← Chapters

မတူညီသော လမ်းစဉ်များနှင့် အစွမ်းကုန်ကြိုးစားကြသူများ

Vol. 42 Ch. 417

မတူညီသော လမ်းစဉ်များနှင့် အစွမ်းကုန်ကြိုးစားကြသူများ

Vol. 42 Ch. 417

ရှန်းယီသည် သူ၏လက်သီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ရှန်းဖုန်းနတ်ဆိုးဧကရာဇ်၏ မျက်ခုံးအလယ်တည့်တည့်သို့ ထိုးနှက်လိုက်၏။

တာအိုအဆောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် တစစီပြတ်တောက်သွားကာ ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။

လက်သီး၏အရှိန်အဟုန်မှာတော့ လျော့ပါးမသွားဘဲ ၎င်း၏နဖူးပေါ်သို့ တိုက်ရိုက် ကျရောက်သွားပေ၏။

ဘန်း

ကျောက်စိမ်းကဲ့သို့ချောမွေ့နေသော ပုတီးစေ့သည် အမှန်တကယ်တွင် အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှန်းယီ၏လက်သီးအောက်တွင် သွေးများ ပန်းထွက်ကုန်သည်။

ပုတီးစေ့တည်ရှိရာ နေရာသည် ကြီးမားသော အင်အားဒဏ်ကြောင့် ပွင့်ထွက်သွားပြီး တောက်ပသောရွှေရောင်မီးတောက်များမှာ ချော်ရည်များကဲ့သို့ အတွင်းသို့စီးဝင်သွားသည်။

ဘုန်း

ရှန်းဖုန်း နတ်ဆိုးဧကရာဇ်သည် အနောက်သို့လွင့်စင်သွားပြီး သူ၏နဖူးမှာ အက်ကွဲကာ ရွှေရောင်မီးတောက်များကတစ်မျက်နှာလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

သူ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင်ရှန်းယီသည် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ သူ၏ ခြေထောက်ရှည်ကြီးဖြင့် နတ်ဆိုး၏ရင်ဘတ်ကို ပြင်းထန်စွာ နင်းခြေလိုက်ရာ မရေမတွက်နိုင်သော တာအိုအဆောင်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြလေ၏။

နောက်ဆုံး မြေပြင်ပေါ်သို့ ကျရောက်သွားသည့်တိုင်အောင် ရှန်းဖုန်းနတ်ဆိုးဧကရာဇ်သည် သွေးတစ်လုတ်ထွေးထုတ်လိုက်ရပြီး တစ်ကိုယ်လုံး ပုစွန်ထုပ်ကြီးကဲ့သို့ ကွေးညွတ်သွားကာ ရင်ညွန့်ရိုးများ ကျိုးကြေနိမ့်ဝင်သွားတော့သည်။

ရှန်းယီ၏ခြေထောက်မှာ သစ်သားတိုင်တစ်ချောင်းကဲ့သို့ သူ့ကိုမြေပြင်တွင် ကပ်ထားရာ မည်သို့ပင် ရုန်းကန်စေကာမူ လက်မဝက်မျှပင်မလှုပ်ရှားနိုင်ပေ။

သူသည် နဂိုမူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲရန် ဗီဇအရကြိုးစားလိုက်သည်။

သို့သော် လူငယ်လေးသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး သူ၏သွယ်လျသော လက်ချောင်း ငါးချောင်းဖြင့် နတ်ဆိုး၏လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ နတ်ဆိုး၏လည်ပင်းသားများမှာ တုန်ခါဖောင်းကြွလာသော်လည်း ထိုလက်၏ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ပေ။

ရှန်းဖုန်းနတ်ဆိုးဧကရာဇ်သည် မျက်လုံးများ ပြူးကျယ်လာပြီးပြင်းထန်သော လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

နီကျွင်း၏ခန္ဓာကိုယ်ကိုပင် ဆွဲဖြဲနိုင်သော ထိုလေပြင်းသည် ရှန်းယီ၏ကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်များကို အနည်းငယ်မျှသာ လှုပ်ခတ်သွားစေနိုင်၏။

