← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 25 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 25 Ch. 349-350

အပိုင်း(၃၄၉)

မြောင်…

ဘေးနားရှိ အဖြူလေးမှာ မနာလိုသည့် အသံလေး ပြုလိုက်သည်။ သေတ္တာလေးကို ကြည့်လိုက်၊ လင်ကျဲကို ကြည့်လိုက်နှင့် ၎င်း၏ မျက်လုံးလေးများမှာ အလိုရမ္မက်များဖြင့် တောက်ပနေသည်။ ကြည့်ရသည်က ဤကောင်ကြီးမှာလည်း ထိုလက်ဆောင်ကို လိုချင်နေပုံရသည်။

မွန်းက လက်ဆောင်သေတ္တာကို ဖွင့်လိုက်၏။ ချက်ချင်းပင်… သူမ၏ နှလုံးခုန်နှုန်းမှာ ရပ်တန့်မတတ် ဖြစ်သွားခဲ့သည်။ တိတိကျကျ ဆိုရလျှင် သူမသည် နှလုံးသားမှသည် ခြေလက်များနှင့် အရိုးများအထိ တစ်ကိုယ်လုံး တုန်လှုပ် သွားခဲ့ခြင်း ဖြစ်သည်။

ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် သွေးများ၊ သွေးပြန်ကြောများ၊ အရိုးတွင်းခြင်ဆီများပင်လျှင် အောင်ပွဲခံနေသကဲ့သို့ တဆတ်ဆတ် ခုန်လှုပ်နေကြ၏။

'အဲ့ဒါကို စားလိုက်စမ်း...'

ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက သူမကို တိုက်တွန်းနေကြသည်။

'ဒါကိုသာ စားလိုက်ရင် နင် ဒီထက်မက အများကြီး ပိုအစွမ်းထက် လာလိမ့်မယ်...'

"မွန်း… ဘယ်လိုလဲ… လှတယ်မလား… ငါက လွဲရင် နော်ဇင်တစ်ခုလုံးမှာ ဘယ်သူကများ ဒီလိုဟာမျိုးကို လက်ဝယ်ပိုင်ဆိုင်နိုင်ဦးမှာလဲ"

လင်ကျဲ မိမိကိုယ်ကိုယ် ဂုဏ်ယူနေသဖြင့် ခပ်ကြွားကြွားလေး ပြောလိုက်သည်။ ယခုလောက် ကြီးသည့် ပတ္တမြားမျိုးကို မွန်းတစ်သက် မမြင်ဖူးနိုင်ကြောင်း သူ သေချာပေသည်။

ကျိပိုတုံလို ထိပ်တန်းသူဌေးကြီးပင် ယခုလောက် ကြီးမားသည့် ပတ္တမြားကြီးကို ရှာဖွေဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ အကယ်၍ ဤအရာမှာ အမှန်တကယ် ပတ္တမြားစစ်စစ် မဟုတ်ဘဲ မီးလျှံဓားလမ်းစဉ် က သုတေသနပြု ဖန်တီးထားသည့် ဖလော်ဆိုဖာ ကျောက်တုံး ဖြစ်နေလျှင် ပို၍ပင် ရှားပါးဦးမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မြင်ရသည့်ပုံစံနှင့် ရုပ်ပိုင်းဆိုင်ရာအရမူ ၎င်းမှာ ပတ္တမြား အစစ်နှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီလှပေသည်။

'ဒါကြောင့် ဒီမှာ ဆက်နေမယ်ဆိုရင် ဝန်ထမ်းတစ်ယောက်အနေနဲ့ နင့်ရဲ့ အနာဂတ်က ထူးထူးခြားခြား တောက်ပနေမှာပဲ… ဒါ့အပြင် နင့်ရဲ့ဆိုင်ရှင်ကလည်း နူးညံ့ပြီး ရက်ရောတယ်၊ အကျိုးအကြောင်းနဲ့ တုံ့ပြန်တတ်တယ်၊ တကယ့်ကို ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့လေ’

'တခြားသူတွေ လာခေါ်တာကို ဂရုမစိုက်ဘဲ စာအုပ်ဆိုင် လက်ထောက်အလုပ်ကိုပဲ အာရုံစိုက်လိုက်စမ်းပါ…'

