← Chapters

မဟာချန်၏ပြောင်းလဲမှုများ

Vol. 42 Ch. 412

မဟာချန်၏ပြောင်းလဲမှုများ

Vol. 42 Ch. 412

ချင်ကျိုးဒေသရှိ လူများအတွက် ဝူထုံတောင်မှ တပည့်များသည် ဒဏ္ဍာရီလာ နတ်ဘုရားများနှင့် တူပေသည်။

ယခုအချိန်တွင် စီနီယာထုံကိုယ်တိုင်က လမ်းပြပေးမည်ဟု ကမ်းလှမ်းလာသည်။

ယိုလုံထောင်သည် အံ့အားသင့်နေရာမှ သတိဝင်လာပြီး လူအုပ်ကြီးကိုဦးဆောင်ကာ နောက်မှ ကပ်လိုက်သွားတော့သည်။

ခြံဝင်းအများအပြားကို ဖြတ်ကျော်ပြီးနောက် သိုင်းဘုံကျောင်း၏ (က)ဝင်း အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

ထုံရှင်းချွမ်းသည် စကားတစ်ခွန်းမျှ ပြောစရာမလိုဘဲ လင်းပိုင်ဝေ့သည် လူအုပ်ကြားထဲမှ ထင်ရှားသော ပုံရိပ်အချို့ကို ချက်ချင်းသတိထားမိလိုက်၏။

စုစုပေါင်း လူဆယ်ယောက်မပြည့်သော်လည်း အဖွဲ့အစည်းကွဲပြားမှုမှာ ထင်ရှားလှသည်။

ကြာမြင့်စွာ မတွေ့ခဲ့ရသော စီနီယာအစ်မ ကျန်း သည် ယခင်အတိုင်းပင် တိတ်ဆိတ်စွာဖြင့် ရှေ့ဆုံးတွင် ရပ်နေ၏။ သူမ၏ဘေးတစ်စောင်း အနောက်ဘက်တွင်မူမျက်လုံးအိမ်များကို အဖောက်ထုတ်ခံထားရသော အမျိုးသမီးတစ်ဦး ရှိနေသည်။

အခြားတစ်ဖက်တွင်မူ အဘွားအိုတစ်ဦး၏ ဦးဆောင်မှုအောက်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ရပ်နေကြ၏။

နောက်ဆုံးတွင်မူ သိုင်းဘုံကျောင်း အစောက်အရှောက်ဝတ်စုံများ ဝတ်ဆင်ထားသူအချို့ ရှိနေကြသည်။

ဤလူအုပ်စု၏လေးနက်သော မျက်နှာထားများကို မြင်လိုက်ရသောအခါ လင်းပိုင်ဝေ့၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး မကောင်းသောနိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူမသည် တိတ်တဆိတ် လျှောက်သွားပြီး ထောင့်တစ်နေရာတွင် ဝင်ရပ်လိုက်၏။

"အကြီးအကဲဝူ... အတွင်းထဲကိုဝင်ပြီး အခြေအနေ ဘယ်လိုရှိလဲဆိုတာ မေးပေးလို့ ရမလား။"

ရွှီမိသားစု၏ပဉ္စမမြောက်ဘိုးဘေးသည် စိုးရိမ်ပူပန်စွာဖြင့် လှည့်မေးလိုက်၏။

သူမသည် မိသားစုတစ်ခုလုံးကို ဦးဆောင်ပြီး မဟာချန်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ ဤနေရာသည် သူတို့အတွက် စိမ်းသက်နေပြီးတစ်ခုတည်းသော အားကိုးရာမှာ ရှန်းယီသာလျှင် ဖြစ်သည်။

အကယ်၍ တစ်ဖက်လူသာ တစ်စုံတစ်ရာဖြစ်သွားခဲ့လျှင် ရွှီမိသားစုအတွက် အလွန်ခက်ခဲသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

"မရပါဘူး။ သခင်ကြီးရှန်းက အမိန့်ပေးထားပါတယ်။ဘယ်သူမှ အဆောင်ထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်မရှိပါဘူး။"

ဝူတောက်အန်း သည် မျက်လုံးမလွှဲဘဲ ပြန်ဖြေလိုက်၏။

"ဂျူနီယာညီလေးက ဘယ်တုန်းက အမိန့်ပေးလိုက်တာလဲ။"

သူ့ဘေးတွင် လေပေါ်၌ဝဲနေသော ကျုးကျွယ် က တိုးတိုးလေး မေးလိုက်သည်။

အမှန်တကယ်တွင် သိုင်းဘုံကျောင်းမှ တပည့်များဖြစ်ကြသော သူတို့သည်လည်း ဘာမှရေရေရာရာ မသိကြပေ။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ရုတ်တရက် ပေါ်လာပြီး ဤနေရာကိုစောင့်ကြပ်နေသည်ကိုသာ သိကြသည်။

လေထုက ဤမျှလေးနက်နေရခြင်းမှာ ဝူတောက်အန်း၏အမိန့်များကြောင့်သာ ဖြစ်သည်။ သူသည် နန်းတော်ကို ပိတ်ဆို့ပြီးမဟာအစီအရင်ကို ဖွင့်လှစ်ထားခဲ့၏။

"..."

