← Chapters

ချီသန့်စင်ခြင်းအဆင့် ဘိုးဘေး

Vol. 1 Ch. 1

ချီသန့်စင်ခြင်းအဆင့် ဘိုးဘေး

Vol. 1 Ch. 1

သေမျိုး ကမ္ဘာရှိ ကုပြည်နယ်မှ ကျယ်ပြန့်သော နယ်မြေတခု၌ ကျော်ကြားလှသည့် ချီမင် ဓားဂိုဏ်း တည်ရှိနေသည်။

ထိုဂိုဏ်းမှာ နာမည်သတင်း ကျော်စောလှပြီး မသိသူပင် မရှိသည့် ဂိုဏ်းဖြစ်၏ ။ ရာစုနှစ်တိုင်းတွင် ဂိုဏ်းအတွင်း၌ နတ်အသွင်ပြောင်းအဆင့်၊ ကာယကိုယ် ပေါင်းစပ်ခြင်းအဆင့် သို့မဟုတ် ကောင်းကင် ကပ်ဘေးအဆင့်များ ပေါ်ထွက်လေ့ရှိသည်။။ လွန်ခဲ့သည့် နှစ်ပေါင်း (3,000)ခန့်က ကောင်းကင် ကပ်ဘေးအဆင့်သို့ အဆင့်တက်ကာ အင်မော်တယ် လောကသို့ တက်လှမ်းသွားသည့် ဂိုဏ်းခေါင်ဆောင်လည်း ရှိခဲ့ဖူးသည်။

နှစ်ထောင်ချီကြာသည့်တိုင် ဂိုဏ်းဆက်လက်တည်တံ့နေခြင်းက ထိုအချက်ကြောင့်ဟုပင် ဆိုနိုင်သေးသည်။

ယခုနှစ်၌ ချီမင်ဓားဂိုဏ်း၏ အနှစ်နှစ်ဆယ် တကြိမ် ပြုလုပ်ကျင်းပသည့် တပည့်ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်သည်။ သို့ဖြစ်ရာ အင်မော်တယ်လမ်းစဉ်သို့ လျှောက်လှမ်းလိုကြသည့် နိုင်ငံအသီးသီးမှ လူငယ်များက ချီမင်တောင်အောက်မှ လွင့်မြောဓားမြို့သို့ ရောက်ရှိနေကြသည်။

သို့ရာတွင် ထိုည၌ ချီမင်ဓားဂိုဏ်းသို့ ကပ်ဘေးတခု ရောက်လာနေသည်ကို မည်သူမျှ မသိနေကြချေ။

ညအချိန်၌ တတိယမျိုးဆက်မှ တပည့်နှစ်ယောက်သည် သိုင်းကျမ်းများ၊ လှပသည့် ဆရာမများနှင့် ဆရာတူအစ်မ ၊ ညီမများအကြောင်း ဆွေးနွေးနေကြသည်။ ထို့အပြင် နောက်တနေ့ တပည့်ရွေးချယ်ပွဲ၌ ရေစက်ပါမည့်သူဖြင့် ဆုံရမည်လောဟု သိလိုစိတ် ပြင်းပျနေကြသေးသည်။

သို့ရာတွင် နှစ်ဦးသား စကားဆိုနေချိန်၌ တိမ်မည်းများက ချီမင်ဓားဂိုဏ်းအား လွှမ်းမိုးသွားရာ တောက်ပသည့် လမင်းပင် တိမ်များကြား၌ ပျောက်ကွယ်သွားတော့သည်။

ထိုခဏ၌ ဖိအားတခု သက်ဆင်းလာပြီး စောင့်ကြပ်နေကြသည့် တပည့်များမှာ မွန်းကြပ်သွားကြ၏ ။ ထို့ကြောင့် တပည့်များက ထူးဆန်းနေကြသော်လည်း ပူပန်ကာ သောကဖြစ်လာကြသည်။

ချီမင်တောင်တန်းအား ကာကွယ်ထားသည့် အစီအရင်အပြင်၌ မိုးကြိုးမြွေများ ပါဝင်နေသော တိမ်တိုက်များ ရှိနေသည်။ ထို့အပြင် မိုးခြိမ်သံအလား ထင်မှတ်ရသည့်အသံကြီးတခုကိုလည်း ကြားလိုက်ရသည်။

"လူအိုကြီး ချီမင်… ငါလက်စားချေဖို့ ရောက်လာပြီ…"

မိုးခြိမ်းသံက ကျယ်လောင်လာပြီး မိုးကြိုးများ သက်ဆင်းလာ‌သည်။ ထို့အပြင် မိုးကြိုးမြွေများက စုဝေးသွားကာ ကြီးမားသည့် မိုးကြိုးလှံအဖြစ် ကူးပြောင်းသွား၏ ။ ထို့နောက်တွင် အကာအကွယ် အစီအရင်အား စတင်တိုက်ခိုက်သည့်အတွက် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတော့သည်။

"မြန်မြန် ဂိုဏ်းခေါင်းဆောင်ကို တင်ပြကြ…"

ပြင်းထန်သည့် ရိုက်ခတ်မှုကြောင့် တပည့်များက မြေပြင်သို့ လဲကျသွားကြသည်။ သို့သော်လည်း ဒုတိယမျိုးဆက် တပည့်များက အလျင်အမြန် တုံ့ပြန်ကာ သတိပေးခေါင်းလောင်း တီးခတ်ရန် အော်ဟစ်ကြသည်။ ထို့ကြောင့် ခေါင်းလောင်း အနီးရှိနေသူက လက်သီး သုံးကာ ခေါင်းလောင်းအား အသံမြည်သွားစေ၏ ။

