← Chapters

စိတ်ဝိညာဉ်ဧကရာဇ် လွတ်မြောက်လာခြင်း

Vol. 42 Ch. 411

စိတ်ဝိညာဉ်ဧကရာဇ် လွတ်မြောက်လာခြင်း

Vol. 42 Ch. 411

"ဂိုဏ်းရဲ့ရတနာ ခိုးယူခံလိုက်ရပါပြီ၊ ဒါ့ကြောင့် တပည့်အနေနဲ့နောက်ထပ် ရှင်းလင်းရေးတစ်ခု လုပ်ဆောင်ချင်ပါတယ်။ အကယ်၍ ဘိုးဘေးသာ ဒီလှုပ်ရှားမှုကို သဘောမတူရင်၊ တပည့်ရဲ့ဝေခွဲမရဖြစ်မှုတွေကိုပြေပျောက်စေဖို့ အမိန့်ပြန်တမ်းတစ်ခုလောက် ပေးသနားတော်မူပါ။"

အမွှေးတိုင် သုံးတိုင်ကုန်ဆုံးသည်အထိ တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့သော်လည်း မြင့်မားသောကျောက်ရုပ်တုကြီးထံမှ မည်သည့်တုံ့ပြန်မှုမျှမရှိပေ။

ခွေးအိုကြီးက ရှေ့ခြေထောက်ကို ရိုသေစွာမြှောက်လိုက်၏။ "ဘိုးဘေး သဘောတူပြီဖြစ်တဲ့အတွက် တပည့်အမိန့်နာခံပါ့မယ်။"

အပေါ်သို့ တလူလူတက်နေသော အပြာရောင်မီးခိုးငွေ့များကြားတွင် ဖြူဖျော့ဖျော့မျက်နှာတစ်ခု လင်းလက်သွား၏။

ထိုလူမှာဘိုးဘေးရုပ်တုကြီးပေါ်တွင် ချိတ်ဆွဲခံထားရခြင်း ဖြစ်သည်။

နုနယ်သောလူငယ်လေးသည် သာမန်လူများနှင့် မခြားနားသော်လည်း သူ၏မျက်လုံးနှစ်လုံးမှာမူ မီးတောက်ကဲ့သို့ပုံသဏ္ဌာန်ရှိပြီး အနီရောင်သစ်စေးများဖြင့် ကွပ်ထားသကဲ့သို့ပင်။

သူသည် ကိုယ်လုံးတီးဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး သင်္ကေတများဖုံးလွှမ်းနေသော သစ်သားမှိုကြီးများဖြင့် ဖောက်ထွင်းခံထားရသည်။ သူ့သွေးများ ကုန်စင်သွားပြီဖြစ်ပုံရပြီး ဒဏ်ရာများဘေးတွင် ခြောက်သွေ့နေသော အသားစများသာ ကျန်ရှိတော့သည်။

သူ့အရေပြားမှာ နှစ်ပေါင်းများစွာနေရောင်မရခဲ့သကဲ့သို့ ဖျားနာနေသည့်ဖြူဖျော့ရောင် ဖြစ်နေသည်။

"..."

ရှန်းဖုန်း နတ်ဆိုးဧကရာဇ်မှာ မတတ်သာဘဲ တုန်လှုပ်သွားရ၏။ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးဖြစ်သည့် ပထမဂူ၏နတ်ဆိုးဧကရာဇ်မှာ ဤနေရာတွင် တစ်ချိန်လုံး ချိတ်ဆွဲခံထားရသည်ဟု မည်သူ ထင်မိပါမည်နည်း။

"တပည့်က ပင်မခန်းမကိုစောင့်ကြပ်ရပါအုံးမယ်။ ဒီနေ့တော့ ဒီနတ်ဆိုးကိုပဲလွှတ်ပေးနိုင်ပါတော့မယ်။ ဘိုးဘေး ခွင့်လွှတ်ပေးဖို့ ဆုတောင်းပါတယ်။"

ခွေးအိုကြီး၏လေးနက်မှုကို ကြည့်ပြီးနောက်၊

နောက်ဆုံးတွင် နုနယ်သောလူငယ်လေးသည် သူ့ဖီးနစ်မျက်လုံးများကို ဖွင့်လိုက်ပြီး အသံအက်အက်ဖြင့် ပြောလိုက်၏။ "ငါ နည်းနည်းပျို့ချင်လာပြီ၊ ခင်ဗျား နည်းနည်းလောက်လေသံလျှော့ပေးနိုင်မလား"

