လူသေကောင် နတ်ဆိုး
Vol. 2 Ch. 13
………
နောက်တနေ့ နံနက်၌ တန်ဝေမှ ပိုင်ချူးရန်အား မြင်းဈေးသို့ ခေါ်သွားပေးပြီးနောက်တွင် ကိုယ်စီ ထွက်ခွာသွားကြသည်။
တန်ဝေက မြို့ထဲ၌ ဆက်လက်နေထိုင်ဆဲ ဖြစ်ပြီး မည်သို့ ရှေ့ဆက်ရမည်ကို မသိနေသေးပေ။ သို့ရာတွင် ပိုင်ချူးရန်က စိတ်လက်ပေါ့ပါးစွာဖြင့် မန်တောင်တန်းဆီသို့ ထွက်ခွာသွားသည်။
မန်တောင်တန်းပေါ်၌ နတ်ဆိုးများသာမက ကြမ်းတမ်းသည့် သားရဲများလည်း ရှိသေးသည်။
စိတ်ဝိညာဉ် စွမ်းအင်များ စုဝေးရာနေရာဖြစ်သည့် မန်တောင်တန်း၌ ဆေးဖော်စပ်ရာ၌ လိုအပ်သည့် အရာများစွာ ရှိနေသည်။ သို့ဖြစ်ရာ သားရဲများသည်လည်း တခြားသော နေရာများထက် သန်မာကြ၏ ။ ဉာဏ်ရည်မြင့်မားကာ ဂါထာတချို့ အသုံးပြုနိုင်သည့် စိတ်ဝိညာဉ်သားရဲများပင် ရှိသေးသည်။
ထိုအရာများမှာ ပိုင်ချူးရန်အတွက် ခြိမ်းခြောက်မှု မဟုတ်ကြပေ။ သူ့အနေဖြင့် လက်ရှိအဆင့်တွင်သာ ရှိနေသော်လည်း နှစ်သုံးထောင်ကာလ၌ မန်တောင်တန်းထက် အန္တရာယ်များသည့် နေရာများစွာသို့ ရောက်ရှိပြီး ဖြစ်သည်။
အခြေတည်ဆေးလုံး ဖန်တီးရန် ဆေးပင်များ လာရောက်ရှာဖွေခြင်းဖြစ်၏ ။ ပိုင်ချူးရန်၏ အခြေတည်ဆေးလုံးက သာမန်ဆေးလုံးဖြင့် ကွာခြားလှသည်။ အထူးအခြေအနေဖြင့် ကိုက်ညီရန် သီးခြားအမယ်များစွာကို ထပ်ထည့်ရမည် ဖြစ်သည်။ သာမန်ချီသန့်စင်ခြင်းအဆင့်မှ သူ၏ ဆေးလုံးအား သောက်သုံးမိပါက စွမ်းအားကို ခံနိုင်မည် မဟုတ်ဘဲ ပေါက်ကွဲသွားရမည် ဖြစ်သည်။
လက်ရှိ အချိန်၌ ချူးရန်မှာ အဆင့်တက်ရန် နီးစပ်နေသည်။ ဆေးဖော်စပ်ရန်အတွက် ဆေးပင် အနည်းငယ်သာ လိုအပ်သည်။ ထိုဆေးများက အဆင့်မြင့်မားလှသည့် အရာများ မဟုတ်သော်လည်း သာမန်တွေ့မြင်နေကြအရာများ မဟုတ်ကြချေ။ ကျင့်ကြံသူ အများစု လျစ်လျူရှုသည့် အရာများ ပါနေသည့်အတွက် ကိုယ်တိုင်ခူးဆွတ်ရန် ဖြစ်လာသည်။
နေ့တဝက်ခန့် ခရီးဆက်ပြီးချိန်၌ မန်းတောင်တန်းပေါ်သို့ ရောက်နေပြီ ဖြစ်၏ ။ ပိုင်ချူးရန်က စိတ်ဝိညာဉ် သိစိတ်ဖြင့် ဆေးပင်များအား ရှာဖွေကြည့်လိုက်သည်။
ချူးရန်က အခြေတည်အဆင့် မတက်လှမ်းနိုင်သေးသော်လည်း နှစ်ထောင်ချီ လေ့ကျင့်မှုကြောင့် စိတ်ဝိညာဉ် အားကောင်းလှသည်။
စိတ်ဖြင့် တိုက်ကွက် ဖန်တီးနိုင်သည်အထိ စိတ်စွမ်းအား အဆင့်မြင့်လှသူ ဖြစ်သည်။ သို့ဖြစ်ရာ သာမန် အင်မော်တယ်ထက်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေလိမ့်မည်။
မန်တောင်တန်း၌ ရပ်နေနေပြီး စိတ်ဝညာဉ် ဖြန့်ကျက် စစ်ဆေးလိုက်ရာ လိုအပ်သည့် ဆေးပင်များ တည်ရှိရာကို ရှာတွေ့သွားသည်။
