← Chapters

စစ်သင်္ဘောကြီး ပျောက်သွားပြီ

Vol. 47 Ch. 570

စစ်သင်္ဘောကြီး ပျောက်သွားပြီ

Vol. 47 Ch. 570

M နိုင်ငံသည် ဆယ် ယူရေးသင်္ဘောပေါ်မှ ရေငုပ် ယာဉ်များ သို့မဟုတ် ရေငုပ်သမားများကို စေလွှတ် ခွင့် ရှိသော်လည်းသူတို့ လှုပ်ရှားနိုင်သည့် နယ်မြေမှာ မူ ကျဉ်းမြောင်းလှသည်။

သင်္ဘောပျက် တည်ရှိရာနေရာ၏ ပတ်လည် မီတာ ၅၀၀အချင်းဝက်အတွင်းသာ သူတို့အား လုပ်ငန်း ဆောင်ရွက်ရန် တင်းကျပ်စွာ ကန့်သတ်ထားခြင်း ဖြ စ်၏။

ကပ္ပတိန်ရမ်ဇီကွမ်းတို့ဘက်ကလည်း အသင့်ပြင် ဆ င်ထားသည့်အတိုင်း ဆယ်ယူရေးသင်္ဘောကြီး ရော က်လာသည်နှင့် ကင်းလှည့်မော်တော်ဘုတ် သုံးစီးသ ည် လျင်မြန်စွာ မောင်းလာကာ အဆိုပါသင်္ဘောကြီး ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

M နိုင်ငံမှ ရေတပ်သားတစ်ဦးက ဒေါသတကြီးဖြင့် သတင်းပို့လိုက်၏။

"ဗိုလ်ကြီး.. ကြည့်ပါဦး..သူတို့မော်တော်ဘုတ်တွေက ကျွန်တော်တို့ကို အနီးကပ် စောင့်ကြည့်နေကြတယ် ဗျ.."

ထိုရေတပ်သားအတွက်မူ ယခုကဲ့သို့ အခြားသူများ ၏ အနီးကပ် စောင့်ကြည့်ချုပ်ကိုင်မှုကို ခံရခြင်းမှာ တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူးသော အရှက် ရစ ရာ ကိစ္စတစ်ခု ဖြစ်နေသည်။

သို့သော်လည်း ဆယ်ယူရေးသင်္ဘော တာဝန်ခံဗိုလ် ကြီး ကမူ မည်သို့မျှ မတတ်နိုင်သည့်ဟန်ဖြင့် သက် ပြင်းကိုသာ ချလိုက်မိသည်။

သူ၏ မျက်နှာပေါ်တွင်မူ အကူအညီမဲ့နေပုံ ပေါ်နေ ၏။

"မိုက်ကယ်... ငါတို့က အခု တခြားသူရဲ့ ရေပိုင်နက် ထဲ ရောက်နေတာကွ..သူတို့ စောင့်ကြည့်တာ ခံရရင် လည်း ငြိမ်ခံနေရုံပဲ ရှိတာပေါ့.."

သူသည် 'ယူနီဗာဆယ်'လုပ်ငန်းစုကြီး၏ ကြောက်စ ရာကောင်းပုံကို ဆက်ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်မူ စကားလုံးများအား ပြန်လည်မျိုသိ ပ်လိုက်ရသည်။မိမိတို့၏ အထက်အရာရှိကြီးများပ င် ထိုကုမ္ပဏီကို ရင်မဆိုင်ရဲဘဲ ကြောက်ရွံ့နေရသည် အား သူ ကောင်းကောင်းကြီး သိရှိထားသောကြောင့် ပင်။

ဆယ်ယူရေးသင်္ဘောကြီးသည် စစ်သင်္ဘောကြီး နစ် မြုပ်သည့် ရေပြင်ထက်သို့ ရောက်လာခဲ့သည်။သ င်္ဘောဗိုလ်ကြီးသည် ဖုန်းကိုကောက်ကိုင်ကာ ပင်လ ယ်ပြင်အဝေးတစ်နေရာရှိ စစ်သင်္ဘောပေါ်မှ ဆယ်ယူ ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်ချုပ်ထံသို့ အခြေအနေ များအား စတင်အစီရင်ခံလိုက်သည်။

