ပဲပုပ်စျေးကွက် ကစားခြင်း
Vol. 2 Ch. 19
ကျန်းခန်းယွမ် အိမ်အမှတ် ၂ မှာတော့ လင်းဖန်က ခေါင်းဆောင်နေရာတွင် ထိုင်လျက်သူ့ရှေ့ရှိ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဘဏ္ဍာရေးနယ်ပယ်မှ ထူးချွန်ပညာရှင်နှစ်ဆယ်ကို ပြုံးရယ်လျက် အကဲခ တ်နေသည်။
"သူဋေး ဒီလူတွေကတော့ မာကျန့်၊ ချန်းယန်၊ ရွှီတုန်းလိုင် နဲ့ ယန်မင် ဆိုတဲ့ အဖွဲ့ခေါင်းဆောင် လေးဦးပါ" ဘေးမှ မိုရှင်ယားက အမြန်မိတ်ဆက်ပေးလိုက်သည်။
ခေါင်းဆောင်လေးဦးဖြစ်သော မာကျန့်တို့က ဦးညွှတ်ကာ နူတ်ဆက်လိုက်က
"သူဋေး..မင်္ဂလာပါ.."
"ကောင်းပြီ.."
ဒီလူတွေကို လင်းဖန် တစ်ချက်ကြည့်ပြီး ချက် ချင်းဆိုသလို ပြောလိုက်သည်။
"ငါ..စကားရှည်နေမှာ မဟုတ်ဘူး.. မင်းတို့ကို ဒီခေါ်ရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့တင် မဟုတ်ဘူး..ပိုအရေးကြီးတာက ကျားပါးစပ်ထဲက အစာကို လုယူဖို့ပဲ.."
"ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်..အဲဒါက ငါ့အမိန့်တွေကို တိတိကျကျ လိုက်နာဖို့ပဲ..နားလည်လား.."
"နားလည်ပါတယ် ခဗျ"
လူတိုင်းက တညီတညွတ်တည်း အသံကျယ်ကျယ်နဲ့ တုံ့ပြန်လိုက်ကြသည်။
လင်းဖန် လက်ဝှေ့ယမ်းလိုက်တာနဲ့အဖွဲ့ခေါင်း ဆောင်များက သူတို့လက်ထဲမှ စာရွက်စာတမ်းများကို လူတိုင်းဆီ ရောက်အောင် ဖြန့်ဝေပေးလိုက်ကြသည်။
"မင်းတို့ လက်ထဲမှာရှိတဲ့ အချက်အလက်တွေကို ကြည့်ပါ..ဒီစစ်ဆင်ရေးရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ပေးမယ့် အရာပဲ.."
ခဏအကြာမှာတော့ လင်းဖန်က မတ်တပ်ရပ်ပြီး ထိုလူတွေကို ငုံ့ကြည့်လိုက်၏။သူ့ မျက်နှာမှာတော့ ခက်ထန်ပြတ်သားသည့် အမူအရာရှိနေသည်။
"မကြာသေးခင်က အရှေ့အလယ်ပိုင်း အခြေ အနေက တော်တော်လေး မတည်မငြိမ်ဖြစ်ပြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်..ဒါတွေအားလုံးဟာ မေလ ၁၀ ရက်နေ့မှာ ထရန့်က အီရတ်မှာ စစ်အင်အားတိုးချမယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်နေတာ ထင်ရှားတယ်.."
"ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းကတည်းက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ပါဝင်ပတ်သက်မှုဟာ ရပ်တန့်မသွားခဲ့ဘူး..ပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားတာက နိုင်ငံတကာ ငွေကြေးဈေးကွက်ကို ထိခိုက်ခဲ့တာပဲ"
"ဒီရက်ပိုင်း နိုင်ငံတကာ စျေးကွက်မှာ ရန်ပုံငွေ အမြောက်အမြား စုဆောင်းပြီး နည်းလမ်းအမျိုးမျိုးနဲ့ ရေနံဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်နေတာကို ကြည့်ခြင်းအားဖြင့် သူတို့က ရေနံဈေးကစားဖို့ ကြိုးစားနေတာလို့ ငါ ခန့်မှန်းရတယ်.."
"ရေနံက အမေရိကန်ဒေါ်လာနဲ့ အမြဲ ချိတ်ဆက်နေတယ်..ဈေးနှုန်း အတက်အကျဖြစ်တာနဲ့ ဒေါ်လာလဲလှယ်နှုန်းပါ လိုက် ရွေ့လျားလိမ့်မယ်..ရလဒ်အနေနဲ့ နိုင်ငံတကာ ရွှေဈေးကွက်မှာ မတည်ငြိမ်မှုအသစ်တွေ ဖြစ်လာလိမ့်မယ်.."