သူ၏ပါးစပ်မှ ထွက်ပေါ်လာသော လေတိုးသံမှာ တဖြည်းဖြည်း အားနည်းသွားသည်။

တစ်ဖက်လူက သူ၏လည်ပင်းကို တစ်လက်မချင်း စိတ်ရှည်လက်ရှည်ခြေမွနေသည်ကို သူ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

[နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ရှန်းဖုန်းနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်လိုက်သည်။ စုစုပေါင်း သက်တမ်း ၉၇၀၀၀၊ လက်ကျန် သက်တမ်း ၁၆၀၀၀။ စုပ်ယူခြင်းပြီး။]

"ဟူး။"

ရှန်းယီသည် အသက်ရှူနှုန်းကိုပြန်ညှိလိုက်ပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်မီးတောက်များကိုအရေပြားအတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

ဤနတ်ဆိုးဧကရာဇ် နှစ်ပါး၏လက်ကျန်သက်တမ်းမှာ သိပ်မများလှပေ။

သို့သော် သူ၏အဓိက ရည်ရွယ်ချက်မှာ ဂိုဏ်းစောင့်ရတနာကို လာရောက် သိမ်းဆည်းရန်သာ ဖြစ်သည်။

သက်တမ်းအတွက်မူ... ချင်ဟွာသည် တစ်ယောက်တည်း ပြည်နယ်ကိုးခုအနှံ့ နေ့ညမနား သွားလာနေပြီး နတ်ဆိုး ထက်ဝက်နီးပါးကို ရှင်းလင်းပေးခဲ့ပြီး ဖြစ်သည်။

[လက်ကျန် သက်တမ်း - ၂၂၃၀၀၀ နှစ်။]

ဤမျှများပြားလှသော သက်တမ်းများကို ကြည့်ပြီး ရှန်းယီ၏စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။

၎င်းမှာ ရွှေတောင်ကြီးကို ပိုင်ဆိုင်ထားသော်လည်း ကျောက်ခဲများကဲ့သို့သာ အသုံးပြုနေရသကဲ့သို့ ခံစားချက်မျိုးပင်။

ဤခြောက်သွေ့ဆိတ်သုဉ်းနေသော နန်ယန်ဂိုဏ်း အတွင်း၌ နတ်ဆိုးသက်တမ်းများသည် ၎င်းတို့၏ အစစ်အမှန်တန်ဖိုးကို မဖော်ပြနိုင်သေးပေ။

ယခင် တိုက်ခိုက်မှုတွင် ဟင်းလင်ပြင်လျှောက်လှမ်းခြင်းအဆင့်၏စိတ်ဝိညာဉ်ခန္ဓာကျင့်စဉ် တစ်ခုတည်းကပင် ဤမျှကြီးမားသော တိုးတက်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု ရှန်းယီ မမျှော်လင့်ထားခဲ့ပေ။

သူသည် မူလက ဒုတိယဂူမှ ရှန်းဖုန်းနတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရန်အတွက် နတ်ဆိုးနှိမ်နှင်းရွှေမြားကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤကိစ္စကြောင့်ပင် ရှန်းယီသည် သူနှင့် ခွေးအိုကြီးကြားမှ ကွာဟချက်ကို လုံးလုံးလျားလျား သိမြင်သွားခဲ့သည်။

ယခင်က တစ်ဖက်လူသည် လက်သည်းတစ်ဖက်ကိုသာအသုံးပြုခဲ့ပြီး ထိုမျှဝေးကွာသော အကွာအဝေးမှပင် နန်ယန်ဝတ်ရုံကို ဆွဲဖြဲနိုင်ခဲ့သည်။ သို့သော် သူ၏အစွမ်းကုန် ကန်ချက်သည် မဟာဦးချိုနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၎င်းမှာ သူမ၏နတ်ဆိုးစွမ်းအား ကုန်ဆုံးနေသောကြောင့်သာဖြစ်ပြီး ဝတ်ရုံကိုမူ မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။

"..."

