← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း(139)

ကျောင်းချီယန်၏ သနားစရာကောင်းသော အခြေအနေကို မြင်သည့်အခိုက်တွင် တခြားလူများအားလုံးကလည်း ပုံမှန်မဟုတ်သည့်အရာ မရှိကြောင်း သေချာစေရန် သူတို့၏ခန္ဓာကိုယ်များကို ဂရုတစိုက်စစ်ဆေးကြလေ၏။

ယင်ရိလျိုလည်း ချို့ယွင်းချက်မရှိချေ။

သို့သော်ငြား ကျင်းယန်က စိတ်ပူနေဆဲပင်ဖြစ်သည်။ သူမက ထိခိုက်လွယ်သော အသားအရေနှင့် ကလေးမလေးတစ်ယောက်ဖြစ်ပြီး သူမကို ကပ်ပါးကောင်များ ကိုက်သွားခြင်းကို မဖြစ်စေချင်ပေ။

ထို့ကြောင့် သူက သူမ၏ နူးနူးညံ့ညံ့ လက်ဖဝါးလေးကို ဆွဲဆိတ်ပြီး အတွင်းဘက်လက်ဖျံကို စစ်ဆေးလိုက်၏။

“စိတ်မပူပါနဲ့.. ဘယ်ပိုးကောင်ကိုက်တာကိုမှ ခံရမှာမဟုတ်ဘူး.. ကျွန်မ သေသေချာချာ ကြယ်သီးတပ်ထားတယ်”

သူမက ဂုဏ်ယူမှုအနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် ကျင်းယန်၏နားအနီးသို့တိုးကပ်၍ တိုးတိုးလေးပြောလိုက်၏။

“မမေ့နဲ့လေ ကျွန်မက ယုန်တစ်ကောင်ပဲ.. ကျွန်မမှာ သားမွေးတွေရှိတယ် ပိုးကောင်တွေက ဖောက်ပြီး မကိုက်နိုင်ဘူး”

အသေးလေးက ခေါင်းငြိမ့်ပြလျက် ပြောလာခဲ့ကာ အတော်လေးလိမ္မာပုံပေါ်နေသည်။ သူမက ကလေးအရွယ်အစား ရုပ်ဖျက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ခေါင်းထိပ်တွင်လည်း ပေါက်စီအသေးလေး နှစ်ခုကို ထုံးထားလေ၏။

ထိုကဲ့သို့ ပေါက်စီနှင့်တူသော ဆံပင်စတိုင်များနှင့် သူမ၏မျက်နှာဝိုင်းဝိုင်းလေး တွဲလိုက်လျှင် အလွန်ချစ်စရာကောင်းပေသည်။

ကျင်းယန်နှင့်အဖွဲ့က သေသေချာချာ သတိချပ်ထားကာ ကျောင်းချီယန်၏ အသံရှည်၍ ဆွဲအော်သံများ တဖြည်းဖြည်း လျော့ပါးသွားသည်ကို နားထောင်နေခဲ့ကြ၏။

ကျင်းယန် သူတို့ကို စစ်ဆေးရန် နောက်သို့ လှည့်လိုက်လျှင် ကျောင်းစီဟွေ့က ကျောင်းချီယန်၏ဒဏ်ရာများကို ပတ်တီးဖြင့် စီးပေးနှင့်ပြီးသားဖြစ်နေပြီး လင်းကျားက အနားတွင် ကူညီနေသည်ကို တွေ့လိုက်ရသည်။

သူတို့ ဖယ်ရှားပစ်ခဲ့သော ကပ်ပါးကောင်သားလောင်းများ အားလုံးကို မီးဖြင့် ပြာများဖြစ်သည်အထိ မီးရှို့ခဲ့ကြလေ၏။ ကျောင်းစီဟွေ့ ချည်နှောင်ခဲ့သော ပတ်တီးများသည်လည်း သွေးများဖြင်း စွန်းထင်သွားခဲ့၏။

“ပတ်တီးကို နည်းနည်းလောက်ဝေးတဲ့နေရာကို လွှင့်ပစ်လိုက်”

ကျင်းယန် အကြံပေးလိုက်သည်။

ဤကဲ့သို့ သွေးပွနေသောပစ္စည်းများက အလွန်ရှေးကျသော တောအုပ်ကြီးထဲတွင် အနားတွင်ထားပါက မလိုလားအပ်သော ပြဿနာများကို ဆွဲဆောင်လိမ့်မည်ဖြစ်၏။

