ခုချိန်ကစပြီး ငါတို့က သူငယ်ချင်းတွေပဲ
Vol. 2 Ch. 16
" နေစမ်းပါဦး..ညီအကိုက .ဘယ်ကားကို လိုချင်တာလဲ..."
ဝမ်ခေါင်ကို တိုက်ရိုက်ကြည့်ပြီး လင်းဖန် မေးလိုက်သည်။သူ့အတွက်တော့ မာစီးဒီး-ဘန်ဇ် ကားဆိုတာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းသာ ဖြစ် သည်။ ဒီကားကို အသုံးပြုပြီး နိုင်ငံ့၏ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့သား ဝမ်ခေါင်နဲ့သာ မိတ်ဆွေဖွဲ့နိုင်မယ်ဆိုရင် ဘာမှငြင်းဆန်စရာမရှိပေ။
ဝမ်ခေါင်ဆိုသူကလည်း တစ်နေ့လုံး သူများကို သာ ကြွားချင်နေသူသာ ဖြစ်ပြီး အခုတော့ ကိုယ်တိုင် အကြွားခံရသူဘဝကို ခံစားလိုက်ရပေမဲ့ မငြင်းဘဲ ပြုံးပြုံးရွှင်ရွှင် လက်ခံလိုက်သည်။
"ညီအကိုချင်က 'Big G' ကို ယူထားတော့ ကျွန်တော်လည်း သူ့လိုပဲ လုပ်ရတော့မှာပေါ့..."
လင်းဖန်လို ထူးခြားတဲ့ သူဋေးတစ်ဦးနဲ့ မိတ် ဆွေဖွဲ့ရခြင်းက သူ့အတွက် အကျိုးရှိပြီး အန္တရာယ်မရှိမှန်း ဝမ်ခေါင် သိနေ၏။
ဒီစကားကို ကြားတော့ ပြုံးပြနေတဲ့ မာစီးဒီး-Benz 4S ဆိုင်မန်နေဂျာကို ကြည့်ပြီး လင်းဖန် ပြောလိုက်သည်။
"မန်နေဂျာ..ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်နော်... 'Big G' နှစ်စီးကလွဲပြီး ကျန်တဲ့ကားတွေအားလုံးက ကျွန်တော့်ကားတွေပဲ..ရှင်းယာ..သွားရှင်းလိုက်.."
"ဟုတ်ကဲ့ပါ.."
မာစီးဒီး-Benz 4S ဆိုင်မန်နေဂျာက အသင့်ပြင်ထားတဲ့ စာချုပ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"ညီအကိုလင်းက ဒီလိုပြောလာမှတော့ ငါတို့လည်း ပိုမပြောတော့ဘူး..အခုချိန်ကစပြီး ငါတို့ကသူငယ်ချင်းတွေပဲ.. အကူအညီလိုရင် ငါတို့ကို မေးသာ မေးလိုက်ပါ.."
ချင်လင်းနဲ့ ဝမ်ခေါင် တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
"ကောင်းပြီလေ..ဒါဆို အခုချိန်ကစပြီး ညီအစ်ကိုတွေပဲ ...ဘာရှိရှိ ငါ့ကို ခေါ်လို့ရတယ်..ငါက တခြားလူတွေကို သိပ်မကြိုက်ပေမဲ့..ပျော်ရွှင်ဖို့ဆိုရင်တော့ သဘောကျတယ်"
လင်းဖုန်းက ပြန်ပြုံး ပြောလိုက်၏။
သူ ဒီတစ်ခေါက် ပစ္စည်းဝယ်ဖို့ ခရီးစဉ်မှာ အကြီးမားဆုံး အောင်မြင်မှုက ဝမ်ခေါင်နဲ့ ချင်လင်းတို့နဲ့ သိကျွမ်းခွင့်ရခြင်းပင် ဖြစ်သည်။ ဒီကမ္ဘာကြီးက နောက်ဆုံးတော့ အားကြီးသူတွေရဲ့ ကစားကွင်းပဲလေ။ ကြွယ်ဝမှု့ကို ထိန်းချုပ်ထားတဲ့ သူတွေက အရာရာကို ထိန်းချုပ်ထားတာပဲ ဖြစ်၏။
ဝမ်ခေါင်နဲ့ ချင်လင်းတို့ရဲ့ မိဘတွေရော သူတို့ကိုယ်တိုင်က အလားအလာရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ တူနေသည်။ သူက ဘယ်အချိန်မှာ ဒီလူတွေရဲ့ အဆက်အသွယ် လိုအပ်လာမယ်ဆိုတာကို မသိနိုင်ပေ။ ဒါကြောင့် ဒီလိုသူတွေရဲ့ ခင်မင်မှုကို ရဖို့အတွက် အနည်းငယ်မျှသော ပစ္စည်းလေးတစ်ခု ပေးရတာကို လင်းဖန် လုံးဝ နှမြောခြင်းမရှိပေ။
မိုရှင်းယာက တိုးတိုးလေး မေးလိုက်၏။
"သူဋေး ဆယ်နာရီတောင် ထိုးနေပြီ..ကျွန်မတို့ မြို့ထဲကို ဆက်သွားဦးမှာလား.."
