← Chapters

သတ်ဖြတ်ခြင်း

Vol. 42 Ch. 416

သတ်ဖြတ်ခြင်း

Vol. 42 Ch. 416

ယုတ္တိဗေဒအရဆိုလျှင် မဟာဦးချိုနတ်ဆိုးဧကရာဇ်သည် ရွှေမျက်လုံးခြင်္သေ့ကြီးကို ကြောက်ရွံ့ခဲ့ခြင်းမှာ တစ်ဖက်လူသည် နီကျွင်း၏လက်မှ အသက်လု၍ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ထင်မှတ်ခဲ့သောကြောင့်ပင်။

သို့သော် ထိုခြင်္သေ့ကြီးသည် ရှန်းယီဖန်ဆင်းထားသောအရာဖြစ်နေပါက ထိုနှစ်ယောက်ဟန်ဆောင် ကစားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

နောက်ပိုင်းတွင် ရွှေတောင်ပံနတ်ဆိုးဧကရာဇ် ဦးဆောင်မှုအောက်၌ နတ်ဆိုးဧကရာဇ် ၅ ပါးသည် ရှန်းယီကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ ၃ ပါး ကျဆုံးခဲ့သည်။

သို့သော် သူမသည် ထိုကိစ္စကို ကြားသိခဲ့ရုံသာဖြစ်ပြီး ထိုနေ့က အတိအကျဘာဖြစ်ပျက်ခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ မကြုံဖူးပေ။

ထို့ကြောင့် လူငယ်လေး၏စွမ်းအားကြီးမားမှုကို သိလိုက်ရလျှင်ပင် တစ်ကိုယ်လုံးပျော့ခွေသွားသည်အထိ ကြောက်လောက်စရာ အကြောင်းမရှိပေ။

သို့သော် ယခုအချိန်တွင်... ထိုလက်မောင်းကြီးက သူမ၏ပခုံးကို လာရောက် ဖက်တွယ်လိုက်သည့် ခဏ၌ဘေးတွင် ရှန်ဖုန်း နတ်ဆိုးဧကရာဇ် ရှိနေလျှင်ပင် မဟာဦးချိုနတ်ဆိုးဧကရာဇ်သည် တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့၏။

"ငါ့ကို လွှတ်စမ်း"

စူးရှသော ငှက်အော်သံနှင့်အတူ မဟာဦးချိုသည် တုန်ရီနေရင်း ထိုလက်မောင်း၏ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သူမ၏ ထိတ်လန့်မှုနှင့် ယှဉ်လျှင်ရှန်းဖုန်း နတ်ဆိုးဧကရာဇ်ကမူ သူ၏တစ်ကိုယ်လုံးတွင် ကပ်ထားသော တာအိုအဆောင်များကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။ ဤအဆောင်များသည် ဂူသခင် ကိုယ်တိုင် ပေးသနားထားခြင်းဖြစ်ပြီး အာနိသင်အားဖြင့်ဆိုလျှင် နန်ယန်ဂိုဏ်းအကြီးအကဲဝတ်ရုံများထက်ပင် ပိုမိုစွမ်းအားကြီးပေသည်။

အနည်းဆုံးတော့ ဤအဆောင်များကို သုံးဖို့အတွက် သူ၏နတ်ဆိုးစွမ်းအားကို ထုတ်သုံးစရာ မလိုပေ။

ပြီးခဲ့သည့် တစ်ကြိမ်တွေ့ဆုံမှုတွင် ရှန်းဖုန်းအား ရှန်းယီအပေါ်သတိထားစရာများ ဖြစ်စေခဲ့သော်လည်း လည်ပင်းညှစ်ခံထားရရုံဖြင့် ပြန်မတိုက်ရဲလောက်အောင်တော့ မဟုတ်သေးပေ။

"မင်းက နီကျွင်းထက် ဘယ်လောက်များ ပိုစွမ်းနေမှာမို့လို့လဲ"

ပေ ၁၅၀၀ ကျော် မြင့်မားသော တာအိုနန်းတော် ကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း နီကျွင်းသည်လည်း သိပ်ပြီးအားနည်းလှသည် မဟုတ်ပေ။ အထူးသဖြင့် သူအသုံးပြုသော ခရမ်းရောင် လျှပ်စီးများသည် အလွန်ပြင်းထန်လှ၏။

သူသည် နီကျွင်းကိုပင် အနိုင်ယူနိုင်ခဲ့ရာ ဤကောင်လေးကို မယှဉ်နိုင်စရာအကြောင်းမရှိပေ။