သူ၏ ထူးချွန်သော ဝန်ထမ်းလေးအာ မည်သူမျှ လာရောက် ဆွဲဆောင်စည်းရုံးခြင်း မရှိသေးသော်လည်း၊ ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဟု လင်ကျဲ ခံစားမိသည်။

ဆိုင်၏ အရောင်းအဝယ် ကောင်းနေခြင်းမှာ မွန်း၏ ကြိုးစားအားထုတ်မှုကြောင့် များစွာ ပါဝင်နေသည်။ ထို့ကြောင့် လင်ကျဲအနေဖြင့် သူ၏ တစ်ဦးတည်းသော လက်အောက်ခံကို သိမ်းသွင်းထားရန် လိုအပ်သည်ဟု ခံစားရသည်၊ သို့မဟုတ်ပါက သူ တစ်ကိုယ်တော် တပ်မှူးဘဝသို့ ပြန်ရောက်သွားပေလိမ့်မည်။

မွန်းသည် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း လက်ထဲရှိ ဖလော်ဆိုဖာ ကျောက်တုံးကို သူမ ငေးကြည့်နေမိဆဲ ဖြစ်သည်။

ထိုအရာက ပြီးပြည့်စုံသည့် ကျောက်တုံး ဖြစ်သည်။ ဘော့စ် ပြောတာ အမှန်ပင်…။ နော်ဇင်တွင် ထိုကျောက်မျိုး လက်ဝယ် ထားနိုင်သူ နောက်တစ်ယောက် မရှိချေ။

မွန်း တုန်လှုပ်နေသော နှလုံးသားကို ထိန်းချုပ်လိုက်ပြီး ပတ္တမြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

မိန်းကလေးက မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလျက် ပြောလိုက်၏။

လင်ကျဲက သူမ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ မိန်းမငယ်လေး၏ မျက်လုံးထဲတွင် စစ်မှန်သည့် ပျော်ရွှင်မှုကို မြင်တွေ့ရသဖြင့် သူ စိတ်သက်သာရာ ရသွားသည်။

“ကျေးဇူးတင်စရာ မလိုပါဘူး… ပြီးခဲ့တဲ့ လတွေမှာ နင့်ရဲ့ ကြိုးစားမှုကို ငါ မြင်ပါတယ်၊ ဒါက နင်နဲ့ ထိုက်တန်ပါတယ်”

ကျောက်မျက်ကို တစ်ချက်ကြည့်ရင်း လင်ကျဲ ဆက်ပြောလိုက်သည်။

"နင် ဒါကို ကြိုက်သလို သုံးနိုင်တယ်၊ နင် လိုချင်တာနဲ့လည်း လဲလို့ ရတယ်…"

လင်ကျဲ၏ အမြင်တွင် ဤကျောက်မျက်ကြီးကို ဆွဲသီးအဖြစ် လုပ်ရန်ပင် မလွယ်ကူပေ။ သူက မွန်း ပျော်ရွှင်စေရန်သာ ပေးလိုက်ခြင်း ဖြစ်သည်။ သူမက ၎င်းကို ရောင်းချပြီး သူမ၏ နေထိုင်စရိတ်အတွက် အသုံးပြုလိမ့်မည်ဟု သူ ယူဆထားသည်။

မွန်းက ကျောက်မျက်ကို သိမ်းဆည်းလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“ဟုတ်ကဲ့ဘော့စ်… ကျွန်မ ဒါကို အကျိုးရှိရှိ အသုံးပြုပါ့မယ်”

မွန်းအတွက်မူ သူမ၏ အကြီးမားဆုံး ဆန္ဒမှာ စွမ်းအားပင် ဖြစ်သည်။

သူမ၏ အဆင့်တက်ရန် အခက်အခဲများ အကြောင်း စဉ်းစားနေချိန်မှာပင် ဘော့စ်က အဖြေရှာပေးလိုက်ချေပြီ ဖြစ်သည်။ သူက မွန်း၏ တိုက်ပွဲရလဒ်များကို ကြိုတင်မြင်ထားပြီး သူမ၏ ချို့ယွင်းချက်ကို ပြုပြင်နိုင်ရန် ကြိုတင်ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်ရမည်။

