← Chapters

အခန်း (၁၉၅၉-၁၉၆၀)

Vol. 140 Ch. 1959-1960

အခန်း (၁၉၅၉-၁၉၆၀)

Vol. 140 Ch. 1959-1960

အပိုင်း(၁၉၅၉)

ရှဲ... ရှဲ... ရှဲ...

တစ်ခုခု ဖြစ်ပျက်လာတော့မည့် အချိန်ကို ရွှေဖုန်းပေါင် စောင့်ဆိုင်းနေစဉ်မှာပင် သစ်ရွက်တို့၏ ရှဲရှဲမြည်သံမှာ ပိုမို၍ ကျယ်လောင်လာကာ ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားတော့သည်။

သူ ဦးတည်ရာတစ်ခုသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ အစောပိုင်းကမူ ထိုလှုပ်ရှားမှု၏ ဗဟိုချက်တွင် ရှိနေခြင်းကြောင့်လည်းကောင်း၊ အထူးတလည် အာရုံမစိုက်မိခြင်းကြောင့်လည်းကောင်း ထိုအသံမှာ မည်သည့်ဘက်သို့ ဦးတည်သွားသည်ကို သတိမထားမိခဲ့ပေ။

သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ သူသည် ဝိညာဉ်အော်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု၏ အသေးငယ်ဆုံးသော အငွေ့အသက်ကိုပင် ဖမ်းယူနိုင်ရန် အပြည့်အဝ သတိကပ်ထားလေရာ ထိုသစ်ရွက်တို့၏ ရှဲရှဲမြည်သံမှာ လှိုင်းတံပိုးတစ်ခုကဲ့သို့ ဦးတည်ရာ တစ်ခုတည်းမှ စီးဆင်းလာကြောင်း သိလိုက်ရပြီဖြစ်သည်။

ထိုဘက်သို့ စူးစိုက်ကြည့်နေရင်း လူငယ်လေး၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားသည်။ ထို့နောက် ဆန့်ကျင်ဘက်အရပ်သို့ လှည့်ကြည့်လိုက်သည်။ ခြေဖဝါးအောက်ရှိ မြေကြီး တုန်ခါမှုလှိုင်းများမှတစ်ဆင့် အစုလိုက်အပြုံလိုက် ကသုတ်ကဗျာ ပြေးလွှားနေကြသော ခြေသံများကို ခံစားလိုက်ရသည်။

ထိုအရပ်မျက်နှာ၏ ၂၄၂ မိုင်ခန့် အကွာအဝေးအတွင်း၌ ထောင်ပေါင်းများစွာသော ခြေထောက်တို့မှာ အလျင်အမြန် ရွေ့လျားနေကြသည်။ ဤသည်မှာ ကျင့်ကြံသူတို့၏ အခြေချရာ နေရာတစ်ခု ဖြစ်ပုံရ၏။

သူတို့မှာ အထိတ်တလန့်ဖြင့် ထွက်ပြေးနေကြခြင်းပင်။

အကယ်၍ ပထမလှိုင်းကို သူက စတင်ခဲ့သည်ဆိုပါက... ဒုတိယလှိုင်းကို မည်သူက ဖန်တီးခဲ့သနည်း။ ထို့ပြင် ဒုတိယလှိုင်းမှာမှ အပြင်းအထန် လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည့် အစပျိုးချက် ဖြစ်နေသည်။ ပထမလှိုင်း မဟုတ်ပေ။ သူတို့က ပထမလှိုင်းမှာ အချက်ပေးမှားခြင်းလောဟု စောင့်ကြည့်နေခဲ့ကြဟန် တူသည်။

ဂျစ်... ဂျစ်... ဂျစ်...

မာကျောသော သစ်သားကို လက်သည်းဖြင့် အသာအယာ ကုတ်ခြစ်နေသကဲ့သို့ တိုးညင်းသော အသံကလေးများ ထွက်ပေါ်လာ၏။ ၎င်းမှာ အလွန်တိုးညင်းသော်လည်း ရွှေဖုန်းပေါင်အဖို့မူ မိုးကြိုးပစ်သံကဲ့သို့ပင် ကျယ်လောင်လှသည်။

သစ်ရွက်လှုပ်သံများ စတင်လာရာ ဦးတည်ရာသို့ သူ၏ ခေါင်းမှာ လျှပ်ခနဲ လှည့်သွားပြန်၏။ သူ၏ မီးလျှံရောင် မျက်ဝန်းအိမ်တို့မှာ လှုပ်ခတ်သွားပြီး သူငယ်အိမ်များမှာလည်း အနည်းငယ်မျှ ကျဉ်းမြောင်းသွားသည်။

သူ၏ ရှေ့ မီတာ ၃၀ ခန့်အကွာတွင် ခေါင်းကို စောင်းကာ စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်နေသည့် ချိုပါသော ယုန်တစ်ကောင် ရှိနေသည်။ ၎င်းသည် မည်းနက်နေသည့် သစ်သားတုံး တစ်တုံးကို ကိုင်ဆောင်ထားပြီး အပျင်းပြေ လက်သည်းများဖြင့် ကုတ်ခြစ်နေခြင်း ဖြစ်သည်။

ကလစ်... ကလစ်...

