← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 34 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 34 Ch. 365-366

အခန်း (၃၆၅)။

“ခင်ဗျား ဘာတတ်နိုင်မှာလဲ။ လူသားအင်မော်တယ် တစ်ယောက်ရဲ့ နှာခေါင်းအောက်မှာ ဘာလို့ ပျံသန်းဖို့ အတင်းရွေးချယ်ရတာလဲ။ တကယ်လို့ ခင်ဗျားသာ မပျံသန်းဘဲ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ကြောင်တစ်ကောင်လို ခင်ဗျားရဲ့ ရုပ်ခန္ဓာထဲမှာပဲ တွယ်ကပ်နေခဲ့ရင်, ကျုပ်ရဲ့ ဟိန်းဟောက်သံက ခင်ဗျားကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘိုးဘေး ဟုန်လင်... ခင်ဗျားရဲ့ ဒုတိယအဆင့် မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ်က တကယ်ကို မာကျော ပြီး၊ မှော်လက်နက်တွေ သန့်စင်ဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းပဲ”

ဟုန်ယွိသည် ဟစ်ကြွေးသံတစ်ချက်တည်းဖြင့် ဘိုးဘေးဟုန်လင်ကို ကောင်းကင်မှ မြေပြင် သို့ ပစ်ချကာ ချက်ချင်း သေဆုံးသွားစေခဲ့သည်။ ဤအခွင့်အရေးကို အသုံးချ၍ သူသည် 'မဟာလေဟာနယ် လက်ဝါးစွမ်းအား' ဖြင့် စိတ်ဝိညာဉ်ကို ဖြိုခွဲကာ 'ချီဝိညာဉ်ဝဲဂယက်' ကို အသုံးပြု၍ လွင့်ပျံ့နေသော စိတ်ဝိညာဉ် အတွေးအပိုင်းစများကို စုဆောင်းလိုက်သည်။ စိန်သားကဲ့သို့ ကြည်လင်တောက်ပပြီး ပုလဲလုံးများကဲ့သို့ လင်းလက်နေသော စိတ်ဝိညာဉ် အတွေးအပိုင်းစပေါင်း ၅,၃၀၀ ကျော် ရှိနေသည်။ ထိုအတွေးအပိုင်းစ အားလုံးကို စကြာဝဠာအိတ်ထဲသို့ ထည့်သွင်းကာ ဖိနှိပ်ချုပ်တည်းထားလိုက်သည်။

ဘိုးဘေးဟုန်လင်၏ စိတ်ဝိညာဉ် ပြိုကွဲသွားပြီးနောက် ၎င်း၏ စိတ်ဝိညာဉ် အတွေးအပိုင်းစ ၅,၃၇၂ ခုလုံးထဲမှ တစ်ခုမျှ လွတ်မြောက်သွားခြင်း မရှိဘဲ အားလုံး ဖမ်းဆီးခံလိုက်ရသည်။

အကယ်၍ ဤစိတ်ဝိညာဉ် အတွေးအပိုင်းစများအနက် တစ်ခုတည်း လွတ်မြောက်သွားခဲ့ လျှင်ပင် နောင်တွင် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်သည်။ ထိုအတွေးအပိုင်းစသည် တဖြည်းဖြည်း ပြန်လည် အားကောင်းလာပြီး တိတ်တဆိတ် ပြန်လည် ကျင့်ကြံနိုင်သည်၊ သို့မဟုတ် အခြားသူများ၏ အကူအညီကို ယူကာ ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ချီ၍ အားအင်များ စုဆောင်းပြီးမှ ဟုန်ယွိကို မှောင်ရိပ်ထဲမှ လက်စားချေနိုင်သည်။

ဟုန်ယွိသည် မကြောက်သော်လည်း ရန်သူကို လွှတ်ပေးလိုက်ခြင်းမှာ နောင်တွင် အန္တရာယ်၏ အရင်းအမြစ်ကို ချန်ထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ယခင်က ကျောက်ဖေးရုန်၏ စိတ်ဝိညာဉ်ကို ပြိုကွဲစေပြီးနောက် ဟုန်ယွိသည် ယာကရှာ နတ်ဆိုးဘုရင် ရှက်ချာဆာနတ်ဆိုးဘုရင်တို့ကို သုံး၍ ကျန်ရှိသော 'စိတ်ဝိညာဉ်စွမ်းအင်' များကို ဝါးမြိုစေကာ လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ သို့မဟုတ်ပါက ကျောက်ဖေးရုန်သည် သူ၏ စိတ်ဝိညာဉ်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့မည် ဖြစ်သည်။ ကျောက်ဖေးရုန်ကဲ့သို့သော သူပင် ထိုသို့ဖြစ်နိုင်လျှင် ကျောက်ဖေးရုန်ထက် အဆပေါင်းရာချီ အစွမ်းထက်သော ဘိုးဘေးဟုန်လင် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ဘိုးဘေးဟုန်လင်၏ စိတ်ဝိညာဉ် အတွေးအပိုင်းစများကို ဖြိုခွဲကာ စကြာဝဠာအိတ်ထဲသို့ ပစ်ထည့်ပြီးနောက် ဟုန်ယွိသည် တစ်ခုစီကို သီးခြားခွဲထုတ်ကာ စကြာဝဠာအိတ်၏ နေရာအသီးသီးတွင် ဖိနှိပ်ထားလိုက်သည်။ ဤသို့ဖြင့် သူသည် အတွေးအပိုင်းစများကို ပြန်လည် စုစည်းနိုင်သည့် စွမ်းအင်ကို ပြန်မရနိုင်တော့ပေ။

စိတ်ဝိညာဉ်ဆိုသည်မှာ စစ်တပ်တစ်ခုကဲ့သို့ ဖြစ်ပြီး စိတ်ဝိညာဉ် အတွေးအပိုင်းစများမှာ ထိုစစ်တပ်ကို ဖွဲ့စည်းထားသော စစ်သည်များ ဖြစ်သည်။ ယခုအခါ စိတ်ဝိညာဉ် အတွေး အပိုင်းစများ ပျံ့လွင့်သွားပြီ ဖြစ်ရာ ၎င်းမှာ စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်တစ်ခု ပျက်စီးသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ စစ်သည်တစ်ဦးချင်း မည်မျှပင် သန်မာစေဦး တော့၊ ထိုစစ်တပ်ကို ပြန်လည် စုစည်း၍ မရတော့ပေ။

ဘိုးဘေးဟုန်လင်သည် ဟုန်ယွိနှင့် မတူပေ။ ဟုန်ယွိသည် 'အတိတ်ကျမ်း'ကို ကျင့်ကြံထား သဖြင့် သူ၏ စိတ်ဝိညာဉ်မှာ ပြိုကွဲသွားစေကာမူ ချက်ချင်း ပြန်လည် စုစည်းနိုင်သည်။ ဘိုးဘေးဟုန်လင်မှာမူ သူ၏စိတ်ဝိညာဉ်ကို ပြန်လည် တည်ဆောက်ရန်အတွက် အချိန် အကြာကြီး ယူရမည် ဖြစ်ရာ ဟုန်ယွိနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။

မူလက အကယ်၍ ဘိုးဘေးဟုန်လင်သာ မြေပြင်ပေါ်တွင် ရှိနေပြီး ဟုန်ယွိ၏ ဟစ်ကြွေးသံ ကို ရင်ဆိုင်ပါက သူသည် စိတ်ဝိညာဉ်ကို ရုပ်ခန္ဓာထဲသို့ ပြန်လည် ဆွဲသွင်းထားလိမ့်မည် ဖြစ်သည်။ ထိုအခါ လူသားအင်မော်တယ်၏ ဟစ်ကြွေးသံက သူ့ကို ကြီးကြီးမားမား မထိခိုက်နိုင်ဘဲ အများဆုံးရှိလှ နားစည်ကွဲရုံသာ ရှိပေလိမ့်မည်။

ရုပ်ခန္ဓာကိုယ်က စိတ်ဝိညာဉ်ကို ကာကွယ်ပေးသည်။ ၎င်းမှာ လူသားအင်မော်တယ်၏ ဟစ်ကြွေးသံကို ရင်ဆိုင်ရချိန်တွင် ပို၍ မှန်ပေသည်။

မိုးခြိမ်းသံကြားသောအခါ တစ္ဆေအင်မော်တယ်များသည် သူတို့၏ ရုပ်ခန္ဓာကိုယ်ဆီသို့ ပြန်သွားရသည်။ ပြန်မသွားပါက သေဆုံးရမည် ဖြစ်သည်။

လူသားအင်မော်တယ်တစ်ပါး ဟိန်းဟောက်သံလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

သူသည် ကောင်းကင်တွင် ပျံသန်းနေသဖြင့် တာအိုမှော်မန္တန်များ ချက်ချင်း ပျက်ပြယ်သွား ကာ ရုပ်ခန္ဓာကိုယ်မှာ မြေပြင်သို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရသည်။ ရုပ်ခန္ဓာကိုယ် သေဆုံး သွားသည်နှင့် စိတ်ဝိညာဉ်မှာ အကာအကွယ် မဲ့သွားပြီး လူသားအင်မော်တယ်၏ ရှေ့တွင် ကြီးမားသော အားနည်းချက် ဖြစ်သွားရတော့သည်။

...