တစ်ချိန်တည်းမှာပင်… ဘော့စ်သည် သူ ပိုင်ဆိုင်ထားသည့် ‘အရာခပ်သိမ်းကို သိမြင်နိုင်စွမ်း’ အား နောက်တစ်ကြိမ် ထပ်မံ သက်သေပြလိုက်ခြင်း ဖြစ်သည်။

ထိုအရာကို တွေးတောရင်း မွန်းက လှိုက်လှိုက်လှဲလှဲပင် ဆက်ပြောလိုက်၏။

“နောက်ကျ ဘာပဲဖြစ်လာဖြစ်လာ၊ ကျွန်မ အမြဲတမ်း ဘော့စ်နောက်ကိုပဲ လိုက်ပါ့မယ်”

ထိုစကားဖြင့် မိန်းကလေးမှာ သစ္စာရှိမှုကို ဖော်ပြလိုက်ခြင်းပင်။

‘ပစ္စည်းဥစ္စာတွေကြောင့် စိတ်ဓာတ်မယိုင်လဲသွားဘူး… ဘယ်လောက်တောင် လိမ္မာတဲ့ ကောင်မလေးလဲ…’

လင်ကျဲမှာ အလွန်ပင် ကျေနပ်သွားရုံသာမက သူ၏ လက်ထောက်အတွက်လည်း ဂုဏ်ယူမိသည်။

'ဘယ်သူမှ မွန်းကို ငါ့ဆီကနေ ဆွဲထုတ်သွားနိုင်မှာ မဟုတ်ဘူး...'

“အေးပါ… ငါ ယုံကြည်တယ်”

သူ မွန်း၏ ပုခုံးကို ပုတ်ကာ စာအုပ်ဆိုင်အတွက် ဆက်လက် ကြိုးစားရန် အားပေးလိုက်သည်။

မကြာမီ ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် အရောင်းကိုယ်စားလှယ်စာချုပ် ချုပ်ဆိုပြီးလျှင် ဖြစ်နိုင်ခြေများမှာ အကန့်အသတ်မရှိ ဖြစ်လာတော့မည်။

…

လင်ကျဲက ရိုးလ်ကုမ္ပဏီအကြောင်း တွေးနေချိန်တွင် ကျိမိသားစုမှ သားအဖနှစ်ဦးမှာလည်း အရောင်းကိုယ်စားလှယ် ကိစ္စအတွက် အလုပ်ရှုပ်နေကြသည်။

သို့သော် ယခုအကြိမ် အလုပ်မှာ ယခင်ကထက် ပို၍ ခက်ခဲနေသည်။

အကြောင်းကား သူတို့ ဘာကို ရောင်းရမည်ဆိုသည်ကိုပင် မသိသောကြောင့် ဖြစ်သည်... ထို့ကြောင့်ပင် သူတို့သည် ပစ္စည်းကို မည်ကဲ့သို့ ရောင်းရမည်နှင့် မည်သူ့အား ရောင်းရမည် ဆိုသည်ကိုသာ အာရုံစိုက်နေကြသည်။

စာအုပ်ဆိုင်ဘက်မှလည်း စာအုပ်များအား မည်သို့ရောင်းချရမည်နှင့် ပတ်သက်၍ ထူးထူးခြားခြား ညွှန်ကြားချက် မပေးထားပေ။ ထို့ကြောင့် သူတို့သည် ဆိုင်ရှင်၏ အလေ့အထနှင့် လုပ်ထုံးလုပ်နည်းများအတိုင်းသာ စာအုပ်များကို ပုံမှန်အတိုင်း ရောင်းချရန် စီစဉ်လိုက်သည်။

မည်သူ့ကို ရောင်းမည် ဆိုသည်မှာ အရေးကြီးဆုံး ပြဿနာဖြစ်ပြီး ကျိပိုတုံတွင် အစီအစဉ် ရှိပြီးသား ဖြစ်သည်။