ဆယ်ယူရေးသင်္ဘော အောင်မြင်စွာ ရောက်သွားပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် ဗိုလ်ချုပ်သည် နည်း နည်း စိတ်အေးသွားသော်လည်း နောက်ဆက်တွဲ သ တင်းစကားများကြောင့် သူ၏သွေးတိုးနှုန်းမှာ ရုတ် ချည်း မြင့်တက်လာရ၏။

မိမိတို့၏ သင်္ဘောကြီးကို ဧရာမသင်္ဘောကြီး နှစ်စီး က မီတာရာချီအကွာမှ မျက်တောင်မခတ် စောင့်ကြ ည့်နေရုံမျှမက မော်တော်ဘုတ်သုံးစီးဖြင့်လည်း ဘေ းပတ်ပတ်လည်မှ အနီးကပ် ဝိုင်းရံပိတ်ဆို့ထား သ ည်ဟူသော အချက်က ထိုဗိုလ်ချုပ်အား ဒေါသအိုး ပေါက်ကွဲစေခဲ့သည်။

M နိုင်ငံမှ ဗိုလ်ချုပ်က အံကြိတ်ကာ ကြုံးဝါးလိုက် ၏။

"ဒါက ဗြောင်ကျကျ အနိုင်ကျင့်တာပဲ ယုတ်မာလိုက် တာကွာ.."

သို့သော် ဒေါသထွက်နေရုံမှအပ သူ ဘာမျှမတတ်နို င်ခဲ့ပေ။ယခုလက်ရှိ အခြေအနေအရ ဤအရှက်ရမှု အား ငြိမ်ခံနေရုံသာ ရှိတော့သည်။

တစ်ဖက်တွင်လည်း M နိုင်ငံမှ ဆယ်ယူရေးသင်္ဘော ပေါ်မှာရှိသည့် သင်္ဘောသားများ စုရုံးကာ မကျေမ နပ် ဖြစ်နေကြ၏။ကမ္ဘာ့အနှံ့ စိုးမိုးခဲ့သော သူတို့သ ည် ယခုမူ အခြားသူများ၏ စောင့်ကြည့်မှုအောက် တွင် လှုပ်မရ၊ကိုင်မရ ဖြစ်နေရသဖြင့် အကျဉ်းသား တစ်ယောက်ကဲ့သို့ မသက်မသာ ခံစားနေရသည်။

သင်္ဘောသားတစ်ဦးက ဒေါသတကြီး အော်ပြောလို က်၏။

"ဗိုလ်ကြီး... ဒါက ဘာသဘောလဲဗျာ.."

"ဟုတ်တယ်ဗိုလ်ကြီး... ကျွန်တော်တို့က အကျဉ်း သားတွေများ ဖြစ်နေပြီလား.. တခြားသူတွေရဲ့ နှာ ခေါင်းဖျားမှာ ဒီလောက်အနီးကပ် စောင့်ကြည့် ခံနေ ရတာကတော့ တကယ်ကို အရှက်ရစရာပဲဗျာ.."

ဤကဲ့သို့ တိုင်ကြားသံများက သင်္ဘောကုန်းပတ်ပေါ် တွင် ဆူညံသွားပေသည်။

စိတ်မရှည်သော သင်္ဘောသားတစ်ဦးကလည်း ဒေါ သတကြီး အော်ဟစ်လိုက်သည်။

"ဒါက တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်ဗျာ.. ဒီလိုအစောင့်အကြပ်ခံနေရမယ့်အစား အားလုံးကို ဖျက်သိမ်းပြီး အခုချက်ချင်း ပြန်ကြရအောင်.."

ထိုတိုင်ကြားသံများကို ကြားရသောအခါ တာဝန်ခံ ဗိုလ်ကြီးမှာ ခါးသက်သက် အပြုံးတစ်ခုကိုသာ ပြုံး နိုင်ခဲ့သည်။သူသည်လည်း လူသားတစ်ယောက်ပင် ဖြစ်သဖြင့် ထိုအရှက်ရမှုကို ခံစားရသည်မှာ အမှန်ပ င်။

သို့သော်လည်း ထိုဒေါသကို မြိုသိပ်ကာ အခြေအနေ ကို ထိန်းနေရသူ ဖြစ်သောကြောင့် တိုင်ကြားမှုများ အား မကြားချင်ယောင်ဆောင်လိုက်ပြီး အသံကျ ယ်ကျယ်ဖြင့် အမိန့်ပေးလိုက်ရသည်။

"မင်းတို့... စကားများမနေကြနဲ့တော့.. အလုပ်စကြ.. အလုပ်စောစောပြီးလေ ဒီစိတ်ပျက်စရာကောင်းတဲ့ နေရာကနေ ငါတို့ စောစောထွက်ခွာနိုင်လေပဲ.."