ထို့အပြင် တစ်ဖက်လူက မောက်မာလွန်းအားကြီးပြီး တာအိုနန်းတော်ကိုပင် ထုတ်မသုံးဘဲ သူ့အနားသို့ ဤမျှနီးကပ်စွာတိုးကပ်လာရဲသည်။

"ဝူးးးး"

ရှန်းဖုန်းနတ်ဆိုးဧကရာဇ်သည် ခန္ဓာကိုယ်ကို ဆတ်ခနဲ ဆန့်ထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်ရာ တစ်ကိုယ်လုံးရှိ တာအိုအဆောင်များမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ကျစ်လျစ်သေ နတ်ဆိုးကြွက်သားများ လှုပ်ရှားလာပုံမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် စပါးအုံးမြွေကြီးများ လူးလွန့်နေသည့်အလားပင်။

အစိမ်းရောင်အမွေးရှည်များ ဖုံးအုပ်ထားသော ခြေသည်းနှစ်ဖက်ဖြင့် လေထုကို ဆောင့်နင်းလိုက်ရာ ကောင်းကင်ယံရှိ တိမ်တိုက်များကွဲအက်လွင့်စင်ကုန်သည်။

"..."

ခဏအကြာတွင် ရှန်းဖုန်း နတ်ဆိုးဧကရာဇ်သည် ပါးစပ်ပိတ်သွားတော့သည်။ သူ အစွမ်းကုန် ရုန်းကန်သော်လည်း ပခုံးပေါ်မှ လက်မောင်းကို ဖယ်ရှားနိုင်ခြင်း မရှိပေ။

လူငယ်လေးသည် သူ့ကိုဖက်ထားဆဲပင် ဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို တိတ်ဆိတ်စွာ ကြည့်နေပေ၏။

သူ၏မျက်ခုံးကြားမှ ရွှေရောင်မီးတောက်များကသာ ပိုမို တောက်ပလာသည်။

စမ်းသပ်လို့ ပြီးပြီ။

ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်၏ တန်ဖိုးသည် ရှန်းယီ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေ၏။

ဟင်းလင်ပြင်လျှောက်လှမ်းခြင်း အဆင့် ကျင့်စဉ်ဖြစ်သော်လည်း ယခုမှအခြေခံအဆင့်သာ ရှိသေးသည်။

ယခင်က ခန္ဓာကိုယ်ကျင့်စဉ်များကို လေ့ကျင့်စဉ်ကကဲ့သို့ အသွေးအအသားများ ပြောင်းလဲသွားမှုကို ရှင်းလင်းစွာ မခံစားရသော်လည်းယခင်က အဆင့်တက်ခြင်းသည် ပြန်လည်မွေးဖွားခြင်းနတ်ငှက်ကျင့်စဉ်ကို ပိုမို ပြည့်စုံစေရုံသာဖြစ်သည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ခွန်အားတိုးပွားလာမှု အရှိန်အဟုန်မှာ မိုးနှင့်မြေ ကွာခြားသွားစေမည်ဟု သူ မထင်ထားခဲ့မိပေ။

မဟာဦးချိုနတ်ဆိုးဧကရာဇ်သည် ရှန်းဖုန်း၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲ ကြည့်နေရင်း တစ်ဖက်လူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ရှက်ရွံ့မှု အရိပ်အယောင်များကို ဖမ်းမိလိုက်၏။

ထိုအခိုက်အတန့်တွင် သူမ၏ရင်ထဲ ထိတ်ခနဲ အေးစက်သွားသည်။

ရှန်းယီသည် လူသားကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း မမေ့သင့်‌ပေ။

သူသည် ယခုအချိန်ထိ လက်ဟန်သင်္ကေတပင် မသုံးရသေးဘဲ သူမတို့အား ဤမျှကြီးမားသော ဖိအားနှင့် မျှော်လင့်ချက်မဲ့မှုကို ပေးစွမ်းနိုင်နေသည်။

ဤသို့ဆိုလျှင်ယခင်က နတ်ဆိုးဧကရာဇ် နှစ်ကောင် ထွက်ပြေးလွတ်မြောက်သွားသည်မှာ ရှန်းယီက လက်လျှော့ပေးလိုက်ခြင်းကြောင့်လော။

စဉ်းစားချိန်ပင် မရလိုက်ဘဲ သူမသည် တုံ့ဆိုင်းခြင်းမရှိ တစ်ကိုယ်လုံးရှိနတ်ဆိုးစွမ်းအားများကို သူမ ဝတ်ဆင်ထားသော နန်ယန်ဝတ်ရုံထဲသို့ အကုန်အစင်ထည့်သွင်းလိုက်သည်။

