အခန်း (၁၉၄၇-၁၉၄၈)
Vol. 140 Ch. 1947-1948
အပိုင်း(၁၉၄၇)
ကြယ်တို့၏ သံသရာ အတွင်း၌...
ဝေ့ဝူယင်သည် ဖီဆန်လေး၏ ကြီးမား ထည်ဝါမှုထဲတွင် နစ်မြောနေမိသည်။
အရွယ်အစား...
သေမျိုးတာအို၏ အရွယ်အစား ခွဲခြားမှုမှာ ရိုးရှင်းသည်။ သဘာဝအတိုင်းဖြစ်စေ၊ ဖန်တီးထားသည်ဖြစ်စေ နေကြယ်ပုဟု အမည်တပ်နိုင်ရန်အတွက် အနည်းဆုံး ရှိရမည့် အရွယ်အစားမှာ အချင်း ၁၀၈,၀၀၀ မိုင် ဖြစ်သည်။ ၎င်းမှာ အကြီးစား အရွယ် ဂြိုဟ်ကြီးများထက်ပင် ပို၍ ကြီးမားလှသည်။
နေကြယ်ပုများ၏ အထက်၌ အသေးဆုံးမှ အကြီးဆုံးသို့ အဆင့်ဆင့် သတ်မှတ်ချက်များမှာ - တိုက်တန် ၊ နေဘီလူး၊ ဧရာမ ၊ အကြွင်းမဲ့နှင့် အသစ်ထပ်မံ တိုးချဲ့လိုက်သော 'ဖီဆန်ခြင်း' တို့ ဖြစ်ကြသည်။
နောက်ထပ် ခွဲခြားမှုများသည်လည်း ဤအနည်းဆုံး အရွယ်အစားကို အခြေခံထားသော ရိုးရှင်းသည့် နိယာမများသာ ဖြစ်သည်။ 'တိုက်တန်' နေကြယ်တစ်စင်းသည် 'နေကြယ်ပု' တို့၏ အနည်းဆုံး အရွယ်အစားထက် ဆယ်ဆ ကြီးရမည် ဖြစ်သည်။ ထို့ကြောင့် 'နေကြယ်ပု' ၏ အကန့်အသတ်မှာ အချင်း ၁၀၈,၀၀၀ မိုင်မှ ၁,၀၇၉,၉၉၉ မိုင်အထိ ဖြစ်သည်။ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိနေသော နေကြယ်ပုများကို ‘အထွတ်အထိပ် အဆင့် နေကြယ်ပု' များဟု ခေါ်ဆိုသည်။
နေဘီလူး အရွယ် နေကြယ်တစ်စင်းသည် 'တိုက်တန်' ကြယ်တို့၏ အနည်းဆုံး အရွယ်အစားထက် ဆယ်ဆ ကြီးရမည် ဖြစ်သဖြင့် နေဘီလူတို့၏ အတိုင်းအတာမှာ ၁,၀၈၀,၀၀၀ မိုင်မှ ၁၀,၇၉,၉၉၉ မိုင်အထိ ရှိလေသည်။
တစ်ဖက်တွင်လည်း နေဘီလူး ကြယ်တာရာများမှစ၍ အရွယ်အစား သတ်မှတ်ချက်များသည် ဆယ်ဆမှသည် ရာဆ၊ ထောင်ဆနှင့် ထိုထက်မကသော အချိုးအစားများဖြင့် ခုန်ပျံကျော်လွှားကာ ကြီးမားလာလေသည်။ ဝေ့ဝူယင်သည် ထိုမျှကြီးမားလှသော အတိုင်းအတာကို သူ၏အသိစိတ်တွင် ပုံဖော်နိုင်ရန်အတွက် ကိန်းဂဏန်းများကို စာအုပ်တစ်အုပ်တွင် ချရေးကြည့်ခဲ့ဖူးသည်။
• နေကြယ်ပု အရွယ်အစား နေကြယ်များ - (အနည်းဆုံး) ၁၀၈,၀၀၀ မှ (အများဆုံး) ၁,၀၇၉,၉၉၉ မိုင်။
• တိုက်တန် အရွယ်အစား နေကြယ်များ - ၁,၀၈၀,၀၀၀ မှ ၁၀,၇၉၉,၉၉၉ မိုင်။
• နေဘီလူး အရွယ်အစား နေကြယ်များ - ၁၀,၈၀၀,၀၀၀ မှ ၁,၀၇၉,၉၉၉,၉၉၉ မိုင်။
• ဧရာမ အရွယ်အစား နေကြယ်များ - ၁,၀၈၀,၀၀၀,၀၀၀ မှ ၁,၀၇၉,၉၉၉,၉၉၉,၉၉၉ မိုင်။
• အကြွင်းမဲ့ အရွယ်အစား နေကြယ်များ - (သိရှိထားသမျှ အကန့်အသတ်) ၁,၀၈၀,၀၀၀,၀၀၀,၀၀၀ (၁.၀၈ ထရီလီယံ) မိုင်။
'ဖီဆန်ခြင်း' ဟူသော အဆင့်အတန်း မပေါ်ပေါက်မီက 'အကြွင်းမဲ့' အရွယ်အစားသည် နေကြယ်အားလုံး၏ အမြင့်ဆုံးသော အကန့်အသတ် ဖြစ်ခဲ့သည်။ 'ဧရာမ' နှင့် 'အကြွင်းမဲ့' အဆင့်နှစ်ခုကြားတွင် တစ်မိုင်မျှသာ ကွာခြားသော်လည်း ထိုကွာဟချက်ကို ကျော်ဖြတ်ရန်မှာ အဆင့်တက်လှမ်းခြင်းကဲ့သို့ပင် ခက်ခဲလှသည်။ ပြောရလျှင် ၎င်းတို့၏ အခြေခံ အရည်အသွေးမှာ 'သေမျိုး' နှင့် 'လျှို့ဝှက်အာဏာရှင်' ကဲ့သို့ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှ၏။ ထို့ပြင် ကြယ်တစ်လုံး ဂလက်ဆီမှ ကျောက်လုံ၏ အလောင်းဖြင့် ဖန်တီးထားသော နေကြယ်သည် ထိုအကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် ထိုအချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိ အတည်ပြုရန် ခက်ခဲလှပေသည်။