ဗိုလ်ကြီး၏ စကားကို တစ်စုံတစ်ဦးက ထောက်ခံ လို က်၏။

"ဟုတ်တယ်.ကျွန်တော်တို့ မြန်မြန်လုပ်ကြမယ်. သူ များအစောင့်အကြပ်အောက်မှာ နေနေရတာ တစ်စ က္ကန့်တောင် ထပ်မနေချင်တော့ဘူးဗျာ.."

.....

သူတို့သည် ဆယ်ယူရေးအတွက် အလျင်အမြန်ပင် လုပ်ဆောင်လိုက်ကြသည်။ရေငုပ်သမားအချို့သည် ရေအောက်အနက်ပိုင်း၏ ပြင်းထန်သော ဖိအားကို ခံနိုင်ရည်ရှိသည့် သတ္တုရေငုပ်ဝတ်စုံများအား ဝတ် လိုက်ကြ၏။

ဤပင်လယ်ပြင်၏ ရေအနက်မှာ မီတာ ၂၀၀ကျော် အထိ ရှိနေသဖြင့် သာမန်ရာဘာဝတ်စုံများဖြင့် ဆင်း ရန်မှာမူ အန္တရာယ်များလွန်းလှသည်။

ထို့နောက် သူတို့သည် အဆင့်မြင့် ရေအနက်တိုင်းကိ ရိယာများကို အသုံးပြုကာ ရေအောက်အခြေအနေ ကို စူးစမ်းကြည့်ကြ၏။သင်္ဘောသားတစ်ဦးက ကိရိ ယာမှ ပြသနေသော တိုင်းတာချက်များအား လေသံ ပြတ်ပြတ်ဖြင့် အစီရင်ခံလိုက်သည်။

"ရေအနက် မီတာ ၂၁၀... ၂၂၀... ရေအောက် ကြမ်း ပြင်ရဲ့ တည်ငြိမ်မှု အခြေအနေကို စစ်ဆေးနေပါတ ယ်.."

သို့သော်လည်း ထိုတိုင်းတာချက်များနောက်ကွယ် တွင်မူ မမျှော်လင့်ထားသော ပဟေဠိတစ်ခု ရှိနေသ ည်အား သူတို့ မသိကြသေးပေ။

"ရေအနက် ၂၁၁ မီတာ..ရေစီးနှုန်းက တစ်စက္ကန့်ကို ၀.၂၄ မီတာ..မြင်နိုင်စွမ်း ၂၁ မီတာရှိပြီး အောက်ခြေ အပူချိန်က ၁၈ ဒီဂရီစင်တီဂရိတ်မှာ တည်ငြိမ်နေပါ တယ်..."

ထိုတိကျလှသော အချက်အလက်များကို ကြားလို က်ရသောအခါ ဗိုလ်ကြီးက ခေါင်းညိတ်ကာ အမိန့် ပေးလိုက်၏။

"အခြေအနေက ဆယ်ယူရေးအတွက် အကောင်းဆုံး ပဲ..ရေငုပ်သမားတွေ အသင့်ပြင်ကြ. အခုချက်ချင်း ရေအောက်ရှာဖွေရေးကိရိယာကို ချစမ်း.."

ခေတ်မီဆန်းပြားလှသည့် ၃၆၀ ဒီဂရီမြင်ကွင်းစုံ က င်မရာတပ်ဆင်ထားသော ရေအောက်စုံစမ်းရေးကိ ရိယာသည် ပင်လယ်ရေမျက်နှာပြင်ကို ခွဲထွက်ကာ အမှောင်ထုဖုံးလွှမ်းနေသော သမုဒ္ဒရာကြမ်းပြင်ဆီ သို့ တရွေ့ရွေ့ နစ်မြုပ်သွားပေသည်။

၎င်းက ဒေတာကေဘယ်လ်ကြိုးများမှတစ်ဆင့် ရေ အောက်မှ ပုံရိပ်များအား သင်္ဘောပေါ်ရှိ ကွန်ပျူတာ များထံသို့ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပေးပို့နေ ၏။