ထိုစကားကိုကြားသောအခါ ဘဏ္ဍာရေးပညာရှင်များရဲ့ မျက်လုံးများက တောက်ပလာပြီး ရင်ထဲတွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသည်။
စတော့ရှယ်ယာဈေးကွက်နှင့် နှိုင်းယှဉ်လျှင် အနာဂတ်ဈေးကွက်က ပိုမိုကြီးမားပြီး ခမ်းနားလှသည်။တစ်ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်ရဲ့ အရွယ်အစားကပင် အနာဂတ်ဈေးကွက်ရဲ့ အရွယ်အစားကို မမှီနိုင်ပေ။
အန္တရာယ် အနေဖြင့်ဆိုလျှင် စတော့ဈေးကွက်တွင် ငွေဆုံးရှုံးပါက အဆောက်အအုံပေါ်မှ ခုန်ချရုံသာဖြစ်သော်လည်း အနာဂတ်ဈေးကွက်တွင် ဆုံးရှုံးပါက နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခုလုံး၏ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဖြစ်သွားနိုင်သည်။
လူများစွာက စတော့တွင် ရင်နှီးမြုပ်နှံမူ မသုံးသော်လည်း စျေးကွက်တွင် သို့မဟုတ် ငွေကြေးတွင် ဈေးကစားသည့်အခါ အဆဆယ်နှင့်ချီသောရင်းနှီးမြုပ်နှံမူကို မကြာခဏ အသုံးပြုကြသဖြင့် ဈေးနှုန်း အတက်အကျများက အသည်းအေးလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းပေသည်။
နိုင်ငံတကာ စျေးကွက်လိုမျိုး ဧရာမကြီးကို စိန်ခေါ်ပြီး လုပ်ရတာက ကျားပါးစပ်ထဲက အစာ လုယူတာနဲ့ ဘာထူးမည်နည်း။ သူဋေး ပြောသလို ဖြစ်လာမယ်ဆိုရင် ဒီစစ်ဆင်ရေးက သူတို့ဘဝရဲ့ အထွတ်အထိပ် အောင်မြင်မှု ဖြစ်လာနိုင်ခြေ အများဆုံးဖြစ်သည်။
"အဲဒီမတိုင်ခင်မှာ ငါတို့က ရန်ပုံငွေတွေကို အလျင်အမြန် ချဲ့ထွင်ဖို့ လိုအပ်တယ်.. ယွမ် ၁.၅ ဘီလီယံဆိုတာ ဒေါ်လာ သန်း ၂၀၀ ကျော်ကျော်လေးပဲ ရှိတာ.. ဒါလောက်နဲ့ နိုင်ငံတကာ ရွှေနဲ့ ရေနံဈေးကွက်ကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး"
လင်းဖန်က စူးရှသော မျက်လုံးများဖြင့် လူတိုင်းကို ဝေ့ကြည့်လိုက်ရာ လူတိုင်းက တုန်လှုပ်သွားပြီး မသိစိတ်ဖြင့် ခါးမတ်ကာ ထိုင်လိုက်ကြသည်။
"နိုင်ငံတကာ ရေနံစိမ်းစျေးကွက်နဲ့ ရွှေဈေးကွက်ကို မင်းတို့ ခွဲခြမ်းစိတ်ဖြာထားနိုင်တယ်.. ဒါပေမဲ့ အခုလောလောဆယ် ငါပြင်ဆင်ထားတဲ့ ယွမ် ၁.၂ ဘီလီယံကို ပဲပုပ်တွေ အရင်ဝယ်ဖို့ အတွက် မင်းတို့ကို အစမ်းသဘော ပေးထားမယ်.."
"ICBC က အဆ ၅၀ ရင်းနှီးမြုပ်နှံတဲ့ အာမခံပေးဖို့ ကတိပေးထားတယ်.. ဒီနေ့ ညနေ ၅ နာရီ မတိုင်ခင်မှာ မင်းတို့ လေးဖွဲ့လုံး တစ်ဖွဲ့ကို ငွေသား ယွမ် သန်း ၃၀၀ စီကို သီးခြားအကောင့်တွေ ခွဲပြီး ငါ့အတွက် ပဲပုပ်တွေကို အကုန်ဝယ်ပါ..."
