တာအိုမိတ်ဆွေဟူသည် အကျိုးအမြတ်လောက် တန်ဖိုးမ
Vol. 16 Ch. 168
ချင်းယန်သည် အစီအရင်အနီးရှိ သံကျောကုန်းလိပ်ကို မြေအောက်တွင် ပုန်းအောင်းရန် အစီအစဉ်ဆွဲထားခြင်းမှာ သိသာသည်။ သူမသည် သံကျောကုန်းလိပ်၏ အစွမ်းထက်လှသော အသက်ရှူအောင့်ခြင်းအတတ်ကို အသုံးချကာ ပုန်းနေစေခဲ့ခြင်း ဖြစ်သည်။
အစီအရင်အပြင်ဘက်သို့ ရောက်သွားမှ ချင်းယန် သက်ပြင်းချနိုင်တော့သည်။ တုထျန်းဟွာနှင့် တိုက်ခိုက်စဥ်တည်းက ဒဏ်ရာပြင်းထန်နေပြီဖြစ်ပြီး အစီအရင်၏ ဖိအားက သူမ၏ ဒဏ်ရာကို ပိုဆိုးစေခဲ့သည်။
သို့သော် အရာအားလုံးက ထိုက်တန်ပါသည်။ စုချန် ပြောခဲ့သလိုပင် သူမသည် အစကတည်းက ဝိညာဉ်ဝါးမြိုအစီအရင်အတွက် လာခဲ့ခြင်း ဖြစ်သည်။ သူမနှင့် စုချန်တို့ ရှေးဟောင်းလျှို့ဝှက်နယ်မြေရှိ သက်ရှည်နန်းဆောင်မှ အသက်ရှင်လျက် ထွက်လာပြီးနောက် သူမသည်လည်း သက်ရှည်တံဆိပ်ပါ အချက်အလက်များကို ကူးယူခဲ့သည်။ တံဆိပ်ပြား၏ အနှစ်သာရကို နည်းနည်းလေးတောင် နားမလည်ခဲ့ပါဟု စုချန်ကို အစောပိုင်းက ပြောခဲ့သည်မှာ လိမ်ညာခြင်းသာ ဖြစ်သည်။ သူမသည် စုချန်ကဲ့သို့ အပြည့်အဝ နားမလည်နိုင်သဖြင့် အစီအရင် တပ်ဆင်ခြင်း မလုပ်နိုင်သော်လည်း ကျောက်ပြားပေါ်မှ လျှို့ဝှက်ချက်အချို့ကိုမူ သိရှိခဲ့သည်။
ဝိညာဉ်ဝါးမြိုအစီအရင်သည် သက်တမ်းတိုးပေးနိုင်ရုံမက ကျင့်စဉ်ကို တိုးတက်စေရန်လည်း ကူညီပေးနိုင်ကြောင်း နားလည်ခဲ့သည်။ လွန်ခဲ့သော တစ်လကျော်က စုန့်ဝမ်ကို ဖမ်းရန် ကြိုးစားနေသော စုမိသားစု ကျင့်ကြံသူ သုံးဦးနှင့် တွေ့ဆုံစဉ် စုချန်က ဝိညာဉ်ဝါးမြိုအစီအရင်ကို တပ်ဆင်ထားကြောင်း သိခဲ့ရသည်။ ထိုအချိန်မှစ၍ သူမသည် ထိုအစီအရင်ကို အသုံးပြုပြီး ကျင့်ကြံမှု မြှင့်တင်ရန် အခွင့်အရေးကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်၏ သက်တမ်းတိုးပွဲကို ကူညီပေးရန် စုမိသားစုက အကြောင်းကြားစာ ပို့လာသောအခါ မဆိုင်းမတွ လက်ခံခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က စုမိသားစုထံ ရောက်ရှိပြီး အစီအရင်ကို မြင်သောအခါ၊ စုချန်က အစီအရင်ထိန်းချုပ်ပုံကို ရှင်းပြပြီး သူမကို အရှေ့ဘက်နယ်မြေတွင် ကူညီခိုင်းကတည်းက မရိုးသားသော ရည်ရွယ်ချက်ရှိမှန်း ရိပ်မိပြီး ဖြစ်သည်။ အစီအရင်ထိန်းချုပ်မှုနှင့် ပတ်သက်လျှင် စုချန်လောက် မကျွမ်းကျင်သဖြင့် အစီအရင် အောင်အောင်မြင်မြင် အသက်ဝင်စေရန်နှင့် လေလွင့်ကျင့်ကြံသူများ၏ အသက်ဓာတ်ကို သိမ်းယူနိုင်ရန်အတွက် ဘာမှမသိသလို ဟန်ဆောင်ကာ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဝိညာဉ်သားရဲ သံကျောကုန်းလိပ်ကို အစီအရင်အနီးရှိ မြေအောက်တွင် လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့ပြီး၊ သံကျောကုန်းလိပ်၏ အော်ရာဖုံးကွယ်နိုင်သော သဘာဝအစွမ်းကြောင့် စုချန်၏ ဝိညာဉ်အာရုံကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
