← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း(132)

လင်းကျား၏ မျက်လုံးများက အလင်းအလင်းငယ်တောက်ပသွားပြီး အင်းစက်အုပ်ကြားမှ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

သူမက ရင်းနှီးသော မောင်နှမနှစ်ယောက်ကို မြင်လိုက်ရလျှင် ပြုံးပြလိုက်မိလေ၏။

သို့သော်ငြား ထိုအပြုံးကို တခြားလူများမှ ကောင်းကောင်း မကြည့်နိုင်ခင် ကျည်ဆန်တစ်တောင့်က ပျံသန်းလာခဲ့ကာ ထိုအမျိုးသမီး၏ဦးခေါင်းကို တခဏချင်း ပြန့်ကျဲသွားစေသည်။

အစိမ်းရောင်အရည်များ ဖြန်းထွက်လာပြီး လင်းကျားမျက်နှာက ညှိုးနွမ်းသွားသော ပိုးကောင်များအဖြစ် ပြောင်းလဲသွားလေ၏။

ကျောင်းချီယန် ရုတ်ခြည်း နောက်သို့ လှည့်ကြည့်လိုက်လျှင် ကွေ့ပင်းပိုင်က လင်းကျားကို လေးနက်သောအမူအရာဖြင့် သေနတ်ချိန်ထားသည်ကို မြင်လိုက်ရသည်။

သူက အံကြိတ်ပြီး သေနတ်ကို မြှောက်ထားလေ၏။

“ခင်ဗျား ဘာတွေ လုပ်နေတာလဲ?!”

“သူမက လူသားမဟုတ်ဘူး!”

ကွေ့ပင်းပိုင် အေးစက်စွာ ပြောလိုက်သည်။

“သစ်သားအိမ်ထဲက လူတွေအကြောင်းစဉ်းစားစမ်းပါ.. အလှည့်ဖြားမခံစမ်းနဲ့”

ထို့နောက်တွင် အမျိုးသမီး၏ ဗလာဖြစ်သွားသော လည်ပင်းက အနက်ရောင်ပိတုန်းများဖြင့် ပြန်ပြည့်သွားပြီး လင်းကျား၏မျက်နှာက ပြန်လည်ဖွဲ့စည်းသွားသော်ငြား ဤအကြိမ်၌ သူမသည် အမူအရာကင်းမဲ့သည့် အကြည့်ကို ဆင်မြန်းထားသောကြောင့် ပို၍ပင်ဖြူဖျော့ ပုံပေါ်သွားစေ၏။

ကွေ့ပင်းပိုင်၏အမူအရာ ပြောင်းလဲသွားသည်။

“ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ? သတ်ပစ်လို့မရဘူး!”

သူနောက်တစ်ချက် ထပ်ပစ်လိုက်ပြီး အကြိမ်တိုင်း လင်းကျားကို မှန်သွားကာ ပိုးကောင်များ ပြန့်ကျဲသွားသော်ငြား နှစ်စက္ကန့်အတွင်းမှာပင် သူမမှာ မူလအ‌အခြေအနေသို့ ပြန်ရောက်သွားတတ်သည်။

ယင်ရိလျို အလွန်ပင် အံ့ဩသွားရသည်။ ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လင်းကျား၏ခန္ဓာကိုယ် တစ်ခုလုံးက ပိုးကောင်များအဖြစ် ပေါင်းစည်းထားခြင်းဖြစ်ပြီး တစ်ကောင် နှစ်ကောင်လောက်ကို သတ်ပစ်ခြင်းက ကွားခြားမှုရှိပုံမရချေ။

မည်သည့်တစ်ကောင်က သူမ၏အရေးကြီးသောနေရာဖြစ်ကြောင်းကိုပင် မရှင်းလင်းပေ။

မယုံနိုင်လောက်အောင် ခိုင်မာသောအသက်အင်အား၊ ပြန်လည်ထူထောင်နိုင်စွမ်းနှင့်အတူ သူမက မသေမျိုးပိုးကောင်ဘုရင်မ နှင့်တူနေခဲ့၏။

ထိုအမျိုးသမီးက ဖြူဖျော့သောမျက်နှာနှင့် တုန်ရီနေသော လဲ့ရူသိုကိုကြည့်လိုက်လေ၏။

လဲ့ရူသိုသည်ကား အလွန်ပင် တုန်လှုပ်နေခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။