လင်းကျား၏ခေါင်းငြိမ့်ပြီး တွန့်လိမ်နေသည့် ကပ်ပါးကောင်များပါသော ပတ်တီးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

ကျောင်းချီယန် မတ်တတ်ရပ်လိုက်၏။ သူ၏ကျောပြင်မှာ နာကျင်မှုဖြင့် လောင်ကျွမ်းနေဆဲဖြစ်ပြီး လှုပ်ရှားမှုတိုင်းက အလွန်အမင်း နာကျင်နေခဲ့ရသည်။

သူသည်က ချွေးများဖြင့် စိုရွှဲနေပြီး မျက်နှာမှာလည်း ဖြူစုပ်နေခဲ့လေ၏။ သူက တုန်ရီနေသာ လက်များဖြင့် သူ၏တိုက်ပွဲဝတ်စုံကို ဝတ်ဆင်လိုက်ပြီး ဤတစ်ကြိမ်၌ လျော့ရဲမနေစေရန်အတွက် သေချာပြုလုပ်လိုက်သည်။ ခါးစည်းကိုပင် အလွန် တင်းကြပ်စွာ ပတ်လိုက်လေ၏။

သူ၏ သနားစဖွယ် အခြေအနေကို ယင်ရိလျို စောင့်ကြည့်နေပြီးနောက် သနားဂရုဏာဖြစ်မှုကို မထိန်းနိုင်ခဲ့ချေ။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျောင်းချီယန်၏ နောက်ကျောက ဒဏ်ရာများနှင့် မလွတ်ကင်းခဲ့ပေ။

သူ၏နောက်ကျောက ကုတ်ဖြဲခံလျှင်ခံရ ၊ မခံရလျှင် ပတ်တီးစီးခံထားရသည်။ အမှန်တကယ်ပင် သနားစရာကောင်းလေ၏။

“မင်းဆက်သွားနိုင်ရဲ့လား?”

ကျင်းယန် မေးခဲ့သည်။

“ကျွန်တော်သွားနိုင်တယ်”

ကျော်ငးချီယန် ပြန်ဖြေလိုက်လေ၏။ သူ စကားပြောလိုက်သည့်အခိုက်တွင် သူ၏အသံက တုန်ခါနေသော်ငြား ဆုံးဖြတ်ချက်က ထင်ရှားနေလေသည်။ သူသည်က သူတို့ကို ဖင့်နှေးစေနှင့်ပြီးဖြစ်ပြီး လုပ်ငန်းစဥ်ကို ထပ်၍မနှောင့်နှေးစေချင်တော့ချေ။

ကျင်းယန် ခေါင်းငြိမ်လိုက်၏။

“မင်းရဲ့ ခြေလှမ်းကို သတိထားဦး”

ကျောင်းစီဟွေ့တစ်ယောက် မောင်ဖြစ်သူ၏ လေးလံသော လက်နက်ကိရိယာများကို သယ်ဆောင်ခဲ့သည်။

ကျောင်းချီယန်က မျက်နှာချိုသွေးသော အပြုံးဖြင့်ချဥ်းကပ်လာလျှင် သူ၏လက်ကို တင်းမာသော အမူအရာဖြင့် ရိုက်ထုတ်လိုက်လေသည်။

=========

အဖွဲ့က တောအုပ်ထဲသို့ဆက်သွားခဲ့ကြပြီး မီတာတစ်ရာကျော်ကြာသည်အထိ သန္ဓေပြောင်းသတ္တဝါများနှင့် ထပ်မံမတိုးခဲ့တော့ချေ။ သို့သော်ငြား သူတို့၏အာရုံကြောများက တင်းမာနေခဲ့လေ၏။

သူတို့ ပို၍နက်နက်ရှိုင်းရှိုင်း တိုးဝင်လေ အပင်သက်ရှိများက ပို၍အမျိုးစုံလာလေဖြစ်သည်။ ဘေးဘက်တွင် အမျိုးမျိုးသော နွယ်ပင်များ ခြုံပင်များနှင့် ကပ်ပါးပင်များကိုလည်း သူတို့ ဖြတ်ကျော်ခဲ့ရ၏။

ထိုအခိုက်တွင် တမူထူးသော ရနံ့တစ်ခုက လေထဲတွင်ပြည့်နှက်နေပြီး အကွာအဝေးတစ်ခုအတွင်းမှ အလွန်ကြီးမားသော အပင်ကြီးတစ်ပင်တွင် ခရမ်းရောင်ဖျော့ဖျော့ ပန်းအဖူးများ အပြုံလိုက်ကြီးကို ရှိနေသည်ကို ယင်ရိလျိုမြင်ရလေသည်။

“အဲဒါဘာလဲ?”