ဂလက်ဆီ တစ်ခုလုံး၏ အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် အချင်း ၁.၀၈ ထရီလီယံမိုင် ဆိုသည်မှာ အလွန်အမင်း ကြီးမားလှသည်တော့ မဟုတ်ပေ။ 'အကြွင်းမဲ့' အရွယ်အစားရှိ နေကြယ်တစ်စင်းသည် 'ကြယ်တာရာ နယ်မြေ' တစ်ခုစာလောက်ကို နေရာယူထားပြီး 'အဇူရာမူလ ဂလက်ဆီဇုံ' တစ်ခုလုံးကို အလင်းပေးနိုင်သည်ဟု ဆိုကြသည်။ တစ်ဖက်တွင်လည်း ရှေးဟောင်း ချိပ်ပိတ် နယ်မြေသည် အစွန်းတစ်ဖက်မှ တစ်ဖက်သို့ ထရီလီယံပေါင်းများစွာ ကျယ်ဝန်းလှသည်။ အာဏာရှင် အင်ပါယာကြီး သုံးဦး၏ နယ်မြေများကတော့ ထရီလီယံပေါင်း ထောင်သောင်းချီ၍ ရှည်လျားလှပေသည်။
သို့ဖြစ်လေရာ ၁.၀၈ ထရီလီယံမိုင် ဆိုသည်မှာ ဘာမျှမဟုတ်တော့သည့် အလားပင်...။ သေမျိုးတို့၏ စိတ်ကူးစိတ်သန်းအတွက်မူ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမားသော်လည်း ဂလက်ဆီ အတိုင်းအတာဖြင့် ကြည့်တတ်သူများအတွက်မူ နားလည်နိုင်သော ပမာဏပင် ဖြစ်သည်။ 'အဖြူရောင် အဘိဿဲလ် ဂလက်ဆီ' နှင့် ‘ကြယ်တစ်လုံး ဂလက်ဆီ' တို့သည်ပင် အစွန်းတစ်ဖက်မှ တစ်ဖက်သို့ ကွင်ထရီလီယံပေါင်းများစွာ ကျယ်ဝန်းလှသည်။
အကယ်၍ 'အကြွင်းမဲ့' အရွယ်အစားရှိ နေကြယ်တစ်စင်းကို အသေးငယ်ဆုံးသော ဂလက်ဆီထဲတွင် ထားရှိပါက ၎င်းသည် အထင်ရှားဆုံးသော တည်ရှိမှု ဖြစ်လာပြီး သက်ရှိမှန်သမျှ ၎င်း၏ အလင်းရောင်ကို မြင်တွေ့ရမည် ဖြစ်သော်လည်း ဂလက်ဆီတစ်ခုလုံးကို လွှမ်းမိုးထားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း... 'ကောင်းကင်စစ်ဝိညာဉ်' ၏ အသံထဲမှ စိုးရိမ်ထိတ်လန့်မှုများကို ဝေ့ဝူယင် ယခုမှပင် အပြည့်အဝ နားလည်နိုင်တော့သည်။ ဖီဆန်လေး ၏ နွေးထွေးသော အလင်းရောင်က ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာပြီး အသင့်တော်ဆုံး အပူရှိန်ဖြင့် ပွတ်သပ်ချော့မြှူနေသည့် အချိန်တွင် ထိုစကားလုံးများက သူ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်
"ဒါ... ဒါက ဘယ်လိုကြီးလဲ..."
"ဒါ နင့်ရဲ နေကြယ်လား... နင့်ရဲ့ နေကြယ်လို့ ပြောတာလား...”
"မဖြစ်နိုင်တာ... ဘုရားရေ... ဒါက လုံးဝ မဖြစ်နိုင်ဘူး... လောကမှာ ဒီလိုဟာမျိုး ဘယ်လိုလုပ် တည်ရှိနေတာလဲ... နေဦး... နင့်ရဲ့ စိတ်မျက်လုံးထဲမှာ ဒါကို ဘယ်လိုလုပ် ထိန်းထားနိုင်တာလဲ... နင့်ရဲ့ ဝိညာဉ်က ဘာလို့ လောင်ကျွမ်းမသွားတာလဲ... ဒါက တကယ့်ကို နင့်ရဲ့ လောကချည်နှောင် နေကြယ်ပဲလား... မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် ဒီလောက်ကြီးနိုင်ရတာလဲ... ဒါက မဖြစ်သင့်ဘူး"
ဝေ့ဝူယင် အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်စစ်ဝိညာဉ်က လောက ဟု ထိတ်လန့်တကြား ပြောဆိုခဲ့ခြင်းမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ်ခဲ့ပေ။
"ကြယ်တာရာတို့၏ အရှင်သခင်... ဟုတ်လား... တကယ့်ကို ဆီလျော်တဲ့ နာမည်ပဲ"
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံး များမှာ တောက်ပသွားပြီး သူ၏ရှေ့မှ ဖီဆန်လေး ကို စိုက်ကြည့်နေမိ၏။
၁.၀၈ ထရီလီယံ မိုင်လား... ဝေ့ဝူယင် မျက်တောင်ခတ်လိုက်၏။ အသေးအဖွဲလေးသာ ဖြစ်သည်။
ဤသည်ကတော့ ကောင်းကင်ဘုံကိုပင် စိန်ခေါ်ဖီဆန်နေခြင်း ဖြစ်သည်။
၃,၅၉၆,၄၀၀,၀၀၀,၀၀၀,၀၀၀
၃,၅၉၆,၄၀၀,၀၀၀,၀၀၀,၀၀၀...
