အခန်း (၁၃၈)
Vol. 14 Ch. 138
အခန်း(138)
ကျောင်းစီဟွေ့က ပြောနေရင်းဖြင့် သူမ၏ဘေးတွင် လင်းကျားရှိသည်ကို ရုတ်တရက် သတိရလိုက်သည်။
သူမ၏ခင်ပွန်းက ဤနေရာမှ ဆင့်ကဲပြောင်းလဲသူ အသင်း၏တစ်စိတ်တစ်ပိုင်းဖြစ်နေ၏။ ထို့အတွက် သူမက စကားပြောခြင်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။
သို့သော်လည်း သူမ၏ဆိုလိုရင်းကို လူတိုင်းနားလည်ကြ၏။ အသင်းတစ်ခုလုံးက အမြစ်ပြတ်သုတ်သင်ခံရပြီး ဤသစ်တောထဲတွင် မြှုပ်နှံခံရရန် အလားအလာ ရှိနေကြောင်းကို လူတိုင်းသိမြင်နိုင်ပေသည်။
ဖြူဖျော့နှင့်ပြီးသား လင်းကျား၏မျက်နှာမှာ ထိုအတွေးကြောင့် ပို၍ပင် ဖြူစွတ်သွားလေ၏။
ကျင်းယန်က တိတ်ဆိတ်နေခဲ့သည်။ သို့သော်ငြား ယင်ရိလျိုက အရွယ်ရောက်သူလေး တစ်ယောက်၏ အိန္ဒြေတည်ငြိမ်မှုနှင့်အတူ တုန်လှုပ်နေသော အမျိုးသမီးနှစ်ယောက်ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်မတို့အဆင်ပြေသွားမှာပါ သူတို့လည်း အဆင်ပြေကြလိမ့်မယ်”
ယင်ရိလျိုက ရုပ်ဖျက်ဝတ်စုံကို ဝတ်ဆင်ထားလျက် သူမ၏ရင်ဘတ်လေးကို ကော့လိုက်သောကြောင့် အတော်လေး တည်ငြိမ်အေးဆေးပြီး ယုံကြည်ချက်ပြည့်ဝ ပုံပေါ်နေ၏။ ထိုသူတို့က ချန်ဟုန်အသင်းနှင့် အတူရှိသရွေ့ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတွင် ဇာတ်ကြောင်းအကာအကွယ် ရှိသောကြောင့် သူတို့သေဆုံးမည်မဟုတ်ချေ။
ဇာတ်လိုက်များ၏ သူငယ်ချင်းများနှင့် မိသားစုဝင်များသည်လည်း သာမာန်လူများထက် ရှင်သန်ရန်အခွင့်အရေး ပိုရရှိလိမ့်မည်ဖြစ်သည်။
“အိုကေ ငါတို့အတူ လူစုပြီး ဆက်သွားကြစို့”
ကျင်းယန် သြရှသောအသံနှင့် ပြောလိုက်၏။
“မှတ်ထားကြနော်၊ လူစုကွဲမသွားစေနဲ့.. ဒီနေရာမှာ လူစုကွဲသွားရင် ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး”
သူတို့အရှေ့သို့ ဆက်သွားခဲ့ကြကာ အဖွဲ့ဝင်တိုင်းက နိုးကြားနေလျက် သူတို့၏ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းနေသည်။ သူတို့အနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေသော ရုပ်ဖျက်နိုင်သည့် သန္ဓေပြောင်းသတ္တဝါများနှင့် ပက်ပင်းကြုံရမည်ကို ကြောက်နေကြသည်။
သူတို့ သတိဖြင့်ဆက်သွားနေခဲ့ကြပြီး သူတို့ တောအုပ်ထဲသို့ ပိုဝေးဝေး အရဲစွန့်ဝင်လိုက်လေလေ ပတ်ဝန်းကျင်က ပို၍မွန်းကျပ်လေလေ ဖြစ်လာကြ၏။
