← Chapters

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း(136)

သူမ အခန်းထဲသို့ ဝင်တော့မည့်အချိန် သေးသွယ်ကျစ်လျစ်သော ကလေးမလေး၏ ပုခုံးနှင့်ထိသွားရလေ၏။

ပို၍တိတိကျကျပြောရလျှင် သူမ၏နားရွက်ရှည်ရှည်များက လင်းကျားကို ပွတ်တိုက်သွားလေသည်။

သူမ တခဏအံ့သြသွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ယင်ရိလျိုကို ကြည့်လိုက်၏။

ကျင်းယန်ရဲ့နောက်ကို လိုက်နေတဲ့ ယုန်လေးက တကယ်တော့ ကလေးမလေးတစ်ယောက်လား?

လင်းကျား အတော်လေး ရှုက်ထွေးသွားသည်။ လင်းကျားကို မဆိုထားနှင့်။

ယင်ရိလျိုကို မြင်သည့်အခိုက်တွင် မကျေမနပ်ဖြစ်နေသော လဲ့ရူသို၏ မျက်လုံးများပင်ပြူးကျယ်သွားပြီး ဆွံ့အစွာဖြင့် လက်ညှိုးထိုးလာခဲ့၏။

တခဏကြာပြီးနောက် သူမက စာကြောင်းတစ်ကြောင်းကိုသာ ညှစ်ထုတ်လိုက်နိုင်လေသည်။

“ဒါက ဘယ်သူ့ကလေးလဲ?”

ယင်ရိလျိုက ကျင်းယန်နှင့် စတိုင်ဆင်တူသော ပြောက်ကျားတိုက်ပွဲဝင် ဝတ်စုံကိုဝတ်ဆင်ထားခဲ့သည်။ ကလေးမလေး၏ ခြေတံ လက်တံများက အတော်လေးတိုနေခဲ့၏။

သူမက ပုံမှန်အားဖြင့် ချစ်စရာကောင်းသော ဝတ်စုံများ၊ ပန်းရောင်အဝတ်အစားများကို ဝတ်ဆင်ခဲ့ပြီး အလွန်ရဲရင့်ပြီး သူရဲကောင်းဆန်သောဝတ်စုံကို ဝတ်ဆင်သည်မှာ ဤသည်က သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။

သူမက ရင်ဘက်သေးသေးလေးကို ကော့လိုက်ပြီး ဂုဏ်ယူနေသောအကြည့်ဖြင့် မေးလိုက်၏။

“သမီး ချောတယ်မလား ဒယ်ဒီ”

ကျင်းယန် နူးညံ့စွာဖြင့် ခပ်တိုးတိုးရယ်လိုက်ပြီး ကလေးမလေး၏နှာခေါင်းကို ဆိတ်လျက် ပြောလိုက်သည်။

“အရမ်းချောတယ်”

ယင်ရိလျိုတစ်ယောက် အနည်းငယ်မောက်မာသောနည်းဖြင့် ချီးကျူးမှုကို မျှော့်လင့်ထားခဲ့သော်ငြား ကျင်းယန်က သူမကို အမှန်အတကယ် ချီးကျူးလိုက်သည့်အတွက် သူမ ရှက်သွားရပြန်သည်။

သူမက ထိုအမျိုးသား၏ လက်ညှိုးကိုဆောင့်ဆွဲပြီး အဝေးလျှောက်သွားလေ၏။

သူတို့ လဲ့ရူသို၏ အနားသို့ရောက်လျှင် ယင်ရိလျိုက ရည်ရွယ်ချက်ရှိရှိ လည်ချောင်းကိုရှင်းပြီး ကလေးဆန်သော နို့သံလေးဖြင့် ပြောလိုက်ပြန်သည်။

“ဒယ်ဒီ သွားကြရအောင်…”

ကျင်းယန်: …..

