← Chapters

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း(135)

“ငါ့အစ်ကိုက ဒီမှာရှိတယ်လို့ နင်မပြောခဲ့ဘူးလား၊ နင် လူလိမ် ကလိမ်ကကျစ်!”

လဲ့ရူသိုက စာရင်းသွင်းပေးသည့် ဝန်ထမ်းကို ဆက်တိုက်ပြောနေသော်ငြား သူမ လက်ခံရရှိသည့်အရာအားလုံးမှာ ရှုပ်ထွေးသောအမူအရာများသာ ဖြစ်ပေသည်။

သူတို့ထဲမှ လူတချို့က စိတ်ပေါက်ကွဲလုနီးပါးဖြစ်နေခဲ့ပြီး ပြောလာခဲ့၏။

“ငါ တကယ် မသိဘူး.. ငါက ဒီကို လူတွေလာခေါ်ဖို့ပဲ ရောက်လာတာ”

ဤရူးသွပ်နေသော အမျိုးသမီးကြောင့် လင်းကျား စိတ်အနှောင့်အယှက် အဖြစ်မခံခဲ့ပါချေ။

သူမက သူမ၏လက်ချောင်းထိပ်ဖြင့် အသာအယာ လက်ဟန်လုပ်လိုက်လျှင် အနက်ရောင်ပိတုန်းလေးတစ်ကောင်က သူမ၏လက်ချောင်းမှ ပြုတ်ထွက်လာကာ မြေပြင်ပေါ်ကျသွားပြီး လဲ့ရူသိုရှိရှာအရပ်ဆီ တွားသွားခဲ့လေသည်။

မြေပြင်ပေါ်မှ ပိုးကောင်ကို မြင်သည့်အခိုက်တွင် အော်ဟစ်နေသော အမျိုးသမီးမှာ ပိုးကောင်အသိုက်ထဲတွင် နေခဲ့ရသည့်မြင်ကွင်းကို ရုတ်တရက် ပြန်သတိရသွားပြီး ဖြူဖျော့သွားခဲ့လေ၏။

သူမက နောက်သို့ဆုတ်၍ တုန်ရီနေခဲ့သည်။ ထိုအခိုက်တွင် ရုတ်တရက် ထိုးထွက်နေသော ကျောက်တုံးတစ်တုံးကို တက်နင်းမိသောကြောင့် ချော်သွားပြီး မြေပြင်ပေါ်လဲကျသွားခဲ့ရပြန်၏။

သူမ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိပြီး မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် နောက်သို့လှည့်လိုက်သည်။

ကျင်းယန်နှင့် သူ၏အိမ်မွေးယုန်မှာ အနီးအနားတွင် တစ်စုံတစ်ခုကိုလုပ်လျက် အလုပ်ရှုပ်နေပုံရ၏။ အနက်ရောင်ဝံပုလွေကတော့ သစ်ပင်တစ်ပင်၏နောက်တွင် ခြိမ်းခြောက်လိုစွာဖြင့် ပုန်းကွယ်နေပြီး ကျောင်းမောင်နှမကတော့ ရည်ရွယ်ချက်ရှုရှိဖြင့် အခြေအနေကို လျစ်လျှုရှူထားလေသည်။

လဲ့ရူသို နှုတ်ခမ်းကို ခပ်ပြင်းပြင်း ဖိကိုက်လိုက်ကာ ရှူးယန်အသင်းက လူတိုင်းမှာ ရူးနေကြသည်ဟူ၍ တွေးလိုက်၏။

လင်းကျားက အကြင်နာတရားကင်းမဲ့သော လူသတ်သမားဖြစ်ပြီး သူမ,လဲ့ရူသိုကသာ နှစ်သိမ့်ရန်လိုအပ်နေသော တစ်ယောက်ဖြစ်ကြောင်း သိသာနေသော်ငြား သူတို့က လင်းကျားနှင့်သာ တစ်ဘက်တည်း ဖြစ်နေပုံရသည်။

ဤလူများက တစ်မျိုးတတည်းသာ ဖြစ်ကြောင်းကို သူမ သဘောပေါက်သွားခဲ့လေပြီ။ သူတို့အပေါ်တွင် မျှော်လင့်ချက်မထားသင့်ချေ။

ကျောင်းမောင်နှမက နှလုံးသားကင်းမဲ့ပြီး ကျင်းယန်သည်က သူ၏ကြည့်ကောင်းသော ရုပ်ရည်မှလွဲလျှင် သဘောထား အေးစက်ကာ သူ၏အသုံးမကျသော ယုန်အကြောင်းကိုသာ ဂရုစိုက်လေ၏။

