← Chapters

ကဒ်ဆွဲလိုက်

Vol. 2 Ch. 13

ကဒ်ဆွဲလိုက်

Vol. 2 Ch. 13

" မင်္ဂလာပါ ဆရာ.. ကျွန်တော်ကတော့ ကျင်းလင် မြို့က မာဆာရာတီ ဖြန့်ချိရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဟဲ့ထော့ပါ.. ဆရာနဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ် ခဗျာ.."

"မင်္ဂလာပါဗျာ.."

လင်းဖန်က မော့ကြည့်ပြီး ခေါင်းညိတ်ရုံသာ ပြန်တုံ့ပြန်လိုက်သည်။ ဘာစကားမှ သူ ထပ်မပြောတော့ပေ။

ထိုအချိန်မှာပဲ ဟဲ့ထော့ရဲ့ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ဒီလို သူဋေးကြီးတစ်ယောက်က အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့တာကြောင့် သူ တကယ့်ကို တုန်လှုပ်ချောက်ချားသွားသည်။

"ဘာ.. ငါလိုချင်တဲ့ ကားက ပျောက်သွားတယ် ဟုတ်လား..ဒါက ဘယ်လို ဟာသလဲ.."

ချက်ချင်းဆိုသလို အရောင်းပြခန်းထဲမှ ဆူညံသံ ထွက်ပေါ်လာရာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။ လင်းဖန်ပင် လှမ်းကြည့်လိုက်မိသည်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ဆံပင်နီဆိုးထားသော လူငယ်တစ်ဦးက 4S ဆိုင်မှ လှပသော အရောင်းဝန်ထမ်းမလေးကို ဆူငေါက်နေခြင်းပဲ ဖြစ်သည်။

ဟဲထော့ အမြန်သွားပြီး ပြုံးရယ်ကာ ဖြေကြားလိုက်သည်။

"ဆရာ..တကယ် စိတ်မကောင်းပါဘူးခင်ဗျာ.. အဲဒီကားကို ခုလေးတင် ဝယ်ယူသွားပါပြီ..ဒီလိုဆိုရင်ရော ဘယ်လိုလဲ.. ကျွန်တော် တခြားမြို့က အသင့်ရှိနေတဲ့ ကားတစ်စီးကို ချက်ချင်း မှာယူပေးပါ့မယ်..အများဆုံး တစ်ပတ်အတွင်း ကားကို လာယူပြီး မောင်းနိုင်ပါလိမ့်မယ်.."

ဟဲ့ထော့က ဉာဏ်နည်းသူ မဟုတ်ပေ။ လင်းဖန် ဆိုတဲ့ လူငယ်လေးက မျက်လုံးတောင် မမှိတ်ဘဲ မာဆာရာတီ အစီး ၂၀ ကျော်ကို ဝယ်ယူသွားသည့် လူငယ်တစ်ဦး ဖြစ်သောကြောင့် သူ့နောက်ကွယ်ရှိ နောက်ခံကို မည်သူမျှ ခန့်မှန်းရဲမည် မဟုတ်ပေ။ ဒီ လူငယ်လေး စိတ်မကျေနပ်လျှင် ကုမ္ပဏီ နစ်နာလိမ့်မည် ဆိုတာ သူ ကောင်းကောင်းသိနေသည်။

"အင်း... တခြားနေရာက ပြောင်းယူတာမျိုးတော့ ငါမလိုချင်ဘူး..ဒီဆိုင်ထဲမှာပဲ ဈေးနှုန်း တူတဲ့ ကားတစ်စီး ရှာပေး.. အဲဒါဆို ရပြီ.."

ဆံပင်နီကြောင်ကြောင်နဲ့ လူငယ်က ဒေါသကို ထိန်းချုပ်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဆရာ တကယ်ကို စိတ်မကောင်းပါဘူးခင်ဗျာ..ကျွန်တော်တို့ဆိုင်ထဲမှာရှိတဲ့ ကားအားလုံးကို ဝယ်ယူသွားပါပြီ..လက်ရှိမှာ ကားကျန် လုံးဝ မရှိတော့ပါဘူး.."

ဟဲ့ထော့ ခါးသီးစွာ ပြုံးလျက် ဆက်တောင်းပန်ရုံသာ တတ်နိုင်တော့သည်။

"ဘာလဲ ..တစ်ယောက်တည်း အားလုံး ဝယ်သွားတာလား.."

ဆံပင်နီကြောင်ကြောင်နဲ့လူက အံ့အားသင့်စွာ လှမ်းကြည့်လိုက်ရာ လင်းဖန်နဲ့ ကိုယ်ရံတော်များကိုသာ တွေ့ရတာကြောင့် သူ ဘာမှ မတတ်နိုင်တော့ဘဲ ခေါင်းခါလိုက်သည်။

"ထားလိုက်ပါတော့..ဘေးနားက ဆိုင်မှာ သွားကြည့်လိုက်တော့မယ်.."

