ကား အားလုံးကို ငါဝယ်မယ်
Vol. 2 Ch. 12
"သူဋေး..ရှေ့မှာ မာဆာရာတီ 4S စတိုးဆိုင် ရှိပါတယ်..အရင်ဆုံး ဝင်ကြည့်ချင်ပါသလားရှင့်.."
ထိုအချိန်တွင် မို့ရှင်းယားက ဘေးသို့စောင်းကာ လင်းဖန်နား ကပ်၍ ညင်သာစွာ မေးလိုက်သည်။
"အမ် မာဆာရာတီလား.."
လင်းဖန် မော့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရင်းနှီးသော တြိဂံ လှံအမှတ်တံဆိပ်ကို မြင်ရသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ သွားကြည့်ကြတာပေါ့.."
တစ်သန်းတန် ဇိမ်ခံကား အမှတ်တံဆိပ်များထဲတွင် မာဆာရာတီ၏ Coupes နှင့် SUV များက အလွန်ကောင်းမွန်ပြီး သူ့အတွက် အလွန်သင့်လျော်ပေသည်။
လင်းဖန် ဒီလို ပြောတာကြောင့် အဖွဲ့လိုက် မာဆာရာတီ 4S စတိုးဆိုင်ထဲသို့ တန်းဝင်လာကြသည်။
"ကြိုဆိုပါတယ်ရှင့်..အားလုံး ဒီဘက်ကို လာပါရှင့်.."
လင်းဖန်တို့ အဖွဲ့ ဝင်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်နဲ့ကပ်နေတဲ့ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လှပသော အရောင်းလမ်းညွှန်မလေးနှစ်ဦးက ချက်ချင်း လာရောက် နှုတ်ဆက်ကြသည်။
မြို့တော်ရှိ နာမည်ကြီး ဇိမ်ခံကား 4S စတိုးဆိုင်ဖြစ်သည့်အတွက် ဒီနေရာမှ ဝန်ထမ်းများက ပညာရှင်ပီသစွာ လေ့ကျင့်ထားသော ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြ၏။ သူတို့က လင်းဖန်၏ ကလေးဆန်သော မျက်နှာနဲ့ သာမန် အဝတ်အစားများကို မြင်ရုံဖြင့် စိတ်ထဲမှ မလှုပ်ရှားကြပေ။
ဒါ့အပြင် သူ့ဘေးတွင် ကြံ့ခိုင်သန်မာသော အမျိုးသား လေးငါးဦးနဲ့လှပတဲ့ အတွင်းရေးမှူးမလေး တစ်ဦးလည်း ရှိနေသည်။
မည်သူကများ သူ့ကို လျစ်လျူရှုနိုင်မည်နည်း။
"ဒီဆိုင်ထဲမှာ ကားတွေက ဒါပဲ ရှိတာလား.."
ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် လင်းဖန် မာဆာရာတီကား အားလုံးကို ကြည့်ရှုလိုက်သည်။ အရောင်းပြခန်း တစ်ခုလုံးက စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပေမဲ့ ကားဆယ်စီးကျော်သာ ရှိသည်။
အမှန်ပါပဲ ဒီလို ဇိမ်ခံကား အမှတ်တံဆိပ် 4S စတိုးဆိုင်မျိုးက သာမန် အရေအတွက်များစွာ ထုတ်လုပ်တဲ့ ကားတွေလို ရောင်းအားကောင်းနေလို့ မဖြစ်ပေ။ ကားဝယ်သူတွေက ချမ်းသာကြွယ်ဝသူတွေ ဒါမှမဟုတ် ငွေကြေးချမ်းသာသူတွေပဲ ဖြစ်တဲ့အတွက် ဟင်းသီးဟင်းရွက်ဆိုင်လို ကျပ်ကျပ်ညပ်ညပ်တော့ မဖြစ်နိုင်ပေ။
"ဆရာရှင့်..ဒါက မာဆာရာတီ Coupes နဲ့ SUV တွေကို သီးသန့် ရောင်းချတဲ့ ကျွန်မတို့ဆိုင်ပါ.. တကယ်လို့ ဆရာက အားကစားကား လိုချင်တယ်ဆိုရင် တခြား 4S စတိုးဆိုင် တစ်ဆိုင် ရှိပါတယ် တယ်......"
လှပသော အရောင်းလမ်းညွှန်မလေး စကားမဆုံးခင် လင်းဖန်က လက်ဝှေ့ယမ်းကာ သူမကို ဖြတ်ပြောလိုက်သည်။-
"ဒီဆိုင်မှာ စုစုပေါင်း ကားဘယ်နှစ်စီး ရှိသလဲဆိုတာပဲ ပြောပြလိုက်ပါ.."
"ရှင်.."