ခေါင်းအထက်၌ သိပ်သည်းသော သစ်ပင်ပေါင်းမိုးများက နေကို လုံးလုံးလျားလျား ပိတ်ဆို့ထားကြလေသည်။ အမျိုးမျိုးသော ကပ်ပါးသတ္တဝါများနှင့် နွယ်ပင်များသည်လည်း ရှုပ်ထွေးသော ကွန်ရက်များ ဖြစ်ပေါ်နေခဲ့ကြကာ တောအုပ်ကို ရင်ထိတ်ဖွယ် မှုန်မှိုင်း စိုထိုင်းပြီး နေရထိုင်ရခက်ခဲသော ရာသီဥတု ဖြစ်သွားစေသည်။
ပတ်ဝန်းကျင်မှ မြက်များ၏ အကိုင်းအခက်များပေါ်တွငည တောက်ပသော အရောင်ဖြင့် လက်သီးဆုပ်အရွယ်အသီးများ သီးနေသည်ကို မြင်နိုင်ပြီး အမြင်အားဖြင့် စားချင်စဖွယ်ဖြစ်နေ၏။
သို့သော်ငြား မည်သူကမှ အနားသွားပြီး ဤထူးဆန်းသော သန္ဓေပြောင်းအပင်များကို မထိဝံ့ချေ။ ဤဖုံးအုပ်ထားသော ခြိမ်းခြောက်မှုထဲမှ မည်သည့်အရာက ဘေးကင်းပြီး မည်သည့်အရာက သေစေနိုင်သော ခံစစ်များကို တပ်ဆင်ထားကြောင်း သူတို့ မသေချာပါချေ။
လေးလံနေသော အခြေအနေကို တက်ကြွလာစေပြီး အသင်း၏စိတ်ဓာတ်ကို ထိန်းသိမ်းထားရန်အတွက် ကျောင်းချီိယန်က ရယ်စရာတစ်ခုခုကို ပြောရန် ကြိုးစားပမ်းစား စဥ်းစားနေခဲ့သည်။
သို့သော်ငြား သူမပြောနိုင်ခင် သူ့၏နောက်ကျောပေါ်တွင် စူးရှပြီး ယားကျိကျိ အထိအတွေ့ကို ရုတ်တရက်ခံစားလိုက်ရလေ၏။
“ဟစ်စ်……”
သူ မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောကိုလှမ်းကုတ်ရန် လက်ဆန့်လိုက်မိသည်။
ထူးဆန်လိုက်တာ ။
ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ယားလာရတာလဲ။
“ဘာဖြစ်လို့လဲ”
ထိုကောင်လေး၏ အသက်ရှူသံပြင်းထန်လာသည်ကို ကျင်းယန်ကြားသည့်အခိုက် အလျှင်အမြန် နောက်လှည့်ပြီး ကြည့်လိုက်၏။
ကျောင်းချီယန် ခေါင်းကုတ်လိုက်မိသည်။ မတိုင်မီက သူခံစားနေရသော ယားယံမှုသည်က တခဏသာကြာပြီး မကြာခင် ပျောက်သွားလေသည်။ သူ ကြောင်တောင်တောင်ပြုံးပြီး ပြောခဲ့၏။
“ဘာမှမဟုတ်ပါဘူး.. ကျွန်တော့် နောက်ကျောက ခနလာက် ယားသွားရုံပဲ.. ကျွန်တော် စိတ်ထင်တာပဲ ဖြစ်ပါလိမ့်မယ်”
အသင်း၏လုပ်ငန်းစဥ်ကို သူ မနှောင့်နှေးစေချင်သောကြောင့် ရှေ့ဆက်သွားရန်အတွက် သူအဆင်ပြေကြောင်း လက်ဟန်ပြလိုက်သည်။
ကျောင်းချီယန်၏အမူအရာ မပြောင်းမလဲဖြစ်နေသည်အား မြင်ရသည့်အတွက် ကျောင်းစီဟွေ့ လည်း စိတ်သက်သာရာရစွာဖြင့် ရှေ့သို့ဆက်လျှောက်တော့ရန်လုပ်ခဲ့သည်။
သို့သော်ငြား ကျင်းယန်က ရုတ်တရက်ပြောလိုက်၏။
“ခဏနေဦး”
“ဘာမှားလို့လဲ ကျင်းကော”
ကျောင်းချီယန်၏အတော်လေး သဲလွန်စမဲ့နေသော အမူအရာကို ကျောင်းစီဟွေ့ကြည့်လိုက်သည်။
ကျင်းယန်က ကျောင်းချီယန်၏အပြစ်ကင်းစင်သော အမူအရာကိုမြင်လျှင် အနည်းငယ်မျက်မှောင်ကြုတ်ပြီး ပြောခဲ့၏။
“ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ.. တစ်ခုခု လွဲနေတယ်လို့ အာရုံခံမိရင် စစ်ဆေးရမယ်”
အလျှင်အမြန် ထောက်လှမ်းမှုတစ်ခုက အချိန်အများကြီး ကုန်ဆုံးစေမည် မဟုတ်ဘဲ ပြဿနာကို ခြုံငုံကြည့်သည့်အတွက် ဤထောက်လှမ်းမှုက ပို၍ပြင်းထန်သော အကျိုးဆက်များကို ကာကွယ်နိုင်လေသည်။
ကျင်းယန်၏သတိကြောင့် ကျောင်းချီယန်တစ်ယောက်ထိရှသွားကာ စကားပြောခြင်းဖြင့် အချိန်ဖြုန်းမနေဘဲ လက်နက်များနှင့် ကျောပိုးအိတ်ကို မြေပြင်ပေါ်တိုက်ရိုက် ချလိုက်၏။
ထို့နောက် သူ၏တိုက်ပွဲဝင် ဝတ်စုံကို ဇစ်ဆွဲဖွင့်ပြီး အနည်းငယ် ဖြူဖျော့နေသာ ကျောကိုပြလိုက်သည်။
သူ အသင်းထဲသို့ ပထမဆုံး စဝင်ခဲ့ချိန်က ပိန်ပါးပြီး ကြွက်သားအနည်းငယ်သာရှိကာ ထိခိုက်လွယ်သော တည်ဆောင်ပုံရှိ၏။
လနှင့်ချီ၍ လေ့ကျင့်ပြီးနောက်တွင် သူ လက်ကိုကွေး၍ တောင့်လိုက်ပါက သူ၏လက်မောင်းအပေါ်ပိုင်းတွင် အနည်းငယ် ဖောင်းထွက်နေသော ကြွက်သားပါးပါးတစ်လွှာ ရှိလာပြီဖြစ်သည်။
သူ၏နောက်ကျောမှ ဒဏ်ရာများသည်က ပျောက်ကင်းသွားပြီဖြစ်သော်ငြား အမာရွတ်နှစ်ခု ကျန်နေခဲ့၏။
ကျင်းယန်က ကလေးမလေးကို ကာကွယ်ရမည့် သူ၏စည်းမျဥ်းစည်းကမ်းကို လိုက်နာလျက် အမျိုးသားငယ်၏ ကြွက်သားများပြသခြင်းကို မျက်မြင်တွေ့သွားခြင်းမှ ကာကွယ်ရန် ယင်ရိလျို၏မျက်လုံးများကို လက်ဖြင့်ဖုံးလိုက်သည်။ သို့သော်ငြား ယင်ရိလျိုတစ်ယောက် စိတ်ပျက်မှုကို မပြသရဲပါချေ။
လင်းကျားက ကျောင်းချီယန်၏ ဘေးတွင် ရပ်နေခဲ့၏။ သူမက သူမကိုယ်သူမ အစ်မကြီးတစ်ယောက် အနေဖြင့် တွေးထားခဲ့သည်။
သူမသည်က အိမ်ထောင်ကျပြီးဖြစ်သောကြောင့် ကျောင်းချီယန်အတွက် စိတ်ကူးယဥ်ဆန်သော ခံစားချက်မရှိချေ။ မည်သို့ပင်ဖြစ်စေ သူမက တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မထိန်းနိုင်ဘဲ အံ့အားတကြီးပြောမိသည်။
“ဒါက ဘာလဲ”
“ဘာဖြစ်လို့လဲ”
လင်းကျားက အဘယ်ကြောင့် သူမ၏အမူအရာကို ရုတ်တရက်ပြောင်းလိုက်ကြောင်းကို ကျောင်းချီယန် သတိမမူမိသော်ငြား သူနှင့်ပက်သက်၍ မကောင်းသော ခံစားချက်ရလိုက်၏။
ကျောင်းစီဟွေ့လည်း အလျှင်အမြန် ချဥ်းကပ်လာပြီး မောင်ဖြစ်သူ၏နောက်ကျောကို ကြည့်လိုက်မိလျှင် ထိုနေရာတွင် ရှိသည့်အရာကိုတွေ့လိုက်ရသည့်အတွက် အသက်ပြင်းပြင်းရှူလိုက်မိသည်။
“ဘာဖြစ်နေတာလဲ”
