← Chapters

လူသေကောင် နတ်ဆိုး(၁)

Vol. 2 Ch. 14

လူသေကောင် နတ်ဆိုး(၁)

Vol. 2 Ch. 14

မျှော်လင့်ချက် မဲ့သည့် အခြေအနေဖြစ်သည့်အတွက် တန်ဝေ၏ လက်များနှင့် ခြေဖဝါးမှာ အေးစက်လာနေသည်။

သူ့အနေဖြင့် သေမျိုး လူသားများမှာ ကျင့်ကြံသူများ အပေါ် မှီခိုမှုမပြုဘဲ နေထိုင်နိုင်ကြောင်း သက်သေပြရန် ထွက်လာခြင်း ဖြစ်သည်။ သို့မှသာ ကျင့်ကြံခြင်းတွင် အာရုံစူးစိုက်သည့် ဖခင်ဖြစ်သူ အသိတရားရနိုင်မည်ဟု မျှော်လင့်ထားသည်။

သို့ဖြစ်ရာ မန်တောင်တန်း၌ နတ်ဆိုး ရှိသည်ဟု သတင်းရချိန်၌ အလောတကြီး ခရီးနှင်ခဲ့သည်။

အခက်အခဲများစွာ ကြုံတွေ့ကာ ပိုင်ဆိုင်ထားသည့် ပစ္စည်းများ ထုခွဲရောင်းချ၍ ငွေကြေးရလာပြီးချိန်၌ ချီသန့်စင်ခြင်းအဆင့် ပညာရှင်တစုအား အဖွဲ့တခုအဖြစ် စုစည်းနိုင်ခဲ့သည်။ ထိုအဖွဲ့ဖြင့် တောင်တန်းမှ နတ်ဆိုးအား ရင်ဆိုင်မည် ဖြစ်၏ ။

တန်ဝေမှာ အတွေ့အကြုံ မရှိသေးသော်လည်း မိုက်ရူးရဲဆန်သူ မဟုတ်ပေ။ ငွေကြေးစုဆောင်းချိန်၌ သတင်းအချက်အလက်များ စုဆောင်းက နှစ်ဖက်၏ အင်အားကို ယှဉ်ထိုး ကြည့်ထားသည်။

တန်ဝေနှင့် နောက်ဆုံးသော ချီသန့်စင်ခြင်းအဆင့် အဖွဲ့ဝင်တို့က နတ်ဆိုးနှစ်ကောင်၏ တိုက်ခိုက်မှု၌ အရေးနိမ့်နေရသည်။ ထိုခဏ၌ နောက်ဆုံးသော အဖွဲ့ဝင်အား နတ်ဆိုးမှ ရှင်စပစ်ကာ နှလုံးထုတ်ယူပစ်သည်။ တန်ဝေသည်လည်း ချီကုန်ခမ်းလု ဖြစ်လာကာ တိုက်ခိုက်မှုအား တောင့်မခံနိုင်တော့ပေ။

ဇွန်ဘီ နတ်ဆိုး နှစ်ကောင်က နောက်ဆုံးအဖွဲ့ဝင်၏ ခန္ဓာကိုယ်အား ဆုတ်ဖြဲကာ ဦးနှောက်အား နံရံ၌ ပေကျံသွားစေသည်။ ထို့နောက်တွင် မာန်ဖီကာ တန်ဝေထံသို့ ဦးတည်လာကြသည်။

တန်ဝေက ဓားအား တင်းတင်းဆုပ်ကိုင်ထားပြီး နောက်ဆုံးသော ချီဖြင့် ခုခံရန် ကြံရွယ်ထား၏ ။

သို့ရာတွင် သေရေး‌ရှင်ရေး အနေအထား၌ ဂူ၏ တခြားတဖက်မှ ချီစိတ်ဝိညာဉ်လှိုင်းတခု တိုးဝင်လာသည်။