ဝူတောက်အန်းသည် ကျုးကျွယ်ကို မကျေမနပ် တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။

ရှန်းယီအကြောင်း သူ နားလည်ထားသလောက်ဆိုလျှင် ဂျူနီယာညီလေးသည် ထွက်သွားလျှင်လည်း တိတ်တဆိတ်၊ ပြန်လာလျှင်လည်း တိတ်တဆိတ်ပင် ဖြစ်သည်။

အမွှေးတိုင် ယုံကြည်မှုစွမ်းအားများကိုသာ မလိုအပ်ပါက သူ့သွားလာလှုပ်ရှားမှုကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ယခုကဲ့သို့ ကြီးကြီးကျယ်ကျယ် ဖြစ်နေရခြင်းမှာ ပြဿနာတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။

သူကဲ့သို့ သာမန် သိုင်းဝိဇ္ဇာအဆင့်လောက်နှင့် ဂျူနီယာညီလေးရှန်း၏အရှိန်အဝါကို မယူသုံးဘဲ အခြေအနေကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မည်နည်း။

တခြားအရာတွေ ထားလိုက်ပါ၊ ဝူထုံတောင်၏ ဤလူများကိုကောင်းကင်အောက်တွင် မည်သူက ထိန်းချုပ်နိုင်မည်နည်း။

"..."

ရွှီဝမ်ယွင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော လေထုကို ခံစားရင်း စိတ်ထဲတွင် အတွေးများပေါ်လာသည်။

မဟာချန်၊ ရွှီမိသားစု၊ ဝူထုံတောင်

လုံးဝ မသက်ဆိုင်သော အင်အားစု သုံးခုသည် ခြံဝင်းတစ်ခု၏အပြင်ဘက်တွင် သဟဇာတဖြစ်စွာ အတူရှိနေကြသည်။

မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးထားရသော အမျိုးသမီး၊ ဝူထုံတောင်၏ဆရာတူအစ်မကြီး၊ နတိဘုရားစိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူကြီးသည်ပင် ယခုအချိန်၌ခြံဝင်းအပြင်ဘက်တွင် ရိုးရိုးသားသား ရပ်စောင့်နေပြီး ကျန်းမျိုးနွယ်အမျိုးသမီး၏ နောက်တွင် နေနေရ၏။

သူတို့အားလုံး တစ်ယောက်ထက်တစ်ယောက် လှပနေကြသည်ကိုတော့ ငြင်းမရပေ။

အလှအပအလိုက် နေရာစီထားတာများလား။

ထိုသို့တွေးမိသောအခါ ရွှီဝမ်ယွင်သည် ခဏမျှတုံ့ဆိုင်းနေပြီးမှ ခြေတစ်လှမ်းတိုးလိုက်ရာ ရွှီချင်းအာ၏ သံသယအကြည့်များအောက်တွင် သူမ၏ ရှေ့သို့ အနည်းငယ်ရောက်သွားလေ၏။

"နင်တို့နှစ်ယောက် ငြိမ်ငြိမ်နေစမ်း။"

ရွှီဟုန်တဲ သည် မျက်မှောင်ကြုတ်ကာ ကောင်မလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

ဖခင်တစ်ယောက်အနေဖြင့် ချင်းအာ၏စိတ်ဆန္ဒကို သူ မည်သို့မသိဘဲနေမည်နည်း။ သို့သော်... ဤအနီးအနားတွင် သာမန်လူဟူ၍ တစ်ယောက်မှ မရှိချေ။

ရွှီမိသားစု၏ခေါင်းဆောင် ဖြစ်သော်လည်း သမီးဖြစ်သူအတွက် သူ ဘာမှလုပ်ပေးနိုင်စွမ်း မရှိပေ။

"သတင်း ဘာမှမရသေးဘူးလား။"

မြောင်ချင်းဟွေ့ သည် အဝေးမှလျှောက်လာပြီး ထုံရှင်းချွမ်းကို မျက်စိဖြင့်အထာပြလိုက်၏။ "ငါ သတင်းကြားတာတော့ နတ်ဆိုးတစ်ထောင်ဂူအနီးမှာ ခရမ်းရောင်မိုးကြိုးဓားနန်းတော် ပေါ်လာတာ တွေ့လိုက်ရတယ်တဲ့။"

စီနီယာအစ်ကိုနီ တောင်ပေါ်မှဆင်းသွားပြီးနောက် စီနီယာအစ်မ လင်းရှီတို့ သုံးဦး ပြန်မလာကြသဖြင့် သူတို့အားလုံး မဟာချန်သို့ လိုက်ရှာရန် ထွက်လာခဲ့ကြခြင်းဖြစ်သည်။

သူတို့ သုံးဦးကို တွေ့လိုက်ရချိန်တွင် တစ်ယောက်ထက်တစ်ယောက အခြေအနေဆိုးရွားနေသည်ကို တွေ့လိုက်ရသည်။

အဆိုးရွားဆုံးမှာ ချင်းဖုန်းဖြစ်ပြီး ယခုထိ ကုတင်ပေါ်တွင် သတိမရသေးပေ။

"နင် ဒီမှာစောင့်နေ၊ ငါ စီနီယာအစ်ကိုကို သွားရှာလိုက်မယ်။"