မဟာဦးချို၏ကြိုတင်အာရုံခံစားမှု မှန်ကန်ကြောင်း သက်သေပြနေသည့်အလားနောက်တစ်စက္ကန့်တွင် ရှန်းယီသည် လက်အင်္ကျီကိုရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ဘဝင်မြင့်နေသော နတ်ဆိုးဧကရာဇ်နှစ်ပါးလုံးသည် ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။

ဘုန်း

နတ်ဆိုးငယ်များကို ရှင်းလင်းနေသော မဟာချန်မှ ကျင့်ကြံသူများအားလုံးသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြပြီး သူတို့၏အနောက်ဘက်တွင် ရုတ်တရက် ပေါ်ပေါက်လာသော ချောက်နက်ကြီးကို ကြောင်ငေးကြည့်နေကြ၏။

အတိုင်းအတာမဲ့ကျယ်ပြောသော မြေကြီးသည် ကွဲအက်သွားသကဲ့သို့ ဖြစ်နေသည်။

သန်မာလှသောနတ်ဆိုးခန္ဓာကိုယ်များသည် ဝတ်ရုံနှင့် တာအိုအဆောင်များ၏ ကာကွယ်မှုအောက်တွင် ထင်မှတ်ထားသည်ထက် ပိုမို မာကျောနေသည်။

၎င်းတို့သည် ချောက်နက်ကြီးထဲမှ ယိုင်နဲ့နဲ့ဖြင့် ခုန်ထွက်လာကြပြီး တိုင်ပင်စရာပင် မလိုဘဲ ဘယ်နှင့်ညာ တစ်ယောက်တစ်လမ်းစီ ခွဲ၍ ထွက်ပြေးကြတော့သည်။

ရှန်းယီ၏တစ်ချက်တည်းသော တိုက်ခိုက်မှုက နတ်ဆိုးနှစ်ကောင်ကို အမှန်တရားတစ်ခု နားလည်သွားစေခဲ့သည်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော ခွန်အားအောက်တွင် မည်သို့သော ခုခံမှုမျိုးမဆို အလကားပင်။ အသက်လု ထွက်ပြေးခြင်းကသာ လက်တွေ့အကျဆုံး ဖြစ်သည်။

မဟာဦးချိုနတ်ဆိုးဧကရာဇ်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အတောင်ပံများကို ရူးသွပ်မတတ် ခတ်ကာပျံသန်းနေသည်။

သူမ ဝတ်ဆင်ထားသော နန်ယန်ဝတ်ရုံပေါ်ရှိ အမှတ်အသားများမှာ မှေးမှိန်နေပြီဖြစ်ပေ၏။

ထင်ရှားသည်မှာ သူမ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ဝတ်ရုံ၏စွမ်းအင်စားသုံးမှုကို မခံနိုင်တော့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူမသည် ယခုလေးတင် မည်မျှ ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားလိုက်ရကြောင်း ပိုမိုရှင်းလင်းစွာ သိလိုက်ရသည်။

"ဒါက..."

မဟာချန်မှ နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသည် ပုံတစ်ပုံကိုအမြန်ထုတ်၍ နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် အံကြိတ်လိုက်မိ၏။

ဤပုံမှာ ရွှီချင်းအာနှင့် ဝူထုံတောင်မှ စီနီယာများ ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်သည်။

ပုံထဲတွင် နတ်ဆိုးဧကရာဇ်ကြီးများ ကျွမ်းကျင်သောနည်းလမ်းများသာမက သူတို့၏ခန့်မှန်းခြေ စွမ်းအားများကိုပါ မှတ်သားထားသည်။

ဦးခေါင်းတွင် ဂျိုနှစ်ချောင်းပါသော ထိုအမျိုးသမီးသည် နတ်ဆိုးဧကရာဇ် ၁၀ ပါးစာရင်းဝင် ဖြစ်၍ လုံလောက်အောင် ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

သို့သော် ဘေးနားမှမျက်လုံးမပါ ပါးစပ်အကြီးကြီးနှင့် လူကောင်ကြီးနှင့် ယှဉ်လိုက်လျှင် အနည်းငယ် မှေးမှိန်သွား၏။