ဆေးပင်များ ဆွတ်ခူးချိန်၌ စမ်းချောင်းတခု အနီးမှ နတ်ဆိုးအသွင်ပြောင်းတော့မည့် မြွေမည်းကြီးဖြင့် ကြုံရသေးသည်။ လူသားစားမြွေမှာ လက်ဝါးချက်၌ သေဆုံးသွားရသည်။ နတ်ဆိုးအမြုတေကို ရလိုက်သည့်အတွက် ဆေးလုံး ဖန်တီးရာ၌ အာနိသင်တိုးစေဦးမည် ဖြစ်သည်။
"ဒါက နောက်ဆုံး ဆေးပင်ပဲ…"
တောင်ကုန်းတခုပေါ်၌ လူ၏ နှလုံးသား သဏ္ဍာန်ဖြစ်နေသည့် ဆေးပင်တခု ရှိနေသည်။ ချူးရန်က ထိုဆေးပင်အား သိုလှောင်အိတ်တွင် ထည့်ကာ မြေပြင်သို့ ဆင်းသက်လိုက်သည်။
"အခြေတည်ဆေးအတွက် လိုတာတွေ အကုန်ရပြီ… အခုက သက်ရှည်ဆေးအတွက် လိုတာ ရှာရမယ်…"
ပိုင်ချူးရန်၏ စိတ်၌ ရွှယ်လင်၏ မျက်နှာအား မြင်ယောင်က စိတ်မသက်မသာ ဖြစ်သွား၏ ။
"တကယ် စိတ်မသက်သာစရာပဲ… တခြားသူတွေက နှစ်သုံးထောင်ထဲနဲ့ မြေအောက်လောက အကန့်အသတ်ကို ကျော်နိုင်ပြီးတော့ ထာဝရ ရှင်သန်နိုင်ပြီ… ငါကတော့ နှစ်သုံးထောင် ရှင်သန်ပြီးတာတောင် နှစ်တိုင်း ဝိညာဉ်နှုတ်သူ ရောက်လာတုန်း… တကယ် မတရားတာပဲ…"
ပြောရပါက အခြေတည်အဆင့် တက်လှမ်းနိုင်ရန် သက်ရှည်ဆေးလုံးအား မဖြစ်မနေ ဖော်စပ်ရပေလိမ့်မည်။ မြေအောက်လောကမှ သူ၏ စိတ်ဝိညာဉ်အား ယူဆောင်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ကောင်းကင်နှင့် မြေကြီးကြား ဟန်ချက်မျှတရန် ထိန်းညှိနေသူများ မဟုတ်လော။ ဆရာသခင် ဖြစ်သူ တာအိုသခင် ချီမင်မှာ အင်မော်တယ် လောကတွင် ဖြစ်၏ ။ ပိုင်ချူးရန်၏ အပြုအမူများကြောင့် ဆရာသခင်၌ တစုံတရာ သက်ရောက်မှုရှိပါက စိတ်အေးနိုင်မည် မဟုတ်ပေ။
ပိုင်ချူးရန်က ထိုသို့ တွေးမိကာ အချိန်မဆွဲလိုတော့ပေ။ ထို့ကြောင့် သိုလှောင်အိတ်အား လျင်မြန်စွာ ထုပ်ပိုး၍ တောင်ကုန်းမှ ထွက်ခွာလိုက်သည်။ သို့ရာတွင် မန်တောင်တန်းမှ ထွက်မသွားမီတွင် ဝင်ရမည့် နေရာတခု ရှိသေးသည်။
ချီမင်ဓားဂိုဏ်းသား ဖြစ်သည့်အတွက် လူသားများအား အန္တရာယ်ပြုသည့် နတ်ဆိုးကို ရှင်းပစ်ရန် တာဝန်ရှိနေသည်။ တခြားသူများက မည်သို့တွေးသည်မှာ အရေးမပါသော်လည်း ပိုင်ချူးရန်အနေဖြင့် နတ်ဆိုးအား ရမ်းကားခွင့် ပေးနိုင်မည် မဟုတ်ပေ။
တောင်တန်းအား စိတ်ဝိညာဉ် ဖြန့်ကျက်စဉ်၌ နတ်ဆိုးအသိုက်အား ရှာတွေ့ထားသည်။ ပိုင်ချူးရန်က ထွက်မသွားမီတွင် ထိုနေရာသို့ သွားကာ နတ်ဆိုးအား ရှင်းပစ်ရန် ဆုံးဖြတ်ထား၏ ။ သို့မှသာ နတ်ဆိုးက လူသားများအား ဝါးမြိုမှု မပြုနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် နတ်ဆိုးအသိုက်အနီး၌ မကောင်းမှု စွမ်းအင်များ သိပ်သည်းနေပြီး သက်ရှည်ဆေး ဖန်တီးရန် လိုအပ်သည့် ဆေးအမယ်တချို့ ရှိနေသေးသည်။ သို့ဖြစ်ရာ ထိုနေရာသို့ သွားရောက်ခြင်းက ခဲတလုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းတည်း။