ပဲပုပ်စျေးနူန်း အဆမတန် မြင့်တက်ခြင်း
Vol. 2 Ch. 20
နောက်တစ်နေ့ မနက်ခင်းတွင် ဗီလာအမှတ် ၂ ထဲကို လင်းဖန် ခြေချလိုက်တာနဲ့ ဘဏ္ဍာရေးဝန်ထမ်းအားလုံးက စိတ်အားထက်သန်တဲ့ အမူအရာတွေနဲ့ သူ့ကို အလေးထား ကြည့်ရှုရင်း မတ်တပ်ရပ် လိုက်ကြသည်။
"သူဋေး.. ကြီးကြီးမားမား တက်ပြီ.. ဈေးတွေ အဆမတန် တက်နေပြီ.."
အဖွဲ့ခေါင်းဆောင် မားကျိန့်က ဟာ ဝမ်းသာအားရ ကခုန်ရင်း ပြေးလာပါတော့သည်။
မနက် ၉ နာရီ ဈေးကွက်ဖွင့်တာနဲ့ ချက်ချင်းပဲ ဆက်တိုက် ကျဆင်းနေခဲ့တဲ့ ပဲပုပ်ဈေးနှုန်းဟာ ရုတ်တရက် ခေါင်းထောင်ပြီး မြင့်တက်လာ၏။ ဆယ်မိနစ်အတွင်းမှာပဲ ၃၁၂၃ ကနေ ၃၂၂၃ ကို ပြန်လည်ရောက်ရှိသွားသည်။
ဒါက အစပျိုးရုံသာရှိသေးကာ ပြီးဆုံးခြင်း မရှိသေးပေ။
ပဲပုပ်ကုန်စည်ဒိုင်ဈေးကွက် တစ်ခုလုံးတွင် ပဲပုပ်စျေးက ရုတ်တရက် အနီရောင် ဈေးတက်ခြင်းကို ပြသနေပြီး တောက်ပနေခဲ့ကာ ဈေးနှုန်းတွေဟာ ဆက်လက်၍ တရစပ် မြင့်တက်နေပေသည်။ ဒီအခြေအနေက သူတို့ရဲ့ စိတ်ကူးနိုင်စွမ်းအားလုံးကို လုံးဝ ကျော်လွန်နေ၏။
အခု မနက် ၁၀ နာရီခွဲအထိ ပဲပုပ်ဈေးနှုန်းက ၃၄၀၀ ကို ရောက်ရှိနေပြီး အရှိန်အဟုန်က ဆက်လက် မြင့်တက်နေဆဲ ဖြစ်နေသည်။
" အော် ဟုတ်လား..အခုဆိုရင် အမြတ်ငွေ ဘယ်လောက်လောက် ငါတို့ ရရှိထားပြီလဲ.."
အပိုစကားတွေ ပြောမနေဘဲ မေးခွန်းကို လင်းဖန် တိုက်ရိုက် မေးလိုက်သည်။သူ့အတွက် လိုချင်တဲ့ ပဲပုပ် ဈေးကွက်ရဲ့ အခြေအနေ အသေးစိတ်မှာကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရှင်းရှင်း လင်းလင်း မြင်နေရသည်။
တစ်ခုတည်းသော မမြင်နိုင်တဲ့ အရာကတော့ တိကျတဲ့ အမြတ်ပမာဏပဲ ဖြစ်၏။ဒါက မားကျိန့် နဲ့ အခြား ဝန်ထမ်းတွေရဲ့ လက်တွေ့အလုပ်လုပ်နိုင်စွမ်းကို လင်းဖန် စမ်းသပ်တဲ့နည်းလမ်းပဲ ဖြစ်ပေသည်။
"သူဋေး မနေ့ ညနေတုန်းက ကျွန်တော်တို့ရဲ့ ရန်ပုံငွေ အားလုံးကို ဈေးကွက်ထဲ ထည့်သွင်းထားပြီးပါပြီ.. အခုအချိန်အထိ ပဲပုပ်ဈေး ၃၂၅၂ ဖြစ်နေပြီး အကြမ်းဖျင်း အမြတ်ငွေ ယွမ် ၂ ဘီလီယံဝန်းကျင်လောက် ရှိနေပါတယ်.."