ချစ်ခင်ကြင်နာသော ဖခင်ဖြစ်ချင်သည့် သူ့၏အိပ်မက်များက နောက်ဆုံးတွင် အကောင်ထည်‌ပေါ်လာသော်ငြား ကျင်းယန်အနေဖြင့် တစ်စုံတစ်ခုက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဆိုရလျှင် အတော်လေး မပျော်ရွှင်နေခဲ့ပေ။

လင်းကျား ထွက်လာပြီးနောက် လီကျန်ကျောင်းပြင်ဆင်ပေးထားသောာ လက်နက်များကို အဖွဲ့သားများက တပ်ဆင်လိုက်ကြသည်။ ပစ္စည်းများထဲတွင် အခြေခံမြေပုံတစ်ခု ပါရှိလေ၏။

သူတို့က တောအုပ်အတွင်းသို့ အရဲစွန့်ရန်အဆင်သင့်ဖြစ်နေကြပေပြီ။

သူတို့၏ပထမဆုံးတာဝန်မှာ မြို့နှစ်မြို့ထဲမှ ပြန့်ကျဲနေသော အသင်းများကို ရှာဖွေပြီး ဧရာမသစ်ပင်ကြီးများကို အမြစ်ပြတ်သုတ်သင်ရာတွင် ကူညီရမည်ဖြစ်ကာ မြို့တော်B၏ သုတေသနဌာနက လိုအပ်သောအရာများကို ပြန်ယူလာရမည်။

သုတေသနဌာမှ လိုအုပ်သည့်အရာကို သူတို့ မသိသော်ငြား သူတို့ ရှာတွေ့သည့်အချိမ်တွင် အဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

လင်းကျား၏အင်းစက်များက တောအုပ်ကို စစူးစမ်းလေ့လာနေခဲ့ပေပြီ။

တိုတောင်းသော ဆယ်မိနစ်အတွင်းမှာပင် အင်းစက်အကောင်‌ရေ တစ်ဒါဇင်ခန့်က တောအုပ်၏သားရဲများထံမှ အငမ်းမရစားသောက်ခြင်းကိုခံရလိုက်သည်ကို သူမ ခံစားလိုက်ရသော်လည်း မြေပြင်အနေအထားကို ဆက်လက် ထောက်ပံ့နေခဲ့လေ၏။

လင်းကျားက သူတို့နှင့်အတူရှိနေခဲ့သည်။ ယင်ရိလျိုနှင့် တခြားသူများကလည်း သူမကို မယုံကြည်သောကြောင့် နေရာလွတ်စွမ်းရည်၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ရဲချေ။

ထို့ကြောင့် အမျိုးသားနှစ်ယောက်က သူတို့၏ကျောပေါ်တွင်သာ လေးလံသော ပြုပြင်မွမ်းမံထားသည့် လက်နက်တချို့ကို သယ်ဆောင်ထားလေသည်။

ဤလက်နက်များက ပို၍ကြီးမားသောစွမ်းအားများ၊ သက်ရောက်မှုများနှင့် ကြီးမားသည့်သန္ဓေပြောင်း တိရစ္ဆာန်ကြီးများကို ရင်ဆိုင်ရန်တွင် အသုံးပြုရာတွင် သင့်တော်ပေလိမ့်မည်။ ထိုသို့ ဖြစ်စေရန်အတွက်လည်း အကြီးအကျယ် ပြုပြင်မွမ်းမံထားခဲ့လေ၏။

လဲ့ဟုန်ရီက ရှင်သန်နေသော အသင်းငါးသင်းနှင့်အတူ ရှိနေသည်ကိုဘ လင်းကျား မြင်ခဲ့သောကြောင့် သူတို့နှင့်အတူ ရှိနေသမျှကာလပတ်လုံး လဲ့ဟုန်ရီကို ရှာတွေ့ပေလိမ့်မည်။

လဲ့ရူသိုအတွက်မှာတော့ မကျေမနပ်ပေါက်ကွဲမှုများနှင့် မကျေမနပ်ညည်းညူနေသော်ငြား လွှဲပြောင်းဌာနတွင် စောင့်နေရမည့် သူမ၏ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ချေ။

ဤတောအုပ်သည်က ဆင့်ကဲပြောင်းလဲသူများအတွက်ပင် အန္တရာယ်များနှင့်ပြည့်နေလေ၏။ ထို့အပြင် သူတို့က ငိုယိုနေသောဝန်ပိုကြီးတစ်ခုကို တရွတ်တိုက်ဆွဲခေါ်မသွားနိုင်ပေ။