ထုံရှင်းချွမ်း ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားရန် ပြင်လိုက်၏။

ထိုအချိန်မှာပင် ဂြွတ်ခနဲ အသံနက်ကြီးတစ်ခု ကြားလိုက်ရပြီး သစ်သားတံခါးမှာ ကွဲကြေသွားကာ လူရိပ်တစ်ခုသည် လူအများ၏ ရှေ့မှောက်သို့ လွင့်ထွက်လာလေသည်။

ဘုန်းခနဲ မြေကြီးပေါ်တွင် လူးလိမ့်သွားပြီး ထုံရှင်းချွမ်း၏ခြေရင်းတွင် လာရပ်တန့်သွား၏။

"အား..."

သူ၏မယုံနိုင်သော အကြည့်များအောက်တွင်၊

နီကျွင်း သည် သွားကို စေ့ထားရင်းထုံရှင်းချွမ်းကို မော့ကြည့်လိုက်သည်။ "ဘာကြည့်နေတာလဲ။"

ထို့နောက် သူသည်မတ်တပ်ထရပ်ကာ အဝတ်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး အိမ်ထဲသို့လှမ်းအော်လိုက်သည်။ "စောစောကဟာ အရာမဝင်ဘူး။ မင်းက အလစ်တိုက်တာ၊ ပြန်ချမယ်။"

စကားမဆုံးခင်မှာပင် ဓားတစ်ချောင်း ဝူးခနဲ ပျံထွက်လာပြီး နီကျွင်း၏မျက်နှာကို ဖြောင်းခနဲ ရိုက်ချလိုက်၏။

"ထွက်သွားစမ်း။"

ထိုစကားသံနှင့်အတူ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု တံခါးပေါက်မှထွက်လာလေသည်။

ရှုပ်ပွနေသော ဆံနွယ်များအောက်တွင် ရှန်းယီ၏ ဖြူဖွေးသန့်ရှင်းသော မျက်နှာနှင့် တောက်ပသော မျက်လုံးများကို တွေ့ရပြီး ဒဏ်ရာရထားသည့် ပုံစံ လုံးဝမရှိချေ။

တစ်ဖက်လူက သူ့ကိုရွှေမြှားနုတ်ပေးခဲ့သည်ကို ထောက်ထားပြီး နန်ယန်ဂိုဏ်း၏ ရတနာဆေးလုံးကိုထုတ်ကာ နီကျွင်းကို ကုသပေးခဲ့သည်။

သို့သော် ဤအကောင်က မျက်လုံးပွင့်ပွင့်ချင်း ပထမဆုံးတုံ့ပြန်မှုသည် ဓားဆွဲပြီး ရန်စတာ ဖြစ်နေ၏။

"စီနီယာအစ်ကို..."

မြောင်ချင်းဟွေ့သည် နီကျွင်း မျက်နှာပေါ်မှ ဓားရာကို ကြည့်ပြီး မျက်ခွံများလှုပ်သွားသည်။

သူမ စိတ်ထဲတွင် မျိုးဆက်သစ်များ၏ အထွတ်အထိပ်ဟု သတ်မှတ်ထားသော ဤနှစ်ယောက်သည် မည်သည့်အချိန်ကများ ဤမျှထိ ရင်းနှီးသွားကြသနည်း။

ထို့အတူ အပြင်ကိုလွင့်ထွက်လာသည့်သူက စီနီယာအစ်ကိုနီကျွင်း ဖြစ်နေ၏။

"ဟူး..."

ရင်းနှီးသော မျက်နှာကို မြင်လိုက်ရပြီးနောက် ကျန်းချိုလန်၏တည်ငြိမ်သော မျက်နှာထားသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။ သူမသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်လုံးများ နီရဲလာကာနှာခေါင်းကို ရှုံ့လိုက်၏။

"ဝင်ခဲ့။"

ရှန်းယီသည် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ခြံဝင်းထဲသို့ ပြန်ဝင်သွားသည်။

ရိုးရှင်းသော စကားနှစ်လုံး ဖြစ်သော်လည်း ရှိနေသော လူဆယ်ယောက်ကျော်သည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်မှ လိုက်ဝင်သွားကြသည်။

အရှိန်အဝါကြီးမားသော ထိုပုံရိပ်များကို ကြည့်ရင်း၊ယိုလုံထောင်နှင့် ချန်ချမ်ခွင်းတို့ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ တစ်မျိုးတစ်ဖုံ ရင်းနှီးနေသလို ခံစားရသည်၊ ယခင်က သူတို့ ကိုယ်သူတို့ ပြန်မြင်နေရသလိုပင်။

ရှန်းယီသည် ချင်ကျိုးမှ ထွက်ခွာသွားခဲ့သည်။

သို့သော် သူသည် အလားတူအရာများကို လုပ်ဆောင်နေဆဲပင်။ လူအများ၏ယုံကြည်မှုကို ရရှိထားပြီး အားလုံး၏စိတ်နှလုံးထဲမှ နောက်ဆုံး ခံတပ်စည်း ဖြစ်နေဆဲပင်။

"တောက်..."