သူသည် ဝယ်ယူမည့်သူများ၏ အမည်စာရင်းကို ရေးမှတ်ထားပြီးပြီ ဖြစ်သည်။

ယခုအခါ အရာအားလုံး အဆင်သင့် ဖြစ်သွားပြီ ဖြစ်လေရာ ဤတာဝန်ကို ကျိကျစ်ရှို့ ထံသို့သာ လွှဲပြောင်းပေးလိုက်တော့သည်။

…

နှစ်ရက်အကြာ…

စာအုပ်ဆိုင်၏ အဝင်ဝတွင် ကျိကျစ်ရှို့သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သဘောတူညီချက်အရ သူမသည် ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့တွင် သူမသည် စာအုပ်ဆိုင် ပိုင်ရှင်ကို သူမ၏ ဂုဏ်ပြု ညစာစားပွဲအတွက် ဖိတ်စာ ပေးအပ်မည်ဖြစ်သလို ပထမအသုတ် စာအုပ်များကိုလည်း လာရောက် သိမ်းဆည်းမည် ဖြစ်သည်။

သူမ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင်လိုက်၏။ ထိုအခါ… ကောင်တာပေါ်တွင် စာအုပ်ပုံအပိုတစ်ခု ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။

ထိုအထဲ၌ မတူကွဲပြားသည့် စာအုပ် စုစုပေါင်း ငါးအုပ် ရှိနေပေသည်။

***

အပိုင်း(၃၅၀)

“မစ္စတာလင်... စာချုပ်အရ စာအုပ်တွေလာယူတာပါ… ကျွန်မတို့ ဖြန့်ချိပေးရမယ့် စာအုပ်တွေက ဒါတွေလား…”

ကျိကျစ်ရှို့၏ စိုးရိမ်တကြီး မေးမြန်းသံကြောင့် ဖတ်လက်စစာအုပ်ထဲ စိတ်ရောက်နေသော လင်ကျဲတစ်ယောက် အသိပြန်ဝင်လာခဲ့သည်။ လင်ကျဲ လက်ထဲမှစာအုပ်ကို ချလိုက်ပြီးနောက် ကောင်တာပေါ်တွင် သူကြိုတင်ပြင်ဆင်ထားသော စာအုပ်ငါးအုပ်ကို အကဲခတ်နေသည့် ကျိကျစ်ရှို့ကို မော့ကြည့်လိုက်သည်။

မိန်းကလေးသည် စာအုပ်များအနီးသို့ တိုးကပ်လာပြီး လက်ဖြင့်ထိတွေ့ချင်သော်လည်း ချက်ချင်းပင် ပြန်ရုပ်သိမ်းသွားခဲ့သည်။ သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု၊ စူးစမ်းလိုစိတ်၊ ထိတ်လန့်မှုနှင့် သတိကြီးစွာထားမှုတို့ ရောပြွမ်းနေ၏။ မျိုးရိုးမြင့်မင်းသမီးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသော်လည်း ကလေးငယ်တစ်ယောက်လိုမျိုး စူးစမ်းလိုစိတ်ပြင်းပြနေပုံကို ကြည့်ကာ လင်ကျဲ ပြုံးမိသွားသည်။

သို့သော်လည်း လင်ကျဲသည် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။ ဤသည်မှာ စာအုပ်များအပေါ် ထားရှိသော ရိုသေမှုဖြစ်သလို၊ ဤပူးပေါင်းဆောင်ရွက်မှုအပေါ် သူတန်ဖိုးထားကြောင်း ပြသရာလည်း ရောက်ပေသည်။ ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် ရယ်မောလိုက်ပါက ကြည့်မကောင်းနိုင်သည်ကို သူသိသည်။

ထို့ကြောင့် လင်ကျဲသည် ရယ်ချင်စိတ်ကို အောင့်အီးကာ ချောင်းတစ်ချက်ဟန့်ပြီးမှ ပြန်လည်ဖြေကြားလိုက်၏။