ထိုအချိန်မှာပင် မိုင်တစ်ရာခန့် ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်တွင် ဟုန်ယွိ၏ ဟိန်းဟောက်သံ ပဲ့တင်ထပ်လာသည့်အခါ ဘုန်းခနဲ အသံနှင့်အတူ နှင်းရေခဲတုံးကြီးတစ်ခု ပေါက်ကွဲသွားသည်။ နက်ရှိုင်းသော 'ယင်စွမ်းအင်'များ အရပ်မျက်နှာအနှံ့ ပွင့်ထွက်သွားပြီး ရေနွေးပူဖြင့် အလောင်းခံရသော ကြွက်တစ်ကောင်ကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ် လာသည်။

ခေတ္တအကြာတွင် ဟိန်းဟောက်သံ ရပ်တန့်သွားသည်။ ထိုယင်စွမ်းအင်စုကြီးမှာ မနည်း ပြန်လည် စုစည်းလိုက်ရပြီး ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ပုံရိပ် အဖြစ် ပြောင်းလဲသွားသည်။ သူသည် အမှောင်ထဲတွင် ပုန်းအောင်းကာ လူများကို ချောင်းမြောင်း တိုက်ခိုက်တတ်သူတစ်ဦးကဲ့သို့ မှိုင်းညို့နေသော အသွင်ရှိသည်။

ထိုအဘိုးအိုမှာ အခြားသူမဟုတ်ဘဲ ရွှေပင့်ကူဘုရင်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

“ငါ ဒီက အခြေအနေတွေကို အခွင့်ကောင်းယူပြီး ချောင်းမြောင်း တိုက်ခိုက်ဖို့ လာခဲ့တာ။ ငါ့ရဲ့ကိုယ်ပွားတစ်ခု ဆုံးရှုံးလုနီးပါး ဖြစ်သွားရလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ့ရဲ့ အသက် စွမ်းအားတွေ တော်တော်လေး ထိခိုက်သွားပြီ... ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ကံကောင်းလို့ ငါ မိုင်တစ်ရာ အကွာဝေးလောက်မှာ ရှိနေလို့။ ဒီထက်သာနီးနေရင် ငါ သေသွားမှာပဲ။ ဟူး... ဒီလူသားအင်မော်တယ်ရဲ့ ဟိန်းဟောက်သံက ဘုန်းတော်ကြီးယန်ယွဲ့ရဲ့ အသံထက်တောင် ပိုပြင်းသေးတယ်။ ဒီလောကမှာ အစွမ်းထက်ဆုံး သိုင်းပညာရှင်က အခုဆိုရင် ဟုန်ရွှန်ကျိပဲ။ ဟုန်ရွှန်ကျိသာ အစွမ်းကုန်သုံးပြီး၊ ဟိန်းဟောက်လိုက်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။”

ရွှေပင့်ကူဘုရင်သည် သက်ပြင်းချလိုက်ပြီး သူ၏ ကိုယ်ပွားပုံရိပ်မှာ ပျောက်ကွယ်သွားတော့ သည်။ ဤနေရာသို့ အခွင့်ကောင်းယူရန် လာခဲ့မိခြင်းမှာ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

...

“ဒီနေရာမှာတင် လနတ်ဘုရားမကို သန့်စင်လိုက်မယ်။ ဒါမှ နောက်ထပ် မျှော်လင့်မထား တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ။ ဘိုးဘေးဟုန်လင်မှာ တကယ်ကို သန်မာတဲ့ စိတ်ဝိညာဉ် အတွေး ၅,၃၇၂ ခု တောင် ရှိနေတာပဲ။ သူက ဒုတိယအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်ဆိုတော့ သူရဲ့စိတ်ဝိညာဉ် အတွေးတွေက ငါ့ထက်တောင် ပိုများပြီး ပိုသန်မာနေ သေးတယ်။”

ဟုန်ယွိသည် ဘိုးဘေးဟုန်လင်ကို နှိမ်နင်းပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဘိုးဘေးဟုန်လင်နှင့် ရွှယ်ကူကျိတို့၏ အလောင်းများ ရှိနေပြီး ထိုပညာရှင်နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ရတနာအချို့ ရှိနေသည်။

အထူးသဖြင့် ဘိုးဘေးဟုန်လင်၏ ခန္ဓာကိုယ်ပေါ်မှ ပိုးသားဖြင့် ပြုလုပ်ထားသော 'ရတနာ တစ်ရာအိတ်'က ဟုန်ယွိ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

ဟုန်ယွိသည် ထိုအိတ်ကို ကောက်ယူပြီး ဖွင့်ထုတ်လိုက်ရာ အတွင်း၌ ရေခဲနှင့် နှင်းတို့၏ အနှစ်သာရကဲ့သို့ တောက်ပနေသော 'အနှစ်သာရပုလဲ' တစ်လုံး ထွက်လာသည်။ ၎င်းမှာ 'ရေခဲဝိညာဉ်တာအိုဂိုဏ်း' ၏ ရတနာဖြစ်သော 'ရေခဲဝိညာဉ် အနှစ်သာရပုလဲ' ဖြစ်သည်။ ၎င်းအပြင် အိတ်ထဲတွင် ပိုးသားဖြင့် ပြုလုပ်ထားသော စာအုပ်တစ်ဝတ် ရှိနေပြီး၊ ၎င်းပေါ် တွင် 'ရေခဲဝိညာဉ်ကျမ်း - အခြေခံသဘောတရားများ' ဟု ရေးသားထားသည်။

ဤ'ရေခဲဝိညာဉ်ကျမ်း' တစ်ဝက်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေခဲဝိညာဉ်တာအိုရှင် ချန်ထားခဲ့သော ကျမ်းစာ ဖြစ်သည်။ ကြင်ယာတော်ယွမ်သည်လည်း ဤကျမ်းစာ တစ်ဝက်နှင့် 'လူသားရနံ့ကျမ်း' တစ်တွဲကို ရရှိထားဖူးသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ပညာရှင်တစ်ဦးဖြစ်သည့် ရေခဲဝိညာဉ်တာအိုရှင်သည် 'ရေခဲဝိညာဉ်တာအိုဂိုစ်း ကို တည်ထောင်ခဲ့ပြီး ကျမ်းစာများစွာ ချန်ထားခဲ့သည်။ ကြင်ယာတော် ယွမ်သည် အစိတ်အပိုင်း အချို့ကို ရရှိခဲ့သော်လည်း ဘိုးဘေးဟုန်လင်မှာမူ ဂူဗိမာန်၊ ရေခဲနန်းတော်နှင့် မူလကျမ်းစာများကို ရရှိထားသဖြင့် ကြင်ယာတော်ယွမ်ထက် ပို၍ ပြည့်စုံလှသည်။

“ဒီပစ္စည်းတွေကို ကြင်ယာတော်ယွမ်ကို ပေးလိုက်မယ်။ အဲဒီ ရေခဲနန်းတော်ကိုလည်း သူမ ကို ပေးလိုက်မှ ရေခဲဝိညာဉ်တာအိုဂိုဏ်းရဲ့ ကျမ်းစာအားလုံးကို သူမ စုစည်းနိုင်မှာ” ဟုန်ယွိ က တွေးရင်း စကြာဝဠာအိတ်ထဲသို့ ဝင်ရောက်လိုက်သည်။

...

စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းများကြားတွင် လနတ်ဘုရားမ ဟန်ယွဲ့ သည် အတိုင်းဆမဲ့ စွမ်းအားများ ထုတ်ဖော်နေဆဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ပြဒါးရောင် အလင်းတန်းများ စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး ကြည်လင်သော အလင်းတန်းများနှင့် ထိတွေ့မိသောအခါ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

သို့သော်လည်း စကြာဝဠာ အိတ်အတွင်းရှိ ကြည်လင်သော အလင်းတန်းများကို တောက်ပ သော စိတ်ဝိညာဉ်အတွေး ထောင်ပေါင်းများစွာဖြင့် ထိန်းထားသဖြင့် အနည်းငယ် တုန်ခါရုံ မှအပ ဘာမျှ မဖြစ်ခဲ့ပေ။

“မင်း ငါ့ကို ကြာကြာ ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒီကမ္ဘာငယ်လေးထဲမှာ ငါ့ရဲ့ စွမ်းအားက အကန့်အသတ် မရှိသလို ပျောက်ကွယ်သွားမှာလည်း မဟုတ်ဘူး၊ ပြီးတော့ ကုန်ခမ်းသွား မှာလည်း မဟုတ်ဘူး။ နှစ်အနည်းငယ် ကြာရင် ငါ ဒီကမ္ဘာကို ဖျက်ဆီးပြီး ထွက်လာမှာပဲ။”

ဟုန်ယွိ ဝင်လာသည်ကို မြင်သောအခါ လနတ်ဘုရားမ ဟန်ယွဲ့က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

