← Chapters

မဟာချန်သို့ရောက်ရှိလာပြီးနောက် ရိက္ခာဖြစ်သွားသောနတ်ဆိုးဧကရာဇ် ထန်..

Vol. 42 Ch. 419

မဟာချန်သို့ရောက်ရှိလာပြီးနောက် ရိက္ခာဖြစ်သွားသောနတ်ဆိုးဧကရာဇ် ထန်..

Vol. 42 Ch. 419

ဓားသွားက ကြီးမားသောအစီအရင်ကြီးကို ထိလိုက်သည့် ခဏမှာပင်ကြည်လင်သော အလင်းတန်းသည် အသက်တစ်ရှိုက်စာမျှပင် မခံလိုက်ရဘဲ ဖန်ကဲ့သို့ကြေမွပျက်စီးသွားသည်။

နဂါးကိုးကောင်နှင့် ဖီးနစ်ကိုးကောင်သည် စူးရှစွာ အော်ဟစ်လိုက်ကြ၏။

၎င်းတို့သည် လျင်မြန်စွာအလင်းမှုန်များအဖြစ် ပြောင်းလဲကာလေထဲတွင် ပျောက်ကွယ်သွားကြသည်။

ဓားတိုသည် ဆက်လက် ကျဆင်းလာ၏။

မြင့်မားသော သိုင်းဘုံကျောင်း၏ပင်မဆောင်ကြီးသည် တိုက်ရိုက်ပြိုကျပျက်စီးသွားပြီး အတွင်း၌ ထိုင်နေသော ရွှေရောင်ကိုယ်ခန္ဓာကိုယ်ထည် ၁၃ ခု ပေါ်ထွက်လာသည်။

ဘုန်း

ဓားတိုသည် လေထဲမှကျဆင်းလာစဉ် အနည်းငယ် ပုသော ၃ကျန်းအမြင့်ရှိ ရွှေရောင်ခန္ဓာကိုယ်တစ်ခုသည် ပြိုကွဲသွားပြီး ကောင်းကင်အပြည့်ယုံကြည်မှုစွမ်းအားများ အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

သိုင်းဘုံကျောင်းဘိုးဘေးသည် ခြေမကို ကလော်ရင်း ကောင်းကင်ကိုကြောင်တောင်တောင် စိုက်ကြည့်နေသည်။

သူ့အကြည့်များ ပိုမိုရှင်းလင်းလာပြီး ပုံမှန် ကြောင်တောင်တောင်ပုံစံများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ အကြောင်းမှာ သူ၏ သေဆုံးခြင်းအရှိန်အဝါကို အာရုံခံမိသောကြောင့် ဖြစ်သည်။

သို့သော် ဤခဏတာကြည်လင်ခြင်းသည် အဆုံးမဲ့သောညှဉ်းပန်းနှိပ်စက်မှုကို ကိုယ်စားပြုနေသည်။

ဘိုးဘေး၏မျက်လုံးများတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ထိုဓားတို၏ ဖိအားအောက်တွင် သူသည် အင်အားအကုန်သုံးသော်လည်း တုန်ရီနေသော လက်ဖဝါးတစ်ဖက်ကိုသာ ဆန့်ထုတ်နိုင်ခဲ့၏။

ခုနကမှခြေမကလော်ထားသော လက်ချောင်းထိပ်များဖြင့် ဓားသွားဆီသို့ လှမ်းလိုက်ပြီး ၎င်းကို တားဆီးချင်ပုံရသည်။

ဒေါင်

အရာအားလုံး အဆများစွာနှေးကွေးသွားသကဲ့သို့ ထင်ရသော ဤမြင်ကွင်းတွင် သတ္တုချင်းရိုက်ခတ်သံ ပြတ်သားစွာထွက်ပေါ်လာ၏။

ကြီးမားသော အသံသည် လူတိုင်းကို ခေတ္တမျှနားကွဲလုနီးပါး ဖြစ်စေခဲ့သည်။

တိုက်မိခြင်း၏အရင်းအမြစ်မှာ အဆောင် (က) မှ လွင့်ပျံထွက်လာသော အရာတစ်ခုကြောင့် ဖြစ်သည်။

