← Chapters

အကောင်းဆုံး ဇိမ်ခံ ပစ္စည်းတွေ သုံးပေးပါ

Vol. 2 Ch. 15

အကောင်းဆုံး ဇိမ်ခံ ပစ္စည်းတွေ သုံးပေးပါ

Vol. 2 Ch. 15

"ချင်းညီလေးကရော ကျင်းလင်ကပဲလား" လင်းဖန်က သံသယအပြည့်နဲ့ မေးလိုက်၏။ ချင်းလင်က ပခုံးတွန့်ရင်း မတတ်သာတဲ့လေသံနဲ့ ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး ..ကျွန်တော်က ဒီကျင်းလင်ကို အပျော်ခရီးလာတာပါ တကယ်တော့ ကျွန်တော့် ကောင်မလေးအတွက် ကားဝယ်ပေးဖို့ ရောက်လာတာပါ.." "ခင်ဗျားက ဆိုင်နှစ်ဆိုင်လုံးက ကားတွေပါမကျန် အကုန်သိမ်းပစ်လိုက်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ခဲ့မိဘူးဗျာ..ဒါက တကယ်ကို အံ့အားသင့်စရာပဲ.." ဒီစကားကိုကြားတော့ လင်းဖန်ပင် အသက်ပြင်းပြင်း ရူရိူက်လိုက်ရသည်။ "မင်းတို့ မြို့ကြီးသားတွေက တကယ်ပဲ ကစားလို့ကောင်းကြတာပဲ..." ချင်းလင်ဆိုတဲ့လူက နာမည်ကြီးတဲ့ စူပါသူဌေးမျိုးဆက် KING E-Sports နဲ့ ဘတ်စကက်ဘော ကလပ်ရဲ့ ရင်းနှီးမြှုပ်နှံသူ၊ကျောင်းအုပ်ကြီး ဝမ်နဲ့တောင် အပြိုင်ပြောစမှတ်ပြုရတဲ့ ဒဏ္ဍာရီတစ်ဦးပဲ ဖြစ်၏။ ဒီလူက မိန်းကလေးကြောင်ဖို့ သက်သက် ဒီကျင်းလင်ကို ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားကြမှာ မဟုတ်ပေ။ "ဆရာ... ခင်ဗျားမှာယူထားတဲ့ ကားတွေအတွက် စာရွက် စာတမ်း အားလုံးကို စီစဉ်ပြီးပါပြီခဗျ.." ဒီအချိန်မှာပဲ မာစီးဒီး-ဘင့်ဇ် 4S ဆိုင်ရဲ့ မန်နေဂျာက စာချုပ်တွေနဲ့အတူ ပြုံးရွှင်စွာ ရောက်ချလာသည်။ "ကောင်းပြီ... ဒီလူကြီးမင်းအတွက် 'Big G' ကားတစ်စီးကိုတော့ ဆိုင်ကပဲ ချက်ချင်းစီစဉ်လိုက်ပါ..ငွေကတော့ ကျွန်တော့်အကောင့်ထဲကပဲ ရှင်းလိုက်မယ်..." ဆံပင်နီနဲ့လူငယ်လေးဘက်ကို လှည့်ပြီး လင်းဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဟာ.. ကျေးဇူးတင်ပါတယ် ညီအကို ဒါပေမယ့် ဒီဟာကိုတော့ ကျွန်တော်ပဲ ပေးပါရစေ.." ချင်းလင်က ပြုံးရယ်ပြီး ပြောလိုက်သည်။ မြို့တော်ရဲ့ အချမ်းသာဆုံး ဒုတိယမျိုးဆက်အနေနဲ့သူ ကောင်မလေးကြောင်တာကို တခြားလူအား ပေးခိုင်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်မည်နည်း။ "ထားလိုက်ပါတော့..ငါ့ကို အားနာမနေပါနဲ့.. ငါ ပိုက်ဆံမရှားပါဘူး။ " လင်းဖန်က မျက်လုံးလှန်ပြကာ ပြန်ပြောလိုက်၏။ "မင်းက ကားရောင်းတဲ့ ဆိုင်နှစ်ဆိုင်ကို ပြေးလာခဲ့ပြီး ..ငါက အကုန်လုံးကို သိမ်းထားခဲ့လို့ ငါ့ကိုယ်ငါ နည်းနည်းအားနာမိလို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်စီးပေးချင်တာပါကွာ..." "...ငါလူး...." "မာစီးဒီး-ဘင့်ဇ် ကားတစ်စီးက ၂ သန်း ၃ သန်းလောက်ပဲ ရှိတာ.. ဒီပိုက်ဆံကို ဘယ်သူက မတတ်နိုင်စရာ ရှိမှာလဲ..." ဒုတိယမျိုးဆက် ချင်းလင်ခဗျာ လင်းဖန်ရဲ့ စကားလုံးတွေကြောင့် ဆွံ့အ သွားရ၏။ "ဟေး..