သို့သော် ဟုန်ယွိကမူ ဂရုမစိုက်ပေ။ သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ 'ကောင်းကင်တုန်ခါလေး'က သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ဟုန်ယွိက လေးကြိုးကို အသာအယာ ဆွဲလိုက်ရာ အဖြူနှင့် အမည်းရောင် အလင်းတန်းများ ကျဆင်းလာပြီး လနတ်ဘုရားမကို လွှမ်းခြုံလိုက်သည်။

“မင်း ငါ့ကို သန့်စင်ပြီး ငါ့ရဲ့အသိစိတ်ကို ဖျက်ဆီးချင်တာလား။ အဲဒါ မဖြစ်နိုင်ဘူး” ဟန်ယွဲ့ က သူမကို လွှမ်းခြုံထားသော 'ယင်ယန်ဖရိုဖရဲအစီအရင်'ကို ကြည့်ကာ ဤအစီအရင်သည် သူမ၏ မှတ်ဉာဏ်များကို ဖျက်ဆီးရန် ကြိုးစားနေကြောင်း သိလိုက်သည်။

သို့သော် လနတ်ဘုရားမသည် တုန်လှုပ်ခြင်း မရှိပေ။ သူမသည် ခန္ဓာကိုယ်မှ ထွက်နေသော ငွေရောင်အလင်းတန်းများကိုသာ ထိန်းချုပ်ထားလိုက်သည်။ သူမ၏ မျက်လုံးများထဲရှိ ငွေရောင်အလင်းတန်းမှာ ပို၍ မှောင်မှိုက်ကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။ “မင်းနာမည်က ဟုန်ယွိလား။ ငါ မင်းကို မှတ်ထားမယ်။ တစ်နေ့နေ့မှာ မင်းကို သတ်ပြီး မင်းရဲ့ ဝိညာဉ်ကို ငါ့ရဲ့ သွေးယဇ်ပူဇော်မူအဖြစ် အသုံးပြုမယ်။”

“သွေးယဇ်ပူဇော်မူ ဟုတ်လား။” ဟုန်ယွိက ပြုံးလိုက်သည်။ “အဲဒီလို အခွင့်အရေး မင်းမှာ ရှိလာမှာ မဟုတ်တော့ဘူး။ ဒါနဲ့... နတ်ဘုရားတွေအားလုံးက ဘာလို့ တစ်ပုံစံတည်း ပြောနေကြတာလဲ။ 'ငါ မင်းကို မှတ်ထားမယ်' တဲ့။ ပြီးခဲ့တဲ့ အခေါက်ကလည်း 'မဟူရာ ကောင်းကင်နတ်ဆိုးနတ်ဘုရား' က ငါ့ကို ဒီအတိုင်းပဲ ပြောခဲ့တယ်။”

မြက်ခင်းလွင်ပြင် မျိုးနွယ်စုများတွင် နတ်ဘုရားများကို ပူဇော်တိုင်း တိရစ္ဆာန်များကို သတ်ဖြတ်ကြသည်။ တစ်ခါတစ်ရံ သုံ့ပန်းများကိုပင် သတ်ဖြတ်၍ ပူဇော်ကြသည်။ ၎င်းကို သွေးယဇ်ပူဇော်မူဟု ခေါ်သည်။ ယခု လနတ်ဘုရားမက သူ့ကို သွေးယဇ်ပူဇော်မူ ပြုလုပ် မည်ဟု ပြောနေခြင်းမှာ ဟာသတစ်ခုပင် ဖြစ်သည်။

“ဒီအစီအရင်ရဲ့ စွမ်းအားက အားနည်းနေတယ်လို့ မင်း ခံစားနေရတယ် မဟုတ်လား။ စိတ်မပူပါနဲ့၊ ငါ ဒီအစီအရင်ကို ပိုသန်မာအောင် လုပ်ပေးမယ်” ဟုန်ယွိက လက်ကို ဝှေ့ယမ်း လိုက်ရာ လက်မအရွယ်ခန့် တောက်ပသော စိတ်ဝိညာဉ် အတွေးတစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုစိတ်ဝိညာဉ် အတွေးစသည် တလက်လက် တောက်ပနေပြီး အေးစက် သော ခံစားချက်ကို ပေးစွမ်းသည်။

ထိုအလင်းရောင်ထဲတွင် ဘိုးဘေးဟုန်လင်၏ နာကျည်းမူများ ပြည့်နှက်နေသော အသံကို သဲ့သဲ့ကြားနေရ၏။

ဤစိတ်ဝိညာဉ် အတွေးမှာ ဘိုးဘေးဟုန်လင်၏ အတွေးအပိုင်းစ ၅,၃၇၂ ခုထဲမှ တစ်ခု ဖြစ်သည်။ ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူ၏ စိတ်ဝိညာဉ် အတွေး ဖြစ်သဖြင့် တစ်ခုတည်းပင်လျှင် အလွန် အစွမ်းထက်လှသည်။

“လူကြီးလူကောင်းတစ်ယောက်ဟာ သတ္တဝါတွေရဲ့ အော်ဟစ်ညီးညူသံကို မကြားချင်လို့ သားသတ်ရုံနဲ့ ဝေးဝေးနေတတ်ပေမဲ့ တစ်ခါတစ်ရံမှာတော့ ငါ့မှာလည်း ထမင်းချက် တစ်ယောက်အဖြစ် ကိုယ်တိုင်ပြုလုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး။” ဟုန်ယွိက ခေါင်းခါ ကာ သက်ပြင်းချလိုက်သည်။ သူသည် ထိုစိတ်ဝိညာဉ် အတွေးတစ်စကို ခြေမွှပစ်လိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားပြီး 'ယင်ယန်ဖရိုဖရဲအစီအရင်' ထဲသို့ ပက်ဖြန်းလိုက် သည်။

ဝုန်း...

'ကောင်းကင်တုန်ခါလေး' တစ်ခုလုံး အဆက်မပြတ် တုန်ခါသွားသည်။ ယင်ယန်ဖရိုဖရဲ အစီအရင်မှာ ပြင်းထန်စွာ စတင် လည်ပတ်လာပြီး ဟိန်းသံကြီးမှာ တစ်ဟုန်ထိုး ထွက်ပေါ် လာသည်။ လနတ်ဘုရားမ ဟန်ယွဲ့၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ကြောက်ရွံ့မှုများ ပေါ်လာသည်။

“အယုတ်တမာကောင်, မင်းက... မိုးကြိုးကပ်ဘေး ဒုတိယအဆင့် ပညာရှင်ရဲ့ စိတ်ဝိညာဉ် အတွေးတစ်စကို သုံးပြီး ဒီအစီအရင်ကို အသက်သွင်းဖို့ စွမ်းအင်အဖြစ် သုံးရဲတယ်ပေါ့။” လနတ်ဘုရားမက ကျိန်ဆဲလိုက်သည်။ သူမသည် လူသားများနှင့် မတူသည့် စူးရှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်ရာ ထိုအသံမှာ သံအပ်တစ်ချောင်းကဲ့သို့ စူးရှလှသည်။

သို့သော် ဟုန်ယွိက သူမပြောသည်ကို မကြားဟန်ဆောင်ပြီး၊ နောက်ထပ် စိတ်ဝိညာဉ် အတွေးတစ်ခုကို ဖမ်းယူ ခြေမွှလိုက်ပြီး အစီရင်ခံထဲသို့ ထပ်မံ ပစ်သွင်းလိုက်သည်။

ယင်ယန်ဖရိုဖရဲ အစီရင်ခံမှာ ယခင်ထက် ပိုမို ပြင်းထန်စွာ လည်ပတ်လာတော့သည်။

ဟန်ယွဲ့၏ ခန္ဓာကိုယ်မှ သွေးစွန်းသော ဖြတ်သတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူမက ဟုန်ယွိကို အံကြိတ်ကြည့်ကာ သူမ၏ ခန္ဓာကိုယ်ကို တောက်ပသော လမင်းကြီးအဖြစ် ပြောင်းလဲလိုက်ပါသည်။

ထိုလမင်းကြီးမှာ ငွေရောင် မဟုတ်တော့ဘဲ သွေးကဲ့သို့ ရဲရဲနီနေသည်။ ၎င်းမှာ ဒဏ္ဍာရီလာ 'သွေးလမင်း' နှင့် တူနေပြီး ထူးဆန်းသော မိစ္ဆာအရှိန်အဝါများ ပါဝင်နေသည်။

“မိစ္ဆာနတ်ဘုရား ဖြစ်နေတာကိုး... မင်းကို ကိုးကွယ်တဲ့သူတွေရဲ့ စိတ်ထဲမှာ သတ်ဖြတ်လို စိတ်တွေ အရမ်းများခဲ့တာပဲ။ နှစ်ပေါင်းထောင်ချီကြာ ကိုးကွယ်ပြီးနောက် အဲဒီစိတ်တွေ စုစည်းလာတဲ့အခါ လကိုကိုးကွယ်ရာမှာ သွေးရောင်တွေ စွန်းထင်းလာတာပေါ့။ မင်းသာ စစ်မှန်တဲ့ လနတ်ဘုရားမဆိုရင် ဒီလို သွေးရောင်မျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။”