၎င်းသည် ခရမ်းရွှေရောင်ဆေးမီးဖိုငယ်လေးတစ်ခု ဖြစ်ပြီး၊ မကြာသေးမီက ပေါက်ကွဲမှုမှ မီးခိုးမည်းများကိုသယ်ဆောင်လျက် လေထဲတွင် လှိမ့်ဝင်လာကာ ဓားတိုကို ပြင်းထန်စွာဝင်တိုက်လိုက်ခြင်း ဖြစ်သည်။

ဆေးမီးဖိုပေါ်တွင် အက်ကွဲကြောင်းငယ်များ ပေါ်လာ၏။

သို့သော် ၎င်းဝင်တိုက်လိုက်သော ဓားတိုမှာမူ လွန်ခဲ့သော ခဏကကြောက်မက်ဖွယ် အရှိန်အဝါကို သယ်ဆောင်ထားသော်လည်း ယခုအခါ ပြင်းထန်စွာတုန်ခါသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် တိုက်ရိုက်ပေါက်ကွဲထွက်သွားသည်။

ဘုန်း ဘုန်း ဘုန်း

ဆေးမီးဖိုသည် မြေပေါ်သို့ ကျရောက်ပြီး အကြိမ်အနည်းငယ် လှိမ့်သွားကာ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။

“...”

စိတ်ဝိညာဉ်ဧကရာဇ်သည် ကြေမွသွားသော ဓားတိုကို တိတ်ဆိတ်စွာကြည့်နေသည်။

ထို့နောက် ဆေးဖမီးဖိုဘေးရှိ ပုံရိပ်ထံသို့ အကြည့်ပို့လိုက်သည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူငယ်သည် ဖြည်းညှင်းစွာကိုင်းညွှတ်လိုက်ပြီး သူ့ခြေရင်းရှိ ဆေးမီးဖိုကို ကောက်ယူလိုက်သည်ကို တွေ့လိုက်ရ၏။

ထိုဆေးမီးဖိုသည် နန်ယန်ဂိုဏ်းမှ ချန်ထားခဲ့သော ရတနာများထဲမှတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ၎င်းသည် ဆေးဖော်သည့်ကိရိယာတစ်ခုသာ ဖြစ်သည်။ မည်မျှပင် ခိုင်ခံ့စေကာမူ တိုက်ပွဲအတွက် အသုံးပြုခြင်းသည် အလွန်ပင် အတင်းအကျပ်ဆန်လွန်းလှသည်။

ဓားတိုကိုကြေမွသွားစေနိုင်သည့် အကြောင်းရင်းမှာ မီးဖိုကြောင့်သာမက ထိုလူငယ်ကြောင့်သာ အဓိကဖြစ်သည်။

“မင်းက ရတနာခိုးသွားတဲ့ သူခိုးလေးလား”

စိတ်ဝိညာဉ်ဧကရာဇ်သည် မဲ့ပြုံးပြုံးလိုက်ပြီး အစောပိုင်းက လင်းရှီကို တိုက်ခိုက်ခဲ့သော အခြားဓားတစ်ချောင်းကို ပြန်ခေါ်ရန် လက်လှမ်းလိုက်၏။

နောက်ဆုံးမြင်ကွင်းကို ကြည့်ပြီးနောက် ထိုခွေးအိုကြီး ဘာကြောင့် သူ့ကိုလွှတ်ပေးလိုက်လဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားပြီဟု ဝန်ခံရပေမည်။

ဤနန်ယန်ဂိုဏ်းတွင် ခွေးအိုကြီးကလွဲလျှင် ဤသူခိုးလေးကို ဖိနှိပ်သတ်ဖြတ်နိုင်သည်မှာ သူတစ်ယောက်သာ ရှိသည်။

သူသည် ရုတ်တရက် ရှန်းယီဆီသို့ ဓားဖြင့် ချိန်လိုက်ပြီး ခေါင်းကို စောင်းကာပြောလိုက်၏။ “ဒါဆိုရင် မင်းကို အရင်စားလိုက်မယ်”

“ဟာ”