“ကပ်ပါးပင် အမျိုးအစားတစ်ခု ဖြစ်လောက်တယ်”

ဤခရမ်းရောင်ပန်းအဖူးများကို လေ့လာစူးစမ်းပြီးနောက် အသင်းက ချဥ်းကပ်ရန် တုံ့ဆိုင်းသွားခဲ့၏။

သစ်ပင်ကြီးများပေါ်မှ လူသားစားသည့် ဧရာမအနီရောင်ပန်းပွင့်များ၏ ချောက်ချားဖွယ်မှတ်ဉာဏ်က သူတို့၏စိတ်ထဲတွင် ထင်ရှားနေဆဲပင်ဖြစ်သည်။

တုတ်ခိုင်သည့် သန္ဓေပြောင်းအပင်တချို့က နွယ်ကဲ့သို့ သစ်ကိုင်းများနှင့် နက်နက်နဲနဲ ရစ်ပတ်ယှက်နွယ်နေပြီး ပင်စည်များပေါ်တွင် မီးခိုမည်းရောင်များ ချန်ထားသည်ကို သူတို့ မြင်နိုင်လေ၏။

ချိတ်သဏ္ဍာန်နှင့်တူသော နွယ်နှာမောင်းများက ပင်စည်ထဲကို ထိုးဖောက်ဝင်ရောက်နေပြီး အပင်မှ အာဟာရဓာတ်များကို စုပ်ယူနေလေသည်။

ခရမ်းနုရောင်ပန်းအဖူးများက ဤနွယ်ပင်နှင့်တူသော ကပ်ပါးပင်များပေါ်တွင် ကြီးထွားနေခဲ့၏။ တစ်ချက်ကြည့်လိုက်လျှင် လှပသော်ငြား ဤအလှတရားမှာ တစ်ပါးသူ၏အသက်ပေါ်တွင် တည်ဆောင်ထားသည်ဟု တွေးလိုက်လျှင်‌တော့ ယင်ရိလျို ခံစားရ မကောင်းတော့ချေ။

လင်းကျားက အင်းစက်လေးတစ်ကောင်ကို ခရမ်းရောင်းပန်းအဖူးပေါ် ဂရုတစိုက်တွားသွားခွင့်ပြုလိုက်သည်။ ထို့နောက် နွယ်ပင်နှင့်တူသော ကပ်ပါးပင်ကို မခြွင်းမချန်စစ်ဆေးပြီးနောက်မှသာ အဖွဲ့ကခရမ်းရောင်ပန်းပွင့် ပင်လယ်ကို လုံခြုံစွာဖြင့် ဖြတ်သန်းခဲ့ကြ၏။

သူတို့ ခရမ်းရောင်ပန်းအပြုံလိုက်ထဲ ရောက်သွားသည့်အခိုက်တွင် ယင်ရိလျိုတစ်ယောက် လေထဲမှ ကြွယ်ဝပြီး မူးယစ်စေသောရနံ့ကို ရရှိခဲ့လေသည်။

တခြားရှုထောင့်မှ ပြောရလျှင် ဤသန္ဓေပြောင်းတောအုပ်က အမှန်ပင် လက်ဖျားခါလောက်သော မြင်ကွင်းတစ်ခုဖြစ်ပြီး ဤသို့နှယ် ဝန်းရံခံရခြင်းက သဘာဝနှင့်ရင်ဆိုင်ရာတွင် လူသားမျိုးနွယ်က မည်မျှအရေးမပါကြောင်းကို မြင်သာစေ၏။

ထိုမှလွဲလျှင် တချို့သစ်ပင်ကြီးများက ပင်စည်၏လုံးပတ်ကို ဝိုင်းရန်အတွက် သစ်ပင်ပတ်လည်တွင် ဖက်ရန် လူတချို့လိုအပ်လောက်မည့် ကြီးမားသော အရွယ်အစားထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