ဟုန်ယွိက လက်နှစ်ဖက်ဖြင့် စိတ်ဝိညာဉ်အတွေးများကို တစ်ခုပြီးတစ်ခု ဖမ်းယူကာ ယင်ယန်ဖရိုဖရဲ အစီအရင်ထဲသို့ ပစ်သွင်းနေသည်။

အစီရင်အမှာ မယုံနိုင်လောက်သော အရှိန်ဖြင့် လည်ပတ်လာတော့သည်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ၎င်းသည် 'သွေးလမင်း'ကို ဝါးမြိုလိုက်ပြီး ကြိတ်စက်တစ်ခု လည်ပတ် နေသကဲ့သို့ ‘တဝှီးဝှီး’ အသံများ ထွက်ပေါ်လာသည်။

သို့သော် ထို 'သွေးလမင်း' ထဲမှ လနတ်ဘုရားမ၏ အသံမှာ ထွက်ပေါ်လာဆဲ ဖြစ်သည်။ “မင်းလုပ်ရပ်တွေကို ချန်ပီယံမြို့စားသိသွားရင် မင်းကို သတ်လိမ့်မယ်။”

ဟုန်ယွိက သူမကို ဂရုမစိုက်တော့ပေ။ သူက စိတ်ဝိညာဉ်အတွေးစပေါင်း တစ်ရာခန့်ကို တစ်ပြိုင်နက် ဖမ်းယူကာ ထပ်မံ ပစ်သွင်းလိုက်သည်။

ဘုန်း….။

၎င်းမှာ ဆီအိုးပူထဲသို့ ရေလောင်းလိုက်သကဲ့သို့ပင်။ 'ကောင်းကင်တုန်ခါလေး' မှာ ချက်ချင်း ပျံတက်သွားသည်။ လေး၏ သစ်သားကိုယ်ထည်မှာ အက်ကွဲလာပြီး အတွင်းရှိ အကြော များ ပြတ်တောက်သွားသကဲ့သို့ ရှိနေသည်။

တခဏအတွင်းမှာပင် ယင်ယန်ဖရိုဖရဲ အစီအရင်မှာ စကြာဝဠာအိတ်၏ လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဟုန်ယွိ ကိုယ်တိုင်ပင်လျှင် ထိုစွမ်းအား၏ သက်ရောက်မှုကို ခံစားလိုက်ရသည်။

နောက်ဆုံးမှာတော့ လနတ်ဘုရားမဟန်ယွဲ့၏ အသံမှာ ထိုအစီအရင်၏ လည်ပတ်မှု အောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

...

စိတ်ဝိညာဉ် အတွေးစပေါင်း နှစ်ထောင်ငါးရာခန့်ကို လောင်စာအဖြစ် သုံးပြီးနောက် ယင်ယန်ဖရိုဖရဲ အစီအရင်သည် နောက်ဆုံးတွင် လနတ်ဘုရားမ၏ မှတ်ဉာဏ်အားလုံးကို သန့်စင်ပေးလိုက်နိုင်သည်။ နဂါးငွေ့တန်း တစ်ခုကဲ့သို့ စင်ကြယ်ပြီး ကြီးမားလှသော လရောင်ခြည်အလင်းတန်းများသည် အစီအရင်ထဲမှ စိမ့်ထွက်လာသည်။

ဟုန်ယွိက လက်နှစ်ဖက်ဖြင့် တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်ရာ သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာလာပြီး၊ ဦးခေါင်းနောက်တွင် အလင်းတန်း ရှစ်ခုပါသော 'အတိတ်ဗုဒ္ဓ ရုပ်ပွားတော်ကြီး' တစ်ဆူအဖြစ် ပြောင်းလဲသွားသည်။

ထိုဗုဒ္ဓရုပ်ပွားတော်ကြီးက လက်ကို ဆန့်ထုတ်လိုက်ပြီး လနတ်ဘုရားမ သန့်စင်ပြီးနောက် ဖြစ်ပေါ်လာသော ပြဒါးရောင် အလင်းတန်းများကို ဖမ်းယူလိုက်သည်။ ထို့နောက် ပြင်းထန် သော ပြောင်းလဲမှုတစ်ခုနှင့်အတူ ထိုအလင်းတန်းမှာ သူ၏ ခေါင်းနောက်တွင် စုစည်းသွား တော့သည်။

ရုတ်တရက်…။

အလင်းတန်း ကိုးခုစလုံး တပြိုင်နက် စုစည်းသွားသောအခါ 'ကိုးကိုးလုံး ပေါင်းစည်းခြင်း' ဟူသော သဘောတရားသည် ဟုန်ယွိ၏ နှလုံးသားထဲတွင် လှိုင်းထသွားသည်။ သူ၏ ဝိညာဉ်အတွင်းရှိ စိတ်ဝိညာဉ် အတွေးအပိုင်းစတိုင်းမှာ တုန်ခါသွားကြသည်။

ထိုတုန်ခါမှုက သူ၏ခေါင်းနောက်မှ အလင်းတန်းများဆီသို့ တဖြည်းဖြည်း ကူးစက်သွား သည်။

အလင်းတန်းများမှာလည်း တဖြည်းဖြည်း စတင် တုန်ခါလာကြသည်။

မူလက အလင်းတန်း ကိုးခုအနက် ခုနစ်ခုမှာ အားအနည်းဆုံး ဖြစ်သည်။ အမှောင် နတ်ဘုရား ကိုယ်ပွား၏ အလင်းတန်းမှာ အလွန်အားကောင်းနေခဲ့သည်။ ယခုမူ သန့်စင်လိုက်သော လနတ်ဘုရားမ၏ အလင်းတန်းမှာမူ အမှောင်နတ်ဘုရားအလင်းထက် ပင် သုံးဆခန့် ပိုမို အားကောင်းနေသည်။

သို့သော် ယခုအခါ ကိုးကိုးလုံးပေါင်းစည်းခြင်း စိတ်ဝိညာဉ် တုန်ခါမူကြားတွင် အလင်းတန်း ကိုးခုမှာ တဖြည်းဖြည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး၊ စွမ်းအားများမှာ တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်သွယ်ကာ ဖြည့်ဆည်းပေးကြသည်။ အခြား အလင်းတန်း ခုနစ်ခု မှာလည်း တဖြည်းဖြည်း ပြည့်ဝလာပြီး လနတ်ဘုရားမ၏ အလင်းတန်းမှာ အနည်းငယ် မှိန်သွားသော်လည်း ပိုမို နူးညံ့သွားသည်။

အဆုံးတွင် အလင်းတန်း ကိုးခုလုံးမှာ လုံးဝ ညီတူညီမျှ ဖြစ်သွားကြပြီး စွမ်းအားချင်း ကွာခြားမှု မရှိတော့ပေ။ အမှောင်နတ်ဘုရား၏ ထူးဆန်းသော အရှိန်အဝါများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဟုန်ယွိ၏ နှလုံးသားထဲတွင် 'တန်းတူညီမျှခြင်း'၊ 'လွတ်လပ်ခြင်း'၊ 'အနာဂတ်'၊ 'အသက်မဲ့ခြင်း'နှင့် 'ဟင်းလင်းပြင်'ဆိုသော အဓိပ္ပာယ်များကို သူ အမှန်တကယ် ခံစားလိုက်ရသည်။

“ကျွန်ုပ် ကြားသိရသည်မှာ... အနာဂတ်၏အဆုံးသတ် ဟင်းလင်းပြင်ကြီး ပျက်စီးသွားသော အခါ၊ ကောင်းကင်ဘုံ၏ အပြင်ပကနေ တာအိုတစ်ခု ကျဆင်းလာလိမ့်မည်။ ထိုတာအိုက ကမ္ဘာပေါင်း ကုဋေကုဋာတိုင်အောင် သေဆုံးခြင်း၊ မွေးဖွားခြင်းမရှိဘူး။ အသက်မဲ့ပြီး မဖျက်ဆီးနိုင်ပေ။ တိုက်ခိုက်ရေးမိခင် နတ်ဘုရားမ၊ နက်ရှိုင်းသော စိတ်ဝိညာဉ်၊ အင်မော်တယ် မူလဝိညာဉ်...”