နီကျွင်းသည် ဓားကို ဝှေ့ယမ်းလိုက်ပြီး အပြင်ထွက်၍ အသားနှင့် ယအရက် သွားစားချင်စိတ်ကို အောင့်အီးကာ နှုတ်ခမ်းမဲ့ရင်း နောက်မှလိုက်ဝင်သွားလေ၏။

တစ်ခါမှမမြင်ဖူးသော ကျင့်ကြံသူတစ်ယောက်က၊

နတ်ဆိုးနှိမ်နင်းရွှေမြှားစိုက်နေသည့် ဒဏ်ရာကို ကြိတ်မှိတ်ခံနိုင်ပြီး၊ ရှန်းဖုန်းနတ်ဆိုးဧကရာဇ်၏ ရှေ့မှောက်ထိသွားကာ သူ့ကို ကောက်ယူကယ်တင်ခဲ့သည်။

လက်နက်ပင်မပါဘဲ ဒုတိယဂူမှ မဟာနတ်ဆိုးဧကရာဇ်ကို စကားတစ်ခွန်းတည်းဖြင့် မောင်းထုတ်နိုင်ခဲ့သည်။

သူ အမှန်တကယ် ယားကျိကျိ ဖြစ်နေပြီ။

ဤလူကို စိန်ခေါ်ချင်သော ဆန္ဒသည် အစားအသောက်မက်မောမှုထက်ပင် သာလွန်နေ၏။

...

ကျိုးပဲ့နေသောအိမ်တံခါးဝတွင် ရှန်းယီသည် ကြမ်းပြင်ပေါ်၌ ပေါ့ပေါ့ပါးပါးထိုင်လိုက်၏။

အခြားသူများလည်း အားနာမနေတော့ဘဲ ပန်းခင်းဘေး၊ထင်းရှူးပင်အောက် စသည်ဖြင့် နေရာလွတ်များတွင် ဝင်ထိုင်လိုက်ကြရာ ခြံဝင်းတစ်ခုလုံး ပြည့်သွားတော့သည်။

ဤမျှပေါ့ပါးသော လေထုအောက်တွင်၊

ရှန်းယီပြောလိုက်သော စကားတစ်ခွန်းက လူအားလုံးကို ကြောင်အသွားစေသည်။

"နတ်ဆိုးတစ်ထောင်ဂူက ရူးတော့မယ်၊ အားလုံး ပြင်ဆင်ထားကြ။"

ထိုစကားကိုကြားသောအခါ ဝူတောက်အန်းသည် သူ့ဖင်အောက်က ထိုင်ခုံပုလေးကို ငုံ့ကြည့်လိုက်မိသည်။ ယခုလိုကိစ္စမျိုးကို သိုင်းဘုံကျောင်းခန်းမဆောင်ကြီးထဲတွင် ရှန်းယီကပလ္လင်ပေါ်ထိုင်၊ ကျန်သည့်လူများက အောက်တွင်လေးလေးစားစား မတ်တပ်ရပ်ပြီးမှဖြည်းဖြည်းချင်း ဆွေးနွေးရမှာ မဟုတ်လော။

ထို့အတူ နတ်ဆိုးတစ်ထောင်ဂူက မည်ကဲ့သို့ ရူးတော့မည်နည်း။

ထိုအရာက လောက၏ထိပ်တန်း အင်အားစုကြီးမဟုတ်လော၊ မည်သူမှယှဉ်မရနိုင်သော နေရာဖြစ်၏။

ဝူတောက်အန်း တွေးနေစဉ်မှာပင် ဝူထုံတောင်မှ လူအများမတ်တပ်ရပ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ထုံရှင်းချွမ်းက တုန်တုန်ရီရီဖြင့် မေးလိုက်၏။ "သူတို့ ဘယ်လောက် သေသွားလို့လဲ။"

ရှန်းယီ ခဏမျှစဉ်းစားလိုက်ပြီး "အကောင် ၂၀ ကျော်လောက်ပါပဲ၊သေချာတော့ မရေတွက်လိုက်ဘူး" ဟု ဖြေလိုက်သည်။

ဤပေါ့ပေါ့ပါးပါးပြောလိုက်သော စကားသည် ဝူထုံတောင်မှ လူများကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေ၏။

မြောင်ချင်းဟွေ့က ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "နတ်ဆိုးဘုရင်တွေ အပါအဝင်လား။"

ရှန်းယီ ခေါင်းခါလိုက်၏။

နတ်ဆိုးဘုရင်အဆင့်လောက်ကိုတော့ ချင်းဟွာ သတ်တာပိုများပါလိမ့်မည်။ သူ့အနေဖြင့် ထိုအရာများကို လိုက်ရေတွက်ဖို့ အချိန်မရှိပေ။

ထိုထူးဆန်းသော စကားဝိုင်းကို ကြားလိုက်ရသောအခါ၊ရွှီမိသားစု ပဉ္စမဘိုးဘေးသည် တံတွေးမြိုချလိုက်ပြီး ရွှီဟုန်တဲကို ကြောင်ငေးကြည့်နေမိသည်။

"..."