အဖွဲ့ ၁ ရဲ့ ခေါင်းဆောင် ဖိန့်ကျန့် က ပထမဆုံး ဖြေလိုက်သည်။သူက ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်တဲ့ စရိုက်ရှိသူဖြစ်ပေမယ့် ဒီပမာဏကို ပြောပြတဲ့အခါ စိတ်လှုပ်ရှားမှုအပြည့်နဲ့ တုန်ယင်နေပေသည်။
ဒီအဖြေကို လင်းဖန်ကြားလိုက်ရတဲ့အခါ သူ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဖြစ်တာကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။
သူက ဆ ၅၀ ရင်းနှီးမူကိုသာ သုံးခဲ့မိတဲ့အတွက် အနည်းငယ် နောင်တရနေမိသည်။၁၀၀ ဆ ဒါမှမဟုတ် ၂၀၀ ဆ ရင်းနှီးမူကိုသာ သုံးခဲ့မယ်ဆိုရင် ဒီမနက်ခင်းက အမှန်တကယ်ပဲ အကြီးမားဆုံး အောင်ပွဲခံရက် ဖြစ်လာမှာပဲလို့ တွေးနေမိ၏။
ဒါပေမဲ့ လင်းဖန် ဒီလိုပဲ စဉ်းစားကြည့်တာဖြစ်ပြီး သူ လိုချင်တိုင်း မြင့်မားတဲ့ ရင်းနှီးမူကို သုံးလို့ မရပေ။ သူ့မှာ သက်ဆိုင်ရာ အစီအမံတွေ ရှိနေရင်တောင်မှပေါ့။ဘဏ်က အာမခံငွေရဲ့ ၁၀၀ ဆကို ချေးပေးနိုင်ပေမယ့်လည်း ဈေးကွက် လက်ခံနိုင်မှု၊ နိုင်ငံခြားငွေလဲလှယ်ရေးဘဏ်ရဲ့ ခံနိုင်ရည်ရှိမှု၊ရန်ပုံငွေ ပမာဏ အရမ်းကြီးမားပါက လုံခြုံစွာ ထွက်ခွာနိုင်မှု စတဲ့ အချက်ပေါင်းစုံကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်နေပေသည်။
ဖိန့်ကျန်းက အစီရင်ခံပြီးသွားတော့ အဖွဲ့ ၂ ရဲ့ ခေါင်းဆောင် ချန်ယန်က ချက်ချင်း မေးလိုက်၏။
"သူဋေး ပဲပုပ်ဈေးကွက်က အခု ဒီလောက်ကောင်းနေတာ..ကျွန်တော်တို့ ရင်းနှီးငွေ ထပ်တိုးပြီး ဆက်ဝယ်သင့်ပါသလား"
အဖွဲ့ ၃ ခေါင်းဆောင် ရူတုန်းလိုင်နဲ့ အဖွဲ့ ၄ ခေါင်းဆောင် ယန်မင်တို့က ဘေးမှာ မတ်တပ်ရပ်နေကြသည်။သူတို့က တစ်ခွန်းမှ မပြောပေမယ့် အတွင်းစိတ်ထဲမှ စိတ်လူပ်ရှားမူတွေက မျက်နှာပေါ်တွင် ထင်ဟပ်နေ၏။လက်ရှိ ပဲပုပ်ဈေးကွက်က အမေရိကန်ရဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပုပ်တွေကြောင့် လစ်ဟာမှုတွေက ထင်ထားတာထက် အများကြီး ပိုများနေသည်။ဒါကြောင့် ပဲပုပ်ရဲ့ နိုင်ငံ တကာ ဝယ်လိုအား ပြည့်မီမှု မရှိမချင်း ဈေးနှုန်းတွေက ကျဆင်းမှာ မဟုတ်တော့ပေ။
ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံက အမေရိကန်ပြီးရင် ဒုတိယအကြီးဆုံး ပဲပုပ်တင်ပို့သူဖြစ်တာကြောင့် ပြည်ပ ဝယ်လိုအားက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေ၏။ ဝယ်လိုအားနဲ့ ထောက်ပံ့တာ မမျှတမူ တို့ကြောင့် ပဲပုပ်ဈေးနှုန်းက အကန့်အသတ်မရှိ ဆက်လက် မြင့်တက်နေဦးမှာ ဖြစ်ပေသည်။
ဒါကြောင့် ဒီလူတွေက ရင်းနှီးငွေ ထပ်တိုးပြီး ဆက်ဝယ်ချင်နေကြတာ မဆန်းပေ။
လင်းဖန်က ပြတ်သားတဲ့ အကြည့်တွေနဲ့ ခပ်ပြတ် ပြတ်ပြောလိုက်သည်။
"မလိုဘူး.. အခုအတိုင်းပဲ ထားပြီး အကုန် ရောင်းထုတ်လိုက်..."