“ဟုတ်ပါတယ်... ဒါက ဖြန့်ချိရေးလမ်းကြောင်းသစ်ကို ပထမဆုံး စမ်းသပ်ကြည့်တာဆိုတော့ နမူနာအနေနဲ့ ငါးအုပ်ပဲ ရွေးထားတာပါ… အကယ်၍ ရလဒ်က ကျေနပ်စရာကောင်းတယ်ဆိုရင် နောက်နောင်မှာ ဒီထက်မကတဲ့ စာအုပ်တွေကို ထပ်ပေးသွားမှာပါ”

“ဒီထက်မက... ဟုတ်လား”

ကျိကျစ်ရှို့မှာ အံ့သြလွန်းသဖြင့် အာမေဍိတ်သံ ထွက်လုနီးပါး ဖြစ်သွားသော်လည်း သူမ၏ မဆင်မခြင်နိုင်မှုကို ချက်ချင်းသတိပြုမိသွားသည်။ သူမ ပါးစပ်ကို လက်ဖြင့်အမြန်အုပ်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရ၏။ ထို့နောက် အသက်ကို ဝဝရှူကာ တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

“နားလည်ပါပြီ... ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က မစ္စတာလင်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

ကြည့်ရသည်က မစ္စတာလင်သည် ဤဖြန့်ချိရေးလုပ်ငန်းအပေါ် များစွာမျှော်လင့်ချက် ထားပုံရသည်။ ထိုသို့သာမဟုတ်ပါက သူကိုယ်တိုင် ရေးသားထားသော စာအုပ်ငါးအုပ်ကို ရောင်းချရန် ထုတ်ပေးမည်မဟုတ်ပေ။

ဤသည်က စာအုပ်ပေါင်း ငါးအုပ်တောင် ဖြစ်သည်။ ယခင်က ကျိကျစ်ရှို့ ရရှိခဲ့သော စာအုပ်နှစ်အုပ်အနက် 'သွေးနှင့်သားရဲ' တစ်အုပ်တည်းနှင့်တင် သူမအတွက် ပင့်ကူ အဖွဲ့ကို ထူထောင်ရန် လုံလောက်ခဲ့သည်။ ထိုစာအုပ်သည် သူမ၏ အစွမ်းနှင့် ကံကြမ္မာကို လုံးဝဥဿုံ ပြောင်းလဲပေးခဲ့ပြီး ဖြစ်သည်။ ထိုစာအုပ်ကြောင့်ပင် သူမသည် သာမန် ထူးခြား အဆင့် တစ်ဦးဘဝမှသည် ဧရာမ မုဆိုးအဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ရသည်။

ဤစာအုပ်ဆိုင်အတွင်းရှိ မည်သည့်စာအုပ်မဆို ထူးကဲသော စွမ်းအားရှင်များကို မွေးထုတ်ပေးနိုင်စွမ်း ရှိပေသည်။ ယခုမူ စာအုပ်ပေါင်း ငါးအုပ်တောင် ရှိနေပြီ။ အကယ်၍သာ ဤစာအုပ်ငါးအုပ် ထွက်ပေါ်သွားခဲ့လျှင် နော်ဇင်မြို့၏ အင်အားစုညီမျှခြေကိုပင် လှုပ်ခတ်သွားစေနိုင်ပေသည်။

သို့သော် ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွက်မူ ဤသည်မှာ ကြီးမားသော အခွင့်အလမ်းတစ်ရပ်ပင်။ အကြောင်းကား သူတို့မှာ ဤစာအုပ်ငါးအုပ်၏ တရားဝင်ဖြန့်ချိသူများ ဖြစ်နေသောကြောင့်ပင်။ တစ်နည်းအားဖြင့် ဤစာအုပ်များကို မည်သူတို့က ပိုင်ဆိုင်ခွင့်ရမည်ဆိုသည်ကို ရိုးလ်အဖွဲ့က စိတ်ကြိုက်ရွေးချယ်နိုင်မည် ဖြစ်သည်။