“စုချန်... နင်သာ အရှုံးပေးပြီး အစီအရင်ကို လွှဲပြောင်းပေးမယ်ဆိုရင်၊ ငါ့ကို မင်းရဲ့ကျင့်ကြံမှုကို စုပ်ယူခွင့်ပေးမယ်ဆိုရင် စုမိသားစုကို နှစ်တစ်ရာအထိ တည်ငြိမ်အောင် ငါ အာမခံပေးနိုင်တယ်။ မဟုတ်လို့ မင်းကို ငါဖမ်းပြီး ကျင့်ကြံမှုကို လုယူရပြီဆိုရင်တော့၊ ဒါက မင်းတို့ စုမိသားစုရဲ့ နိဂုံးပဲ”
“စိတ်ကူးယဉ်မနေနဲ့။ ဘယ်သူနိုင်မလဲဆိုတာ အဖြေမပေါ်သေးဘူး”ဟု စုချန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
စကားဆုံးသည်နှင့် စုချန်က အတွေးတစ်ချက်ဖြင့် ဓားပျံတစ်လက် ထုတ်ယူပြီး ချင်းယန်ဆီသို့ ပြင်းထန်သော အရှိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။
ချင်းယန်တွင် တတိယအဆင့် ဝိညာဉ်သားရဲရှိသော်လည်း သူမမှာ ဒဏ်ရာပြင်းထန်နေသဖြင့် မိမိတွင် တိုက်နိုင်သည့်အင်အား ရှိသေးသည်ဟု စုချန်က ယုံကြည်နေသည်။
ဓားပျံ အရှိန်နှင့် လာနေသည်ကို မြင်သောအခါ ချင်းယန်သည် သံကျောကုန်းလိပ်၏အောက်သို့ ဝင်လိုက်သည်။
“ချလွမ်”
ဓားပျံသည် လိပ်ကျောကုန်းကို ထိမှန်သွားရာ ထူထဲသော အခွံပေါ်တွင် အရာလေးတစ်ခုသာ ထင်ကျန်ရစ်သည်။ သို့သော် ဓားမှာ လိပ်ခွံ၏ တုံ့ပြန်ကန်အားကို မခံနိုင်တော့ဘဲ လွင့်စင်ထွက်သွားသည်။
စုချန် မျက်နှာပျက်သွားသည်၊ သံကျောကုန်းလိပ်၏ ကာကွယ်နိုင်စွမ်းမှာ မျှော်လင့်ထားသည်ထက် သာလွန်နေပြီး၊ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ အလွယ်တကူ မဖျက်ဆီးနိုင်သော အရာဖြစ်သည်။ အင်အားသုံး၍ မရလျှင် ပရိယာယ် သုံးရပေလိမ့်မည်။
စုချန်က အဓိကအစီအရင်တံဆိပ်ထဲသို့ မန္တန်စွမ်းအင် သွင်းလိုက်ပြီး သွေးမြွေထဲရှိ အသက်စွမ်းအားများ ယိုစိမ့်မသွားစေရန် ဝိညာဉ်ဝါးမြိုအစီအရင်ကို ယာယီ ပိတ်လိုက်သည်။ ထို့နောက် အစီအရင်တံဆိပ်ကို အစီအရင်ထဲတွင် ထားခဲ့ကာ အပြင်သို့ ပျံထွက်သွားသည်။ တိုက်ပွဲကြောင့် အစီအရင် ပျက်စီးမည်ကို စိုးရိမ်သောကြောင့် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။
အပြင်ရောက်သည်နှင့် စုချန်သည် ဓားပျံကို ထိန်းချုပ်ကာ သံကျောကုန်းလိပ်၏ အကာအကွယ်မရှိသော ခြေလက်များကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။ တချိန်တည်းမှာပင် သူသည် မလှမ်းမကမ်းတွင် ရှိနေသော စုဝမ်ရှီထံသို့ အသံလွှင့်ပေးပို့ပြီး ညွှန်ကြားသည်။