သူတို့ပြောနေတာ နတ်ဆိုးဧကရာဇ်တွေကို ပြောနေတာတော့ မဟုတ်ပါဘူးနော်။

နတ်ဆိုးတစ်ထောင်ဂူမှာ စုစုပေါင်းနတ်ဆိုးဧကရာဇ် ၄၀၊ ၅၀ခန့်သာ ရှိရာ၊ ယခု ချက်ချင်းတစ်ဝက်လောက် သေသွားပြီတဲ့လား။

လင်းရှီသည် ကျန်းချိုလန်အနားသို့ တိုးကပ်သွားပြီး သူမ၏ခန္ဓာကိုယ် တုန်ယင်မှုကို အစွမ်းကုန် ထိန်းချုပ်ထားရသည်။

သူမတို့ ကယ်ထုတ်ခံရစဉ်က ရှန်းယီသည် မဟာနတ်ဆိုးဧကရာဇ် ၅ ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နေခဲ့ရသည်။ ယခု သူ ဤပုံစံဖြင့် ပြန်ရောက်လာပြီး၊ သူမတို့ ပြန်ရောက်သည်နှင့် သိပ်မကွာဘဲ နောက်မှ ရောက်လာခဲ့၏။

ဆိုလိုသည်မှာ... ထို ၂၀ ကျော်ထဲတွင် မဟာနတ်ဆိုးဧကရာဇ် အချို့လည်း ပါဝင်နေသည်ဟူသော သဘောပင်။

နီကျွင်းကို သတ်ဖြတ်ခြင်းနတ်ဘုရားဟု တင်စားကြ၏။

ယခင်က သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်ကို လိုက်လံသတ်ဖြတ်ခဲ့စဉ်က တစ်လောကလုံး ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

ယှဉ်ကြည့်လိုက်လျှင် ရှန်းယီက တိတ်တဆိတ်ဖြင့် တစ်ဝက်လောက်ကို သတ်ဖြတ်ခဲ့ပြီး၊ ယခု သူကိုယ်တိုင် ထုတ်မပြောလျှင် မည်သူမျှ ရိပ်မိမည်ပင် မဟုတ်ချေ။

နတ်ဆိုးတစ်ထောင်ဂူက ရူးရုံတင်မကတော့ပေ။

သူတို့ အသေခံတိုက်ခိုက်တော့မည့် သဘောပင်။

"သခင်ကြီးရှန်း... ကျုပ်တို့ ဘာလုပ်ရမလဲ။"

ထုံရှင်းချွမ်းသည် မည်မျှအန္တရာယ်ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်ရမည်ကို သဘောပေါက်သွားသည်။

ရှန်းယီ ပြောသမျှသာ မှန်ကန်ပါက၊နတ်ဆိုးတစ်ထောင်ဂူသည် ကျင့်ကြံသူများ၏ဂူဗိမာန်များကို ဆက်လက် စောင့်ကြပ်နိုင်စွမ်း မရှိတော့သလို၊ ဂူထဲတွင် ထိုင်ပြီးသေမည့်နေ့ကိုလည်း စောင့်နေမည် မဟုတ်ပေ။

နတ်ဆိုးများ ဂူမှ ထွက်လာပြီး လောကကို ဒုက္ခပေးတော့မည်။တကယ် လာတော့မည်။

ရှန်းယီသည် ရွှီမိသားစုဝင်များကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ "ကျိုကျိုးအစီအရင်ကို ပိုပြီးပြည့်စုံအောင် ဖြည့်စွက်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။"

"အမိန့်အတိုင်းပါ"

ရွှီဟုန်တဲ လက်နှစ်ဖက် ယှက်ကာ ခံယူလိုက်၏။

"စီနီယာအစ်ကိုကျုး၊ ဟွာရှန်းဆေးလုံးတွေ ဝေပြီးပြီလား။" ရှန်းယီက သိုင်းဘုံကျောင်းမှ လူနှစ်ဦးဘက် လှည့်မေးလိုက်သည်။

"ဝေပြီးပါပြီ။ဒါပေမဲ့ သူတို့က အနားယူနေတာ ကြာပြီဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်နေကြတုန်းပဲ။ ဆေးလုံးတစ်လုံးမှ အလဟဿမဖြစ်ရအောင်လို့ပါ။" ကျုးကျွယ် မတ်တပ်ရပ်ပြီး ပြန်ဖြေသည်။

"ကိစ္စမရှိဘူး၊ အရင်စားလိုက်ခိုင်းပါ။"

ရှန်းယီ တိုးတိုးလေး ပြောလိုက်၏။ "မလောက်ရင် ထပ်ရှိသေးတယ်။"

စတုတ္ထဂူ၏ဝိညာဉ်စိုက်ခင်း တစ်ခုလုံးမှ ဆေးပင်များကို ရိတ်သိမ်းလာခဲ့ပြီးနောက် အခြားအရာများကိုအာမမခံနိုင်သော်လည်း ဟွာရှန်းဆေးလုံးကိုတော့ ဗိုက်ဝအောင်ကျွေးနိုင်လေသည်။

အားလုံး မှာကြားပြီးနောက်၊ရှန်းယီသည် မတ်တပ်ရပ်လိုက်ပြီး ဝူထုံတောင်မှ လူများကို ကြည့်လိုက်၏။