ထိုအချိန်မှာပင် အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်ရာ ရွှေဖုန်းပေါင်၏ အသိစိတ် ပင်လယ် အတွင်း၌ မိုးခြိမ်းသံများသဖွယ် ပဲ့တင်ထပ်သွားလေ၏။ ၎င်းမှာ ပထမ တစ်ကြိမ်ကနှင့် မတူပဲ မတူဘဲ ပို၍ နူးညံ့ကာ လူ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသည်။ ထိုအသံကို ကြားလိုက်ရရုံဖြင့် လူတစ်ဦးကို ပို၍ အာရုံစူးစိုက်လာစေခြင်း သို့မဟုတ် အလွန်အမင်း စိတ်တိုလာစေခြင်းမျိုး ဖြစ်စေနိုင်သည်။

ထိုသတ္တဝါမှာ သေးငယ်သည်။ တောကြောင်တစ်ကောင်ခန့်သာ ရှိ၏။ အချို့နေရာများတွင် အနက်စက်ကလေးများ ရှိသော အဝါရောင် အမွေးအမှင်များ ရှိသည်။ ခေါင်းပေါ်ရှိ အနက်ရောင် ချိုမှာမူ ချွန်ထက်နေပြီး ၎င်း၏ ခန္ဓာကိုယ်အရှည်နီးပါး အထိ ရှည်လျားသည်။ ချိုမှာ ခန္ဓာကိုယ်မှ ဝေးကွာသွားလေလေ ပို၍ သေးသွယ်သွားလေလေ ဖြစ်သော်လည်း အဖျားပိုင်းမှာမူ အလွန်ပင် ထက်မြိလှသည်။ ၎င်း၏ မျက်လုံးများမှာ တည်ငြိမ်သည့် ကောင်းကင်ပြာရောင် ရှိပြီး အပြောကျယ်လှသော ကောင်းကင်ယံကြီးသဖွယ် ထိုအကြည့်ထဲ၌ လူကို နစ်မွန်းသွားစေလောက်အောင် ဆွဲဆောင်မှု ရှိလှသည်။

ချိုပါသော ယုန်ငယ်သည် သူ၏ ခေါင်းကို တစ်ဖန် ပြန်စောင်းလိုက်ကာ ရွှေဖုန်းပေါင်ကို စူးစမ်းစွာ ကြည့်လိုက်ပြန်၏။ ရွှေဖုန်းပေါင်မှာ အသိစိတ် ပင်လယ် အတွင်း၌ မိုးခြိမ်းသံသဖွယ် ပေါက်ကွဲမှုများကို ခံစားလိုက်ရပြန်၏။ ၎င်းမှာ သူ၏ စိတ်ဝိညာဉ်ကို အခြေခံအဆင့်အထိ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေရန် ခြိမ်းခြောက်နေသည်။

ရွှေဖုန်းပေါင်၏ အတွေးအာရုံအားလုံးမှာလည်း “ပြေးတော့၊ လွတ်အောင်ပြေး... အသက်ရှင်အောင် ပြေးတော့” ဟူသော အတွေးများဖြင့်သာ လွှမ်းမိုးခြင်း ခံထားရသည်။ ထိုအခိုက်၌... သူ၏ ခန္ဓာကိုယ်မှ အကြောအမျှင်တိုင်းက ပြေးရန် အော်ဟစ်နေကြသည်။ သူ၏ ဝိညာဉ်နှင့် စိတ်တို့ပင်လျှင် ခန္ဓာကိုယ်မှ ခွာ၍ ပြေးလိုစိတ်များ ဖြစ်ပေါ်နေတော့သည်။

သို့သော်လည်း... ထိုခဏ၌ပင် အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်းမှာ လည်ပတ်သွားပြီး အသိစိတ် ပင်လယ် အတွင်း၌ တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် ရှန့်ထိုနှင့် အာရုဏ်ဦး အင်ပါယာ၏ အရှင်သခင်ဖြစ်သူ၏ တည်ရှိမှုကို ပုံဖော်လိုက်တော့သည်။ ဝေ့ဝူယင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီးနောက် ပြင်းထန်သော တုန်လှုပ်မှုများမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့၏။

ယုန်၏ ချိုအဖျားတွင် ကောင်းကင်ပြာရောင် အလင်းတန်းကလေး တစ်ခု ခဏမျှ လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် ယုန်ကလေးမှာ ၎င်း၏ ခေါင်းကလေးကို လှုပ်ခါလျက် တိုးညင်းသော အသံကလေး တစ်ခု ပြုလုပ်လိုက်သည်။ ထိုပုံစံကို မြင်လိုက်ရသည့် မည်သည့် မိန်းကလေးမဆို ချစ်စနိုးဖြင့် စွဲလမ်းသွားကြပေလိမ့်မည်။ ၎င်းမှာ မယုံနိုင်လောက်အောင် ချစ်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလား။

ဝုန်း...

ရွှေဖုန်းပေါင်၏ မျက်လုံးများမှာ ပြင်းထန်သော မီးတောက်များဖြင့် တောက်လောင်လာသည်။ သူ၏ မျက်ဝန်းအစုံမှာ အရှိန်အဟုန်ပြင်းသော မီးလျှံများအဖြစ် ပြောင်းလဲသွား၏။

“မင်းလို ကောက်ကျစ်တဲ့ သတ္တဝါအောက်တန်းစား... ငါ့စိတ်ကို ရိုက်ချိုးဖို့ ကြိုးစားတယ်ပေါ့လေ... မင်းကို ကင်ပြီး ဒီနေ့ညစာ အဖြစ် စားပစ်မယ်”

မီးလမ်းစဉ်၏ ကလေးငယ်မှာ အကြီးအကျယ် ဒေါသထွက်သွားလေပြီ။ အစောပိုင်းက တိုက်ခိုက်မှုမှာ အလွန် အန္တရာယ်ကြီးလှသည်။ ဤသားရဲ၏ ကျင့်ကြံမှုမှာ ၎င်း၏ အရွယ်အစားနှင့် လုံးဝ မမျှတပေ။

“အညစ်အကြေးတွေ ပေနေတဲ့ အရေခွံတီကောင်တစ်ကောင်က အသက်ရှင်ကျန်နေပါလား... စိတ်ဝင်စားစရာပဲ...”