ရေအနက် မီတာ ၁၀၀ကျော်သို့ ရောက်သွားသည့် အခါ နေရောင်ခြည်မှာ ပျောက်ကွယ်သွားသဖြင့် ရှာဖွေရေးကိရိယာပေါ်ရှိ အားကောင်းသော မီးလုံး ကြီးများအား ဖွင့်လိုက်ရသည်။တောက်ပလှသည့် အလင်းတန်းကြီးသည် ပင်လယ်ရေထုကို ထိုးဖော က်သွားပြီး ရေအောက်ကြမ်းပြင်တွင်မူ ရုတ်တရက် လင်းထိန်လာ၏။

သင်္ဘောပေါ်ရှိ လူများမှာမူ ကွန်ပျူတာ မျက်နှာပြင် အား စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။ဗိုလ် ကြီးသည်လည်း အသက်ရှူရန်ပင် မေ့လျော့နေသည့် လား မျက်တောင်မခတ်ဘဲ ကွန်ပျူတာ မျက်နှာ့ပြင် အား စောင့်ကြည့်နေ၏။

ရှာဖွေရေးကိရိယာသည် ပင်လယ်အောက်ခြေနှင့် နီး ကပ်လာသည်နှင့်အမျှ ရွှံ့နွံများ၊သဲနုများနှင့် ကျော က်တန်းများမှာ ပီပြင်စွာ ပေါ်လာခဲ့သည်။ပင်လယ် နေ ရေသတ္တဝါအချို့မှာ ထိုထူးဆန်းသော အလင်း တန်းအား ကြောက်လန့်တကြား ရှောင်တိမ်းသွားကြ သည်ကိုလည်း တွေ့ရသည်။

သို့သော်လည်း သူတို့အားလုံး မျှော်လင့်စောင့်စားနေ သည့် မြင်ကွင်းမှာမူ ပေါ်မလာခဲ့ပေ ။

နစ်မြုပ်နေသည့် စစ်သင်္ဘောကြီး၏ အရိပ်အယော င်မျှပင် ထိုနေရာတွင် ရှိမနေချေ။လူတိုင်း၏ မျက် နှာပေါ်တွင်မူ အံ့အားသင့်မှုများ ပေါ်နေပေသည်။

"ကင်မရာကို လှည့်စမ်း... မြင်ကွင်းကို အကုန်ချဲ့ကြ ည့်.."

နစ်မြုပ်နေသည့် စစ်သင်္ဘောကြီးကို မတွေ့ရသော အခါ ဗိုလ်ကြီး၏အသံသည် ထိတ်လန့်တုန်လှုပ်မှု နှင့်အတူ ဟိန်းထွက်လာသည်။ရှာဖွေရေးကိရိယာကို ထိန်းချုပ်နေသည့် သင်္ဘောသားများသည်လည်း လ က်ဖျားများ တုန်ယင်လျက် ဗိုလ်ကြီး၏ ညွှန်ကြားချ က် အတိုင်း ကင်မရာ၏မြင်ကွင်းအား အစွမ်းကုန် ချဲ့လိုက်ကြ၏။

သို့သော်လည်း ငြိမ်သက်နေသည့် ပင်လယ် ကြမ်းပြ င်မှအပ ဘာတစ်ခုမျှ ရှိမနေခဲ့ပေ။

၃၆၀ ဒီဂရီ ပတ်ပတ်လည်လုံးကို စေ့စေ့စပ်စပ် ရှာ ဖွေခဲ့သော်လည်း စစ်သင်္ဘောကြီး၏ အစအန၊အရိပ် အယောင်မျှပင် လုံးဝ၊လုံးဝ မတွေ့ရခဲ့ချေ။

တာဝန်ခံဗိုလ်ကြီးက စိတ်ပျက်အားငယ်စွာ ရေရွတ် လိုက်မိသည်။

"ဒီလောက်ကြီးတဲ့ စစ်သင်္ဘောကြီးတစ်စီးလုံး ဘယ် လို ပျောက်သွားတာလဲဟ.."