လီချင်းဖုန်း သည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူ့စီနီယာအစ်ကိုကို ရှန်းယီအနားသို့ ခေါ်ဆောင်သွားချင်သော်လည်း လှမ်းကြည့်လိုက်သောအခါ သူအောက်သို့ ပစ်ချလိုက်သော နီကျွင်း သည် မူလနေရာမှ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။

ထို့အစား သူ့ဒဏ်ရာကို ဖိနှိပ်ထားသော အကြီးဆုံး စီနီယာအစ်မကသာ ရှန်းယီထံသို့ ပျံသန်းသွားနေ၏။

“သူ ဘယ်ရောက်သွားတာလဲ”

လီချင်းဖုန်း၏စိတ်နှလုံး ရုတ်တရက် ထိတ်လန့်သွားသည်။ စီနီယာအစ်ကိုနီ အကြောင်း သူ နားလည်သလောက်ဆိုလျှင် တစ်ဖက်လူ၌ အသက်တစ်ရှိုက်သာ ကျန်တော့လျှင်ပင် လူငယ်ယောင်ဆောင်ထားသော ဤနတ်ဆိုးကြီးကို အားကုန်ခမ်းသည်အထိ တိုက်ခိုက်ဦးမည်မှာ သေချာသည်။

ကောင်းကင်ယံရှိ မည်သူမျှ သတိမထားမိသော နေရာတွင် နီကျွင်းသည် မင်္ဂလာတိမ်တိုက်တစ်ခုပေါ်တွင်လဲလျောင်းနေပြီး မျက်ခွံများကို မနည်းဖွင့်ကာ ခြင်ကဲ့သို့တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ “ကျုပ်ကို လွှတ်ပေး”

“မင်းကို သေဖို့လွှတ်ပေးရမှာလား”

ယဲ့ဝမ်ရွှမ်သည် လက်နှစ်ဖက်ကို အောက်ချထားပြီး ရပ်နေသည်။ သူမ၏လက်ဖဝါးမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး နီကျွင်းကို လွှမ်းခြုံထား၏။ “ငါ ဝင်ပါလို့ မရဘူးဆိုတာ မင်းသိသားပဲ၊မင်းရဲ့ ရွေးချယ်မှုတွေကြောင့် ငါ့ရဲ့ နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုတွေ အလဟဿဖြစ်သွားမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူးလေ”

“ဒါက ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ပဲ၊ နန်ယန်ဂိုဏ်းထဲမှာရှိသင့်တဲ့ နတ်ဆိုးမဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ နီကျွင်းသည် ပြင်းပြင်းထန်ထန် ရုန်းကန်သော်လည်း နွေးထွေးသော စွမ်းအင်စီးကြောင်း၏ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ပေ။ “ကျုပ်ကို လွှတ်ပေးဖို့ပဲ ပြောနေတာ... ပြီးတော့ သူက အဲ့လောက်အစွမ်းထက်နေမှတော့ ခင်ဗျားရဲ့ဂိုဏ်းချုပ် ဖြစ်ချင်တဲ့ အိပ်မက်ကို ဖျက်ဆီးပြီးဗိုက်ကားအောင်စားသွားမှာ မပူဘူးလား”

“အဲ့ဒီအခွင့်အရေးသာ သူ့မှာ ရှိခဲ့ရင် မင်းဒီလောကကြီးကို မြင်ခွင့်တောင်ရမှာ မဟုတ်ဘူး”

ယဲ့ဝမ်ရွှမ်သည် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိဘဲ ကြည့်နေသည်။ “နန်ယန်ဂိုဏ်းရဲ့နောက်ဆုံးတပည့်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့ အဲ့ဒီ တာအိုကျင့်ကြံသူကျန်းက ဒီငှက်နက်ကို ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ထိ ရောက်အောင် လွှတ်ထားရဲမှာ မဟုတ်ဘူး”

“ပြီးတော့ မင်းတို့အကုန်လုံးက မင်းတို့ရဲ့အမှားတွေကို ငါ့အပေါ် ပုံချရတာသဘောကျနေပုံပဲ”

စကားပြောနေရင်း အမျိုးသမီးသည် နှုတ်ခမ်းကို မတတ်သာသလိုတွန့်လိုက်ပြီး အောက်သို့ ပြန်ကြည့်လိုက်၏။ “ကဲ... မင်းရဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ရိုးရိုးသားသားပဲ ထိုင်ကြည့်နေလိုက်တော့...”