စကားပြောရင်း သူ့နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သရော်သည့် အရိပ်အယောင်တစ်ခု ဖြင့် "ဆေးပင်တွေနဲ့ ဖန်တီးထားတဲ့ ခင်ဗျားလို တံခါးစောင့်ခွေးက ငါ့ရဲ့ပြိုင်ဘက်ကင်း ပါရမီကို ကြောက်ရွံ့တာ သဘာဝပါပဲ။"

"မကောင်းဆိုးဝါးကောင်၊ မင်းရဲ့ ဆုလာဘ်ကို ယူလိုက်တော့။"

ခွေးအိုကြီးက မကြားချင်ယောင်ဆောင်လိုက်ပြီး စကားပြောလိုက်သည်နှင့် လူငယ်လေး၏ ခန္ဓာကိုယ်မှသစ်သားမှိုများ ရုတ်တရက် ကွာကျသွားသည်။

တစ်ဖက်လူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို ၎င်းဂရုမစိုက်သလို ကြည့်နေလိုက်၏။

ခြေသည်းဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ငွေရောင်သံချပ်ကာများတပ်ဆင်ထားသော နှင်းကဲ့သို့ ဖြူဖွေးသည့် ဝတ်ရုံတစ်ထည်သည် နောက်ဘက်ခန်းမမှ လွင့်ပျံလာပြီးလူငယ်လေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ထို့နောက် ဓားတိုနှစ်ချောင်း ရောက်လာ၏။

တောက်ပသော အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်လာပြီး လူငယ်လေး၏လက်ဝါးထဲသို့ တိုးဝင်သွားသည်။

"တိရစ္ဆာန်ကောင်၊အကြွင်းအကျန်တွေကို သုတ်သင်ပြီး ငါတို့ နန်ယန်ဂိုဏ်းရဲ့ ရတနာတွေကို ပြန်ယူဖို့ ဘိုးဘေးရဲ့အမိန့်ကို လက်မခံသေးဘူးလား"

"ဟဲ... ဟဲ..."

စိတ်ဝိညာဉ်ဧကရာဇ်သည် ရုန်းကန်ထရပ်လိုက်ပြီး အသက်ရှူမဝဘဲ ရယ်မောလိုက်၏။

သူ့လက်ထဲမှ ဓားတိုနှစ်ချောင်းကို မြှောက်လိုက်ရာ သူ့အနီရောင်ဖီးနစ်မျက်လုံးများထဲမှ အစစ်အမှန် မီးတောက် တစ်စစကြီးထွားလာသည်။

သတ္တုချင်းရိုက်ခတ်သံ ကြည်လင်စွာ ပဲ့တင်ထပ်သွား၏။

သူ့ခြေလှမ်းများနှင့်အတူ ငွေရောင်သံချပ်ကာများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် နေရာတကျဖြစ်သွားပြီး ဖြူဖွေးသန့်စင်သော ဝတ်ရုံစသည် အနည်းငယ် လွင့်ပျံသွားသည်။

"ခင်ဗျား နောင်တရလိမ့်မယ်။"

လူငယ်လေးသည် လှောင်ပြောင်ရယ်မောလျက် ခန်းမထဲမှ ထွက်လာပြီး ရှန်းဖုန်း၏လည်ပင်းကို ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်သည်။ "မတွေ့တာကြာပြီနော်၊ ငါ့ကို လွမ်းနေလား"

"သင့်ရဲ့ကျွန်က နတ်ဆိုးဧကရာဇ်ကို အမြဲတမ်း လွမ်းဆွတ်နေခဲ့တာပါ။"

ရှန်းဖုန်း စကားမဆုံးခင်မှာပင် လွင့်ထွက်သွားပြီး ကျောက်လှေကားထစ်များပေါ်မှ လိမ့်ဆင်းသွား၏။

တစ်ဖက်လူမှာ ပြန်ကောင်းလာဖို့ အဝေးကြီး လိုသေးပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရန် အာဟာရများစွာလိုအပ်နေသော်လည်း သူ ပြန်မခုခံရဲပေ။ ၎င်းမှာ နတ်ဆိုးများအကြားတွင် ရှိနေသော သွေးမျိုးဆက်ဖိနှိပ်မှုပင်။

"ဒါဆို ဘာစောင့်နေသေးတာလဲ"

စိတ်ဝိညာဉ်ဧကရာဇ်၏မျက်နှာထားမှာ အေးစက်နေသည်။ "ငါ့ကို နတ်ဆိုးတစ်ထောင်ဂူထဲကနေ ကိုယ်တိုင် ထွက်သွားစေချင်လို့လား"