သူမက လှောင်ပြောင်လိုသည့်အရိပ်အယောင်ကို ဖော်ပြလာခဲ့၏။

လက်ရှိတွင် လဲ့ရူသိုသည်ကား လူတိုင်းထံမှ သူမကို အမှားလုပ်ခဲ့သူ တစ်ဦးအဖြစ် အကြည့်ခံနေခဲ့ရကာ သူမကသာ လောကကြီးထဲတွင် သနားစရာအကောင်းဆုံး ဖြစ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

လဲ့ကျားက ဤမုန်းတီးစဖွယ် ယောက်မကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံဘဲ သူမ၏အကြည့်ကို ကျင်းယန်ဆီတွင်သာ မြဲမြံစွာ အခြေချထားသည်။

သူမ၏သွေးရောင်ကင်းမဲ့နေသော နှုတ်ခမ်းများ အသာအယာ ပွင့်ဟသွား၏။

“ငါ မင်းကို ရှာဖို့ ဒီကိုလာခဲ့တာ ၊ မင်းနဲ့အပေးအယူတစ်ခု လုပ်ချင်တယ်”

ကျင်းယန် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ မည်သည့်စကားကိုမှ မပြောခဲ့ချေ။

သို့သော်လည်း သူကလက်တွေ့၌ သူ့ရှေ့မှအမျိုးသမီး တစ်နည်းအားဖြင့် ဆိုရလျှင် သူမ၏စွမ်းရည်ကို အတော်လေးစိတ်ဝင်စားနေခဲ့လေသည်။

လင်းကျား ဆက်ပြောခဲ့၏။

“အခုလေးတင် မင်းတို့ပြောတာ အားလုံးကို ငါကြားတယ်.. တိတိကျကျပြောရရင် မင်းပြောခဲ့တာတွေ အားလုံးနဲ့ မင်းရွေ့တဲ့အကွက်အားလုံးကို ငါသိတယ်”

သူမ၏ခန္ဓာကိုယ်ကို အင်းစက်အုပ်စုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အင်းစက် အကောင်တိုင်းက သူမ၏လက်အောက်ငယ်သားများ၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုနှင့် အသိစိတ်ဖြစ်လေ၏။

ဤအတွက်ကြောင့် သူမ၏အင်းစက်များ သွားသည့်နေရာတိုင်းတွင် သူမ၏ မျက်စိများ နားများရှိစေသည်။

ပတ်ဝန်းကျင်နယ်မြေအတွင်းမှ အရာတိုင်းကို သူမအာရုံခံနိုင်ပြီး လူများ၊ အရာဝတ္ထုများနှင့် ပြောသည့်စကားလုံးတိုင်း ပါဝင်လေ၏။

ယခုလေးတင်မှ ရှူးယန်အသင်းပြောခဲ့သည့် စကားဝိုင်းလည်း ပါဝင်ခဲ့သည်။

လဲ့ရူသို တစ်ယောက်တည်းဆိုလျှင် သူမကို ကြားဝင်စေရန် မလုံလောက်သော်ငြား ရှူးယန်အသင်း၏ နောက်ထပ်သွားမည့်နေရာနှင့် ကျင်းယန်၏ပါးစပ်မှ သတင်းအချက်အလက်များကို ကြားသည့်အခိုက်တွင် လင်းကျားက အပြင်သိုးထွက်လာပြီး သူတို့နှင့်အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့၏။

ကျင်းယန်၏အမူအရာ တဖြည်းဖြည်း အေးစက်လာသည်။ သူက နှာမှုတ်ပြီးလက်မောင်းထဲမှ ယုန်လေးကို ကိုင်လိုက်သည်။

“ဒီတော့ဘာဖြစ်လဲ? ဒါကို သိရုံနဲ့ ငါ့ကို ကျော်လို့ရမယ်လို့ ထင်နေတာလား?”

ယင်ရိလျိုတစ်ယောက် ထိုအမျိုးသား၏ဒေါသက မြင့်တက်လာသည်ကို ခံစားရပြီး အနည်းငယ်စိုးရိမ်သွားရ၏။

ကျင်းယန်က စွမ်းအားအကြီးဆုံး ဆင့်ကဲပြောင်းလဲလူသားဟု သူမ ယုံကြည်သော်လည်း လင်းကျား၏စွမ်းရည်က အမှန်ပင် ကိုးရိုးကားယားနိုင်ပြီး မလွယ်ကူမှုတချို့ ဖြစ်စေနိုင်သည်။

တိုက်ပွဲအစစ် စတင်ဖြစ်ခဲ့လျှင် မည်သူကနိုင်မည်မှန်း မသေချာချေ။

“ငါ အဲဒီလို ပြောချင်တာမဟုတ်ဘူး”

