အခန်း (၁၃၇)
Vol. 14 Ch. 137
အခန်း(137)
ကျင်းယန်နှင့် ကျောင်းချီယန်က တည်ငြိမ်သော ခြေလှမ်းများရှိနေပြီး လင်းကျားသည်က ခန္ဓာကိုယ်အောက်ပိုင်းမှာ အင်းစက်များအဖြစ် လုံးလုံးလျားလျား ပြောင်းလဲထားသောကြောင့် မြက်ပင်ရှည်များကို ဖြတ်သန်းချိန်တွင် ဆူညံသံကင်းမဲစွာ လျှောက်နိုင်ခဲ့၏။
အနက်ရောင်ဝံပုလွေနှင့် ယင်ရိလျိုအတွက်ဆိာရလျှင် ဝံပုလွေက သဘာဝအလျှောက် မြက်ခင်းပြင်သားရဲဖြစ်ပြီး ယင်ရိလျိုသည်လည်း လူသားများထက် တိရစ္ဆာန်နှင့်ပိုနီးစပ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသောကြောင့် သူတို့နှစ်ယောက်လုံးက ဤပတ်ဝန်းကျင်တွင် ကျွမ်းကျင်ကြလေသည်။
လွန်ကဲစွာကြီးထွားနေသော ပေါက်ပင်များက အမြင်အာရုံကို နှောင့်ယှက်နေသောကြောင့် ကျောင်းစီဟွေ့တစ်ယောက်တည်းကသာ သူမနင်းမည့်နေရာနှင့် ပက်သက်၍ အထူးဂရုစိုက်နေရသည့် တစ်ယောက်ဖြစ်လေ၏။
ထိုအခိုက်တွင် ရေညှိဖုံးလွှမ်းနေသော ချောကျိကျိ ကျောက်တုံးပေါ်ကို မတော်တဆတက်နင်းမိပြီး သူမ၏ ခြေကျင်းဝတ်လည်သွားရတော့သည်။
ကျောင်းစီဟွေ့ သူမကိုယ်သူမ အလျှင်အမြန်ထိန်းလိုက်လေ၏။ ပါးစပ်ဆီမှလည်း နာကျင်သည့်အသံ တစ်သံမှမထွက်ခဲ့သော်ငြား သိမ်မွေ့သော လှုပ်ရှားမှုကိုတော့ဖြစ်သွားဆဲပင်။
သူမ၏မျက်နှာ ဖြူဖျော့သွားပြီး သူမ၏နှလုံးသားကလည်း ခုန်ပေါက်နေ၏။ အသင်းအတွက် ပြဿနာဖြစ်သွားစေမည်ကို သူမ ကြောက်နေမိသည်။
ကျင်းယန်ာ သူမကို တုန်မလှုပ်နေသင့်ကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းကို အသာအယာ ယမ်းပြလိုက်လေ၏။
အမှောင်ထဲမှ ဤကျွမ်းကျင်အမဲလိုက်သူများက သူတို့၏လှုပ်ရှားမှုတိုင်းကို ဖောက်ထွင်းမြင်နိုင်ကြောင်း သူတို့သိသည်။
ကျောင်းစီဟွေ့က အသံတစ်စက်မှ မထွက်ခဲ့လျှင်ပင် သူမ၏လုပ်ဆောင်မှုများက ဤသတ္တဝါများထံတွင် ပေါ်သွားဆဲဖြစ်ပေလိမ့်မည်။
သူ့၏နောက်မှ ယင်ရိလျိုက မျက်လုံးနှစ်လုံးကိုသုံးကာ အာရုံစူးစိုက်ထားသောကြောင့် သူမ၏မျက်စံများက ပတ္တမြားများနှယ် တလက်လက်တောက်ပနေခဲ့ကာ ဘေးပတ်ဝန်းကျင်မှလောကကြီးကို ခြုံငုံလေ့လာရန် သူမ၏စွမ်းရည်ကို မရည်ရွယ်ဘဲ ထုတ်သုံးနေမိသည်။
သူမ၏အသွင်အစစ်အမှန်မှာ ယုန်တစ်ကောင်၏အသွင်ဖြစ်ပြီး တိရစ္ဆာန်နှင့်ဆိုင်သောဗီဇက ပျောက်ပျက်မသွားချေ။
သိပ်မကြာခင်မှာပင် ထူထဲသောခြုံပင်များကြားတွင် သဲလွန်စတစ်ခုကို ရှာတွေ့သွားသည်။ ထိုနေရာမှ အသက်ဓာတ်ဖျော့ဖျော့ စိမ့်ထွက်နေလေ၏။