ကျင်းယန်က အဘယ်ကြောင့် သူမကဲ့သို့ လှပသည့်မိန်းကလေးတစ်ယောက်အစား ယုန်တစ်ကောင်ကိုသာ ပို၍ဂရုစိုက်နေသည်ကို လဲ့ရူသို နားမလည်နိုင်ချေ။

ယခုချိန်တွင်တော့ သူမ၏အစ်ကို ကိုသာ ရှာချင်ပြီး လင်းကျားက သူမကို မည်သို့ဆက်ဆံခဲ့ကြောင်း၊ အင်းစက်အုပ်ကြားတွင် သူမကို မည်သို့အိပ်ခိုင်းခဲ့ကြောင်းနှင့် နေ့တိုင်း သွေးသံရဲရဲအသားစိမ်းများကို စားရန်ဖိအားပေးခဲ့ကြောင်း သူ့ကို ပြောချင်နေခဲ့သည်။

လင်းကျားက မိစ္ဆာတစ်ကောင်လိုပဲ..

သူမရဲ့အစ်ကိုင သူမရဲ့ဆင်းရဲဒုက္ခတွေကို သိသွားတဲ့အချိန်ကျရင် သူမအတွက် သေချာပေါက်လက်စားချေပေးလာလိမ့်မယ်။

လဲ့ရူသိုက သူတို့အားလုံးကို အပြစ်တင်နေပြီဖြစ်ကြောင်း ယင်ရိလျိုမှာ မသိချေ။ လက်ရှိ သူမက မြေပြင်ပေါ်တွင် ပျင်းရိစွာဖြင့် လမ်းလျှောက်နေကာ မည်သည့်ပရာကိုမှ စိတ်မဝင်စားပုံရ၏။

သို့သော်ငြား ဤအကောင်ငယ်လေးမှာ သူမကို အာရုံမစိုက်ကြသည်ကို အခွင့်ကောင်းယူ၍ ခိုးကြောင်ခိုးဝှက်ဖြင့် ကျောက်တုံးကြီးတစ်ခုကို လဲ့ရူသို၏နောက်သို့ လက်ဖဝါးဖြင့် တွန့းပို့လိုက်သည်ကို ကျင်းယန် ရှင်းလင်းစွာမြင်လိုက်ရပေသည်။

သူမက ထိုသို့ လုပ်လိုက်သည့်အတွက် နောက်ဆုတ်နေဆဲဖြစ်သော လဲ့ရူသိုက ကျောက်တုံးပေါ်သို့တက်နင်းမိပြီး မြေပြင်ပေါ်သို့လဲကျသွားခဲ့လေ၏။

ယုန်လေးက အတော်လေးစိတ်လှုပ်ရှားသွားပြီး နားရွက်များကို လှုပ်လိုက်သည်။

ဤသည်က သူမအတွက် ဆိုးရွားသောတစ်စုံတစ်ခုကို ပထမဆုံးအကြိမ် လုပ်ဖူးသည့်နှယ်ပင်။

ကျင်းယန်က သူမ၏ ဆိုးရွားသည့်လုပ်ရပ်လေးကို မြင်သွားကြောင်း သူမ မသိခဲ့ပါချေ။

သို့သော်ငြား အဆုံး၌ ကျင်းယန်က သူမဘက်တွင်သာ ရှိလေသည်။

သူတို့ကို လာခေါ်ရန်လာသောလူငယ်က သူ၏ဆုတ်ဖွာနေသော ဆံပင်ကိုဆုပ်ကိုင်လျက် ရှေ့သို့လျှောက်လာပြီး ကျင်းယန်၊ တခြားသူများနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ကာ ပြောလာလေ၏။။

“ဟယ်လို ကျွန်တော် ဒီလွှဲပြောင်းဌာနရဲ့ဝန်ထမ်းပါ၊ ကျွန်တော့်နာမည်က ဖူဝမ်ရှင်းပါ၊ အတွင်းဘက်ကို ဝင်ပြီး စကားပြောကြတာပေါ့”

သူက ခေါင်းကိုလှည့်လိုက်လျှင် လဲ့ရူသိုက မတ်တတ်ရပ်ပြီး သူမ၏နောက်ဘက် ဖုန်များကိုခါနေကြောင်း တွေ့ရှိခဲ့သည်။