ယဲ့ဝမ်ရွှမ်၏ စကားသံ ရုတ်တရက် ရပ်တန့်သွားသည်။

အကြောင်းမှာအောက်ဘက်ရှိ ရှန်းယီသည် နောက်ဆုံးတွင် လှုပ်ရှားလာသောကြောင့် ဖြစ်သည်။ သူသည် ရုတ်တရက် ရှေ့သို့တိုးလိုက်ပြီး လျှပ်စီးကြောင်းကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူ့လက်ချောင်းငါးချောင်းသည် ဆေးမီးဖိုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်ဝိညာဉ်ဧကရာဇ်၏နဖူးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဘုန်း

စိတ်ဝိညာဉ်ဧကရာဇ်သည် ရှန်းယီ၏လှုပ်ရှားမှုကိုပင် မမြင်လိုက်ရဘဲ ခေါင်းကိုအပြင်းအထန် အရိုက်ခံလိုက်ရသည်။

သူ အောက်သို့ ထိုးကျသွားပြီး သူ၏မီးတောင်ပံများကို လျင်မြန်စွာခတ်ကာ ပုံရိပ်ကိုပြန်လည် ထိန်းချုပ်လိုက်ရသည်။

နဖူးပေါ်ရှိသွေးစများကို မယုံကြည်နိုင်စွာ စမ်းသပ်ကြည့်ရင်း စိတ်ဝိညာဉ်ဧကရာဇ်သည် ကောင်းကင်ကို ဒေါသတကြီးမော့ကြည့်လိုက်၏။ “မင်းက ဒီဧကရာဇ်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့”

သူ့ရဲ့သားစရယက သူ့ကို သွေးထွက်အောင် လုပ်ရဲတယ်။

“...”

လျှပ်စီးကဲ့သို့မြန်ဆန်သော မြင်ကွင်းသည် အောက်ရှိ လူတိုင်းကို ကြောင်အမ်းသွားစေသည်။

သို့သော် နောက်ထပ်မြင်ကွင်းသည် လီချင်းဖုန်းကိုပင် သူ့စီနီယာအစ်ကို နီကျွင်းအား ရှာဖွေရန်ခေတ္တ မေ့လျော့သွားစေ၏။

ရှန်းယီသည် သူ့လက်ထဲရှိ ဆေးမီးဖိုကို ကြည့်လိုက်သည်။

ထို့နောက် သူသည် သွေးစကို လက်ညှိုးဖြင့် သုတ်ယူကာနှာခေါင်းနားသို့ ယူဆောင်ပြီး အသာအယာ နမ်းကြည့်လိုက်သည်။

နောက်တစ်ခဏတွင် လူငယ်သည် ထိုသွေးစက်ကို ပါးစပ်ထဲသို့ တည်ငြိမ်စွာထည့်လိုက်၏။

သူ သွေးအရသာ ခံလိုက်ပုံရသည်။

သူ့ဆံပင်များအောက်ရှိ ရှန်းယီ၏မျက်လုံးများထဲတွင် နက်ရှိုင်းသောသတ်ဖြတ်လိုစိတ်များ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုနက်မှောင်သော မျက်ဝန်းများ၏ အကြည့်အောက်တွင် စိတ်ဝိညာဉ်ဧကရာဇ်သည် ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။

“...”

သူ့ရင်ထဲမှ ထူးဆန်းသော အေးစက်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်၏။

သူ မတုံ့ဆိုင်းတော့ပေ။ သူ့နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံသည် ဒေါသတကြီးလွင့်ပျံနေပြီး အတောင်ပံများကို ထပ်မံ ခတ်လိုက်သည်။

လက်ထဲရှိ ဓားတိုမှ တောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းအဖြစ်ပြောင်းလဲကာ ရှန်းယီထံသို့ ခုန်ဝင်လိုက်သည်။

“ဒီဧကရာဇ်အတွက်...”