ဟဲ့ထော့က ဆံပင်နီနဲ့လူရဲ့ ကိစ္စကို ဖြေရှင်းပြီးနောက် မာဆာရာတီ 4S ဆိုင်၏ မန်နေဂျာက ကားစာချုပ်များနှင့် ဈေးနှုန်းများကို အသေးစိတ် စာရင်းပြုစုလာသည်။

"ဆရာ..ကျွန်တော်တို့ဆိုင်မှာ ဂိုဒေါင်အပါအဝင် စုစုပေါင်း ၂၂ စီး ရှိပါတယ်..၁.၃ သန်းတန် မာဆာရာတီ Ghibli တွေလည်း ပါပါတယ်ခင်ဗျာ..."

လင်းဖန်းက စာရင်းကို တစ်ချက်ကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။ ဒီကားက ဇိမ်ခံကား ဖြစ်သော်လည်း ဒီနေရာမှ ကားတံဆိပ်များက အမြောက်အများ ထုတ်လုပ်ထားတဲ့ မော်ဒယ်များသာ ဖြစ်သည်။

"ဟုတ်ကဲ့ပါ ဆရာ.. ဆရာ အပြည့်ပေးချေမှာလား..ဒါမှမဟုတ်..." ဆိုင်မန်နေဂျာက ရိုသေစွာ မေးလိုက်သည်။

"သန်း ၃၀ ပဲရှိတာမို့လား ..ကဒ်ပွတ်ဆွဲလိုက်.."

ထိုအချိန်တွင် မိုရှင်းယာက ICBC အနက်ရောင်ကဒ်ကို ထုတ်ယူကာ ဘာစကားမှ ထပ်မပြောဘဲ POS စက်ပေါ်တွင် ငွေ သန်း ၃၀ ကို တိုက်ရိုက် ပွတ်ဆွဲလိုက်တော့သည်။

" ဘုရားရေ.."

ဟဲ့ထော့က မိမိပြင်ဆင်ထားသော လျှော့စျေးများကို ပင် ပြောချိန် မရလိုက်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ဒီလူငယ်က သန်း ၃၀ ကို တစ်ခါတည်း သုံးစွဲခြင်းက ကျပ် ၃၀၀ သုံးစွဲသလိုမျိုး မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြုမူနိုင်သော ဒီလူငယ်က မည်မျှ ချမ်းသာကြွယ်ဝသူ ဖြစ်မည်နည်းဟု တွေးမိရင်း အံ့အားသင့်နေတော့သည်။

ငွေပေးချေပြီးနောက် လင်းဖန်က လိုင်စင်နံပါတ်ပြား စသည့် ကိစ္စများ ဆောင်ရွက်ရန် လူတစ်ဦးကို ချန်ထားခဲ့ပြီး မိုရှင်းယာနဲ့အတူ 4S ဆိုင်ထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

"ရှင်းယာ..ငါတို့ ဘာတွေလိုသေးလဲ..ဒီလို အပြင်ထွက်ခွာတုန်းလေး လိုအပ်တာ အကုန်ဝယ်လိုက်ရအောင်.."

ရှီဝမ်ရွှမ်း ၏ စည်းစိမ်များကို အမွေဆက်ခံထားသော်လည်း လင်းဖန်း၏ ဝန်ထမ်းများအတွက် ကားအစီးရေ ရာနှင့်ချီ လိုအပ်နေသေးသည်။

"သူဋေး..ကိုယ်ရံတော်တွေနဲ့ ဥပဒေရေးရာအဖွဲ့တွေအတွက် သာမန်ကားအချို့၊ ကွန်ပျူတာတွေနဲ့ ဆက်သွယ်ရေး ကိရိယာတွေ လိုအပ်နေပါသေးတယ်... ပြီးတော့ သူဋေး ပုံစံ ကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါမယ်ရှင့်..."

မိုရှင်းယာက တည်ငြိမ်စွာ အကြံပြုလိုက်သည်။

" အမ် ငါ့ ပုံစံလား.."

လင်းဖန် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။သူက အခု ဘီလျံများစွာ ကြွယ်ဝသူဖြစ်သော်လည်း အွန်လိုင်းမှ ဝယ်ထားသော ရိုးရိုး အဝတ်အစားများသာ ဝတ်ထားတာကို သတိပြုမိသွားသည်။

"အာ..ကောင်းပြီ.. ကားအရင်ဝယ်ပြီးမှ အဝတ်အစား ဝယ်မယ်.."

မိုရှင်းယာက ခေါင်းညိတ်လိုက်ပြီး လင်းဖန်နောက်မှ လိုက်ပါကာ ဘေးတစ်ဖက်မှာရှိတဲ့ 4S ဆိုင်သို့ ဆက်လက် လျှောက်လာကြသည်။

All Chapters