သူ အရှေ့သို့ ခြေလှမ်းအနည်းငယ်လောက် အလောတကြီးလှမ်းလိုက်လေ၏။ ထိုရူးသွပ်နေ‌သော အမျိုးသမီးမှ သူ့ကိုနှောင့်ယှက်လာမည်ကို ကြောက်ရွံ့နေခဲ့လေသည်။

သူသည်က ဌာန၏ဝန်ထမ်းအဖွဲ့ဝင်တစ်ယောက်သာဖြစ်ပြီး လူတိုင်းကို သူ သိနေရန် မျှော်လင့်၍မရချေ။

ဤလွှဲပြောင်းဌာနက မြို့တော်Mနှင့် မြို့တော်Wကြားတွင် တည်ရှိကာ ဧရာမသစ်ပင်ကြီးများနှင့် ဝေးကွာသောကြောင့် ဌာန၏ လုံခြုံရေးကို ကောင်းမွန်စေသည်။

ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူ အသီးသီး၏ အမျိုးမျိုးသော အသင်းများအတွက် စာရင်းသွင်းရာနေရာအဖြစ် လုပ်ဆောင်လေ၏။

“ဗိုလ်ချုပ်ကြီးလီက လက်နက်ကိရိယာတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားနှင့်ပြီးသားပါ၊ အဲဒါတွေကို အောက်ဘက်က ကုန်လှောင်ရုံထဲမှ သိမ်းထားပါတယ်”

ဖူဝမ်ရှင်းက လမ်းကို ဦးဆောင်လာခဲ့သည်။

သူတို့၏ ဘေးဘက်ပတ်လည်မှ စင်္ကြန်လမ်းကို ဖောက်ထွင်းမြင်နိုင်သော ဖန်အကာအကွယ်တစ်လွှာဖြင့် ဖုံးအုပ်ထားပြီး သူတို့ကို အပြင်ဘက်လောကနှင့် ပိုင်းခြားထားသောကြောင့် အနည်းငယ်လောင် မှိန်ဖျော့နေကြောင်း ယင်ရိလျို သတိထားမိခဲ့သည်။

ဤဖန်အလွှာက ဌာန၏ဝန်ထမ်းများကို ကာကွယ်ရန် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်းကိုသူမ မသိခဲ့ပေ။

ထိုဖန်အလွှာကို မတပ်ဆင်ထားခဲ့လျှင် ရဲတင်းပြီလုပ်နိုင်စွမ်းရှိသော သန္ဓေပြောင်းသားရဲများက တောအုပ်ထဲမှ တဟုန်ထိုးထွက်လာကြပြီး သတိကင်းလွတ်နေသော လူသားများကို ဆွဲခေါ်သွားလေ့ရှိ၏။

သူတို့က လက်နက်များကို အလျှင်အမြန်ကိုင်ပြီး နောက်မှလိုက်ခဲ့လျှင်ပင် ဤသန္ဓေပြောင်းသားရဲများက တောထဲတွင် အလွန်လျှင်မြန်စွာ ပြေးနိုင်ပြီး သူတို့လိုက်မှီချိန်တွင်လည်း သူတို့၏ရဲဘော်ရဲဘက်များမှာ ရွံ့ထဲတွင် ပြန့်ကျဲနေသော စုတ်ပြဲနေသည့် ခြေလက်အစိတ်အပိုင်းများသာ ဖြစ်နေခဲ့ပေပြီ။

“ဒီနေရာက တခြားနေရာတွေနဲ့ ကွဲပြားတယ်၊ အပင်သန္ဓေပြောင်းခြင်းက တိရစ္ဆာန်သန္ဓေပြောင်းခြင်းထက် ပိုမြန်တယ်၊

သန္ဓေပြောင်းအပင်အများအပြားက အသားစားအပင်တွေအဖြစ် ဖွံ့ဖြိုးလာပြီး လူသားစားနိုင်စွမ်းတွေပါ ရှိလာကြတယ်..

သေချာတာပေါ့ သန္ဓေပြောင်းတိရစ္ဆာန် တွေနဲ့ပက်သက်လို့လည်း မင်းတို့သတိထားသင့်ပေမဲ့ မင်းတို့ရဲ့အနားတစ်ဝိုက်က အပင်တွေကို ပိုပြီးအာရုံစိုက်ကြပါ..”