၃,၅၉၆,၄၀၀,၀၀၀,၀၀၀,၀၀၀...
"၃.၅ ကွင်ထရီလီယံ မိုင်..."
ဝေ့ဝူယင်သည် သူ၏ စိတ်ထဲမှ မှတ်စုစာအုပ်ကို အားကိုး၍ တွက်ချက်လိုက်သည်။ 'ဧရာမ' မှ 'အကြွင်းမဲ့' သို့ ပြောင်းလဲခြင်းမှာ အနည်းဆုံး ပမာဏ၏ အဆပေါင်း တစ်ထောင်သာ ဖြစ်သော်လည်း၊ ဖီဆန်လေး မှာမူ အနည်းဆုံး ပမာဏ၏ အဆပေါင်း ၃၃၃,၀၀၀ ကျော်ပင် ဖြစ်နေလေတော့သည်။
...
ကြယ်တို့၏ သံသရာ
ကြယ်တို့၏ သံသရာသည် စကြဝဠာကြီး၏ အတိုင်းအဆကဲ့သို့ပင် ထုထည်ကြီးမားလှပြီး ဟင်းလင်းပြင်ကြီးသဖွယ် ဆိတ်သုဉ်း ကျယ်ပြောလှသည်။ ထိုနေရာတွင် နေကြယ်တို့၏ သေဆုံးသွားသော အခွံဟောင်းများနှင့် အညှောက်ပေါက်ခါစ နေကြယ်စေ့များ ကိန်းအောင်း တည်ရှိကြသည်။ ယနေ့တွင်တော့ ထိုမျှ အပြောကျယ်လှသော ဟင်းလင်းပြင်ထဲသို့ သေမျိုး တစ်ဦး အလည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုသေမျိုးသည် တောက်ပလှသော နေကြယ်ကြီး၏ ရောင်ခြည် အလင်းတန်းများအောက်တွင် လွင့်မျောနေ၏။ ၎င်း၏ လင်းလက်မှုမှာ ပုံမှန်ထက် ထူးကဲစွာ နွေးထွေးအေးမြလှသဖြင့် လူတစ်ဦးကို နှစ်ပေါင်း သန်းနှင့်ချီ၍ နှစ်ခြိုက်စွာ အိပ်မောကျသွားစေရန် လုံလောက်လှသည်။ ဤသို့ တိုက်ရိုက်ထိတွေ့လိုက်ရသော ရင်းနှီးမှုက ထိုသေမျိုး၏ စိတ်ထဲတွင် မြုပ်ကွယ်နေသော အတိတ်မှတ်ဉာဏ်များကို ပြန်လည် နိုးထလာစေသည်။ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်ရင်း ပြုံးလိုက်မိသည်။
ထိုအခိုက်အတန့်တွင် ဝေ့ဝူယင်သည် အမှန်တရားတစ်ခုကို ရိပ်စားမိသွားသည်။ ဖီဆန်လေး ၏ ကြီးမားထည်ဝါမှုကို သူ မည်သည့်အခါမျှ အတိအကျ မသိရှိခဲ့ဖူးပေ။ သူသည် ဖီဆန်လေး ၏ စွမ်းအင်အတိုင်းအဆကို သိလိုစိတ် ပြင်းပြခဲ့ပြီး သာမန်သေမျိုးတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်သော အံ့ဖွယ်လုပ်ရပ်များကို အဆင့်ဆင့် လုပ်ဆောင်နိုင်ရန် တွန်းအားပေးခဲ့သည်။ အကယ်၍ ၎င်းကို အပြင်သို့ ထုတ်လွှတ်လိုက်ပါက ချက်ချင်းပင် ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်သွားနိုင်လောက်အောင် ကြီးမားသည်ကို သိထားသော်လည်း၊ ယခုမှပင် ထိုကပ်ဘေး၏ အတိုင်းအတာနှင့် ဖီဆန်လေး ထဲ၌ သိုလှောင်ထားသည့် နေကြယ်အမတေ၊ နေကြယ်အလင်းနှင့် နေကြယ်စွမ်းအင်တို့၏ မဟာသိုလှောင်ရုံကြီးကို သူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
'ရွေးချယ်ခံ ဧကရာဇ်' ပြိုင်ပွဲအပြီးတွင် တွေ့ခဲ့ရသော 'အကြွင်းမဲ့' အရွယ်အစားရှိ နေကြယ်များသည် စွမ်းအင်နှင့် အမတေများဖြင့်သာ အတုအယောင် ဖန်တီးထားခြင်း ဖြစ်သောကြောင့် ဒြပ်ထုမရှိဘဲ 'ကြယ်တာရာ အမြုတေ အဆင့်' ရွေးချယ်ခံများကို ဆွဲငင်အားဖြင့် သတ်ပစ်နိုင်လောက်သည့် ဆွဲငင်မှုမျိုး မရှိခဲ့ပေ။ သို့သော်လည်း... ဖီဆန်လေး ကမူ အပြည့်စုံဆုံး ပုံသဏ္ဌာန်ရှိသည့် နေကြယ်တစ်စင်း ဖြစ်သည်။ ၎င်းသည် အစစ်အမှန် 'သေမျိုးတာအို အဆင့်' ကျင့်ကြံခြင်းအတွက် သဘာဝအတိုင်း ထွက်ပေါ်လာသော စွမ်းအင်ထုထည်ကြီးပင် ဖြစ်၏။
အရွယ်အစားအရ ဖီဆန်လေး ၏ စွမ်းအင်မှာ ကုန်ခမ်းသွားမည် မဟုတ်ဟု မဆိုလိုသော်လည်း၊ လွယ်လွယ်နှင့် ကုန်ခမ်းသွားရန်မှာမူ မဖြစ်နိုင်လောက်အောင် စွမ်းအင်များ လွန်ကဲနေခြင်း ဖြစ်သည်။ ၎င်းမှာ အဓိပ္ပာယ်မရှိလောက်အောင် ထူးခြားလွန်းလှသည်။ အကယ်၍ ကျင့်ကြံသူတစ်ဦးဦးသာ ဤတည်ရှိမှုကို သိရှိသွားပါက ဝေ့ဝူယင်၏ ဦးနှောက်ထဲတွင် ‘ကြယ်တစ်လုံး ဂလက်ဆီ' ၏ ဒဏ္ဍာရီလာ နေကြယ်ထက် အဆပေါင်းများစွာ သာလွန်သော ဂလက်ဆီအဆင့် ရတနာကြီးကို သယ်ဆောင်ထားကြောင်း နားလည်သွားကြပေလိမ့်မည်။
"ဒါကြောင့်ကိုး..."