အခု သူတို့ ကိုင်ထားတဲ့ ပဲပုပ်ပမာဏက ယွမ်ငွေ ၂ ဘီလီယံအထိ တက်လာတာက အရမ်းကို ထင်ရှားနေပေသည်။ ဆက်ပြီး ရင်းနှီးငွေ ထပ်တိုးရင် လူအများရဲ့ ပစ်မှတ် ဖြစ်လာမှာ သေချာ၏။
လင်းဖန် သူ့ရဲ့ အတောင်ပံတွေ မပြည့်မချင်း သူ က တခြားလူတွေရဲ့ ပစ်မှတ် အဖြစ်မခံချင်ပေ။
"ဟုတ်ကဲ့ပါ..သူဋေး "
မားကျိန့် နဲ့ အခြားလူတွေက စိတ်မပါ့တပါ ဖြစ်နေပေမယ့် ခေါင်းငုံ့ပြီး သဘောတူလိုက်ကြသည်။
နောက်ရက်အနည်းငယ်မှာ ပဲပုပ်ဈေးနှုန်းက ၄,၉၀၀ အထိ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး ၅,၀၀၀ ကျော်ဖို့ အလားအလာပါ ရှိနေခဲ့သည်။ ဒီစျေးနူန်းကြောင့် တစ်နိုင်ငံလုံးက အံ့အားသင့်ကာ ထိတ်လန့်ခဲ့ရ၏။
ပဲပုပ်ဈေးကွက်က ဒီလောက်ထိ အရူးအမူးဖြစ်လာမယ်လို့ ဘယ်သူမှ စိတ်ကူးမယဉ်ခဲ့ကြပေ။
သုံးရက်အတွင်းမှာပဲ လင်းဖန်က ယွမ်ငွေ ၄၀ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ အမြတ် ရရှိခဲ့သည်။
သို့ပေမဲ့ ဒီအချိန်မှာ သူက အောင်မြင်နေတဲ့ သူဋေးတစ်ယောက်လို မဟုတ်ဘဲ အားလပ်ရက်တွင် အပန်းဖြေနေတဲ့ လူတစ်ယောက်လို ဗီလာထဲမှာ ထိုင်ပြီး LOL (League of Legends) ကစားနေခဲ့သည်။
"ဓားသခင်..တောထဲက နွားခေါင်းကို တိုက်လိုက်.."
"ဟေ့ကောင်ဓားကြီး..မင်း..မင်း.. ရန်သူက လွှတ်လိုက်တဲ့ သူလျှိုလားကွ..မင်းက အဖွဲ့ စဖို့ အစပြုရာမှာ အတက်ကြွဆုံးပဲ.. ဒါပေမဲ့ မင်းရဲ့ ကြီးမားတဲ့ လှုပ်ရှားမှုတိုင်းက လွဲချော်နေတာပဲ"
"ဟေ့ရောင်..ငါလူးပဲ.."
မျက်နှာပြင်ပေါ်မှ "ရှုံးနိမ့်ခြင်း" ဆိုတဲ့ စာသားကို ကြည့်ပြီး လင်းဖန် ဒေါသထွက်လုနီးပါး ဖြစ်နေသည်။
သူက ဆယ်ပွဲဆက် ကစားခဲ့ပေမယ့် တစ်ပွဲမှ မနိုင်ခဲ့ပေ။ဒါတွေအားလုံးက ထောင်ချောက်တွေပဲ။
" ဒီစုတ်ပြတ်သတ်နေတဲ့ ဂိမ်းကို ငါ ဖျက်ပစ်ချင်နေပြီ.."
"သူဋေး ဝမ်ချောင် ဖုန်းခေါ်နေပါတယ်.."
ဒီအချိန်မှာပဲ လှုပ်ရှားသံကို လင်းဖန် ကြားလိုက်ရပြီး မိုရှင်းယာက ဒေါက်မြင့်ဖိနပ်နဲ့ ခပ်မြန်မြန် လှမ်းလာပြီး ဖုန်းကို သူ့ဆီ ကမ်းပေးလိုက်သည်။
လင်းဖန် ဖုန်းကို ကိုင်လိုက်ကာ ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်၏။
"ဟေး..ညီလေးဝမ်..ဘယ်လို မွှေးကြိုင်တဲ့ လေညင်းတွေ တိုက်ခတ်လာတာလဲ..ဘာကိစ္စလဲ..ပျော်စရာကောင်းတဲ့ ကိစ္စရှိလို့လား.."
"ဟားဟား လင်းညီလေးက ချမ်းသာနေမှန်း သိလို့လေ..ချမ်းသာသူတွေကို စိန်မခေါ်ချင်ဘူးလား..မနက်ဖန် မြို့တောင်ဘက်မှာ ကားပြိုင်ပွဲ ရှိတယ်..မင်း လာမှာလား.."
ဝမ်ချောင်ကလည်း ပျော်ရွှင်စွာ နေတတ်သူမို့ နောက်ပြောင်စကားတွေ ပြန်ပြောလိုက်သည်။
လင်းဖန် ပြုံးကာ ပြန်ဖြေလိုက်၏။
"ကောင်းပြီလေ.. ညီလေးက ဖိတ်တော့လဲ ငါ သေချာ ပေါက် လာပြီး အားပေးရမှာပေါ့... "
ဝမ်ချောင်က ဆက်မနောက်တော့ပဲ We Chat ကနေ တည်နေရာကို တိုက်ရိုက် ပို့ပေးလိုက်သည်။ဝမ်ချောင် ပို့လိုက်တဲ့ ကားပြိုင်ပွဲတည်နေရာက ကျင်းလင်မြို့မှာရှိတဲ့ လင်းဖန်နေထိုင်သည့် ထိပ်တန်း ဗီလာဧရိယာ သုံးနေရာထဲမှ တစ်နေရာမှာပဲ ဖြစ်နေသည်။
Note. - ဝမ်ခေါင် ကို ဝမ်ချောင်လို့ ပြောင်းလဲ။
.....................................................