စူးရှရှိ အသံတစ်ခု ထွက်ပေါ်လာပြီး ရွှေဖုန်းပေါင်၏ စိတ်ထဲသို့ ရောက်ရှိလာသည်။ ဤသည်မှာ သူ၏ ဘဝတွင် အရှင်ဝေ့မှ လွဲ၍ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုက သူ၏ စိတ်မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်လာသည်ကို ပထမဆုံး ခံစားရခြင်းပင်။ ထိုခံစားချက်မှာ ထူးဆန်းလွန်းလှသဖြင့် ဝေ့ဝူယင် က စကားပြောနေသည်ဟုပင် သူ အစပိုင်း၌ ထင်မှတ်မိလိုက်သည်။

သူသည် အံ့အားသင့်သွားကာ ထိုယုန်ကို စိုက်ကြည့်လိုက်မိသည်။

“ထားလိုက်တော့... နောက်မှပဲ စုံစမ်းတော့မယ်!”

ဘုန်း...

ရွှေဖုန်းပေါင် သူ၏ ကျင့်ကြံခြင်း အခြေခံကို ချက်ချင်း အပြည့်အဝ လည်ပတ်စေလိုက်ရာ မီးလျှံတို့၏ ကိုယ်ပွားတစ်ခုအဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

သူ၏ မီးလျှံလူသား ပုံသဏ္ဌာန်မှာ တဟုန်းဟုန်း တောက်လောင်နေပြီး ထွက်ပေါ်လာသော အပူရှိန်ကြောင့် ကောင်းကင်ယံပင် တုန်ခါသွားခဲ့သည်။ သူ၏ လက်ထဲတွင် အသုံးချရန် မီးဥပဒေသ မရှိသေးသဖြင့် ဤနေရာတွင် သူ မပေါ့ဆရဲပေ။

“ထူးဆန်းတဲ့ အရေခွံတီကောင်ပဲ... ဘာပဲဖြစ်ဖြစ်ပါ... မင်းရဲ့ အသားနဲ့ မင်းရဲ့ အတွေးတွေကို ငါ မြိန်ရည်ယက်ရည် စားသုံးရမှာပဲ...”

သတ္တဝါက စိတ်ချင်းဆက်သွယ်ကာ ထပ်မံ ပေးပို့လိုက်ပြန်၏။ ၎င်း၏ လေသံထဲတွင် ရယ်မောမြူးထူးမှုများ ပြည့်နှက်နေသည်။ စားကောင်းသောက်ဖွယ် တစ်ခုကို မစားသုံးမီ စိတ်ဝင်စားစရာကောင်းသော အရုပ်ကလေး တစ်ရုပ်ကို တွေ့ရှိသွားသည့်အလားပင်။

...

ဟုန်း...

ကသုတ်ကပျာ ပြေးလွှားနေကြသော ကျင့်ကြံသူများ၊ သွေးရောင်သစ်ရွက်ရှိသည့် သစ်ပင်နက်ကြီးများနှင့် မလှမ်းမကမ်း၊ အနာဂတ်တွင် မီးဟုန်းဟုန်းတောက်လောင်ကာ တိုက်မိတော့မည့် ကံကြမ္မာဆိုးတို့ ရှိနေသည့် ထိုဂြိုဟ်ထက်တွင် မီးလမ်းစဉ်၏ ကလေးငယ်သည် ထိုဒေသကို စိုးမိုးထားသော သားရဲဆိုးကြီးများကို ဆန့်ကျင်လျက် မိမိကိုယ်ကို မီးလျှံများအဖြစ် အသွင်ပြောင်းလဲလိုက်လေပြီ ဖြစ်သည်။

ထိုဒေသ၏ အဝေးတစ်နေရာမှ ကြည့်လျှင်ပင် ဂြိုဟ်ထက်၌ တောက်ပသော ကြယ်တစ်စင်းကဲ့သို့သော အလင်းစက်တစ်ခုကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် နာကျင်စွာ အော်ဟစ်သံများ၊ ကရုဏာသက်ရန် တောင်းပန်သံများနှင့် မျှော်လင့်ချက်မဲ့စွာ ငိုကြွေးသံများ ထွက်ပေါ်လာတော့သည်။ မနက်ဖြန်ဆိုသည်မှာ မသေချာကြောင်း သိရှိထားကြသဖြင့် စိတ်ဝိညာဉ်ထဲ၌ အမှောင်ထုများ ဖုံးလွှမ်းကာ ကြောက်ရွံ့မှုများဖြင့် ရှင်သန်နေကြရသော ထိုကျင့်ကြံသူများအဖို့ ဤသို့သော အသံမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ကြချေ။

***

အပိုင်း(၁၉၆၀)

ကောင်းကင်နှလုံးသား ဂလက်ဆီရှိ သားရဲများသည် မိမိတို့၏ နောက်ဖေးခြံထဲတွင် ကပ်ဘေးမျိုးစေ့များ ပျိုးကြဲခံထားရသည်ကို သတိမမူမိကြပေ။ သူတို့၏ ကံကြမ္မာမှာ သူတို့၏ သဘောထားနှင့် ထိုနေရာကို မတော်တဆ ရွေးချယ်မိသွားသူတို့၏ တုံ့ပြန်မှုအပေါ်တွင်သာ မူတည်နေတော့သည်။