သူ့သတ်ဖြတ်လိုသော စကားများမဆုံးသေးပေ။

ဓားကိုကိုင်ထားသော လက်မောင်းငယ်လေးသည် ရှန်းယီ၏လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရပြီး၊ ဆေးမီးဖိုဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းကို ခံလိုက်ရ၏။

ဘုန်း ဘုန်း

ဖူး

ရှန်းယီသည် သူ့ကိုဖမ်းချုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ဆေးမီးဖိုကို ရက်စက်စွာရိုက်ချနေသည်။

နောက်ဆုံးအသံပြောင်းလဲသွားခြင်းမှာ စိတ်ဝိညာဉ်ဧကရာဇ်၏မျက်နှာသည် သွေးနှင့် အသားစများ ရောထွေးနေသော အခြေအနေသို့ ရောက်ရှိသွားသောကြောင့်ပင်။ ရိုက်ချက်တိုင်းတွင် အသားနှင့် သွေးများအများအပြား လွင့်စင်ထွက်နေသည်။

“လွှတ်စမ်း”

စိတ်ဝိညာဉ်ဧကရာဇ်သည် အသည်းအသန် ရုန်းကန်သော်လည်း လက်မောင်းကိုဆွဲထုတ်၍ မရနိုင်ပေ။ ရုတ်တရက် သူ၏အရေပြားမှ အမွေးအတောင်များ ထွက်ပေါ်လာပြီး မျက်နှာတွင် ငှက်နှုတ်သီးပေါ်လာကာ ကြီးမားသော မီးတောင်ပံတစ်စုံသည် ရှန်းယီထံသို့ ပြင်းထန်စွာခတ်ထုတ်လိုက်ရာ ကျန်း ၁၀၀ ကျော်အထိ နောက်ပြန်လွင့်စင်သွားစေသည်။

“ဒီဧကရာဇ်ရဲ့မှော်ရတနာ အရသာကို မြည်းစမ်းကြည့်လိုက်”

သူသည် ခါးကို လှမ်းစမ်းလိုက်သော်လည်း ခွေးအိုကြီးပေးထားသော မှော်ရတနာပုံထဲမှအသုံးဝင်မည့်အရာ တစ်ခုကိုမျှ ရှာမတွေ့ခင်မှာပင်။

သူ မော့ကြည့်လိုက်ရာ အဝေးမှ ရှန်းယီသည် လက်ဖဝါးကိုဆန့်ထုတ်ထားပြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

တောက်ပသော ရွှေရောင်မြှားတစ်စင်းသည် သူ၏ လက်မနှင့်လက်ညှိုးကြားတွင် ရှိနေပြီး မြှားဦးသည် သူ၏နဖူးအလယ်သို့ တည်ငြိမ်စွာ ချိန်ရွယ်ထားသည်။

နတ်ဆိုးနှိမ်နင်းရွှေမြှား

တစ်ခဏအတွင်း မြှားသည် စိတ်ဝိညာဉ်ဧကရာဇ်၏ဦးခေါင်းခွံကို တိတ်ဆိတ်စွာ ဖောက်ထွင်းသွားပြီး ရွှေရောင်အလင်းအဖြစ် လျင်မြန်စွာပြောင်းလဲကာ ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။

“အား အား”

နာကျင်စွာအော်ဟစ်သံများကြားတွင် စိတ်ဝိညာဉ်ဧကရာဇ်၏ငွေရောင်သံချပ်ကာသည် လျင်မြန်စွာ ကွာကျသွားပြီးခန္ဓာကိုယ်သည် သိသာထင်ရှားသော အရှိန်ဖြင့် ဖောင်းပွလာသည်။

အသက်တစ်ရှိုက်စာအတွင်း သူသည် ကောင်းကင်ကိုဖုံးလွှမ်းသွားသော ကြက်သွေးရောင်အမှောင်ဖီးနစ်ငှက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ ကြီးမားသောပုံသဏ္ဍာန်သည် စောစောက အစီအရင်ထဲမှ ပုံရိပ်ယောင်ထက် မလျော့နည်းဘဲ ပို၍ပင် ခမ်းနားထည်ဝါနေသည်။