ပတ်ဝန်းကျင်မှ စိုထိုင်းသောမြေသားများက အရောင်စုံမှိုပွင့်များ၊ မှိုများနှင့် တန်ဆာဆင်နေ‌လေ၏။ မြင့်မားသော သစ်ပင်၏ ပင်စည်များပေါ်တွင် သန္ဓေပြောင်း ကြွက်နားရွက်မှိုများက လူမျက်နှာထက် အကြိမ်ရေတချို့ ပိုကြီးသည်အထိ ပေါက်ရောက်နေကြသည်။

ဤနေရာက ရှေးကျသောအသက်ဓာတ်များနှင့် သွန်းလောင်းနေကာ မယုံနိုင်လောက်အောင် အန္တရာယ်များသော်ငြား ဘဝ၏သံစဥ်တစ်ပုဒ်လည်း ဖြစ်နေ၏။

ကျောင်းစီဟွေ့က သူမ၏စိတ်ညစ်ဖွယ် မောင်ဖြစ်သူကို စိတ်ဆိုးနေသော်ငြား သူ၏ကောင်းကျိုးနှင့်ပက်သက်၍ ဂရုစိုက်နေဆဲဖြစ်သည်။

သူမက မကြာခဏ အေးစက်သောမျက်နှာ၊ နူးညံ့သောအသံဖြင့် မေးလိမ့်မည်ဖြစ်၏။

“နင် ဘယ်လိုခံစားနေရသေးလဲ?”

ကျောင်းချီယန်မှာ သွေးထွက်ရပ်သွားသည်နှင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ ကောင်းမွန်လွန်းသော ပြန်လည်သက်သာသည့်စွမ်းရည်က နေရာယူသွားခဲ့လေသည်။

သူ၏နောက်ကျောမှ လောင်ကျွမ်းနေသော အာရုံခံစားမှုက အလျှင်အမြန် ပျောက်ကွယ်သွားကာ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုသာ ကျန်နေခဲ့လေ၏။

“ကျွန်တော်အဆင်ပြေပါတယ်၊ ကျဲ စိတ်မပူနဲ့”

ယခုအချိန်တွင် သူတို့ကမြို့တော်M၏ အချက်အချာနေရာနှင့် နီးကပ်နေပြီဖြစ်သည်။ မြို့ပြရှုခင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆောက်အအုံများက ယခုချိန်တွင်တော့ သဘာဝပေါက်ပင်များနှင့် လေးလံစွာ လိမ်ကျစ်ရစ်ပတ်နေပြီးဖြစ်၏။

အဆောက်အအုံများ၏ နံရံများက ထူထဲသောရေညှိများဖြင့် ဖုံးလွှမ်းနေပြီး ဧရာမ တွားသွားသတ္တဝါကြီးများပင် ကပ်တွယ်နေကြသည်။

တစ်ချိန်က လူသားများအနေဖြင့် ကွန်ကရစ်အိမ်များက ကမ္ဘာမြေကြီးပေါ်သို့ ဗိုင်းရပ်တစ်ခုကဲ့သို့ အဆတ်မပြတ် တိုးချဲ့နေပြီး ဂြိုလ်တစ်ခုလုံးကို ဝါးမြိုနေသည်ဟု ပြောခဲ့ကြလေ၏။

သို့သော်ငြား ယခုချိန်တွင်တော့ ဤအပျက်အစီးများပေါ်တွင် အပင်များကသာ တိုင်းပြည်သစ်တစ်ခုကို ထူထောင်လာခဲ့ကြလေသည်။

သဘာဝ၏ အမြဲတစေ မိန်းမောဖွယ်ကောင်းသော အံ့သြဖွယ်ရာများကို ယင်ရိလျို ငေးကြည့်မိလျက် လေးစားစိတ်ကိုသာ ခံစားလာရ၏။

ကျင်းယန်က မြေပုံနှင့် သံလိုက်အိမ်မြှောင်ကို သူ့အိတ်ထဲမှ ထုတ်လိုက်ကြောင်း သူမ သတိထားမိလိုက်သည်။ သူ၏သွယ်လျသော လက်ချောင်းများကို အသုံးပြု၍ မြေပုံပေါ်တွင် မှတ်သားလိုက်၏။

သူမ၏ သိချင်စိတ်ကို မထိန်းထားနိုင်သဖြင့် မေးလိုက်မိသည်။

“ကျွန်မတို့ အခုဘယ်ရောက်နေပြီလဲ?”