'အသက်မဲ့ အနာဂတ်ကျမ်း' ထဲမှ စာသားများမှာ ဟုန်ယွိ၏ နှုတ်မှ ထွက်ပေါ်လာသည်။

ဝုန်း…။

ထိုကျမ်းစာများနှင့်အတူ အလင်းကွင်း ကိုးခုကြားတွင် မထင်မရှား ဗုဒ္ဓပုံရိပ်တစ်ခု ပေါ်လာ သည်။ ထိုဗုဒ္ဓပုံရိပ်သည် အလွန်နက်ရှိုင်းပြီး နားလည်ရခက်သော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေဟန် ရှိသော်လည်း တစ်ဖက်တွင်မူ မည်သည့်လျှို့ဝှက်ချက်မျှ မရှိသကဲ့သို့ ရိုးရှင်းနေပြန်သည်။

ထိုဗုဒ္ဓရုပ်ပွားတော်ကြီး ပေါ်လာသည်နှင့် သူ၏ပုံရိပ်မှာ မီးခိုးငွေ့များကဲ့သို့ ဝေဝါးနေသည်။ ၎င်းမှာ ထင်ရှားရှိနေသလို ထင်ရှားမရှိသလို ဖြစ်နေသည်။ သို့သော် ထိုပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားပြီး မည်သည့် ပုံသဏ္ဌာန်မျှ မကျန်တော့ပေ။

အလင်းကွင်း ကိုးခု။

အင်မော်တယ် မူလဝိညာဉ်။

ဟုန်ယွိ၏ 'မဟာလေဟာနယ် လက်ဝါးစွမ်းအား'သည် လုံးဝ ပြီးပြည့်စုံခြင်း မရှိသေးသော် လည်း မဟာအောင်မြင်မူအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ (ရှေ့မှာတုန်းက ကြီးမား သော အောင်မြင်မူအဆင့်) ဟုရေးသားခဲ့သည်။

အခန်း (၃၆၆)။

တော်ဝင်ချန် အင်ပါယာ၏ ၆၁ နှစ်မြောက်၊ ဧပြီလ ၁၈ ရက်နေ့။

ကျောက်စိမ်းမြို့တော်တွင် နေသာသော နေ့တစ်နေ့ ဖြစ်သည်။ နွေးထွေးသော နွေဦး လေပြေ တိုက်ခတ်လာသည်နှင့်အမျှ အနည်းငယ် ပူနွေးသော ခံစားချက်ကို ပေးစွမ်းနေပြီး နွေရာသီ ရောက်ရှိတော့မည်ကို လူတိုင်းကို အသိဝင်စေနေသည်။

သို့သော်လည်း မြို့တော်၏ အလယ်ဗဟိုရှိ နန်းတော်အတွင်းမှ စာကြည့်ဆောင်တွင် ရပ်နေကြသော မိန်းမစိုးများမှာမူ ထိုနွေဦးလေပြေ၏ နွေးထွေးမှုကို အနည်းငယ်မျှပင် မခံစားကြရပေ။ မိန်းမစိုးတိုင်းသည် သူတို့၏ ခန္ဓာကိုယ်နှင့် ခြေလက်များတွင် အေးစက် သော ခံစားချက်ကို ခံစားနေကြရ၏။ နန်းတော်ခြောက်ခုလုံး၏ မိန်းမစိုးချုပ် ဝမ်တောင် ပင်လျှင် ချွင်းချက်မရှိပေ။ သူ၏စိတ်မှာ အလွန်အမင်း တင်းကျပ်နေပြီး သူ၏ အရှိန်အဝါကို လည်း ကျောက်တုံးတစ်တုံးကဲ့သို့ လေးလံစွာ ထိန်းချုပ်ထားရသည်။

သိုင်းသူတော်စင် အဆင့်အထိ ကျင့်ကြံထားသော ဤမိန်းမစိုးကြီးသည် သူ၏ အရှိန်အဝါ အနည်းငယ် ထွက်ပေါ်သွားလျှင် လူသန်းပေါင်းများစွာ၏ အုပ်စိုးရှင် ဧကရာဇ် ယန်ဖန်၏ အမျက်ဒေါသကို ခံရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။

သူသည် သိုင်းသူတော်စင် အဆင့်အထိ ရောက်ရှိနေပြီး ကမ္ဘာအနှံ့ အတားအဆီးမဲ့ လှည့်လည်သွားလာနိုင်သူ ဖြစ်သော်လည်း ဧကရာဇ်၏ ရှေ့တွင်မူ ဝမ်ထောင်သည် သူ၏ စွမ်းအားကို အနည်းငယ်မျှ မထုတ်ဖော်ဝံ့ပေ။ သူသည် ဧကရာဇ်နောက်သို့ လိုက်ပါလာခဲ့ သည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဤဧကရာဇ်သည် မည်မျှအထိ နက်နဲလှသည်ကို သူ ကောင်းကောင်း သိထားသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က နတ်ဆိုးတာအိုသခင်တစ်ဦးသည် ဧကရာဇ် ယန်ဖန် ကို လုပ်ကြံရန် နန်းတော်ထဲသို့ ခိုးဝင်ခဲ့ဖူးသည်။ အကြောင်းမှာ တော်ဝင်ချန် အင်ပါယာ သည် လောကရှိ ရှေးဟောင်းကျမ်းစာ အားလုံးကို သိမ်းဆည်းပြီးနောက် ကျောင်းတော်များ စွာကို ဖျက်ဆီးခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း ဧကရာဇ် ယန်ဖန်သည် လက်ပင် မလှုပ်ခဲ့ပေ။ ဆေဘာအလင်းတန်း တစ်ခု သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ထိုတာအိုသခင်၏ စိတ်ဝိညာဉ်ကို မျက်စိ တစ်မှိတ်အတွင်း သတ်ဖြတ်လိုက်သည်။

မိန်းမစိုးချုပ်မှာ သူ၏ အရှင်သခင်ကို ကာကွယ်ရန်ပင် အချိန်မရလိုက်သလို ထိုဆေဘာ အလင်းတန်း မည်သည့်နေရာမှ ရောက်လာပြီး မည်သည့်နေရာသို့ ပြန်သွားသည်ကိုလည်း မမြင်လိုက်ရပေ။

ယခု မိန်းမစိုးများ ဤမျှအထိ တုန်လှုပ်အေးစက်နေရသည့် အကြောင်းရင်းမှာ လျှို့ဝှက် သဝဏ်လွှာအချို့ကို ဖတ်ပြီးနောက် ဧကရာဇ် ယန်ဖန်၏ မျက်နှာတော်မှာ ညိုမှောင် သွားသောကြောင့် ဖြစ်သည်။

...

“အရှင်မင်းကြီးက ဟန်မြို့စားနဲ့ နှင်းပြည်နယ် ဘုရင်ခံတို့ ပူးတွဲပေးပို့တဲ့ ယွမ်တူးနိုင်ငံ၊ အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းကို ကြည့်ပြီးပြီ ထင်ပါတယ်။ ဒီလ လပြည့်ည ၁၅ ရက်နေ့မှာ အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ ပညာရှင်တွေဟာ ဓားတစ်သောင်း နှင်းတောင်ထိပ်မှာ ယှဉ်ပြိုင်ကြမယ်လို့ သတင်းထွက်နေတယ်။ အနိုင်ရတဲ့ သူကို ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကိုးဦးက အသိအမှတ်ပြုပြီး ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’နဲ့ 'မဟာဝိညာဉ်တာအိုကျမ်း'ကို ပေးအပ်ကာ ဂိုဏ်းချုပ် ဖြစ်လာပါလိမ့် မယ်။ အဲဒီနောက် မဟာအကြီးအကဲ ကိုးဦးက သူတို့ရဲ့ ကျင့်ကြံမှု တစ်ဝက်ကို စတေးပြီး ကောင်းချီးပေးမှာ ဖြစ်လို့ အဲဒီလူရဲ့ စွမ်းအားက အဆမတန် မြင့်တက်သွားပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက် ချက်ချင်း ဖြစ်လာမှာပဲ... ဘယ်သူကများ အဲဒီလောက်အထိ ကံကောင်းသွားပါလိမ့်။” ဟု မိန်းမစိုးချုပ် ဝမ်ထောင်က တွေးနေမိသည်။

နန်းတော်အတွင်းရှိ အစွမ်းအထက်ဆုံး မိန်းမစိုးတစ်ဦး ဖြစ်သည်နှင့်အညီ သူသည် လျှို့ဝှက်ချက်အချို့ကို သိထားသည်။ ဧကရာဇ် ယန်ဖန် ဖတ်နေသော သဝဏ်လွှာမှာ မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်နေသူများက ပေးပို့ခြင်းဖြစ်ရာ ၎င်းသည် ယွမ်တူးနိုင်ငံ ၏ အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းနှင့် ပတ်သက်နေမည်မှာ သေချာသည်။

ဧပြီလ ၁၅ ရက် လပြည့်ညတွင် အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ရာထူးကို ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ယနေ့မှာ ၁၈ ရက်နေ့ ဖြစ်သဖြင့် အဖြေမှာ ထွက်ပေါ်နေ လောက်ပြီ ဖြစ်သည်။ သတင်းရောက်ရှိလာသော အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။

ဘယ်သူများ ဖြစ်မလဲ။ ဝမ်ထောင်သည် ထိုသဝဏ်လွှာကို အလွန်ကြည့်ချင်သော်လည်း မိမိကိုယ်ကိုယ် အတင်းထိန်းချုပ်ထားရသည်။ သူသည် ထိုသဝဏ်လွှာကို သွားကြည့်ရန် သတ္တိမရှိပေ။

“ဝမ်တောင်... မကြာသေးခင်က ကျောက်စိမ်းမြို့တော်မှာ ဘာထူးခြားတာတွေ ရှိလဲ။” သဝဏ်လွှာကို ဖတ်ပြီးနောက် ဧကရာဇ် ယန်ဖန်သည် ခေါင်းမော့ကာ ဘေးရှိ မိန်းမစိုးကြီး ကို အေးအေးဆေးဆေး မေးလိုက်သည်။