"ဘာပဲဖြစ်လာပါစေ မရပ်တန့်ပါနဲ့..ငါ ပေးထားတဲ့ အမိန့်တွေကို တိကျစွာ လိုက်နာပါ"
လင်းဖန်က ရှည်လျားစွာ လေရှူသွင်းလိုက်ပြီး လူတိုင်းကို မေးမြန်းလိုက်သည်။
လူတိုင်းက ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကြ၏။
သူဋေးက ပန်းတိုင်နဲ့ လမ်းညွှန်ချက်တွေ ချမှတ်ပေးပြီးပြီဆိုတော့ ဒါတွေကို မလုပ်နိုင်ရင် တကယ်ပဲ အသုံးမဝင်ရာ ရောက်သွားပေလိမ့်မည်။
လင်းဖန် လက်ဝှေ့ယမ်းလိုက်ရာ အိမ်အမှတ် ၂ မှ လူအားလုံး ထွက်ခွာသွားကြသည်။ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့လေးဖွဲ့က သူ့ကို ယုံကြည့်ပြီးနောက် ပဲပုပ်ဝယ်ယူခြင်း လုပ်ငန်းစဉ်ထဲသို့ ချက်ချင်းပင် အပြင်းအထန် ဝင်ရောက်ခဲ့ကြသည်။
အမှန်တကယ်တော့ အိမ်အမှတ် ၂ မှ လူအားလုံး ထွက်ခွာပြီးနောက် လင်းဖန်ရဲ့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ သူ့မျက်လုံးများထဲတွင် ကြီးမားသော ဆန္ဒ များ ပြည့်နှက်နေသည်။
ဒီဟာက သူ့ဘဝမှာ အနာဂတ်စျေးကွက်ကို ပထမဆုံးအကြိမ် ကိုင်တွယ်လိုက်ကိုင်ခြင်းပဲ ဖြစ်၏။ ကြီးမားတဲ့ မျှော်လင့်ချက် မရှိဘူးဆိုရင်တော့ မဖြစ်နိုင်ပေ။
ဒီနေ့တွင် Dalian ကုန်စည်ဒိုင် (DCE) ရဲ့ a2005 ပဲပုပ်စျေးကွက်က ပင်မစာမျက်နှာတွင် ယွမ် ၃,၂၀၃ နဲ့ ဖွင့်ခဲ့ပြီး အခုချိန်မှာ ယွမ် ၈၀ အပြည့် ကျဆင်းကာ ၃,၁၂၃ နေရာကို ရောက်နေ၏။
ဒီအချိန်မှာ ဝယ်ယူမယ်ဆိုရင် ယွမ် ၁.၂ ဘီလီယံအပြင် အဆ ၅၀ ရင်းနှီးမြုပ်နှံမူနဲ့ဆိုရင် ဈေးကွက်ထဲကို အပြည့်အဝ ဝင်ရောက်နိုင်ပေသည်။
အမေရိကန် ပဲပုပ်စျေးကွက်က အခု ဒေါ်လာ ၃,၉၀၀ ရှိနေပြီး သူ့ရဲ့ခန့်မှန်းချက် မှန်တယ်ဆိုရင် အမေရိကန် ပဲပုပ် စျေးကွက်က ဒီနေ့အတွင်းပဲ သိသိသာသာ ထိုးကျသွားမှာ သေချာသည်။ ဘယ်လောက်ကျမယ်ဆိုတာတော့ သူ မသိသေးပေ။
ဒါပေမဲ့ ငါတို့နိုင်ငံရဲ့ ပဲပုပ် စျေးကွက်တွေကတော့ မလွဲမသွေ တရှိန်ထိုး မြင့်တက်လာလိမ့်မယ်။ ယွမ် ၅၀ လောက်ပဲ တက်ရင်တောင် သူ့ရဲ့ ကြီးမားတဲ့ ငွေအရင်းအနှီးပေါ် မူတည်ပြီး ယွမ် သန်း ၉၀၀ ကျော် ရရှိနိုင်၏။ ဒီပဲပုပ် အရူးအမူး ဈေးကစားမှုက ရက်အတော်ကြာ ဆက်ရှိနေဦးမှာဖြစ်ပြီး အကျိုးအမြတ်တွေကလည်း သင့်ကို ပြောပြရင် မယုံနိုင်အောင် ဖြစ်နေပါလိမ့်မည်။
မကြာသေးခင်နှစ်တွေမှာ အမေရိကန်တွေက ပဲပုပ်စျေးကွက်နဲ့ပတ်သက်ပြီး လိမ်လည်မှုတွေလုပ်နိုင်ငံတကာ ပဲပုပ်ဈေးကွက်ကို ဈေးကစားပြီး ပြည်တွင်းမှာ ငွေကြေးအမြောက်အမြား ရှာခဲ့ကြသည်။
အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီး သူတို့ဘက်က ဆုံးရှုံးရမယ့် အချိန်ရောက်လာပြီလေ။
အမေရိကန် ပဲပုပ်ဈေးနှုန်းတွေ ဆက်လက်ကျဆင်းနေမယ်ဆိုရင် အမေရိကန် ပြည်တွင်းစျေးကွက်က ပြိုလဲသွားပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကိုပါ ထိခိုက်စေပါလိမ့်မည်။
အဲဒီအခါမှာ စိုးရိမ်စိတ်များနေတဲ့ အမေရိကန်တွေက ရေနံဈေးကွက်ကို မလွဲမသွေ ပစ်မှတ်ထားလာလိမ့်မည်။နိုင်ငံတကာတွင် သူတို့ ကြိုတင်ခြေလှမ်း စတင်တာနဲ့ လင်းဖန်အတွက် ပိုက်ဆံရှာဖို့ အခွင့် အရေး ရောက်လာတော့မှာပဲ ဖြစ်၏။
သူ ဆန်ပြုတ်သောက်ရမလား ဒါမှမဟုတ် အသားစားရမလားဆိုတာကတော့ ဒီတစ်ကြိမ်ပေါ်မှာ မူတည်နေ သည်။