← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း(134)

လင်းကျားက သူမ၏နောက်ဘက်မှ ရူးသွပ်နေသော အမျိုးသမီးနှင့်အငြင်းပွားရန် မလုပ်နိုင်ချေ။

သူမကဖြူဖျော့နေပြီး လေထဲမှရနံ့က သူမကို ပျို့အန်ချင်စေခဲ့သည်။ သူမ၏အသွင်အစစ်က အင်းစက်တစ်ကောင်ဖြစ်ပြီး စွမ်းရည်များကလည်း သန်မာသော်ငြား ဤအင်းစက်သတ်ဆေးမှ ဓာတုပစ္စည်းများကို သည်းခံရန် ခက်ခဲစေပြီး အော်ဂလီဆန်စေလေ၏။

သူမ၏ဘေးတွင် ထိုင်နေသော ကျောင်းချီယန်သည်ကား သူအနေဖြင့် အင်းစက်အမျိုးအစား သန္ဓေပြောင်း၏ဘေးတွင် ထိုင်နေကြောင်းကို သိသောကြောင့် ကနဦးက တစ်နည်းနည်းအားဖြင့် ကြောက်လန့်နေခဲ့သည်။

သို့သော်ငြား ခဏကြာပြီးနောက် သူသည်လည်း အိမ်မြှောင်အမျိုးအစား သန္ဓေပြောင်းဖြစ်ပြီး အိမ်မြှောင်တစ်ကောင်အဖြစ်သို့ ကျပန်းအသွင်မပြောင်းကြောင်း မှတ်မိလိုက်၏။

ထို့ကြောင့် သူ စိတ်သက်သာရာရသွားခဲ့လေသည်။

သူ့အနေဖြင့် ဤအနောက်ဘက်ရှိ လေထုက အလွန်ကိုးရိုးကားယားနိုင်သည်ဟု ထင်သောကြောင့် လင်းကျားနှင့် စကားပြောရန်အတွက် အကြောင်းအရာရှာချင်ခဲ့လေ၏။

သို့သော်ငြား သူ့၏ဘေးတွင် ထိုင်နေသောအမျိုးသမီးကို ကြည့်လိုက်သည့်အခိုက်တွင် သူမက အနည်းငယ်မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းကြပ်စွာဖိကိုက်ထားပြီး ဖြူဖျော့နေသည်ကို တွေ့လိုက်ဝလေဤ။

သူ မေးလိုက်မိ၏။

“လင်းကျဲ ခင်ဗျားအဆင်ပြေရဲ့လား?”

လင်းကျား အနည်းငယ်လောက် အံ့သြသွားရသည်။ သူမ မျက်လုံးကို ပြန်ဖွင့်ပြီး သူမ၏ဘေးမှ ကလေးကြီးကိုပြုံးပြ၍ ပြောလိုက်လေ၏။

“ငါအဆင်ပြေပါတယ်”

နောက်အခိုက်တွင် ကျောင်းချီယန်က သူမ၏ သက်‌တောင့်သက်သာ မဖြစ်မှု၏ အရင်းအမြစ်ကို နားလည်သွားပုံရသည်။

သူ၏အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ပြီး လင်းကျား၏ခေါင်းပေါ်တွင် အုပ်ပေးလိုက်လေ၏။

အင်းစက်သတ်ဆေး၏ ပျို့အန်ချင်စဖွယ်အနံ့က ချက်ချင်းပင် အပြင်ဘက်တွင် ပိတ်ဆို့ခံလိုက်ရလေသည်။

လင်းကျား အံ့သြသွားမိပြန်သည်။ သူမက သူမ၏ဘေးမှ ကလေးကြီးကို ကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“ကျေးဇူးတင်ပါတယ်”

အချိန်ကုန်ဆုံးသွားသကဲ့သို့ ရဟတ်ယာဥ်သည်လည်း ပန်းတိုင်နှင့် ပို၍နီးကပ်လာခဲ့သည်။

ယင်ရိလျို အပြင်ဘက်မှ မြင်ကွင်းကို ဗလာဖြစ်သောအမူအရာနှင့် ကြည့်နေခဲ့သည်၏။ သူမ၏ပါးစပ်ထဲမှ မုန်လာဥနီအပိုင်းကိုလည်း ဝါးမစားမိတော့ဘဲ ပါးစပ်ထဲတွင် ငုံ့ထားမိလေသည်။

ယင်ရိလျိုမှာ အပြင်ဘက်မှမြင်ကွင်းကြောင့် ကြောင်အစွာ တောင့်ခဲသွားလေ၏။ သူမ မြင်ရသည့် ပထမဆုံးအရာမှာ အလွန်ကြီးမားပြီး အချင်းဝက်အားဖြင့် မိုင်ရာချီ ဧရိယာကို ဖုံးလွှမ်းထားသည့် မယုံနိုင်လောက်အောင် စိမ်းလန်းရွှန်းစိုနေသော သဘာဝပေါက်ပင်များဖြစ်သည်။