မူလက သူတို့အနေဖြင့် တောအုပ်ထဲကို မဝင်ခင် လေယာဥ်မှူးပြောသွားခဲ့သော သည်းထန်စွာရွာမည့်မိုး ရွာပြီးသွားအောင် စောင့်နေခဲ့ကြသည်။

သို့သော်ငြား ကမ္ဘာပျက်ကပ်နှောင်းပိုင်း၌ လောကကြီးတွင် ရာသီဥတုကို ကြိုတင်ခန့်မှန်းရန် ခက်ခဲကြောင်း ဖူဝမ်ရှင်းက ပြေညပြခဲ့လေ၏။

မိုးရွားသွန်းမည့် လက္ခဏာရှိလျှင်ပင် အမှန်တကယ်မိုးရွာသွန်းခြင်းမရှိတတ်ပေ။ သို့မဟုတ် မိုးမရွာမီ ရက်အတော်ကြာအောင် စောင့်ရကောင်း စောင့်ရနိုင်သည်။

အများအပြား ထည့်သွင်းစဥ်းစားပြီးနောက် ပြန့်ကျဲနေသော အသင်းများ၏ ခြေရာလက်ရာများကို ရှာဖွေရန်အတွက် တောအုပ်ထဲချက်ချင်းဝင်ရန် ဆုံးဖြတ်ခဲ့ကြ၏။

လုံခြုံရန်အတွက် လွှဲပြောင်းဌာန၏နယ်မြေကို သန္ဓေပြောင်းအပင်များအား လောင်ကျွမ်းစေနိုင်သော အက်ဆစ်များနှင့် ဖြန်းထားရန်လိုသောကြောင့် သူတို့ တောအုပ်ထဲ စဝင်ချိန်တွင် လမ်းကြောင်းမှာ ဖြတ်သန်းသွားရန်အတွက် လွယ်ကူနေဆဲပင်ဖြစ်သည်။

မီတာဆယ်ချီသွားပြီးနောက် သူတို့၏ ခြေထောက်အောက်မှ မြေပြင်က ပို၍ပို၍ပျော့ပြောင်းလာပြီး သန္ဓေပြောင်းအပင်များ၏ အမြစ်များနှင့် မြေအောက်အမြစ်များက မြေပြင်ပေါ်တက်လာခဲ့ကာ မူလမြေပြင်ကို အပိုင်းပိုင်းအစအစ ခွဲထွက်လာကြလေ၏။ သူတို့အတွက် လမ်းကြောင်း လုံးဝချန်မထားခဲ့ကြပေ။

မြေသားထဲတွင် စိမ့်ဝင်နေသောအက်ဆစ်က အမြင့်ဆုံးပျံ့နှံနေခဲ့ပေပြီ။ ဤနေရာမှစ၍ သဘာဝပေါက်ပင်များက ပို၍သိပ်သည်းလာပြီး ပို၍ ရှုပ်ထွေးလာကြသည်။ ယင်ရိလျိုက အရပ်ပုနေသောကြောင့် အရှေ့မှတောအုပ်ကြီးကို မော့ကြည့်လိုက်ချိန်တွင် သူမကိုယ်တိုင်က အလွန် သေးငယ်ပုံရသည်။

ကြီးထွားလွန်းသော ပင်စည်များက အမျိုးမျိုးသော နွယ်အမျိုးအစား သန္ဓေပြောင်းအပင်များနှင့် ဖုံးလွှမ်းနေသည်။

ကြီးမားသော ခရမ်းရောင်ပန်းဖူးများကလည်း သိပ်သည်းသော အခက်အရွက်များမှ တွဲလောင်းကျနေကာ အလင်းရောင်မှုန့်များဖြင့် သွန်းလောင်းနေခဲ့၏။

ဆင့်ကဲပြောင်းလဲသူများတွင် ကောင်းမွန်သော အမြင်အာရုံရှိသော်ငြား သစ်ပင်အထပ်ထပ်နောက်တွင် ရှိသည့်အရာကို သူတို့မမြင်နိုင်ချေ။

လေထုထဲမှစိုထိုင်းမှုက အဆုတ်ထဲသို့ လေအေးများကို ရှူသွင်းနေရသည့်နှယ် ခံစားရစေသည်။

သူတို့ခြေထောက်အောက်မှ မြေသားသည်က ရွှံ့များ၊ အပင်အမြစ်များနှင့် ကျောက်စရစ်ခဲများ ရောနှောနေ၏။