သတိပေးခေါင်းလောင်းထက်မှ အစီအရင်ကြောင့် ချီမင်တောင်တန်း တခုလုံး၌ ခေါင်းလောင်းသံ ညံသွားရသည်။ သို့မှသာ တောင်တန်းတွင် ရှိနေသူများက သတိပြုမိလိုက်သည်။ ဒုတိယမျိုးဆက် တပည့်များက ဆရာတူညီ၊ ညီမများအား လေူကင်းကာသို့ သွားရန် အလျင်အမြန်ညွှန်ကြားကြသည်။ ပထမမျိုးဆက် တပည့်များက ဓားပျံများစီးနင်း၍ အကြီးအကဲများနောက်မှ ကောင်းကင်သို့ ပျံတက်ကြသည်။ ခဏအတွင်းတွင် ချီမင်တောင်၏ ကောင်းကင်၌ ဓားပျံများဖြင့် လှပနေပေသည်။

သို့ရာတွင် ဖိတ်ခေါ်မှု မရှိသည့် ဧည့်သည်မှာ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများ လာသည်အထိ စောင့်စားရန် စိတ်မရှည်ပေ။ မိုးကြိုးလှံသည် အစီအရင်အား ချိုးဖောက်ပြု မပြုနိုင်ခြင်းကြောင့် တိမ်မည်းအဖြစ် ပြောင်းသွားပြန်သည်။ ထို့နောက်တွင် သားရဲလက်ကြီးတခု ပေါ်လာကာ ချီမင်ဓားဂိုဏ်းသို့ ရိုက်ပြတ်တော့၏ ။ ထိုခဏ၌ အစီအရင်တွင် အက်ကွဲသံမြည်လာကာ နှစ်ထောင်ချီကြာ တည်တံ့နေသည့် အစီအရင်မှာ တိမ်လက်သည်း၏ ရိုက်ပုတ်မှု၌ ဆပ်ပြာပူဖောင်းအလား ပျက်စီးသွားရသည်။

ထိုလက်သည်းကြီးက အရှိန်လျော့မသွားလဲ ဆက်လက်ဖျက်ဆီးနေသေးသည်။ ပင်မဂိတ်တံခါးနှင့် တောင်တန်းတလျှောက်ပင် ဖျက်ဆီးမှုဒဏ် ကြုံသွားရသည်။

ထိုခဏ၌ ဓားပျံတခု ပေါ်လာကာ ကြီးမားလှသည့် တိမ်လက်သည်းအား ခုတ်ပိုင်းလိုက်သည်။

ချီမင် တောင်တန်း၏ အမြင့်ဆုံးတောင်ထွဋ်၌ ပုံရိပ်တခုကိုလည်း မြင်လိုက်ရသည်။ ထိုသူက ရုပ်ရည်ပြေပြစ်သည့် ဝတ်ရုံဖြူရှင် တဦးဖြစ်ပြီး လေထဲသို့ ပျံတက်လာကာ စကားဆိုသည်။

"ဘယ်သူလဲ…"

"ဗဟုသုတနည်းတဲ့ ဂျူနီယာပါလား… မိုးကြိုး နတ်ဆိုးအရှင်ရဲ့ ဂုဏ်သဝင်းကို မကြားဖူးထားတာလား…"

တိမ်မည်းများက ဒေါသဖြစ်နေသည့်အလား ယိမ်းထိုးလှုပ်ရှားနေပေသည်။

"ဒီနေ့ ငါလာတာ လူအိုကြီး ချီမင်နဲ့ လက်ကျန်စာရင်းရှင်းဖို့… ထွက်လာခိုင်းလိုက်…"

"ချီမင် ဘိုးဘေးက အထက်လောကကို တက်သွားတာ နှစ်သုံးထောင်ကြာပြီ…"

ဂိုဏ်းခေါင်းဆောင် ကျူယွမ်ကျီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

"သူ့ကို ရှာချင်ရင် အင်မော်တယ် လောကဆီသွားတော့ ချီမင်ဓားဂိုဏ်းကို ကျူးကျော်လာမနေနဲ့…"

"ဟား ဟား ဟား ဟား…"

တိမ်တိုက်များမှ ရယ်သံများ ပေါ်ထွက်လာ၏ ။

"ရယ်စရာ ဟာသပဲ… ဒီလိုကောင် လူအို ချီမင်တောင် အထက်ဘုံဆီ သွားနိုင်တာလား… ရတယ်လေ မင်းတို့က သူ့တပည့်တွေပေါ့… ဒီနေ့ မင်းတို့ဂိုဏ်းကို ဖျက်ဆီးပစ်ရမယ် ပြီးတာနဲ့ အင်မော်တယ်လောကမှာ လက်စားချေရတာပေါ့…"

စကားအဆုံး၌ တိမ်မည်းများ ကင်းစင်သွားကာ ဝုံပုလွေခေါင်းနှင့် မြင်းကိုယ်ရှိသော ကြီးမားသည့် သားရဲတကောင်ကို ပေါ်လာသည်။ ကိုယ်၌ အမြီးသုံးခု ပါရှိနေပြီး အနက်ရောင် မိုးကြိုးများ ဝန်းရံထားသည်ကိုလည်း မြင်တွေ့နိုင်သေးသည်။

ထိုသားရဲမှာ လွန်ခဲ့သည့် နှစ်သုံးထောင်ခန့်က ဘိုးဘေးဖြစ်သူ ချိတ်ပိတ်ခဲ့သော သားရဲပင်…

သားရဲ၏ မူလကိုယ်အား မြင်ရချိန်၌ ကျူယွမ်ကျီပင် မျက်မှောင်ကြုံ့မိသွား၏ ။

All Chapters