ဖီဆန်လေး မွေးဖွားလာခြင်းတွင် ကံတရား အနည်းငယ် ပါဝင်နေသော်လည်း၊ ၎င်းမှာ သူတို့၏ ပြင်းပြသော ဆန္ဒနှင့် ထူးခြားသော လမ်းစဉ်ကို လျှောက်လှမ်းလိုသည့် ဇွဲလုံ့လတို့ကြောင့် ဖြစ်သည်မှာ အသေအချာပင်။ မာန်တက်နေသည့် ဝတ်စုံနက်ဝတ် ဝေ့ဝူယင်သည်ပင် ဤမျှ လှပဆန်းကြယ်သည့် နေကြယ်တစ်စင်းကို မွေးဖွားပေးနိုင်ခဲ့ခြင်း မရှိချေ။
ဝေ့ဝူယင် 'ငရဲ၏ကပ်ဘေးကြီး ဆယ့်ရှစ်ခု’ နှင့် 'ကောင်းကင်တာအို' တို့ကို စိတ်ထဲမှ ကျေးဇူးတင်လိုက်မိသည်။ အကယ်၍ သူတို့သာ မရှိခဲ့လျှင် ဤကဲ့သို့ အံ့ဖွယ်ကောင်းသည့် မိသားစုဝင်များကို သူ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ပိုင်လင်၊ အိုရီယန်နာ (အိုရီ)၊ ဘုရင်၊ ဧဒင်၊ ခရာတို၊ ဒြပ်စင်၊ ဖီဆန်လေး၊ ပိုင်ရှု၊ ကောင်းကင် စစ်ဝိညာဉ်...
ထို့အပြင်... အပြစ်သား တက်တူး သာ မရှိခဲ့လျှင် သူ၏ ဦးခေါင်းမှာ မြေကြီးထဲ၌ မြက်ပင်များ ပေါက်ရောက်ရန်အတွက် မြေသြဇာအဖြစ် ဆွေးမြည့်သွားခဲ့သည်မှာ ကြာလှပေပြီ။ သမိုင်းတွင် မေ့လျော့ခြင်း ခံရမည့် အမည်နာမတစ်ခုသာ ဖြစ်ပေလိမ့်မည်။ စုမေ့နှင့် ရွှယ်ယီဖေးတို့ကဲ့သို့သော လူများမှာလည်း သူ့ဘဝထဲ၌ ရှိလိမ့်မည် မဟုတ်ပါချေ။
ရှင်းရှင်းပြောရလျှင်... သူ့တွင် မည်သူမျှ၊ မည်သည့်အရာမျှ ရှိနေလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ ဤဘဝတွင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။
***
အပိုင်း(၁၉၄၈)
ဝေ့ဝူယင် မျက်လုံးကို အသာအယာ မှိတ်လိုက်ပြီး ဖီဆန်လေး ၏ နွေးထွေးသော အလင်းရောင်အောက်တွင် ကိုယ်ကို နှစ်ထားလိုက်သည်။ ထိုအချိန်တွင်ပင် သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ အလုပ်စလုပ်ကြတော့၏။
ဝှစ်... ဝှစ်... ဝှစ်...
