← Chapters

လမ်းလျှောက်ရမှာ ပျင်းတယ်

Vol. 2 Ch. 14

လမ်းလျှောက်ရမှာ ပျင်းတယ်

Vol. 2 Ch. 14

ကျင်းလင် မော်တော်ယာဉ်မြို့တော်က ဒီကျင်းလင်မြို့ တွင် အကြီးဆုံး မော်တော်ယာဉ်မြို့တော်ဖြစ်ပြီး စီမံခန့်ခွဲမှု့မှာလည်း အလွန်စနစ်ကျပေသည်။ ဇိမ်ခံကားအမှတ်တံဆိပ်များအတွက် လမ်းတစ်လမ်း သီး သန့်ရှိပြီး မာဆာရာတီ 4S စတိုးဆိုင်နှင့် မလှမ်းမကမ်းတွင် Porsche၊ Lamborghini နှင့် Ferrari စတိုးဆိုင်များလည်း ရှိ၏။ သို့ပေမဲ့ ဒီကားများက လင်းဖန်အတွက်တော့ ဆွဲဆောင်မှု့ မရှိပေ။ သူ့ရဲ့ ကားဂိုဒေါင်တွင် Pagani၊ Koenigsegg နှင့် Bugatti Veyron တို့ပင် ရှိတာကြောင့် ဒုတိယတန်းစား ဇိမ်ခံကားများကို ထပ်ဝယ်ပြီး နေရာယူထားရန် မလိုပေ။ "သူဋေးက ဘယ်လိုကားမျိုး ဝယ်ချင်တာလဲ..." လင်းဖန်က အချိန်အတော်ကြာ လျှောက်ကြည့်နေတာကို မြင်တော့ မိုရှင်းယာ က မနေနိုင်ဘဲ မေးလိုက်သည်။ "အမ်..ကားတွေ ထပ်ဝယ်ဖို့လိုတယ်လို့ ပြောတာ မင်း မဟုတ်ဘူးလား.." မျက်လုံးအကြီးကြီးများ ပွင့်လျက် လင်းဖန်က ပခုံးတွန့်ပြကာ အနည်းငယ် အပြစ်ကင်းသည့်ပုံစံဖြင့် ပြောလိုက်သည်။ "ဖူး... " သူ့ပုံစံကို ကြည့်ပြီး မိုရှင်းယာက လုံးဝ စကားမပြောနိုင်တော့ပေ။ "သူဋေး..ရှင် ခုနက မာဆာရာတီ စုစုပေါင်း ၂၂ စီး ဝယ်ပြီးသွားပြီ..ဒါက အဖွဲ့အတွက် လုံလောက်တဲ့ အဆင့်မြင့် ခရီးသွားလာမှု့ လိုအပ်ချက်တွေကို ပြည့်မီစေဖို့ လုံလောက်ပါတယ်.. အဆင့်နိမ့် ခရီးသွားလာမှု လိုအပ်ချက်တွေအတွက်ကတော့ အဖွဲ့တစ်ဖွဲ့ချင်းစီက သူတို့ဘာသာ ဝယ်ယူဖို့ ဆုံးဖြတ်နိုင်ပါတယ်.." "ခု သူဋေး ဝယ်ရမှာက သက်တော်စောင့်အဖွဲ့အတွက် အထူးကားဖြစ်သင့်တယ်... ဘာလို့လဲဆိုတော့ သူတို့ဟာ နေရာအမျိုးမျိုးကို ဝင်ထွက်ရမှာဖြစ်လို့ အထူးကား လိုအပ်ချက်တွေ ရှိလို့ပါ.." "သြော် ဒီလိုကိုး.. " လင်းဖန်လည်း သဘောပေါက်သွားပုံရသည်။ ခဏစဉ်းစားပြီးနောက် သူ တိုက်ရိုက်ပြောလိုက်သည်။ "ဒါဆို မာစီးဒီး-Benz 4S စတိုးဆိုင်ကို တန်းသွားရအောင်.. အဲဒါက သက်တော်စောင့်အဖွဲ့ရဲ့ လိုအပ်ချက်တွေကို ပြည့်မှီစေနိုင်လောက်ပါတယ်..." မာစီးဒီး-Benz 4S စတိုးဆိုင်က မာဆာရာတီ 4S စတိုးဆိုင်နဲ့မလှမ်းမကမ်းတွင် ရှိပြီး မာဆာရာတီ 4S လိုမျိုး သီးသန့်ဇိမ်ခံကားအမှတ်တံဆိပ်နှင့် နှိုင်းယှဉ်ပါက မာစီးဒီး-Benz က ပိုမို ပြီးပြည့်စုံ ပေသည်။ ဒါပေမဲ့ လင်းဖန်က အလယ်အလတ်တန်းစား ထဲမှ အဆင့်မြင့် မော်ဒယ်များကိုပါ ထည့်သွင်းစဉ်းစားထား၏။ ဆွီဒင်ကားများ၊ အားကစားကားများ၊ ကူပေးကားများသာမက SUV များနှင့် MPV များလည်းရှိ၏။ ဒီကားတွေရဲ့ ကြမ်းတမ်းသော လမ်းကြမ်းမောင်းနှင်နိုင်စွမ်းမှာ ဒုတိယမရှိသည့်အပြင် ချမ်းသာကြွယ်ဝသူများ၏ သက်တော်စောင့်အဖွဲ့များအတွက် စံပစ္စည်းများလို့ ဆိုနိုင်ပေသည်။ "ဟုတ်ကဲ့...." မိုရှင်းယာက ချက်ချင်း