နီကျွင်း အပါအဝင် စုစုပေါင်း ၇ ယောက်စလုံး မဟာချန်နန်းတော်ထဲတွင် ရှိနေကြသည်။

"ကျန်တဲ့ စီနီယာအစ်ကို၊ အစ်မတွေကို ကျုပ်ဆက်သွယ်လိုက်ပါ့မယ်။"

ထုံရှင်းချွမ်း မော့ကြည့်လိုက်၏။

ယခင်က သူတို့သည် တောင်အောက်မှ လူများကို ဂရုမစိုက်ခဲ့ကြပေ။ နန်ယန်ဂိုဏ်း၏အခြေအနေကို ပိုသိသောကြောင့် ဖြစ်သည်။

မည်သို့သော နတ်ဆိုးပင် ဖြစ်ပါစေ၊ ဂိုဏ်းအကာအကွယ်အစီအရင် ဖွင့်လိုက်သည်နှင့် ဖြေရှင်းမည့်သူ ရှိပြီးသားပင်။

သူတို့၏တာဝန်မှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံပြီး နတ်ဆိုးတစ်ထောင်ဂူသို့ သွားကာ တာအိုချပ်ပြားထည့်ရန်သာ ဖြစ်သည်။

သို့သော် ယခုတော့၊အခြား ကျင့်ကြံသူများ လက်လှမ်းစရာမလိုဘဲ သူတို့ ဂိုဏ်းသားများဖြင့်ပင် ထိုနတ်ဆိုးများကို ရှင်းလင်းနိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။

"ကျေးဇူးပါ။"

ရှန်းယီ ခေါင်းညိတ်လိုက်၏။

သူ၏လက်ရှိ အင်အားဖြင့် ခွေးအိုကြီး ကိုယ်တိုင် မထွက်လာသရွေ့ မည်သည့် နတ်ဆိုး၏တိုက်ခိုက်မှုကိုမျှကြောက်စရာ မလိုပေ။

သို့သော် မဟာချန်သည် မတူညီပေ။

ဤနေရာတွင် သာမန်ပြည်သူများစွာ ရှိနေပြီး နယ်မြေကျယ်ဝန်းလှသဖြင့် နတ်ဘုရားစိတ်ဝိညာဉ်အထွတ်အထိပ် ကျင့်ကြံသူများပင် အားလုံးကို လွှမ်းခြုံကာကွယ်ပေးရန် မဖြစ်နိုင်ပေ။

အစပိုင်းက အမွှေးတိုင်ယုံကြည်မှုစွမ်းအား အတွက်သာဖြစ်သော်လည်း ယခုအခါ ရှန်းယီသည် မိမိ၏စိတ်ဆန္ဒကို နှိပ်ကွပ်မထားတော့ဘဲ လက်လှမ်းကူညီရန် ဆုံးဖြတ်လိုက်သည်။

သူ့နောက်တွင် ရှိနေသည်မှာ လျိုမိသားစု သားအဖတင် မဟုတ်တော့ဘဲ မရေမတွက်နိုင်သော သာမန်ပြည်သူများ ဖြစ်သည်။

ခွေးတစ်ကောင်ကို ထပ်တားရုံသာ ရှိပေ၏။

မည်သည့်အချိန်တုန်းကမှ ခြေလှမ်းမတန့်ခဲ့သည်မှာ စိတ်နှလုံးရှင်းလင်းအေးချမ်းမှု အတွက်ပင် မဟုတ်လော။

"ကျေးဇူးတင်စရာ မလိုပါဘူး။"

ထုံရှင်းချွမ်းက ရယ်မောလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။ "ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်က ကျုပ်တို့ကိုကာကွယ်ပေးခဲ့တာ တစ်ကြိမ်မကတော့ဘူးလေ။"

ထိုစကားကို ကြားသောအခါ အံ့ဩဆုံးမှာ သိုင်းဘုံကျောင်းမှ လူများပင်။

ဝူတောက်အန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံနိုင်စွာ ကြည့်လိုက်သည်။

"အဲဒီ နတ်ဆိုးဧကရာဇ်က ဂျူနီယာညီလေးရှန်းလား။"

လွန်ခဲ့သော ရက်များက နာမည်ကြီးနေသော နတ်ဆိုးဧကရာဇ် အသစ်သည် မဟာချန်မှ ထွက်သွားသောသူ ဖြစ်နေသည်လော။

ဟား တကယ့် ဂျူနီယာညီလေးရှန်း ပါပေတယ်။ ဘယ်နေရာ ရောက်ရောက် အမြဲတမ်း အတောက်ပဆုံးပါပဲ။နတ်ဆိုးသွားလုပ်ရင်တောင် အကြမ်းဆုံး အဆင့်မှာ ရှိနေတာပဲ။

...