ရှန်းဖုန်း နတ်ဆိုးဧကရာဇ်။ စွမ်းအားအကဲဖြတ်မှု နီကျွင်းကို အနိုင်ယူဖူးသည်။ အပြတ်သတ်အနိုင်ယူခြင်းဖြစ်သည်။

ဝူထုံတောင်မှ စီနီယာများ၏ခန့်မှန်းချက်အရဆိုလျှင် ထိုကောင်သာ ပေါ်လာပါက ပစ်မှတ်သည် မင်းဆက်မြို့တော်သာ ဖြစ်နိုင်ခြေများသည်။

ယခုမူ ဤနေရာတွင် ပေါ်လာခဲ့သည်။

သူတို့အားလုံးခုနလေးက ငရဲတံခါးဝတွင် လမ်းလျှောက်ခဲ့ရကြောင်း တွေးမိလိုက်သည်နှင့် မဟာချန်ကျင့်ကြံသူများမှာ ရင်တဒိန်းဒိန်း ခုန်လာကြ၏။

"အဲဒါ စီနီယာရှန်းလား"

သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ရပ်နေသောပုံရိပ်ကို တွေ့လိုက်ရသည်။

အဝတ်အစားနှင့် မျက်နှာသွင်ပြင် အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိုရင်းနှီးနေသော မျက်နှာကိုကြည့်ရုံဖြင့် နတ်ဆိုးတစ်ထောင်ဂူတွင် ခြင်္သေ့ဧကရာဇ်ကို သတ်ဖြတ်ခဲ့စဉ်က ပုံရိပ်ကို ပြန်မြင်ယောင်လာစေသည်။

သူ သေချာပင် မကြည့်ရသေးခင်ထိုပုံရိပ်သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရွှေရောင်မီးတောက် အလင်းတန်းအဖြစ်ပြောင်းလဲကာ အသက်လု ထွက်ပြေးနေသော အမျိုးသမီး၏အပေါ်ဘက်သို့ ရောက်ရှိသွား၏။

ရွှပ်

လေတိုးသံ ပြင်းပြင်းနှင့်အတူ...

ပုဆိန်ကဲ့သို့သော ခြေထောက်ရှည်ကြီးသည်အားကောင်းလှသော မီးတောက်များနှင့်အတူ အမျိုးသမီး၏ခါးနေရာသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

"ကျွီ"

မဟာဦးချိုနတ်ဆိုးဧကရာဇ်သည် အတောင်ပံများကို ခတ်လိုက်ရာ ငှက်မွေးများလွင့်စင်ကုန်ပြီး သူမ၏လှပသော မျက်နှာလေးဖြင့် အနောက်သို့ မျှော်လင့်ချက်မဲ့စွာ လှည့်ကြည့်လိုက်၏။

ဝတ်ရုံဖြင့်ဖုံးအုပ်ထားသော သူမ၏တောင့်တင်းသည့် ကိုယ်လုံးလေးသည် ဝါးအက်သကဲ့သို့ ခါးမှနေ၍ပြတ်တောက်သွားခဲ့ပြီဖြစ်၏။

နန်ယန်ဝတ်ရုံနက်က ဆက်လက် ထိန်းထားပေးခြင်း မရှိပါက သူမ၏ကလီစာများ ကောင်းကင်အနှံ့ ပြန့်ကျဲသွားပြီ ဖြစ်သည်။

ရှန်းယီသည် ကြက်ကလေးတစ်ကောင်ကို သတ်သကဲ့သို့ပေါ့ပါးစွာဖြင့် သူမ၏လည်ပင်းကို ချိုးလိုက်ပြီးနောက် သိုလှောင်ရတနာအိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

[နတ်ဘုရားစိတ်ဝိညာဉ်အဆင့် မဟာဦးချိုနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်လိုက်သည်။ စုစုပေါင်း သက်တမ်း ၈၉၀၀၀၊ လက်ကျန် သက်တမ်း ၂၆၀၀၀။ စုပ်ယူခြင်းပြီး။]

"ဟမ်"

ရှန်းဖုန်း နတ်ဆိုးဧကရာဇ်သည် ရုတ်တရက် တစ်ခုခုကိုအာရုံခံမိလိုက်ပြီး လှည့်ကြည့်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု သူ၏ မျက်လုံးထဲသို့ လျင်မြန်စွာကြီးထွားလာသည်ကို တွေ့လိုက်ရ၏။

သူ ပါးစပ်ဟမနေတော့ပေ။ ပါးစပ်သာ ပါရှိသော သူ၏မျက်နှာပေါ်တွင် ရုတ်တရက်အက်ကြောင်းတစ်ခုကွဲအက်လာပြီး မျက်လုံးနှင့်တူသော ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။