လောင်ချင်း..မင်းမာဆာရာတီဝယ်ဖို့ သွားတာ မဟုတ်ဘူးလား..ဘာလို့ မာစီးဒီး-Benz မှာ ရောက်နေတာလဲ..." ဒီအချိန်မှာပဲ မာစီးဒီး-ဘင့်ဇ် 4S ဆိုင်ထဲ ရင်းနှီးတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ရဲ့ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။ လင်းဖန် လှည့်ကြည့်လိုက်တော့ ရင်းနှီးတဲ့ ဝဖီးဖီး မျက်နှာကို တွေ့လိုက်ရသည်။ " လခွမ်း ဒါ ကျောင်းအုပ်ကြီးလို့ နာမည်ပြောင်ပေးထားတဲ့ သူဋေးသား ဝမ်ခေါင် မဟုတ်ဘူးလား.. ဒီလူကရော ဘာလို့ ကျင်းလင်ကို ရောက်လာတာလဲ..." "အော်..ဟုတ်သားပဲ..ချင်းလင်နဲ့ ဝမ်ခေါင်က တရုတ်ပြည်မှာ နာမည်အကြီးဆုံး စူပါသူဌေးမျိုးဆက်တွေဖြစ်သလို.. ကားဝါသနာပါပြီး မိန်းကလေးကြောင်ရတာလည်း ဝါသနာတူကြတယ်.. သူတို့ အချင်းချင်း ခင်မင်တာ မဆန်းပါဘူး.." ချင်းလင်က ပခုံးတွန့်ပြီး ခပ်မဲ့မဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်။ "အာ ညီအကိုဝမ် ..ကျွန်တော် တကယ်တော့ မာဆာရာတီ ဝယ်ဖို့ပဲ ရည်ရွယ်တာပါ.. ဒါပေမယ့် အခုတော့ မာစီးဒီး-Benz တောင် ဝယ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်ဗျာ.." "ခင်ဗျားလဲ မာစီးဒီး Benz ဝယ်ဖို့ လာတာဆိုရင်တော့ ကံမကောင်းဘူးပဲ ဖြစ်လိမ့်မယ်.." ဝမ်ခေါင်က ဒီစကားကြောင့် ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ " အမ် မင်းဘာကိုဆိုလိုတာလဲ..." "ဒါနဲ့ ငါ မာစီးဒီး -Benz ဝယ်ချင်တာကို မင်း ဘယ်လိုသိတာလဲ..." "ခင်ဗျားကို မိတ်ဆက်ပေးရဦးမယ်.. ဒါက လင်းဖန်ပဲ ဆိုင်နှစ်ဆိုင်လုံးကို သိမ်းပိုက်ထားတဲ့ လူက သူပဲ..." ချင်းလင်က အကူအညီမဲ့စွာနဲ့ လင်းဖန်ကို ဝမ်ခေါင်နဲ့ တိုက်ရိုက် မိတ်ဆက်ပေးလိုက်သည်။ 'အိုး..ခဗျားက ဆိုင်နှစ်ဆိုင်လုံးကို သိမ်းထားတဲ့လူလား' ဝမ်ခေါင်လည်း ချင်းလင် ဘာကြောင့် ဒီလောက် စိတ်ပျက်အားငယ်နေလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားသည်။ ဘေးမှာ တည်ငြိမ်စွာရပ်နေတဲ့ လင်းဖန်ကို ကြည့်ရင်း ဝမ်ခေါင်က လက်မထောင်ပြလိုက်သည်။ "ဒါက ချမ်းသာရုံတင်မကဘူး စူပါ သူဋေးကြီး .တစ်ယောက်ပဲ.." လင်းဖန်က လက်ဝှေးယမ်းကာ ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်သည်။ "ဟား ကျွန်တော်တို့ တွေ့ဆုံရတာ ကံတရားပဲဗျ.. ညီအကိုဝမ်..