Chapters

နှစ်သုံးထောင်ကြာ ချီသန့်စင်ခြင်း(၁)

Vol. 1 Ch. 4

နှစ်သုံးထောင်ကြာ ချီသန့်စင်ခြင်း(၁)

Vol. 1 Ch. 4

ပိုင်ချူးရန်သည်လည်း ဆက်လက်ကြိုးစား ကျင့်ကြံခဲ့သည်။ အသက် ဆယ့်ခုနှစ်နှစ် အရွယ်၌ အဆင့်တစ်ဆယ် ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိကာ သမိုင်းတလျှောက်တွင် အငယ်ဆုံး ကျင့်ကြံသူဖြစ်လာသည်။

ဆရာဖြစ်သူက ဝမ်းမြောက်လှသည့်အတွက် ကောင်းကင် ကပ်ဘေးရင်ဆိုင်ရမည်ကို ရွှေ့ဆိုင်းကာ ကိုယ်တိုင်ပင် အခြေတည် ဆေးလုံး ပြုလုပ်ပေးသည်။

ဆရာဖြစ်သူ၏ အထောက်အပံ့ အပါအဝင် စီနီယာများ၊ ကျင့်ကြံခြင်းလောက၏ မျှော်လင့်ထားချက်နှင့်အတူ ပိုင်ချူးရန်က အဆင့်တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံခဲ့၏ ။ ဆေးလုံးအား ချေဖျက်ကာ သုံးရက်ကြာပြီးချိန်၌ အဆင့်ဆယ့်တစ် ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသည်။

ထိုစဉ်က လူအများမှာ ပိုင်ချူးရန်၏ ပါရမီဟုသာ တွေးခဲ့ကြသည်။ ဆရာဖြစ်သူကလည်း နှစ်သိမ်းစကားပင် ဆိုသေး၏ ။

"ရှေးခေတ်တုန်းက ချီသန့်စင်ခြင်း အဆင့်ဆယ့်ငါး ရောက်တဲ့သူတောင် ရှိဖူးတယ်… သူတို့က နောက်ပိုင်းအချိန်တွေမှာ စွမ်းဆောင်ရည် ပိုမြင့်ကြတာပေါ့…"

နှစ်သုံးထောင် ကြာပြီးချိန်၌ ဆရာဖြစ်သူပင် အင်မော်တယ် လောကသို့ တက်လှမ်းသွားခဲ့သည်။ ဆရာတူ အစ်ကိုကြီးမှာ ဂိုဏ်းခေါင်းဆောင် ဖြစ်လာ၏ ။ သို့သော်လည်း ကောင်းကင်ကပ်ဘေး ရင်ဆိုင်ရာ၌ ကျရှုံးသည့်အတွက် အသက်ဆုံးရှုံးသွားသည်။ ယနေ့တွင် ဆရာတူညီမ‌လေး၏ ခြောက်ခုမြောက်မျိုးဆက်မှ မြေးဖြစ်သူပင် အခြေတည်အဆင့်သို့ တက်လှမ်းကာ ဓားပျံစီးနင်းနိုင်ပြီ ဖြစ်သည်။

ပါရမီမြင့်မားလှသည့် ပိုင်ချူးရန်မှာ ချီသန့်စင်ခြင်း အဆင့်(66,664) သို့ ရောက်ရှိနေသည်။

ယနေ့တွင် လွန်ခဲ့သည့် နှစ်ခုနှစ်ရာခန့်က ခရီးသွားလာရာ၌ တွေ့ကာ ခေါ်ယူခဲ့သော ကလေးငယ်ပင် မဟာအကြီးအကဲ ဖြစ်နေပြီ ဖြစ်သည်။ ထိုသူက ကောင်းကင်ကပ်ဘေးဖြင့် ရင်ဆိုင်ရန် တံခါးပိတ်ကျင့်ကြံနေသည်။ သို့သော်လည်း ပိုင်ချူးရန်က အခြေတည်အဆင့် တက်လှမ်းရန် ကြိုးစားရုန်းကန်နေရ‌ဆဲပင်။

ပိုင်ချူးရန်က လက်လျော့မှု မပြုချေ။

မိုးကြိုးနတ်ဆိုးအရှင်အား ရှင်းပြီးချိန်၌ ကျူယွမ်ကျီက တပည့်များအား သန့်ရှင်းရေးပြုလုပ်ရန် ညွှန်ကြား၏ ။ ထို့နောက်တွင် ပင်မတောင်ထွဋ်၌ အကြီးအကဲများ စုဝေးကာ ပိုင်ချူးရန်အား အရိုအသေပြုသည်။

