ရှင်သန်နေထိုင်ရန် နောက်ဆုံးသောနှစ်
Vol. 1 Ch. 5
မိနစ်အနည်းငယ် ကြာပြီးချိန်၌ ကျူယွမ်ကျီနှင့် တခြားသော အကြီးအကဲများက ကျန်နေသည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးကြသည်။
ထိုအချိန်၌ ပိုင်ချူးရန်က စကားမဆိုဘဲ တိတ်တဆိတ်သာ ကြည့်နေသည်။ ဆွေးနွေးပြီးချိန်မှသာ စကားဆိုတော့သည်။
"အချိန်က မြန်တာပဲ… ဘာမှ မသိတဲ့ ကလေးကနေ အခုတော့ ဂိုဿ်းခေါင်းဆောင် ဖြစ်လာပြီ…"
"ဘိုးဘေးငယ်ကို မှီခိုနေရတုန်းပါပဲ…"
ကျူယွမ်ကျီက ရိုးသားစွာပင် ပြန်ဖြေသည်။
သူ့အနေဖြင့် ဂိုဏ်းခေါင်းဆောင် ရာထူးရစဉ်က နတ်ဆိုးများနှင့် အမှန်တရားဂိုဏ်းတချို့၏ လုပ်ကြံမှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုစဉ်က ပိုင်ချူးရန်ကသာ ကယ်တင်ပေးခဲ့၏ ။
"ငါတော့ မင်းကို ဒီလိုမြင်ရတာ စိတ်အေးတယ်…"
ပိုင်ချူးရန်က ရယ်လိုက်ပြန်သည်။
"မနက်ဖြန် တောင်အောင်ဆင်းဦးမယ်…"
"ဘိုးဘေးငယ်က ဘာလို့များလဲ…"
ကျူယွမ်ကျီက မေးမိသည်။
"တပည့်ရွေးချယ်ပွဲ ရောက်တော့မှာ… မိုးကြိုးသားရဲ တိုက်ခိုက်တာကို တခြားဂိုဏ်းတွေကလည်း သိပြီးလောက်ပြီ… ဘိုးဘေးငယ်သာ မရှိရင် သူတို့ တခုခု ကြံစဉ်လာနိုင်တယ်…"
"ကဲ ဘာတွေကြောက်နေတာတုံး…"
ပိုင်ချူးရန်က မေးလိုက်၏ ။
"အမှန်တရား မဟာမိတ်မှာ ဂိုဏ်းငါးခု ရှိတယ် ဂိုဏ်းခေါင်းဆောင် လေးယောက်ထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ ရှိနေလား…"
"ဒါက…"
ကျူယွမ်ကျီက ခဏကြာတွေးလိုက်ပြန်သည်။
"ကျွန်တော်ထင်တာက တကယ်လို့ ကံမကောင်းရင်…"
"နတ်ဆိုးအဖွဲ့လေးခုထဲ မင်းမနိုင်တဲ့သူ ရှိနေလား…"
ပိုင်ချူးရန်က ထပ်မေးပြန်သည်။
"ဟုတ်ပါပြီ…"
ကျူယွမ်ကျီက တုံ့ဆိုင်းနေသေးသည်။
"ကျွန်တော်ထင်တာက ကျွန်တော်ပိုကောင်းရင်…"
"ဒါဆို ဘာလို့ ကြောက်နေမလဲ…"
ပိုင်ချူးရန်က လက်ရမ်းပြလိုက်သည်။
"ရပြီလေ ငါတော့ မယုံဘူး… မင်းက အကြီးအကဲ ခေါင်းဆောင် မင်းကိုယ်တိုင် တပည့်ရွေးနိုင်ပြီလေ…"
"အဲ့လိုတော့ ထင်ရပါတယ်…"
ကျူယွမ်ကျီက ခေါင်းညိမ့်ကာ ထပ်မေးပြန်သည်။
"ဘိုးဘေးငယ်က ရုတ်တရက် ဝောာင်အောက် ဆင်းတာ ဘာလို့များလဲ… ကြယ်ခုနှစ်ခု တောင်ထွဋ်ဆီ သွားပြီးကတည်းက တောင်အောက်မဆင်းတာ ကြာပြီလေ…"
"အခုတော့ သွားဦးမယ်… အဆင့်တက်မယ်လို့ ခံစားမိနေတာ…"