“အစီအရင်ကို ထိန်းချုပ်ပြီး ဒီသားရဲကို ပိတ်မိအောင် လုပ်စမ်း”
ချိုင့်ဝှမ်းတွင် တပ်ဆင်ထားသော ယင်ယန်လေးပါးသင်္ကေတအစီအရင်သည် အပြင်မှ တိုက်ခိုက်မှုများကို ကာကွယ်ရန် သုံးနိုင်သလို၊ အပြန်အလှန်အားဖြင့် အစီအရင်နယ်ပယ်ကို ကျဉ်းမြောင်းစေကာ အတွင်းရှိ ရန်သူကို ပိတ်ဆို့သတ်ဖြတ်ရန်လည်း အသုံးပြုနိုင်သည်။
ချင်းယန်သည် စုချန်က သံကျောကုန်းလိပ်ကို ဓားပျံဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေသည်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ သာမန် ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သံကျောကုန်းလိပ်၏ ကာကွယ်ရေးကို မဖောက်နိုင်ပေ၊ သူတို့၏ ဝိညာဉ်စွမ်းအားကိုသာ အလကား ကုန်စေလိမ့်မည်။ စုချန်၏ အခြေအနေအရ သူသည် အချိန်အကြာကြီး ဆက်တိုက် မတိုက်ခိုက်နိုင်ပေ၊ သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ ကြာရှည် ခံနိုင်မည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ချင်းယန်မှာ ဒဏ်ရာရထားသော်လည်း ကုသရေးဆေးပြားများနှင့် ဝိညာဉ်စွမ်းအား ဖြည့်တင်းပေးသော ဆေးပြားများကို မျိုချထားပြီး ဖြစ်သည်။ ထိုဆေးပြားများ၏ အာနိသင်ကို စုပ်ယူပြီးသည်နှင့် သူမ၏ အခြေအနေမှာ တဖြည်းဖြည်း ပြန်ကောင်းလာမည် ဖြစ်သည်။ ဤအားသာချက်၊ အားနည်းချက်များအရ သံကျောကုန်းလိပ် အကူအညီဖြင့် စုချန်ကို မကြာမီ ဖမ်းဆီးနိုင်မည်ဟု ချင်းယန် အပိုင်တွက်ထားသည်။
ရုတ်တရက် ချိုင့်ဝှမ်းကို ဖုံးအုပ်ထားသော အစီအရင်အတားအဆီးမှာ လျင်မြန်စွာ ကျဉ်းမြောင်းလာပြီး သူမ၏ တည်နေရာဆီသို့ စုစည်းလာသည်ကို ချင်းယန် သတိပြုမိလိုက်သည်။ သူမ၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ခံစားလိုက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ရအောင် လုပ်နေခြင်းကို ချက်ချင်းရပ်ပြီး သံကျောကုန်းလိပ်ကို အဝေးသို့ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ သို့သော် သူမသည် ယင်ယန်လေးပါးသင်္ကေတအစီအရင် ရောက်နေပြီ ဖြစ်သည်။ အစီအရင်ကို မဖျက်ဆီးနိုင်သရွေ့ သူမ ဘယ်အရပ်ကို ပြေးပြေး၊ ထိုနယ်ပယ်အတွင်းမှာပဲ ရှိနေပေလိမ့်မည်။
စုချန်က သူမကို ယင်ယန်လေးပါးသင်္ကေတအစီအရင်ဖြင့် ပိတ်လှောင်ကာ၊ အစီအရင်၏ စွမ်းအားကို သုံးပြီး သူမနှင့် သံကျောကုန်းလိပ်တို့၏ အင်အားကို ကုန်ဆုံးအောင် လုပ်ပြီးမှ နောက်ဆုံးတွင် ဖမ်းဆီးရန် ကြံစည်နေခြင်း ဖြစ်သည်။ စုချန်အကြံကို သိလိုက်သဖြင့် ချင်းယန်သည် သေမည့်နေ့ကို ထိုင်စောင့်နေဖို့ စိတ်မကူးပေ။