ထိုအရာက ရိုက်ချက်တခုပင်။ တိုက်ခိုက်မှု တခုဖြစ်ပြီး ခရမ်းရောင် စွမ်းအင်များက လက်ဝါးချက် တခုဖြစ်လာကာ ဇွန်ဘီနှစ်ကောင်အား ထိမှန်၍ နံရံသို့ လွှင့်ထွက်သွားစေသည်။

တောင်တန်း တခုလုံး လှုပ်ရမ်းသွားရပြီး ကျောက်စရစ်ခဲများနှင့် မြေစိုင်များ ကျဆင်းလာသေးသည်။ ထိုအခြေအနေကြောင့် တန်ဆဝက ဓားထုတ်ကာ ကာကွယ်ရန် ပြင်လိုက်၏ ။

ဖုန်များ ငြိမ်ကျသွားချိန်၌ နံရံ၌ စူးနစ်နေသည့် လက်ဝါးချက် နှစ်ခုကို မြင်နေရသည်။ ဇွန်ဘီများမှာ အရိုးပင် မကျန်ကြတော့ချေ။

"ညီအစ်ကိုတန်…"

ထိုအချိန်၌ အသံတခုကို ကြားလိုက်ရ၏ ။

"ထပ်တွေ့ကြပြန်ပြီ…"

တန်ဝေက နောက်လှည့်လိုက်ရာ ပြုံးကာ လက်ရမ်းပြနေသည့် ပိုင်ချူးရန်အား မြင်သွားသည်။

"ပိုင်ချူးရန်…"

တန်ဝေက စိတ်အေးသွားပုံရကာ မေးခွန်းထုတ်၏ ။

"ဒီကို ဘာလို့ ရောက်လာတာတုံး…"

"မလာရဘူးလား…"

ပိုင်ချူးရန်က စကားပြန်ပေးသည်။

"ငါရောက်တဲ့ နေရာမှာ နတ်ဆိုးက အန္တရာယ်ပြုနေတာကို ဘာမှမလုပ်ဘဲ နေရင် ငါ့ဆရာက သတ်မှာ…"

"တကယ်တော်တာပါပဲ…"

ပိုင်ချူးရန်၏ စကားများကြောင့် တန်ဝေ၏ မျက်နှာထား တင်းမာမှု ပြေသွားသည်။

"ဒါပေမယ့် ဒီကို တယောက်တည်း လာဖို့က အန္တာရာယ်များလွန်းတယ်… သတိထားဦး…"

ထိုခဏ၌ ပိုင်ချူးရန်က မြေအောက်မှ တက်လာကာ သူ့ထံသို့ ဦးတည်လာသည့် အရာကို အာရုံခံမိနေသည်။ ထို့ကြောင့် အလျင်အမြန် လှုပ်ရှားကာ လက်ဖြင့် ခုခံလိုက်သည်။

"ဘုန်း…"

လေထဲ၌ ပေါက်ကွဲသံ ကြားရသည့်အတွက် တန်ဝေက တချက်ကြည့်လိုက်ရာ ချူးရန် တားဆီးထားသည့် အရာကို မြင်ရသည့်အတွက် ရေရွတ်မိသွားသည်။

"နောက်ထပ် ဇွန်ဘီ တကောင် ဘယ်လောက်တောင်လဲ…"

"အများကြီးပဲ…"

ဇွန်ဘီတကောင်အား ရှင်းပစ်ပြီးကာစ ဖြစ်သည့် ပိုင်ချူးရန်က စိတ်အေးမိနေသော်လည်း အံ့ဩဖွယ်အသံများကို ကြားနေရသည်။

ချူးရန်က အောက်သို့ ငုံ့ကြည့်ကာ တန်ဝေအား တချက်ကြည့်၍ ပြောလိုက်သည်။

"ညီအစ်ကိုတန် ငါတို့တော့ ဒုက္ခရောက်ပြီထင်တယ်…"

"ဘာလို့လဲ…"