အမျိုးသမီးက တခဏရပ်တန့်သွားခဲ့သည်။ သူမက သူမ၏အတွေးများကို စုစည်းနေပုံရပြီး အနည်းငယ် မှေးစင်းနေသာ မျက်လုံးများက သူမကို မသေသေးသည့်နှယ့် ချောက်ချားဖွယ် အသွင်အပြင်ကို ပေးလေ၏။

သူမက သာမာန်လူတစ်ယောက်ပါဟု မည်သူမှ ပြောဝံ့မည်မဟုတ်ချေ။

သူမ မော့ကြည့်ပြီး ပြောခဲ့သည်။

“မင်းတို့ သွားမယ့်နေရာက အရမ်းအန္တရာယ်များတယ်.. အဲဒီနေရာမှာ ငါက မင်းတို့ရဲ့မျက်လုံးတွေ ဖြစ်ပေးနိုင်တယ်..

မိုင်အနည်းငယ် အတွင်းက ဘယ်သက်ရှိရဲ့ တည်ရှိမှုကိုမဆို ငါကြိုတင်ခန့်မှန်းနိုင်တဲ့အတွက်ကြောင့် မင်းတို့ရဲ့လုံခြုံရေးကို ကောင်းကောင်း လုံခြုံစေလိမ့်မယ်”

ဤအကြံက အလွန်ကောင်းမွန်သောအကြံတစ်ခုနှင့် တူလေ၏။

အထူးမစ်ရှင်၏တည်နေရာက သဘာဝပေါက်ပင်များ စိုးမိုးနေသည့် မြို့တစ်မြို့၏အလယ်တွင် ဖြစ်ကာ ထိုနေရာသည်က ဤနှစ်များတွင် ဆင့်ကဲပြောင်းလဲမှုများနှင့် သန္ဓေပြောင်းမှုဖြစ်ပွားပြီးနောက် မထိုးဖောက်ဝင်ရောက်နိုင်သော ရုက္ခဗေဒဥယျာဥ် ဖြစ်လာခဲ့သည်။

ကျင်းယန်၏အမူအရာက မပြောင်းမလဲ ရှိနေသေး၏။

“အပြန်အလှန်အနေနဲ့ မင်းဘာလိုချင်တာလဲ?”

“ငါ့ကို အဲဒီနေရာသာ ခေါ်သွားပေး.. ငါ့ကိုအဲဒီနေရာဆီကို ခေါ်သွားတာကိုပဲ လိုချင်တာ.. မင်းတို့ရဲ့မစ်ရှင်ပြီးသွားရင် ငါထွက်သွားလိုက်မယ်”

သူမက မြို့တော်Mနှင့် သန်မာသည့်ဆက်နွယ် ရှိပုံရသည်။ ထိုနေရာကို ပြောလိုက်သည့်အချိန် သူမ၏မျက်လုံးများ တောက်ပသွားကာ ဘဝ၏မီးပွားကို ပြန်လည်ရရှိသွားသည်နှင့် တူလေ၏။

ကျောင်းစီဟွေ့ သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့ဖူးသည့် မိန်းကလေးကို ကြည့်လိုက်သည်။

ယခုအချိန် ဤအခြေအနေသို့ ရောက်ရှိသွားသောကြောင့် သူမ၏ နှလုံးသားထဲတွင် ခါးသီးစူးရှသည့် ခံစားချက်ကိုရလိုက်လေ၏။

သူမ မနေနိုင်ဘဲမေးလိုက်သည်။

“အဲဒီနေရာကိုသွားဖို့အတွက် နင် ဘာလို့ စိတ်အားထက်သန်နေရတာလဲ?”

“ဘာကြောင့်လဲဆိုတော့ ငါ့ ယောကျာ်းက အဲဒီနေရာမှာလေ”

လင်းကျား ထိုအကြောင်းကိုပြောလိုက်လျှင် လဲ့ရူသိုက သူမကို ကြည့်ရန် ရုတ်တရက် ခေါင်းမော့လိုက်လေ၏။

လင်းကျား၏မူလခန္ဓာကိုယ်က လျှင်မြန်စွာ မရွေ့လျားနိုင်ဘဲ သာမာန်လူတစ်ယောက်နှင့် များစွာကွာခြားခြင်းမရှိ‌ပေ။

ထို့အစား အင်းစက်များ၏ များပြားသောအရေအတွက်ကြောင့် အရှိန်ကပို၍ပင် နှေးကွေးလေသည်။

သို့သော် ပြန့်ကျဲနေသော အင်းစက်များက ဆက်တိုက် အဝေးကိုသွားလာနေသောကြောင့် ရှူးယန့်အသင်း၏ ပန်းတိုင်တွင်ရှိသော လဲ့ဟုန်ရီကို သူမ “မြင်”နေခဲ့ရ၏။