ယခုအချိန်တွင် အစီအရင် ဖုံးလွှမ်းထားသော ဧရိယာမှာ နှစ်မိုင်ခန့်သာ ရှိတော့ပြီး ဝိညာဉ်ဝါးမြိုအစီအရင်မှာလည်း ထိုနယ်ပယ်အတွင်းတွင် ရှိနေသည်။ ချင်းယန်က သံကျောကုန်းလိပ်ကို ဝိညာဉ်ဝါးမြိုအစီအရင်၏ အနောက်ဘက်နယ်မြေဆီ ဦးတည်တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။
ဝိညာဉ်ဝါးမြိုအစီအရင်သည် စုချန်၏ သက်တမ်းအတွက် အလွန်အရေးကြီးသဖြင့် သူသည် ယင်ယန်လေးပါးသင်္ကေတ အစီအရင်၏ နယ်ပယ်ထဲတွင် ၎င်းကို ထည့်သွင်းရန် သတိထားပေလိမ့်မည်။ မဟုတ်လျှင် ချင်းယန်ကို တိုက်ခိုက်ရန် ကြိုးစားရင်း ဝိညာဉ်ဝါးမြိုအစီအရင်ကို ပြန်ပြင်မရအောင် ပျက်စီးသွားစေမှာ သေချာသည်။
ဝိညာဉ်ဝါးမြိုအစီအရင်၏ အနောက်ဘက်နယ်မြေမှာ လေလွင့်ကျင့်ကြံသူများ၏ အသက်စွမ်းအားကို ဝါးမြိုရန်သာ ဖြစ်သဖြင့် အရှေ့ဘက်နယ်မြေလောက် ပြင်းထန်သော ဖိအားများ မရှိဘဲ သူမ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်။
ချက်ချင်းဆိုသလို စုချန်ကလည်း ချင်းယန်၏ အကြံကို ရိပ်မိသွားသည်။ သူ့ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းကာ ဓားပျံကို အပြည့်အဝ ထိန်းချုပ်ပြီး အကောင်းဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် ဓားပျံမှာ ငွေရောင်အလင်းများ တောက်ပလာပြီး၊ ကြယ်တံခွန်ကဲ့သို့ သံကျောကုန်းလိပ်ဆီ လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။
သံကျောကုန်းလိပ်သည် ဓားပျံ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသဖြင့် သဘာဝဗီဇအသိအရ ထိတ်လန့်သွားသည်။ ဤတိုက်ခိုက်မှု၏ စွမ်းအားမှာ အလွန်ကြီးမားလှသည်၊ ၎င်း၏ အပြင်သို့ ထွက်နေသော ခြေလက်များ၊ ခေါင်းနှင့် အမြီးတို့မှာ ထိုတိုက်ခိုက်မှုကို မခံနိုင်ပေ။ ဓားပျံက သံကျောကုန်းလိပ်၏ ခေါင်းကို ထိခိုက်တော့မည့်အချိန်မှာပင် အသက်အန္တရာယ်ကို သိလိုက်သဖြင့် ၎င်း၏ ခြေလက်အားလုံးကို အခွံအတွင်းသို့ ဆွဲသွင်းလိုက်သည်။
“ဘုန်း”
ပျံသန်းဓားသည် လိပ်ခွံကို ထိမှန်သွားသည်။ လိပ်ခွံပေါ်တွင် ရှင်းလင်းစွာ မြင်နေရသော ကြည်လင်သည့် အတားအဆီးတစ်ခု လင်းလာပြီး ဓားချီများ အတွင်းသို့ မဝင်နိုင်အောင် တားဆီးထားသည်။
သို့သော် ဓားပျံ ကြီးမားလှသော စွမ်းအားကြောင့် သံကျောကုန်းလိပ်မှာ နောက်သို့ လွင့်ထွက်သွားပြီး၊ ၎င်းအောက်တွင် ပုန်းနေသော ချင်းယန်မှာလည်း အတူတူ လုံးထွေးပြီး ပေ ၃၀၀ ခန့်အထိ လိမ့်ထွက်သွားသည်။