သူမကို အဓိပ္ပာယ်ပါပါ လင်းဖန် စိုက်ကြည့်လိုက်ပြီးနောက် ဝမ်ခေါင်နဲ့ ချင်လင်းတို့ဘက် လှည့်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
"တကယ်ပဲ စိတ်မကောင်းပါဘူး..ကျွန်တော် လုပ်စရာရှိတာလေးတွေ ရှိနေလို့..မင်းတို့နှစ်ယောက်....."
"ညီအကိုလင်း ..အရင်သွားပြီး အလုပ်တွေ ရှင်းလိုက်ပါ...ဝမ်အကိုနဲ့ ကျွန်တော်က ဒီမှာပဲ နေခဲ့လို့ ရပါတယ်..."
ဝမ်ခေါင်ကို ကြည့်ပြီး ချင်လင်း ပြုံးကာ ပြန်ဖြေလိုက်သည်။ သူတို့ကလည်း ဒီ ခင်မင်မှုဟာ ရေလိုပါးတယ်ဆိုတာ သိထားတာကြောင့် အသေးစိတ် ထပ်မမေးတော့ပေ။ ဖုန်းနံပါတ်များ တောင်းကာ WeChat တွင် အချင်းချင်း ထည့်ထားရုံသာ လုပ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပဲ မိုရှင်းယာက ကဒ်ပေါ်တွင် ငွေအားလုံးကို ရှင်းပေးခဲ့ပြီး ကျန်တဲ့လုပ်ငန်းများကို သက်တော်စောင့်များထံ အပ်နှင်းကာ နှစ်ဦးသား မာစီးဒီး-Benz 4S ဆိုင်ထဲမှ ထွက်ခွာလာကြသည်။
လင်းဖန် ထွက်သွားပြီးနောက် နောက်ဆုံးတော့ ဝမ်ခေါင် မနေနိုင်ဘဲ ပြောလိုက်သည်။
"ညီနောင်ချင်..မင်း ဒီလိုလူမျိုးကို ကျင်းလင်မှာ ဘယ်တုန်းက သိခဲ့တာလဲ.. ငါ့ကို တစ်ခါမှ မိတ်မဆက်ပေးခဲ့ဘူးနော်..."
ချင်လင်းက မျက်စောင်းထိုးပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ငါလည်း မာဆာရာတီ 4S ဆိုင်မှာ မတော်တဆ တွေ့ခဲ့တာပဲ.. အရင်က ငါ့လက်ထဲက အဖျက်ခံရလုနီးနီးဖြစ်သွားတာ..."
"ငါက လက်ဆောင်အနေနဲ့ CEO ကားတစ်စီးဝယ်ပေးမလို့လုပ်နေတာ ..ဒီလူက ဆိုင်ထဲက ကားအားလုံးကို ဝယ်သွားလို့..အဲဒီနောက် မာစီးဒီး-Benz ကို ရောက်လာတော့လည်း ဒီလိုပဲကွာ ..."
"ဟားဟားဟား... ဒါဆို မင်းက အကျိုးအများကြီး ရသွားတာပေါ့...CEO ကားက က ၁.၆ သန်းကျော်ပဲ ရှိတာ.. ဒီ Big G က သုံးသန်းကျော် ရှိတယ်.."
ဝမ်ခေါင်က ကျယ်လောင်စွာ ရယ်လိုက်ရာ ချင်လင်းက မျက်လုံးလှန်ကြည့်လိုက်သည်။
" ငါ က ဒီလောက် ငွေလိုနေသူလို့ ထင်နေတာလား..."
"ဒါပေမဲ့ ဒီ ညီအကိုလင်းဖန်က ဘာနောက်ခံလဲ.. ခုမှ အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတယ် ထင်တာပဲ..ငါတို့နှစ်ယောက်ထက် အရှိန်အဝါက ပိုကြီးနေတယ်.. ငါ့အဖေနဲ့တောင် နည်းနည်းတူနေသလိုပဲ.."
"အေးကွ မရိုးရှင်းဘူး...သူစီးလာတဲ့ကားက ဘန်လေ ကို အထူးပြုလုပ်ထားတဲ့ ကားတစ်စီးမှန်း ငါ ခုနက တွေ့လိုက်တယ်.. နောက်မှာ သက်တော် စောင့် တစ်ဒါဇင်ပါတယ်... ကြွားချင်ရုံ သက်သက်တော့ မဟုတ်ဘူး..."