ခေါင်းညိတ်ပြပြီး လင်းဖန် နောက်မှလိုက်ကာ မာစီးဒီး-Benz 4S စတိုးထဲသို့ တန်းဝင်လာကြသည်။ အရင်ကအတိုင်းပါပဲ တံခါးဝကို ဝင်လိုက်တာနဲ့ လှပတဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေး တစ်ဦးက ချက်ချင်း လာရောက် နှုတ်ဆက်လိုက်သည်။ ဒီတစ်ခါမှာတော့ လင်းဖန်က ကားတွေကို ကြည့်မနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။ "ဒီက ကားတွေ အကုန်လုံးကို ငါဝယ်ချင်တယ်.." ထိုအချိန်တွင် မာစီးဒီး-Benz 4S စတိုးထဲ၌ ဆံပင်နီကြောင်ကြောင် လူငယ်တစ်ဦးက တံခါးဝဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ လင်းဖန် ကို မြင်လိုက်တဲ့အခါ သူ့ရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။ " အမ် ..ဒီလူ ခုနက မာဆာရာတီ 4S စတိုးဆိုင်တစ်ဆိုင်လုံးကို လွှမ်းခြုံထားတဲ့သူ မဟုတ်ဘူးလား... သူ ဒီမှာ ဘာလုပ်နေတာလဲ.. ဖြစ်နိုင်တာက..." ဆံပင်နီနဲ့ လူငယ် မတုံ့ပြန်နိုင်ခင်မှာပဲ လင်းဖန် နဲ့ လှပတဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေး တို့ရဲ့ စကားပြောဆိုသံကို သူ ကြားလိုက်ရသည်။ ရုတ်တရက် သူ့ရဲ့ တစ်ကိုယ်လုံး အေးခဲသွား၏။ ပြောရမည်ဆိုရင် သူ့ရဲ့ မိသားစု နောက်ခံက မဆိုးဝါးပေ။။ နိုင်ငံထဲမှာ ချမ်းသာတဲ့သူအဖြစ် သတ်မှတ်ခံရပေမယ့် တခြားလူတွေရဲ့ 4S စတိုးတစ်ဆိုင်လုံးကို ဝယ်ပြီး လုပ်ကိုင်နေတာက နည်းနည်းရှုပ်ထွေးနေသည်။ မာဆာရာတီက ဇိမ်ခံကားအမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး ဒီ မာစီးဒီး-Benz 4S စတိုးကလည်း အဆင့်မနိမ့် ဘူးဆိုတာ သင်သိလောက်မည်။ ကုမ္ပဏီမှာက လက်ရှိကားတွေအပြင် သူတို့ရဲ့ စာရင်းသွင်းကားတွေအပါအဝင် အနည်းဆုံး ငွေ သန်း ၆၀ သို့မဟုတ် ၇၀ မပါဘဲ ဝယ်လို့မရနိုင်ပေ။ " ငွေက အရေးမကြီးပေမယ့် ကားအစီးတစ်ရာနီးပါး ဝယ်တာက မများလွန်းဘူးလားကွာ.." " လူတစ်ယောက်တည်းက ဒါတွေကို မောင်းလို့ရပါ့မလား.." "ဆရာ ..ရှင်.. ရှင်က အကုန်လုံးကို ပြောနေတာလား..." မာစီးဒီး -Benz 4S စတိုးမှ လှပသော အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေးမှာ နည်းနည်းရှုပ်ထွေးနေသည်။ " ဘုရားရေ..." " ဒီလူက ဘယ်သူလဲ..ကားလာဝယ်တာက ဆိုင်ထဲမှာ ကုန်စုံဝယ်သလိုပဲ..ဈေးနှုန်းကိုတောင် မမေးဘဲ အကုန်ဝယ်လိုက်တယ်.." "ဟုတ်တယ်..မင်းတို့ရဲ့ လက်ရှိ ပြထားတဲ့ ကားတွေ..မင်းတို့ရဲ့ ဂိုဒေါင်ထဲက ကားတွေပါ အပါအဝင် အကုန် ငါဝယ်လိုက်တာ..." လင်းဖန်က ခေါင်းညိတ်ပြပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ လှပသော အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေး က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "ဆရာ..ကျွန်မတို့ စတိုးဆိုင်မှာ စုစုပေါင်း ကား ၅၆ စီးရှိပါတယ်.. ရှင်..." "ကဒ်ပွတ်လိုက်..." သူမ စကားမဆုံးခင်မှာပဲ လင်းဖန် က လက်ဝှေ့ယမ်းပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ..ဆရာ ခဏစောင့်ပါဦး.." လှပသော အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေး က ဘာမှကို ဂရုမစိုက်တော့ဘဲ မျက်နှာနီမြန်းကာ မန်နေဂျာကို အကြောင်းကြားရန် ပြေးသွားတော့ သည်။ ဒီလို ကြီးမားတဲ့ အော်ဒါကို သူမတစ်ယောက်တည်း ကိုင်တွယ်လို့ မရနိုင်ဘူးလေ။ "ဟေး အကိုရေ..ကျနော်တို့ ဆွေးနွေးရအောင်ဗျာ.ကျနော့်အတွက် 'Big G' တစ်စီးလောက် ချန်ထားပေးပါဦး.." ထိုအချိန်တွင် ဘေးမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော မြင်ကွင်းကို ဖြတ်တောက်လိုက်သည်။ လင်းဖန်နဲ့ အခြားလူများ လှည့်ကြည့်လိုက်သောအခါ မနေနိုင်ဘဲ အံ့အားသင့်သွားကြသည်။ ခဏတာအတွင်းမှာပဲ သူ့ ရှေ့မှ ထူးခြားတဲ့ ဆံပင်နီရောင်ကို အနည်းငယ် ရင်းနှီးနေပုံရသည်။ " ဟေး.. ဒီလူငယ်ကို ငါတို့ မာဆာရာတီ 4S စတိုးမှာ ခုလေးတင် တွေ့ခဲ့တဲ့သူ မဟုတ်ဘူးလား.." "အကိုရေ..တွေ့ဆုံရတာ ဝမ်းသာပါတယ်..ကျနော့်နာမည်က ချင်လင်း ပါ.." ဆံပင်နီဆံပင်နီကြောင်ကြောင်နဲ့ လူငယ်က လင်းဖန်ကို ပြုံးပြပြီး သူ့ရဲ့ ဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်သည်။ ဒီနာမည်က လင်းဖန် အတွက် ရင်းနှီးနေပုံရပေမယ့် ဘယ်မှာ ကြားဖူးလဲဆိုတာကိုတော့ သူ ပြန်စဥ်းစား လို့မရပေ။သို့ပေမဲ့လည်း ယဉ်ကျေးမှုအရ သူလည်း လက်ဆန့်ထုတ်ပြီး ချင်လင်း နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ကျွန်တော်က လင်းဖန် ပါ" "အကို လင်းဖန် ရာ.. ခင်ဗျားရဲ့ စတိုင်က တကယ်ကို ကျွန်တော့်ကို ရှက်ရွံ့စေပါတယ်..ခုနက မာဆာရာတီ 4S စတိုးကို ပိတ်လိုက်ရပြီး အခုလည်း မာစီးဒီး -Benz 4S စတိုးကိုပါ ပိတ်လိုက်ရတော့မယ်...ဟား." ချင်လင် က ညင်သာစွာ ရယ်လိုက်သည်။ ဒီစကားကို ကြားတော့ လင်းဖန်က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး သူ့ကိုယ်သူ သူဋေးအသစ်တစ်ယောက်အဖြစ် သတ်မှတ်ခံရတယ်လို့ ခံစားလိုက်ရသည်။ သူ့နောက်မှာ ရပ်နေတဲ့ မိုရှင်းယာတောင်မှ သူမရဲ့ ပါးစပ်ကို အုပ်ပြီး နှစ်ချက် ပြုံးရယ်လိုက်မိသည်။ "ညီအကို ချင် က နောက်နေတာပဲ.. ကျွန်တော်က လမ်းလျှောက်ရတာ ပျင်းလို့..အချိန်ကုန်သက်သာအောင် တစ်ခါတည်း အကုန်ဝယ်လိုက်တာပါ.." " ဘာ ..လမ်းလျှောက်ရတာ ပျင်းလို့..အချိန်ကုန်သက်သာအောင်..ဒါက ဘာအဓိပ္ပာယ်လဲ .." သူက ဒီနိုင်ငံတွင် နာမည်ကြီးပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ဦးအနေနဲ့ အမြဲတမ်း တခြားသူတွေရဲ့ရှေ့မှာ ဂုဏ်ယူဝင့်ကြွားနေသူဖြစ်ပေမယ့် ဒီနေ့မှာတော့ တခြားသူတွေရဲ့ရှေ့မှာ ဒီလို ကြီးကျယ်တဲ့ကိစ္စမျိုး ပြသတာကို ခံလိုက်ရတာကြောင့် သူ စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ .....................................................

All Chapters