ဤအခွင့်အရေးကို သုံးကာ စုဝမ်ရှီသည် ယင်ယန်လေးပါးသင်္ကေတအစီအရင်ကို ပေ ၃၀၀ ပတ်လည်အထိ လျင်မြန်စွာ ချုံ့လိုက်သည်။ တချိန်တည်းမှာပင် စုချန်နှင့် စုဝမ်ရှီတို့ နှစ်ဦးလုံး အစီအရင်ပြင်ပသို့ ရောက်သွားကြပြီး ချင်းယန်နှင့် သူမ၏ သံကျောကုန်းလိပ်တို့သာ ပိတ်မိကျန်ရစ်ခဲ့တော့သည်။
အစီအရင်အပြင်ဘက် ရောက်သည်နှင့် စုချန်က အားပါးတရ ရယ်မောလိုက်သည်။
“စုဝမ်ရှီ... မင်းတော်တယ်။ အစီအရင်ကို အသက်သွင်းပြီး ချင်းယန်နဲ့ လိပ်ကြီးရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်သွားအောင် တိုက်ခိုက်စမ်း”
စုဝမ်ရှီသည် အစီအရင်ထိန်းချုပ်တံဆိပ်ပေါ်တွင် မန္တန်လက်ကွက်များ အဆက်မပြတ် ဖော်လိုက်သည်။ ယင်ယန်လေးပါးသင်္ကေတ အစီအရင်အတွင်း၌ ထက်မြက်သော ဓားမြှောင်များနှင့် အလားသဏ္ဍာန်တူသည့် လေပြင်းများ ရုတ်တရက် ပေါ်လာပြီး ချင်းယန်နှင့် သံကျောကုန်းလိပ်ဆီသို့ အရှိန်ပြင်းစွာ တိုက်ခတ်လာသည်။
သံကျောကုန်းလိပ်သည် ၎င်း၏ ခြေလက်များကို သိမ်းထားပြီး အခွံအတွင်း ပုန်းနေကာ၊ ၎င်း၏ ကိုယ်ထည်ဖြင့် ချင်းယန်ကို ဖိထားပြီး အကာအကွယ် ပေးထားသည်။ အမွှေးတိုင် တစ်ဝက်ထွန်းစာခန့်ကြာပြီးနောက် လေပြင်းများ တဖြည်းဖြည်း အားပျော့လာသည်။
စုချန်က စုဝမ်ရှီကို အေးစက်စွာ ကြည့်ပြီး “ဘာလို့ အစီအရင်ရဲ့ စွမ်းအားက အားနည်းသွားတာလဲ”ဟု မေးလိုက်သည်။
“တင်ပြပါတယ် ဘိုးဘေး၊ ယင်ယန်လေးပါးသင်္ကေတ အစီအရင်က တတိယအဆင့်ဖြစ်ပြီး၊ ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်က ဒါကို အချိန်အကြာကြီး ထိန်းထားဖို့ မလုံလောက်လို့ပါ”
စုဝမ်ရှီစကားကြောင့် စုချန်၏ မျက်နှာမှာ ဒေါသဖြင့် နီရဲသွားသည်။
“စုမိသားစုက မင်းကို နှစ်နှစ်ရာကျော် ပြုစုပျိုးထောင်ပေးခဲ့တာ၊ မင်း လုပ်နိုင်တာ ဒါပဲလား၊ အစီအရင်တံဆိပ်ပြား ပေးစမ်း”
အစောပိုင်းက အစွမ်းကုန် တိုက်ခိုက်ခဲ့သဖြင့် စုချန်၏ အိုမင်းသော ခန္ဓာကိုယ်မှာ ဝန်ပိနေပြီး၊ ဝိညာဉ်စွမ်းအားများ ကယောက်ကယက်ဖြစ်နေသည်။ စုချန်သည် ဖြစ်နိုင်လျှင် ဝိညာဉ်စွမ်းအားကို အနည်းငယ်မျှ အကုန်မခံလိုပေ။ သို့သော် စုဝမ်ရှီ၏ ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပြီဖြစ်ရာ သူကိုယ်တိုင် ကိုင်တွယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
စုချန်၏ ဆူပူကြိမ်းမောင်းမှုအောက်တွင် စုဝမ်ရှီ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာမူ လုံးဝမပြောင်းလဲပေ။ သူသည် အစီအရင်ပြားကို စူးချန်ဆီသို့ အသာအယာ ပစ်ပေးလိုက်သည်။