သင်္ဘောသားတစ်ဦးက တိုးတိုးတိတ်တိတ် အကြံ ပေးလိုက်၏။

"ဗိုလ်ကြီး... ကျွန်တော်တို့.ရှာနေတဲ့ တည်နေရာက မှားနေတာများလား..သင်္ဘောနစ်မြုပ်ခဲ့တဲ့ တကယ့် နေရာက ကျွန်တော်တို့ ရောက်နေတဲ့နေရာနဲ့ နည်းန ည်းဝေးနေနိုင်ပါတယ်"

မျှော်လင့်ထားသည့် စစ်သင်္ဘောကြီးကို မတွေ့ရသ ည့်အဆုံး ဗိုလ်ကြီးသည် ခေါင်းကိုသာ လေးလံစွာ ညိတ်လိုက်မိသည်။လက်ရှိအခြေအနေတွင်မူ တည် နေရာမှားယွင်းသည်ဟု ယူဆခြင်းကသာ ယုတ္တိအ ရှိဆုံး ဖြစ်နေ၏။

နစ်မြုပ်နေသည့် သင်္ဘော၏ တည်နေရာကို ဂြိုဟ်တု မှတစ်ဆင့် သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုအချက်အ လက်များကိုလည်း Mနိုင်ငံရေတပ်က တိကျစွာ သ တင်းပေးထားခြင်း မဟုတ်ပေလော။

တာဝန်ခံဗိုလ်ကြီးသည် ဖုန်းကိုကောက်ကိုင်ကာ အ ချက်အလက်များအား ပြန်လည်အတည်ပြုလိုက် သည်။ထို့နောက် သူသည် လေသံမာမာဖြင့် အမိန့် ပေးလိုက်၏။

"ရှာဖွေမှုဧရိယာကို အခုချက်ချင်း ချဲ့လိုက်ကြ.. ငါ တို့ရဲ့ ရေငုပ်ယာဉ်ကိုလည်း အဆင်သင့် လွှတ်တင် လိုက်တော့.."

သူတို့သည် ရေအောက် ရှာဖွေစုံစမ်းရေးကိရိယာကို ပ င်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ဆွဲတင် လို က်ပြီးနောက် ပိုမိုအဆင့်မြင့်သည့် ရေငုပ်ယာဉ်ငယ် ကို ရေထဲသို့ စတင်လွှတ်လိုက်ကြသည်။

ထိုလှုပ်ရှားမှုမှန်သမျှကို အနီးနားတွင် ကျောက်ချရ ပ်နားထားသည့် မော်တော်ဘုတ်သုံးစီးပေါ်မှ လူများ က မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြ၏။

"ကပ္ပတိန်.. သူတို့ရဲ့ ရေငုပ်ယာဉ်က ရေအောက်ထဲ ကို ဆင်း သွားပါပြီ"

ကပ္ပတိန်ရမ်ဇီကွမ်းထံသို့ သတင်းပို့သံ ထွက်ပေါ်လာ သည်။သူက ခေါင်းညိတ်ကာ ပြန်လည် ညွှန်ကြားလို က်၏။

"ဟုတ်ပြီ..အနီးကပ်ဆုံး စောင့်ကြည့်ကြ..သူတို့ရဲ့ရေ ငုပ်ယာဉ်ဟာ သဘောတူညီချက်အတိုင်း မီတာ ၅၀ ၀အချင်းထက် တစ်လက်မမှ မကျော်စေနဲ့.."

"ဟုတ်ကဲ့ပါ ကပ္ပတိန်.. ကျွန်တော်တို့ မျက်ခြေမပြ တ် စောင့်ကြည့်နေပါတယ်ခဗျ.."

တစ်ဖက်တွင်လည်း Mနိုင်ငံ ဆယ်ယူရေးသင်္ဘော ပေါ်မှ ရေငုပ်ယာဉ်သည် သမုဒ္ဒရာကြမ်းပြင်အောက် သို့ ဦးတည်ကာ တဖြည်းဖြည်း နစ်မြုပ်သွား၏။

ရေငုပ်ယာဉ်၏ ရှေ့မီးအလင်းတန်းများက ရေအော က်ကို ဖြတ်သန်းထိုးဖောက်သွားပြီး ရရှိလာသည့် ပုံ ရိပ်များအား သင်္ဘောပေါ်ရှိ ကွန်ပျူတာများထံသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နေပေသည်။

ပင်လယ်အောက်ခြေမှ မြင်ကွင်းမှာ အလွန်ပင် ရှင်း လင်းလှ၏။မည်သည့်နေရာတွင် ကျောက်တန်းများ ရှိသည် ငါးအုပ်များ၊ရွှံ့နွံနှင့် သဲနုများ ဖုံးလွှမ်းနေသ ည်ဆိုသည်အား မြေပုံတစ်ခုကဲ့သို့ အသေးစိတ် မြင် တွေ့နေရသည်။