"ဒီတခေါက် ကယ်ပေးလို့ ကျေးဇူးပါပဲ…"

ဂိုဏ်းခေါင်းဆောင် ခြံဝန်းသို့ ရောက်ချိန်၌ ကျူယွမ်ကျီက အကြီးအကဲများနှင့်အတူ အခန်းတခုသို့ ဝင်သွားသည်။ သို့သော်လည်း ပင်မထိုင်ခုံအား ပိုင်ချူးရန်ကိုသာ ထိုင်စေသည်။

"မိုးကြိုး နတ်ဆိုးအရှင်က မဟာ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို ယှဉ်လို့ရတယ်… အမှန်တရား မဟာမိတ်မှာတောင် သူ့ကို ကိုင်တွယ်နိုင်မယ့်သူ မရှိလောက်ဘူး… မဟုတ်ရင်တော့ ချီမင်ဓားဂိုဏ်းတင်မကဘူး တလောကလုံးအတွက် ကပ်ဘေးဖြစ်နေမှာ…"

"မပြောပပါဘူး…"

ပိုင်ချူးရန်က သာမန်သာ ပြောသည်။

"ဆရာ့တပည့်တွေထဲ ငါတ‌ယောက်ပဲ ကျန်တော့တာ ပြီးတော့ ဆရာ့အမွေအနှစ်ကို စောင့်ရှောက်ဖို့ကလည်း ငါ့တာဝန်ပဲလေ…"

"ကံကောင်းလို့ တပည့်တွေ ဒဏ်ရာမရကြတာ ဒါပေမယ့် ဂိုဏ်းမှာတော့ ပျက်စီးတာတွေ ဖြစ်သွားတယ်…"

အကြီးအကဲသုံး ပိုင်ယွမ်ကျီက ပြောလာသည်။

"ဂိုဏ်းခေါင်းဆောင် မနက်ဖြန် ရွေးချယ်ပွဲကို ဘယ်လိုလုပ်မလဲ…"

"နောက်သုံးလ ရွှေ့တာပေါ့…"

ကျူယွမ်ကျီက ခဏကြာစဉ်းစားကာ ပြောလိုက်သည်။

"မိုးကြိုးသားရဲကြောင့် စီစဉ်ထားတာတွေ ပျက်စီးသွားပြီ… ဒါအတွက် မင်းကို တာဝန်ပေးမယ် အပျက်အစီးကို မြန်မြန်ပြန်ပြင်… မျောလွင့်ဓားမြို့ထဲက တပည့်တွေအတွက် သုံးလစာ နေထိုင်စရိတ်ကို ချီမင်ဓားဂိုဏ်းကနေ ထောက်ပံ့လိုက်…"

"အကာအကွယ် အစိီအရင်ကိုလည်း ပြန်လုပ်ရမယ်… "

အကြီးအကဲခြောက် ချင်ကျွမ်ဇီက ဝင်ပြောလာ၏ ။

"ဂိုဏ်းခေါင်းဆောင်နဲ့ မိုးကြိုးသားရဲ တိုက်ခိုက်တုန်းက ထွက်လာတဲ့ စွမ်းအင်အကြွင်းအကျန်ကြောင့် ကုန်လှောင်ရုံနှစ်ခုနဲ့ အဆောက်အဦးတော်တော် ပျက်စီးသွားသေးတယ်… အထဲက ဝော်တော်များများ ပျက်စီးတာတွေကိုလည်း ပြန်လုပ်ရဦးမယ်…"

"ဟုတ်ပြီ မင်းကပဲ တပည့်မျိုးဆက် တခု ဦးဆောင်ပြီး ဖြေရှင်းတော့… ရန်ပုံငွေလိုရင် လျိုယွမ်ကျီကို ပြောထားမယ်…"

ကျူယွမ်ကျီက ထောက်ခံပြောလာသည်။

"ဟုတ်ကဲ့…"

အမျိုးသမီး အကြီးအကဲ နှစ်ဦးဖြစ်သည့် ချင်းယွမ်ဇီနှင့် လျိုယွမ်ကျီတို့က အခြေအနေကို ဖြေရှင်းရန်အမိန့်လက်ခံလိုက်ကြသည်။