ကလေးမလေးက သူမ၏လက်ဖဝါလေးကို ညင်သာစွာ ဆန့်ထုတ်လိုက်ကာ သူမရှေ့မှ အမျိုးသား၏အင်္ကျီစကို ဆောင့်ဆွဲလိုက်သည်။ တစ်ဖက်လူ နောက်သို့လှည့်ကြည့်လျှင် သူမက ကလေးဆန်သော အသံလေးဖြင့် တိုးတိုးလေးပြောလိုက်၏။
“အရှေ့ ဘယ်ဘက်မှာ”
ဤသည်ကိုကြားလျှင် ကျင်းယန် ထိုအရပ်မျက်နှာသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်အကွက်များနှင့် စီးဆင်းသွားပြီး နောက်ဆုံး၌ သဲလွန်စတစ်ခုကို ဖမ်းမိလိုက်၏။
ထိုဧရိယာရှိ ခြုံပုတ်များက အခြေခံအားဖြင့် သိပ်သည်း၍စိမ်းစိုနေသော်လည်း သူတို့နှင့်အလွန်နီးကပ်သည့် အရှေ့ ဘယ်ဘက်ဧရိယာမှ နေရာလေးတစ်ခုက အရောင်သိပ်သည်းမှု လျော့နည်းနေကာ တောက်ပသော အစိမ်း၏ အလယ်တွင် ဖျော့တော့သော ရေစွန်းထင်းနေသည်နှင့် တူနေခဲ့သည်။ ဂရုတစိုက် မလေ့လာလျှင် သတိထားမိရန် ခက်ခဲလေ၏။
ဤသဲလွန်စကို အခြေခံကာ ကျင်းယန် အကဲဖြတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဤနေရာမှသတ္တဝါတွင် သန်မာသော ရုပ်ဖျက်စွမ်းရည်ရှိပုံရကာ တခြားဖြတ်သွားသည့် သတ္တဝါးများကို လှည့်စားပြီးနောက် အမဲလိုက်လေ၏။
သူတို့ ဤခြုံပုတ်ထဲသို့ ဝင်လျှင်ဝင်ချင်း ဤပုန်းနေသော သန္ဓေပြောင်းသတ္တဝါအတွက် သားကောင်များဖြစ်သွားမည်ပင်။
ကျင်းယန်က သူ၏သန်မာသော လက်မောင်းများက သယ်ဆောင်လာသည့် ပြုပြင်မွမ်းမံထားသော ရိုင်ဖယ်သေနတ်ကို ခြုံပုတ်သို့ ချိန်လိုက်ပြီး ခလုတ်ကိုဆွဲလိုက်လေ၏။
ထို့နောက် ကြေးနီသေနတ်ပြောင်းဝမှ ဘဲဥအရွယ်အစားသို့ ပြုပြင်မွမ်းမံထားသော ကျည်ဆံဖြင့် ပစ်ခတ်လိုက်လေသည်။
သေနတ်ပြောင်းဝကို အသံတိတ်တပ်ထားသောကြောင့် ဤထုထည်ကြီးမားသော သေနတ်မှ လုံးထွေးသော ခပ်အုပ်အုပ်အသံကိုသာ ထုတ်လွှတ်လာလေ၏။
သက်ရောက်မှုမြင့်မားသည့် မွမ်းမံထားသော ကျည်ဆန်က ခြုံပုတ်ထဲမှ သတ္တဝါကို ထိမှန်သွားပြီး နေရာတိုင်းကို သွေးများ၊ အစိမ်းရောင်အရည်များဖြင့် ပက်ဖြန်းသွားစေကာ လေထုကို နံ့စော်သောအနံ့ဆိုးဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ခြုံပုတ်ထဲမှ သန္ဓေပြောင်းသတ္တဝါကို ထိချက်ပြင်းပြင်းမှန်သွားခဲ့သောကြောင့် နာကျင်စွာဖြင့် အော်ဟစ်ကာ ခြုံပုတ်ထဲမှ တရှဲရှဲအသံများဖြင့် ထွက်လာခဲ့၏။
ထို့နောက်တွင် သတ္တဝါက ၎င်း၏ခေါင်းကို ထုတ်ပြလာခဲ့သည်။
ဤသတ္တဝါကိုမြင်သည့်အခိုက်တွင် ကျောင်းစီဟွေ့ တုန်ရီသွားကာ ပျို့အန်ချင်စိတ်များဖြစ်လာပြီး သူမ၏ နောက်တွင် ရပ်နေသော ကျောင်းချီယန်မှာလည်း အမှတ်တမဲ့ နောက်သို့တစ်လှမ်းဆုတ်မိသွား၏။
“ဒါက ဘာကြီးလဲ?”