ခင်ဗျားလည်း မာစီးဒီး-Benz ဝယ်ဖို့ လာတာဆိုတော့ ကျွန်တော် .. ခင်ဗျားကို တစ်စီး လက်ဆောင်ပေးပါရစေ.." ဘေးနားမှ မာစီးဒီး -Benz 4S ဆိုင်ရဲ့ မန်နေဂျာကလည်း လိမ္မာပါးနပ်စွာနဲ့ ဝမ်ခေါင်ကို မော်ဒယ်ကတ်တလောက်စာအုပ်ကို အမြန်ဆုံး ကမ်းပေးလိုက်သည်။ ဒီစကားကိုကြားတော့ ချင်းလင်ကို လှည့်ကြည့်ပြီး သံသယနဲ့ ဝမ်ခေါင် မေးလိုက်သည်။ "မင်းတို့က... တကယ်ပဲ ခုမှ တွေ့ကြတာလား?" "တကယ်ပါဗျာ.. သူ ကျွန်တော့်ကို 'Big G' တစ်စီး ခုလေးတင် ပေးလိုက်တာ.." ဒီအချိန်မှာ ဝမ်ခေါင် ဘာပြောရမှန်း မသိတော့ပေ။ ရိုးရိုးသားသားပြောရရင် သူ့မှာ သူငယ်ချင်းတွေ အများကြီး ရှိပေမယ့် ရင်ဖွင့်တိုင်ပင်နိုင်တဲ့သူက နည်းနည်းပဲ ရှိ၏။ဖျော်ဖြေရေးလောကက လင်းခွေးလိုမျိုး အပေါ်ယံ သက်သက်ပဲလူတွေချည်းပင်။ သူ ကိုယ်တိုင်တောင် ပြောခဲ့ဖူး၏။သူငယ်ချင်းဖွဲ့တဲ့အခါ ပိုက်ဆံရှိတာ မရှိတာကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် တခြားလူတွေက ငါ့လိုတော့ ချမ်းသာကြမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် အခု သူ့ရှေ့က ဒီလူက တကယ့်ကို ဖြုန်းတီးသူပဲ ဖြစ်၏။ ဒီကိစ္စကိုထားလိုက်အုံး ဆိုင်နှစ်ဆိုင်လုံးက ကားတွေ စုစုပေါင်းဆိုရင် အနည်းဆုံး သန်း ၆၀ ကနေ ၇၀ လောက် တန်ဖိုးရှိသည်။ " လခွမ်း ကားတွေ အများကြီး ဝယ်ပြီး ဒီလူက ဘာလုပ်မှာလဲ.." တကယ်တော့ လင်းဖန်အတွက်ကလည်း ပိုက်ဆံဆိုတာ တကယ်ပဲ ပိုက်ဆံလို့ မယူဆတော့ပေ။ သူက ၃၆.၅ ဘီလီယံကို လက်ဝှေ့ယမ်းပြီး ပရဟိတ လုပ်ခဲ့ပြီးပြီ။ ဒါတောင် ကျန်းခမ်းယွမ် ဗီလာနံပါတ် ၁ ထဲက တန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာတွေ မပါသေးပေ။ ဒါ့အပြင် သူက ခုနကပဲ စောရော့စ် ရဲ့ စည်းစိမ်ဥစ္စာကို အမွေဆက်ခံထား၏။အထူးသဖြင့် သူ ပိုက်ဆံလိုရင် စတော့ဈေးကွက်ကို ဝင်ကြည့်လိုက်ရုံနဲ့ ငွေတွေ အများကြီး ရလာနိုင်ပေသည်။ ကျောင်းတွေဆောက်ဖို့ ၃၅ ဘီလီယံ သုံးစွဲပြီးပြီ ဒီလို ကားဆိုင်လေး နှစ်ဆိုင်ကို သိမ်းလိုက်တာက လင်းဖန်အတွက် အသေးအဖွဲ ကိစ္စလေးပဲ ဖြစ်၏။ "ဆရာက ကား အမြောက်အများ ဝယ်ယူတဲ့အတွက်.. ကျွန်တော်တို့ဆိုင်က ၂၀% လျှော့စျေး ပေးဖို့ ဆုံးဖြတ်ထားပါတယ် ခဗျ......" မာစီးဒီး-Benz 4S ဆိုင်ရဲ့ မန်နေဂျာက သူတို့ စကားပြောတာ ပြီးသွားတာနဲ့ အမြန် ဝင်ပြောလိုက်သည်။ "တော်ပါပြီ.. ၂၀% လျှော့စျေး မယူတော့ပါဘူး.. ဒါပေမယ့် တောင်းဆိုချက်တစ်ခုတော့ ရှိတယ်.. ကားအားလုံးရဲ့ အတွင်းခန်းပစ္စည်းတွေကို အကောင်းဆုံး ပစ္စည်းတွေပဲ သုံးပေးပါ.." "ဟမ်..." ဒီစကားကိုကြားတော့ မာစီးဒီး-ဘင့်ဇ် 4S ဆိုင်ရဲ့ မန်နေဂျာက နည်းနည်းရှုပ်ထွေးသွား၏။ " ဘုရားရေ လက်ဖွာ လှချည်လား.." ဘေးနားမှ မိုရှင်းယာက ပုံမှန်အပြုံးတစ်ခုနဲ့အတူ ဝင်ပြောလိုက်၏။ "ကျွန်မ တို့ သူဋေးက အလုပ်ရှုပ်တာ မကြိုက်ဘူး..ဒါကြောင့် ဆိုင်ထဲမှာ ရနိုင်သမျှ အကောင်းဆုံးတွေနဲ့ အကုန်လုံးကို လုပ်ပေးပါ. ကုန်ကျစရိတ်ကိုတော့.. ဈေးနှုန်းအတိုင်း ပေးပါ့မယ်.." .........................................................

All Chapters