ဝူထုံတောင်မှ တပည့်များက ကျိုကျိုးနယ်မြေကို ကူညီစောင့်ရှောက်ပေးမည်ဟု သိလိုက်ရသောအခါ၊သိုင်းဘုံကျောင်းသည်လည်း အခမ်းအနားဖြင့် ဧည့်ခံပွဲ ကျင်းပပေးလေသည်။

နေရာကို သိုင်းဘုံကျောင်းခန်းမဆောင်ကြီးထဲတွင် ရွေးချယ်လိုက်ခြင်းမှာ ကြောင်တောင်တောင် ဖြစ်နေသော ဘိုးဘေးကြီးလည်း ပါဝင်ခွင့်ရစေရန် ဖြစ်သည်။

ရှန်းယီကတော့ ပွဲမတက်ခဲ့ပေ။

သူ့တွင် ပိုအရေးကြီးသော လုပ်စရာ ရှိသည်။

ခွေးလက်သည်းချက် တစ်ချက်က သူ့ကို ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှင့် သူ၏ ကြားက ကွာခြားချက်ကို သိမြင်စေခဲ့သည်။

တစ်ဖက်လူ ထွက်မလာရဲခြင်းမှာ ကန့်သတ်ချက် တစ်ခုခုကြောင့် မဟုတ်ပေ။

လက်ရှိသတင်းအချက်အလက်များအရ ထိုခွေးအိုကြီးသည် ဝူထုံတောင်မှ လူများလက်ထဲရှိ တာအိုချက်ပြားကို ပိုကြောက်ရွံ့နေပြီး ကျားကိုတောင်ပေါ်မှမျှားခေါ်သည့် အကွက်ထဲ ဝင်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

မိမိအသက်ကို ခွေးတစ်ကောင်၏စိတ်ဒွိဟအပေါ်တွင် မူတည်ထားခြင်းမှာ၊သူ လက်မခံနိုင်သော ကိစ္စဖြစ်သည်။

ခရမ်းရွှေရောင်မီးဖိုငယ်လေးသည် လေထဲတွင် လည်ပတ်နေပြီး ရှန်းယီသည် လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကာ အရောင်မဲ့မီးတောက်များကို မီးဖိုထဲသို့ အဆက်မပြတ် ထည့်သွင်းနေသည်။

ထျန်းဟွမ်ဆေးလုံး

ဤဆေးညွှန်းသည် ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းနတ်ငှက်ပြည့်စုံမှသာလျှင် ဤမျှပြင်းထန်သော ဆေးစွမ်းအင်ကို ခံနိုင်ရည် ရှိမည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အဆင့်နှင့် သက်ဆိုင်သော ဆေးလုံးဖြစ်သည့်အတွက် လိုအပ်သောဆေးပင်များမှာ အလွန် ရှားပါးပြီး အမျိုးအစား များပြားလှသည်။

ရှန်းယီသည် စတုတ္ထဂူတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ၆၀-၇၀ ရာခိုင်နှုန်းခန့်သာ စုဆောင်းနိုင်ခဲ့သည်။

ကံကောင်းသည်မှာ ဝူထုံတောင်တွင် ပစ္စည်းဥစ္စာ ကြွယ်ဝသည်။

ဂိုဏ်းတူမောင်နှမများ စုပေါင်းရှာဖွေပေးမှုကြောင့် မူရင်းဆေးနည်းထဲက ပစ္စည်းများမဟုတ်သော်လည်း အာနိသင် တူညီသော အခြားရတနာများဖြင့် အစားထိုးနိုင်ခဲ့သည်။

နောက်ဆုံး လိုအပ်သည်မှာ ဓာတ်သဘာဝ ကိုက်ညီသော နတ်ဆိုးသွေး ဖြစ်သည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အဆင့် မီးဒြပ်စင်ငှက်နတ်ဆိုးကို အခြားနေရာမပြောနှင့် နန်ယန်ဂိုဏ်း တစ်ခုလုံး ရှာလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ။

ရှန်းယီသည် ဇီဇာကြောင် မနေတော့ပေ။

ဆေးဖက်ဝင်အပင်များကိုပင် အစားထိုးထားပြီးပြီ ဖြစ်ရာ၊ ဤသွေးကိုလည်း ဘဏ္ဍာတိုက်ထဲက ဟွမ်ယွမ်အဆင့် နတ်ဆိုးသွေးတချို့နဲ့ အစားထိုးလိုက်သည်။

ဆေးအာနိသင် လျော့မလျော့ဂရုမစိုက်တော့။

ဆေးလုံးထွက်လာပြီး ပမာဏများလျှင် ပြီးရော၊ ရှန်းယီ စားပစ်လိုက်မည်။ မည်သို့ပင်ဆိုစေ သူ့တစ်ကိုယ်လုံးဆေးအဆိပ်များ ပြည့်နေပြီးသားမို့ သန်းများရင် ယားမှန်းမသိတော့သလိုမျိုး ဖြစ်နေပြီ။

"မြန်မြန်လုပ်၊ ဘယ်လို ဖော်စပ်မလဲ။"

သခင်ဖြစ်သူ၏မေးမြန်းမှုကို ခံရသောအခါ ချင်းချိုဘိုးဘေးနှင့် ချောက်နက်နတ်ဆိုးဧကရာဇ်တို့ ပြိုင်တူ တုန်လှုပ်သွားကြသည်။

သူတို့နှစ်ကောင်သည် ဆေးဖော်စပ်နည်းကို အနည်းငယ် နားလည်ကြသည်။

သို့သော်လည်း ပါဝင်ပစ္စည်းများ တစ်ဝက်ကျော်လောက်လဲထားပြီးပြီဖြစ်ရာ၊ ထွက်လာမည်အရာက ဆေးညွှန်းထဲက ဟာနှင့် တူဦးမည်လော။

ထို့အတူ သခင်ကြီး၏ဆေးဖော်စပ်သည့် နည်းစနစ်မှာလည်း...