ခြေလှမ်းတစ်လှမ်းမှားသွားလျှင်ပင် ခြေချင်းဝတ်လည်သွားစေနိုင်သည်။ လူသားများ၏ ဒူးခေါင်းအမြင့်ရှိသော မြက်ရိုင်းများတွင်လည်း အလွန်အမင်း ချွန်ထက်သော ထောင့်စွန်းများရှိသောကြောင့် အပေါ်မှ တက်နင်းလိုက်သည့်အခိုက် တကျွီကျွီအသံများ ထွက်နေပြီး တက်နင်းပြီး ခဏနေလျှင် ထောင်မတ်နေသော အနေအထားသို့ ပြန်ရောက်ရှိသွားလေ၏။

ဤပတ်ဝန်းကျင်၌ တောအုပ်၏ မွေးရာပါအုပ်ချုပ်သူများအတွက်တော့ အိမ်ပြန်ရောက်သည့်နှယ် ခံစားရစေသည်။

အနက်ရောင်ဝံပုလွေက အလွန်တည်ငြိမ်ပြီး မြန်ဆန်စွာ ရွေ့လျားနေကာ ခြေသံပင်မထွက်ချေ။

ဤကျယ်ပြောသော အပင်တိုင်းပြည်ထဲတွင် ယင်ရိလျို၏ပုံစံက အလွန် ထိခိုက်လွယ်ပုံရလေ၏။

သူမက မြေပြင်ပေါ်တွင် ရပ်နေသည့်အတွက် မြက်ပင်ရိုင်းများက သူမ၏ ခါးလေးထက် မြင့်နေလေသည်။ သစ်ရွက်ထဲတွင် သူမ၏ခြေလှမ်းမှ တရှဲရှဲအသံများကို ကြားနိုင်လေ၏။

ဤအခြင်းအရာကို မြင်‌နေရသော ကျင်းယန်က သူမကို ချီချင်သော်ငြား ကလေးမလေးဆီမှ ငြင်းဆိုခြင်းကို ခံလိုက်ရသည်။

“ကျွန်မဘာသာ လမ်းလျှောက်နိုင်တယ်၊ ကျွန်မက အရမ်းကို တည်ငြိမ်တယ်!”

ယင်ရိလျို၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသော အမူအရာတစ်ခု ရှိနေ၏။

သူမက ကျင်းယန်၏နောက်တွင် ထာဝရပုန်းနေပြီး သူမ၏ပုခုံးပေါ်တွင်သာ ထာဝရ ပွေ့ဖက်မနေနိုင်ပေ။

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင် လောကကြီးတွင် သိမ်မွေ့သောပန်းတစ်ပွင့်က မရှင်သန်နိုင်ချေ။

ထို့အပြင် သူမကို ကံကြမ္မာက အလွန်များစွာသော “ရွှေလက်ချောင်းများ” ကောင်းချီးပေးထားလေသည်။

သူမကိုယ်တိုင် အားမထုတ်လျှင် အရာအားလုံးကို ဖြုန်းတီးခြင်း ဖြစ်သွားပေမည်။

ကျင်းယန်ကလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ချေ။ သူ့အနေဖြင့် ယုန်လေး၏လုံခြုံရေးကို စိတ်ပူသော်ငြား သူမ၏ဆုံးဖြတ်ချက်ကိုလည်း လေးစားပေ၏။

လူတိုင်းက ရှေ့သို့သွားနေသည့်အချိန်တွင် လင်းကျားက ရုတ်တရက် တီးတိုးပြောလာခဲ့သည်။

“ရပ် ရှေ့မှာ တစ်ခုခု ရှိနေတယ်!”

