← Chapters

နှစ်သုံးထောင်ကြာ ချီသန့်စင်ခြင်း

Vol. 1 Ch. 3

နှစ်သုံးထောင်ကြာ ချီသန့်စင်ခြင်း

Vol. 1 Ch. 3

……

ချီမင်ဓားဂိုဏ်း၏ ဂိတ်တံခါးတွင် ဖြစ်သည်။အကြီးအကဲများနှင့် တပည့်များက ခေါင်းဆောင်ဖြစ်သူ တိုက်ခိုက်သည်ကို မြင်နေကြ၏ ။

ကောင်းကင်ယံ၌ မိုးကြိုးမြွေနှင့် ဓားချက်များ ရှိနေပြီး စွမ်းအင်တချို့က မြေပြင်သို့ ကျဆင်းလာသည့်အတွက် တောင်ကုန်းများပင် ပျက်စီးသွားရသည်။

"အား…"

မိနစ် အနည်းငယ် ကြာပြီးချိန်၌ အသံတချို့ကြားရကာ ကောင်းကင်ယံ မှပုံရိပ်တခု ကျလာသည်။

ဖုန်များ ပျောက်ကွယ်သွားချိန်၌ ကျူယွမ်ကျီက ဖြည်းညင်းစွာ မတ်တပ်ထရပ်သည်။ လက်တွင် ဓားကိုင်ဆောင်ထားသေးသော်လည်း ပါးစပ်၌ သွေးများစွန်းထင်းနေသည်။ ထို့အပြင် ကောင်းကင်ယံသို့ သုန်မှုန်စွာ ကြည့်နေသေးသည်။

"ဟား ဟား ဟား နှစ်ထောင်ချီကြာတော့ ချီမင်ရဲ့ ဆက်ခံသူတွေက အာပလာတွေပါလား…"

မိုးကြိုးနတ်ဆိုး အရှင်က မြေပြင်မှ ကျူယွမ်ကျီအားကြည့်ကာ မြေပြင်သို့ ဆင်းသက်လာသည်။

"မင်းရှုံးပြီ… လူအိုကြီး ချီမင်ရဲ့ဂိုဏ်းလည်း နေဝင်ပြီပဲ…"

သားရဲဖြစ်သူက ခေါင်းမော့လိုက်ရာ ဦးချိုထက်၌ မိုးကြိုးအလင်းထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်များဖြင့် ဆက်သွယ်နေသည့်အလား ထင်မှတ်ရသည်။

သို့ရာတွင် ကောင်းကင်ယံမှ ပုံရိပ်တ‌ခု‌ ကျဆင်းလာပြီး မိုးကြိုးသားရဲအား ကန်ထုတ်ပစ်လိုက်သည်။

"ဘုန်း…"

မိုးကြိုးသားရဲက ဂိုဏ်းအပြင်သို့ လွင့်စင်သွားကာ တောင်ကုန်းတခုအား ပျက်စီးသွားစေသည်။

"ဘယ်သူတုန်း…"

သားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကျူယွမ်ကျီ၏ ရှေ့၌ ရပ်နေသော လူငယ်ကို မြင်သွားသည်။

"ငါ့နာမည်က ပိုင်ချူးရန်…"

ထိုသူက ပြုံးကာ ပြောပြန်သည်။

"ဒီနေ့ ငါ့ဆရာ တာအိုသခင် ချီမင်ကိုယ်စား ကျုပ်က ခင်ဗျားကို သတ်မယ်…"

မိုးကြိုးသားရဲအား လူငယ်အား စိုက်ကြည့်ကာ ရယ်မိသွားသည်။

"ဟား ဟား ဟား… မင်း ဘာတွေလာပြောနေတာတုံး… မင့်စကားက ငါ့ဘဝတလျှောက်လုံးမှာ ရယ်စရာအကောင်းဆုံးပဲ…"

မိုးကြိုးသားရဲက ပိုင်ချူးရန်အား ခြေထောက်ဖြင့် ညွှန်ကာ ရယ်မောကာ ပြောပြန်သည်။

"ချီသန့်စင်ခြင်းအဆင့်က လူအို ချီမင်ရဲ့ တပည့်တဲ့လား… ဟားဟား မင့်စကားက ငါ့စိတ်ကူးနိုင်တာထက်ကို စော်ကားတာပဲ…"

ရယ်သံများ ငြိမ်သွားချိန်၌ မိုးကြိုးသားရဲက ပြောပြန်သည်။

"သွားတော့ ငါမင်းကို ခွင့်ပြုတယ်…"

"မလိုဘူး…"

ပိုင်ချူးရန်က ပြုံးက မျက်မှောင်ကြုံ့လိုက်၏ ။

"ခင်ဗျားက ချီသန့်စင်ခြင်းအဆင့်နဲ့ ပြဿနာရှိဖူးတာလား…"

"ပြောပါဦး…"

မိုးကြိုးသားရဲက စကားမဆိုတော့ဘဲ ပါးစပ်ဟကာ ပိုင်ချူးရန်တို့ နှစ်ဦးသားအား မိုးကြိုးဖြင့် မှုတ်ထုတ်ရန် ကြိုးစားလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်…"