ဝေ့ဝူယင်သည် ဂလက်ဆီ၏ အစွန်းသတ်မျဉ်းမှနေ၍ ကောင်းကင်နှလုံးသား ဂလက်ဆီကို စိုက်ကြည့်နေသည်။ အီလီစီယမ် အသေးစား ဟင်းလင်းပြင်သင်္ဘောမှာ ငြိမ်သက်တည်ငြိမ်စွာ ဆိုက်ကပ်ထား၏။ ဝေ့ဝူယင်သည် ရည်ရွယ်ချက်မရှိဘဲ လက်ရန်းကို မှီကာ ငေးမောနေရင်း မိမိ၏ ဘယ်ဘက်လက်မောင်းကို ခဏခဏ ငုံ့ကြည့်နေမိသည်။

“ယောက်ဖ... မင်းက မင်းရဲ့ ဘယ်ဘက်လက်မောင်းကိုပဲ အရမ်း အာရုံစိုက်နေပါလား... ကမ္ဘာကျော် အလှပန်းတစ်ပွင့်ကို ကြည့်နေသလိုပဲ... ရင်ထဲမှာ တစ်ခုခု အုံခဲနေလို့လား”

သခင်လေးရှန့်က ပျင်းရိငြီးငွေ့ဟန်ဖြင့် အရက်သောက်ရင်း မေးလိုက်သည်။ ဝေ့ဝူယင် သူတော်စင် တစ်ဦး၏ လက်အောက်ခံကို မောင်းထုတ်လိုက်ပြီး မိမိ၏ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးကတည်းက... သူတို့နှစ်ဦးမှာ သင်္ဘော၏ အစွန်းတွင် အေးအေးလူလူ ရှိနေကြခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပျက်ခဲ့သည်မှာ ငါးမိနစ်ခန့်သာ ရှိသေးသော်လည်း အချိန်မှာ အတော်ပင် ကြာမြင့်နေပြီဟု ခံစားရသည်။

“ရင်ထဲမှာ အုံခဲနေတာလား...”

ဝေ့ဝူယင်သည် ထိုမေးခွန်းကို ခဏမျှ စဉ်းစားလိုက်သည်။ သူ၏ နှုတ်ခမ်းများမှာ မဲ့သွားပြီး မျက်ခုံးအစုံမှာလည်း အတွေးများဖြင့် တွန့်ချိုးသွား၏။ အပြစ်သား ထုံးတမ်းက သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ဖိနှိပ်ထားရာ ထိုအရာကို ရိုးရှင်းသော စကားလုံးများဖြင့် ထုတ်ဖော်ရန်မှာ မဖြစ်နိုင်ပေ။ ရှင်သန်ခြင်း နည်းလမ်းဖြင့်သာ ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။

ယခု သူ ခံစားနေရသော သိမ်မွေ့သည့် စိုးရိမ်ပူပန်မှုမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သူ ခံစားခဲ့ရသော မျှော်လင့်ချက်မဲ့မှု နှင့် များစွာ ကွာခြားလှသည်။ ထိုစဉ်ကမူ သူ၏ ဘဝတွင် အဓိက ရည်မှန်းချက်ဖြစ်သော ကလဲ့စားချေမှုကို ပြီးမြောက်အောင်မြင်ထားပြီး ဖြစ်သည်။ ထို့အပြင် ဝေ့စီမှာလည်း အရွယ်ရောက်လာပြီး သူ၏ ဘုရားပေး စွမ်းအားကြောင့် သူ့ထက် မနိမ့်ကျသော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ သူ့တွင် တာဝန်ယူရမည့်အရာ ဘာမျှမရှိတော့ပေ။ ထိုအချိန်က ဝေ့စီ၏ အနာဂတ်မှာလည်း လွန်စွာ တောက်ပနေခဲ့သည်။

ထိုစဉ်က သူ့တွင် သားသမီး မရှိ၊ အသက်ရှင်ကျန်ရစ်သော သွေးသားရင်းချာ ဆွေမျိုးမရှိ၊ အိမ်ထောင်ရေး တာဝန်လည်း မရှိခဲ့ပေ။ မေ့မေ့ နှင့် သူ၏ ရင်းနှီးမှုတွင်ပင် ကျော်ဖြတ်၍ မရနိုင်သော အကွာအဝေးတစ်ခု ခြားနေခဲ့သည်။ ၎င်းမှာ သူတို့နှစ်ဦးစလုံး၏ အသိစိတ်ဖြင့် ရွေးချယ်ခဲ့သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

တုလင်၊ စုမေ့နှင့် အခြားသော လက်အောက်ခံများမှာလည်း အချိန်တန်လျှင် မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်မည့်သူများ ဖြစ်လာကြလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

အကယ်၍ ထိုစဉ်က သူ သေဆုံးခဲ့လျှင်ပင် ဘာဖြစ်မည်နည်း။ ခဏတာ ဝမ်းနည်းပူဆွေးရုံမျှသာ ရှိမည်ဖြစ်ပြီး ထို့ထက် ပိုလိမ့်မည် မဟုတ်ပေ။

ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ လုံးဝကို ပြောင်းလဲသွားခြင်းပင်။ ဤဘဝတွင် နောင်တမရှိစေရန် မိမိအလိုရှိရာကို လုပ်ဆောင်ရင်း၊ စွန့်စားမှုများနှင့် အန္တရာယ်များကြားမှ အထွတ်အထိပ်သို့ တက်လှမ်းရန်နှင့် ဘဝကို အပြည့်အဝ ရှင်သန်ရန် သူ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့ပုံရသည်။ သို့သော်လည်း... ထိုပြောင်းလဲမှုနှင့်အတူ သူ၏ ငယ်ဘဝက စိတ်ကူးပင် မယဉ်နိုင်ခဲ့သော တာဝန်ဝတ္တရားများ ပါလာခဲ့သည်။