ကျောင်းချီယန် မေးလိုက်မိသည်။
သူတို့၏ ရှေ့တွင် အလွန်ကြီးမားသော သန္ဓေပြောင်းအင်းစက်ကြီးတစ်ကောင်ထွက်ပေါ်လာလေ၏။
အင်းစက်နှင့်တူသောမျက်နှာက နူးညံ့သော ဂျုံလုံးဝိုင်းကြီးနှင့် ဆင်တူကာ မယုံနိုင်လောက်အောင် မနှစ်မြို့ဖွယ်ကောင်းသော ပေါင်းစပ်မျက်လုံး အနည်းငယ်ရှိလေသည်။
သန္ဓေပြောင်းမှုများကြောင့်လား သို့မဟုတ် သဘာဝအလျှောက် ဤပုံစံအတိုင်း ဖြစ်နေခဲ့သည်လားကိုတော့ ပြောရန်ခက်ခဲလေ၏။
၎င်း၏ကျောပြင်က ထူထဲသောအစိမ်းရောင် ဆူးချွန်အညှောက်များဖြင့် ဖုံးလွှမ်းနေသောကြောင့် ပတ်ဝန်းကျင်မှ ခြုံပင်သစ်ပင်များနှင့် ပြီးပြည့်စုံစွာ ရောနှောနေနိုင်လဲ့သည်။
အကယ်၍ လင်းကျား၏ မျက်လုံးများသာ စားသောက်ခြင်းကို မခံရလျှင် သူတို့သည်လည်း မသိလိုက်ဘဲ ဤခြုံပုတ်ထဲသို့ ဝင်မိနိုင်လေ၏။
ထိုအကြောင်း တွေးလိုက်ရုံဖြင့် လူတိုင်းကို တုန်လှုပ်သွားစေသည်။
“အင်းစက်အမျိုးအစား တစ်မျိုးမျိုးဖြစ်နိုင်ပေမဲ့ အရွယ်အစားကြီးက ရူးလောက်စရာပဲ”
ကျောင်းစီဟွေ့က ရွံ့ရှာစွာဖြင့် လွတ်ခနဲပြောမိသွား၏။
သူတို့၏ရှေ့မှ သတ္တဝါမှာ ပြည့်ဖြိုးသော ခန္ဓာကိုယ်နှင့်အတူ ရေပုံးတစ်ပုံး အရွယ်အစားနီးပါးရှိသည်။ ရှေ့သို့ရွေ့လာလျှင် ကျောပေါ်မှ ချွန်ထက်သော အစိမ်းရောင်ဆူးချွန်များလည်း လိမ့်ပါလာခဲ်ကြ၏။
ကျင်းယန် ပစ်ခတ်လိုက်သော ပေါက်ကွဲစေတတ်သော ကျည်ဆန်က သတ္တဝါကြီး၏ခန္ဓာကိုယ်ကို မွစာကြဲသွားစေသည်။
ထိုအကောင်ကညနာကျင်မှုနှင့်အတူ ကျင်းယန်နှင့်တခြားသူများထံသို့ တွားသွားလာရန် ကြိုးစားနေပြီး နှေးကွေးလေးလံသော အသွင်အပြင် ရှိလင့်ကစား အံ့သြစရာကောင်းအောင် လျှင်မြန်သေး၏။
လူတိုင်း အလျှင်အမြန်ပင် ဘေးသို့ဖယ်လိုက်ကြသည်။
သတ္တဝါကြီး၏ ပုံပန်းမကျသော ပုံပန်းသဏ္ဍာန်ကို အနီးကပ်မြင်လိုက်ရချိန်တွင် လူတိုင်းရွံရှာပြီး ကြောက်လန့်သွားစေကာ တုန်ရီမှုများက ကျောရိုးတစ်လျှောက် ဆင်းသက်သွားစေ၏။
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ? တိုက်သင့်လား ပြေးသင့်လား?”