ဤသည်မှာ ယခင်က သူတို့အဖွဲ့ အိပ်မက်ပင် မမက်ရဲခဲ့သော အခြေအနေမျိုး မဟုတ်ပါလား။

စာအုပ်ကို ပိုင်ဆိုင်ခွင့် ရမည့် ထိုလူငါးယောက်သည် ဖြန့်ချိရေးတာဝန်ခံများဖြစ်သော ကျိကျစ်ရှို့နှင့် ကျိပိုတုံ တို့ထံသို့ ဦးစွာလာရောက်ရမည် ဖြစ်သည်။ ဆိုလိုသည်က ကျိမျိုးနွယ်စုဝင်များသည် စာအုပ်ဆိုင် ပိုင်ရှင်ကို ရိုသေကိုးကွယ်သကဲ့သို့ပင် ထိုလူငါးယောက်သည်လည်း ကျိမိသားစုအပေါ် ခန့်ညားရိုသေမှု ထားရှိကြရပေလိမ့်မည်။

သို့သော် မစ္စတာလင်က ဤအလုပ်ကို အရေးတယူ လုပ်ဆောင်လာသည်နှင့်အမျှ ကျိကျစ်ရှို့၏ ပုခုံးပေါ်တွင် ဖိအားများ စတင်သက်ရောက်လာပြီး စိုးရိမ်စိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင် ခဏတာပေါ်လာသော မဟုတ်တရုတ်အတွေးများမှာ မစ္စတာလင်၏ ရှေ့မှောက်၌ပင် ပျောက်ကွယ်သွားရ၏။

မစ္စတာလင်၏ နူးညံ့ပျူငှာသော အပြုံးနောက်ကွယ်ရှိ အရိပ်မည်းကြီးက သူမကို အမြဲတစေ သတိပေးနေသကဲ့သို့ပင်။ မရှိသင့်သော အတွေးများမှာ မရှိသည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူမသည် ရိုးလ်အဖွဲ့၏ အနာဂတ်ကိုသာမက ခဲရာခဲဆစ်ရထားသော မစ္စတာလင်၏ ယုံကြည်မှုကိုပါ ပုခုံးထမ်းထားရသူ ဖြစ်သည်။ အကယ်၍သာ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ပါက အကျိုးဆက်မှာ ကြောက်မက်ဖွယ်ကောင်းလှပေလိမ့်မည်။ ရိုးလ်အဖွဲ့အတွက်မူ မစ္စတာလင်နှင့် ဆက်ဆံရေး ပျက်ပြားသွားခြင်းထက် ပို၍ ဆိုးဝါးသော အကျိုးဆက် မရှိနိုင်တော့ပေ။

လင်ကျဲက သူ့ရှေ့မှ မိန်းကလေး၏ ပြောင်းလဲနေသည့် အမူအရာမျိုးစုံကို ကြည့်ကာ မျက်တောင်ခတ်ရင်း အံ့သြနေမိသည်။ ကျိကျစ်ရှို့၏ စိတ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုခု ဆင်နွှဲနေရသကဲ့သို့ပင်။

လူကဲခတ် ကျွမ်းကျင်သော လင်ကျဲပင်လျှင် တစ်ဖက်လူ၏ စိတ်ထဲက အတွေးစုံကို အပြည့်အဝ နားမလည်နိုင်ပေ။ သူခန့်မှန်းနိုင်သလောက် ဆိုလျှင် ကျိကျစ်ရှို့သည် ဤဖြန့်ချိရေးစာချုပ်ကြောင့် ဦးစွာ စိတ်လှုပ်ရှားသွားပြီး၊ ထို့နောက် တစ်စုံတစ်ခုကို စိတ်ကူးယဉ်ကာ၊ နောက်ဆုံးတွင်မှ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

လင်ကျဲအနေဖြင့် သူမကို နားလည်ပေးနိုင်ပါသည်။ ကြီးမားသော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု၏ အမွေဆက်ခံသူအဖို့ ယခုကဲ့သို့ စိတ်ကူးများ ယှက်နွယ်နေသည်မှာ သဘာဝကျလှသည်။ မိမိကိုယ်မိမိ သြဇာအာဏာရှိလာစေရန်နှင့် ဖခင်ဖြစ်သူ၏ အဆင့်အတန်းမျိုး ရောက်ရှိလာစေရန်အတွက် ရရှိလာသော ဤအခွင့်အရေးမှာ ဘဝတွင် တစ်ခါသာရနိုင်သော အခွင့်အရေးမျိုး မဟုတ်ပါလား။

