← Chapters

မန်တောင်တန်းဆီသို့(၁)

Vol. 2 Ch. 12

မန်တောင်တန်းဆီသို့(၁)

Vol. 2 Ch. 12

ရှေ့ရောက်နေသည့် တန်ဝေကာ စိတ်ပျက်နေပုံရ၏ ။ သို့သော်လည်း ပိုင်ချူးရန်ဖြင့် အမြန်နှုန်းတူစေရန် မြင်းအား အရှိန်လျော့လိုက်သည်။

"မင်းက မြင်းတကောင်နဲ့ လာတာဆိုတော့ မြင်းစီးတတ်မယ် ထင်ထားတာ…"

တန်ဝေက အားလျော့စွာဖြင့် ပြောလိုက်သည်။

"ဒီလောက် အားကောင်းတာကို မြင်းမစီးတတ်မယ်လို့ မထင်ထားမိဘူး…"

"ဒါက… လမ်းလျှောက်သွားနေကြမို့ပါ…"

ပိုင်ချူးရန်က ပြုံးကာ ပြောလိုက်သည်။

"ဒါဆို ဘာလို့ မြင်းဝယ်ထားတာလဲ…"

တန်ဝေက မေးခွန်းထုတ်လာ၏ ။

"ပိုက်ဆံပေါနေပုံပဲ…"

"ခံစားချက် ကောင်းနေတာနဲ့ မြင်းဝယ်လိုက်တာ…"

ပိုင်ချူးရန်က ဟာသလုပ်နေသည်။

"မေးစရာ ရှိသေးလား…"

"ငါတော့ မင်းနဲ့အတူ သွားမိတာကို နောင်တရနေပြီ…"

တန်ဝေက သက်ပြင်းချသွား၏ ။

"ပုံမှန်ဆို ခရီးရောက်ဖို့ သုံးရက်ပဲကြာမှာ အခုတောင် ငါးရက်တောင်…"

"ဟားဟား…"

ပိုင်ချူးရန်က ကြောင်အမ်းအမ်းဖြင့် စကားဆက်သည်။

"တောင်းပန်ပါတယ်လေ ငါက အသက်ရလာတာနဲ့ ပိုပြီး အချိန်ဆွဲတတ်လာတာ…"

"ဒီညတော့ မန်တောင်တန်းနားက မြို့ငယ်ဆီ ရောက်‌သင့်တယ်… အဲ့ကို ရောက်ရင် ဈေးမှာ မြင်းရောင်းလိုက်တော့…"

တန်ဝေက ပြောနေသည်။

"ဘာဖြစ်ဖြစ် စီးဖို့ အဆင်မပြေဘူး မဟုတ်လား… မင်းရဲ့ ကျင့်ကြံမှုနဲ့ဆို လမ်းလျှောက်ရင်တောင် မြန်တာကို…"

လမ်းမှ စားသောက်ဆိုင်တွင် ပိုင်ချူးရန်က တန်ဝေအား ခရီးသွားရန် အဆိုပြုစဉ်၌ ပိုင်ချူးရန်၏ ကျွမ်းကျင်ပုံရသည့် ဟန့်န်ကြောင့် လက်ခံလိုက်ခြင်း ဖြစ်သည်။

ငါးရက်ကြာ ခရီးဆက်ပြီးချိန်၌ တန်ဝေတဦးတည်းကသာ လမ်းတလျှောက် သတိကပ်နေခဲ့ရသည်။ ပိုင်ချူးရန်က ပျော်ပါးလိုသည့်စိတ်သာ ရှိနေ၏ ။

နှစ်ဦးသားက လမ်းတလျှောက် ခရီးဆက်နေကြသည်။ ငါးရက် ကြာပြီးချိန်၌ မန်တောင်တန်းအား မြင်ရသည့် နေရာသို့ ရောက်သွားကြ၏ ။

ညမရောက်မီ အချိန်၌ နှစ်ဦသား မန်တောင်တန်းအနီးမှ မြို့ငယ်တခုသို့ ရောက်သွားသည်။ တန်ဝေက တည်းခိုဆောင်တခု ရှာဖွေကာ အချိန်တခုကြာ နားနေမည် ဖြစ်၏ ။

ပင်ပန်းနွမ်းနယ်ခြင်း မရှိသော်လည်း ပိုင်ချူးရန်က ဝိုင်နှင့် စားကောင်းသောက်ဖွယ်များ မှာကြားလိုက်သည်။ ထိုအချိန်၌ တန်ဝေက တည်းခိုဆောင် ပိုင်ရှင်အား နတ်ဆိုးများအကြောင်း မေးနေသည်။

"မန်တောင်တန်းက နတ်ဆိုး…"

တည်းခိုဆောင် ပိုင်ရှင်က မျက်မှောင်ကြုံ့သွား၏ ။

"အာ အခုတလော တော်တော် ရက်စက်နေတာ… ဒီနားက မြို့နဲ့ ရွာထဲက လူတွေလည်း တော်တော်များများ ေသကုန်ကြပြီ… နတ်ဆိုးက လှုပ်ရှားတာ မညန်တယ်… သူတိုက်ခိုက်ရင် အရိပ်မည်းပဲ မြင်ကြရတာ တိုက်ခိုက်ခံရတဲ့သူကတော့ အလောင်းတောင် မကျန်ရဘူး… လူလည်း မကြောက်ဘူး… နတ်ဆိုး သတ်ဖို့ လာတဲ့သူတွေတောင် အသက်မရှင်ကြဘူး… ငါတို့မြို့လည်း ဘယ်အချိန် အလှည့်ကျမလဲ မသိရသေးဘူးပေါ့… တောင်တန်းပေါ်က အင်မော်တယ် အရှင်တွေ လာပြီး ထိန်းသိမ်းပေးရင် ကောင်းမှာ…"