သူ၏ နံဘေးတွင် တိုးပွားလာသော ထူးချွန်ထက်မြက်သည့် အမျိုးသမီးများနှင့် အမျိုးသားများ၊ သူ တည်ထောင်စပြုနေသည့် အင်ပါယာ သို့မဟုတ် တိုးပွားလာနေသည့် မိသားစုဝင်များကြောင့် ယခုအခါ သူ့တွင် ဆက်လက် တည်ရှိနေရန် အကြောင်းပြချက်များ ရှိနေပြီဖြစ်သည်။

သူ ရှင်ပြန်ရမည်။

ဤကွာခြားချက်ကပင် သူ၏ နှလုံးသား၊ စိတ်ဝိညာဉ်နှင့် အတွေးအာရုံတို့ထဲ၌ စိုးရိမ်ပူပန်မှု အစအနများကို မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။ ထိုစိုးရိမ်မှုမှာ မည်မျှပင် သိမ်မွေ့ပါစေ၊ သူ၏ စွမ်းဆောင်ရည်အပေါ် မည်မျှပင် အကျိုးသက်ရောက်မှု နည်းပါစေ... ၎င်းက ရှိနေသည်မှာ အမှန်ပင်။

သို့သော်လည်း... ထိုစိုးရိမ်ပူပန်မှု အစအနများသည် အန္တရာယ် မရှိလှပေ။ ၎င်းမှာ မရပ်မနား စီးဆင်းနေသော ကောင်းကင်ဘုံ အားဆေး တစ်ခုကဲ့သို့ပင်။

ကုန်ဆုံးသွားသော စက္ကန့်တိုင်းမှာပင် ထိုအတွေးများမှာ သူ၏ ကျင့်ကြံခြင်း နှလုံးသား ကို အစဉ်တစိုက် သန့်စင်ပေးနေသည်။ သူ၏ စိတ်ဓာတ်ကို ပိုမို ခိုင်မာစေကာ လှုံ့ဆော်မှုများကိုလည်း ပို၍ အားကောင်းစေသည်။ ထို့ပြင် ထိုလှုံ့ဆော်မှုများမှာ အမှောင်မိုက်ဆုံးသော အချိန်ကာလများမှ မွေးဖွားလာသည့် သူ၏ အစစ်မှန်ဆုံးသော အလိုဆန္ဒများအပေါ်တွင်သာ အခြေခံထားသဖြင့် သူ အသက်ရှင်နေသရွေ့ မည်သည့်အခါမျှ ငြိမ်းသတ်၍ ရနိုင်မည် မဟုတ်ပေ။ ဤအရာအားလုံးမှာ မနက်ဖြန်ကို မြင်တွေ့လိုသော သူ၏ ရည်မှန်းချက်ကြောင့် ပို၍ပင် အရှိန်အဟုန် ကောင်းလာခဲ့လေတော့သည်။

“ရင်ထဲမှာ အုံခဲနေတာလား...”

ဝေ့ဝူယင်က ထိုစကားကို ထပ်ဆင့်ရေရွတ်၏။ သူ၏ မျက်မှောင်ကြုတ်မှုတို့မှာ ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ လာသော ကြည်နူးဖွယ် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ ရင်ထဲ၌ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ ရှိမနေတော့ဘဲ အနာဂတ်ကို ဆက်လက် လှမ်းကိုင်ရန်အတွက် အဆင့်မြင့် လောင်စာအင်အားများသာ ပြည့်နှက်နေတော့သည်။ အပြစ်သား တက်တူး ကြောင့် အဆုံးသတ်သွားပြီဟု သူ တစ်ချိန်က ယုံကြည်ခဲ့ဖူးသော အနာဂတ်ကို ယခုအခါ သူ၏ လက်ဝယ်သို့ တဖြည်းဖြည်းချင်း ပြန်လည် ဆုပ်ကိုင်ယူနေပြီ ဖြစ်သည်။

သခင်လေးရှန့်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားခဲ့၏။ ဝေ့ဝူယင်၏ လူသားနှင့်မတူဘဲ နတ်ဘုရားဆန်လှသော ရုပ်သွင်နှင့် အတွင်းစိတ်ကြည်လင်မှုကို ဖော်ပြနေသည့် တောက်ပသော အပြုံးကြောင့် သူသည် ရှင်းမပြတတ်သော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း... သူ့ ရင်ထဲ၌ ရှက်စိတ်ကလေးတစ်ခုမှာ စောင်းကြိုးတစ်မျှင် တုန်ခါသွားသကဲ့သို့ ဖြစ်ပေါ်သွားတော့သည်။

“အိုး...”

ရုတ်တရက်... ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးတို့တွင် ဝိညာဉ်အလင်းတန်းများ ဝင်းလက်လာပြီး ဟင်းလင်းပြင် အမှောင်ထု၏ အဆုံးမဲ့ ဝေးကွာလှသော အရပ်မျက်နှာသို့ စူးစိုက်ကြည့်လိုက်သည်။

အမြင်အာရုံကို အဆုံးစွန်အထိ ချဲ့ကြည့်လိုက်သည့်အလား ဝေ့ဝူယင်သည် အဝေးမှ ချဉ်းကပ်လာသော ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း တစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် အီလီစီယမ် အသေးစား ကဲ့သို့သော သင်္ဘော မဟုတ်ဘဲ လူသားပုံသဏ္ဌာန် ပုံရိပ်အချို့သာ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာ တစ်ဦးတည်းသာ ဖြစ်သည်။ ထိုခေါင်းဆောင်သူမှာ ဥပဒေသ အော်ရာများဖြင့် ဝန်းရံထားပြီး သူ ထုတ်လွှတ်နေသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများမှာ လျှို့ဝှက် အာဏာရှင် အဆင့် သို့မဟုတ် ထို့ထက်မက မြင့်မားသော တည်ရှိမှုတစ်ခု၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသနေသည်။