သိပ်သည်းသော ပေါင်းမိုးများက အလွှာအလွှာထပ်နေပြီး ထင်ရှားတောက်ပသည့် အသက်ဓာတ်နှင့် အသက်ဝင်နေပုံရ၏။

အဝေးမှပင် ထိုအပင်များကြားမှ ရက်စက်သော သက်ဝင်လှုပ်ရှားမှုကို ယင်ရိလျိုခံစားရလေသည်။

ထိုအရာမှာ မြို့နှစ်မြို့ကြားတွင် အကြင်နာကင်းမဲ့စွာဖြင့် ကြီးထွားနေခဲ့သော ဧရာမသစ်ပင်ကြီးဖြစ်ပုံရ၏။

စိမ်းလန်းရွှန်းစိုသော သစ်ပင်ကြား၊ အကိုင်းအခက်ပေါ်တွင် အရောင်သွေးကြွစွာ ပွင့်လန်းသော ကွက်ကျားကွက်ကျား အနီရောင်ပန်းဖူးများလည်းရှိနေလေသည်။

ဤပန်းဖူးများကို မြင်လိုက်သည့်အခိုက်တွင် သူမ ဤနေရာက လွတ်မြောက်ခဲ့ချိန်က မြင်ကွင်းကို ယင်ရိလျို ပြန်အမှတ်ရသွားမိ၏။

သူမ မထိန်းချုပ်နိုင်ဘဲ တုန်ရီသွားပြီး တံတွေးကိုမြိုချလိုက်မိသည်။

ထူးဆန်းသော ဧရာမသစ်ပင်ကြီးက အလွန်မြင့်မားပြီး ကြံ့ခိုင်စွာ ကြီးထွားလာနှင့်ပေပြီ။

ဤအပင်က အသက်မည်မျှကို ဝါးမျိုထားသနည်း? ယင်ရိလျို စိတ်ကူးမကြည့်နိုင်တော့ပေ။

ထို့အပြင် ကောင်းကင်မှ ငုံ့ကြည့်လိုက်သည့်အခိုက် သူမ မြင်နိုင်သောအရာအားလုံးမှာ အစိမ်းရောင်သဘာဝပေါက်ပင် လွင်ပြင်ကြီးသာဖြစ်ပြီး အဆောက်အအုံများကို မည်သည့်နေရာတွင်မှ မမြင်နိုင်ချေ။

အဆောက်အအုံများမှာ လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး အမျိုးမျိုးသော သန္ဓေပြောင်း အပင်များထံတွင် သိမ်းပိုက်ခြင်းခံလိုက်ရလေသည်။

မြင့်မားပြီး ကြံ့ခိုင်သန်စွမ်းသော သန္ဓေပြောင်းသစ်ပင်တစ်ပင်၏ ဘေးတွင် ထိုအပင်ထက် ပို၍မြင့်မားပြီးကြံ့ခိုင်သော နောက်ထပ်အပင်တစ်ပင် ရှိနေနိုင်၏။

မြို့တော်Mက မူမမှန်သော သန္ဓေပြောင်းမှုများကို ကမ္ဘာပျက်ကပ်၏အစပိုင်းတွင် ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင်တော့ ဖွံ့ဖြိုးမှုက ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်။

သူတို့ အနားသို့ ကပ်လာသည့်အခိုက်တွင် ဧရာမသစ်ပင်ကြီး၏ ပင်စည်မှာ အမာရွတ်များနှင့် ဇကာပေါက်ဖြစ်နေပြီး တစ်ဝက်နီးပါးက ပျက်စီးနေသည်ကို ယင်ရိလျိုမြင်နိုင်လေ၏။

မဲပုပ်ပြီး မီးကျွမ်းနေသောပင်စည်မှာ ထူထပ်ပြီး သိပ်သည်းသော ရေညှိဖြင့် ဖုံးအုပ်နေသောကြောင့် အတော်လေး အော်ဂလီဆန်ဖွယ်ကောင်းလေသည်။

ဤလုပ်ရပ်မှာ ဤနေရာကို ယခင်ကစေလွှတ်ခံရသော အသင်းတချို့၏အလုပ်ဖြစ်နိုင်ကြောင်း ယင်ရိလျို တွေးလိုက်မိ၏။

ဤဧရာမသစ်ပင်ကြီးကို သူတို့က ပြင်းထန်စွာပျက်စီးစေခဲ့သော်ငြား လုံးလုံးလျားလျား အမြစ်ပြတ်အောင် မသုတ်သင်နိုင်ခဲ့ချေ။

ရဟတ်ယာဥ်က တဖြည်းဖြည်း အဝေးသို့ရွှေ့သွားကာ အကွာအဝေးတစ်ခုအတွင်း ပျံသန်းနေခဲ့သည်။

ယင်ရိလျို ရှုပ်ထွေးသွားရလေ၏။

ထိုအချိန်တွင် နောက်ဘက်မှ ကျောင်းစီဟွေ့က မေးလာခဲ့လေ၏။

“အန်ကယ် ကျွန်မတို့ ဘာလို့ အဝေးကိုပျံသွားနေတာလဲ?”