ရှန်းဖုန်း၏ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် တုန်ယင်သွားပြီး မျက်လုံးမပါသောကြမ်းကြုတ်သည့် သားရဲကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ လူငယ်လေး သူ့ကျောပေါ်တက်လာမည့်အချိန်ကို ဝပ်တွားစောင့်ဆိုင်းနေသည်။

"ဒီလာခဲ့။"

စိတ်ဝိညာဉ်ဧကရာဇ်က ဘေးဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

မဟာဦးချိုနတ်ဆိုးဧကရာဇ် သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ ခွေးအိုကြီးသည် အဘယ်ကြောင့် ယခုလိုကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါအား ရုတ်တရက်လွှတ်ပေးလိုက်သည်ကို သူသိပ်နားမလည်ပေ။

သို့သော်လည်း ၎င်းသည် တစ်ဖက်လူ၏ရင်ခွင်ထဲသို့ လိမ်လိမ်မာမာတိုးဝင်လိုက်ပြီး သူ့သဘောအတိုင်း လုပ်ခွင့်ပြုလိုက်၏။

"ခင်ဗျားတကယ်အိုနေပြီပဲ၊ ခွေးသေကောင်ကြီးရေ။"

လူငယ်လေးသည် စူးရှသော ရယ်သံဖြင့် အားပါးတရရယ်မောလိုက်ပြီး ရှန်းဖုန်းအပေါ်သို့ တက်ကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားလေ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်ဖက်လူသည် ပါရမီကြောင့် ကန့်သတ်ခံထားရသော်လည်း အနည်းဆုံးတော့ စွမ်းအားကြီးပြီးရက်စက်ကြမ်းကြုတ်ခဲ့သည်။

အယခုတော့ သူ ကိုယ်တိုင်ပင် မလှုပ်ရှားရဲတော့ဘဲ ဝူထုံတောင်၏လူများ ကျူးကျော်လာမည့် အန္တရာယ်ကို ကာကွယ်ရန် ဤခန်းမကြီးကိုသာ အသည်းအသန်စောင့်ကြပ်နေရ၏။

မင်းဒီလောက် မရက်စက်ရင်တော့ ခွေးအဖြစ်နဲ့ပဲ ဆက်နေလိုက်တော့။

...

မဟာချန်၏မင်းဆက်မြို့တော်ရှိ သိုင်းဘုံကျောင်း အတွင်း၌ပေ ၃၀ နီးပါး မြင့်မားသော ဓမ္မကိုယ်ထည်ကြီးတစ်ခုသည် ခန်းမကြီးဘေးတွင် ထိုင်နေပြီး ၎င်း၏ နက်မှောင်သော ရွှေရောင်အလင်းတန်းများက အာရုံကို ဖမ်းစားထားသည်။

၎င်းသည် သံချပ်ကာအကယ်ဒမီကို တိတ်တဆိတ် စောင့်ကြည့်နေ၏။

ဤရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လွန်ခဲ့သော ဆယ်ရက်ခန့်က ပြန်ရောက်လာခြင်း ဖြစ်သည်။

အစပထမတွင် ၎င်းသည် မင်းဆက်မြို့တော်ရှိ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့ပေ၏။

ထိုကဲ့သို့ အသက်ဝင်သော ရွှေရောင်ခန္ဓာကိုယ်မျိုးသည် မဟာချန်တွင် မရှိမဟုတ်ရှိသော်လည်း ဤမျှမြင့်မားကြီးမားပြီး ထင်ရှားပေါ်လွင်စွာ တည်ရှိနေသည်မှာ ဤတစ်ခုတည်းသာ ရှိလေသည်။

သို့သော် မကြာမီမှာပင် သိုင်းဘုံကျောင်းရှိ စစ်မှန်သောရာထူးနေရာရှိသူ အားလုံးနီးပါး တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားကြသည်။

ရွှေရောင်ခန္ဓာကိုယ်ကြီးက တစ်စုံတစ်ခုကို ကာကွယ်နေသည်မှာ အလွန်သိသာထင်ရှားနေ၏။

၎င်းအများအပြားသည် အလွန်မြင့်မြတ်သော နာမည်တစ်ခုကို ပြန်လည် သတိရလာကြသည်။

တစ်ချိန်တည်းမှာပင် သိုင်းဘုံကျောင်းသည် ရှားရှားပါးပါးအနေဖြင့် ၎င်းတို့အသစ်တည်ဆောက်ထားသော မဟာအစီအရင်ကို စတင်လိုက်ပြီး ဖျော့တော့သော အပြာရောင်အလင်းတန်းအကာအကွယ်ဖြင့် ဧကရာဇ်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။