သူတို့သည် ခန္ဓာကိုယ်ပြင်ပသို့ ထွက်ပေါ်လာကြသည်။ ခန္ဓာကိုယ်ပြင်ပသို့ ထွက်နိုင်စွမ်း ရှိသည့် အချိန်မှစ၍ သူတို့သည် ကျင့်ကြံခြင်းလမ်းစဉ်ကို မိမိတို့ စိတ်ကြိုက် ထိန်းကျောင်းခဲ့ကြပြီး 'သေမျိုးတာအို' ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို အံ့မခန်း အသုံးချကာ အကြီးမားဆုံးသော အကျိုးကျေးဇူးများကို ရယူခဲ့ကြသည်။
ဖီဆန်လေး ကို 'သေမျိုးတာအို' ကိုယ်တိုင်က 'ကြယ်တာရာတို့၏ အရှင်သခင်' အဖြစ် ကြေညာခဲ့သည်။ ၎င်းမှာ ကြယ်တာရာများထဲတွင် မကြုံစဖူးသော တည်ရှိမှုနှင့် 'သေမျိုးတာအို' အတွက် ၎င်း၏ အဆင့်အတန်းကို သက်သေပြနေခြင်းပင်။ ၎င်းသည် ကြယ်တို့၏ သံသရာ ထဲသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရရှိထားလေရာ၊ ကျူးကျော်ဝင်ရောက်မိသည့်အတွက် ခွင့်လွှတ်မှု တောင်းခံရန် ဝေ့ဝူယင်၏ ရည်ရွယ်ချက်မှာလည်း ပျောက်ကွယ်သွားတော့သည်။
အိုရီသည် တောက်ပသည့် အဖြူရောင်ကြယ်တစ်စင်းအဖြစ် ကမ္ဘာလောက တစ်ခွင်၌ ပျံသန်းနေသည်။ သူမ ဖြတ်သန်းသွားရာ လမ်းကြောင်းတွင် အဆုံးမဲ့ အရောင်အသွေးများ ကျန်ရစ်ခဲ့ပြီး ဝေးကွာသွားလေလေ ထိုအရောင်များမှာ ပို၍ စုံလင်လာလေလေ ဖြစ်၏။ ၎င်းတို့မှာ စွမ်းအင်သစ် အမျိုးမျိုးကို မွေးဖွားပေးနေခြင်းပင်။ အိုရီသည် များလှစွာသော ဒြပ်စင်တို့၏ မူလအစဖြစ်ပြီး 'ရုပ်တာအို' နှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသည်။ သေမျိုးတာအိုကလည်း ဤထွက်ပေါ်လာမှုကို အာကာသနှင့် အချိန်တို့၏ မြူးထူးကခုန်မှုဖြင့် ဂုဏ်ပြုခဲ့ပြီး အိုရီကို အပြည့်အဝ ကြိုဆိုခဲ့လေသည်။
ဘုရင် မှာမူ ဆေဘာ သဏ္ဌာန် ဆောင်ထားသည်။ သူ၏ ဓားသွား ထိတွေ့သမျှ အရာအားလုံးမှာ အခြေခံ အဆင့်တွင်ပင် ပျက်သုဉ်းသွားရပြီး၊ အရာခပ်သိမ်းကို နှစ်ခြမ်းကွဲစေကာ အာကာသ၊ အချိန်နှင့် အလင်းတို့ကို အားစိုက်စရာမလိုဘဲ ဖြတ်တောက်နိုင်စွမ်း ရှိသည်။ အစွမ်းထက်သော သတိပေးချက်တစ်ခုကြောင့် တုန်ခါသွားပြီးနောက်တွင်မှ ဘုရင်က ၎င်းကို လျစ်လျူရှုလိုက်တော့သည်။
'အိုရီ' နှင့် ဘုရင် တို့ တည်ဆောက်လိုက်သော ဟန်ချက်ညီမှုက 'သေမျိုးတာအို' အား မည်သို့ တုံ့ပြန်ရမည်ကိုပင် ဝေခွဲမရ ဖြစ်သွားစေသည်။ အချိန်ကြာလာသည်နှင့်အမျှ ကြယ်တို့၏ သံသရာ သည် ယခင်ရှိရင်းစွဲ အမတေများ ဆုံးရှုံးသွားသော်လည်း ပို၍ စင်ကြယ်ပြီး ပို၍ အစွမ်းထက်သော အမတေသစ်များကို ရရှိလာခဲ့သည်။ ဘုရင် က အဟောင်းကို ဖျက်ဆီးပြီး 'အိုရီ' က အသစ်ကို ဖန်တီးသည်။ သူတို့ကြားမှ ညီညွတ်မှုမှာ တန်းတူပင် ဖြစ်သည်။ လောက၏ အစိတ်အပိုင်းလေးတစ်ခု ပျက်စီးသွားတိုင်း အစိတ်အပိုင်းလေးတစ်ခုကို ပြန်လည် ဖန်တီးပေးနေသကဲ့သို့ပင်။
ဧဒင်၏ ကြယ်တာရာ အမြုတေ မှာမူ ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်၏ ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတွင် ခုနစ်ရောင်ခြယ် အရွက်များ၊ အမြစ်များ၊ ထူထဲပြီး ပျော့ပျောင်းသော သစ်ကိုင်းများ ရှိပြီး လေညင်းတိုက်ခတ်နေသကဲ့သို့ လှုပ်ရှားနေသော အပင်ဦးရစ်တို့ ရှိသည်။ ၎င်းသည် အမြစ်များကို ခြေထောက်သဖွယ် အသုံးပြုကာ ဖီဆန်လေး၏ ဘေးပတ်လည်တွင် လမ်းလျှောက်နေသည်။ တစ်ခါတစ်ရံတွင် ဖီဆန်လေး က တမင်တကာ နေမီးတောက်များ ထုတ်လွှတ်ပေးတတ်ပြီး ဧဒင် ၏ အမြစ်များက ထိုမီးတောက်များကို ပျော်ရွှင်စွာ ရိုက်ပုတ်ကာ ခုနစ်ရောင်ခြယ် အလင်းတန်းများကို ပြန်လည် လွှင့်ထုတ်နေသည်။ ထိုနေရာလေးမှာ ခေတ္တမျှ ခုနစ်ရောင်ခြယ် နေပြောက်လေး တစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်။