သို့သော် ပြန်စဉ်းစားကြည့်လျှင် စာအုပ်ငါးအုပ် ဖြန့်ချိရုံမျှဖြင့် ဤမျှအထိ စိတ်ကူးယဉ်နေစရာ မလိုဟု သူထင်သည်။ အကယ်၍ ဤစာအုပ်များသည် လူကြိုက်များပြီး အရောင်းရဆုံးစာအုပ်များ ဖြစ်လာခဲ့လျှင်ပင် ရိုးလ်အဖွဲ့ပိုင်ဆိုင်သော လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်လျှင် ဘာမျှမဟုတ်ပေ။ စာအုပ်ရောင်းရငွေမှာ သူတို့အတွက် မုန့်ဖိုးလောက်သာ ရှိပေလိမ့်မည်။

သို့သော် သူမ၏ မျက်နှာထက်မှ ပြင်းထန်သော အပြောင်းအလဲများမှာ အခြားသော အဓိပ္ပာယ်လည်း ရှိနိုင်ပေသည်။ ဖြစ်နိုင်သည်က ဤအခွင့်အရေးကို အသုံးချကာ မရသင့်သောအရာကို ရယူလိုသည့် စိတ်ကူးမျိုးလည်း ရှိနေနိုင်သေးသည်။

'မိန်းမတွေက တကယ်ကို နားလည်ရခက်တာပဲ...'

လင်ကျဲ ခေါင်းကို အသာခါယမ်းကာ စာအုပ်ငါးအုပ်ကို ကောင်တာပေါ်တွင် ဖြန့်ခင်းလိုက်သည်။

မွန်တီခရစ္စတို မြို့စားကြီး ၊ မာနနှင့် အစွဲ၊ အဘိုးအိုနှင့် ပင်လယ်၊ မင်းပုန်းတောင် သိုင်းသမား နှင့် အိမ်ချက်ဟင်း တစ်ထောင် (၃၆၅ ရက်စာ အစုံအလင်) တို့မှာ သူလွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ပြင်ဆင်ထားခဲ့သော စာအုပ်များဖြစ်သည်။

“ဒါက စမ်းသပ်ကာလဆိုတော့ လူတိုင်းစိတ်ဝင်စားနိုင်မယ့် နယ်ပယ်အသီးသီးက စာအုပ်တွေကို ကျွန်တော် အထူးရွေးချယ်ထားပေးတယ်… ဥပမာ - ဒီစာအုပ်ဆိုရင် အမျိုးသမီးတွေအတွက် ပိုသင့်တော်တယ်”

လင်ကျဲက 'မူလအပြစ်နှင့် ကိုယ်တွင်း နတ်ဆိုး' ဟု အမည်ရသော စာအုပ်အား ကိုင်မြှောက်လိုက်သည်ကို ကျိကျစ်ရှို့ မြင်လိုက်ရသည်။

“အမျိုးသားတွေလည်း ဖတ်လို့ရပေမယ့် ဒီစာအုပ်ရဲ့ အကြောင်းအရာက အမျိုးသမီးတွေ ပိုပြီးနားလည်လွယ်မယ်လို့ ငါထင်တယ်… ဒါကြောင့် သူတို့ကိုပဲ အဓိကထားပြီး ရောင်းသင့်တယ်”

ကျိကျစ်ရှို့သည် အလျင်အမြန် မှတ်သားလိုက်ပြီး လင်ကျဲကို ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့၊ နားလည်ပါပြီ”

ထို့နောက် လင်ကျဲသည် 'ရီလီးစာသားများ' ဟု အမည်ပေးထားသော အခြားစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြန်သည်။