ဖူဝမ်ရှင်းက ကုန်လှောင်ရုံထဲမှ ကြီးမား၍ ကောင်းစွာထုတ်ပိုးထားသော အထုပ်များကို ဆွဲယူလိုက်၏။

သူသည်က ကြွက်သားကြံ့ခိုင်မှုတိုးမြင့်ခြင်း ဆင့်ကဲပြောင်းလဲမှုတစ်မျိုး ဖြစ်ပုံရပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများက သူအင်အားစိုက်ထုတ်လိုက်သည့်အခိုက်တွင် လေမှုတ်သွင်းထားသည့် အရုပ်တစ်ခုနှယ် ဖောင်းကားလာကာ အတော်လေး ကြောက်စရာကောင်းပေ၏။

သို့သော်ငြား သူ၏ခွန်အားက အလွန်ပင်ကြီးမားပေသည်။

သူက ချွေးသုတ်ပြီး အထုပ်များကို ပုတ်၍ပြောလေသည်။

“အတွင်းဘက်မှ ကျည်ဆန်အတောင့်ကြီးတွေ၊ လက်နက်ခဲယမ်းနဲ့ အထူးဆင့်ကဲပြောင်းလဲ တိုက်ပွဲဝတ်စုံတွေကို မင်းတို့တွေ့လိမ့်မယ်..

ဒီဝတ်စုံတွေက ဆုတ်ဖြဲဒဏ်ကိုခံနိုင်တာသလုု တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ပြီး သန္ဓေပြောင်းအပင်အများစုက အက်စစ်တွေကိုလည်း ခံနိုင်ရည်ရှိတယ်.. အတွင်းဘက်မှာ ကန့်ထားတဲ့ အဝတ်လဲခန်းရှိတယ်.. မင်းတို့ဝင်ပြီး လဲလို့ရတယ်”

ကျင်းယန်ခေါင်းညိတ်လိုက်ပြီး ထိုနေရာ၌ပင် အထုတ်ကိုဖွင့်လိုက်ကာ အတွင်းဘက်မှ စိတ်ကြိုက်ပြုလုပ်ထားသော သေနတ်ကြီးများနှင့် သေနတ်ပြောင်းများကို ထုတ်ယူလိုက်သည်။

ကျောင်းချီယန်၏မျက်လုံးများက ချက်ချင်းပင် တောက်ပသွားလေ၏။

သူက တိုက်ပွဲဝတ်စုံ အနည်းငယ်ကို ထုတ်ယူလိုက်သည်။ အရာအားလုံးက ရှူးယန်အသင်းအတွက် စိတ်ကြိုက်ချုပ်ထားသော ဝတ်စုံများဖြစ်ကြပေသည်။ မမျှော်လင့်ထားစွာဖြင့် အထုတ်ထဲတွင် ဝတ်စုံအသေးလေးတစ်ခုလည်း ပါရှိနေလေ၏။

ကျင်းယန်၏ပုခုံးပေါ်တွင်ရှိနေသော ယင်ရိလျိုမှာ ထိုဝတ်စုံကို မြင်လိုက်ရသည့်အခိုက်တွင် မျက်လုံးများပင် တောက်ပသွားလေသည်။

ကျင်းယန်လည်း အနည်းငယ် အံ့သြသွား၏။ သူက ယုန်လေးကို အမျိုးသမီး အဝတ်လဲခန်းဆီ ခေါ်သွားရန် ကျောင်းစီဟွေ့ကို တောင်းဆိုလိုက်လေသည်။

လင်းကျားနှင့် လဲ့ရူသိုတို့ အတွက်တော့ သူတို့က ရှူးယန်အသင်း၏ အဖွဲ့ဝင်များမဟုတ်သောကြောင့် သူတို့တွင် တိုက်ပွဲဝင်ဝတ်စုံ မရှိကြချေ။

လင်းကျားက တည်ငြိမ်ပုံရပြီး လွှဲပြောင်းအသင်း၏ ဝင်ပေါက်တွင်ရပ်ကာ တောအုပ်ထဲကို ငေးကြည့်နေခဲ့လေ၏။

အပြင်ဘက်မှာ အလင်း‌ရောင်မှိန်မှိန်သာရှိကာ မည်းမှောင်နေပြီး လေထုက စိုစွတ်သောမြူများကို သယ်ဆောင်ထားခဲ့ကာ ယိုယွင်းပျက်စီးနေသော ကမ္ဘာမြေကြီး၏ မသာယာသည့်အနံ့နှင့် ရောနှောနေလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက အတောမသတ်နိုင်သော အင်းစက်များ၏ တကျီကျီအော်သံနှင့်အတူ တိတ်ဆိတ်နေခဲ့သည်။ သူတို့အနေဖြင့် အမှန်တကယ်ပင် အပူပိုင်းမိုးသစ်တော်ထဲတွင် ရှိနေသည်နှင့်တူနေခဲ့၏။