ဆက်ဆံရေးအရ ကြည့်လျှင် သူတို့ နှစ်ဦးစလုံး၏ အိမ်မှာ အသိစိတ် ပင်လယ်ထဲတွင် တည်ရှိနေလေရာ ဧဒင်မှာ ဖီဆန်လေး နှင့် အရင်းနှီးဆုံး ဖြစ်သည်။ သူတို့သည် မိသားစုကို ကာကွယ်လိုသော ပြင်းထန်သည့် စိတ်ဆန္ဒကို အတူတကွ မျှဝေထားကြသည်။ လူတိုင်းက ဤအချက်ကို ချစ်ခင်နှစ်သက်ပြီး လက်ခံကြသည်။ အထူးသဖြင့် အတိတ်ဘဝမှာတုန်းက ဧဒင်သစ်ပင်ကြီး၏ အိမ်မက်မှာ နေကြယ်များနှင့် နီးစပ်ရန်နှင့် မိသားစုဝင်များအဖြစ် သတ်မှတ်နိုင်ရန် ဖြစ်ခဲ့ဖူးသောကြောင့်ပင်။
ခရာတို မှာမူ မီးခိုးရောင် တိမ်တိုက်လေးတစ်ခု အသွင်ဖြင့် တည်ရှိနေသည်။ အစစ်အမှန် နဂါး တစ်ကောင်၏ ပုံရိပ်သည် တစ်ခါတစ်ရံတွင် မထင်မရှား အရိပ်အယောင်အဖြစ် ပေါ်လာတတ်သည်။ သူသည် ဤထူးခြားသော ဟင်းလင်းပြင်ထဲတွင် လွတ်လပ်မှု အရှိဆုံး ဖြစ်နေပြီး မည်သည့် အဟန့်အတားမျှ မရှိဘဲ အရပ်မျက်နှာအနှံ့ ပျံသန်းနေသည်။ ဤနယ်မြေသည် သူ၏ အိမ်ကဲ့သို့ပင် အာဏာစက် ပြင်းထန်စွာ ပြုမူနေလေသည်။
ခရာတို၏ စိတ်ထဲတွင်မူ 'ဟင်းလင်းပြင်' တစ်ခုလုံးမှာ သူ၏ အိမ်ပင် ဖြစ်သည်။ သူ အလိုရှိသည့် အချိန်တိုင်း ဝင်ထွက်သွားလာနိုင်သည်။ မည်သူကများ ကန့်ကွက်ဝံ့ပါမည်နည်း။
ခရာတို ၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ ခန္ဓာကိုယ်ပြင်ပသို့ ထွက်ပေါ်လာနိုင်ခြင်းအပေါ် ဝေ့ဝူယင် အံ့အားသင့်နေမိသည်။ သို့သော်လည်း ၎င်းမှာ 'အဖြူရောင် အဘိဿဲလ်’ တစ်ခုလုံးကို အပြည့်အဝ ချေဖျက် ဝါးမြိုထားပြီးဖြစ်ကာ၊ ကျင့်ကြံခြင်း အဆင့်မှာလည်း 'လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသား’ ၏ ပထမအဆင့်၌ ခိုင်မာစွာ တည်ရှိနေသည်ကို သိလိုက်ရသောအခါ သူ ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။
“ဘယ်တုန်းကလဲ..."
ဝေ့ဝူယင် ထိုသို့ စဉ်းစားရင်း စိတ်မျက်လုံးကို စစ်ဆေးကြည့်လိုက်၏။ ထိုအခါ သူဝါးမြိုထားခဲ့သော အဖြူရောင် အဘိဿဲလ်မှာ ပျောက်ကွယ်သွားပြီး ခရာတို အလိုမရှိသော အဖိုးတန် ရတနာပစ္စည်းအမျိုးမျိုးသာ ကျန်ရစ်တော့သည်ကို တွေ့လိုက်ရ၏။
ဧဒင်မှာ ဖီဆန်လေး၏ အစွန်းတစ်ဖက်တွင် လည်ပတ်ကခုန်နေရင်း ဝေ့ဝူယင်၏ မေးခွန်းကို သိရှိသွားသည့်အလား အရွက်တစ်ရွက်ကို အလင်းအလျင်နှုန်းဖြင့် သူ့ထံသို့ ပစ်လွှတ်လိုက်သည်။ ထိုအရွက်သည် မျက်ခုံးကြားသို့ ဝင်ရောက်သွားသည့်အခါတွင်မူ ဝေ့ဝူယင် အဖြေရသွားတော့သည်။ သူတို့ အဘယ်ကြောင့် ကြယ်တို့၏ သံသရာ ထဲသို့ လာချင်ခဲ့ကြသည်ကို ယခုမှပင် နားလည်သွားတော့၏။