“အရှင်မင်းကြီး... ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ ဝမ်ချန်းလမ်းရဲ့ အဆုံးမှာ 'ရနံ့ အဆောင်ဆိုနဲ့ ပြည့်တန်ဆာရုံ' အသစ်တစ်ခု ပေါ်လာပါတယ်။ အဲဒီပြည့်တန်ဆာရုံက 'ပန်းကြဲပြည့်တန်ဆာရုံ'နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတာပါ။ အဲဒီက အမျိုးသမီးတွေမှာ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တွေရှိပြီး စာပေ၊ ဂီတ၊ စစ်တုရင်၊ ကဗျာနဲ့ ပန်းချီပညာတွေမှာ အရမ်းကျွမ်းကျင်ကြတယ်လို့ ကြားပါတယ်။ ဖွင့်ပြီးတာနဲ့ သူဌေးသူကြွယ်တွေနဲ့ မင်းမျိုး မင်းနွယ်ဝင်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ ပန်းကြဲပြည့်တန်ဆာရုံတောင်မှ သူတို့ကို မယှဉ်နိုင်တော့ဘူးလို့ ဆိုကြပါတယ်” ဝမ်ထောင်က လျှောက်တင်လိုက်သည်။

မိန်းမစိုးချုပ် တစ်ဦးအနေဖြင့် သူသည် အချို့သော ကိစ္စရပ်များကို လျှို့ဝှက် စုံစမ်းစစ်ဆေး ရသူ ဖြစ်သည်။

“ရနံ့အဆောင် ပြည့်တန်ဆာရုံ ဟုတ်လား။” ထိုစကားကို ကြားပြီးနောက် ဧကရာဇ် ယန်ဖန် သည် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ “သိပြီ။ ဆက်ပြီး စုံစမ်းစရာ မလိုတော့ဘူး။ အခုသွားပြီး ဧကရာဇ်အကြံပေးကို ခေါ်လိုက်ပါ။”

“အမိန့်တော်အတိုင်းပါ” ဝမ်ထောင်က ဦးညွှတ်ကာ ထွက်သွားတော့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။ သူ၏ နောက်ကွယ်ရှိ မြေပြင်မှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး လူတစ်ယောက်အဖြစ် ပြောင်းလဲ သွားသည်။ “အရိပ်စောင့်တပ်ဖွဲ့က အရှင်မင်းကြီးကို ခစားပါတယ်။ အရှင်မင်းကြီး ဘာများ အမိန့်ရှိပါသလဲ။”

“မင်းတို့ လူအချို့ကိုခေါ်ပြီး အနောက်ဘက်ဒေသက သဲပြည်နယ်ကို သွားပါ။ တောင်တစ်တောင်မှာ ကျားနှစ်ကောင် အတူရှိနေလို့ မရဘူး။ ငါ့ရဲ့ ဦးရီးတော် ‘နတ်ဘုရား တန်ခိုးရှင်’ကို ဖိနှိပ်နိုင်စွမ်းမရှိမှာ ငါ စိုးရိမ်တယ်...။”

အမိန့်ကို ကြားပြီးနောက် အရိပ်စောင့်သည် မြေပြင်တွင် ဝပ်တွား ဦးခိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ထဲသို့ တဖြည်းဖြည်း အရည်ပျော် ဝင်ရောက် ပျောက်ကွယ်သွားတော့ သည်။

ခေတ္တအကြာတွင် ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိသည် စာကြည့်ဆောင်ထဲသို့ ဝင်လာခဲ့ သည်။ သူသည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ရွှေသရဖူကို ဆောင်းထား သည်။ သူ၏ မျက်နှာမှာ ဖြူစင်ပြီး မုတ်ဆိတ်မွှေး မရှိဘဲ မဟာပညာရှင် တစ်ဦးနှင့် တူလှ သည်။ သူသည် ပညာရှင်တစ်ဦး၏ အရှိန်အဝါ ရှိသော်လည်း သူ၏ ဂုဏ်သိက္ခာကိုလည်း မပျောက်ပျက်စေပေ။

“ရွှန်ကျိ... ဟန်မြို့စားနဲ့ နှင်းပြည်နယ် ဘုရင်ခံတို့ ပူးတွဲပေးပို့တဲ့ သဝဏ်လွှာကို ကြည့်ပါဦး” ဧကရာဇ် ယန်ဖန်က စားပွဲပေါ်ရှိ သဝဏ်လွှာများကို မိန်းမစိုးတစ်ဦးမှတစ်ဆင့် ပေးကမ်း လိုက်သည်။

“ပိုင်ဇိယွဲ့က ဂိုဏ်းချုပ် ရာထူးကို ရသွားတာလား။ သူက အခု အစစ်အမှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်သွားပြီပေါ့။ မြောက်ပိုင်းတနိုင်ငံလုံးက ယွမ်တူးတွေလည်း ငြိမ်သက် သွားကြပြီ။ ဒါပေမဲ့ အရှင်မင်းကြီး... ချန်ပီယံမြို့စားလည်း အဲဒီကို သွားခဲ့တယ် မဟုတ် လား။ ဒါပေမဲ့ သူ ဖြစ်မလာခဲ့ဘူး...။”

“ငါလည်း အဲဒါကိုပဲ တွေးနေတာ။ ဒါပေမဲ့ ငါ့မှာ သံသယအချို့ ရှိတယ်... ချန်ပီယံမြို့စား ဟာ သူ့ကို နှိမ်နင်းနိုင်တဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့ပုံရတယ်” ယန်ဖန်က ဆိုသည်။

ဧကရာဇ်နှင့် ဧကရာဇ်အကြံပေးတို့သည် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ဧကရာဇ်က ဟုန်ရွှန်ကျိ ဘာပြောမလဲဆိုသည်ကို စောင့်ဆိုင်းနေသည်။ အချိန်အတော်ကြာပြီးနောက် ဟုန်ရွှန်ကျိက စကားစလာသည်။ သူသည် ဂိုဏ်းအကြောင်း မဟုတ်ဘဲ အခြားမေးခွန်း တစ်ခုကို မေးလိုက်သည်။ “အရှင်မင်းကြီး... ဂွန်ယန်ယု အသက်ရှင်ဖို့ ဘယ်နှစ်နှစ်လောက် ကျန်သေးလဲ။”

“ဟင်…၊” ဧကရာဇ် ယန်ဖန်က အံ့အားသင့်သွားသည်။ “သူက သူ့အသက်အန္တရာယ် လျော့နည်းအောင် ဧကရာဇ်ကောင်းကင်တံဆိပ်’နဲ့ ထိန်းထားတယ်ဆိုပေမဲ့ အခုချိန်မှာ သူက အသက်နှစ်ရာနီးပါး ရှိနေပြီ။ သူ့ပြောပြချက်အရဆို နောက်ဆုံး ၁၀ နှစ်လောက်ပဲ ကျန်တော့မယ်။”

“၁၀ နှစ်... ၁၀ နှစ်ဆိုတာ မနည်းသလို သိပ်လည်း မများလှဘူး... အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုးတို့ နောက်တစ်ကြိမ် ပြန်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ် ထင်တယ်။” ဟုန်ရွှန်ကျိက ဆိုသည်။

“ဟုတ်တယ်... ငါတို့ နှစ်ယောက် စစ်မြေပြင်မှာ အတူတူ တိုက်ပွဲဝင်ခဲ့ကြတာ အနှစ် နှစ်ဆယ်တောင် ရှိသွားပြီပဲ။”

ဧကရာဇ် ယန်ဖန်သည် စားပွဲပေါ်ရှိ ရွှေရောင်သေတ္တာလေးကို ပွတ်သပ်လိုက်သည်။ ထိုသေတ္တာထဲတွင် ဤလောက၏ အခွင့်အာဏာကို ကိုယ်စားပြုသော၊ တိုင်းပြည်၏ မြစ်ချောင်းအင်းအိုင်များကို ပုံဖော်ထားသော၊ ရှေးဟောင်းခေတ်ကတည်းက ကျန်ရှိခဲ့သော ဧကရာဇ်တံဆိပ်တော်တစ်ခု ရှိနေသည်။

...