ကျောင်းချီယန်မှာ အတန်အသင့် ဖြူဖွေးသောအသားအရေရှိပြီး သူ၏ငယ်ရွယ်သော သွယ်လျမှုအနည်းငယ်ကို ထိန်းသိမ်းထားလေ၏။ ယခုအချိန်တွင်တော့ သူ၏လက်ပြင်ရိုးမှ ကျောအောက်ပိုင်းအထိ ထွက်နေသော ဝက်ခြံကဲ့သို့ အဖုများနှင့် အနီရောင် အပျဥ်ကွက်ကြီးကို ကျောင်းစီဟွေ့မြင်လိုက်ရသည်။
သူမ၏မျက်နှာတွင် ထိတ်လန့်မှုတို့ကို ပြသခဲ့လာခဲ့သည်။ အနီးကပ် စစ်ဆေးကြည့်လိုက်လျှင် ဤအနီရောင်အဖုတစ်ခု ချင်းစီတွင် ဗဟိုချိုင့်ခွက်တစ်ခု ရှိနေလေ၏။ အတွင်းထဲတွင် တစ်ခုခု ရှိနေသည့်ပုံရသည်။
ကျင်းယန်တွင် စူးရှသော မျက်လုံးများရှိသောကြောင့် မျက်ခုံးကိုတွန့်ချိုးလျက် ပြောလိုက်၏။
“အဲဒါက သက်ရှိကပ်ပါးကောင်ပဲ”
“ဖြစ်နိုင်ပါ့မလား”
ကျောင်းချီယန် မယုံကြည်နိုင်မှုဖြင့် ပြန်မေးလိုက်မိသည်။ သူ၏ကံမကောင်းမှုကို သူ မယုံကြည်နိုင်ချေ။
ဘာလို့ သူ့ရဲ့နောက်ကျောက ကပ်ပါးကောင်တွေကို အရမ်းဖိတ်ခေါ်နေရတာလဲ
ကျန်တဲ့တစ်ဘဝလုံး ဒီလိုမျိုး ဖြစ်နေတော့မှာလား။
အမှန်တရားမှာမူ သူ၏အမှားမဟုတ်ပါချေ။
“ယင်ကောင်များက စပ်ကြောင်းမရှိသော ဥတစ်ဥပေါ်တွင် မဆင်းသက်”ဟူသော ဆိုရိုးရှိပေသည်။
လီကျန်ကျောင်းပို့လိုက်သော တိုက်ပွဲဝင်ဝတ်စုံများက အလွန်ကောင်းမွန်သော အလုံပိတ်ဂုဏ်သတ္တိရှိ၏။ ဝတ်စုံများ၏ လက်ကောက်ဝတ်နေရာ၊ ခြေကျင်းဝတ်နေရာနှင့် ခါးနေရာများတွင် အဝတ်အစားထဲသို့ သန္ဓေပြောင်းပိုးကောင်းများ ခိုးဝင်ခြင်းမှကာကွယ်ရန်အတွက် တင်းကျပ်သော အစည်းများပါဝင်သည်။
သို့သော်ငြား ကျောင်းချီယန်၏ လက်တလော နောက်ကျောမှဒဏ်ရာများက အနာကျက်နေချိန်ဖြစ်နေသောကြောင့် သူ့အနေဖြင့် ထပ်ခါတလဲလဲ ယားယံမှုနှင့် သက်တောင့်သက်သာ မဖြစ်မှုကို ခံစားနေရ၏။
သူ့အနေဖြင့် အပူကြောင့်ဖြစ်မည်ဟု ထင်သောကြောင့် ခါးစည်းကို အနည်းငယ်လျှော့ထားလိုက်သည့်အတွက် ကပ်ပါးကောင်များက ဝင်လာပြီး သူ၏ကျောတွင် စုပြုံကျရောက်လာခြင်းဖြစ်လေသည်။
မောင်ဖြစ်သူ၏ ရူးကြောင်ကြောင်မျက်နှာကို မြင်လျှင် ကျောင်းစီဟွေ့၏ဒေါသက ပေါက်ကွဲထွက်သွားလုနီးပါးပင်။
သူမက ကျောင်းချီယန်၏နားရွက်ကို ခပ်ပြင်းပြင်းလိမ်ဆွဲလိုက်မိလေ၏။
ကျောင်းချီယန်တစ်ယောက် နာကျင်မှုကြောင်း အော်မိသွားရလေ၏။
“နင် နည်းနည်းလောက် ပိုပြီးစဥ်းစားလို့မရဘူးလား”
ကျောင်းချီယန်တစ်ယောက် ဂရုမစိုက်သော အမူအရာကို ထပ်မပြရဲတော့ချေ။
သူက ကျင်းယန်နှင့် သူ့အစ်မကို ကြည့်ပြီး ခေါင်းငုံ့လျက်ပြောလိုက်သည်။