သိုင်းဘုံကျောင်းမှ နေရာအနှံ့အပြားတွင် ပြင်ဆင်ထားသော လက်အောက်ခံဝင်းများ၌လူများ တဖြည်းဖြည်း ပြည့်နှက်လာကြသည်။

ချင်ကျိုး၏ အနေအထားနှင့်ဆိုလျှင် ထိုသတင်းမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

သို့သော် ပြီးခဲ့သည့်အကြိမ်က သခင်ကြီးချန်ချမ်ခွင်းသည် ချန်ကျိကို လာရှာခဲ့ပြီး ဝမ်အိမ်တော်တွင် ဖြစ်ပွားခဲ့သော ကမောက်ကမဖြစ်ရပ်များအပြီးတွင်၊ ချန်ကျိ နေရာဒေသနှင့် မရင်းနှီးသည်ကို ထည့်သွင်းစဉ်းစားကာ အချိန်အနည်းငယ်ကြာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

သူ့စိတ်ထဲတွင် ဝေဝါးသော ထင်ကြေးတစ်ခု ဖြစ်ပေါ်လာပြီးနောက်၊သူသည် ထိုသတင်းစကားကို ယုံကြည်ရဆုံးသော လူအနည်းငယ်ထံသို့ ပေးပို့ခဲ့၏။

"သူ ဒီမှာလား"

သခင်ကြီးချန်က အပြင်ဘက်မှ ဝင်းထဲသို့ အလျင်စလိုဝင်လာသော ပုံရိပ်အချို့ကို ကြည့်လိုက်သည်။

သူတို့ကို ကြိုဆိုရန် သူစိုးရိမ်တကြီး ထရပ်လိုက်၏။

"သူ ဘာဖြစ်လို့လဲ၊သူ တကယ် ဒုက္ခရောက်နေတာတော့ မဟုတ်ပါဘူးနော်"

ယိုလုံထောင်သည် ဝင်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာပြီး အလွန်သတိထားနေသဖြင့် ရှန်းယီ၏ နာမည်ကိုပင် မပြောရဲပေ။

ဖန်းဟန်က စိုးရိမ်တကြီးဖြင့် နောက်မှလိုက်ပါလာပြီး လင်းပိုင်ဝေ့ကမူ နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ မျက်နှာမှာ ပို၍ဖြူဖျော့နေသည်။

"ငါ မသိဘူး။"

ချန်ချမ်ခွင်းသည် သိုင်းဘုံကျောင်း၏ ကိစ္စရပ်များတွင် ဝင်ပါရန် အရည်အချင်းမပြည့်မီပေ။ ရုတ်တရက် တင်းမာလာသော အခြေအနေအရ သူ ထိုမျှသာ ကောက်ချက်ချနိုင်ခြင်း ဖြစ်သည်။

"ဒါက... အမွေခံမင်းသား ချန်ကျိပါ၊ ဒီတစ်ယောက်က မင်းသမီး ကျင်းယွီပါ။"

လူအိုကြီးသည် လူအုပ်ကို အတွင်းသို့ ခေါ်ဆောင်သွားပြီး ယိုလုံထောင်အနေအထိုင် မတတ်ဘဲ စကားပြောမိမည်ကို စိုးရိမ်သဖြင့် ကြိုတင်၍ အမြန် မိတ်ဆက်ပေးလိုက်၏။

"ချန်ကျိက စစ်သူကြီးကို ဂါရဝပြုပါတယ်။"

ခမ်းနားထည်ဝါသော ဝတ်စုံဝတ် လူငယ်လေးသည် သူ့ညီမနှင့်အတူ ကြိုတင်၍ အရိုအသေဂါရဝပြုခြင်းကို ပြုလုပ်ပြီး ဖြစ်သည်။

"အဲဒါ မလိုပါဘူး။"

ယိုလုံထောင်က သူတို့ကို အလျင်အမြန် တွဲထူလိုက်ပြီး ခါးသက်သက်အပြုံးဖြင့် ပြောလိုက်၏။ "ဒီလိုအချိန်မျိုးမှာ ဒီလိုယဉ်ကျေးမှုတွေ လုပ်မနေပါနဲ့တော့။ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ၊ ဘယ်လို စုံစမ်းရမလဲ၊ ခင်ဗျားကြီးက ကျုပ်တို့ကိုစိတ်ပူပြီး သေအောင် လုပ်ဖို့ရည်ရွယ်နေတာတော့ မဟုတ်ပါဘူးနော်။"

"စုံစမ်းရမယ်"

ချန်ချမ်ခွင်းက အကြံတစ်ခု ရသွားပုံရပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ငါ့မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့ အဲဒါက မင်းတို့ အခု ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် မူတည်တယ်။"