အမှန်တကယ် တည်ရှိနေသော ကြီးမားသည့် ဖီးနစ်ကြီးပင်။

ရွှေရောင်အလင်းတန်းများသည် ၎င်း၏ အမွေးအတောင်များအတွင်း၌ ဖုံးကွယ်နေသကဲ့သို့ ရှိပြီး၊အတောင်ပံများကို ပေါ့ပါးစွာ ခတ်လိုက်ရုံဖြင့် မီးလှိုင်းများပါဝင်သော လေပြင်းမုန်တိုင်း တိုက်ခတ်လာသည်။

လေထဲတွင် တစ်ခေါက်လောက် ဝဲပျံလိုက်ရုံဖြင့် မဟာချန် မြို့တော်တစ်ခုလုံး ကြီးမားသော မီးဖိုကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

နတ်ဆိုးနှိမ်နင်းရွှေမြှားမှ ပြောင်းလဲသွားသော ရွှေရောင်အလင်းသည် ၎င်း၏နတ်ဆိုးခန္ဓာကိုယ်ကို ပစ်မှတ်ထားကာ ပြင်းထန်သောနာကျင်မှုကြောင့် စိတ်ဝိညာဉ်ဧကရာဇ်ကို ပိုမို ရူးသွပ်လာစေသည်။

၎င်း၏လှုပ်ရှားမှုတိုင်းသည် အောက်ရှိ မဟာချန်အတွက် သဘာဝဘေးအန္တရာယ်နီးပါး ဖြစ်နေ၏။

“ရပ်လိုက်စမ်း”

လင်းရှီသည် လက်အင်္ကျီစကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဖိအားသည် အောက်မှအထက်သို့ လှိမ့်တက်သွားပြီး ကျဆင်းလာသော မီးပင်လယ်ကို ပြန်လည် ရစ်ပတ်လိုက်သည်။

“ဒီလိုသားရဲမျိုးကို ဘယ်လို သတ်မလဲ” လီချင်းဖုန်းသည် ပြန်လည်ပြုပြင်ရခြင်း မရှိသေးသော မှော်ရတနာအမျိုးမျိုးကို ထုတ်ယူကာ မီးမိုးများကို တားဆီးရန် ကြိုးစားလိုက်သည်။ တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်လိုက်ရုံဖြင့် ဖြစ်ပေါ်လာသော အခြေအနေသည် သာမန် ကျင့်ကြံသူများ ကိုင်တွယ်နိုင်သော အရာမဟုတ်ပေ။

ထိုစဉ်...

ရှန်းယီသည် ကောင်းကင်ယံတွင် ဝဲပျံနေသော ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ကြီးကို စိုက်ကြည့်နေပြီး သူ၏အကြည့်များ ပိုမို နက်ရှိုင်းလာသည်။

ရှဲဟူသော အသံတစ်ခု ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွား၏။

မီးပုံကြီးတစ်ခုထွန်းညှိလိုက်သကဲ့သို့ပင်။

ရှန်းယီ၏နောက်ကျောမှ ရွှေရောင်မီးလျှံ နှစ်ခု ပစ်ထွက်လာပြီး လေနှင့်အတူကြီးထွားလာကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသော ရွှေရောင်မီးပင်လယ်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အနည်းငယ် ဝှေ့ယမ်းလိုက်ရာ အတောင်ပံများနှင့် မခြားနားတော့ပေ။

ရွှေရောင်မီးတောင်ပံများသည် အနည်းငယ် တုန်ခါသွားပြီးမီးမိုးများအားလုံးကို ဆွဲယူကာ ရွှေရောင်မီးလျှံများနှင့် ပေါင်းစပ်လိုက်၏။

သူ၏နဖူးအလယ်ရှိ ရွှေရောင်မီးလျှံပုံစံသည် ပိုမို တောက်ပလာပြီး ကွာကျတော့မည့်အလား ဖြစ်နေပေ၏။

ဘုန်း

ရှန်းယီသည် ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားပြီးရွှေရောင်မီးပင်လယ်ဖြင့် ဖွဲ့စည်းထားသော အတောင်ပံများသည် ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ကို ပြင်းထန်စွာရိုက်ချလိုက်ရာ နောက်သို့ လွင့်စင်သွားစေသည်။