လှပသော အရောင်းလမ်းညွှန်မလေး နှစ်ဦးက အချင်းချင်း မျက်လုံးချင်းကြည့်လိုက်ကာ ခဏတာမျှ စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ရှေ့မှ လူငယ်လေး၏ ဆိုလိုရင်းကို နားမလည်ကြပေ။
ဘေးမှ မို့ရှင်းယားက သူတို့ စိတ်မသက်မသာ ဖြစ်နေတာကို မြင်သောအခါ ထပ်ပြောလိုက်သည်။
"ဒါကိုပဲ ပြောလိုက်ပါ..ဒီစတိုးဆိုင်မှာ လက်ရှိ ရှိနေတဲ့ ကားအရေအတွက် ဘယ်လောက်လဲဆိုတာပေါ့.."
"အိုး...အိုး..ဒီနေရာမှာ မာဆာရာတီ စုစုပေါင်း ဆယ့်ရှစ်စီး ရှိပါတယ်ရှင့်..နောက်က ဂိုဒေါင်ထဲမှာ အသစ်ရောက်ရှိလာတဲ့ မာဆာရာတီ လီဗန်တေး အဆင့်မြင့် စိတ်ကြိုက်ထုတ်လုပ်ထားတဲ့ ကား လေးစီး ရှိပါတယ်ရှင့်.."
လှပသော အရောင်းလမ်းညွှန်မလေးက အားလုံးကို ဖြေကြားပေးလိုက်သည်။
"ကဲ မင်းတို့ ရှေ့ဆက်ပြီး စာချုပ်ကို ပြင်ဆင်လိုက်ပါ.."
မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လင်းဖန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒီဆိုင်မှာရှိတဲ့ မာဆာရာတီ အားလုံးကို ငါဝယ်မယ်.."
"ရှင်.. ဒီမှာရှိတဲ့... ကားတွေ... အားလုံးကို... ဆရာက... ဝယ်ချင်တာ... လားရှင့်.."
အရောင်းလမ်းညွှန်မလေး နှစ်ဦးက မယုံနိုင်ကြပေ။ ပါးစပ်ကို အနည်းငယ်ဖွင့်ကာ သူတို့ရှေ့မှ လူငယ်လေးကို မှင်သက်သော အမူအရာဖြင့် ကြည့်နေကြသည်။
ဒါက မာဆာရာတီ Coupes နဲ့ SUV တွေကို ရောင်းချတဲ့ 4S စတိုးဆိုင် သက်သက်ဖြစ်ပေမယ့်ဒါတွေက ကမ္ဘာ့အဆင့်မီ ဇိမ်ခံကား အမှတ်တံဆိပ်ဖြစ်ပြီး ဒီနေရာမှာ အစျေးအသက်သာဆုံး မာဆာရာတီ ကွာထရိုပိုတီ ကလည်း (၁.၅) သန်း လောက်ရှိသည်။
ဒါတွေအားလုံးကို ဝယ်ယူတယ်ဆိုတာ မယုံနိုင်စရာပင်။
"ဟုတ်တယ်..ငါ အကုန်လုံး လိုချင်တယ်..ရှေ့ဆက်ပြီး စာချုပ်ကို ပြင်ဆင်နိုင်ပြီ.."
လင်းဖန်က ခပ်ရေးရေး ခေါင်းညိတ်ပြလိုက်သည်။သူက ရေ သောက်သလိုမျိုး အေးအေးဆေးဆေးပင်။ ကား ဘယ်နှစ်စီးရှိသလဲ၊ တန်ဖိုး ဘယ်လောက်ရှိသလဲဆိုတာကို သူ လုံးဝ ဂရုမစိုက်ပေ။
"ဆရာရှင့်.. ခဏ နားနေပါဦးနော်..ကျွန်မ ချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်.."
အရောင်းလမ်းညွှန်မလေးနှစ်ဦး၏ မျက်နှာများ နီမြန်းလာပြီး ရင်ထဲမှ စိတ်လှုပ်ရှားမှု့ကို ထိန်းချုပ်ထားကြသည်။ သူတို့ထဲမှ တစ်ဦးက လင်းဖန်တို့အဖွဲ့ကို အတွင်းပိုင်း နားနေခန်းသို့ ခေါ်ဆောင်သွားသည်။ ကျန်တစ်ဦးကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဒေါက်မြင့်ဖိနပ်ဖြင့် အတွင်းသို့ ပြေးဝင်သွားသည်။ သူမက စတိုးမန်နေဂျာကို ချက်ချင်း ရှာတွေ့ကာ ကားအားလုံးကို လက်မှတ်ထိုးချင်နေပြီ ဖြစ်သည်။
ဒီလို ကြီးမား၍ လှပသော ပုံပန်းသဏ္ဍာန်က လူအများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
သူမ စတိုးမန်နေဂျာရုံးခန်းထဲ မဝင်ခင်မှာပဲ မာဆာရာတီ 4S စတိုးမန်နေဂျာက သူမဘက်သို့ လျှောက်လာနေသည်ကို တွေ့ရသည်။ မန်နေဂျာက သူမကို တားလိုက်ပြီး မေးလိုက်သည်။
"ချန်လီ..ဘာလို့ ပြေးနေတာလဲ..."