မျက်လုံးများ အရောင်တောက်နေသော ချင်လင်းက အသံခပ်လေးလေးနဲ့ ပြောလိုက်သည်။
"ဒီတစ်ခါ ငါတို့ အမှားကြီးမှားသွားတာ ဖြစ်နိုင်တယ်..."
ဝမ်ခေါင်ကလည်း နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ကားတစ်စီးနဲ့ ဒီလိုလူမျိုးကို သိကျွမ်းရတာဆိုတော့ သူ့အတွက် ဘာမှ ဆုံးရှုံးစရာမရှိကို သိနေသည်လေ။
လင်းဖန်လား..သူကတော့ ဝမ်ခေါင်တို့အဖွဲ့က သူ့ကို အထူးတလည် စပ်စုချင်နေကြမှန်း မသိပေ။ ဒီအချိန်မှာ သူက ကျင်းလင်မှာရှိတဲ့ အထင်ရှားဆုံး ဇိမ်ခံပစ္စည်းရောင်းတဲ့ လမ်းမကြီးဆီ သွားဖို့ ပြင်ဆင်နေသည်။ 4S ကား အရောင်းပြခန်းက ကိစ္စအားလုံးကိုတော့ သက်တော် စောင့်တွေထံ လွှဲအပ်ထားခဲ့သည်။
အခွန်တွေကို ကျိုးကြောင်းဆီလျော်စွာ ရှောင်ရှားနိုင်ရန်အတွက် လင်းဖန်တွင် သူပိုင်ဆိုင်တဲ့ ' ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု ရှိတာကြောင့် ဒီကားအားလုံးကို ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုအဖြစ် မှတ်ယူထားပြီး ကားကို ဘယ်သူ့နာမည်နဲ့ ရေးရမလဲဆိုတာ ကို စိတ်ပူစရာမလိုပေ။ ဘယ်သူ့နာမည်နဲ့ ရေးထားတာဖြစ်စေ အဲဒါတွေက သူ့ပိုင်ဆိုင်မှုတွေပဲ ဖြစ်၏။
"ရှင်းယာ...ငါ ပုံစံ ပြောင်းချင်တယ်ဆိုရင် ဘယ်ကနေ စရမလဲ..."
ကားထဲမှာ ထိုင်နေရင်း လင်းဖန် ခဏ စဉ်းစားကာ မေးလိုက်သည်။ သူဝတ်ထားတဲ့ ဟာတွေနဲ့ ပတ်သက်ပြီး မကျေနပ်တာမျိုး မရှိဘူးလို့ ထင်နေရသည်။ ဘယ်လို ပုံစံ ပြောင်းလဲရမှန်း သူ တကယ်ပဲ စဉ်းစားလို့မရပေ။
"သူဋေး..သူဋေးရဲ့ ဆံပင်ပုံစံ၊အဝတ်အစား၊ ဖိနပ်၊ ခါးပတ် အားလုံးကို ပြောင်းဖို့ လိုပါတယ်..အနည်းဆုံးတော့ သူဋေးတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ လိုက်ဖက်နေရမယ်.. အခု သူဋေးကကျောင်းသားတစ်ယောက်နဲ့ တအားတူနေတယ် ခစ်ခစ်.."
မိုရှင်ယားက ရယ်မောရင်း ပြောလိုက်သည်။
လင်းဖန် ခေါင်းကုတ်လိုက်ပြီး မိုရှင်းယာ ပြောတဲ့အတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ခါတလေ ဝတ်စားဆင်ယင်မှုကလည်း လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဖော်ပြခြင်းပဲ ဖြစ်သည်။
နိုင်ငံရဲ့ ထိပ်တန်းချမ်းသာသူတွေက ရိုးရိုးအဝတ်အစားတွေ ဝတ်ဆင်ထားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့ရဲ့ ခေါင်းကနေ ခြေဖျားအထိက ထိပ်တန်း ဇိမ်ခံပစ္စည်းတွေနဲ့ အပြည့်အစုံ ဝတ်ဆင်ထားကြတာပဲ ဖြစ်၏။ Armani၊ Versace နဲ့ Dior တို့လို ပစ္စည်းတွေက သူတို့အတွက် ဝတ်ဆင်ဖို့ မသင့်တော်တော့သည့် အဆင့်သို့ ရောက်သွားပြီလေ။
ဒီနေ့ခေတ် သူဋေးတစ်ဦးလိုပါပဲ။ သူတို့ ဝတ်ထားတာတွေက သာမန် ပစ္စည်းတွေလို့ ပြောပေမဲ့ သူ့ခြေထောက်ပေါ်မှ ဖိနပ်တွေက ပေကျင်းက နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဆိုင်က အထူးပြုလုပ်ထားတာမှန်း ဘယ်သူက သိနိုင်မည်နည်း။
............................................................