ဤသူသည် အာဏာရှင် ရှန့်ထို သို့မဟုတ် သူတော်စင် တစ်ဦးဦးပင် ဖြစ်ရမည်။

ထို့ပြင် ထိုသူနှင့်အတူ ပါလာသော နောက်လိုက်အခြံအရံများမှာလည်း သာမန်ကာလျှံကာများ မဟုတ်ကြပေ။ ဝေ့ဝူယင် နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။

ဤသို့သော အာရုံခံနိုင်စွမ်းကို အသုံးပြုရခြင်းမှာ စွမ်းအင်ကုန်ဆုံးမှု လွန်စွာ များပြားလှသဖြင့် သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် နှင့် တန်ခိုးရှင် မျက်လုံး တို့ကို အသုံးချကာ မျက်လုံးများ ပျက်စီးမသွားအောင်နှင့် စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးလာအောင် လုပ်ဆောင်နေရသည်။

ဝေ့ဝူယင်၏ မျက်လုံးများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်အခါ ထို ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ကို မမြင်ရတော့ပေ။ ၎င်းမှာ မိုင်ပေါင်း ကုဋေကုဋာ ဝေးကွာလှသည့် အရပ်မှ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့ဆီသို့ ဦးတည်လာနေခြင်း ဖြစ်သည်။

အကယ်၍ သူသာ အာကာသ သာမည ဥပဒေသကို နားမလည်ခဲ့ပါက ဤလှုပ်ရှားမှုကို သိရှိနိုင်မည်ပင် မဟုတ်ပေ။ သူတို့သည် စစ်မြေပြင်တွင် အသုံးပြုသော နေရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါများ လိုမျိုး အာကာသ နည်းပညာတစ်ခုကို အသုံးပြုနေခြင်း ဖြစ်ပြီး ၎င်းအတွက် ကုန်ကျစရိတ်မှာလည်း မယုံနိုင်လောက်အောင် မြင့်မားပေလိမ့်မည်။

“ဒါပေမဲ့... ငါ ထင်ထားတာထက် အများကြီး နှေးနေတာပဲ”

သူက မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိသော လေသံဖြင့် မှတ်ချက်ပေးလိုက်သည်။ ဤနှုန်းအတိုင်း ဆိုလျှင် သူတို့သည် ဆယ့်သုံးရက်လောက်ကြာမှ ဤနေရာသို့ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... အင်အားစုတိုင်း သို့မဟုတ် ကျင့်ကြံသူတိုင်းမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်စွမ်း ရှိကြသည်မဟုတ်။ ဟင်းလင်းပြင် ပေါ်တယ်များမှာ မိမိတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း၌ အဆင်ပြေလှသော်လည်း နယ်မြေပြင်ပတွင် အသုံးပြုရန်မှာမူ အလွန် အန္တရာယ်များလှသည်။

ဝေ့ဝူယင်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက စိတ်ကြိုက် သွားလာနိုင်စွမ်းကို ပြသခဲ့သော်လည်း အင်အားစုအသီးသီးက ဟင်းလင်းပြင် တံခါးများ ကို အသုံးမပြုနိုင်ရန် အာကာသဆိုင်ရာ ကန့်သတ်ချက်များ ပြုလုပ်ထားတတ်ကြသည်။ ထိုကန့်သတ်ချက်များက လူတစ်ဦးကို အပျက်အစီး အာကာသ သို့မဟုတ် ပြတ်တောက်နေသော အချိန်စီးကြောင်းထဲ၌ သောင်တင်သွားစေနိုင်သည် မဟုတ်ပါလား။

အဆင့်မြင့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း အများစုမှာ ခရီးသွားလာမှု မြန်ဆန်စေရန်အတွက် အီလီစီယမ် အသေးစား သို့မဟုတ် စစ်မြေပြင် ဖြတ်သန်းမှု ချိပ်စည်း ကဲ့သို့သော ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ကိုသာ တစ်နည်းနည်းဖြင့် အားကိုးကြရသည်။ ၎င်းမှာ ကာကွယ်ရ ပိုမို လွယ်ကူသလို တည်ငြိမ် အာကာသအတွင်း၌သာ ဖြစ်ပေါ်ခြင်းကြောင့် ကောင်းကင်ကို ဖီဆန်နိုင်သော စွမ်းအားမျိုး မရှိဘဲ တားဆီးရန် ခက်ခဲလှပေသည်။

ထိုအရာက ဟင်းလင်းပြင် ပေါ်တယ်များကို အသုံးမပြုနိုင်ခြင်းကြောင့် မဟုတ်ဘဲ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ကို အသုံးပြုခြင်းက ပို၍ စိတ်ချရကာ အဆင်ပြေသောကြောင့်သာ ဖြစ်သည်။

တစ်ဖက်တွင်လည်း ဝေ့ဝူယင် ထိုမျှဝေးကွာလှသော နေရာမှ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ကို အာရုံခံနိုင်ကြောင်း သခင်လေးရှန့်သာ သိခဲ့လျှင် ဝေ့ဝူယင်၏ စွမ်းအားများအား ခန့်မှန်းနေခြင်းကိုပင် လက်လျှော့သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုအပြုအမူမှာ... ရူးသွပ်လောက်အောင်ပင် အစွမ်းထက် နေသောကြောင့် ဖြစ်သည်။

“ယောက်ဖ... မင်းရဲ့ ဇနီးတွေရော ဘယ်လိုနေလဲ”

ဝေ့ဝူယင်က သူ့ စိတ်ထဲရှိ အကြောင်းအရာများကို ပြောပြရန် ဆန္ဒမရှိသည့်ပုံ ပေါ်နေခြင်းကြောင့်လည်းကောင်း၊ အမည်မသိ အကြောင်းရင်းဖြင့် ရှက်စိတ်ဝင်နေခြင်းကြောင့်လည်းကောင်း သခင်လေးရှန့်က အရက်ကို ထပ်သောက်ရင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။