ရှန်းယီသည် ရုတ်တရက်ရှင်းမပြနိုင်သော စိတ်မရှည်မှုကို ခံစားလိုက်ရ၏။

သူသည် နန်ယန်ဂိုဏ်းအတွင်း အသုံးပြုနိုင်သမျှ အရာအားလုံးကို စုဆောင်းလုနီးပါးဖြစ်နေပြီ ဖြစ်သော်လည်း အတားအဆီးကို မကျော်ဖြတ်နိုင်သေးပေ။

ယခင်က သူ၏ပါရမီနှင့် အရည်အချင်းကြောင့် ကန့်သတ်ခံခဲ့ရသော်လည်း၊ ယခုမူ ဤကမ္ဘာကြီး၏ ဆိတ်သုဉ်းမှုကြောင့်သာ ကန့်သတ်ခံနေရခြင်း ဖြစ်သည်။

ဤသို့တွေးမိသောအခါ သူသည် ဝူထုံတောင်မှ ဘိုးဘေးအပေါ် အနည်းငယ် ပို၍ လေးစားမိသွား၏။

တစ်ဖက်လူသည် ဤမျှစိတ်ပျက်စရာကောင်းသော အခြေအနေကို နှစ်ပေါင်းများစွာသည်းခံနိုင်ခဲ့ပြီး စိတ်မဖောက်ပြန်ဘဲ နေနိုင်ခဲ့သည်မှာ အံ့သြစရာပင်။

သို့သော် အခွင့်အရေးထပ်ရလျှင်ပင် ရှန်းယီ၏ အဖြေမှာ အတူတူပင်ဖြစ်လိမ့်မည်။

ဝူထုံတောင် ဘိုးဘေး မှားသည်ဟု သူ မဆိုလိုပေ။

၎င်းမှာ သူတို့၏ရပ်တည်ချက်မတူညီခြင်းသာ ဖြစ်သည်။ တစ်ဖက်လူသည် လောကကြီးနှင့် ကင်းကွာကာ တောင်ထိပ်တွင် ရပ်နေသူဖြစ်ပြီး၊ သူကမူ သူမ၏စကားအတိုင်း ပိုးဖလံမျှသာ ဖြစ်ကာ ရွေးချယ်စရာ လုံးဝမရှိသူ ဖြစ်သည်။

မည်သည့် အနှောင့်အယှက်မျိုးမဆို ဘိုးဘေး၏ မျက်လုံးထဲတွင် အရေးမပါသောအရာလေးတစ်ခုကပင် ရှန်းယီအား အကြောင်းမဲ့ သေဆုံးသွားစေနိုင်သည်။

ဥပမာအားဖြင့်... အသိဉာဏ်ပွင့်ခွေးနက်ကြီးတစ်ကောင်က စားသောက်မှုပုံစံပြောင်းချင်ယုံဖြင့် သူ သေသွားနိုင်သည်။ (အစပိုင်းက ခွေးနတ်ဆိုးပါ)

ရှန်းယီတွင် အေးအေးဆေးဆေး ကျင့်ကြံရန် ဂူဗိမာန်မရှိပေ။ သူသည် အမြဲတစေ တိုက်ခိုက်နေရပြီး သားသတ်သမားကျန်း၊ လင်းပိုင်ဝေ့၊ ချန်ချမ်ခွင်း နှင့် သိုင်းဘုံကျောင်းမှ ဝူတောက်အန်း ကဲ့သို့သော ပိုးဖလံများ၏အကူအညီကိုသာ အားကိုးခဲ့ရသည်။

ယခုအခါ သူ၏ကျင့်ကြံခြင်းနှင့် အဆင့်အတန်းမှာ ယခင်နှင့် မိုးနှင့်မြေ ကွာခြားသွားပြီ ဖြစ်သော်လည်းသူ့ကို ကူညီခဲ့ဖူးသော ထိုပိုးဖလံများထံမှ သူ ခွဲထွက်သွား၍ မရနိုင်ပေ။

လောကီရေးရာများကို ကျောခိုင်းကာ သူတို့ကို နတ်ဆိုးများသတ်ဖြတ်နေသည်ကို ထိုင်ကြည့်နေရန်မှာ သူ လုပ်နိုင်သော အလုပ်မဟုတ်ပေ။

ဝူထုံတောင် ဘိုးဘေးသည် အမှန်တကယ်ပင် အရာရာကို ပို၍နက်နက်ရှိုင်းရှိုင်းမြင်သူ ဖြစ်သည်။