ယခုအချိန်တွင်‌တော့ လဲ့ဟုန်ရီက သူမ နှလုံးသည်းပွတ်၏ စူးနစ်သောစုံချက်ဖြစ်သည်။ ထိုနေရာကို အလောတကြီး ချက်ချင်းသွားပြီး သူမ၏ခင်ပွန်းအား မြင်တွေ့ချင်နေခဲ့လေ၏။

တခဏမျှ ဆင်ခြင်သုံးသပ်ပြီးနောက် ကျင်းယန် ယုန်လေးနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်ပြီး ဤအပေးအယူက အတော်လေး အကျိုးရှိကြောင်းတွေ့လိုက်ရသည်။

လမ်းတစ်လျှောက်တွင် လူတစ်ယောက်ကိုသာ ပိုခေါ်ရမည်ဖြစ်ပြီး နေရာတိုင်းကို ရောက်နိုင်သည့် ထောက်လှမ်းမှုကွန်ရက်တစ်ခုကို အပြန်အလှန်အနေနှင့် ရရှိသောကြောင့် ခံစစ်ကို ပို၍ခိုင်မာသွား‌စေမည့် အခွင့်အရေးတစ်ခုဖြစ်၏။

“မင်းရဲ့ဒီအင်းစက်တွေကို ဘယ်လိုလုပ်မလဲ?”

လင်းကျား လက်ဝှေ့ရမ်းလိုက်လျှင် ခေါင်းမိုးပေါ်တွင် ရစ်ဝဲနေသော အင်းစက်အုပ်ကြီးက နံရံများမှတွားသွားဆင်းလာကြသည်။

မကြာမီပင် ထိုနေရာတွင် သူမ တစ်ယောက်သာ ရပ်နေပြီး ပုံမှန်လူသားတစ်ယောက်နှင့် မကွာခြားတော့ချေ။

“သူတို့က နှေးကွေးပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်နောက်ကို လိုက်လာကြလိမ့်မယ်”

ကျင်းယန်ခေါင်းငြိမ့်လိုက်ပြီး သူမကို တက်လာရန် လက်ဟန်ပြလိုက်၏။

သူ လှည့်လိုက်လျှင် လဲ့ရူသို၏ မိန်းမောနေသော အမူအရာကို ရုတ်တရက်သတိပြုမိပြီး မျက်ခုံးတစ်ဖက်ပင့်မ,လိုက်သည်။

ယင်ရိလျိုက သူ၏သိမ်မွေ့သော အမူအရာကို ကောင်းစွာသိကျွမ်းလေ၏။ ဤကဲ့သို့ ကျင်းယန်ကို တွေ့လျှင် သူ တစ်စုံတစ်ခုကို တွက်ချက်နေကြောင်း သူမ သိရှိလိုက်သည်။

မျှော်လင့်ထားသကဲ့သို့ပင် ကျင်းယန်က လဲ့ရူသိုကိုအေးစက်စွာဖြင့် ပြောခဲ့၏။

“မင်းကိုလည်း ငါခေါ်သွားနိုင်ပါတယ် ဒါပေမဲ့ တစ်ခုပဲ….”

သူ လဲ့ရူသိုကို အပေါ်အောက်တစ်ချက် ကြည့်လိုက်ကာ စိတ်မဝင်စားစွာ ပြောလိုက်သည်။

“မင်းရဲ့ဝိတ်ကို အခြေခံရမယ်ဆိုရင် ထိုင်ခုံတစ်ခုံကို ရိက္ခာ 150 ကတ်တီကုန်ကျမယ်.. မင်းဆီကပဲ ဖြစ်ဖြစ် မင်းအစ်ကိုဆီကပဲဖြစ်ဖြစ် ပေးရမယ်.. သဘောတူ မတူက‌တော့ မင်းအပေါ်မှာပဲ မူတည်တယ်”

ကျင်းယန်၏ လက်မောင်းထဲတွင် ဝပ်နေသော ယင်ရိလျိုမှာ ရယ်သံများ ပေါက်ထွက်လာလုနီးပါးပင်။

လဲ့ရူသိုက အလွန်ပိန်သဖြင့် ဝိတ် 100 ကျော်ရုံမျှသာဖြစ်သော်လည်း ကျင်းယန်က အမှန်တကယ်ပင် နောက်တစ်ဆင့် ယူလိုက်လေ၏။ သူက အတော်လေး ရက်စက်နေခဲ့သည်။