သူသည် ဆွဲဆောင်မှု ရှိလှသော ယွီစွန်းလီ၊ စွဲမက်ဖွယ်ကောင်းပြီး နွေးထွေးသည့် အရှိန်အဝါရှိသော ချင်ချူးမူ၊ မကြာသေးမီကမှ အစစ်အမှန် ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်လာသည့် ချောင်စွေ့ဖုန်းနှင့် နှင့် အမြဲတမ်း အေးစက်နေတတ်သော်လည်း ရံဖန်ရံခါတွင် ဆွဲဆောင်မှုရှိသော စိတ်ခံစားချက်များကို ထုတ်ပြတတ်သည့် လျူစုယင် တို့ကို စဉ်းစားမိရင်း ရင်ထဲတွင် သက်ပြင်းချမိသည်။

သူ့အမေကတော့ ဝေ့ဝူယင် လက်အောက်တွင် ထူးချွန်သော ပါရမီရှင်များအဖြစ် ပြုစုပျိုးထောင်ခြင်း ခံနေရသည့် ဤအမျိုးသမီးများကို သဘောကျမည် မဟုတ်သည်မှာ သေချာလှသည်။ အမှန်စင်စစ် သူ၏ မိခင်သည် ဝေ့ဝူယင်ကို အပြစ်မတင်မီ ထိုအမျိုးသမီးများကို အရင် ပြဿနာရှာပေလိမ့်မည်။ သို့သော် ဝေ့ဝူယင်ကိုလည်း မလွဲမသွေ ပြဿနာရှာမည်မှာ အမှန်ပင်။

ဝေ့ဝူယင်မှာ သခင်လေးရှန့်၏ စိုးရိမ်ပူပန်မှုများကို အာရုံခံမိသော်လည်း ဂရုမစိုက်ပေ။ ထိုကိစ္စများကို အချိန်တန်လျှင် သူ ကိုင်တွယ်ဖြေရှင်းသွားမည်သာ။

“သူတို့က ငါ့ရဲ့ မျှော်မှန်းချက်ထက်တောင် ကျော်လွန်နေကြပါတယ်...”

သူက ပြုံးလျက်ပင် ဖြေလိုက်၏။ သူ ကောင်းကင်နှလုံးသား ဂလက်ဆီဘက်သို့ လှည့်ကြည့်လိုက်ရာ ဥက္ကာခဲတစ်ခုပေါ်တွင် စီးနင်းလိုက်ပါလာသော ပုံရိပ်သုံးခုကို တွေ့လိုက်ရလေသည်။

...

“ဝိုး...”

ချောင်စွေ့ဖုန်းက အံ့ဩတကြီး ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းအိမ်ထဲ၌ တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးသလို စိတ်ပင် မကူးဖူးသော မြင်ကွင်းတစ်ခု ထင်ဟပ်နေသည်။ သူတို့ ရပ်နေသော ဥက္ကာခဲကြီးပေါ်တွင် ယွီစွန်းလီ၊ ချင်ချူးမူနှင့် ဝေ့စီတို့သည် နေကြယ် တစ်စင်း၏ ဆွဲငင်အားအတွင်း၌ လည်ပတ်နေကြခြင်း ဖြစ်သည်။

ထိုနေကြယ်မှာ သေဆုံးသွားခြင်း မဟုတ်ဘဲ ကြောင်နှင့်လည်းမတူ၊ ခွေးနှင့်လည်းမတူသော ခြေလေးချောင်းရှိ သတ္တဝါကြီးတစ်ကောင်၏ ဝါးမြိုခြင်းကို ခံနေရခြင်း ဖြစ်သည်။

ထိုသတ္တဝါကြီးမှာ ပြုတ်ထားသော ကြက်ဥတစ်လုံးကို စားနေသကဲ့သို့ပင် ရှိနေ၏။ ၎င်းတွင် ရွှေညိုရောင် အမွေးနုများ ရှိပြီး အနက်ရောင် အစက်ကလေးများမှာ ကြယ်တာရာများကဲ့သို့ တဖိတ်ဖိတ် တောက်နေသည်။ ၎င်း၏ အမြီးတိုတိုမှာမူ အဖျားတွင် ထူထပ်သော အမွေးများ ရှိနေပြီး ကြယ်တာရာများကို ဖုန်ခါပေးနေသည့် တံမြက်စည်းနှင့်ပင် တူလှသည်။

၎င်းသည် သေးငယ်သော ကြယ်ကလေး ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် မြူတိမ်တိုက်ကြီးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။

၎င်း၏ အရွယ်အစားမှာ မယုံနိုင်လောက်အောင် ကြီးမားလှပြီး ကီလိုမီတာ သိန်းပေါင်းများစွာ ရှိပေလိမ့်မည်။ ၎င်းမှာ သားရဲတစ်ကောင် ဖြစ်သော်လည်း ပိုင်လင်၏ နိဗာန အသွင် ပြောင်းလဲခြင်း ခန္ဓာကိုယ်နှင့် အန်နု၏ ခန္ဓာကိုယ်ကြီးပင်လျှင် ဤသတ္တဝါနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်ကလေးများအလား သေးငယ်သွားပေလိမ့်မည်။