ကျောင်းချီယန် ကျယ်လောင်စွာ မေးလိုက်သောကြောင့် သူ၏အသံက တောအုပ်ထဲကို အရပ်မျက်နှာနှစ်ဖက်လုံး ဦးတည်၍ ပျံ့နှံ့သွားသည်။
“သူရဲ့ကိုယ်တွင်းအရည်တွေ မင်းအပေါ်ကိုမကျဖို့ဂရုစိုက်ဦး.. ဒါကြီးက အဆိပ်ရှိလားမရှိလားဆိုတာ ငါတို့မသေချာဘူး”
အနက်ရောင်ဝံပုလွေက တုံ့ပြန်သည့်အနေဖြင့် ခပ်တိုးတိုးအူလိုက်၏။
ဝံပုလွေက ကြမ်းကြုတ်သော သန္ဓေပြောင်းသားရဲများနှင့် ရင်ဆိုင်ရာတွင် တော်သော်ငြား ဤကဲ့သို့ နူးညံ့ပြီး၊ ဆူးပါသော အင်းစက်များနှင့် ရင်ဆိုင်ရလျှင်တော့ ဝေးနိုင်သမျှ ဝေးဝေးတွင် နေရုံသာ တတ်နိုင်လေသည်။
ကျင်းယန်က ပုံပန်းမကျသော သတ္တဝါကို နောက်ဆုံးပစ်ချက်ပစ်ရန် လက်မြှောက်တော့မည်အချိန်တွင် သူတို့အပေါ်ဘက်မှ ရုတ်တရတ် အရိပ်တစ်ခုကျလာခဲ့လေ၏။
သူ့ဘက်မှ ပြန်လည်တုံ့ပြန်ရန်အတွက် ထိုအရိပ်က အလွန်လျှင်မြန်လွန်းနေခဲ၏။
သူ မြန်ဆန်စွာ လုပ်ဆောင်ပြီး သူ့၏နောက်ဘက်မှ ကလေးမလေးကို ကာကွယ်ရန် ချက်ချင်းနောက်သို့လှည့်လိုက်ကာ ဘွားခနဲပေါ်လာသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် သူ၏ကိုယ်ခန္ဓာကိုယ်ကိုသာ ခံစစ်အနေဖြင့် သုံးလိုက်ရသည်။
ကျယ်ပြန့်သောရင်ဘက်က သူမကိုဖြစ်အံဆဲဆဲ အန္တရာယ်မှ ကာကွယ်ရန် လွှမ်းခြုံလိုက်ချိန်တွင် ယင်ရိလျိုမှာ အခြေအနေကို နားမလည်သေးချေ။
ထို့နောက်မှသာ သစ်ပင်ထိပ်ဖျားမှ ကြီးမားသောပုံရိပ်တစ်ခု သုတ်ဆင်းလာသည်ကို မြင်လိုက်ရပြီး ထိုအရာမှာလည်း သန္ဓေပြောင်းငှက်တစ်ကောင် ဖြစ်နေခဲ့လေ၏။
အပြည့်အဝဖြန့်ကားထားသော တောင်ပံများနှင့် ထိုသန္ဓေပြောင်းငှက်က လူသားတစ်ယောက်၏ အမြင့်တစ်ဝက်ရှိသည်။
ငှက်မွေးများက ပုံစံဖော်ထားသော အညိုရင့်ရောင် ရောင်ခြည်စက်ဝန်းများဖြင့် ဖွဲ့စည်းထားပြီး ကြည်လင်သော အော်မြည်သံကို ထုတ်လွှတ်လျက် စက်ဝိုင်းသဏ္ဍာန် အောက်သို့ဆင်းလာသောကြောင့် လူတိုင်းကို အံ့သြသွားစေ၏။
လျှင်မြန်စွာရွေ့လျားနေသော အရိပ်က သူတို့ကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်းကိုတော့ မျှော်မှန်းမထားမိခဲ့ပါချေ။
ထိုငှက်က ဇက်ကျိုးလောက်အောင်မြန်သော အရှိန်ဖြင့် ဆင်းသက်လာပြီး ခြုံပုတ်ထဲမှ တွန့်လိမ်နေသော အင်းစက်ကို ဖုန်မှုန့်လုံးကြီးနှင့်အတူ ဆွဲယူသွားလေသည်။