လဲ့ရူသို အထစ်ထစ်အငေါ့ငေါ့ပြောခဲ့သည်။

“ကျွန်မဆီမှ 150 ကတ်တီမရှိဘူး.. မဖြစ်နိုင်တာ သူမကကျ ဘာလို့လိုက်ရတာလဲ? ကျွန်မရဲ့အစ်ကိုက ကျောင်းစီဟွေ့နဲ့ သူမကိုကယ်ခဲ့တာလေ.. ကျွန်မရဲ့အစ်ကိုက သူတို့ရဲ့အသက်ကို ကယ်ခဲ့တာ”

လင်းကျား အေးစက်စွာဖြင့်ပြုံးပြီး သူမကို လျစ်လျှူရှုလိုက်၏။

“သူမက ဆင့်ကဲပြောင်းလဲသူပဲ၊ မင်းကတော့ အော်ဟစ်နေတာက လွဲလို့ဘာမှမလုပ်နိုင်တဲ့ တစ်ယောက်လေ”

ကျင်းယန်၏မျက်နှာက စိတ်မရှည်သည့် အရိပ်အယောင်ပြလာသည်။

ပြီးနောက် ရဟတ်ယာဥ်ပေါ်ကို တိုက်ရိုက်လျှောက်သွားလိုက်၏။ သူတို့ အချိန်အကြာကြီး ဖင့်နှေးနေပြီဖြစ်သည်။

သူ လဲ့ရူသိုကို တစ်ချက်ကြည့်ပြီး အေးစက်စွာပြောလိုက်၏။

“အကယ်ခံရတာက ငါမှမဟုတ်တာ သူတို့ကို ကယ်ခဲ့တာကလည်း မင်းရဲ့အစ်ကိုပဲလေ.. အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ?”

ရှူးယန်အသင်းက အမှန်တကယ် ထွက်ခွာတော့မည်ပို မြင်သည့်အခိုက်တွင် လဲ့ရူသို မတတ်နိုင်ဘဲအော်ပြောလိုက်သည်။

“ကျွန်မ သဘောတူတယ်.. ကျွန်မကို ရှင်နဲ့အတူ ခေါ်သွားပါ”

ကျင်းယန် သူ၏လက်မောင်းထဲမှ ယုန်လေးကို ကြည့်လိုက်ပြီး သူမ၏ပန်းရောင်နှာခေါင်းလေးကို ပုတ်လိုက်၏။

သူသည်က ရိက္ခာ 150 ကတ်တီကို အလွယ်တကူရရှိခဲ့လေသည်။

ယင်ရိလျို မထိန်းနိုင်ဘဲ တွေးလိုက်၏။

“ကျင်းယန်က အတော်လေး ပါးနပ်တဲ့စီးပွားရေးလုပ်ငန်းရှင်ပဲ”

လင်းကျားက လဲ့ရူသိုနှင့်ဖြစ်ပျက်နေသည့် အရာအားလုံးကို ကြိုတင်မျှော်မှန်းထားခဲ့ပြီးဖြစ်သည်။

ဤအမျိုးသမီးက မည်မျှတစ်ကိုယ်ကောင်းဆန်ပြီး သူမတစ်ကိုယ်တည်း အမြတ်ရရန် ဘာမဆိုလုပ်နိုင်ကြောင်း အားလုံးကို ကောင်းစွာသိ၏။

လဲ့ရူသို၏မျက်လုံးထဲတွင် သူမ၏မိသားစုများမှ လင်းကျားအတွက်လုပ်ပေးခဲ့သည့် အရာအားလုံးသည် သူမကိုတင်နေသည့်အကြွေးများ ဖြစ်လာခဲ့သည်။

လင်းကျား မျက်လုံးကို ဖြည်းညင်းစွာမှိတ်လိုက်၏။ သူမ၏ အကြွေးများကို ဆပ်ခဲ့ပြီးပြီ’ဖြစ်ပြီး လဲ့ဟုန်ရီသာ ကျန်တော့လေသည်။

ဒါပေမဲ့ သူမရဲ့လက်ရှိအခြေအနေနဲ့ဆို လဲ့ဟုန်ရီက သူမကိုချစ်တော့ပါ့မလား?

သူမ မသေချာလှပေ။

သူမ၏မျက်လုံးထဲရှိ ရှုပ်ထွေးမှုအရိပ်အယောင်နှင့်အတူ အမျိုးသမီးက ဖြည်းညှင်းစွာမြှင့်တက်လာသည့် ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းကိုသာ ငေးစိုက်ကြည့်နေခဲ့၏။

All Chapters