"မြန်မြန် ပြောစမ်းပါဗျာ။" ယိုလုံထောင်က စိတ်မြန်လက်မြန်ဖြင့် တိုက်တွန်းလိုက်ရာ မေးရိုးများပင် နာကျင်လာ၏။

"မင်းတို့ရဲ့ဂျူနီယာညီမလေး... ဒီဝင်းထဲမှာ ရှိနေတယ်... ဒါပေမဲ့ သူက အခု သာမန်လူမဟုတ်တော့ဘူး၊ သူက ဝူထုံတောင်ရဲ့ ၁၃ ယောက်မြောက် တပည့် ဖြစ်နေပြီ။"

ချန်ချမ်ခွင်းသည် လူတိုင်းကို အခြားဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

သူတို့ အနီးကပ်မရောက်မီမှာပင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ဝင်ပေါက်ကို မှီလျက်မျက်မှောင်ကြုတ်ကာ လက်ချောင်းထိပ်များကြားတွင် ရွှေရောင်ကြိုးမျှင်တစ်ခုဖြင့် ကစားနေသည်ကို တွေ့လိုက်ရသည်။

သူ့ဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် အခြားသူများကို အသက်ရှူရ ခက်ခဲစေ၏။

ထို့အပြင် ထိုအေးစက်ပြီး သီးခြားဆန်သောမျက်နှာထားဖြင့် သူစိမ်းများကို တားဆီးထားသကဲ့သို့သော ကြိုဆိုခြင်းမရှိသည့် အငွေ့အသက်တစ်ခု ရှိနေသည်။

"ဒါက ဝူထုံတောင်က စီနီယာထုံပါ။" ချန်ချမ်ခွင်းသည် အသက်အရွယ်ကြီးရင့်သူပီပီ သတင်းရယူရန် လှည့်ကွက်အချို့ကို သိရှိထားသည်။

သူတို့၏တိုးတိုးတိတ်တိတ် ပြောဆိုသံများသည် ထုံရှင်းချွမ်း၏ နားထဲတွင် မောင်းသံများကဲ့သို့ ကျယ်လောင်နေသည်။

သူသည် မျက်လုံးထဲရှိစိတ်မရှည်မှုများကို ထိန်းချုပ်လိုက်ပြီး သူတို့ကို မနှစ်မြို့စွာ ကြည့်လိုက်၏။

သူခိုးလိုလို ဘာလိုလိုနဲ့၊ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ။

ယိုလုံထောင်သည် ထိုအကြည့်က သူ့အပေါ် ကျရောက်လာချိန်တွင် ကျောက်ရုပ်လိုဖြစ်သွားပြီး မည်မျှကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်အဆင့်ကို ရင်ဆိုင်နေရမှန်း လုံးဝ သတိမထားမိပေ။

သူ့နောက်မှ အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေးငယ်ကသာ ရှေ့သို့ အမြန်တိုးကာ ရိုသေစွာ ပြောလိုက်၏။ "ချင်ကျိုးက နတ်ဆိုးဖမ်းစီးသူ လင်းပိုင်ဝေ့က စီနီယာထုံကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မတို့ စီနီယာကျန်း... အဲ... စီနီယာကို လာရှာတာပါ။"

"သူ ဒီမှာ မရှိဘူး။"

ထုံရှင်းချွမ်၏ ဂရုမစိုက်သော အဖြေကို ကြားလိုက်ရတော့ ချန်ချမ်ခွင်း အနည်းငယ်လက်လျော့လိုက်ပြီး ခေါင်းငိုက်စိုက်ချလိုက်၏။

သူတို့နှင့် ရှန်းယီကြား ကွာဟချက်မှာ အလွန် ကြီးမားသွားပြီဖြစ်ရာ သူ့သတင်းကို ရယူရန်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှသည်။

သခင်ကြီးချန် မမျှော်လင့်ထားသည့်အရာမှာ၊

ထုံရှင်းချွမ်သည် လက်ချောင်းများကြားမှ ရွှေရောင်ကြိုးမျှင်ကို သိမ်းလိုက်ပြီး ကိုယ်ကို မတ်လိုက်ကာ ခေါင်းကို အနည်းငယ်စောင်းလျက် ပြောလိုက်ခြင်း ဖြစ်သည်။ "ငါ့နောက် လိုက်ခဲ့။"

ချင်ကျိုးကနေဒီနေရာ ဒီလိုအချိန်မျိုးမှာ ဂျူနီယာကျန်းကို လာရှာတယ်ဆိုတာ...ဒါက ရှန်းယီကို ရှာဖွေဖို့ဆိုတာ ထင်ရှားနေတာပဲ။

All Chapters