ဧပြီလ ၁၈ ရက်နေ့မှာပင် ဖြစ်သည်။ ချင်ပြည်နယ်၊ မြရတနာမြို့တော်သည် ပြည်နယ် ငါးခု၏ မြို့တော်ထဲမှ တစ်ခုဖြစ်ပြီး အနောက်ဘက် နယ်မြေများသို့ သွားရာ တစ်ခုတည်း သော လမ်းကြောင်းလည်း ဖြစ်သည်။ မြေဆီလွှာ ကောင်းမွန်ပြီး ချမ်းသာကြွယ်ဝသည်။ ကုန်သည်များ၊ ပိုးထည်များနှင့် ကြွေထည်များ များပြားလှပြီး အခွန်အခ များစွာ ရရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။

ဟုန်ယွိသည် လက်ရှိတွင် ထိုပြည်နယ်ရှိ ဥယျာဉ်တစ်ခု၌ အနားယူနေသည်။ ထိုဥယျာဉ်မှာ အလွန်ပင် ကျယ်ဝန်းလှသည်။ တောင်တုများ၊ တံတားကလေးများနှင့် စမ်းချောင်းလေး များ ရှိနေသည်။ ရှားပါးအပင်များ၊ ကြိုးကြာငှက်များ၊ ဥဒေါင်းများနှင့် သမင်များပင် ရှိနေကြ သည်။ ပန်းများမှာ အလွှာလိုက် ဝေဆာစွာ ပွင့်နေကြပြီး ဗိသုကာပညာရပ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ပြသနေသည်။

ဤသည်မှာ ကမ္ဘာကျော် 'မြဥယျာဉ်' ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော် က မဟာကျိ မင်းဆက်မှ တည်ဆောက်ခဲ့သော ဘုရင့်ဥယျာဉ် ဖြစ်သည်။ ချင်ပြည်နယ်၏ ဥယျာဉ်များသည် ကမ္ဘာတစ်ဝန်း ကျော်ကြားလှသည်။

သို့သော် ယခုအခါ ဤဥယျာဉ်မှာ ပြည်နယ်အရာရှိကြီးများ၏ ဥယျာဉ် ဖြစ်နေပြီး အပြင်လူ ဝင်ခွင့်မရှိပေ။ သို့သော် ဟုန်ယွိအတွက်မူ ချွင်းချက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပြည်နယ်ဘုရင်ခံကိုယ်တိုင်၏ ဖိတ်ကြားချက်ဖြင့် ဧည့်သည်အဖြစ် ရောက်ရှိနေ ခြင်းကြောင့် ဖြစ်သည်။

ဟုန်ယွိသည် တော်ဝင်ချန်အင်ပါယာ၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ရုံသာမက စာပေ လောက၏ စာပေသူတော်စင်ငယ် တစ်ဦးလည်း ဖြစ်သည်။ သူသည် အနောက်ဘက် နယ်မြေများသို့ သွားရောက်ကာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးကို ကူညီ၍ အနောက်ဘက်ဒေသ နိုင်ငံအသီးသီးရှိ ဆူပူသောင်းကျန်းမှုများကို နှိမ်နင်းရန် အမိန့်တော် ရရှိထားသူ ဖြစ်သည်။ သူ၏ လက်ရှိရာထူးမှာ မမြင့်မားသေးဘဲ စစ်ဘက်ရေးရာ ဝန်ကြီး ဌာန၏ လက်ထောက်ဝန်ကြီး၊ ဟန်လင်းကျောင်းတော်၏ အယ်ဒီတာနှင့် တပ်မှူးတစ်ဦး မျှသာ ဖြစ်သော်လည်း အမြင်ရှိသူ မည်သူမဆို သူသည် အရှိန်အဟုန်နှင့် တက်လာမည့် ကြယ်ပွင့်တစ်ပွင့် ဖြစ်ကြောင်း သိမြင်နိုင်ကြသည်။

အကယ်၍, သူ့တွင် တရားဝင်ရာထူးအာဏာ မရှိလျှင်ပင် မည်သည့် ပြည်နယ်ဘုရင်ခံမဆို စာပေလောက၏ သူတော်စင်ငယ်တစ်ဦးအပေါ် မယဉ်ကျေးဘဲ နေဝံ့ပါမည်နည်း။ ထို့ပြင် ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်ရှိ မဟာပညာရှင်များအပေါ်တွင်လည်း အမှတ်တရ ကောင်းများ ချန်ထားနိုင်ခဲ့သည်။ မျိုးဆက်ဟောင်း ထိုစာပေပညာရှင်ကြီး များစွာကပင် သူ့ကို မြှောက်ပင့်ပြောဆိုကြရသည်။ အမှန်စင်စစ် ဤသည်မှာလည်း ဟုန်ယွိက သူတို့အား ကျေးဇူးတုံ့ပြန်ခဲ့ပြီး ထိုပညာရှင်ကြီးများစွာ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သောကြောင့် ဖြစ်သည်။

အတိုချုပ်ဆိုရသော် ဟုန်ယွိ၏ ဂုဏ်သတင်းမှာ တော်ဝင်ချန်စာပေလောကတွင် ထွက်ပေါ် စ နေမင်းကဲ့သို့ တောက်ပနေသည်။ သူသည် အထွတ်အထိပ်သို့ မရောက်သေးသော်လည်း စာအုပ်များ ဆက်လက်ရေးသားကာ လောကသို့ ထုတ်ဝေနေသရွေ့ သူသည် စာပေ လောကကို အုပ်စိုးစိုးမိုးရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။

“ဟား…၊ ဟား... မိပြီ။ ရှောင်ရှူ၊ ရှောင်ဆန်၊ ရှောင်ဖေး... မင်းတို့ မြေခွေးကလေး သုံးကောင်က အတူတူပုန်းတမ်းကစားရာမှာ ငါ့ကို ဘယ်နိုင်ပါ့မလဲ...”

ဥယျာဉ်၏ အနက်ရှိုင်းဆုံးနေရာ၊ ကျောက်တောင်တုများကြားတွင် အဖြူရောင်ပုံရိပ် သုံးခုနှင့် ရွှေရောင်ပုံရိပ်တစ်ခုတို့မှာ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ ၎င်းမှာ ရွှေပင့်ကူနှင့် မြေခွေးကလေး သုံးကောင်တို့ ပုန်းတမ်းကစားနေကြခြင်း ဖြစ်သည်။ ရုတ်တရက် ရွှေပင့်ကူ၏ ပါးစပ်မှ ကမ္ဘာမြေ တုန်ဟည်းမတတ် ရယ်မောသံကြီး ထွက်ပေါ်လာသည်။ သူမသည် အဖြူရောင်ပုံရိပ် သုံးခုလုံးကို ဖမ်းမိသွားပြီး ဝံပုလွေဆိုးကြီးတစ်ကောင်ကဲ့သို့ ရယ်မောနေတော့သည်။

ဟုန်ယွိသည် မဏ္ဍပ်ထဲတွင် ထိုင်ကာ နေရောင်ခြည်ကို ခံယူရင်း အလွန်ပင် ဇိမ်ကျနေ သည်။ သူ့ဘေးတွင် ချီဇီယန်၊ နင်ဂျာဘုန်းတော်ကြီး၊ မုကလေးနှင့် မုရုန်ယန်တို့ ရှိနေကြ သည်။

ယွမ်တူးနိုင်ငံရှိ ထိုက်ကျင်းမြို့တော်မှ ပြန်လာခဲ့သည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။ ချန်ပီယံ မြို့စားကို အနိုင်ယူပြီး ဘိုးဘေးဟုန်လင်ကို သတ်ဖြတ်လိုက်ပြီးနောက် ပိုင်ဇိယွဲ့သည် အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာရန်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။

ဧပြီလ ၁၅ ရက်၊ လပြည့်ညတွင် ဓားတစ်သောင်းနှင်းတောင်ထိပ်၌ ဖြစ်သည်။ ရေခဲ နတ်သမီး ပိုင်ချင်းချင်း၊ လေဟာနယ်လမင်းသခင် ပိုင်ယွိကုန်းနှင့် တိုင်တန်ဝိညာဉ် တာအို သခင် ယွမ်ရှီကျူးတို့သည် ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းရှိသော် လည်း အားလုံးက ပိုင်ဇိယွဲ့အား အရှုံးပေးကာ ဂိုဏ်းချုပ်အဖြစ် ထောက်ခံခဲ့ကြသည်။

နောက်ဆုံးတွင် ပိုင်ဇိယွဲ့သည် အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ကြယ်စင်တိုက်ပွဲကမ္ဘာ အတွင်းရှိ မဟာအကြီးအကဲ ကိုးဦး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ထိုကမ္ဘာအတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် 'ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုး တံဆိပ်တော်'နှင့် 'မဟာဝိညာဉ်တာအိုကျမ်းစာ'ကို ရရှိခဲ့သည်။ ထို့နောက် မဟာအကြီးအကဲ ကိုးဦးထံမှ စွမ်းအား လွှဲပြောင်းပေးမှုကို ရရှိခဲ့သည်။ သူ၏ တာအိုပညာရပ်များမှာ အဆမတန် တိုးတက်လာပြီး အပြင်သို့ ပြန်မထွက်မီ ၄၉ ရက်တိုင်တိုင် သီးသန့်ကျင့်ကြံနေရမည် ဖြစ်သည်။

ဟုန်ယွိသည် အပြင်လူဖြစ်သဖြင့် ထိုကမ္ဘာအတွင်းသို့ မဝင်နိုင်ခဲ့ပေ။ သို့သော် သူသည် စိတ်မဆိုးသည့်အပြင် အတင်းဝင်ရန် သို့မဟုတ် အခွင့်ကောင်းယူရန်လည်း မကြိုးစားခဲ့ပေ။ ယင်းအစား သူသည် သူ၏ ယုံကြည်ရသော နောက်လိုက်များနှင့်အတူ ချင်ပြည်နယ်သို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး သဲပြည်နယ်သို့ ဦးတည်ခဲ့သည်။ ထို့ကြောင့် ပိုင်ဇိယွဲ့၏ ဂိုဏ်းချုပ်နေရာလုပွဲတွင် ဟုန်ယွိ ပါဝင်ကူညီခဲ့သော အရေးပါသည့် အခန်းကဏ္ဍကို မည်သူမျှ မသိရှိကြပေ။