ထိုပုတီးစေ့ထဲမှ နောက်ကျိနေသော လေပြင်းတစ်ချက် ရုတ်တရက်မှုတ်ထုတ်လိုက်ပြီး အရှေ့သို့ လွင့်စင်သွားသည်။

"အဲဒါပဲ အဲဒါပဲဟေ့"

မဟာချန်မှ နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ အော်ဟစ်လိုက်၏။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့် မရောက်မီက သူသည် စွေ့ပင်ကို ရှာဖွေရန် နတ်ဆိုးတစ်ထောင်ဂူသို့ သွားရောက်ခဲ့သော ဟွမ်ယွမ်အဆင့် အရှင်သခင်များထဲမှတစ်ဦးဖြစ်ပြီး ရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင် ကျဆုံးသွားသည်ကို မျက်မြင်ကြုံခဲ့ဖူးသူ ဖြစ်သည်။

ထိုစဉ်က ဤပုတီးစေ့မှ မှုတ်ထုတ်လိုက်သော နတ်ဆိုးလေပြင်းကြောင့်ပင် ရွှေရောင်ခန္ဓာကိုယ်အား ထိခိုက်မှုမရှိစေဘဲ အတွင်းရှိ ယင်ဝိညာဉ်ကို တိုက်ရိုက် ချေမှုန်းပစ်နိုင်ခဲ့သည်။

နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့် နတ်ဆိုးဧကရာဇ်တစ်ပါးက ဤပုတီးစေ့ကိုကိုင်ဆောင်ထားလျှင်ပင် မဟာချန်၏ရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်ပြီး ရှောင်တိမ်း၍ မရနိုင်ပေ။

ဤအရာကို မှော်ရတနာတစ်ခုလို့ ထင်ခဲ့သော်လည်းမထင်မှတ်ဘဲ ဒုတိယဂူသခင်နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့လေ၏။

ဝူး..

လေပြင်းများသည် ရှန်းယီ၏မျက်နှာတည့်တည့်သို့ ဦးတည်သွားသည်။

သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်များကို မငြိမ်းသတ်နိုင်ဘဲ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကိုသာ လွှမ်းခြုံသွားသည်။

နတ်ဆိုးလေပြင်းကို ထုတ်လွှတ်ပြီးနောက် ရှန်းဖုန်း နတ်ဆိုးဧကရာဇ်သည် သက်ပြင်းချနိုင်ခဲ့သော်လည်းနှောင့်နှေးမနေဘဲ လေပေါ်တွင် ခြေလှမ်းလှမ်းကာ ဆက်လက် ထွက်ပြေးရန် ပြင်လိုက်၏။

"..."

ထိုအချိန်တွင် တစ်စုံတစ်ခုကို သတိထားမိလိုက်သကဲ့သို့ သူသည်ခန္ဓာကိုယ်ပေါ်မှ တာအိုအဆောင် တစ်ရွက်ကိုအမြန်ခွာပြီး သူ၏မျက်ခုံးပေါ်တွင် ကပ်လိုက်သည်။

ရွှေရောင်မီးတောက်များသည် လုံးဝရပ်တန့်သွားခြင်းမရှိဘဲ အားကောင်းသော အရှိန်အဝါဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွား၏။

လှုပ်ခတ်နေသော မီးတောက်ရိပ်များကြားတွင် ရှန်းဖုန်း နတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတွင် ထိုလူငယ်၏အေးစက်သော မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ထူးဆန်းသော နတ်ဆိုးလေပြင်းများသည် ရှန်းယီ၏ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီးခက်ထန်ကြမ်းတမ်းသော သမုဒ္ဒရာကဲ့သို့သော လျှပ်စီးကန်များနှင့် တွေ့ဆုံလိုက်ရသည်။

တုန့်ယောင်စိတ်ဝိညာဉ်သန့်စင်ခြင်းလျှပ်စီးနန်းတော်သည် တောင်မြင့်ကြီးတစ်ခုအလား ပြန်လည်စုစည်းတည်ဆောက်ထား၏။(ဆိတ်ငြိမ်သောချောက်နက်အတွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ်)

လေပြင်းက တောင်တန်းကို တိုက်ခတ်နေသော်လည်းနတ်ဝိညာဉ်သည် တည်ငြိမ်စွာ ထိုင်နေပြီးတုပ်တုပ်မျှ မလှုပ်ပေ။

All Chapters