ကျင်းယန်က ကလေးမလေး မြေပုံကို မြင်နိုင်ရန်အတွက် အနည်းငယ် ငုံ့ကိုင်းလိုက်၏။ သူက ရှုပ်ထွေးလှသော လမ်းကြောင်းကွန်ရက်တစ်ခုကို လက်ညှိုးထိုးပြလိုက်လေ၏။ ထိုကွန်ရက်ကို ကြည့်ရသည်မှာ ယင်ရိလျိုအတွက်တော့ စိတ်ရှပ်ထွေးဖွယ်ဖြစ်နေလေသည်။

“ကောတို့က အခု မြို့တော်Mရဲ့ စတုတ္ထမြို့ပတ်လမ်းလွဲထဲကို ရောက်နေပြီ”

မြို့၏သံလိုက်စက်ကွင်းက ဗရမ်းဗတာဖြစ်နေပြီး သံလိုက်အိမ်မြှောင်သည်လည်း ကပေါက်တိကပေါက်ချာ လည်နေသဖြင့် အသုံးမဝင်လုနီးပါး ဖြစ်နေခဲ့၏။

သူတို့၏ တည်နေရာအတိအကျကို ထောက်ပြနိုင်ရန် သူတို့၏ ထက်မြက်သော ပတ်ဝန်းကျင် စူးစမ်းလေ့လာမှုပေါ်တွင်သာ အားကိုးရမည်ဖြစ်သည်။

သူတို့၏ တည်နေရာအတိအကျကို ကျင်းယန် မည်သို့ ဆုံးဖြတ်ရန်စီမံလိုက်ကြောင်း ယင်ရိလျို မသိနိုင်ပါချေ။ သူမ၏မျက်လုံးထဲတွင်တော့ ဤသိပ်သည်းသောတောအုပ်ထဲရှိ သစ်ပင်တိုင်းက တူညီနေခဲ့လေ၏။

“အရှေ့ဘယ်ဘက်မှာ အဆင့်သုံးသန္ဓေပြောင်းသားရဲတစ်ကောင် ရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဦးတည်ရာ အရပ်မျက်နှာမှာတော့ မဟုတ်ဘူး”

သူတို့၏ခရီးလမ်းတွင် သန္ဓေ‌ပြောင်းသတ္တဝါ အနည်းငယ်ကို ပက်ပင်းကြုံတွေ့ခဲ့ရသည်။

ကြီးမားသည့် ပုစဥ်းရင်ကွဲတစ်ကောင်က သူတို့ကို မသိလိုက်မသိဘာသာ ဖြတ်ပျံသွားကာ ထိုပုစဉ်းကဖောက်ထွင်းမြင်နိုင်သော တောင်ပံများကို ခတ်၍တဝီဝီသံများ ထွက်နေလေ၏။

အများစုက မည်သည့် ရန်လိုမှုလက္ခဏာကိုမှ မပြသဘဲ ငြိမ်းချမ်းသည့်အခိုက်အတန့်ဟူသည့် အထင်မှားမှုတစ်ခုကို ဖန်တီးပေးနေခဲ့သည်။

သို့သော်ငြား သူတို့ရှေ့ဆက်သွားလိုက်လျှင် လင်းကျား ရုတ်တရတ် အံ့သြသင့်စွာပြောခဲ့၏။

“ရှေ့ဘက်ကနေ ချဥ်းကပ်လာတဲ သန္ဓေပြောင်းသတ္တဝါအုပ်ကြီး တစ်ခုရှိနေတယ်.. သူတို့က…နဂျီကောင်အကြီးစားတွေပဲ”

ယင်ရိလျို၏မျက်နှာလေးမှာ တခဏချင်း အဖြူရောင်ပြောင်းသွားသည်။

ပျားများ၊ နဂျီကောင်များနှင့် ပက်ပင်းတိုးလျှင် သူတို့က ရေထဲပုန်းရန်အတွင် နေရာရှာသင့်ကြောင်း လူတိုင်းသိကြသော်ငြား ဤနေရာ၌ အဘက်ဘက်မှ သစ်ပင်းများကသာ ဝန်းရံခံထားလေ၏။

သူတို့ဘယ်နေရာကနေ ရေကိုသွားရှာရပါ့မလဲ?

*

All Chapters