သူမ၏အမြင်တွင် ကြီးမားသော အကျိုးအမြတ်အတွက် အနည်းငယ်ကို စတေးခြင်းမှာ မှန်ကန်သော လမ်းစဉ် ဖြစ်သည်။

သူမ၏မြင့်မားသော ရှုထောင့်မှ ကြည့်လျှင် ရှန်းယီသည် ထိုစဉ်က ချင်ကျိုးကို စွန့်လွှတ်ခဲ့ပြီး နတ်ဆိုးဘုရင်လေးကိုသတ်ဖြတ်ခွင့် ပေးခဲ့မည်ဆိုပါက၊သို့မဟုတ် နီကျွင်းသည် သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်ကို လိုက်မဖမ်းခဲ့ဘူးဆိုလျှင် ယနေ့ကဲ့သို့ နတ်ဆိုးဘေးဆိုးကြီး ဖြစ်လာလိမ့်မည် မဟုတ်ပေ။

မိမိကိုယ်ကို အတတ်နိုင်ဆုံးဖုံးကွယ်ထားကာ ခွေးအိုကြီးကို မသိစေခြင်း၊ အကောင်းဆုံးမှာ ထိုကဲ့သို့သော လူမျိုးရှိနေသည်ကိုပင် သူမသိစေခြင်းဖြင့် အကြီးမားဆုံးသော ရလဒ်ကို ရရှိနိုင်မည်။

ဤကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်တွင် ချင်ကျိုးကို ထားပါ၊ မဟာချန်တစ်ခုလုံး၊ ရွှမ်ကွမ်းဂူ နှင့် ဝူထုံတောင် တပည့်များကိုပင် စတေးရနိုင်သည်။

ဒုတိယမြောက်လူသည် ဟင်းလင်ပြင်လျှောက်လှမ်းခြင်းအဆင့်သို့ တက်လှမ်းပြီး နန်ယန်ဂိုဏ်းကို ဖွင့်လှစ်နိုင်ခဲ့သည်နှင့် ဒုက္ခအားလုံး ပြေလည်သွားလိမ့်မည်။

ထိုအချိန်ကျမှ အမွှေးတိုင်သုံးတိုင် ထွန်းညှိပြီး သေဆုံးသွားသော သူငယ်ချင်းများအတွက် ဖြည်းဖြည်းချင်းဝမ်းနည်းပေးလိုက်လျှင်ပင် နောက်မကျသေးပေ။

သို့သော် ရှန်းယီအတွက်မူ သူသာ မတိုက်ခိုက်ခဲ့လျှင်၊နတ်ဆိုးသက်တမ်းများ မရှိခဲ့လျှင် သူသည် စတေးခံရပြီး ဝမ်းနည်းခြင်း အခံရမည့်သူသာ ဖြစ်လိမ့်မည်။ ဝူထုံတောင် ဘိုးဘေးရှေ့တွင် ရပ်ပိုင်ခွင့်ပင် ရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် နောက်ထပ် မေးခွန်းတစ်ခုလည်း ရှိသေးသည်။

နန်ယန်ဂိုဏ်းကိုဖွင့်ပြီးနောက် အပြင်ဘက်မှ အကူအညီ အမှန်တကယ် ရလာလိမ့်မည်ဟု မည်သူ အာမခံနိုင်သနည်း။

ဝူထုံတောင် ဘိုးဘေးအတွက်မူ ဤအရာမှာ ပြဿနာ မဟုတ်ပေ။

အကူအညီမလာခဲ့လျှင်ပင် ဟင်းလင်ပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် လွတ်လပ်စွာ ထွက်ခွာသွားနိုင်ပြီးကောင်းကင်ယံတွင် ပျံသန်းနိုင်ပေသည်။

ဂိုဏ်းအတွင်းရှိ အခြားသူများ၏ကံကြမ္မာမှာ သူမအတွက် အရေးမကြီးလှပေ။

သို့သော် သူကတော့ မသေချင်သလို၊ သူသိသော လူများကိုလည်း အသေမခံလိုပေ။ ဤအချက်မှာလည်း မှားယွင်းမှုမရှိသင့်ပေ။

"တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။"