"စတိုး... စတိုးမန်နေဂျာ..ဟိုဘက်က ဖောက်သည်က ကျွန်မတို့ဆိုင်က မာဆာရာတီကား အားလုံးကို လိုချင်တယ်လို့ ပြောတယ်.. ဂိုဒေါင်ထဲက ကားတွေအပါအဝင်ပေါ့.. စာချုပ်ကို တိုက်ရိုက် ပြင်ဆင်ခိုင်းပါတယ်ရှင်.."
ရင်ထဲမှာ ဆုပ်ကိုင်ထားတဲ့ စကားလုံးတွေ အားလုံးကို ချန်လီ ပြောပြလိုက်သည်။
သူမ ပြောပြီးသောအခါ သူမရှေ့မှ မာဆာရာတီ 4S စတိုးမန်နေဂျာက အံ့အားသင့်သွားပြီး မယုဲကွညျနိုငျစှာ ထပ်မေးလိုက်၏။
" ဘုရားရေ..."
"မင်း... မင်း ဘာပြောလိုက်တာလဲ..အကုန်လုံးကို ဝယ်လိုက်တာ?"
"ဟုတ်ကဲ့ပါ..စတိုးမန်နေဂျာ..ဒီမှာရှိတဲ့ ကားတွေ အကုန်လုံးကို သူ လိုချင်တယ်လို့ ပြောပါတယ်ရှင့်.."
ဒီ စကားကို ကြားတဲ့အခါ မန်နေဂျာက ဆန်ကောက်နေတဲ့ ကြက်ကလေးကဲ့သို့ ခေါင်းကို အလေးအနက်ထားကာ ညိတ်လိုက်သည်။
"ကောင်းပြီ..မင်း အရင်သွားပြီး ဖောက်သည်ကို လိုက်ပါစောင့်ရှောက်ပေးလိုက်..ငါ စာချုပ်ကို ပြင်ဆင်လိုက်မယ်.."
စတိုးမန်နေဂျာလည်း ဘာမှ မပြောတော့ဘဲ နောက်လှည့်ကာ သူ၏ ရုံးခန်းထဲသို့ ပြေးသွားသည်။
ချန်လီကလည်း အချိန်ဖြုန်းမနေတော့ဘဲ ဖောက်သည်များကို စောင့်ရှောက်ရန် နားနေခန်းသို့ ချက်ချင်း ပြန်သွားသည်။ ပေးဆောင်ရမည့် ကော်မရှင်များအတွက်ကတော့ ဤမျှကြီးမားသော ဇိမ်ခံကား 4S စတိုးဆိုင်တွင် စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ အားလုံး ပြည့်စုံစွာ ရှိပြီးဖြစ်၍ ချုပ်ချယ်ထားလို့မရနိုင်ပေ။
ဆယ်မိနစ်အကြာတွင် မာဆာရာတီ 4S စတိုးမန်နေဂျာက စာချုပ်ပုံတစ်ပုံကို ကိုင်ဆောင်၍ အလောတကြီး ဝင်လာသည်။ သူ့ဘေးတွင်လည်းကျင်းလင် မာဆာရာတီ ဖြန့်ချိရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဟဲ့ထော ရှိနေသည်။
ဒီလိုမျိုး ဇိမ်ခံကား အများအပြားကို တစ်ခါတည်း ဝယ်ယူသူတွေ ရှိနေတာ မဆန်းပေမယ့် မာဆာရာတီ အစီး (၂၀) ကျော်ကို တစ်ပြိုင်နက်တည်း ဝယ်ယူခြင်း ဒါတွေအားလုံးက အမြင့်ဆုံး ပုံစံများဖြစ်ခြင်းမှာ အနည်းငယ် တုန်လှုပ်စရာ ကောင်းနေသည်။
ဒါ့အပြင် ထိုသို့သော လူများကို ကြည့်ရသည်မှာ သူတို့က ငွေကို လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုးပဲ ဖြစ်သည်။ စတိုးဆိုင်တွင် ကားအစီး (၄၀) ရှိနေလျှင်ပင် အဲ့ဒါတွေ အားလုံးကို ရောင်းချနိုင်ဖွယ်ရှိသည်။
ဒါကြောင့် ဟဲ့ထောက စိတ်မရှည်တော့ဘဲ ကားကို ချက်ခြင်း မောင်းလာခဲ့သည်။ ဒီ သူဋေးကြီးနဲ့ သူ ရင်းနှီးမှု့ ရယူလိုတာကြောင့်ပဲ ဖြစ်သည်။
..............................................................