သူသည် ထပ်ကြပ်မကွာ လိုက်ပါသွားပြီး အတောင်ပံများကို ထပ်မံဖြန့်ကျက်ကာ အမှောင်ဖီးနစ်ကြီး၏လည်ပင်းကို လွှမ်းခြုံလိုက်သည်။

လက်တစ်ဖက်က စိတခဝိညာဉ်ဧကရာဇ်၏ နဖူးမှ ကြက်သွေးရောင်အမွေးအတောင်ကို ဆုပ်ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်က ဆေးမီးဖိုကို ထပ်မံ ဝှေ့ယမ်းကာမမောမပန်းနိုင်သကဲ့သို့ နေရာတစ်ခုတည်းကို ရက်စက်စွာ ရိုက်ချလိုက်၏။

ထိုကြီးမားသောအင်အားသည် အမြင့်မြတ်ဆုံး သွေးမျိုးဆက်ရှိသော မဟာနတ်ဆိုးကြီးကိုပင် ကျောချမ်းသွားစေသည်။

ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောလှသော စွမ်းအားအားလုံးသည် ဝတ်ရုံနက်လွှမ်းခြုံထားသော ဤပုံရိပ်ငယ်လေးအတွင်းစုစည်းနေပြီး သူ၏ လက်ထဲရှိ ဆေးမီးဖိုထဲသို့ စီးဝင်သွားသည်။

သူသည် စိတ်ဝိညာဉ်ဧကရာဇ်၏ ဦးခေါင်းခွံကို စေ့စပ်သေချာစွာနှင့် ဝီရိယရှိရှိ ရိုက်ခွဲနေသည်။

အတောင်ပံနှစ်စုံ ခတ်လိုက်ပြီး မြေပြင်ဆီသို့ ထိုးကျသွားရာ ရွှေရောင်နှင့် ကြက်သွေးရောင် အလင်းတန်းများကဲ့သို့ မဟာချန်သို့ ပျက်ကျသွား၏။

ဘုန်း

ရှန်းယီသည် စိတ်ဝိညာဉ်ဧကရာဇ်၏ လည်ပင်းကို နင်းထားပြီး လုံးဝမရုန်းကန်နိုင်အောင် ပြုလုပ်လိုက်သည်။

ဆေးမီးဖိုသည် ကြေမွနေသော အသားစများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ တောင်ကုန်းငယ်တစ်ခုမျှ ကြီးမားသောဦးခေါင်းကြီး လုံးဝ အရိုးအပိုင်းအစများ ဖြစ်သွားသည်အထိ သူ ဆက်လက် ရိုက်နှက်နေတော့သည်။

“ဟူး...”

ရှန်းယီ၏အသက်ရှူသံ ပြင်းထန်နေပြီး ဝတ်ရုံနက် တစ်ခုလုံး သွေးများဖြင့် စိုရွှဲကာ ကပ်နေသည်။

သူဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ဆေးမီးဖိုကို လွှင့်ပစ်လိုက်ကာ လက်ဆစ်များတွင် ကပ်နေသောအသားစများကို ထပ်မံ မြည်းစမ်းကြည့်လိုက်၏။

နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌သက်သောင့်သက်သာရှိသော အပြုံးတစ်ခု ပေါ်လာသည်။

သူ မမှားဘူးဆိုရင် ဤအရာဟာ နန်ယန်ဂိုဏ်းတွင် သူ ရရှိခဲ့သောအဖိုးတန်ဆုံးစားစရာ ဖြစ်လောက်မည်။

“အဟွတ်၊ အဟွတ်”

ကြမ်းတမ်းသောအရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံရိပ်ကိုကြည့်ရင်း လီချင်းဖုန်းသည် တံတွေးကို အတင်း မျိုချလိုက်ရပြီး လည်ချောင်းပင် နာသွား၏။

ဘိုးဘေးကြီးရေ...

အဲ့ဒီမိစ္ဆာက ပြုံးတောင် ပြုံးနေသေးတယ်။

All Chapters