သို့သော်လည်း အမှန်တကယ် ရှိနေရမည့် အရာကား ပေါ်မလာခဲ့ချေ။

ဧရာမ စစ်သင်္ဘောကြီး၏ အရိပ်အယောင်ပင် မတွေ့ ရသည့်အပြင် ကျိုးပဲ့ပျက်စီးနေသည့် အပိုင်းအစ တစ်ခုတလေမျှပင် ထိုနေရာတွင် ရှိမနေပေ။

ထိုမြင်ကွင်းအား စိုက်ကြည့်နေသည့် Mနိုင်ငံဗိုလ်ကြီ း၏ မျက်မှောင်မှာ မူန်ကုတ်လာကာ စိတ်ထဲတွင် သံသယများက တဖွားဖွား ပေါ်ပေါက်လာ၏။

သူက တုန်ယင်စွာ ရေရွတ်လိုက်မိသည်။

"ဒါ... ဒါ မဖြစ်နိုင်တာ.."

ကွန်ပျူတာမျက်နှာပြင်ထက်တွင် မြင်တွေ့နေရ သ ည့် ပင်လယ်ကြမ်းပြင်မှာ ဟာလာဟင်းလင်း ဖြစ်နေ ၏။

ထိုအချိန်မှာပင် ရေငုပ်ယာဉ် ထိန်းချုပ်သူက သတင် း ပို့လာသည်။

"ဗိုလ်ကြီး..အခုထိ ဘာမှမတွေ့သေးပါဘူး"

ဗိုလ်ကြီးက အံကြိတ်ကာ အမိန့်ပေးလိုက်၏။

"ရှာဖွေရေးဧရိယာကို ထပ်ချဲ့လိုက်..ဒါပေမဲ့ သတိ ထား... မီတာ ၅၀၀ အချင်းဝက်ထက် တစ်လက်မမှ မကျော်စေနဲ့.."

ရေအောက်ယာဉ်သည် ကပ္ပတိန်ရမ်ဇီကွမ်းတို့၏ မော်တော်ဘုတ်များက အထက်မှ အနီးကပ် စောင့် ကြည့်နေခြင်းကြောင့် လွတ်လွတ်လပ်လပ် မလှုပ်ရှာ းရဲဘဲ သဘောတူညီချက်ဘောင်အတွင်း၌သာ ရှာ ဖွေနေရပေသည်။

သို့သော်လည်း အချိန်များသာ တစ်ဖြည်းဖြည်း ကုန် ဆုံးလာကာ မည်သည့်အရာမှ ထူးခြားမလာခဲ့ပေ။

"ဗိုလ်ကြီး... အခုထိ ဘာသဲလွန်စမှ မရသေးဘူး.."

"ငါတို့ရဲ့ စစ်သင်္ဘောကြီးက ဘယ်ကို ရောက်သွား တာလဲ..ဒီလောက်ကြီးတဲ့ အရာတစ်ခုလုံး ပင်လယ် အောက်ခြေမှာ ဘာလို့ ရှိမနေရတာလဲကွာ.."

သင်္ဘောသားများအကြားတွင်လည်း ဝေဖန်သံများ ထွက်ပေါ်လာ၏။

"ငါတို့ ရှာနေတဲ့ တည်နေရာ မှားနေတာလား..ဒါက တန်ချိန် သုံးလေးထောင်ရှိတဲ့ သံမဏိစစ်သင်္ဘော ကြီးဗျ.. ဘယ်သူမှ လွယ်လွယ်နဲ့ ဖယ်ရှားနိုင်မှာ မဟု တ်ဘူး..."

တာဝန်ခံဗိုလ်ကြီးမှာမူ မျက်မှောင်ကြုတ်ကာ တွေး နေမိသည်။သူသည် ရေနက်ပိုင်း ဆယ်ယူရေးလုပ်င န်းကို တစ်သက်လုံးနီးပါး ကျင်လည်ခဲ့ သူဖြစ်သော် လည်း ယခုကဲ့သို့ စစ်သင်္ဘောတစ်စီးလုံး အစအနမ ကျန် ပျောက်ကွယ်သွားသည့် ဖြစ်ရပ်မျိုးကိုမူ တစ် ခါမျှ မကြုံဖူးခဲ့ပေ။

အချိန်အတော်ကြာအောင် တွေးပြီးနောက် သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"သေစမ်းကွာ ရေတပ်က လူတွေ ကိုသြဒိနိတ်တွေ မှားပေးလို့ ငါတို့ ရှာနေတာတွေက အလကားဖြစ်ကု န်တာ ဖြစ်ရမယ်.."

All Chapters