လေယာဥ်မှူး၏မျက်နှာက လေးနက်သွားခဲ့သည်။

“မင်း မြင်တဲ့အချိန်ကျရင် နားလည်သွားပါလိမ့်မယ်”

သူက ဟန်မပျက်စေဘဲ အဝေးသို့ပျံသန်းရန် ရဟတ်ယာဥ်ကို ဆက်လက်ထိန်းချုပ်လိုက်ကာ လမ်းလွှဲမှသွားနေပုံရ၏ ။

ထိုအခိုက်အတန့်တွင် အဝေးမှ ဧရာမအပင်ကြီး၏အတွင်း၌ တစ်စုံတစ်ရာက ဖြန့်ကားလာပြီး ထိုပွင့်နေသော ပန်းဖူးများ၏ ဗဟိုမှအပြင်သို့ ဆန့်ထွက်လာကြသည်။

နူးညံ့ပြီး စတီးနှင့်တူ‌သော ပန်းရောင်အညွန့်တချို့က ရုတ်တရက် ကောင်းကင်ယံမှ ရဟတ်ယာဥ်ဆီ ဦးတည်၍ တိကျစွာပစ်ခတ်လာခဲ့၏။

ကံကောင်းစွာဖြင့် ရဟတ်ယာဥ်က ဧရာမသစ်ပင်ကြီးဆီမှ ဝေးကွာလွန်းနေခဲ့လေ၏။ ထို့ကြောင့် စေးကပ်သော အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသည့် ဤဆူးထစ်ပါသောအညွန့်များက လေထဲတွင် လွှဲယမ်းနေခဲ့ပြီး နောက်ဆုံးတွင် အနားမှမြေပြင်ကို ဆောင့်ရိုက်လိုက်လေသည်။

ထို့နောက် ပန်းဖူးထဲသို့ မြန်ဆန်စွာ ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရ၏။

သူမ ထိတ်လန့်တုန်လှုပ်သွားပြီး ပါးစပ်ပင် ပြန်မစိနိုင်တော့ချေ။

ဒီ… ဒီအရာကြီးရဲ့ နားလည်သဘောပေါက်မှုက အတော်လေး ဖွံ့ဖြိုးလာပုံရတယ်။

သူတို့ ဤနေရာကိုထွက်ခွာခဲ့ချိန်က ဤအပင်က ကြောက်ရွံ့ဖွယ်ဖြစ်ခဲ့သော်ငြား တက်ကြွသည့် အသိစိတ်ကို မထုတ်ဖော်မပြသခဲ့ချေ။

အပင်၏အမဲလိုက်စက်ကွင်းထဲသို့ သားကောင်များ ဝင်ရောက်လာချိန်မှသာ သဘာဝအစစ်ကို ဖော်ပြခဲ့၏။

သို့သော်ငြား ယခုချိန်တွင်တော့ တက်ကြွစွာဖြင့်တိုက်ခိုက်နေခဲ့ပြီး လေထဲမှ အရာဝတ္ထုများကိုပင် လိုက်ဖမ်းနေခဲ့သည်။

လေယာဥ်မှူးက အဓိပ္ပာယ်ပြည့်သည့် အသံဖြင့် ပြောလာခဲ့၏။

“အခု မင်းတို့ နားလည်သွားပြီမလား? ဒီကောင်ကြီးက အတော်လေး ဉာဏ်ကောင်းပြီး အရမ်းကိုအကြမ်းခံနိုင်လွန်းတယ်..

သူက များများစားလေ ပိုပြီးကြီးထွားလာခဲ့တာ၊ ပိုကြီးလာလေလေ အဲဒီရွံစရာကောင်းတဲ့ လက်တံတွေကို ပိုပြီးဆန့်ထုတ်လာလေလေပဲ.. အနားကို သွားဖို့က မလုံခြုံဘူး.. အကွာအဝေးကို ထိန်းထားမှ ဖြစ်မယ်”