လူတိုင်း ခေါင်းမော့ကြည့်လိုက်လျှင် သားရဲသန္ဓေပြောင်းငှက်က အရောင်တောက်တောက် တောင်ပံများကို ခတ်လျက် ပတ်ဝန်းကျင်မှ သစ်ပင်ထိပ်သို့ ပြန်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
ထိုငှက်က အလွန်ကြီးမားသော ငှက်တစ်ကောင်ဖြစ်ပြီး သန်မာလွန်းကာ အင်အားကြီးသော်ငြား ၎င်းက လူသားများအပေါ် စိတ်မဝင်စားချေ။
ထိုငှက်က မြေပြင်ပေါ်မှ ဒဏ်ရာရထားသော သန္ဓေပြောင်းသတ္တဝါကို သုတ်ယူသွားပြီးနောက် တခဏချင်း ပတ်ဝန်းကျင်ရှိ သစ်ပင်ထိပ်ဖျားထဲ ပြန် ပျံသွားခဲ့သည်။
ကျင်းယန် မျက်ခုံးများကို တွန့်ချိုးလိုက်ကာ သူ၏လက်မောင်းထဲမှ ကလေးမလေးကို လွှတ်လိုက်လေ၏။
သူ၏အမူအရာက ပုံမှန်ထက် လေးနက်နေပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤမစ်ရှင်၏ အန္တရာယ်ရှိမှုနှုန်းကို သူ နားလည်သည်ဟု ထင်ခဲ့သော်ငြား လက်ရှိအခြေအနေအရ ပို၍ ရှင်းလင်းလာခဲ့လေ၏။
မြို့တော်Mရှိ ဆင့်ကဲပြောင်းလဲမှု ပမာဏကို သူ လျော့တွက်ခဲ့မိသည်။ အကယ်၍ ယခင်ခရီးက လေ့ကျင့်ရုံမျှသာ ဖြစ်ခဲ့လျှင် ဤအကြိမ်သည်က ထိပ်တန်းအဆင့် ရှင်သန်မှုဂိမ်းအထိ ပို၍ပြင်းထန်လာ၏။
“ကြောက်စရာကြီး.. ဒီနေရာက အင်းစက်နဲ့ သန္ဓေပြောင်းသတ္တဝါတွေက ဘာလို့ အရမ်းကြီး သိသိသာသာ ဆင့်ကဲပြောင်းလဲလာရတာလဲ? ဒါက သိပ္ပံနည်းမကျဘူးလေ”
ကျောင်းချီယန် ခေါင်းကုတ်လျက် ပြောခဲ့သည်။
ယင်ရိလျို သူမ၏ နူးညံ့သော မျက်နှာလေးကို တွန့်ရှုံပြီး အနည်းငယ် စနောက်သောအသံဖြင့် ပြောလိုက်၏။
“ဒီလောကကြီးထဲမှာ သိပ္ပံနည်းကျတာ ဘာမှမကျန်တော့ဘူး.. လူသားဆင့်ကဲပြောင်းလဲတာနဲ့ သန္ဓေပြောင်းမှုတွေကပဲ နောက်ဆုံးအဆင့် သိပ္ပံနည်းကျတဲ့အရာတွေပဲ”
သူမ၏ပြောစကားက မှန်ကန်ပေ၏။ ဤစိတ်ဖောက်ပြန်နေသော လောကကြီးထဲတွင် သိပ္ပံပညာအတွက် နေရာမရှိတော့ချေ။
အရာရာတိုင်းသည်က အဆမပြတ် ပြောင်းလဲနေသောကြောင့် သူတို့ပို၍ပင် သတိထားရန် လိုအပ်သည်။
“ပြောရရင် ဟိုလူတွေအားလုံးက ဒီတောထဲမှာ အချိန်အကြာကြီး နေခဲ့ကြတာမလား၊ အခု သူတို့အားလုံး ပျောက်နေတာဆိုတော့ ….”
*