ဤနေရာရှိ အချိန်နှင့် အာကာသမှာ ဆန်းကြယ်လှပြီး ပုံပျက်နေသည်။ ဤနေရာမှာ ဖီဆန်လေး၏ နှစ်ပေါင်း သန်းနှင့်ချီသော ဝါးမြိုမှုနှင့် ကြီးထွားမှုဖြစ်စဉ်များကို သေမျိုး ဝိညာဉ်များ (ကြယ်တာရာ ဝိညာဉ်များ အပါအဝင်) အိုမင်းရင့်ရော်ခြင်း မရှိဘဲ လက်ခံပေးနိုင်သည့် သဘာဝ အချိန် အရှိန်မြှင့်ဇုံတစ်ခု ဖြစ်နေသည်။ ထို့ပြင် ခရာတိုသည် အချိန်နှင့် အာကာသ မူလ သာမည ဥပဒေသကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် ဖြစ်သဖြင့် မိမိကိုယ်ကိုယ်ရော အခြားသူများကိုပါ အံ့သြဖွယ်ကောင်းလောက်အောင် အရှိန်မြှင့်ပေးနိုင်သည်။ ကြယ်တို့၏ သံသရာ အတွင်း သေမျိုးဝိညာဉ်များ အိုမင်းခြင်းမရှိစေရဟူသော ထူးခြားသည့် စည်းမျဉ်းကြောင့် မည်သည့် ဆိုးကျိုးမျှမရှိဘဲ ထိုသို့ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ကန့်သတ်ချက်များတော့ ရှိနေပေသည်။ သေမျိုးဝိညာဉ်များသာ ဤအကျိုးကျေးဇူးကို ခံစားခွင့်ရှိပြီး၊ 'သေမျိုးတာအို' ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိသော အခြား 'တာအို' များကို ကျင့်ကြံခြင်းအား တားမြစ်ထားသည်။ ဥပမာအားဖြင့် ဝေ့ဝူယင်သည် ဤဟင်းလင်းပြင်ထဲတွင် 'လျှို့ဝှက်မြေကြီး' အဆင့်နှင့် ထိုထက်မြင့်သော အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ခြင်း သို့မဟုတ် သုံးစွဲခြင်း မပြုနိုင်သလို၊ 'လျှို့ဝှက်တာအို' အောက်ရှိ အရာများကိုလည်း ကျင့်ကြံရန် ကြိုးစား၍ မရပေ။ အကယ်၍ ကြိုးစားခဲ့ပါက ၎င်းတို့၏ တည်ရှိမှုကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထိုအချက်မှာ ကြီးမားသော စည်းကမ်းဖောက်ဖျက်မှုကြီး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း 'လျှို့ဝှက်မြေကြီး' အဆင့်၊ 'လျှို့ဝှက်လောက' အဆင့်များ မပါဝင်လျှင်ပင် ဤနေရာသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိလှပေသည်။ သူ၏ အာဏာရှင် အဖွဲ့သားများကို ဤနေရာသို့ ခေါ်ဆောင်လာပြီး လိုအပ်သလောက် အချိန်ယူ ကျင့်ကြံစေမည်ဟူသော အတွေးက ဝေ့ဝူယင်၏ စိတ်ထဲတွင် ဝေဆာလာခဲ့သည်။ သို့သော်လည်း ထိုအတွေးကို ဤဟင်းလင်းပြင်အတွင်းရှိ သေမျိုးတာအိုက ငြင်းပယ်မှုဖြင့် တုံ့ပြန်လိုက်သည်။ ဝေ့ဝူယင် ခါးသက်သက် ပြုံးလိုက်မိ၏။
သို့သော် သူ မည်ကဲ့သို့ လက်လျှော့ပါမည်နည်း။ သူက လူလည်ကျသော အပြုံးဖြင့်...
"ကိုးယောက်လောက်ပဲ ဆိုရင်ရော..."
"..."
တုံ့ပြန်မှု မရှိချေ။
"ကောင်းပြီလေ... ကျေးဇူးပဲ..."
ဝေ့ဝူယင်က တဟားဟား ရယ်မောလိုက်သည့် အခါမှသာ ပြတ်သားသော တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာတော့သည်။
"မရဘူး"
ဝေ့ဝူယင်က မည်ကဲ့သို့ ရပ်တန့်ပါမည်နည်း။ သေမျိုးတာအိုက သူ့ကို ကောင်းချီးပေးထားသလို ဖီဆန်လေးကိုလည်း 'ကြယ်တာရာတို့၏ အရှင်သခင်' အဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ... ၎င်း၏ သဘောမနောကောင်းသော ပင်ကိုယ်စရိုက်အရ အန္တရာယ်မရှိသည့် မေးခွန်းတစ်ခု မေးမြန်းရုံမျှဖြင့် သူ့အား အပြစ်ပေးမည် မဟုတ်သည်ကို သိထားသည်။
"ဒါဆို ရှစ်ယောက်ပဲ ထားပါတော့... ခင်ဗျားကလည်း ဈေးဆစ်ရတာ တော်တော် ခက်တာပဲ"
ဈေးဆစ်ရတာ ဟူ၍ သုံးလိုက်သော်လည်း ဝေ့ဝူယင်ဘက်က ဘာတစ်ခုမှ ကမ်းလှမ်းထားခြင်း မရှိပေ။ သေမျိုးတာအိုက အလျှော့မပေးသလို ဝေ့ဝူယင်ဘက်ကလည်း တင်းခံနေသဖြင့် အလားတူ တုံ့ပြန်မှုမျိုးဖြင့်ပင် သီတင်းပတ် အနည်းငယ်ကြာ သွားခဲ့သည်။
အကယ်၍ မူလ အာဏာရှင်များကို ဤနေရာသို့ ခေါ်ဆောင်လာပြီး ကျင့်ကြံစေပါက အလွန်ပင် အကျိုးထူးလိမ့်မည် ဖြစ်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် 'သေမျိုးတာအို' မှာ ဝေ့ဝူယင် မျှော်လင့် မထားသော တုံ့ပြန်မှုတစ်ခု ပေးလာခဲ့သည်။ ၎င်းက သဘောတူလိုက်ခြင်းပင်။