သို့သော်ငြား သူတို့၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ပိုးကောင်များနှင့် အဆတ်မပြတ် ရွေ့လျားသည်ကို လင်းကျားခံစားနိုင်သည်။

သူမက စိတ်အာရုံကိုတောအုပ်ထဲရှိ အရပ်မျက်နှာ‌ပေါင်းစုံကို ဖြတ်သန်း၍ ဖြန့်ကျက်လိုက်လျှင် လွှဲပြောင်းဌာန၏အပြင်ဘက် မီတာနှစ်ဆယ်ခန့် နေရာတွင် အစိမ်းရင့်ရောင်အပြောက်များဖြင့် ဖုံးလွှမ်းနေသော လိပ်ပြာကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။

ထိုလိပ်ပြာက သိပ်သည်းသော မြက်များနှင့် သစ်ပင်ပင်စည်များ အကြားတွင် တိတ်တဆိတ် ပုန်းအောင်းနေလေ၏။

လိပ်ပြာက မလှုပ်ရှားသော်ငြား ထိုလိပ်ပြာ၏ အသက်ဓာတ်ကို အင်းစက်များကခံစားနိုင်ပြီး အသွင်အပြင်အပြည့်အစုံကိုလည်း မြင်နိုင်သည်။

ဤအလွန်ကြီးမားသော သန္ဓေပြောင်းလိပ်ပြာကြီးကို အင်းစက်တစ်ကောင်၏မျက်လုံးများမှ ဖြတ်၍ စူးစမ်းလေ့လာနေသည့်အချိန်တွင် ရုတ်တရက် ထိုအင်းစက်၏ခေါင်းကို ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းတစ်ခု ရုတ်တရက် ထိုးဖောက်လိုက်လေ၏။

သူမ၏နှလုံးသားက ခုန်ပေါက်သွားရပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ သူမ၏အမူအရာ ပို၍ လေးနက်သွားရသည်။

ဤတောအုပ်က အမှန်ပင် အန္တရာယ်များလွန်းပေ၏။

*

ရှူးယန်အဖွဲ့ဝင်အားလုံးက ဆင်တူတိုက်ပွဲဝင် ဝတ်စုံများကို ဝတ်ဆင်ထားကာ ကောင်းမွန်သည့်အသင်းစိတ်ဓာတ်ကို ဖော်ပြနေခဲ့သည်။

သူတို့ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် တက်ကြွပြီး ငယ်ရွယ်သောအကြည့်ရှိနေကြသောကြောင် လင်းကျားအနေဖြင့် အားကျပြီး ဤကဲ့သို့တက်ကြွသော အသင်းစိတ်တစ်ခုကို တောင့်တမိလာရလေ၏။

ကျောင်းစီဟွေ့သည်က သူမတွင် ရှိခဲ့သည့် ယခင်တိုက်ပွဲဝင်ဝတ်စုံကို ကိုင်ထားခဲ့ပြီး ရုတ်တရက် လင်းကျားထံသို့ လျှောက်သွားကာ သူမ၏လက်ကိုဆန့်၌ လင်းကျားထံသို့ ပစ်ပေးလိုက်သည်။

မည်သည့်အရာများဖြစ်သွားသည်ကို ကောင်းကောင်း သဘောမပေါက်နိုင်ခင်မှာပင် လင်းကျားလည်း လှမ်းဖမ်းလိုက်မိ၏။

သူမက အံ့အားသင့်နေသော အမူအရာများနှင့်အတူ မျှော်လင့်သည့် အရိပ်အေယောင်အနည်းငယ်ဖြင့် မေးလာလေသည်။

“ဒါက ဘာလဲ?”

“ဝတ်ထားလိုက်၊ အဲဒီဝတ်စုံက တိုက်စားတာကနေ မကာကွယ်နိုင်ပေမဲ့ ရိုက်ချက်နဲ့ ဖြတ်ရာတွေကို ခံနိုင်ရည်ရှိသေးတယ်”

လင်းကျားတစ်ယောက် နှလုံးသားထဲ၌ ထူးဆန်းသည့် ခံစားချက်ကိုခံစားရပြီး အနည်းငယ် ရှုပ်ထွေးသွားရလေ၏။

သို့သော်လည်း သူမက အလွန်အကျွံမတုံ့ပြန်ခဲ့ဘဲ အဝတ်အစားများကိုသာ ပွေ့ပိုက်လိုက်ကာ အဝတ်လဲခန်းဆီ ဦးတည်လိုက်သည်။

*

All Chapters