စုချန်သည် စုဝမ်ရှီ ပစ်ပေးလိုက်သော အစီအရင်တံဆိပ်ကို လှမ်းဖမ်းလိုက်ပြီး စတင် အသက်သွင်းလိုက်သည်။ ယင်ယန်လေးပါးသင်္ကေတ အစီအရင်အတွင်း၌ လေပြင်းများမှာ ယခင်ကထက် ပိုမိုပြင်းထန်စွာ ပြန်လည် တိုက်ခတ်လာသည်။
လေပြင်းများက အဆက်မပြတ် တိုက်ခတ်နေသဖြင့် သံကျောကုန်းလိပ်ခွံပေါ်ရှိ အလင်းလွှာလေး တုန်ခါလာပြီး မကြာမီမှာပင် ကွဲအက်တော့မည့်ပုံ ပေါ်နေသည်။ သံကျောကုန်းလိပ်၏ စွမ်းအားသက်သက်ဖြင့်သာ အစီအရင်၏ စွမ်းအားကို ရင်ဆိုင်ရန် မလုံလောက်တော့ပေ။
နောက်ဆုံးတွင် အလင်းလွှာမှာ ကွဲအက်သွားသည်။ လေပြင်းများမှာ လိပ်ခွံ၏ အပေါက်များမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားကာ၊ သေးငယ်သော ဓားမြှောင်ပေါင်းများပမာ သံကျောကုန်းလိပ်၏ အသားများကို လှီးဖြတ်တော့သည်။ သံကျောကုန်းလိပ်သည် နာကျင်မှုကို ခံစားရသဖြင့် ဂဏာမငြိမ် ဖြစ်လာသည်။
ချင်းယန်သည် သံကျောကုန်းလိပ်၏ အခြေအနေကို သိသဖြင့် ပေ ၂၀ ခန့်အထိ နီးကပ်လာသော အစီအရင်အတားအဆီးကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။
“အတားအဆီးကို မင်းရဲ့ အစွမ်းရှိသမျှနဲ့ ဝင်တိုက်စမ်း!”
သံကျောကုန်းလိပ်သည် ငြိမ်ထိုင်နေ၍ မရတော့မှန်း သိလိုက်သဖြင့်၊ ၎င်း၏ ခြေလက်များကို ဆန့်ထုတ်လိုက်ရာ၊ အသားများကို လှီးဖြတ်နေသော လေပြင်းများကြောင့် အသားနှင့် သွေးများမှာ ချက်ချင်းပင် အမဲစက်များ ဖြစ်သွားသည်။ ပြင်းထန်လှသော နာကျင်မှုကို ကြံ့ကြံ့ခံရင်း ၎င်းသည် အရှိန်အဟုန်ဖြင့် ခုန်တက်ကာ ၎င်း၏ ခိုင်မာလှသော အခွံဖြင့် အစီအရင်အတားအဆီးကို ဝင်တိုက်လိုက်သည်။
“ဘုန်း”
အစီအရင်အတားအဆီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သံကျောကုန်းလိပ်မှာ တုံ့ပြန်ကန်အားကြောင့် နောက်သို့ ဟန်ချက်ပျက်ကာ လဲကျသွားသည်။ အစီအရင်အပြင်ဘက်တွင် စုချန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ၏အတွင်း၌ သွေးများ ဆူပွက်လာသည်။
သံကျောကုန်းလိပ်၏ စွမ်းအားမှာ အလွန်ကြီးမားလှသဖြင့် ၎င်း၏ တိုက်ခိုက်မှုကြောင့် အစီအရင်အတားအဆီးမှာ ပေါက်ထွက်လုနီးပါး ဖြစ်သွားသည်။ စုချန်သည် အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားရန် သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို အသုံးချလိုက်ရသဖြင့်၊ ဝန်ပိနေသော သူ့ခန္ဓာကိုယ်မှာ ပိုမို အခြေအနေဆိုးလာပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
………