သို့သော်... ဝေ့ဝူယင်ပါ အတူတူ လိုက်ပါလာရမည်ဟူသော ကတိကဝတ်ဖြင့် ဖြစ်သည်။ ဝေ့ဝူယင်က ဤဆွေးနွေးပွဲတွင် အရေးနိမ့်သွားသဖြင့် ဝမ်းနည်းနေသည့်အလား သက်ပြင်းတစ်ချက် ချလိုက်သော်လည်း... စိတ်ထဲတွင်မူ ချက်ချင်းပင် သဘောတူလိုက်သည်။ အရေအတွက် ကန့်သတ်ချက် ပေးမထားသဖြင့် သူသည် သူတို့နှင့်အတူ လိုက်လာရုံသာ ဖြစ်သည်။ ၎င်းမှာ အလွန်လွယ်ကူသော အရာပင်။ သေမျိုးတာအို ချမှတ်သည့် ကန့်သတ်ချက်များ ရှိနေဦးမည် ဖြစ်သော်လည်း၊ အိုမင်းခြင်းမရှိသော အတွေ့အကြုံရရှိမှုသည်ပင် အရာများစွာကို လုပ်ဆောင်ရန် လုံလောက်လှပေသည်။
ကြယ်တို့၏ သံသရာ သည် မကြာမီ 'အာရုဏ်ဦး အာဏာရှင် အင်ပါယာ' ၏ သေမျိုးများအတွက် အကြီးကျယ်ဆုံးသော ပျိုးထောင်မှု ကိရိယာကြီး ဖြစ်လာတော့မည်။
ဝေ့ဝူယင် မျက်လုံးကို ဖွင့်လိုက်ရာ 'ကြယ်တာရာ ဝိညာဉ်' လေးခုမှာ ဖီဆန်လေး ၏ အရပ်လေးမျက်နှာတွင် နေရာယူထားသည်ကို ခံစားလိုက်ရသည်။ အိုရီ ၊ ဘုရင် နှင့် ဧဒင် တို့သည် မိမိတို့ နေရာသို့ ရောက်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ခရာတို မှာမူ သူ၏ နေရာသို့ ရောက်ရှိပြီးနောက် ပြန်ထွက်လာကာ ဤထူးခြားသော ဟင်းလင်းပြင်ထဲတွင် အခြားလူများကို ကစားပြနေလေသည်။ တစ်ခါတစ်ရံတွင် ဝေ့ဝူယင် ကိုယ်တိုင်ပင် ၎င်းကို အာရုံခံနိုင်စွမ်း မရှိပဲ ဝေဝါးသွားရသည်။ ၎င်းမှာ အလွန်ဝေးကွာသည့် နေရာအထိ သွားနေခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ခရာတိုမှာ မကျေနပ်သော ဟိန်းဟောက်သံများနှင့်အတူ ချက်ချင်း ပြန်လည် ရောက်ရှိလာတတ်သည်။ ခရာတိုမှာ ကြယ်တို့၏ သံသရာ တစ်ခုလုံးကို ပတ်၍ သွားချင်နေသော်လည်း... ဆက်သွယ်နိုင်စွမ်းကို ကျော်လွန်သွားပါက ကျန်သည့် ကြယ်တာရာ ဝိညာဉ်' သုံးခုမှာ အခက်တွေ့ပေလိမ့်မည်။ ထို့ကြောင့် ၎င်းမှာ သူတို့၏ ဆက်သွယ်မှု ကန့်သတ်ချက်အတွင်း၌သာ နေထိုင်ရတော့သည်။
ယခုအခါ ကြယ်တာရာ ဝိညာဉ် လေးကောင်သည် ဖီဆန်လေး ၏ ဘေးပတ်လည်တွင် နေရာအသီးသီး ယူထားကြပြီ ဖြစ်သည်။ ထိုကောင်လေးများမှာ အချိုးကျလှသော ထောင့်ဖြတ်မျဉ်းများသဏ္ဌာန်ဖြင့် တည်ရှိနေကြ၏။ အိုရီ နှင့် ဘုရင် က မျဉ်းတစ်ကြောင်း၊ ဧဒင် နှင့် ခရာတို က အခြားမျဉ်းတစ်ကြောင်း ဖြစ်သည်။ အကယ်၍ ဖီဆန်လေး ကို အလျားလိုက်နှင့် အနံလိုက် မျဉ်းများဖြင့် လေးပိုင်း အတိအကျ ပိုင်းခြားလိုက်လျှင်၊ သူတို့ လေးဦးသည် ထိုထောင့်ဖြတ် နေရာများတွင် ပျံဝဲနေကြခြင်းပင်။
"ကျွန်တော်တို့ စတော့မယ်..."
ဧဒင်က အရွက်မှတစ်ဆင့် အသိပေးလာ၏။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ထို့နောက်... အချိန်ဆွဲမနေတော့ဘဲ ဖီဆန်လေး ဆီသို့ ခုန်ဆင်း ဝင်ရောက်သွားတော့သည်။ ထိုအခိုက်၌ သူသည် သမုဒ္ဒရာထဲသို့ ဝင်ရောက်သွားသော ရေတစ်စက်ထက်ပင် သေးငယ်လှပေသည်။
ကြယ်တာရာ ဝိညာဉ် လေးကောင်သည်လည်း ဖီဆန်လေး အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြသည်။ သူတို့၏ လက်ရှိပုံသဏ္ဌာန်မှာ ပို၍ ကြီးမားလာသော်လည်း ဖီဆန်လေး နှင့် နှိုင်းယှဉ်လျှင်မူ အလွန်အမင်း သေးငယ်နေဆဲပင်။
ကြယ်တာရာ ဝိညာဉ် လေးကောင်၊ နေကြယ်တစ်စင်းနှင့် သေမျိုးတစ်ဦးတို့၏ ရူးသွပ်မှုကြီးသည် ယခုပင် စတင်တော့မည် ဖြစ်လေတော့သည်။
***