“ဒီစာအုပ်ကတော့ ရေခဲတောင်လိုပဲ အလွန်နက်နဲတယ်… အပြင်ပန်းမှာ မြင်နေရတာက အစွန်းအစလေးတင် ရှိသေးတာ၊ တကယ့်အနှစ်သာရက ရေအောက်ထဲမှာ နစ်မြုပ်နေတဲ့ ဧရာမရေခဲတောင်ကြီးလိုပဲ… ဒါကို ဖော်ထုတ်နိုင်ဖို့ လိုလိမ့်မယ်… ဒါကြောင့် ဒီစာအုပ်ကိုတော့ ပညာတတ်တွေကိုပဲ ရောင်းသင့်တယ်… ကျုပ်မှတ်မိသလောက် အမှန်တရား အသင်းတော် မှာ ပညာရှင်တွေ အများကြီးရှိတယ်မလား… သူတို့ကို ရောင်းရင်တော့ အကောင်းဆုံးပဲ”

ထိုစကားကြောင့် ကျိကျစ်ရှို့၏ ရင်ခုန်သံမှာ ခဏတာ ရပ်တန့်သွားရသည်။

'အမှန်တရား အသင်းတော်က မစ္စတာလင်ကို စိတ်အနှောင့်အယှက် ပေးခဲ့ဖူးတယ် ထင်တယ်... မကောင်းတဲ့ နိမိတ်တစ်ခုခု ဖြစ်တော့မှာလား မသိဘူး'

“နားလည်ပါပြီ”

“ဒီနှစ်အုပ်ကတော့ လူအများစုနဲ့ သင့်တော်ပြီး အလွန်အောင်မြင်လိမ့်မယ်… ဘာပဲဖြစ်ဖြစ် လက်စားချေခြင်းဆိုတာ ဘယ်တော့မှ မဟောင်းသွားတဲ့ အကြောင်းအရာတစ်ခုပဲလေ… အနုပညာဆိုတာ လူ့ဘဝရဲ့ အရိပ်မွမ်းမံမှုပဲ မဟုတ်လား”

လင်ကျဲက 'လက်စားချေ ဝိညာဉ်' စာအုပ်ကို ညွှန်ပြရင်း ခပ်နောက်နောက် အပြုံးဖြင့် ဆိုလိုက်သည်။

“ပြီးတော့ နောက်ဆုံးတစ်အုပ်ကတော့...”

လင်ကျဲက 'ကံကြမ္မာစာအုပ်' ကို ကောက်ကိုင်ရင်း ရယ်မောလိုက်သည်။

“ဒါကတော့ ကျွန်တော် စနောက်ပြီး ထည့်ထားတာပါ… ဘာလို့လဲဆိုတော့ ဒီစာအုပ်ကို တကယ်နားလည်မယ့်သူဆိုတာ ဒီအရပ်မှာ မရှိသလောက်ပဲလေ… ဒါကို ကျွန်တော့်ရဲ့ ဝါသနာတစ်ခုလို့ပဲ သဘောထားလိုက်ပါ… တကယ်လို့ ဒီစာအုပ်ကို စိတ်ဝင်စားတဲ့သူသာ တကယ်ရှိလာခဲ့ရင် ကျွန်တော် အရမ်းဝမ်းသာမိမှာပဲ”

ကျိကျစ်ရှို့သည် ထိုစာအုပ်ကို ကြည့်လိုက်သောအခါ အချိန်ကာလများ ပျောက်ကွယ်သွားပြီး မှောင်မိုက်သော လေပွေတွင်းကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုလေပွေတွင်းထဲတွင် အဆုံးမဲ့သော စကြဝဠာနှင့် ကြယ်တာရာများ ရှိနေပြီး၊ ဧရာမလက်ကြီးတစ်ဖက်က ထိုကြယ်များကို လှုပ်ခါပစ်နေသကဲ့သို့ပင်။ မြင်ကွင်းအားလုံးမှာ အရောင်အသွေးများ ပျက်ယွင်းနေသည်။

ထိုထင်ယောင်ထင်မှား မြင်ကွင်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသော်လည်း ကျိကျစ်ရှို့မှာ အသက်ရှူပင် မမှန်တော့ဘဲ ထိတ်လန့်တုန်လှုပ်နေမိသည်။

ထိုအချိန်တွင် မစ္စတာလင်က နောက်ဆုံးစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်ကို သူမ မြင်လိုက်ရ၏။

စာအုပ်အမည်မှာ 'သွေးယဇ်ပူဇော်ခြင်း' ပင် ဖြစ်တော့သည်။

***

All Chapters