“ကျင်းကော ကျဲကျဲ ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော် ထပ်မလုပ်တော့ပါဘူး.. ကျွန်တော်က အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီ”
ဤအသက်အရွယ် အပိုင်းတခြားတွင်ရှိသော အမျိုးသားများက မကြာခဏ အကြောက်ကင်းမဲ့ပြီး မောက်မောက်မာမာ ပြုမူကြသော်ငြား ကျောင်းချီယန်မှာ ရည်ရွယ်ချက်ရှိရှိဖြစ် ပြဿနာဖြစ်စေသူ ၊ သို့မဟုတ် ပြောင်းလဲရန် ငြင်းဆန်မည့်သူ မဟုတ်ကြောင်းကို ကျင်းယန် နားလည်လေ၏။
ကျင်းယန် လက်ကိုဝှေ့ရမ်းလိုက်သည်။
“အဲဒါတွေကို ဖယ်ပစ်ရအောင်.. ကပ်ပါးကောင်တွေကို မင်းရဲ့ခန္ဓာကိုယ်ထဲ ပစ်ထားလိုက်ရင် မင်း မသေရတောင်မှ မင်းရဲ့အရေခွံကို ချွတ်ပစ်ရလိမ့်မယ်”
ကျင်းယန်က ယုန်လေးတစ်ကောင်ကို စတင်၍ပျိုးထောင်ကတည်းက ပို၍စိတ်ရှည် သည်းခံတတ်လာသည်ဟု ခံစားရ၏။ အထူးသဖြင့် ကလေးများနှင့် ဆက်ဆံရာတွင် ဖြစ်ပေ၏။
ယင်ရိလျိုက အခြေအနေကို အတုခိုးလျက် ကျောပိုးအိတ်လေးကို ချွတ်ပြီး သူမ ပြင်ဆင်ထားသော ပစ္စည်းများကို ထုတ်လိုက်၏။
အရက်ပြန်၊ ခွဲစိတ်ခန်းသုံးဓားတစ်ခုနှင့် ဇာဂနာအသေးစားများ ပါဝင်လေသည်။
ထို့နောက် ထိုပစ္စည်းအားလုံးကို ကျောင်းစီဟွေ့ထံသို့ လက်လွှဲပေးလိုက်၏။ သူမ၏ လက်ဖဝါးလေးက တနည်းနည်းအားဖြင့် ကြောက်လန့်နေသော ကျောင်းချီယန်ကို ဝှေ့ရမ်းပြလိုက်ပြီး ဂရုဏာကို ပြသ၍ပြောလိုက်သည်။
“ကျောင်းကော အားတင်းထား”
ထို့နောက် ဤပြဿနာများသော အခြေအနေမှ သူမ မြန်ဆန်စွာ ထွက်ပြေးလိုက်လေ၏။
ကျောင်းစီဟွေ့မှာ ကသိကအောက်အမူအရာများနှင့် ခွဲစိတ်ခန်းသုံးဓားနှင့် ဇာဂနာအသေးစားများကို ပိုးသတ်ပြီးနောက် သူမ၏ အားမကိုးရသော မောင်ဖြစ်သူ၏ ကျောပြင်မှ ကပ်ပါးသားလောင်းများကို ဖယ်ရှားရန်စတင်လိုက်သည်။
ကျောင်းချီယန်က နာကျင်မှုကို တင်းခံရန် အဝတ်တစ်ပိုင်းကို ကိုက်ထားပြီး သူ၏နဖူးမှာ သွေးကြောများနှင့် ထောင်ထနေခဲ့က် ညည်းညူလိုက်မိ၏။
ကျင်းယန်က လက်မောင်းထဲတွင် ယင်ရိလျိုကို ချီထားပြီး ပတ်ဝန်းကျင်ကို မျက်ချေမပြတ်စောင့်ကြည့်နေခဲ့သည်။
အနီးအနားမှ သစ်ပင်၏ ပင်စည်နောက်ရှိ အနက်ရောင်ဝံပုလွေကလည်း အမြီးကိုမြှောက်ပြီး ပတ်ဝန်းကျင်ကို နိုးနိုးကြားကြားကြည့်နေခဲ့၏။
ကျင်းယန်က အသာ ငုံ့လိုက်လျှင် သူ့၏အနားတစ်ဝိုက်မှ မြက်ပင်ရိုင်းများက သူ့ပုခုံးကို သွားထိလာခဲ့သည်။
သူ ယုန်လေးကို အလောတကြီး မေးမြန်းလိုက်မိသည်။
“မင်းရဲ့ခန္ဓာကိုယ်မှာ မသက်မသာ ဖြစ်တာရှိနေသေးလား”
*