ပိုင်ချူးရန်က စိတ်အားထက်သန်စွာ ပြောနေခြင်းပင်။
"ဒီတခေါက် အခြေတည်အဆင့်ရောက်မယ်လို့ ခံစားနေရတယ်… ဒါပေမယ့် အခြေတည်ဆေးလုံးအတွက် လိုတာတွေ ရှိနေသေးတာ အဲ့တာမို့ တောင်အောက်ဆင်းရှာရမယ်…"
"ဘိုးဘေးငယ်ရယ်…"
ကျူယွမ်ကျီက ရယ်မိသွားတော့သည်။
"အရင်တခေါက်ကလဲ ဒီလိုပဲ ပြောခဲ့တာလေ… အရင် နှစ်နှစ်ရာတုန်းကပေါ့… ကျွန်တော်တောင် ရွှေအမြုတေအဆင့်ရောက်ပြီ… ဘိုးဘေးကကော… ချီသန့်စင်ခြင်းအဆင့်မှာ ဆယ်ဆင့်တက်သွားတာ… ဘိုးဘေးသိထားသေးလား… မဟာအကြီးအကဲက တံခါးပိတ်မကျင့်ကြံခင် ကျွန်တော့်လက်ကို ကိုင်ပြီး ငိုသွားသေးတယ် သူ့အတွက် သေဖို့နဲ့ အဆင့်တက်ဖို့ပဲ ရှိတော့တာ… အဲ့တာကြောင့် ဘိုးဘေးငယ် ချီသန့်စင်ခြင်း အဆင့်ရောက်တာကို မမြင်နိုင်တော့ဘူးတဲ့…"
ပိုင်ချူးရန်က မျက်နှာပျက်သွားက လက်သီးကျစ်ကျစ် ဆုပ်မိသွားသည်။
"လျှောက်မပြောစမ်းနဲ့…"
အကြီးအကဲများ ရှိနေသော်လည်း ကျူယွမ်ကျီ၏ ဝတ်ရုံအား ဆွဲလိုက်သေးသည်။
"တောင်အောက်ဆင်းမယ် ပိုက်ဆံပြင်ထား… အို ဟုတ်သားပဲ ကောင်းကင် နှလုံးသားမြက်ကော…"
"ဘိုးဘေးငယ်…"
ကျူယွမ်ကျီက မျက်နှာပျက်သွား၏ ။
"ပိုက်ဆံအတွက်က ပြောစရာ မလိုပါဘူး ဒါပေမယ့် ကောင်းကင် နှလုံးသား မြက်ကတော့… ကျွန်တော်တို့တောင်ရှာဖို့ခက်ပါတယ်… ချီမင်ဓားဂိုဏ်းရဲ့ ရတနာတိုက်မှာတောင် မရှိတော့ဘူး… ကျွန်တော်ဘယ်မှာ ရှာရမလဲ…"
"အရင် နှစ်သုံးဆယ်တုန်းက တခုရထားတယ် မဟုတ်လား… ကလေးရေ လိမ်ဖို့ ကြိုးစားမနေနဲ့…"
ပိုင်ချူးရန်က ကျူယွမ်ကျီအား လက်ညှိုးထိုးလိုက်၏ ။
"မင်းက အဆိပ်လမ်းစဉ် ကျင့်တာလည်း မဟုတ်ဘူး… ဒါကို ငါ့ပေးလိုက်တာပဲ အသုံးဝင်လိမ့်မယ်…"
"အာ ကျွန်တော်က လေလံပွဲမှာ ရောင်းမှာလေ…'
ကျူယွမ်ကျီက တုံ့ဆိုင်းနေဆဲပင်။
"နောက်ပြီး ဘိုးဘေး အဆင့်မတက်နိုင်ရင် အချည်းအနှီးဖြစ်သွားမှာ မဟုတ်လား…"
"လျှောက်ပြောမနေနဲ့ ပေးမလား မပေးဘူးလား…"
ပိုင်ချူးရန်က မေးနေသည်။
ကျူယွမ်ကျီက တုံ့ဆိုင်းကာ ခေါင်းရမ်းလိုက်သည်။
"ရတယ်လေ အဆင်ပြေတယ်…"
ပိုင်ချူးရန်က အပြင်သို့ လျှောက်ကာ ရေရွတ်ပြန်သည်။
"ကလေးလျိုဆီ ပိုက်ဆံသွားယူရဦးမယ်… စကားမစပ် သူ့ကို ပြောလိုက်ရမလား အရင် နှစ်သုံးရာတုန်းက မင်းရယ် ရွှမ်ကလေးရယ် ကလေးငယ်ဖုရယ် ပိုင်ကလေးကော လရောင်ကန်မှာ ရေချိုးတာကို သွားချောင်းကြည့်တာပေါ့…"