ကမ္ဘာကျော် မြဥယျာဉ်၏ အလှတရားကို ခံစားရင်း ရွှေပင့်ကူနှင့် မြေခွေးကလေး သုံးကောင်တို့၏ ကစားသံများမှာ ပျော်ရွှင်အေးချမ်းစရာ ကိစ္စဖြစ်သင့်သော်လည်း ဟုန်ယွိ၏ စိတ်မှာမူ အနားမရသေးပေ။

အကြောင်းမှာ မုရုန်ယန်သည် သူ့အား အရေးကြီးသော ကိစ္စတစ်ခုကို တင်ပြနေသော ကြောင့် ဖြစ်သည်။

“သခင်လေး... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျောက်စိမ်းမြို့တော်မှာ 'ရနံ့အဆောင် ပြည့်တန်ဆာရုံ' ဆိုတာ တိတ်တဆိတ် ပေါ်လာပါတယ်။ အဲဒါက ပြည့်တန်ဆာရုံ တစ်ခုဖြစ် ပေမယ့် အဲဒီထဲက အမျိုးသမီးတွေက အလှအပနဲ့ အရည်အချင်းကိုပဲ ရောင်းတာပါ။ အခုဆို သူတို့ရဲ့ လုပ်ငန်းက 'ပန်းကြဲပြည့်တန်ဆာရုံ' ထက်တောင် ပိုအောင်မြင်နေပါပြီ။ ပညာရှိ အရာရှိတွေနဲ့ သူကောင်းပြုခံရတဲ့ မင်းမျိုးမင်းနွယ်ဝင်တွေ အများကြီး သူတို့ဆီမှာ နစ်မွန်းနေကြတယ်။ သူတို့ရဲ့ နောက်ခံက အရမ်းလျှို့ဝှက်လွန်းလို့ ဘယ်သူမှ စုံစမ်းလို့ မရပါဘူး။ ကျွန်မရဲ့ စစ်သည်တွေဖြစ်တဲ့ အာမွန်နဲ့ ဖေးတိုင်တို့ကို စုံစမ်းဖို့ လွှတ်လိုက်ပေ မယ့် သူတို့နှစ်ယောက်လုံး ကျွန်မကို သစ္စာဖောက်သွားကြတယ်။ သူတို့တွေ ရနံ့အဆောင် ရဲ့ လာဘ်ထိုးမှုကို ခံလိုက်ရတာပါ။ အခုလေးတင် ခိုစာတစ်စောင် ရရှိခဲ့ပါတယ်” မုရုန်ယန် က ဆိုသည်။

“ရနံ့အဆောင် ပြည့်တန်ဆာရုံ ဟုတ်လား။” ဟုန်ယွိသည် အနည်းငယ် လှုပ်ခတ်သွားသည်။ “'ပန်းကြဲပြည့်တန်ဆာရုံ' ကိုတောင် ကျော်တက်သွားတယ်ပေါ့။ ငါ သိသလောက်တော့ ပန်းကြဲပြည့်တန်ဆာရုံဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ တိုက်ရိုက်ပိုင်ဆိုင်မှု မဟုတ်ပေမယ့် အဲဒီဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ကျင့်ကြံတဲ့ နေရာပဲ။ ဒီရနံ့အဆောင်ရဲ့ နောက်ခံက ဘာများပါလိမ့်။ ငါ မြို့တော်မှာ ရှိတုန်းက စာမေးပွဲကိုပဲ အာရုံစိုက်နေလို့ မြို့တော်ရဲ့ အခြေအနေကို သိပ်သတိမထားမိခဲ့ဘူး။ ဒီလိုမျိုး ဘယ်လိုဖြစ်လာတာလဲ။ ဒါဟာ တစ်ခုခုနဲ့ ပတ်သက်နေမှာ သေချာတယ်။ ချန်ပီယံမြို့စား ဘာတွေလုပ်နေလဲ ဆိုတာလည်း ငါ မသိဘူး။ သူ လွတ်သွားပြီဆိုတော့ ငါ့ကို သေချာပေါက် လက်စားချေမှာပဲ။”

ဟုန်ယွိက တွေးတောနေရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ကြည်လင် သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မဏ္ဍပ်ရှေ့တွင် တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတံခါးထဲမှ လူအချို့ တုန်တုန်ယင်ယင်ဖြင့် ထွက်လာကြသည်။ ၎င်းတို့မှာ မိန်းမစိုးတစ်ဦး၊ တရားသူကြီးတစ်ဦး၊ မျက်ဆံနှစ်ခုပါသော လှပသည့် အမျိုးသမီး နှစ်ဦး၊ အနောက်ဘက်နယ်မြေမှ အမျိုးသမီးတစ်ဦးနှင့် ဓားကောက်ကို ကိုင်ထားသည့် အနောက်ဘက်နယ်မြေမှ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

ထိုသူများမှာ ယင်လျန်ဟွာ၊ တာအိုသခင်ကျန်းခုန်း၊ ယောင်ယွဲ့ရှင်း၊ ယောင်ယွဲ့ရူ၊ ယူလူလက်နှင့် မင်းသားရှီဒီတို့ ဖြစ်ကြပြီး စကြာဝဠာအိတ်ထဲတွင် အကျဉ်းချခံထားရသူ များ ဖြစ်သည်။ ဤကျော်ကြားသော ပညာရှင် ခြောက်ဦးစလုံးမှာ ဤလောကတွင် အတားအဆီးမဲ့ သွားလာနိုင်သူများ ဖြစ်သော်လည်း ယခုအခါ ဟုန်ယွိ၏ အိတ်ကပ်ထဲမှ ပစ္စည်းများကဲ့သို့ ထုတ်ယူခြင်း ခံလိုက်ရသည်။

သူတို့ ခြောက်ဦး အပြင်သို့ ရောက်လာသောအခါ အံ့အားသင့်သွားကြသည်။ ထို့နောက် ဟုန်ယွိကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ အမျိုးမျိုး ပြောင်းလဲသွားသော်လည်း မည်သူမျှ ရမ်းကားစွာ မပြုမူဝံ့ကြပေ။

ဟုန်ယွိက သူတို့ ခြောက်ဦးကို ဂရုမစိုက်ဘဲ မုရုန်ယန်ကို ပြောလိုက်သည်။ “ချန်ပီယံမြို့စား ဟာ အငြိုးအတေး ကြီးတဲ့လူပဲ။ ငါ သူ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်လို့ ငါ့ကို သေချာ ပေါက် လက်စားချေလိမ့်မယ်။ ဒါကြောင့် မင်းလည်း အရင်က ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့တာဆိုတော့ ဒီနေ့ မင်းရဲ့ စွမ်းအားကို မြှင့်တင်ပေးမယ်။”

သူက ပြောပြောဆိုဆို လက်ကို ဝှေ့ယမ်းလိုက်ရာ စကြာဝဠာအိတ်ထဲမှ စိန်သားကဲ့သို့ တောက်ပနေသော စိတ်ဝိညာဉ် အတွေးအပိုင်းစ ၃၆ ခု ထွက်ပေါ်လာသည်။

“ဒီစိတ်ဝိညာဉ် အတွေးအပိုင်းစ ၃၆ ခုဟာ ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ် ထားတဲ့ ပညာရှင်တစ်ဦးဆီကပဲ။ ငါ ဘိုးဘေးဟုန်လင်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်လိုက်တာ။ ဒါတွေကို မင်းရဲ့စိတ်ဝိညာဉ်ထဲ ထည့်ပေးလိုက်ရင် မင်းဟာ ခန္ဓာသိမ်းပိုက်ခြင်း အဆင့်ကို ချက်ချင်း ရောက်သွားလိမ့်မယ်။ မင်းအနေနဲ့ သေခြင်းရှင်ခြင်း အတားအဆီးကို ကိုယ့်ဘာ သာ ကျော်ဖြတ်ရမှာ ဖြစ်ပေမယ့် တိုက်ပွဲအတွင်းမှာ သာမန်တစ္ဆေအင်မော်တယ်တွေဟာ မင်းကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။”

ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုစိတ်ဝိညာဉ် အတွေးအပိုင်းစ ၃၆ ခုမှာ မုရုန်ယန်၏ နဖူးထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် မုရုန်ယန်၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားတော့သည်။

“ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့... ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးရဲ့ စိတ်ဝိညာဉ် အတွေးတွေလား။”

ယူလူလက်၊ ယောင်ယွဲ့ရူနှင့် တာအိုသခင်ကျန်းခုန်းတို့သည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ ဟုန်ယွိ၏ ဤပြုမူချက်မှာ သူတို့အား ပညာပေး လိုက်ခြင်းပင် ဖြစ်သည်။

All Chapters