ်တာ .."
"အော်... အဲ့လိုကိုး.."
နောက်တစ်ဦးကလည်း ပြုံးလျက် ဝင်ပြောလိုက် သည်။
"နစ်မြုပ်တာက ကမ္ဘာကျော်တဲ့ စစ်သင်္ဘောကြီးဗျ. .ဒီလိုနေရာမျိုးမှာ အကြောင်းမဲ့ နစ်မြုပ်သွားတာ ဆို တော့ Mနိုင်ငံက တကယ်ကို ရင်ကျိုးနေမှာပဲ.."
ထို့နောက် သင်္ဘောသားများကြားတွင် ပိုမိုတက် ကြွ သည့် စကားသံများ ထွက်ပေါ်လာ၏။
"ဟဲဟဲ... ကြည့်ဦးလေ..သူတို့ရဲ့ တခြားစစ်သင်္ဘော တွေက အဝေးမှာပဲ ရပ်နေရတာ..ဒီကျွန်းပတ်ဝန်းကျ င်က ငါတို့ကုမ္ပဏီပိုင် နယ်မြေဖြစ်နေတော့ M နိုင်ငံ ရေတပ်တောင်မှ ရေမိုင် ၁၂ မိုင်အတွင်းကို မဝင်ရဲ ဘူးဗျာ"
"တကယ့်ကို အားရစရာပဲဗျာ ကမ္ဘာ့အင်အားကြီး နိုင် ငံတောင် ငါတို့ကုမ္ပဏီကို ခေါင်းငုံ့နေရတယ် ဆို တော့ တို့သူဋေးက.တကယ်ကို မိုက်တာပဲကွာ.."
ဤကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကြပေသည်။
...
ကပ္ပတိန်ရမ်ဇီကွမ်းသည်လည်း ထိုစကားသံများကို ကြားဖြတ်နားထောင်ရင်း ခေါင်းကို အသာအယာ ညိ တ်မိလိုက်၏။ယခုဆိုလျှင် Mနိုင်ငံ၏ ဆယ်ယူရေး သင်္ဘောကြီးမှာ မီတာ သုံးရာမှ ငါးရာခန့်သာ ရှိတော့ သဖြင့် မှန်ပြောင်းမလိုဘဲ မျက်လုံးဖြင့်ပင် အထင်အ ရှား မြင်နေရသည်။
ထို့ကြောင့် သူသည် လက်ထဲမှ မှန်ပြောင်းကို ချလို က်ကာ တည်ငြိမ်စွာပင် ရှေ့သို့ လှမ်းကြည့်နေလို က်၏။
ဆယ်ယူရေးသင်္ဘောကြီးသည် သတ်မှတ်ထားသည့် နေရာတွင် ရပ်တန့်သွားပြီး လုပ်ငန်းစတင်ရန် ပြင်ဆ င်နေသည်ကို မြင်သောအခါ သူသည် ဘေးနားရှိ အ ရာရှိများကို ပြတ်သားသော လေသံဖြင့် အမိန့်ပေး လိုက်၏။
"သေချာ စောင့်ကြည့်ထားကြ..ငါတို့ရဲ့ ကင်းလှည့် မော်တော်ဘုတ်တွေကို အဲ့ဒီသင်္ဘောနားအထိ ကပ် သွားခိုင်းလိုက်..သူတို့ရဲ့ ရေငုပ်ယာဉ်တွေ ဘယ်နေရ ာကို သွားနေသလဲ..ဘာတွေလုပ်နေသလဲဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်စမ်း .."
ကပ္ပတိန်ရမ်ဇီကွမ်း၏ အမိန့်မှာ လေလှိုင်းထဲတွင် ပဲ့ တင်ထွက်လာကာ လျင်မြန်လှသည့် ကင်းလှည့် မော် တော်ဘုတ်များသည် M နိုင်ငံမှ ဆယ်ယူရေးသင်္ဘော ကြီးဆီသို့ လျင်မြန်စွာ မောင်းလာ ကြပေသည်။