တန်ဝေက ဇွန်ဘီ နတ်ဆိုးအား စိုက်ကြည့်ကာ ကြောက်လန့်တကြား မေးလာသည်။

"မင်းမထိန်းနိုင်တော့ဘူးလား…"

"မဟုတ်ဘူးလေ ထိန်းထားနိုင်တာပေါ့…"

ပိုင်ချူးရန်က ခြေထောက်အောက်မှ မြေပြင်အား စိုက်ကြည့်နေမိသည်။

"ဒါပေမယ့် ငါတို့အောက်မှာ ရှိတဲ့ မြေကြီးက ထိန်းမထားနိုင်တော့ဘူး…"

တန်ဝေကလည်း အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုခဏ၌ နှစ်ဦးသား၏ ခြေထောက်အောက်၌ အက်ကြောင်းများ ပေါ်လာကာ ဆက်လက်ပြန့်ကျဲလာနေသည်။

"ပိုင်ချူးရန်…"

တန်ဝေက ချွေးစေးပြန်လာသည့်အပြင် နဖူး၌လည်း ချွေးစို့လာသည်။

"ဒီအောက်က ဟောင်းလောင်းပေါက်က ဘယ်လောက်ကြီးလဲ…"

"မသိဘူး ဒါပေမယ့် ငါတို့ အောက်ပြုတ်ကျတော့မယ်…"

ပိုင်ချူးရန်က ခေါင်းညိမ့်ကာ ခြေထောက်အောက်၌ ဗလာဖြစ်သွားသည်ကို ခံစားမိသွားသည်။

နောက်ဆုံး၌ မြေပြင်က ချူးရန်နှင့် ဇွန်ဘီ၏ အားပြိုင်မှုအား ထိန်းမထားနိုင်တော့ပေ။ သို့ဖြစ်ရာ မြေထဲသို့ နစ်ဝင်သွားတော့သည်။

"တွေ့လား ညီအစ်ကိုတန် ငါတို့ ပြုတ်ကျနေပြီ…"

"ကြည့်မနေနဲ့ ငါ့ကို ကူဦး… အာ အား အာ … ငါချီကုန်နေပြီ…"

တန်ဝေက လေထဲ၌ လက်ရမ်းနေပြီး မိန်းကလေးတဦးအလား အော်ဟစ်နေသည်။

"ငါလာပြီ…"

ပိုင်ချူးရန်က လေထဲမှ ကျောက်တုံးတခုအား အားယူကာ ချုပ်ထားသည့် ဇွန်ဘီအား ကန်ထုတ်ပစ်၏ ။ ထို့နောက်တွင် မြေကြီး အပိုင်းအစများအား နင်းလိုက်ကာ တန်ဝေထံသို့ သွား၍ လက်ကိုင်လိုက်သည်။

သို့ရာတွင် ထိုအခြေအနေ၌ အမှောင်ထုမှ ဇွန်ဘီနှစ်ကောင် တိုးဝင်လာကာ တိုပ်ခိုက်လာပြန်သည်။

ပိုင်ချူးရန်က တန်ဝေအား လက်တဖက်ဖြင့် ထိန်းထားကာ ကျန်နေသည့် လက်ဖြင့် လက်ဝါးချက်တခု ဖန်တီးလိုက်ပြီး ဇွန်ဘီနှစ်ကောင်အား ပြန်လည်တိုက်ခိုက်သည်။ သို့သော်လည်း ထိုအခြေအနေကြောင့် ကြန့်ကြာမှုဖြစ်သွားရာ မြေပြင်သို့ နီးကပ်လာတော့သည်။ သို့ဖြစ်ရာ ထိခိုက်မှု မရှိရန် ချီဘောလုံးတခု ဖန်တီး၍ အကာအကွယ်ယူလိုက်သည်။

နှစ်ဦးသား မြေသို့ကျသွားချိန်၌ အရှိန်ဖြင့် လိမ့်ထွက်သွားသေး၏ ။

All Chapters