ထိုသို့ပြောလျက် သူက ရဟတ်ယာဥ်ကို ကျယ်ပြန့်သောစက်ဝိုင်း သဏ္ဍာန်မောင်းလာခဲ့လေသည်။

လေပေါ်မှနေ၍ အတွင်းဘက်တွင် ရှင်းလင်းနေသော သိပ်သည်းသည့် တောအုပ်ကို မြင်နိုင်လေသည်။

ထိုရှင်းလင်းနေသောနေရာမှာ ခိုင်မာသော အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ထားသော နေရာဖြစ်၏။ ဤအခြေစိုက်စခန်းလေး တစ်ဝိုက်တွင် မည်သည့်အပင်မှမရှိသောကြောင့် သဘာဝပေါက်ပင် ပင်လယ်ကြီးအလယ်တွင် မြင့်မြတ်သောနေရာတစ်ခုနှင့် တူသွားစေပြီး လူတိုင်းကို စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ရှူသွင်းမိသွားစေသည်။

အဝေးမှ အခြေစိုက်စခန်း၏ ခေါင်းမိုးထိပ်တွင် တစ်စုံတစ်ယောက်က အနီရောင်အလံတစ်ခုကို လွှဲယမ်းနေပြီး အော်နေသော်ငြား ရဟတ်ယာဥ်၏ ဆုံလည်ရဟတ်မှအသံက သူတို့၏အသံများကို နှစ်မြုပ်သွားစေသောကြောင့် ယင်ရိလျိုနှင့် တခြားသူများက မည်သည်ကိုမှ မကြားရချေ။

ရဟတ်ယာဥ် ဆင်းသက်လာလျှင် ပတ်ဝန်းကျင်က ပို၍မှောင်မိုက်လာကာ နေရောင်ကိုပင် မြင့်မားသောပေါက်ပင်များဖြင့် ပိတ်ဆို့သွားလေ၏။

ဤသည်က သူတို့ကို အဆုံးမရှိသောတောအုပ်ထဲသို့ ထိုးကျနေသည့်နှယ် ခံစားရစေသည်။

ယင်ရိလျို၏နှလုံးသားက မြန်ဆန်စွာခုန်ပေါက်လာပြီး ကျင်းယန်၏အင်္ကျီလက်ပေါ်အား ဆုပ်ကိုင်မှုကို တင်းကြပ်လိုက်မိ၏။

ကျင်းယန် ယုန်လေး၏ ပါးစပ်ထောင့်မှ လိမ္မော်ရောင်အစွန်းအထင်းများကို တစ်ရှူးနှင့်သုတ်လိုက်ပြီး သူမကို နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ ၊ ကောတို့ ဆင်းနေပြီ”

ရဟတ်ယာဥ် ဆင်းသက်သွားသည့်အခိုက်တွင် လဲ့ရူသိုက ပထမဆုံးခုန်ဆင်းလိုက်လေ၏။ တစ်စုံတစ်ခုက သူမနောက်မှ လိုက်နေသကဲ့သို့ပင်။

သူမကအလံလေးကို‌ ဝှေ့ယမ်း၍ သူမကိုနှုတ်ဆက်ရန် ပြုံးပြလျက် လာနေသော အမျိုးသားကို ချက်ချင်း လှမ်းဆွဲလိုက်၏။

“ငါ့ရဲ့အစ်ကို ဘယ်မှာလဲ? ငါ့အစ်ကိုက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ သူ့နာမည်က လဲ့ဟုန်ရီလေ”

အလံလေးကို ဝှေ့ယမ်းနေသော အမျိုးသားက တခဏလောက် ကြောင်အသွားရသည်။ ဖြစ်ပျက်နေသည့်အရာများကို မဆက်စပ်နိုင်သေးချေ။

သူပြောခဲ့သည်။

“နေပါဦး မင်းဘယ်သူ့ကိုပြောနေတာလဲ၊ မင်းပြောတဲ့သူကို ငါမသိဘူး.. မင်းက မစ်ရှစ်လက်ခံဖို့ ဒီကိုရောက်နေတာမဟုတ်ဘူးလား?”

ကျင်းယန်နှင့်တခြားသူများလည်း နောက်မှလိုက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ရဟတ်ယာဥ်မှ ဆင်းလာကြ၏။

ကျင်းယန်သည် လေယာဥ်မှူးကို လက်‌ဝှေ့ရမ်းနှုတ်ဆက်လိုက်လေ၏။

သက်လတ်ပိုင်းအမျိုးသားအတွက် စိတ်ပူစွာပြောလာ၏။

“မင်းကိုယ်မင်း ဂရုစိုက်ပါ.. ငါ မင်းတို့ကို ပြန်ခေါ်ဖို့လာတဲ့အချိန်မှာ မင်းတို့အားလုံး လုံခြုံနေဖို့ မျှော်လင့်ပါတယ်”

ကျင်းယန်က သူ၏နှုတ်ခမ်းကို အနည်းငယ်တွန့်ကွေး၍ ပြောလိုက်သည်။

“ဖြစ်နေမှာပါ”

All Chapters