"သူတို့ကို မလိုပါဘူး…"

တန်ဝေက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"သေမျိုးလူသားတွေက ကိုယ့်ဘာသာ အားကိုးရမှာ…"

"မင်းတို့က နတ်ဆိုးကို ရှင်းပစ်မို့လား…"

စားသောက်ဆိုင် ပိုင်ရှင်က အတွင်းရှိ စားပွဲတချို့၌ ထိုင်နေသည့် လူများအား ညွှန်ပြကာ ပြောလာသည်။

"မင်းတို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတာကောင်းမယ်… နတ်ဆိုးသတ်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကြွယ်ဝတဲ့သူတွေဆိုတော့ မင်းကို လိုက်ခွင့်ပေးမှာပါ… နတ်ဆိုးက အန္တရာယ်များတယ် မသေချင်းစမ်းပါနဲ့ကွာ…"

"ဒီက အစိုးရတွေကကော နတ်ဆိုးကို ဆုကြေး မထုတ်ထားဘူးလား…"

တန်ဝေက ထပ်မေးကြည့်ပြန်သည်။

"ဘယ်ထုတ်ပါ့မလဲ… အခု ဧကရာဇ်က မသေမျိုးလမ်းစဉ်ပဲ အာရုံစွဲနေတာ ငါတို့လို လူတွေ သေတာရှင်တာကို ဂရုမထားတော့ဘူး…"

တည်းခိုဆောင် ပိုင်ရှင်က စာရင်းစာအုပ်ပိတ်၍ ခေါင်းငုံ့သွား၏ ။

"အခု အခွန်ငွေတွေလည်း စိတ်ဝိညာဉ် အကြံပေးရဲ့ ဆေးဖာ်စပ်တဲ့အထဲ ရောက်သွားတာ… လူတွေအတွက်ကို မကျန်တော့ဘူး… နတ်ဆိုးကို ဖယ်ရှားဖို့ ငွေကုန်မခံတော့ဘူးလေ… ငါတို့တွေဆို ရုံးတော်အပေါ် မယုံတော့တာ ကြာနေပြီ…"

တန်ဝေက စားပွဲဆီသို့ နှုတ်ဆိတ်ကာ ပြန်လာသည်။ ဝိုင်ငှဲ့နေသည့် ပိုင်ချူးရန်က တဖက်သူအား မေးကြည့်သေးသည်။

"ဘာဖြစ်တာများလဲ… ညီအစ်ကိုတန် မျက်နှာ မကောင်းပါလား နတ်ဆိုးက တော်တော်ဆိုးဝါးလို့လား…"

"အံဩစရာတော့ ကောင်းတယ်…"

တန်ဝေက နတ်ဆိုးအကြောင်းသာ စကားဆက်သည်။

"ပိုင်ချူးရန် မနက်ဖြန် မြင်းရောင်းပြီးရင် ကိုယ့်လမ်းကိုယ် သွားကြတာပေါ့…"

"အို…"

ပိုင်ချူးရန်က ဝိုင်ကရားအား စားပွဲထက်သို့ ချထားလိုက်သည်။

"ဘာလို့များလဲ… ငါလည်း မန်တောင်တန်းဆီ သွားနေတာလေ…"

တန်ဝေမှ စကားပြန်လာ၏ ။

"ပိုင်ချူးရန် ငါပြောတာနားထောင် မင်းက ဆေးပင်ရှာဖို့ သွားမှာ… ဆေးပင်ရပြီးရင် ထွက်သွားတော့… နတ်ဆိုးက တော်တော့်ကို အန္တရာယ်များတယ်… ငါတို့လို့ ကိုယ်ခံပညာ ကျွမ်းကျင်တဲ့သူတောင် ဘေးများသေးတာ… အသက်ရှင်ချင်တယ်ဆို မသွားနဲ့…"

"ညီအစ်ကိုတန်က ပြောလာမှတော့လည်း ဟုတ်ပါပြီ…"

ပိုင်ချူးရန်က အခြေအနေ မသိသူ မဟုတ်သော်လည်း ခရီးတလျှောက် အဖော်တယောက်သာ အလိုရှိသည်။ တဖက်လူမှ ထွက်ခွာစေလိုသည် ဖြစ်ရာ လိုက်လျောပေးရန် ဝန်လေးမည် မဟုတ်ချေ။

"ညီအစ်ကိုတန်…"

ချူးရန်က ပြောပြောဆိုဆိုဖြင့် တန်ဝေအား ပြောလိုက်သည်။

"မိတ်ဆွေ တယောက်ရတာ ဝမ်းမြောက်မိပါတယ်… ရေစက်ပါရင် ထပ်ဆုံကြတာပေါ့…"

All Chapters