ယခု အကြီးမားဆုံးစွန့်စားမှုမှာ ခွေးအိုကြီးသည် အခြေအနေ မကောင်းသည်ကို မြင်လျှင် အသေအလဲထွက်တိုက်လာနိုင်ခြင်းပင်။

ရှန်းယီသည် နတ်ဆိုးတစ်ထောင်ဂူရှိရာ အရပ်သို့ အဝေးကို ငေးကြည့်လိုက်သည်။

သူ၏အမူအရာမှာ တဖြည်းဖြည်းတည်ငြိမ်သွားပြီး ဝတ်ရုံနက်အောက်မှ သူ၏ကိုယ်လုံးမှာ မတ်မတ် တည်ရှိနေသည်။

နောက်တစ်ခဏတွင် သူသည် ခရမ်းရောင်နှင့် အဖြူရောင်အလင်းတန်းအဖြစ် ထပ်မံ ပြောင်းလဲသွားပြီး မဟာချန်မြို့တော်ဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။

"..."

ကောင်းကင်ယံမှ သက်တံရှည်ကြီးကို ကြည့်ရင်း...

မဟာချန်ကျင့်ကြံသူများသည် တစ်ညီတစ်ညွတ်တည်း မော့ကြည့်နေကြ၏။ သခင်ကြီးရှန်းသည် အလုပ်ကို ပြတ်သားသေသပ်စွာ လုပ်ဆောင်တတ်ကြောင်း သူတို့ ကြားဖူးနားဝ ရှိကြသည်။

သို့သော် ဒုတိယဂူမှ နတ်ဆိုးဧကရာဇ်ကြီးတစ်ပါးကိုရင်ဆိုင်ရလျှင်ပင် သူ၏အမူအရာ လုံးဝ ပြောင်းလဲသွားခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ သူတို့အံ့သြမဆုံးဖြစ်နေကြရသည်။

ကောင်းကင်မှ သက်တံရိပ်ပျောက်ကွယ်သွားပြီးနောက် နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသည် လက်ထဲမှမြေပုံကို ပြန်ကြည့်လိုက်ပြီး ရှန်းဖုန်းနတ်ဆိုးဧကရာဇ်ရှိရာနေရာကို လက်ညှိုးဖြင့် ဖြည်းဖြည်းချင်း ထိလိုက်၏။

သို့သော် ထိုနေရာမှာဗလာဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

"ဒါ ဘာဖြစ်တာလဲ"

သူ အနည်းငယ်အံ့အားသင့်သွားသည်။

နတ်ဆိုးတစ်ထောင်ဂူမှာ ပထမဂူအတွက် နတ်ဆိုးဧကရာဇ်မရှိတာလား။ ဒါမှမဟုတ် အဲဒါက ဒဏ္ဍာရီလာ ဂူသခင်လား။

မည်သို့ပင်ဖြစ်စေ... ကျင့်ကြံသူသည် ရုတ်တရက် ပြုံးလိုက်မိသည်။ သူတို့ကို အမြဲတစေ ကြောက်လန့်နေစေခဲ့သော နတ်ဆိုးတစ်ထောင်ဂူ၏ လက်စားချေမှုမှာသခင်ကြီးရှန်း၏လက်သီးနှင့် လက်ဝါးချက်များအောက်တွင် အလွန် လွယ်ကူစွာပင် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

တစ်ချိန်က ရွှမ်ကွမ်းဂူ၏ ခွေးကဲ့သို့ ဆက်ဆံခံခဲ့ရသော မဟာချန်သည် ဝူထုံတောင် စီနီယာများနှင့် ရွှီမိသားစု၏အကူအညီဖြင့် နတ်ဆိုးတစ်ထောင်ဂူကို တိုက်ရိုက်ခုခံနိုင်ရုံသာမက အပြတ်အသတ် အင်အားဖြင့်ပင် အနိုင်ရရှိခဲ့ချေပြီ။

ဤအရာမျိုးကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆိုလျှင် သူတို့အိပ်မက်ပင် မမက်ရဲခဲ့ကြသည့်အရာမျိုးဖြစ်ပေ၏။

ယခုမူထိုအရာက သူတို့မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေလေလေသည်။

All Chapters