အဖွဲ့သားများ၏ခြေလှမ်းများက ရုတ်ခြည်း ရပ်တန့်သွားလေ၏။ ကျင်းယန် ကတည်ငြိမ်စွာဖြင့် သူ့နောက်မှ ကလေးမလေးကို ဆွဲပြီးမေးလိုက်သည်။

“ဘာကိုတွေ့လို့လဲ”

မိုးထိအောင် မြင့်မားနေသော သဘာဝပေါက်ပင်များ၊ ဧရာမသစ်ပင်ကြီးများဖြင့် ဝန်းရံခံထားရသဖြင့် သူတို့က ဘီလူးကြီးများ၏တိုင်းပြည်သို့ ကျူးကျော်လာသူများနှယ် ခံစားရလေ၏။

ပတ်ဝန်းကျင်မှာ လေညှင်းကြောင့် သစ်ရွက်များ၏တရှဲရှဲမြည်သံသာ ရှိပြီး လုံးလုံးလျားလျား တိတ်ဆိတ်နေသည်။

ကျင်းယန်၏အသံက အေးစက်ပြီး တုန်လှုပ်ခြင်းကင်းမဲ့နေသောကြောင့် အဖွဲ့ကြားမှ တင်းမာနေသော လေထုကို တခဏချင်းတည်ငြိမ်သွားစေ၏။

လင်းကျား အသာအယာ တံတွေးမြိုချပြီး ပြောလိုက်သည်။

“အရှေ့ဘက် မီတာနှစ်ဆယ် အကွာလောက်က သစ်ပင်ခြုံပင်တွေနောက်မှာ တစ်ခုခု ရှိနေတယ်.. ငါ့မျက်လုံးတွေက အစားခံလိုက်ရလို့ ငါရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး”

သူမ၏ အင်းစက်များက ထူထဲသောမြက်ပင်များကြားတွင် ပုန်းနေသောပြောင့် သူတို့ကို သန္ဓေပြောင်းတိရစ္ဆာန်များထံတွင် ထောက်လှမ်း မခံရသင့်ချေ။

သို့သော်ငြား လွန်ခဲ့သောအခိုက်အတန့်တစ်ခုက သူမ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မကြည့်နိုင်ခင်ပင် အင်းစက်၏ခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ထိုးဖောက်သွားခဲ့၏။

ရုတ်တရက် အမြင်ပျောက်သွားခြင်းက သူမကို သဘာဝအလျှောက် ရပ်တန့်ရန် အော်မိစေပြီး ယခုအချိန်တွင်‌တော့ လူတိုင်းက အရှေ့ဘက်မှ သစ်ပင်ခြုံပင်များ ရှုပ်ထွေးနေသော နေရာကို ဦးတည်၍ စိုက်ကြည့်စေခဲ့သည်။

ထိုဧရိယာကို အရိုင်းဆန်စွာ ရှင်သန်ပွားများနေသည့် အရွယ်ရောက်သူတစ်ယောက်နီးပါး ရှည်သောခြုံပင်များနှင့် ထူထဲစွာ ဖုံးအုပ်နေ၏။

ဤသစ်ပင်ခြုံပင်များက အရှေ့မှလမ်းကြောင်းကို လွှမ်းမိုးထားလေသည်။

“အခု ကျွန်တော်တို ဘာလုပ်သင့်လဲ?”

ကျောင်းချီယန် မေးခဲ့သည်။

“လူစု မကွဲစေနဲ့.. မင်းတို့ရဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်ထားကြ”

ကျင်းယန် ပြောပြီး သူ့၏နောက်မှကလေးမလေးကို လှည့်ကြည့်လိုက်၏။ ယင်ရိလျိုက နားလည်လိုက်ပြီး သူ့နောက်ကို တိတ်တဆိတ်လိုက်လေခဲ့သည်။

အဖွဲ့က ရှေ့သို့ဆက်၍ နှေးကွေးစွာဖြင့် ချီတက်နေခဲ့ကာ အသံတစ်စက်မှ မထွက်လုနီးပါးပင်။

မြို့ပေါ်ရှိလမ်းများကို မူလက ကွန်ကရစ်များဖြင့် ပြုလုပ်ထားသော်ငြား လက်ရှိတွင်တော့ အညစ်အကြေးများပြည့်နေကာ အပင်များဖြင့် ကျိုးဖောက်ခြင်းခံထားရ၏။

ယခုအချိန်တွင် လမ်းများက မြေကြီးနှင့်မြက်ပင်များအောက်တွင် နက်ရှိုင်းစွာဖြင့် အမြှုပ်ခံထားရကာ ကျောက်စရစ်ခဲများနှင့် ရောနှောနေသောကြောင့် လမ်းလျှောက်ရန်ခက်ခဲနေခဲ့သည်။

All Chapters