၎င်းကို ကြယ်ဝါးမြိုသူ ဟု မှားယွင်းစွာ ယူဆလျှင်ပင် ငြင်းမည့်သူ ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ နေကြယ်၏ အရည်ပျော်နေသော အမြုတေ အပါအဝင် တစ်ခုလုံးကို အရွယ်အစားအားဖြင့် မတုန်မလှုပ်ဘဲ ဝါးမြိုနေသောကြောင့် ဖြစ်သည်။ ကမ္ဘာဦး သားရဲ အများစုမှာ နေကြယ်များကို စားသုံးနိုင်ကြသော်လည်း လာဗီယာသန် များကဲ့သို့ အလွန် ကြီးမားသော အရွယ်အစားရှိသည့် သားရဲမျိုးမှာ အနည်းငယ်သာ ရှိပေသည်။

၎င်း၏ နက်မှောင်သော မျက်လုံးကြီးများမှာ မိုင်ပေါင်း တစ်သန်းခန့် အကွာအဝေးရှိ ဥက္ကာခဲကြီးဆီသို့ ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။ ၎င်း ထုတ်လွှတ်နေသော သဘာဝ အော်ရာမှာ အလွန်ပင် ဖိနှိပ်မှု ပြင်းထန်လှပြီး တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် မန်နာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဝန်းကျင်ရှိ ဂြိုဟ်များ၏ လှုပ်ရှားမှုကို ပျက်စီးသွားစေနိုင်သည်။

“သူ ငါတို့ကို သတိထားမိသွားပြီ...”

ချင်ချူးမူမှာ နှလုံးခုန်သံများ မြန်လာပြီး မသိစိတ်က တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း... သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ပြန်လည် နာလန်ထူနေဆဲ ဖြစ်ကြောင်း သတိရသွားသည်။ သူမ၏ စွမ်းအားမှာ ယွီစွန်းလီ သို့မဟုတ် ဝေ့စီ တို့ထက် များစွာ နိမ့်ကျနေသေးသည်။ ဝေ့ဝူယင်ကသာ သူမ၏ အာရုံခံနိုင်စွမ်းကို ထူးခြားသော နည်းလမ်းဖြင့် ကူညီပေးမထားပါက သူမ ဘာကိုမျှ မြင်တွေ့နိုင်မည်ပင် မဟုတ်ပေ။ သို့သော်လည်း သူမကတော့ အဆင်သင့် ပြင်ထားဆဲပင်။ ဖခင်ဖြစ်သူ ငယ်ဘဝကတည်းက ပျိုးထောင်လာခဲ့သော တိုက်ခိုက်ရေးသမား တစ်ဦး၏ စိတ်ဓာတ်မှာ ပျောက်ကွယ်မသွားသေးကြောင်း သိသာလှပေသည်။

ယွီစွန်းလီ၏ မျက်လုံးများမှာမူ ဝင်းလက်တောက်ပနေ၏။ သူမ၏ မျက်လုံးများမှာ သုံးကြိမ်သာ ဤသို့ ဝင်းလက်ခဲ့ဖူးသည်။

ပထမအကြိမ်မှာ ဝေ့ဝူယင်က သူမကို ထိုကြောက်မက်ဖွယ်ကောင်းသော အရိပ်ဥ ထဲမှ ကယ်ထုတ်ပေးပြီး နေရောင်ခြည်၏ နွေးထွေးမှုကို နှစ်ပေါင်း ၅၀၀ အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရချိန် ဖြစ်သည်။

ဒုတိယအကြိမ်မှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့၏ ဖမ်းဆီးခြင်းမှ ကယ်တင်ရန် ဝေ့ဝူယင်က စစ်တပ်တစ်ခုနှင့်အတူ ရောက်ရှိလာချိန် ဖြစ်သည်။

တတိယအကြိမ်မှာမူ ဝေ့ဝူယင်က တစ်လောကလုံးထံ သူ၏ ရည်ရွယ်ချက်များ ထုတ်ဖော်ကြေညာလိုက်ပြီး သူမကို စွန့်လွှတ်လိုက်ခြင်း သို့မဟုတ် မေ့လျော့နေခြင်း မရှိကြောင်း အဖြေပေးလိုက်ချိန် ဖြစ်သည်။

ယခုအခါတွင်လည်း ကြောင်နှင့်လည်း မတူ၊ ခွေးနှင့်လည်း မတူသော သတ္တဝါကြီး ကြယ်တာရာ မြူခိုးတိမ်တိုက်ပေါ်တွင် ထိုင်လျက် နေကြယ်တစ်စင်းကို ပြုတ်ထားသော ကြက်ဥတစ်လုံးကဲ့သို့ ဝါးမြိုနေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးများမှာ ထပ်မံ၍ ဝင်းလက်လာပြန်တော့သည်။

ဝေ့ဝူယင်က ပိုင်လင်းကို စီးနင်းသကဲ့သို့ သူမသည်လည်း ဤသားရဲကြီးကို စီးနင်းကာ ကြယ်တာရာများနှင့် လောကကြီးကြားတွင် လွတ်လပ်ပျော်ရွှင်စွာ သွားလာနေသည်ဟု သူမ စိတ်ကူးယဉ်မိလိုက်သည်။ ၎င်းမှာ ရှင်းမပြတတ်သော ခံစားချက်ကြီး ဖြစ်ပြီး သူမ ကိုယ်တိုင် လက်တွေ့ ခံစားကြည့်ချင်သည့်အရာပင် ဖြစ်သည်။

ဝေ့စီကမူ ထိုသတ္တဝါကြီးကို ခေါင်းစောင်းလျက် ဝေခွဲမရသော မျက်နှာထားဖြင့် ကြည့်ရင်း...

“ဒါက ကြောင်လား၊ ခွေးလား”

သားရဲကြီးမှာမူ သူတို့ သုံးဦးကို ကြည့်ကာ တစ်ချက် သမ်းဝေလိုက်ပြီးနောက် လျစ်လျူရှုကာ သူ၏ နေကြယ် အစားအစာကို ဆက်လက် စားသုံးနေလေတော့သည်။

***

All Chapters