ထိုမြင်ကွင်းကြောင့် တပည့်များက အော်ဟစ်နေကြသည်။ ကျူးယွမ်ကျီမှာ တည်ငြိမ်နေဆဲပင်။ အကြောင်းမှာ ပိုင်ချူးရန်က ဓားထုတ်လိုက်ခြင်းကြောင့် ဖြစ်၏ ။

ပိုင်ချူးရန်၏ ဒန်တျန်မှ ပင်လယ်ပြင်အလား ချီများ ထွက်လာကာ ဓားဖြင့်ပေါင်းစပ်ကာ မီးလျှံများဖြစ်သွားသည်။ ထိုအကွက်က ကျင့်ကြံသူတိုင်း အသုံးပြုနိုင်သည့် အခြေခံအကွက်ပင် ဖြစ်၏ ။

"မီးတောက်ဓားချက်…"

မီးတောက်များက ကောင်းကင်သို့ ထိုးတက်ကာ နှစ်ပိုင်းခြမ်းသွားသကဲ့သို့ သားရဲသည်လည်း နှစ်ပိုင်းပြတ်သွားရသည်။ ထိုနည်းတူပင် သားရဲ၏ အနောက်မှ တောင်သည်ပင် နှစ်ခြမ်းကွဲသွားသေးသည်။

ပိုင်ချူးရန်က မီးတောက်ကြောင့် အရည်ပျော်သွားရသည့် ဓားအား လွှင့်ပစ်ကာ အေးစက်စွာ စကားဆိုသည်။

"ချီသန့်စင်ခြင်းအဆင့်ကို အထင်သေးတာလား… ငါကတော့ အားကောင်းတယ်လေ…"

ပိုင်ချူးရန် ဟူသည့်အမည်အား ချီမင်ဓားဂိုဏ်း၏ တပည့်ဟောင်းများ စာရင်း၌ မြင်တွေ့နိုင်သည်။

လွန်ခဲ့သည့် နှစ်သုံးထောင်ခန့်က ကိုးပြည်နယ် နတ်ဆိုးနှင့် နန်းတော်ဆယ်ခု အငြင်းပွားကြသည့်အတွက် ပြည်သူပြည်သားများစွာ သုတ်သင်ခံရသည်။ ထိုအချိန်၌ နတ်ဆိုးများဖြင့် စစ်ပွဲကြောင့် ဂိုဏ်းကြီးများက အထိနာထားသည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်နိုင်ကြသည်။

ထိုကဲ့သို့သော မတည်ငြိမ်သည့် အနေအထား၌ တာအိုသခင် ချီမင်ဟူသည့် ပါရမီရှင်တဦး ပေါ်ထွက်ခဲ့သည်။ ထိုသူက ဓားကိုင်ဆွဲကာ နတ်ဆိုးများအား ရှင်းပစ်၌ ပြည်နယ်ကိုးခုနှင့် နန်းတော် ဆယ်ခုအား ပြန်လည်ငြိမ်းချမ်းစေသည်။ ထို့နောက်တွင် ကုပြည်နယ်ရှိတောင်တန်း၌ အခြေချကာ ပါရမီရှင်များအား ပျိုးထောင်၍ ချီမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့သည်။

ပိုင်ချူးရန်မှာ တာအိုသခင် ချီမင် မွေးစားထားသည့် တပည့်များမှ တဦးပင်။ တာအိုသခင်အနေဖြင့် စစ်ပွဲအတွင်းမှ ကောက်ယူမွေးစားထားသူ ဖြစ်၏ ။ထိုမတိုင်မီကာလ၌ စစ်မြေပြင်၌ လှည့်လည်သွားလာကာ အလောင်းများထံမှ ပစ္စည်းများ စုဆောင်း င်္ယူဆောင်ခြင်း ပြုလုပ်နေခဲ့သည်။

သို့သော်လည်း ကောင်းကင်အဆင့် သစ်သား စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်ခြင်းကြောင့် တာအိုသခင် ချီမင်၏ နှစ်သက်မှုရရှိကာ တတိယမြောက် တပည့် ဖြစ်လာသည်။

ပိုင်ချူးရန်က ပါရမီမြင့်မားလှပြီး တပည့်များကြား၌ ထိပ်သီးစာရင်း ရပ်တည်သူ ဖြစ်သည်။ အသက်ဆယ်နှစ်၌ ကျင့်ကြံမှုစတင်ခဲ့သည်။ ဆယ့်နှစ်နှစ် အရွယ်၌ ကိုယ်ကာယ တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကာ အင်မော်တယ် လမ်းစဉ်စတင်ခဲ့၏ ။

ထိုအချိန်က ကျင့်ကြံခြင်းလောက တခုလုံးပင် မျှော်လင့်ချက်ထားခြင်း ခံခဲ့ရသေးသည်။ ဒုတိယမြောက် တာအိုသခင် ချီမင်ဟုလည်း တွေးထားကြ၏ ။

All Chapters