"..."

ယနေ့ည မဟာချန်သည် အလွန် စည်ကားနေသည်။

သိုင်းဘုံကျောင်းအတွင်း၌ ခွက်ချင်းတိုက်သံများ မရပ်မနားထွက်ပေါ်နေပြီး ရံဖန်ရံခါတွင် မိုးမြေ စွမ်းအင်များ ကောင်းကင်သို့ ထိုးတက်ကာ မိုးကုပ်စက်ဝိုင်းကို အရောင်ဆိုးနေလေသည်။

ထိုအရာများမှာ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ မွေးဖွားလာခြင်း ဖြစ်သည်။

ဤအရာသည် မဟာချန်တွင် တစ်ခါမှမကြုံဖူးသော မြင်ကွင်းဖြစ်ပြီး နန်းတော်ရှိ လူများကို တုန်လှုပ်စေခဲ့သည်။

သူတို့အတွက် ဂုဏ်ပြုပေးနေသကဲ့သို့ပင် ဘေးနားရှိ သိုင်းဘုံကျောင်း (က)အဆောင် အတွင်းမှ ကြမ်းတမ်းသော မီးတောက်များကောင်းကင်သို့ ထိုးတက်သွားပြီး ကြယ်ရောင်များအဖြစ် ပြောင်းလဲကာပြင်းထန်သော ဆေးရနံ့များ ပျံ့လွင့်လာလေသည်။

ထိုအနံ့သည် အရက်ကောင်းများထက်ပင် ပို၍ မူးယစ်ရီဝေစေသည်။

ဆေးစွမ်းအင်များ မီးမိုးများအဖြစ် ပြုတ်ကျလာမှသာ၊နီကျွင်းသည် အခြေအနေ မဟန်သည်ကို သတိပြုမိပြီး အရက်အိုးကြီးကို ချကာဓားကို လွှတ်ထုတ်၍ ကျဆင်းလာသော မီးလောင်နေသည့် ဆေးပင်များကို တားဆီးလိုက်ရ၏။

သူ ခန်းမဆောင်မှထွက်လာပြီး (က)အဆောင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။

ရှန်းယီသည် မြေပြင်တွင် ထိုင်နေပြီး တည်ငြိမ်သောမျက်နှာထားနှင့် အနက်ရောင် ဝတ်ရုံ လွင့်ပျံနေသည်မှာ လောကီနှင့် ကင်းကွာသော ကျင့်ကြံသူကြီးတစ်ဦးအလား တွေ့လိုက်ရသည်။

ရှန်းယီ လက်ဝါး ရိုက်ထုတ်လိုက်သည်နှင့်၊ရှေ့ရှိ ဆေးမီးဖိုမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။

ဘုန်း

ဤမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအောက်တွင် ရှန်းယီသည် မျက်နှာပျက်ယွင်းခြင်း မရှိဘဲ ဆေးမီးဖိုထဲသို့ ဆေးပင်များ ကျွမ်းကျင်စွာ ထပ်ထည့်လိုက်ပြန်၏။

နီကျွင်း မမြင်ရသော နေရာတွင်၊ချင်းချိုဘိုးဘေးနှင့် ချောက်နက်ပင့်ကူဧကရာဇ်တို့သည် ခေါင်းကို ဖက်ပြီး တုန်ရီနေကြသည်။

ဤကြောက်မက်ဖွယ် မြင်ကွင်းသည် ချင်းချိုဘိုးဘေးအား ရှန်းယီအစီအရင် လေ့ကျင့်ခဲ့ပုံကို ပြန်လည် သတိရသွားစေသည်။

သခင်ကြီးသာ နောက်တစ်ကြိမ် ထပ်မှားခဲ့လျှင် သူတို့ အသက်အန္တရာယ် ရှိနိုင်သည်ဟု ခံစားနေရ၏။

ကောင်းကင်ဘုံက နတ်ဆိုးနှစ်ကောင်ကို သနားသွားပုံရသည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ ဆေးမီးဖိုသည် လည်ပတ်နေရာမှနောက်ဆုံးတွင် အောင်မြင်စွာ မြေကျသွား၏။

ဆေးမီးဖို ပွင့်သွားသည်နှင့်၊ကြမ်းတမ်းသော ငှက်အော်သံတစ်ခု ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားပြီး ကြီးမားသောမီးတောက်များ ဆေးမီးဖိုမှ ထွက်ပေါ်လာကာ နောက်ဆုံးတွင် မီးကွက်များ ပြည့်နှက်နေသောလုံးဝန်းသည့် ဆေးလုံးတစ်လုံးအဖြစ် စုစည်းသွားလေသည်။

ရှန်းယီလက်ဝါးဖြင့် လှမ်းယူလိုက်ပြီး ပူနွေးမှုကို ခံစားလိုက်၏။

အောင်မြင်ပြီ။

All Chapters